08 November 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စရပ်ကို နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဆုံးဖြတ်မည်


နိုဝင်ဘာလ ၈ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သော ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ၏ အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါ်မေ၀င်းမြင့်၊ ဦးဟံသာမြင့်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ နိုဝင်ဘာလ ၈ရက်နေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အစည်းအဝေးအပြီး တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စရပ်ကို နိုဝင်ဘာလ ၁၈ရက် နေ့တွင် ဗဟိုဦးစီး အဖွဲ့အစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သတင်းရှိရပါသည်။