01 October 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးမည်ဟု အရာရှိများက ယနေ့ ပြော



ယမန်နှစ် သြဂုတ်လတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် သက်တမ်း ၃ နှစ် တိုးမြှင့်ခဲ့သည်။ သို့သော်လည်း “ကောင်းမွန်စွာ နေထိုင်လျှင်” ၁ နှစ်ခွဲအကြာတွင် ပြန်လွတ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့် ထုတ်ခဲ့သည်။ ဓာတ်ပုံမှာ ၂၀၀၉ နိုဝင်ဘာ ၄ ရက်နေ့တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအပြီး မကြာမီ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးမည်ဟု အရာရှိများက ယနေ့ ပြောလိုက်သည်။

နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိများက ပြောသည်။

သတင်း..AFP သတင်းဌာန