23 April 2010

ရန်ကုန်မြို့လယ်ခေါင်၂၃ လမ်းတွင် လေးထပ်တိုက်ငြမ်းပြိုကျမှု ဖြစ်ပွား

ရန်ကုန် မြို့ လသာ မြို့ နယ် ၂၃ လမ်း တွင် ယနေ့ မနက် ၁၁ နာရီခန့် က လေးထပ်တိုက်တစ်လုံးပြိုကျမှု
ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။(သတင်းအပြည့်အစုံအားမကြာခင်ဖော်ပြပေးသွားပါမည်)။

ရန်ကုန် မြို့ လသာ မြို့ နယ် ၂၃ လမ်း အထက်ဘလောက် အိမ်အမှတ် ၁၁၆ – ၁၂၀ တွင် ယနေ့ မနက် ၁၁
နာရီခန့် ကဆောက်လုပ်ဆဲ လေးထပ်တိုက်တစ်လုံး၏ ငြမ်း ပြို ကျမှု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။
ငြမ်းပြိုကျမှု ကြောင့်တန်ဖိုးကြီး လန်ခရူဆာ ကား တစ်စီး ပျက်စီးသွားပြီး ၊အလုပ်သမား တစ်ဦး ဒဏ်ရာ ရရှိသွားသည် ဟု သိရသည်။

ဆောက်လက်စ RC တိုင်ငြမ်းမှ တစ်ဆင့် ပြိုကျရာ ၀ုန်းခနဲ အသံကြောင့်လမ်းသူ လမ်းသား များ နှင့် ပလတ်စတစ်အိတ် နှင့် ကွာစေ့ လက်ကားရောင်းသူ များ မှာဗုံးပေါက်သည် ထင်ပြီး ကြောက်လန့် ၍ ပြေးကြသည် ။

ရင်းမြစ်..Freedom News Group