15 October 2009

ဘန်ကောက် အခြေစိုက် EU သံတမန် များနှင့် NLDပါတီ CECများနှင့် တွေ့ဆုံ..။






ယနေ့ ၁၄ ရက်နေ့တွင် ...။

ဥရောပသမဂ္ဂမှ သံတမန်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ သည် မြန်မာပြည်သို့သွားရောက် ခဲ့ကြောင်းသိရပါသည်။

ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံး၊ ရန်ကုန်ရှိ ဗြိတိသျှ၊ အီတလီ၊ ဂျာမဏီနှင့် ပြင်သစ်သံရုံး၊
စပိန် ၊အင်္ဂလန်၊ဖင်လန်၊နယ်သာလန်၊တို့မှ သံတမန်များသည်။ရန်ကုန်မြို့ ရှိ အမျိုးသားဒီမိုကရေစီ
ဌာနချုပ်သို့ ယနေ့ သွားရောက်ခဲ့သည်ဟု သတင်းရရှိပါသည်..။

အဲဒီအဖွဲ့က န.အ.ဖ ထိပ်တန်းခေါင်းဆောင် များနဲ့ တွေ့ဖြစ်မတွေ့ဖြစ် ဆိုတာ သေချာမသိပေမဲ့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက် ပြီးအဖွဲ့ချုပ် ခေါင်းဆောင် များဖြစ်သော ဦးဝင်းတင်အပါအဝင် CEC
ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်(၆) ဦး နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းကိစ္စနှင့် ပါတ်သက်ပြီး ဦးခင်မောင်ဆွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့ကြောင်းသတင်းရရှိပါသည်။

ဦးခင်မောင်ဆွေက အီးယူ ကိုယ်စားလှယ်အဖွဲ့ လာရောက် လည်ပတ်ခြင်းကို ကြိုဆိုလိုက်ပြီး `အီးယူနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာပြည် ပြဿနာအပေါ် စိတ်ဝင်စားမှုရှိတာကို ကျနော်တို့ ဝမ်းသာပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် နောက်ထပ် အရေးယူ ဆောင်ရွက် ပေးဖို့လဲ ကျနော်တို့အားလုံးကို တိုက်တွန်းလိုပါတယ်´ ဟု ပြောဆိုသွားသည်။


သတင်း...မြတ်လေးငုံ..။