27 September 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ နှစ်ဆယ့်ငါးနှစ်ပြည့် ငွေရတု အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်း အပြည့်အစုံ..

(ရိုက်ကူး . တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ နှစ်ဆယ့်ငါးနှစ်ပြည့် ငွေရတု အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မြန်မာဘာသာဖြင့် မိန့်ခွန်း အပြည့်အစုံ...

(ရိုက်ကူး . တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ငွေရတုနှစ်ပတ်လည်အခမ်းအနား သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ဖြေကြားချက်များ

26 September 2013

အာဏာအားကိုး နဲ့ မတော်မတရားတွေလုပ်နေကြတုန်းပါလား..

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အုပ်ချုပ်ရေးမှူးက အုန်းဇုန်းကျေးရွာအုပ်ချုပ်ရေးမှူးကို ပါးရိုက်မှု စက်တင်ဘာလ၂၅ ရက် နေ့လည် ၁နာရီက ဖြစ်ပွားခဲ့ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနမှ အရာရှိတစ်ဦး အုန်းဇုန်းကျေးရွာ အုပ်စု၊ ၀က်သေကျေးရွာကို လာရောက်ကွင်းဆင်းတာကို ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေ ဆင့်ခေါ်ရာမှာ လာရောက်ဖို့ နောက်ကျတာကြောင့် ယခုလို ပါးရိုက်ခံရတာဖြစ် တယ်လို့ အရိုက်ခံရတဲ့ အုန်းဇုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့် က ပြောပါတယ်။

" ငါးမိနစ်၊ဆယ်မိနစ်လောက်ပဲနောက်ကျတယ်။ ဘာမပြောညာမပြောနဲ့ ပါးရိုက်တယ်။ လောလောဆယ်အမှုသွားဖွင့်တယ်။ ရဲစခန်းက အမှုဖွင့် မပေးသေးဘဲ ဆေးစာတောင်းလို့ မနက်ဖြန် ဆေးစာရမယ်" လို့ ဦးမြင့်က ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ပါးရိုက်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ်လို့မရခဲ့ပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်လက်ဆက်သွယ် မေးမြန်းရာ ပါးရိုက်ခံရမှုဖြစ်စဉ်ကို ကြားသိရကြောင်းဖြေကြားပါတယ်။

 The Modern News Journal

25 September 2013

စစ်ကိုင်းမြို့ မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ဥပဒေမဲ့တွေ ကျင့်သုံးနေတာ မျက်မြင် သက်သေနဲ့ တကွ အထောက်အထားခိုင်လုံစွာဖြင့် ဖော်ပြလိုက်ပါတယ်..

ယနေ့အချိန် မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသော အချိန်ဖြစ်ပါ သည်၊ နိုင်ထက်စီးနင်း စော်ကားခဲ့သော ယခင်စနစ်ဆိုးကို အများရွံရှာ မုန်းတီးခဲ့ကြသည် ။ 
ဥပဒေမဲ့လုပ်ရပ်များကိုစက်ဆုပ်ခဲ့ကြသည်၊ထို့ကြောင့်ယနေ့ကာလတွင် တရားဥပဒေ စိုးမိုးရေးနှင့် တရားရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် နိုင်ငံတော်အကြီးအကဲများမှ စီမံချက် ချမှတ် အကောင်အထည်
ဖော်ဆောင်နေသော အချိန်လည်း ဖြစ်ပါသည်။

အထက်အဖွဲ့အစည်း များ၏ လမ်းညွှန်လုပ်ဆောင်ချက်များ ဘယ်လောက်ပင် ကောင်းကောင်း ယခုအချိန်ထိ အခွင့်အာဏာကို လက်လွတ် စပယ်တလွဲ အသုံးချနေသူများ ရှိနေရာ၊ ၎င်းစုံးပြူး များကြောင့် နိုင်ငံ ၏ ဒီမိုကရေစီအသွင် ပြောင်းရေးအား၊ ထိခိုက် နေလျှက်ရှိပါသည်..။

ထို့နည်းတူ စစ်ကိုင်းမြို့ရှိ ယာဉ်ထိန်း အဖွဲ့နှင့်အပေါင်းအပါတစုတို့၏ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအ
မည် ခံ ဥပဒေမဲ့ အနိုင်ကျင့် ဗိုလ်ကျမှုများ မကြာခဏဆိုသလို မြင်တွေ့ကြားသိနေရသည်မှာ နိုင်ငံတော် အကြီးအကဲများနှင့် ပြည်သူ့လွှတ်တော်ဦးဆောင်မှုတို့အား မထီမဲ့မြင်ပြုလုပ်ရာဖြစ်နေပါသည်။

မြို့နယ်အုပ်ချုပ်ရေး၊ ပညာရေး၊ မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့မှုးနှင့် အဖွဲ့ အပါအ၀င် နေ့တွက်ပေး ကြေးစား လူမိုက်များပါဝင်သော အဖွဲ့သည် ပြစ်မှုပြစ်ဒဏ် ဆီလျော် အောင် မဆောင် ရွက်ဘဲ ဥပဒေမဲ့ နိုင်ထက်စီးနင်း ပြုလုပ်နေသည့် မြင်ကွင်းကို
နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ သိရှိပြီး ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရန်အတွက် သက်သေအဖြစ် ဗီဒီယိုဖိုင်ကို တင်ပြအပ်ပါသည်။


စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့သည် လမ်းဆုံ၊ လမ်းခွများ၊ ကျောင်းပတ်ဝန်း ကျင် များနှင့် လူစည်ကားရာ နေရာများ တွင် ယာဉ်တိုက်ခိုက်မှု မဖြစ်ပေါ်ရေးအတွက်တာဝန်ချထားခြင်း လုံးဝ မရှိဘဲ၊ လူမမြင် ကွယ်ရာ (ကျော်ထက်ကွေ့ နှင့် ရွာထောင် သူဇာ စားသောက်ဆိုင်အနီး) တွင် နေ့စဉ် နေရာယူပြီး အဓမ္မငွေကြေး တောင်းခံလျှက် ရှိနေပါသည်။

ဒီလို ယာဉ်ထိန်းတပ်ဖွဲ့တွေ ကို လူမြင်ကွင်းမှာ ခေတ်သစ် သူတောင်းစားတွေလို တွေသမျှ လူတွေကို ပေးမလား မပေးဘူးလား မပေးရင် ဒီလိုလုပ်တယ်ကွာ ဘာဖြစ်လဲ ဆိုသလို လုပ်နေတဲ့ခေတ်ကြီးမြို့လယ်ခေါင်ကြီးမှာပြောင်ပြောင် တင်းတင်းလုပ်နေတာ  သက်သေ အထောက်အထား တွေ နဲ့ တင်ပြလိုက်ပါတယ်..။

ယခုလိုမြင်ကွင်းမျိုးတွေ ဘယ်နယ်တွေမှာ ဘယ်လောက်များများရှိနေပါလိမ့်မလဲ..

ထို့အတွက်ကြောင့် အထက်ပါဖြစ်စဉ်အား ထိထိရောက်ရောက် အရေးယူပေးပါရန် တိုင်ကြားအပ်ပါ
သည်..။
အောက်ခြေ ပြည်သူများ ကိုယ်စား (စစ်ကိုင်းသား)        

20 September 2013

မြန်မာ့အပြောင်းအလဲ နယူးဇီလန် အသိအမှတ်ပြုပြီး သံရုံးသစ်ဖွင့်လှစ်



မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲတာတွေကို အသိမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး နယူးဇီလန် အစိုးရသံရုံးကို ဖွင့်လှစ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Murray McCully က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံက နိုင်ငံရေး စီးပွားရေး ဆောင်ရွက်ချက်တွေမှာ တိုးတက်မှုတွေရှိခဲ့တာကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ သံရုံးဖွင့်လှစ်တာဖြစ်ကြောင်း၊ နယူးဇီလန်အနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေး အကူအညီတွေကို တိုးမြင့်ပေးအပ်ခဲ့ပြီး နို့ထွက်ပစ္စည်းလုပ်ငန်းနဲ့ နည်းပညာအထောက်အကူတွေ ပေးအပ်ခဲ့ကြောင်း Mr. McCully က မနေ့က ပြောပါတယ်။

Mr. McCully ဟာ မနှစ်က မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ခဲ့သူတစ်ဦးဖြစ်ပြီး အဲဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။

အခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံကို နယူးဇီလန်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းပမာဏဟာ အမေရိကန်ဒေါ်လာ ၁၉ သန်းနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း... RFA

19 September 2013

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်ပြီး Mr.Jelson Garcia ပြောကြားခဲ့သော အသံဖိုင်

BIC (Bank Information Center) ၏ Asia Programမန်နေဂျာ Mr.Jelson Garcia က မြန်မာနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ ရှိသော ငွေစာရင်းငါးခု ပြည်ပတွင် ရှိနေကြောင်း စက်တင်ဘာ ၁၀ ရက်က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားခဲ့သည့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံနှင့် သက်ဆိုင်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို စက်တင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်ရန် ရှိပါသည်။ ထိုသတင်းစာ ရှင်းလင်းပွဲ၌ The Daily Eleven အပါအ၀င် မီဒီယာ အသီးသီးမှ မေးခွန်း တစ်ခု (သို့မဟုတ်) နှစ်ခု မေးမြန်းခွင့် ရရှိနိုင်ပါသည်။ ထို့ကြောင့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ သိရှိလိုသည်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ မေးမြန်းလိုသူများ အနေဖြင့် ယခု ပို့စ်၏ အောက်ခြေရှိ Comment Box ၌ ဖြစ်စေ၊ သီးခြား Private Message ပေးပို့၍ ဖြစ်စေ မေးမြန်းနိုင်ပါ သည်။ မေးမြန်းလာသည့် မေးမြန်းချက်များကို အခြေခံပြီး The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုး ကိုယ်တိုင် မေးခွန်း  မေးမြန်း ပေးမည် ဖြစ်ပါ သည်။ မေးခွန်းမေးမြန်းလိုသူများ အနေဖြင့် အခြား မီဒီယာများထံသို့လည်း မေးခွန်းများ ပေးပို့ မေးမြန်းနိုင်ပါသည်။

ထို့အတူ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၀ ရက်က Mr.Jelson Garcia ၏ ပြောကြားမှုနှင့် ဘာသာပြန်ပေးခဲ့သူ၏ အသံဖိုင်ကိုလည်း အများပြည်သူ သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။


သတင်း Eleven Media Group

16 September 2013

ဘာသာရေးပဋိအက္ခများ ရပ်တန့်သွားစေရန်အတွက် မိမိတစ်ဦးတည်းမတက်နိုင်ဟုဒေါ်အောင်ဆန်းစု ကြည်ပြောကြား


တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် ဟန်ချက်ပျက်စေခဲ့သော နိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု ပဋိပက္ခများကို ၎င်းတစ်ဦးတည်း၏ အင်အားဖြင့် ရပ်တန့်ရန် မတက်နိုင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
စက်တင်ဘာလ ၁၂ ရက်နေ့က ပိုလန်နိုင်ငံ ဝါဆောင်မြို့တွင် ပိုလန်သမ္မတဟောင်းနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအတွင်း ဘာသာရေးအသွင်ဆောင်နေသော ပဋိပက္ခများကို ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရပ်တန့်အောင် ဆောင်ရွက်နိုင်ခြင်းမရှိမရှိ ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ တရားဥပဒေစိုးမိုးရေးကို ကျွန်မတို့လိုအပ်တယ်။ တရားဥပဒေစိုးမိုးမှုရှိမှသာ ကျွန်မတို့ပြည်သူတွေဟာ လုံခြုံမှုကို ခံစားနိုင်မယ်။ လုံခြုံစိတ်ချမှုကို ရရှိထားတဲ့ပြည်သူတွေသာလျှင် မတူညီတဲ့ လူမှုအဖွဲ့အစည်းအချင်းချင်းကြားက အပြန်အ လှန် ရင်းနှီးချစ်ခင်မှုတွေကို ပြန်လည်စတင်တည်ဆောက်နိုင်မယ်။ ဒီအချက်က ကျွန်မတို့ တိုင်းပြည်အတွက် အသင့်တော်ဆုံး ဆိုတာ အခိုင်အမာပြောလိုပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်ကစ၍ ရခိုင်ပြည်နယ်မှ စတင်ခဲ့သော ပဋိပက္ခများမှာ ယခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေပြီး နေရာအနှံ့တွင်လည်း ဆူပှုမှုကို ဖြစ်ပေါ်စေသည့် ကောလဟာလများ၊ အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသည့် အမုန်းတရား အခြေခံပြောဆိုမှုများ မကြာခဏဖြစ်ပေါ်နေကာ နိုင်ငံတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လူပေါင်း နှစ်ရာကျော် သေဆုံး ခဲ့ရပြီးဖြစ်သည်။
ကမ္ဘာ့နိုင်ငံအများစု၏ လေးစားမှုကိုရရှိထားပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အတွက်ပေးအပ်သော နိုဗယ်ငြိမ်းချမ်းရေးဆုကိုလည်း ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည် အား မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ နှုတ်ဆိတ်နေခြင်း အပေါ် သတင်းထောက်အများစုက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း (CAN) သတင်းတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဟန်ဂေရီနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားပြီး ဟန်ဂေရီနိုင်ငံ ဘူဒါပက်တက္ကသိုလ်တွင် “တော်လှန်ရေးမှသည် အမျိုးသားရင်ကြားစေ့ရေးသို့” ခေါင်းစဉ်ဖြင့် ဟောပြော သွားမည်ဖြစ်သည်။

သတင်း....  Transparency Myanmar  

14 September 2013

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင်ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦး ခေါင်းဖြတ်သတ်ခံရ

 မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော် အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အ သတ်ခံရကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သိရှိရသည်။

''ဗိုလ်ဇော်မျိုးထက်ရဲ့ မျက် နှာကို ဓားနဲ့အမွှန်းခံရပြီးခေါင်း ဖြတ်ပြီးတော့ ဗိုက်ထဲခွဲထည့်ထား တယ်။ တခြားအဆင့်နှစ်ဦးကတော့ အသတ်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်း ချမ်းရေး ကောင်စီ က ကေအိုင်အို ကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင် ရွက်ပေးဖို့ တရားဝင်စာပေးပို့ထား တယ်။ သူတို့ဆီကပြန်ကြားတာ မလာသေးဘူး။ ကေအိုင်အိုအနေ နဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ အပေါ်မူတည်ပြီး ဆက်လက် ဆောင် ရွက်သွား ပါမယ်'' ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ပွဲဖြစ်ပွားရာ   ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းနေရာသည် စစ်စခန်းနယ် မြေသတ်မှတ်မှုအရ ကေအိုင်အိုနယ် မြေမဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူမှ ဆက်လက်ပြောကြား ခဲ့သည်။ ကျဆုံးသွားသောအရာရှိ မှာ ဗိုလ်ဇော်မျိုးထက်၊ ဒုတပ်ကြပ် စိုးနိုင်ဦးနှင့် တပ်သားခင်မောင် သန့်တို့ဖြစ်ကြောင်း၊ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း သိရသည်။

''အောက်ခြေမှာ ထိတွေ့ မှုတွေဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်မှုတွေဖြစ်တာ လက်ခံလို့ ရပေမယ့် ဒီလိုဖမ်းဆီးသွားပြီး ရက် ရက်စက်စက်သတ်ဖြတ်တာမျိုး တော့လက်မခံနိုင်ပါဘူး''ဟု သမ္မတ ရုံးမှ တာဝန်ရှိသူက ဆက်လက် ပြောသည်။

ယင်းနှင့် ပတ်သက်ပြီး ဗိုလ် ဇော်မျိုးထက်၏ဖခင် ဦးမျိုးဦးက ''မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ဦးတေဇကို ရေခဲ တောင်မှ ကယ်ထုတ်ခဲ့တဲ့ ဗိုလ် တစ်ဦးဆိုတာလဲ ဟုတ်ပါတယ်။ ဖြစ်ပုံကတော့ တိုက်ပွဲမှာ တိုက် ရင်းနဲ့ ပျောက်သွား တယ်လို့ ဆို ပါတယ်။ ကျွန်တော်တို့သားကိစ္စ ကို ယခုလ ၅ရက်ကမှ သိရတာ ဖြစ်ပါတယ်''ဟု အတည်ပြုပြော ကြားခဲ့သည်။

သတင်း....Yangon Media Group

13 September 2013

နေ့စဉ်ထုတ် သတင်းစာများကို Mobile Phone များတွင် ကြည့်ရှုနိုင်

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ နေ့စဉ် ထုတ်ဝေလျက်ရှိသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar နေ့စဉ်ထုတ် သတင်းစာများကို အွန်လိုင်း အင်တာနက်မှတစ်ဆင့် မိမိတို့၏ ကွန်ပျူတာ၊ Tablet နှင့် Mobile Phone များမှ တစ်ဆင့် ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ ကွန်ပျူတာမှတစ်ဆင့် ဖတ်ရှုလိုသူများနှင့် Download ချပြီး သိမ်းဆည်းထားလိုသူများအတွက် www.moi.gov.mm/npe/mal၊ www.moi.gov.mm/npe/km၊ www.moi.gov.mm/npe/nlm Website  လိပ်စာများမှတစ်ဆင့် ဖတ်ရှု သိမ်းဆည်း ထားနိုင်ပါသည်။ Android Mobile Phone များနှင့် Tablet များမှတစ်ဆင့် ဖတ်ရှုလိုသူများအတွက် m.moi.gov.mm/npe/mal၊ m.moi.gov.mm/npe/km၊ m.moi.gov.mm/npe/nlm Website လိပ်စာများမှ တစ်ဆင့် ဖတ်ရှုနိုင်ပြီးမိမိ၏ Android Mobile Phone များနှင့် Tablet များမှ အလွယ်တကူ တိုက်ရိုက်ဖတ်ရှုနိုင်ရန် apk အတွက် google playstore ၏ Categories တွင် news and magazines ကို ရွေးချယ်၍ မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar စာသား အမှတ်တံဆိပ်ပါ Application Icon များကို နှိပ်၍ Install လုပ်ယူကာ မိမိ Mobile Phone များနှင့် Tablet များပေါ်တွင် တိုက်ရိုက် ဖတ်ရှုခြင်းနှင့် Download ချ၍ ဖတ်ရှုခြင်းများ ပြုလုပ်နိုင်ပါသည်။ Download ချ၍ ဖတ်ရှုရန်အတွက် မိမိ Mobile Phone များနှင့် Tablet များပေါ်တွင် Acrobat Reader Version ကို ဦးစွာ Install လုပ်ထားရန် လိုအပ်ပါသည်။ ipad နှင့် iPhone များအတွက် The Apple Store တွင် Mobile app ကို Free Download ချ၍ ဖတ်ရှုနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "

08 September 2013

.မြန်မာတိုင်းရင်းသူတွေထဲ မှာခေါင်းမြီးခြုံတဲ့လူမျိုးရှိပါသလား?

 

မသိလို့မေးပါရစေ...သိသူများဖြေပေးကြပါ.. မနေ့ည(6.9.2013) Sky Net  ရုပ်သံကလွှင့်တဲ့ mntv လိုင်းမှာ ချမ်းချမ်းဆိုထားတဲ့ လုံ့ဆော်ရေးသီချင်းတေးသရုပ်ဖော် မှာ မြန်မာတိုင်းရင်းသူပေါင်းစုံ လက်တွဲပြီးကကြတယ်.အဲဒီအထဲမှာ ခေါင်းမြီးခြုံတဲ့တစ်ယောက်ပါလာတယ်.မြန်မာတိုင်းရင်းသူတွေထဲ
မှာခေါင်းမြီးခြုံတဲ့လူမျိုးရှိပါသလား?.....မရှိဘူးဆိုရင် အဲသီချင်းကိုရိုက်တဲ့ ဒါရိုက်တာကဘာ၇ည်ရွယ် ချက်နဲ့ ခေါင်းမြီးခြုံတွေကို တိုင်းရင်းသူတွေနဲ့အတူထည့်ရိုက်ရတာလဲ?...

သိသူများမျှဝေပေးကြပါ....

07 September 2013

ရွှေဝါရောင်မျိုးဆက် သံဃာတစ်ပါး နိုင်ငံရေးလှုပ်ရှားမှုဖြင့် ကျောင်းတိုက်မှ ထုတ်ပယ်ခံရ

   သာသနာ ပိုင်မြေရောင်းစားမှုဖြင့် ကျောင်း ထိုင်ဆရာတော်ကို တရားစွဲခဲ့ သော သံဃာတော်တစ်ပါးအား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ နိုင်ငံရေးလှုပ်ရှားမှုများပြု လုပ်သည်ဟု ဆိုကာ ကျောင်းတိုက် အတွင်းမှထုတ်ပယ်လိုက်ကြောင်း ထုတ်ပယ်ခံရသော သံဃာတော် ၏မိန့်ကြားချက်အရသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ငါး/မြောက်ရပ် ကွက် လိပ်ပြာ ကန်ကျောင်း တိုက် အ လယ်ကျောင်းကြီးနေ ဦးဃောသိ တမှာ ၂၀၁၂ ခုနှစ်တွင် ကျောင်း ထိုင်ဆရာတော်မှ ကျောင်းတိုက် အတွင်းမှ သာသနာ ပိုင်မြေပေ (၃၀*၇၀)အား ရောင်းချမှုပြုသည် ကို သံဃာတော်အပါး ၃၁ပါးခန့် လက်မှတ်ဖြင့်ကန့်ကွက်ခဲ့ကြောင်း၊ စာကိုနိုင်ငံတော် သံဃမဟာနာယ ကအဖွဲ့သို့စာတင်ခဲ့သော်လည်း ဦးဇင်းဃောသိတအား ကျောင်း တိုက်အတွင်းမှ အမြန်ဆုံးဖယ်ရှား ပေးပါရန် နိုင်ငံတော်သံဃမဟာ နာယကသို့ လျှောက်ထားလိုက် သည့်အတွက် ကျောင်းမှ ထုတ်ပယ် ခြင်းခံလိုက်ရကြောင်း ရွှေဝါရောင် သံဃာအရေးအခင်းတွင် လှုပ်ရှား ခဲ့သူတစ်ဦးဖြစ်သူ ဦးဃောသိတ ကမိန့်သည်။

ဦးဃောသိတက ''ဦးဇင်း က သာသနာမြေရောင်းစားတာ မကျေနပ်လို့လျှောက်ထားခဲ့ပေ မယ့် ဦးဇင်းကိုနိုင်ငံရေးလှုပ်ရှား မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ကို ဆရာတော်ဦးဇောတိကကလျှောက် ထားတယ်။ အခုလဲနိုင်ငံတော်သံ ဃမဟာနာယကအဖွဲ့က ရန်ကုန် တိုင်းဒေသကြီး သံဃမဟာနာယ ကအဖွဲ့ကိုကျောင်းတိုက်က ဖယ် ရှားဖို့အမိန့်ပေးလို့ ဦးဇင်းကျောင်း ကနေထုတ်ပယ်လိုက်တယ်''ဟု မိန့်သည်။ ဦးဃောသိတသည် လိပ်ပြာ ကန်ကျောင်းတိုက်အလယ်ကျောင်း ကြီး၏ စာချကိုယ်တော်တစ်ပါး ဖြစ်ပြီး သီတင်းကျွတ်လပြည့်ကျော် ၁ရက် (၂၀ -၁၀-၂၀၁၃ ရက်) ညနေ ၄နာရီနောက်ဆုံးထားပြီး ကျောင်းတိုက်အတွင်းမှ ထွက်ခွာ ရမည်ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်တွင် နိုင်ငံတော်သံဃမဟာ နယကအဖွဲ့ ၄ရ ပါးစုံညီဒုတိယ အစည်းအဝေးဆုံးဖြတ်ချက်နှင့် အညီဩဝါဒခံယူကာ ဝန်ခံကတိ ပြုခဲ့သည်ဟုဆိုသည်။

ဦးဃောသိတက ''ဦးဇင်းကို ခေါ်ယူစစ်ဆေးတုန်းက လုံးဝကိုေ မြယာကိစ္စကိုမဖော်ပါဘူး၊ေ မြ ယာကိစ္စကိုမပြောဘဲနဲ့ ဦးဇင်းကို သာလျှင် ဒီကျောင်းထဲမှာ နိုင်ငံရေး တွေလုပ်နေပါတယ်ဆိုပြီး ပုဒ်မ ကြီးတွေ တပ်ပြီးထုတ်ပယ်တာပါ။ ဦးဇင်းက မြေယာကိစ်စတုန်းကလဲ ခေါင်းဆောင်ပြီး ကန့်ကွက်လို့ ဦးဇင်းကိုပဲထုတ်ပယ်တာဖြစ်မယ်'' ဟု မိန့်သည်။


ဆက်လက်ပြီး ''ကျောင်းတိုက် ကို မော်ရွှပြေည်ရှမ်းကျောင်းဆရာ တော်ကို ရောင်းစားခဲ့တယ်။ ဦး ဇင်းတို့ရှမှော့တင် ကျောင်းတိုက် နှစ်ကျောင်းကို ရောင်းစားခဲ့တာ မြင်ခဲ့ရတယ်။ အမှန်တကယ်ဆို နိုင်ငံတော်ကခွင့်ပြုချက်ရမှ သာ လျှင် အဲ့ဒီကျောင်းကကျန်တဲ့ တစ် ပါးကို လက်ဆင့်ကမ်းခွင့်ရတယ်။ အခုဟာကအဲ့လိုမဟုတ်ဘဲ သူတို့ ဘာသာရောင်းစားသွားတာဖြစ် တယ်''ဟု ဦးဃောသိတကမိန့် သည်။

ဦးဃောသိတသည်ရွှေဝါ ရောင်သံဃာအရေးအခင်းတွင် လှုပ်ရှားခဲ့ဖူးသူဖြစ်ပြီး ၂၀၀၈ခု နှစ်တွင် ဖမ်းဆီးခံခဲ့ရကာထောင် ခုနစ်နှစ်ကျခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ''ဦးဇင်းအနေ နဲ့နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာ တော်ကြီးများအနေနဲ့ အမှားကို အမှန်တရားဖြစ်အောင် ဖော်ဆောင် ပေးဖို့လိုသလို သာသနာရေးဝန် ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေ ကလဲ ပြန်လည်စစ်ဆေးပြီး အမှန် တရားကိုဖော် ဆောင်ဖို့လို ပါတယ်'' ဟုမိန့်သည်



သတင်း....  Yangon Media Group

05 September 2013

မီဒီယာတွေကိုကြောက်နေတဲ့ ရွှေတိဂုံဂေါပက

ရွှေတိဂုံစေတီတော်၏ သတင်းထုတ်ပြန်ရေး ကိစ္စနှင့် ယခုရက်ပိုင်းအတွင်း ကောလာဟလများ ထွက်ပေါ်လျက် ရှိချိန်တွင် စက်တင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်သည့် ဂေါပကအဖွဲ့ဝင်များ အစည်းအဝေးတွင် မီဒီယာများသို့ သတင်းအချက်အလက် များကို တိုက်ရိုက်ထုတ်ပြန် တော့မည်မဟုတ် ဟု အတည်ပြုဆုံးဖြတ် လိုက်ကြောင်း စေတီတော်ဂေါပကအဖွဲ့ တာဝန်မှူး ဦးမြင့်ဦးက စက်တင်ဘာ ၄ ရက် နေ့တွင် ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှုအရှိဆုံး နေရာဖြစ်သော ရွှေတိဂုံစေတီရှိ သတင်းအချက်အလက် များကို သတင်းမီဒီယာများကို တွေ့ဆုံရှင်းလင်းပြီး တိုက်ရိုက်သတင်း ထုတ်ပြန်တော့မည် မဟုတ်သည့်အပြင် သတင်းများကို တိုက်ရိုက်ဖြေကြားမှုများပါ ပြုလုပ်တော့ မည်မဟုတ် ဘဲ သတင်းအချက်အလက် များကို စေတီတော် ဝက်ဘ်ဆိုက်တွင်သာ ဖော်ပြပေးသွား မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

သတင်းအချက်အလက်များအား သတင်းမီဒီယာများသို့ ဆက်လက်လက်ခံ ဖြေကြားပေးသွားမည်ဟု စက်တင်ဘာလ ၂ ရက်နေ့က The Voice ၏ မေးမြန်းချက်ကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းကြိုင်က ပြန်လည်ဖြေကြား ခဲ့ပြီး နောက်တွင် ယခုကဲ့သို့ အတည်ပြု ဆုံးဖြတ်ချက် ထွက်ရှိလာခြင်းဖြစ်သည်။

"မေးမြန်းချင်တဲ့ အကြောင်းအရာ၊ မေးခွန်းတွေကို စာတင်ပြီးတော့ မေးခွင့်ရှိပါတယ်။ ပြီးရင် ရွှေတိဂုံ ဝက်ဘ်ဆိုက်ကနေ ပြန်လည် ဖြေကြားပေးသွားပါမယ်။ အရင်လိုတော့ လက်ခံမဖြေကြားတော့ ဘူး။ ဂေါပကအဖွဲ့ လူကြီးတွေက အလုပ်များတဲ့အတွက် ဒီလိုမျိုးလုပ်ရတာပါ" ဟု ယင်းစေတီ၏ လုပ်ငန်းဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်သင်းသင်းအေးက ပြောကြားသည်။

ကျွန်တော့်ပိုက်ဆံ သိန်း ၃၀ ပြန်ရဖို့ ဦးလေးတို့ ကူညီကြပါ

  ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့ နယ် သောက်ရေခပ်ဆည် စီမံကိန်းနယ် မြေမှ ဖယ်ရှားခံခဲ့ရသော ထုံးဘို ကျေးရွာ အိမ်ခြေ ၉၃အိမ်အတွက် သက်ဆိုင်ရာကုမ္ပဏီမှ နစ်နာကြေး အဖြစ် တစ်အိမ်ထောင်လျှင် ကျပ် သိန်း၃ဝ နှုန်းဖြင့် ကာယကံရှင်များ လက်ဝယ်သို့ အတိအကျပေးအပ် ခဲ့ပြီးဖြစ်သော်လည်း အသက်၁၃ နှစ် အရွယ် ရှိ မောင်ဇော်ဝင်းမောင် ဆိုသူမှာ ၎င်းတို့အိမ် အတွက်ရရှိ ခဲ့သောကျပ်သိန်း၃ဝအား သက် ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး က ပြန်လည် တောင်းယူသွားခြင်း ကို ခံလိုက်ရကြောင်း သိရသည်။ ''ကုမ္ပဏီက လူကြီးတွေက ကျွန်တော့်ကို တခြားလူတွေလိုပဲ သိန်း၃ဝပေးခဲ့တာပါ။ ကျွန်တော် ကိုယ်တိုင် ကျွန်တော့်လက်နဲ့သွား ယူခဲ့ရတာပါ။ ရွာလူကြီး ဦးအောင် ထွန်းဝင်းက အဲဒီငွေတွေ မင်းနဲ့ မဆိုင်ဘူး။ လာပြန်ပေးလို့တောင်း တာနဲ့ သိန်း ၃ဝလုံး သွားပေးလိုက် ရတယ်။ သုံးသိန်းကျွန်တော့်ကိုပြန်ပေး တယ်။ ကျွန်တော်မကျေနပ်ဘူး။ ကျွန်တော့်အဖေက တခြားမှာအ လုပ်သွားလုပ်ရင်း နောက် အိမ် ထောင်ပြု သွားပြီ။ ရွာကို ပြန်မလာ တော့ဘူး။ အမေကလဲဆုံးသွားပြီ။ ကျွန်တော့် မှာ အသက် ၁၀ နှစ်အ ရွယ် ညီမလေးတစ်ဦးရှိတယ်။ ကျွန် တော်တို့ မောင်နှ မနှစ်ဦး အဒေါ့် အိမ်မှာကပ်နေရတယ်။ စီးပွားရေး က အဆင်မပြေဘူး။ ကျွန်တော့် ငွေ သိန်း ၃ဝကိုပြန်လိုချင်တယ်။ ဦးလေးတို့ ကျွန်တော့်ကို ကူညီပေး ကြပါ''ဟု မောင်ဇော်ဝင်းမောင် က ပြောသည်။

04 September 2013

အမေ အားလပ်ရက် ကို နားနားနေနေ စိတ်အပန်းဖြေစေဘို့ အတွက် အဝေးရောက် သား တယောက် ရဲ့ ရင်ထဲက လာတဲ့ စကား....

ဒီတပတ်ထုတ် ဒီလှိုင်းဂျာနယ်မှာ အံတီကိုယ်တိုင်ရေးထားတဲ့ အားလပ်ရက်အဓိပ္ပါယ်ဖွင့်ထားတာကို ဖတ်လိုက်ရတော့ ဘ၀ပေးအကြောင်းကြောင်းကြောင့် အံတီအပါးမှာ မနေနိုင်တော့ပေမယ့် ရင်ထဲမှာ ကျဉ်ကနဲခံစားလိုက်ရပါတယ်။ အံတီရင်ထဲကိုလဲ ၀င်ရောက်ခံစားနားလည်လိုက်ရတယ်။
ကျွန်တော့အတွက် ဒါဟာ ၂၅နှစ်တာကြာပြီး ပထမဆုံးပြန်ကြားလိုက်ရတဲ့ စကားတခွန်း သို့မဟုတ် မြင်တွေ့လိုက်ရတဲ့ မြင်းကွင်းတခုဖြစ်နေပါတယ်။ အသစ်မဟုတ်ပေမယ့် တကယ့်ကိုအဆန်းတခုပါ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးထဲ စိတ်ဒုံးဒုံးချပြီး ရှိသမျှ ကာယအား ဥာဏအား အကုန်လုံးကို အိတ်သွန်ဖာမှောက် သွန်ချပြီး တိုင်းပြည်နဲ့လူထုအတွက် ထမ်းရွက်နေခဲ့တဲ့ အံတီ..

မိသားစုအရေး စီးပွားရေး အမျိုးဆွေသဟာအရေး ဘာအရေးကိုမျှ ၀တ်ကျေတန်းကျေတောင်ဂရုမထားနိုင်ခဲ့တဲ့ အံတီ..

နေအိမ်ပြင်ပ အကျယ်ချုပ်မှာလဲ အသက်အန္တရယ် ရန်ပြုခံရမှုတွေကို သတိ သတ္တိ ပညာနဲ့ ရင်ဆိုင်ရင်း၊ နေအိမ်တွင်း အကျဉ်းချုပ်မှာလဲ အထီးကျန်ဆန်မှု သိက္ခာချဖန်တီးလုပ်ကြံခံရမှုတွေကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ရင်း တိုင်းပြည်နဲ့လူမျိုးအတွက် မမှိတ်မသုန် ယနေ့တိုင် လုံ့လမလျှော့သေးတဲ့ အံတီ….

ကျွန်တော်တို့ သိပါတယ်..။ တကယ်ကို ပင်ပန်းနွမ်းနယ် နေပါပြီ..။

လူထုက လိုလားတောင့်တနေတဲ့ စနစ်တခုကို လူထုလက်ထဲရောက်အောင် စွမ်းဆောင်ကြတဲ့အခါ ပေးဆပ်မှုတွေအများကြီး ရှိခဲ့ကြပါတယ်။ သူရဲကောင်းတွေ အများကြီးပေါ်ထွန်းခဲ့ကြပါတယ်။ အထင်ကရတွေကော အညတရတွေကော ဒုနဲ့ဒေးပါ။ တာဝန်သိသူအနေကနေ တာဝန်ရှိသူတွေဖြစ်အောင် အနစ်နာခံ ပေးဆပ်ကြံဆခဲ့ကြတာ ဆယ်စုနှစ်များကြာခဲ့ပါပြီ။

ဒါပေမယ့် အံတီလို တာဝန်ယူရဲသူအဖြစ် သတ္တိရှိရှိဆက်လက်ထိန်းသိမ်းကြဘို့အတွက်ကတော့ တော်တော်ကိုနည်းနေပါတယ်။ အဲဒီအတွက်လဲ တာဝန်မယူရဲသူတွေက ကိုယ့်ဂုဏ်ပုဒ်လေးတွေ ထိခိုက်မှာစိုးလို့ ဝေဘန်တိုက်ခိုက်တာတွေခံနေရတာမို့ ….ကျွန်တော်တို့ ခေါင်းဆောင် စိတ်ရောကိုယ်ပါ တကယ်ကို နွမ်းနယ်နေမှာပါ..။

တကယ်ကို ဘာအပူအပင်မှမတွေးရ မကြားရ မမြင်ရတဲ့နေရာမျိုးမှာ တရက် သို့မဟုတ် ၂ရက် ဒါမှမဟုတ် ရသလောက်အချိန်လေးတခု လိုချင်နေမှာ အမှန်ပါ။

လွန်ခဲ့တဲ့ ၂၄နှစ်ကျော်ကာလ ၁၉၈၉ခုနှစ် ဇွန်လ ၁၉ ရက်နေ့ အံတီရဲ့ ၄၄နှစ်မြောက်မွေးနေ့မှာပါ..။ အဲဒီနေ့ဟာ ယနေ့အချိန်အထိ အံတီရဲ့ နောက်ဆုံးအားလပ်ရက်ဖြစ်ခဲ့မယ်လို့ ကျွန်တော်ထင်ပါတယ်။

အဲဒီကာလမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အာဏာဖီဆန်ရေး၊ တိုက်ပွဲဝင်နှစ်ပတ်လည်အခမ်းအနားတွေ၊ ကျွန်တော်တို့ကျောင်းသူ ကျောင်းသားများအတွက် ကျောင်းပြန်တက်ရေး မတက်ရေး သဘောထားတွေနဲ့အတူ စစ်အစိုးရနဲ့ အတင်းမာဆုံး တိုက်ပွဲရှိန်အမြင့်မားဆုံးအချိန်လဲဖြစ်ပါတယ်။ အံတီအနေနဲ့ " မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ "ဆိုတဲ့ကြွေးကြော်သံနဲ့အတူ မြို့နယ်တော်တော်များများကို စည်းရုံးလှည့်လည်ဟောပြောရနေချိန်၊ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) ပထမအကြိမ် တိုင်းနှင့်ပြည်နယ် မျက်နှာစုံညီအစည်းအဝေးကျင်းပဘို့ ပြင်ဆင်နေကြချိန် နေ့မအား ညမအား အလုပ်လုပ်နေကြရတဲ့အချိန်ပါ။

အဲဒါကြောင့် အံတီအနေနဲ့ အဲဒီမွေးနေ့ကျရင် အိမ်မှာအေးအေးလူလူ နားဘို့ဆုံးဖြတ်ခဲ့ပါတယ်။ အံတီရဲ့နားရက်က အများတကာလို စနေ တနင်္ဂနွေမဟုတ်ဘဲ တနင်္လာနေ့ဖြစ်နေပါတယ်။ မွေးနေ့မနက်က ကျွန်တော်တို့အစောကြီးနိုးနေကြပါတယ်။ ကျွန်တော်မှတ်မိသလောက် ကျွန်တော်တို့ သုံးရောင်ခြယ်က ကျွန်တော်အပါအ၀င် ကျော်သူရ၊ ဘန်နီ၊ ကိုမျိုးသိန်း၊ ထင်ကျော်၊ နေလွင်၊ အောင်လေး တို့နဲ့အတူ ဗိုလ်ကြီးဝင်းထိန်၊ မသိင်္ဂီ၊ ကိုစိန်အုန်း၊ ဦးနီ၊ ကိုပေါ်လွင်၊ ကိုအောင်ကျော်မိုးတို့လောက်ဘဲ အိမ်မှာရှိကြပါတယ်။ မြို့နယ်တော်တော်များများက မွေးနေ့လက်ဆောင်တွေ ဆုတောင်းတွေနဲ့အတူ ကိတ်မုန့်တွေ လာပို့ကြပါတယ်။ အမှတ်အရဆုံး လက်ဆောင်ကတော့ အခုကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ်က ဦးသိန်းဟန်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံ ကိတ်မုန့်က ကျွန်တော်တို့အတွက် တာအစားဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အံတီရဲ့ဧည့်ခန်းထဲမှာ စုထိုင်ကြပြီး ဗူဘောင်းလေးတွေကို လေမှုတ်ကြပါတယ်။ ဗူဘောင်းတွေ လေတင်းပြီးပေါက်သွားတာ၊ ပေါက်မှာစိုးလို့ ရဲရဲလေမှုတ်မသွင်းရဲကြတာ၊ လေမှုတ်သွင်းရင်း လွတ်ထွက်သွားတာ ရီကြမောကြရင်း ဗူဘောင်းလေးတွေပေါ်မှာ ပုံလေးတွေဆွဲကြပါတယ်။ နောက်တော့ တဖက်ခြံမှာရှိတဲ့ မူလတန်းကျောင်းလေးက ကလေးတွေကို ဗူဘောင်းလေးတွေ သွားဝေကြပါတယ်။ လက်ဆောင်ရရှိတဲ့ မွေးနေ့မုန့်လေးတွေကို စားကြပြီး ကဒ်ထူစာရွက်လွတ်တခုမှာ ကျွန်တော်တို့အားလုံး အံတီအတွက် မွေးနေ့ဆုတောင်းလေးတွေရယ် လက်မှတ်တွေရယ်ထိုးပြီး အမှတ်တရပေးအပ်လိုက်ကြပါတယ်။ ကိုစိန်အုန်းကတော့ စိတ်ကြိုက်ဓါတ်ပုံတွေရိုက်ပါတယ်။ မွေးနေ့လက်ဆောင်အတွက် ကျွန်တော်တို့ တော်တော်ကုန်သွားပါတယ်။ အဲဒါဟာ ကျွန်တော့ဘ၀မှာ ကိုယ်ကနေ ပေးဘူးတဲ့ ပထမဆုံးမွေးနေ့လက်ဆောင်ဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံး အံတီနဲ့အတူ ကျွန်တော်တို့အကြောင်းလေးတွေအပါအ၀င် ရီစရာ မောစရာ စကားတွေပြောဖြစ်ကြပါတယ်။ ဗဟုသုတရမယ့် ဗွီဒီယိုအခွေလေးတွေလဲ ကြည့်ဖြစ်ခဲ့ကြတယ်လို့ ထင်ပါတယ်။ အဲဒါတော့သိပ်မမှတ်မိဘူး။ ဒါပေမယ့် အံတီအတွက် တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေသွားတယ်လို့ ထင်ပါတယ်။ နောက်တော့ အံတီက အပေါ်ထပ်တက်သွားပြီး တယောက်တည်း စာဖတ်အနားယူပါတယ်။

အဲဒီလိုမျိုးအားလပ်ရက်ဟာ နောင် ၂၄နှစ်ကျော်ကြာတဲ့အထိ ပြန်မရနိုင်ဘူးဆိုတာ အဲဒီတုန်းက ဘယ်သူမှထင်မိမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့မှာ အိမ်ထောင်ကျပြီး သားသမီးလေးတွေရလာတော့ ချစ်လိုက်ရတာ။ သူများနိုင်ငံမှာ မျက်နှာငယ်ရမှာစိုးလို့ သူတို့တွေ အတွက် ပူလိုက်ရတာ၊ အလုပ်တွေလုပ်လိုက်ရတာ၊ အားလပ်ရက်တွေမှာ ဗဟုသုတရ အပန်းလဲပြေအောင် ကမ်းခြေပို့၊ ဟိုသွား ဒီသွားလေးတွေ တတ်နိုင်သလောက် လုပ်လိုက်ရတာ။ ကိုယ်အလုပ်သွားတဲ့အချိန်လေးမှာ သူတို့မျက်နှာငယ်လေးတွေနဲ့ကျန်ခဲ့ကြပြီး ကိုယ်အလုပ်ကပြန်လာလို့ သူတို့လေးတွေ ပျော်ရွှင်ကြတာကိုကြည့်ပြီး သနားပြီး အချစ်ပိုရတာ….။

အံတီကော…..သူ့သားတွေနဲ့…အဲဒီလို မနေချင်ဘဲ…မချစ်ချင်ဘဲ…မသွားချင် မလာချင်ဘဲ….အခုလို ဝေးကွာနေချင်ပါ့မလား..? ဘာအတွက်ကြောင့်ကို ဘယ်လိုသတ္တိမျိုးနဲ့…အခုလို ဆုံးဖြတ်ခဲ့သလဲ..? အဖြေက ရှင်းပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်..ပါ။ တိုင်းပြည်နဲ့ပြည်သူတွေကို အကျိုးပြုဘို့ဆိုရင် အနစ်နာခံ အပင်ပန်းခံပြီး အခွင့်အလမ်းကိုရအောင်ရှာတယ်။ ကိုယ့်ကိုအသက်အန္တရယ်ပြုခဲ့တာတွေကိုတောင် ယနေ့အချိန်အထိ ဥပက္ခောပြုထားပါတယ်။

အဲဒါကြောင့် အံတီအနေနဲ့ အခုလိုအားလပ်ရက်မျိုးလေးတခါလောက် တောင့်တမိတာဟာ ကျွန်တော့အတွက် အသစ်မဟုတ်ပေမယ့် တကယ့်ကို ဆန်းလှပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးအတွက်အပူ ကိုယ်သာယူမယ်ဆိုတဲ့ ခံယူချက်ကြောင့်မို့လို့ပါ။ တာဝန်ယူရဲသူ တာဝန်ယူရသူ တာဝန်ရှိတယ်လို့ ခံယူထားသူတယောက်အနေနဲ့ တိုင်းပြည်မှာနှစ်ရှည်လများ ရှုပ်ထွေးပွေလီနေတဲ့ ပြဿနာတွေ ပြည်သူလူထုရဲ့လိုအပ်ချက်တွေက လွှတ်တော်ပိတ်လို့လဲ ရပ်ထားလို့မရ၊ စနေ တနင်္ဂနွေမို့လို့ မဖြစ်ရဘူးဆိုပြီး အမိန့်ထုတ်လို့မရ နောက်ဆုံး အိပ်ရင်တောင် အိမ်မက်ထဲမှာ စဉ်းစားအဖြေရှာနေရတာမဟုတ်လား..? အဲဒါ ကျွန်တော်တို့ဘ၀တွေနဲ့ကွာတဲ့ ထူးခြားချက်ဖြစ်နေလို့ အမြဲတန်းဆန်းနေရတာပါ..။

ဒီအကြောင်းလေး စဉ်းစားနေရင်း အံတီ ၄၄နှစ်မွေးနေ့မတိုင်ခင် တလ၀န်းကျင်မှာ အတူတူရှိခဲ့ကြတဲ့ အဖြစ်ကလေးတခုကိုလဲ ပြန်လည် အောင့်မေ့မိပါတယ်။ ၁၉၈၉ခုနှစ် မေလမှာပါ။ အဲဒီတုန်းက ယနေ့အထိအံတီရဲ့ခရီးစဉ်တွေထဲမှာ အကြာမြင့်ဆုံးနဲ့ အအောင်မြင်ဆုံး ဖြစ်ခဲ့တဲ့ကချင်ပြည်နယ်ခရီးစဉ်ကာလပါ။ ကျွန်တော့ဇာတိ မြစ်ကြီးနားမြို့ကနေ မိုးကောင်းအထိ ရထားနဲ့ မိုးကောင်းကနေ ကသာမြို့အထိ ကားနဲ့ ရက်သတ္တပတ် ၁ပတ်ကျော် ခရီးဆက်လာခဲ့ပြီးနောက် ရေလမ်းကနေတဆင့် ဗန်းမော်မြို့ကို ရောက်ရှိခဲ့ကြပါတယ်။

အဲဒီတုန်းကစီးခဲ့ရတဲ့ကားတွေဆိုတာ များသောအားဖြင့် ဂျစ်ကားတွေပါ။ လမ်းတွေဆိုတာကလဲ နွေရာသီသုံးသာသာပါ။ အဲဒီတော့ ကားစီးရတယ်ဆိုတာ ငြိမ်ငြိမ်လေးဇိမ်နဲ့ထိုင်စီးလို့မရပါဘူး။ ကားအခုန်မှာ ဟန်ချက်မပျက်အောင် မြဲမြဲကိုင်ပြီး အလိုက်သင့်ထိန်းစီးရတာပါ။ ရက်ပေါင်းများစွာ အဲလိုခရီးသွားခဲ့ရလို့ ဗန်းမော်မြို့ကိုရောက်တဲ့အခါ အရမ်းကို ပင်ပန်းနေပါပြီ။ ဗန်းမော်မြို့ကိုမရောက်ခင်ညကတည်းက အာဏာပိုင်တွေအနေနဲ့ အံတီနဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာချတဲ့စာတွေကို စစ်ကားတွေအသုံးပြုပြီး ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အချိန် ညဘက်မှာတမြို့လုံးကို ကျဲထားပါတယ်။ မြို့ထဲတလျှောက် အံတီသွားလေရာကိုလဲ အသံချဲ့စက်တွေနဲ့ လူစုလူဝေးမလုပ်ဘို့ ခြိမ်းခြောက်နှောင့်ယှက်ခဲ့ပါတယ်။ ဒီလိုနဲ့ အနှောင့်အယှက်တွေကြားကနေ လုပ်စရာရှိတာတွေကိုလုပ်ပြီး မိုးချုပ်တော့ တည်းခိုအနားယူရမယ့်အိမ်ကို ရောက်လာပါတယ်။

တနေကုန် ပင်ပန်းထားလို့ လန်းဆန်းသွားအောင် ရေချိုးသန့်စင်ဘို့ အံတီကအောက်ထပ်ကိုဆင်းလာတဲ့အခါ ကျွန်တော်တို့လဲ လိုက်လာကြပါတယ်။ ရေချိုးခန်းတွေက အိမ်အနောက်ဖက်မှာဖြစ်ပြီး လမ်းမှာ မီးချောင်းတွေ လင်းထိန်နေအောင်ထွန်းထားပါတယ်။ ချက်ပြုတ်ကြတဲ့အဖွဲ့ဝင်တွေ လုံခြုံရေးယူပေးကြတဲ့ လူငယ်အဖွဲ့တွေအားလုံးက အိမ်ရှေ့ခြံအပြင်တ၀ိုက်မှာရှိကြပေမယ့် အမျိုးသမီးတွေရေချိုးခန်းဘက်မှာတော့ ရှင်းနေပါတယ်။ ကျွန်တော်တို့နဲ့အတူ လုံခြုံရေးတာဝန်ခံလူငယ်တယောက်သာ ရှိပါတယ်။ အဲဒီအချိန်မှာ အံတီက မြစ်ဆိပ်မှာချိုးချင်တဲ့အကြောင်းနဲ့ မြို့ခံတွေသိရင် အလုပ်ပိုမှာစိုးလို့ အသိမပေးချင်ကြောင်းပြောလာပါတယ်။ ကျွန်တော်တို့လဲ အနီးမှာရှိနေတဲ့လူငယ်ကို မေးကြည့်တော့မြစ်ဆိပ်က မဝေးကြောင်းပြောလို့ သူ့ကိုဦးဆောင်ခိုင်းပြီး အိမ်နောက်ပေါက်ကနေ မြစ်ဆိပ်ကိုရောက်ပြီး ရေဆင်းစိမ်ကြပါတယ်။ မြစ်ဆိပ်အဆင်းမှာ ကုန်းမြင့်လေးဖြစ်နေလို့ အံတီနဲ့မသိဂိံကို တွဲကူဆင်းပေးရပါတယ်။ မြစ်ကြီးနားကနေတလျှောက်လုံး ထပ်ချပ်မကွာလိုက်လာတဲ့ ထောက်လှန်းရေးတွေလဲ မသိလိုက်ပါဘူး။

ညမိုးချုပ်ချိန် ဧရာဝတီမြစ်ရေအေးအေးလေးစိမ်လိုက်ရတဲ့အတွက် အံတီတော်တော်လေးလန်းဆန်းပြီး စိတ်လက်ပေါ့ပါးသွားပုံရပါတယ်။ အသံမကျယ်အောင် ထိန်းပြီးပြောကြရင်း မီးရောင်ထိန်ထိန်နဲ့ မြစ်လယ်ကနေ ခုတ်မောင်းနေတဲ့ ခရီးသည်တင်သင်္ဘောကြီးကို ကြည့်ပြီးပျော်ကြပါတယ်။ ပါလာတဲ့လူငယ်လေးကလဲ ကျွန်တော်တို့နဲ့အတူ ရေလိုက်စိမ်ရင်း အဲဒီသင်္ဘောနဲ့တဖက်ကမ်းက ရွာတချို့အကြောင်းပြောပြပါတယ်။ ၁၅ မိနစ်လောက်ဘဲ ကြာမယ်ထင်ပါတယ်။ အဖွဲ့ဝင်တချို့ လိုက်လာကြလို့ ကျွန်တော်တို့ ပြန်တက်လာကြပါတယ်။ သူတို့သတိထားမိချိန်မှာ အံတီအပါအ၀င်ဘယ်သူ့ကိုမှ မတွေ့တဲ့အပြင် တာဝန်ကျလူငယ်ပါပျောက်နေလို့ အရမ်းစိတ်ပူပြီး ရှာကြတာပါ။ အဲဒီလူငယ်ပါမတွေ့တော့ မြစ်ဆိပ်ဆင်းမယ်လို့တွက်ပြီး လိုက်လာကြတာပါ။ အဲဒီလူငယ်ကို အပြစ်တင်စကားပြောကြလို့ ကျွန်တော်တို့အကျိုးအကြောင်းရှင်းပြလိုက်ပါတယ်။

၂၅နှစ်တာကာလတခုလုံး တိုင်းပြည်နဲ့ပြည်သူလူထုလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေရင်း လွတ်လပ်စွာအနားယူခွင့်ဆုံးရှုံးနေတဲ့ အံတီကို တကမ္ဘာလုံးမှာရှိနေကြတဲ့ သားတွေ သမီးတွေက စာနာလေးစားချစ်ခင်နေကြမှာပါ။ ဖြစ်နိုင်ရင်တော့ သမုဒ္ဒရာနှစ်ခု ၀န်းရံထားတဲ့ ကျွန်တော်လက်ရှိနေနေတဲ့ နယူးဇီလန်က ပေါများလှတဲ့ကမ်းခြေတခုကို ကိုယ်တိုင်ကားမောင်းခေါ်သွား၊ ပြီးတော့ ယာယီတဲလေးထိုး၊ အံတီစားချင်တာလေးတွေ ကျွန်တော်တို့မိသားစုက ချက်ပြုတ်ကျွေးချင်ပါတယ်။ အံတီက စာအုပ်ဖတ်လိုက် လမ်းလျှောက်လိုက် ပင်လယ်ပြင်ကြီးကို ငေးကြည့်ပြီး တွေးချင်တာတွေး ဗိုက်စာလာရင် ပူပူနွေးနွေးစားလိုက်..။ အဲဒီလိုမှ ပျင်းလာရင် ရီစရာလေးတွေပြော နောက်ပြီး… အံတီကိုယ်တိုင် ဘွဲ့တံဆိပ်တော် အပ်နှင်းထားဘူးသော အထာမကျတဲ့ ကျွန်တော့ရဲ့ ဦးရွှေရိုးအကနဲ့လဲ ဖျော်ဖြေတင်ဆက်နိုင်ပါတယ်..။

တချိန်ချိန်ပြန်ဆုံနိုင်ဘို့ အခွင့်အရေးကို တောင့်တလျက်
အဝေးရောက်သား
မိုးမိုး(မိုးမြတ်သူ)