13 September 2013

နေ့စဉ်ထုတ် သတင်းစာများကို Mobile Phone များတွင် ကြည့်ရှုနိုင်

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ နေ့စဉ် ထုတ်ဝေလျက်ရှိသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar နေ့စဉ်ထုတ် သတင်းစာများကို အွန်လိုင်း အင်တာနက်မှတစ်ဆင့် မိမိတို့၏ ကွန်ပျူတာ၊ Tablet နှင့် Mobile Phone များမှ တစ်ဆင့် ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ ကွန်ပျူတာမှတစ်ဆင့် ဖတ်ရှုလိုသူများနှင့် Download ချပြီး သိမ်းဆည်းထားလိုသူများအတွက် www.moi.gov.mm/npe/mal၊ www.moi.gov.mm/npe/km၊ www.moi.gov.mm/npe/nlm Website  လိပ်စာများမှတစ်ဆင့် ဖတ်ရှု သိမ်းဆည်း ထားနိုင်ပါသည်။ Android Mobile Phone များနှင့် Tablet များမှတစ်ဆင့် ဖတ်ရှုလိုသူများအတွက် m.moi.gov.mm/npe/mal၊ m.moi.gov.mm/npe/km၊ m.moi.gov.mm/npe/nlm Website လိပ်စာများမှ တစ်ဆင့် ဖတ်ရှုနိုင်ပြီးမိမိ၏ Android Mobile Phone များနှင့် Tablet များမှ အလွယ်တကူ တိုက်ရိုက်ဖတ်ရှုနိုင်ရန် apk အတွက် google playstore ၏ Categories တွင် news and magazines ကို ရွေးချယ်၍ မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar စာသား အမှတ်တံဆိပ်ပါ Application Icon များကို နှိပ်၍ Install လုပ်ယူကာ မိမိ Mobile Phone များနှင့် Tablet များပေါ်တွင် တိုက်ရိုက် ဖတ်ရှုခြင်းနှင့် Download ချ၍ ဖတ်ရှုခြင်းများ ပြုလုပ်နိုင်ပါသည်။ Download ချ၍ ဖတ်ရှုရန်အတွက် မိမိ Mobile Phone များနှင့် Tablet များပေါ်တွင် Acrobat Reader Version ကို ဦးစွာ Install လုပ်ထားရန် လိုအပ်ပါသည်။ ipad နှင့် iPhone များအတွက် The Apple Store တွင် Mobile app ကို Free Download ချ၍ ဖတ်ရှုနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "