25 January 2013

၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် ရန်ကုန်စီးပွားရေးတက္ကသိုလ် B.Econ(stat) တတိယနှစ် ပုံမှန်အတန်းမှာ ဆက်လက်ပညာသင်ကြားခွင့် ငြင်းပယ်ခံခဲ့ရ.

ယနေ့ ၂၄.၁.၂၀၁၃ တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို ရောက်ရှိခဲ့ပါသည်။အကြောင်းမှာ တတိယနှစ် B.Econ(stat) သင်တန်းကို Y.I.E (ရန်ကုန်စီးပွားရေး) တက္ကသိုလ်တွင် ဆက်လက် တက်ရောက်ခွင့်နှင့်ပတ်သက်ပြီး မော်ကွန်းထိန်းအဆင့်(၁) ဦးသန်းစိုးဦး နှင့်သင်တန်းရေးရာ မှ မော်ကွန်းထိန်းဦးတင်အောင်မှ ခေါ်ယူတွေ့ဆုံစကားပြောခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံရာတွင် ကျနော့်အား တတိယနှစ်ပုံမှန်အတန်းမှာ ဆက်လက်တက်ရောက်ခွင့်နှင့် ပတ်သတ်ပြီး ငြင်းပယ်ခံခဲ့ရပြီးအဝေးသင် တက္ကသိုလ်သို့ ပြောင်းရန်အတွက် ပညာရေးဝန်ကြီး ဌာန နှင့်အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ ညွန်ကြားချက်စာ အားပေး ခဲ့ပါ သည်။ အဘယ်အတွက်ကြောင့် နေ့သင်တန်း(Day)အား တက်ရောက်ခွင့်မပြုခဲ့ရပါသနည်း ဟု မေးမြန်းကြည့်သော အခါ အကြောင်းပြချက်ကို ဆရာတို့အနေနှင့် မသိပါကြောင်း ယခုညွန်ကြားစာကိုသာ လက်ခံ ရရှိပါကြောင်းနှင့် အဝေးသင်တက္ကသိုလ်တွင် စီးပွားရေးဘာသာရပ်ဖြင့် ဆက်လက်ပညာသင်ကြားခွင့်ပေးထားပါကြောင်း၊ ထိုသို့တက်ရောက်ခွင့်ပြုသောလည်းကျောင်းပြန် လည်အပ်နှံသည့်အခါ မိဘများ ကိုယ်တိုင်လိုက်ပါ အပ်နှံပြီးခံဝန်ကတိလက်မှတ် ရေးထိုးဖို့ လိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ ဆက်လက်ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေးလိုပါကြောင်းပြောကြားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကျောင်း သားလှုပ်ရှားမှု ဖြင့် စစ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ်က မပြီးပြတ်သေးသော နေ့သင်တန်းကိုသာ ဆက်လက်တက်ရောက်နိုင်ရေး ထပ်မံကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဝေးသင်တက္ကသိုလ်စီးပွားရေးဘာသာရပ်မှာ ကျွန်တော့်၃နှစ်တိတိကြိုးစားသင်ယူခဲ့ရသော Institute မှပေးမည့် B.Econ(stat) မေဂျာလုံးဝမရှိပါကြောင်းနှင့် သင်ကြားရမည့် ဘာသာရပ်များ သင်ရိုးများ လုံးဝမတူညီသည့်အတွက်ကြောင့် ကျွန်တော့်အနေဖြင့် ၄င်းအဝေးသင်တက္ကသိုလ် ကိုလုံးဝ(လုံးဝ) တက်ရောက်လိမ့်မည်မဟုတ်ဟု ငြင်းပယ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီးမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ် ဟု ကြွေးကြော်၍ ပြည်ပ သို့ရောက်ရှိနေသော သူများကိုပင် နာမည်ပျက်စာရင်း(BlackList)မှပယ်ဖျက်ပေးပြီး ပြည်တွင်းသို့ပြန် လည်ဖိတ်ခေါ်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေး အတွက် ပြုလုပ်
နေသည်ဆိုသော်လည်း ယ္ခုကဲ့သို့ပညာရေးဝန်ကြီးဌာန အပါအဝင်သက်ဆိုင်ရာ အာဏာပိုင်များမှ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသော တက္ကသိုလ်ကျောင်းသားများ ပညာဆက် လက်သင် ယူနိုင်ရေးအားငြင်းပယ်လိုက်ခြင်းသည် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိခိုက်နိုင်ပါသည် ဟု ယူဆမိပါသည်။

ယ္ခု ဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသောယုံကြည်ချက်ဖြင့် အကျဉ်းကျခံရသည့် ကျောင်းသား/ကျောင်းသူများစုပေါင်း၍ သက်ဆိုင်ရာကျောင်းများတွင် သင်ကြားနေ ဆဲဘာသာရပ် အတန်းများတွင်ဆက်လက် သင်ကြားခွင့်ရရေးအတွက် လက်တွဲဆောင် ရွက်သွားမည် ဖြစ်ပါသည်။ သက်ဆိုင်ရာသတင်းမီဒီယာများ၊ နိုင်ငံတော်သမ္မ အပါအဝင်အာဏာပိုင်အဖွဲ့ အစည်းများ၊ လွတ်တော်များ၊ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေ သူများအားလုံး ထံသို့ ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။ 
 
စည်သူမောင် 3rdyear B.Econ(stats.)Y.I.E 2007.Sep

ပုလောမြို့နယ်ကျောက်ကာကျေးရွှာတွင်အုပ်ချုပ်ရေးမှူးအသစ်ရွှေးချယ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့အတ္တဆန်တဲ့အာဏာရှင်လူနည်းစုများအကြောင်း။



အကြောင်းအရာ။     ။ပုလောမြို့နယ်ကျောက်ကာကျေးရွှာတွင်အုပ်ချုပ်ရေးမှူး  အသစ်ရွှေးချယ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့  အတ္တဆန်တဲ့အာဏာရှင်လူနည်းစုများအကြောင်း။

 3.1.2013 ကျောက်ကာကျေးရွှာတွင်ဒီမိုကရေစီနည်းလမ်းတကျအုပ်ချုပ်ရေးမှူးရွှေးချယ်ရာတွင် ပုလောမြို့နယ်အမျိုးသားလွတ်တော် အမတ် ဦးလှစိုးနှင့် ဒုဦးစီးဦးတင်လင်းဌေးတို့တရားနည်းလမ်းတကျလာရောက်ရွှေးချယ်ပေးကြပါသည်ရွှေးချယ်မှုများကိုရွှာသူ၊ရွှာသားများကကျေနပ်ကြ ပါသည်။
ဆယ်အိမ်စုဝင်(78)ယောက်မှဦးဌေးအောင်နှင့်ဦးသန်းဦးတို့ယှဉ်ပြိုင်ကြရာဦးဌေးအောင် ကဦးသန်းဦး ကို(13)မဲအကွာနှင့်အနိုင်ရရှိခဲ့သည် ။ရွှေးချယ်မှုကိုအများလက်ခံကျေနပ်ကြပါသည်။ ဦးတင်ဂွမ် ဦးဆောင်၍ကြီးကြပ်ရေးမှူး(5)ယောက်နှင့်တကွလူ(15)ယောက်ကန့်ကွက် စာတင်ခဲ့သဖြင့်   (11.1.2013)      နေ့   (11) နာရီ  တွင်ပလရုံးတွင်ခေါ်ယူစစ်ဆေးရန်အကြောင်းကြားလာပါသည်။ဦးဌေးအောင်ဘက်မှဦးကြည်လွင်၊ဦးချစ်ရအောင်၊ ဦးစိုးငယ်တို့ပါတယ်။  
ကန့်ကွက်တဲ့ အဓိကအကြောင်းကတော့
(1) ရာဘာတော မှာစစ်ကြေးပေးတဲ့ အကြောင်း
(2)တာတံမံရောင်း တဲ့ အကြောင်း
(3)ဦးဌေးအောင်ယောက်ဖ ကိစ္စ  ။

၎င်းကိစ္စနှင့်ပတ်သက်၍ကန့်ကွက်သူများပြောချင်တာကတော့ သူများနောက်ကြောင်းအပြစ်ကိုဖော် ချင်ရင်ကိုယ့်ရဲ့နောက်ကြောင်း သမိုင်း ဘယ်လောက်     ကောင်း သလဲဘာတွေလုပ်ခဲ့သလဲဆိုတာကိုသုံးသပ်စေချင်ပါတယ်။

ကျွန်တော်သိရသလောက်တော့ ဦးဌေးအောင်တို့မကောင်းသတင်းတွေကြေးမုံသတင်းစာတွေနှင့်တီဗွီဖန်သားပြင်မှာ တစ်ခါမှပါတာမတွေ့ဖူးပါ။ကန့်ကွက်သူတွေထဲမှာမကောင်း သတင်း ကို  ကြေးမုံသတင်းစာနှင့် တီဗွီဖန်သားပြင်မှာပါခဲ့တဲ့သူတွေရှိပါတယ်။အမှန်တရားကိုမြတ်နိုးသောမီဒီယာသမားများ၊ပြည်သူများအတွက်ဒီသတင်းကိုပို့ပေးလိုက်ပါတယ်။
                      ကျောက်ကာကျေးရွှာသူ၊ရွှာသားများ
                  ပုလောမြို့နယ်၊တနင်္သာရီတိုင်းဒေသကြီး

၉မိုင် စက်မှုလယ်ယာ ငှာရမ်းမှုအကြောင်း အသိပေးခြင်း

အမှတ်၁ လယ်ယာသုံးစက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (၉မိုင် စက်မှုလယ်ယာ)ကို ၂၀၁၂ စက်တင်ဘာ လောက်မှာ စက်ရုံကို ပုဂ္ဂလိက ငှားမယ်ဆိုပြီး သတင်းစာထဲထည်.ပါတယ်၊စတာက အဲဒီမှာတည်းက စတာပါ၊ဘုတ်အဖွဲ.က ဒီစက်ရုံဟာ နိုင်ငံတော်အတွက် အကျိုးအမြတ် ရှိနေသလို တောင်သူလယ်သမားတွေအတွက်လည်း အထောက်အပံ.ကောင်းကောင်းဖြစ်နေတဲ့အတွက် ကန်.ကွက်ခဲ့ပေမယ်. ၀န်ကြီး တစ်ဦးတည်းရဲ. သဘောထားနဲ. ငှားမယ်ဆိုပြီးဖြစ်တာလို.သိရပါတယ်။ပိုစိတ်ဝင်စားစရာကောင်းတဲ့အကွက်တစ်ခုလည်းရှိပါသေးတယ် ။

သတင်းစာထဲမထည်.ခင် ခုလက်ရှိရသွားတဲ့ Young Investment Group (အင်းလျားကန် မျက်စောင်းထိုး ပြည်လမ်းမကြီးပေါ်မှာ သူတို.ကားအလုပ်ရုံ ၇ှိပါတယ်)ကတာဝန်ရှိသူတွေက အဲဒီစက်ရုံကို အရင်ရောက်လာပြီး ဒီစက်ရုံငှားမလို. အဘကိုပြောထားပြီးသား ၀င်ကြည့်ချင်တယ်ဆိုပြီးရောက်လာတာပါပဲ။ဆုံးဖြတ်ချက်တောင်မကျသေးတဲ့ စက်ရုံကိုငှားဖို.ပြောထားပြီးပြီ ဆိုတာကတော. ? ထပ်သေချာသွားတာကတော. တစ်ပတ်အတွင်းမှာပဲ အဲဒီCompany ကို ငှားရမ်းခွင်.ပြုလိုက်ပါတယ်တဲ့၊ဒီ.ထက်ပို စိတ်ဝင်စားစရာက ဒီဝန်ကြီးဌာန အောက်မှာရှိတဲ့ သင်္ဃန်းကျွန်းဆီသန်.စက်ရုံကိုလည်း ဒီ Company ပဲရသွားပါတယ်၊ ၀ါကြိတ်စက်ရုံတွေလည်း ဒီ Company ပဲရထားသလို ပျဉ်းမပင်ပန်ကာကြိုးစက်ရုံကလည်း ဒီ Company ပဲထင်ပါတယ်။တိုက်ဆိုင်တာလား ပိုင်တာလားတော. စစ်ကြည့်မှသိမယ်ထင်ပါရဲ. ။

ခု ၉မိုင် စက်ရုံကိစ္စကလည်း အဲ့ဒီတည်းက ကြိုးစားနေပေမယ်. ရှေ.နေချုပ်ရုံးက ကန်.ကွက် မြေယာပိုင်ဆိုင်မှုဆက်နွယ်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာန က ကန်.ကွက်နဲ.ပဲ အတော်အံ.အားသင်.ဖွယ်ရာ ကြိုးစားမှုတွေနဲ. အခုတော. အားလုံးကသဘောတူလိုက်ပါတယ်တဲ့။ကြိုတင် ရွေးချယ်ခိုင်းထားတဲ့ သဘောထားကောက်ချက်တွေအရ လူ ၁၇၀ ကျော်ရှိတဲ့ စက်ရုံမှာ လုပ်ပြီးကျန်ခဲ့မှာက ၁၆ ယောက်တဲ့ ။ဘာအာမခံချက်မှလည်း ရေရေရာရာမပေး ရှိပြီးသားဝန်ထမ်းတွေကျတော.လည်း ထုတ်လုပ်ရေး ပညာရှင်တွေကနေ စက်ပြင်သာသာ ဘ၀တွေ ရောက်ရပါတော.မယ်၊ ဒီလိုပညာရှင်တွေဖြစ်လာအောင်သင်ပေးခဲ့ရတဲ့စ၇ိတ်တွေက နိုင်ငံတော်စ၇ိတ်ဆိုပေမယ်. ပြည်သူ.ပိုက်ဆံတွေပါ။  
 
ဖြစ်နိုင်ရင်တော. သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီတိုက်ရိုက်ရောက်နိုင်မယ်.နည်းလမ်း များလည်းအကြံပေးစေလိုပါတယ်။အတည်ပြုချက်မရတဲ့ သတင်းတွေအရတော.နိုင်ငံတော်သမ္မတ ဆီကို တင်ပြရာမှာ စက်ရုံဟာအရှုံးပြနေတယ်ဆိုပြီး တင်ပါတယ်တဲ့။တကယ်က ဘယ်တုန်းကမှ မရှုံးခဲ့တဲ့စက်ရုံပါ။ဒါပေမယ်. ဒီလိုလုပ်ချင်တာကြောင်.လားတော. မသိပါဘူး။ ၁၀ လပိုင်းလောက်ကစပြီး လုပ်ငန်းတွေ ရှိလျှက်နဲ. ဘာဘတ်ဂျက် မှ ချမပေးတာကြောင်. ၀န်ထမ်းတွေငုတ်တုတ်ထိုင်နေရပါတယ်။ဒါမှအရှုံး ပြလို.ရမှာကြောင်.ထင်ပါတယ်။ဒါကြောင်.ဒီကိစ္စတွေကို မရမ်းကုန်းလွှတ်တော်အမတ် ဒေါ်မေ၀င်းမြင်. သိစေချင်သလို အခြားစောင်.ကြည်.ပေးမယ်.၊တရားဝင်လေ.လာရေးသားပေးမယ်. Media တွေလည်း သိစေချင်ပါတယ်၊ဒါကြောင်. ပတ်သက်ဆက်နွယ်သူများ ကူညိပေးဖို.လည်း မေတ္တာရပ်ခံပါတယ်။

ခုတော. ၀န်ထမ်းမိသားစုတွေအားလုံးဟာ ဘယ်တော. လိုင်းခန်းတွေပေါ်က ဖယ်ရတော.မလဲ၊ဘယ်တော.ပြောင်းရတော့မှာလည်း၊ဘယ်တော့ထွက်ရတော့မှာလည်း၊ပင်စင်ကလည်း မသေချာ၊ဆက်လုပ်ရအောင်ကလည်း ဘာအာမခံချက်မှမရှိ (ဘာလို.လည်းဆိုတော. ၂၀၁၁ ခုနှစ် ၅ လပိုင်းတည်းကလွှဲလိုက်ရတဲ့ ပန်ကာကြိုးစက်ရုံကို ဒီတိုင်းပစ်ထားပြီး ကျန်တဲ့ဝန်ထမ်း ၁၀ယောက်လောက်(အရင်က ရာဂဏန်းရှိပါတယ်) ကိုလစာပေးထားပြီး စက်ရုံကို ဒီတိုင်းထားထားသလို သင်္ဃန်းကျွန်း ဆီသန့်စက်ရုံဆိုလည်း စက်ပစ္စည်းတွေ ဖြုတ်ပြီးရောင်း တော.မယ်. ။


နောက်တစ်ခုက လေ့လာမိသလောက် လွှတ်တော်မှာ ပုဂ္ဂလိက လွှဲပြီးသွားရင် စာချုပ်ပါစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ခြင်းရှိ/မရှိ ဆန်းစစ်တဲ့ ကော်မတီ တစ်ရပ်ရှိတယ်လို.ပြောပါတယ်၊ဒီကော်မတီအနေနဲ့လည်း အချက်အလက်တွေမြင်သာထင်သာစောင့်
ကြည့် ထုတ်ပြန် ပေးစေချင်ပါတယ်၊ ခုဒီ လူ၂၀၀ နီးပါး စက်ရုံကြီးကို လူ၁၆ ယောက်နဲ. ဘာတွေဘယ်လိုဆက်ထုတ်မလဲသိချင်တာပါ၊ စာချုပ်စည်းကမ်းမှာ မူလထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ရမယ်လို.ပါပါတယ်တဲ့။ကျွန်မတို.က၀န်ထမ်း မိသားစုမို့ ဒီနေရာက မသွားချင်တာမျိုးပေမယ်. နိုင်ငံအတွက်အကျိုးရှိရင်တော. ဖြေသာပါတယ်၊ ၀န်ထမ်းတွေသာပြုတ်သွား၊စက်ရုံကြီး ကျတော.ပိတ်ထား၊သူတို. အကျိုးအမြတ်သက်သက်အတွက် အချိန်တွေရင်းပြီး အခြားရည်ရွယ်ချက်နဲ. ငှားထားကြတာမျိုးဆိုရင်တော. မဖြစ်သင့်ပါဘူး၊ခုဒီစက်ရုံကို တစ်လ သိန်း ၅၀၀ နဲ.ငှားတယ်လို.သိရပါတယ်..အကျယ်အ၀န်း၁၀ ဧက ကျော်ရှိပြီး ပြည်လမ်းမကြီးဘေးမှာ ရှိနေတဲ့ဒီနေရာ၊အထဲမှာတပ်ဆင်ထားတဲ့စက်အားလုံး အနေအထားနဲ. ဒီနှုန်းဟာ ရသင့်တဲ့အနေအထားဟုတ်/မဟုတ်လေ့လာသင့်ကြသလို နောက်ပိုင်းဒီလုပ်ငန်းကိုဆက်လုပ်/မလုပ် လည်းစောင်.ကြည်.စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒေသတစ်ခုမှာ ဓလေ.ကျပေါက် ပျဉ်း ကတိုးတွေ ခုတ်ယူချင်တာနဲ. ရော်ဘာ စိုက်ပျိုးရေး မြေတွေလျှောက်၊ပြီးတော.ပစ်ထား၊ဒီလိုပဲ နေပြည်တော်အမြန်လမ်း တစ်လျှောက် မြေလိုချင်တာနဲ့ ကျွန်းကွက်တွေလျှောက်၊လမ်းဘေးလောက်ပဲ ဟန်ပြစိုက်ပြထားပြီး အခြေအနေတစ်ရပ်၊အချိန်အခါ တစ်ခုကို စောင့်ဆိုင်းနေကြသူများ ဆိုတာရှိခဲ့ ရှိနေဆဲပါရှင်၊ ပြီးတော. ဒီ Company က အာမခံလုပ်ငန်းလည်း လေလံအောင်ထားတယ်လို.သိရပါတယ် ။သိန်းပေါင်းသောင်းချီသွင်းရတဲ့ လုပ်ငန်းပါ ၊ဒါအပြင် စက်ရုံတွေလေလံဆွဲထားပြီး မလည်ပတ်ပဲ လစာတွေရော ဘာအကြောင်းနဲ. ပေးနေ၊ပေးနေနိုင်တာပါလဲ၊နိုင်ငံတော်ရဲ. ၀င်ငွေခွန် တန်းစီဇယားထဲမှာရော ဒီ Company ကဘယ်နေရာမှာပါနေပါသလဲရှင် ၊ ဒါအပြင် တကယ်. ပြည်တွင်းနိုင်ငံသားပိုင်  ဟုတ်/မဟုတ် မဟုတ်ရင်လည်း ဘယ်သူတွေ ဘယ်ငံညခားသားတွေ က ကျောထောက်နောက် ခံပေးထားတယ် ဆိုတာတွေက သေချာ ဆန်းစစ်ဝိုင်းဝန်း စောင့်ကြည့်သင့် တယ် ထင်ပါ တယ်၊တကယ်တော. လက်ရှိလေလံပစ်တယ်၊ပုဂ္ဂလိက လွှဲတယ်ဆိုတာတွေက ဘယ်သူတွေ လာလေလံဆွဲတယ်၊ဘယ်လောက်တွေနဲ့ဆွဲတယ်၊ဒါကြောင်. ဘယ်သူ့ကို ခွင့်ပြုလိုက်တယ်၊စာချုပ်ပါ စည်းမျဉ်းတွေက ဘာတွေဆိုတာက သမ္မတ ကြီးပြောလေ့ရှိတဲ့ မိဘပြည်သူ အပေါင်းကို ချပြရမှာ မဟုတ်ဘူးလားရှင်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းဖြန့်ချိနိုင်သူများဖြန့်  ချီပေး၊စောင့်ကြည်နိုင်သူများ က စောင့်ကြည့်ပေး၊ရေးသားနိုင်သူများက ရေးသားပေး ဖို့မေတ္တာရပ်ခံပါတယ်ရှင်။ 

ဒီလိုပုဂ္ဂလိ က အမည်ခံ တွေဆီကို ရုတ်ချည်းလွှဲပြောင်းမှုတွေကြောင်. ကျွန်မတို.ရှေ.မှာ နစ်နာခဲ့ရတဲ့ ပညာရှင်တွေ ၊ ၀န်ထမ်းတွေ ရှိခဲ့ပြီးသလို ကျွန်မတို.လည်း ကြုံရတော့မှာပါ၊ဒါပေမယ့် နောက်ထပ်ဘယ်သူမှ ထပ်မကြုံစေချင်လို့ပါ၊  တစ်ချို့တွေပြောသလို အစိုးရက တစ်ဝက်တစ်ပျက် ထိမ်းပေး၊ ကိုယ့်ဝန်ထမ်းတွေလည်း စိတ်ချရပြီ အခြေတည်နိုင်ပြီဆိုမှ လုံးလုံးလွှဲလိုက်ရင် ရှဉ်.ရော ပျားရော စိတ်ချမ်းသာစရာလေးဖြစ်မှာမှို.ပါရှင်။အားလုံးပဲ တတ်နိုင်သူများ တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါအုံးရှင်။ဒီအချက်အလက်တွေနဲ့ ပတ်သက်လို.ကတော့စက်ရုံက ဘယ်ဝန်ထမ်းကိုမဆို မေးလို့ရပါတယ်။

 ကျွန်မတို့အဖို့တော့ ဒီစက်ရုံကို စွန့်ခွာရဖို့ အချိန် သိပ်မကျန်တော.ပေမယ်. နောက်ထပ်ဝန်ထမ်းတွေ ဒီလိုမဖြစ်စေချင်တာပါ။ခုလို ပုဂ္ဂလိကပိုင် လုပ်လိုက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်ရပ်နားသွားခဲ့ကြရတဲ့ ၀န်ထမ်းတွေ ဘယ်လောက်ရှိနေပြီလဲတော့ မသိပါဘူး။ကျွန်မတို့ကတော့ ကိုယ်နဲ့ဆက်စပ်တာလောက်ပဲသိတာမို. ဥပမာ အင်းကုန်း စက်ရုံကြီးလည်း ဒီလိုပဲခံလိုက်ရပြီး ခုတော.ဟုတ်တိပတ်တိ ဘာမှမလုပ်ပဲ ၀န်ထမ်းတွေအလုပ်လက်မဲ့ ဖြစ်သွားတာပဲ အဖတ်တင်ပါတယ်၊ငံတော်အတွက် ပုံမှန်ဝင်ငွေရနေတယ် ဆိုပေမယ်. အဲ့ဒီလို လွှဲယူပြီး ရပ်နားထားလို့ ကျဆင်းသွားတဲ့ ထုတ်လုပ်ရေး အင်အား စုတွေ၊ရပ်နားလိုက်ရတဲ့ ၀န်ထမ်းတွေ ၊ဘယ်လိုရည်ရွယ်ချက်နဲ့လွဲယူပြီး ရပ်နားထားတယ် ဆိုတာတွေ၊ ဒီလောက်ကြီးတဲ့လုပ်ငန်းကြီးကိုတောင် တစ်ပတ်အတွင်း ပွင်းလင်းမြင်သာမှု မရှိပဲငှားလိုက် တယ်(ရှေ့နေချုပ်ရုံးကကန်.ကွက်လို့သာစာချုပ်က ခုမှချုပ်ရမှာပါ)ဆိုတာတွေကိုစောင့်ကြည့် နိုင်သူ များစောင်.ကြည့်ပေးစေချင်တာပါ။

ဇန်န၀ါရီ ၈ ရက်နေ့ကတော့ စက်ရုံမြေ တစ်ခုလုံး တိုင်းတာပြီး အဲဒီနေ. ဒါမှမဟုတ်နောက်နေ.မှာ ဂရံသွားလျှောက်မယ်လို.သိရပါတယ်။စာချုပ်ချုပ်ဖို့ ဂရံမရှိရင် ရှေ့နေချုပ်ရုံးက ခွင့်မပြုတာမို့လျှောက်ရ တယ်လို.သိရပါတယ်။ဒီနေ(၂၄-၁-၂၀၁၃)မှာတော့ကုမ္ပဏီ နဲ့ စာချုပ်ချုပ် မယ်လို့သိရပါတယ်၊ အားလုံးသိရှိစောင်.ကြည့်နိုင်ရန်ပါ၊အစပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးနဲ. မြေယာပိုင်ဆိုင်မှု မရှင်းမလင်းဖြစ်နေတာ ကို ၃၀-၁၂-၂၀၁၂ နေ့က သဘောတူညီမှုရခဲ့ပါတယ်တဲ့၊
ဒါပေမယ်.ဂရံတော့မရသေးဘူးလို.ကြားရပါတယ် မည်သည့်ကဏ္ဍ အတွက်ဖြစ်စေ အသုံးပြုနိုင်ရန်ပါရှင်...။

21 January 2013

ခရိုနီတွေက NLD ပညာရေးရံပုံငွေလှူဒါန်းမှုအပေါ်.. ဘေးမှ...ဋီကာချဲ့နေသူများသို့......

Photo: ခရိုနီတွေက NLD ပညာရေးရံပုံငွေလှူဒါန်းမှုအပေါ်..
ဘေးမှ...ဋီကာချဲ့နေသူများသို့......
-------------------------------------------------

ဒေါ်စုကိုတစ်ချို့ကပြောနေကြတယ်..
ခရိုနီတွေက အင်န်အယ်လ်ဒီပညာရေးရံပုံငွေကိုလှူတဲ့ကိစ္စ..

ဒေါ်စုလဲပြန်ဖြေရတယ်..

တစ်ချို့က..အဲဒီလိုမြင်တယ်ဆိုတော့..
ဒီလူတွေမြင်ပေါက်က...
လူကြားလို့တောင်မကောင်းပါဘူးဗျာ..

တစ်ချို့ကကျတော့လဲ..
ဒေါ်စုက..ဘဘတွေနဲ့အတူတူဆိုတဲ့ပုံစံမျိုး..
အတင်းကို..တံဆိပ်ကပ်ကြတယ်...
ဖွကြတယ်...အဆင်းဘီးတပ်ကြတယ်..

အဲဒီလိုလျှောက်လုပ်နေတဲ့..
နလပိန်းတုံးတွေကိုကြည့်ပြီး..
သနားလာတယ်..

မြန်မာပြည်ကခရိုနီဆိုတာ..ဒေါ်စုအနေအထားနဲ့တွက်ရင်..
ပုရွက်ဆိတ်တစ်ကောင်အဆင့်တောင်မရှိပါဘူး..

ဘာဖြစ်လို့လဲဆိုတော့..
ဒေါ်စုက..နိုင်ငံခေါင်းဆောင်မဟုတ်သေးတာတောင်..

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံခေါင်းဆောင်တွေကိုယ်တိုင်ကရော???.
ကမ္ဘာ့အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံတွေကခေါင်းဆောင်တွေကအစရော??
.လေးစားအားကျရတယ်..

ကမ္ဘာ့ standard ငွေကြေးစနစ်ဖြစ်တဲ့..
ဒေါ်လာငွေစနစ်ပိုင်ဆိုင်တဲ့စူပါပါဝါနိုင်ငံရဲ့
့ခေါင်းဆောင်ကိုယ်တိုင်ကရော??..
မျက်နှာသာပေးရတယ်..

တစ်ချိန်ကနေမ၀င်အင်ပါရာရဲ့..ခေါင်းဆောင်ကရော..??
ဘယ်လို့သဘောထားပါသလဲ....

ဆန်ရှင်ပွင့်တာတွေက..သူစွမ်းဆောင်မှုမပါဘူးလို့ရော
ပြောလို့ရလို့လား..???

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကိုယ်တိုင်ကရော..??

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေကအစိုးရတွေ၊
ပညာရှင်တွေနဲ့ကမ္ဘာတ၀ှမ်းကပြည်သူတွေကရော????

ဂျော့ဆိုရော့လို..ဘီလျှံနာ..ကမ္ဘာကျော်သူဌေးမျိုးကရော..??
မလေးစားပဲနေလို့လား...

ကျန်တာတွေရှိဦးမယ်...

အဲဒီတော့စဉ်းစားကြပေါ့...

---------------------

ပြောချင်တာကတော့...

တေဇဆိုမှ...ဇော်ဇော်ဆိုမှ..
ခရိုနီလို့မမြင်ပဲ..စပွန်ဆာလို့မြင်နေသူတွေ..
နိုင်ငံတော်သူဌေးလို့ထင်မှတ်နေသူတွေက..
အမှန်ဆိုရင်..
ဘယ်သူတွေပါလဲ...????

ဒီခရိုနီတွေကိုမှအားမကိုးရရင်...
အားကိုးမဲ့သူမရှိပုံစံမျိုးဖြစ်နေတာရော..
ဘယ်သူတွေပါလဲ???

နောက်ပြီး..
ခရိုနီတွေက..အင်န်အယ်ဒီရံပုံငွေကိုပေးတာမှမဟုတ်တာပဲ..
လူမသိသူမသိပေးတာလဲမဟုတ်..
ပညာရေးလုပ်ငန်းတွေအတွက်လူသိရှင်ကြားပေးတာအားလုံးအသိ..
အဲဒါကိုဘာဖြစ်နေကြတာပါလဲ???

နောက်တစ်ခု...
ခရိုနီတွေနဲ့ဆက်စပ်တဲ့အစိုးရဌာနတွေ..၊လုပ်ငန်းတွေမှာ..
ရံပုံငွေအတွက်လှုတာမဟုတ်ပဲ..
ပညာရေးကျန်းမာရေးမဟုတ်ပဲ..
သက်ဆိုင်ရာလုပ်ပိုင်ခွင့်ရှိသူတွေကို..
လူမသိသူမသိ..
ခရိုနီတွေက..ပေးကမ်းထားတာတွေ..
ဝယ်ခြမ်းပေးတာတွေ...
"ဖန် " ပေးထားတာတွေ..
ဘာတွေဆိုတာကျတော့..
ဘယ်လောက်အထိရှိသလဲဆိုတာကျတော့..
ဘာလို့မပြောကြ..မဖွကြတာပါလဲ..???
(လုပ်ပိုင်ခွင့်ရှိတဲ့သူတွေထဲက..အနည်းဆုံး..
၇၀ ရာခိုင်နှုန်းမကင်းပါဘူးဆိုတာပြောရဲတယ်...)

မကင်းတဲ့သူ..အရေးယူ..ထောင်ချကြေးဆိုရင်..
အစိုးရယန္တယားကြီးတစ်ခုလုံး..
အရေစုတ်ပြီးသားကြံဖတ်လို့...ဖွာစုတ်သွားမယ်ဆိုတာ..
သိရက်သားနဲ့ဗျာ..

အဲဒါကိုအမေစုနဲ့ NLD ရဲ့လူသိရှင်ကြားကြေငြာပြီးလုပ်တဲ့..
ပညာရေးရန်ပုံငွေကိစ္စကိုမှ..
ဘာလို့.Highlight လုပ်နေကြရတာလဲဆိုတာ..
အရမ်းကို အံ့သြမိပါတယ်...

လူသိရှင်ကြားပညာရေးအလှုခံတာကျတော့..ပြောမဆုံးဘူး..
လူမသိသူမသိ..အိမ်နောက်ပေါက်က၀င်တဲ့..
ဖြစ်စဉ်ပေါင်း..သောင်းခြောက်ထောင်ကိုကျတော့..
နှာစေးနေသလိုပဲနော်..

အမေစုက..
ပြောလို့ရတဲ့သူမို့လို့..သည်းခံခွင့်လွှတ်တဲ့သူမို့လို့.
ပြောတာမျိုးလား..
အာဏာလက်ထဲမှာမရှိလို့၊မကြောက်လို့..
စော်ကားတာမျိုးလား..
ဆိုတာကတော့..
ခင်ဗျားတို့စိတ်ထဲမှာပဲရှိမှာပါ....

ဆင်ခြင်ကြပေါ့ဗျာ...... 
 
 ဒေါ်စုကိုတစ်ချို့ကပြောနေကြတယ်..
ခရိုနီတွေက အင်န်အယ်လ်ဒီပညာရေးရံပုံငွေကိုလှူတဲ့ကိစ္စ..

ဒေါ်စုလဲပြန်ဖြေရတယ်..

တစ်ချို့က..အဲဒီလိုမြင်တယ်ဆိုတော့..
ဒီလူတွေမြင်ပေါက်က...
လူကြားလို့တောင်မကောင်းပါဘူးဗျာ..

တစ်ချို့ကကျတော့လဲ..
ဒေါ်စုက..ဘဘတွေနဲ့အတူတူဆိုတဲ့ပုံစံမျိုး..
အတင်းကို..တံဆိပ်ကပ်ကြတယ်...
ဖွကြတယ်...အဆင်းဘီးတပ်ကြတယ်..

အဲဒီလိုလျှောက်လုပ်နေတဲ့..
နလပိန်းတုံးတွေကိုကြည့်ပြီး..
သနားလာတယ်..

မြန်မာပြည်ကခရိုနီဆိုတာ..ဒေါ်စုအနေအထားနဲ့တွက်ရင်..
ပုရွက်ဆိတ်တစ်ကောင်အဆင့်တောင်မရှိပါဘူး..

ဘာဖြစ်လို့လဲဆိုတော့..
ဒေါ်စုက..နိုင်ငံခေါင်းဆောင်မဟုတ်သေးတာတောင်..

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံခေါင်းဆောင်တွေကိုယ်တိုင်ကရော???.
ကမ္ဘာ့အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံတွေကခေါင်းဆောင်တွေကအစရော??
.လေးစားအားကျရတယ်..

ကမ္ဘာ့ standard ငွေကြေးစနစ်ဖြစ်တဲ့..
ဒေါ်လာငွေစနစ်ပိုင်ဆိုင်တဲ့စူပါပါဝါနိုင်ငံရဲ့
့ခေါင်းဆောင်ကိုယ်တိုင်ကရော??..
မျက်နှာသာပေးရတယ်..

တစ်ချိန်ကနေမ၀င်အင်ပါရာရဲ့..ခေါင်းဆောင်ကရော..??
ဘယ်လို့သဘောထားပါသလဲ....

ဆန်ရှင်ပွင့်တာတွေက..သူစွမ်းဆောင်မှုမပါဘူးလို့ရော
ပြောလို့ရလို့လား..???

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကိုယ်တိုင်ကရော..??

ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေကအစိုးရတွေ၊
ပညာရှင်တွေနဲ့ကမ္ဘာတ၀ှမ်းကပြည်သူတွေကရော????

ဂျော့ဆိုရော့လို..ဘီလျှံနာ..ကမ္ဘာကျော်သူဌေးမျိုးကရော..??
မလေးစားပဲနေလို့လား...

ကျန်တာတွေရှိဦးမယ်...

အဲဒီတော့စဉ်းစားကြပေါ့...

---------------------

ပြောချင်တာကတော့...

တေဇဆိုမှ...ဇော်ဇော်ဆိုမှ..
ခရိုနီလို့မမြင်ပဲ..စပွန်ဆာလို့မြင်နေသူတွေ..
နိုင်ငံတော်သူဌေးလို့ထင်မှတ်နေသူတွေက..
အမှန်ဆိုရင်..
ဘယ်သူတွေပါလဲ...????

ဒီခရိုနီတွေကိုမှအားမကိုးရရင်...
အားကိုးမဲ့သူမရှိပုံစံမျိုးဖြစ်နေတာရော..
ဘယ်သူတွေပါလဲ???

နောက်ပြီး..
ခရိုနီတွေက..အင်န်အယ်ဒီရံပုံငွေကိုပေးတာမှမဟုတ်တာပဲ..
လူမသိသူမသိပေးတာလဲမဟုတ်..
ပညာရေးလုပ်ငန်းတွေအတွက်လူသိရှင်ကြားပေးတာအားလုံးအသိ..
အဲဒါကိုဘာဖြစ်နေကြတာပါလဲ???

နောက်တစ်ခု...
ခရိုနီတွေနဲ့ဆက်စပ်တဲ့အစိုးရဌာနတွေ..၊လုပ်ငန်းတွေမှာ..
ရံပုံငွေအတွက်လှုတာမဟုတ်ပဲ..
ပညာရေးကျန်းမာရေးမဟုတ်ပဲ..
သက်ဆိုင်ရာလုပ်ပိုင်ခွင့်ရှိသူတွေကို..
လူမသိသူမသိ..
ခရိုနီတွေက..ပေးကမ်းထားတာတွေ..
ဝယ်ခြမ်းပေးတာတွေ...
"ဖန် " ပေးထားတာတွေ..
ဘာတွေဆိုတာကျတော့..
ဘယ်လောက်အထိရှိသလဲဆိုတာကျတော့..
ဘာလို့မပြောကြ..မဖွကြတာပါလဲ..???
(လုပ်ပိုင်ခွင့်ရှိတဲ့သူတွေထဲက..အနည်းဆုံး..
၇၀ ရာခိုင်နှုန်းမကင်းပါဘူးဆိုတာပြောရဲတယ်...)

မကင်းတဲ့သူ..အရေးယူ..ထောင်ချကြေးဆိုရင်..
အစိုးရယန္တယားကြီးတစ်ခုလုံး..
အရေစုတ်ပြီးသားကြံဖတ်လို့...ဖွာစုတ်သွားမယ်ဆိုတာ..
သိရက်သားနဲ့ဗျာ..

အဲဒါကိုအမေစုနဲ့ NLD ရဲ့လူသိရှင်ကြားကြေငြာပြီးလုပ်တဲ့..
ပညာရေးရန်ပုံငွေကိစ္စကိုမှ..
ဘာလို့.Highlight လုပ်နေကြရတာလဲဆိုတာ..
အရမ်းကို အံ့သြမိပါတယ်...

လူသိရှင်ကြားပညာရေးအလှုခံတာကျတော့..ပြောမဆုံးဘူး..
လူမသိသူမသိ..အိမ်နောက်ပေါက်က၀င်တဲ့..
ဖြစ်စဉ်ပေါင်း..သောင်းခြောက်ထောင်ကိုကျတော့..
နှာစေးနေသလိုပဲနော်..

အမေစုက..
ပြောလို့ရတဲ့သူမို့လို့..သည်းခံခွင့်လွှတ်တဲ့သူမို့လို့.
ပြောတာမျိုးလား..
အာဏာလက်ထဲမှာမရှိလို့၊မကြောက်လို့..
စော်ကားတာမျိုးလား..
ဆိုတာကတော့..
ခင်ဗျားတို့စိတ်ထဲမှာပဲရှိမှာပါ....

ဆင်ခြင်ကြပေါ့ဗျာ......
 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားခရီးစဉ်တွင် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးနှင့် တွေ့မည်

မကြာမီက တောင်ကိုရီးယားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသော ပထမဆုံးအမျိုးသမီးသမ္မတ ပက်ဂျွန်ဟေးသည် လာမည့်အပတ်တွင်း၌ ဆိုးလ်မြို့တော်တွင် မြန်မာနိုင်ငံ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ 

 ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၂၈ တွင် စတင်မည့် ကိုရီးယားသို့ ငါးရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ပက်ဂျွန်ဟေးနှင့် တွေ့ဆုံရန် ရှိနေခြင်းဖြစ်သည်။ ပက်ဂျွန်ဟေး သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်န၀ါရီ၂၉ ရက်တွင် တွေ့ဆုံ ဖွယ်ရှိကြောင်း တောင်ကိုရီးယား အရာရှိတစ်ဦးကို ကိုးကား၍ ယွန်ဟပ်သတင်း ကဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည် သည် တောင်ကိုရီးယားတွင် ပြုံချန်းမြို့၌ ကျင်းပမည့် ဆောင်းရာသီအထူးအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် လက်ခံရယူသွားမည်ဖြစ်သည်။

20 January 2013

မုန်းမြို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

 
 



 
 
 

 

 
 
ယနေ့ နေ့လည် ၁၁ နာရီ ခန့်တွင် ဖြူးမြို့မှ ကျောက်ကြီးမြို့နယ် အတွင်း ရှိမုန်းမြို့ သို့ ဒေါ်အောင်ဆန်း စုကြည်   ရောက် ရှိ ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မုန်းမြို့ရှိ ဒေသခံများနှင့် မိနစ် ၂၀ ခန့် မိန့်ခွန်းပြောကြား ခဲ့ကြောင်းသိရပြီး ၁ နာရီခန့်တွင် ကျောက်ကြီးမြို့သို့ ဆက်လက်ထွက်ခွါမည်ဖြစ်ကြောင်း သိရသည်။

စူးရှ
ဓါတ်ပုံ - သက်ထူး၊ မိုးလှိုင်ည၊ စူးရှ

17 January 2013

ကချင်စစ်တပ်မှ ဖမ်းဆီးထားသော အစိုးရတပ်သား ၂၃ ဦးကို လွှတ်ပေး

ဖမ်းဆီးထားတဲ့ မြန်မာအစိုးရ စစ်သားများကို KIA မှ ပြန်လွှတ်ပေးတဲ့ အခန်းအနား လိုင်ဇာမှာပြုလုပ်။
မြန်မာအစိုးရတပ်နှင့် ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ (KIO) စစ်ပွဲများအတွင်း ဖမ်းဆီးထိန်းသိမ်း ထားသော အစိုးရ တပ်ဖွဲ့ဝင် ၂၃ ဦးကို  KIA ဖက်မှလွှတ်ပေးလိုက်ကြောင်းသိရသည်။

Burmese-pow
ထိုအစိုးရတပ်မတော်သား ၂၃ ဦး ၄င်းတို့၏ နေရပ်များသို့ပြန်နိုင်ရန် ဇန်န၀ါရီလ ၁၃ ရက်နေ့က လိုင်ဇာဌာနချုပ်တွင် အခမ်းအနားပွဲ ကျင်းပပြုလုပ်ပြီး တရားဝင်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အခမ်းအနားတက်ရောက်သူများပြောသည်။
  ထို့အပြင် ၎င်းတို့အား နေရပ်သို့ပြန်နိုင်ရန် ထောက်ပံ့ရေးစားရိတ် အားလုံးကို KIA မှတာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း KIA အရာရှိတစ်ဦးကပြောသည်။
“သူတို့ကို လမ်းစရိတ်အတွက် အိမ်ဝေးတဲ့လူတွေကိုဝေးသလို အိမ်နီးတဲ့လူတွေကို နီးသလို ပေးလိုက်တယ်။ KIA ကနေပြီးတော့ ရွှေလီကျော်ကျော်လောက်ထိ တာဝန်ယူပေးတယ်။ အဲဒီနောက်တော့ သူတို့သိသလိုပေါ့” ဟု ပြောသည်။
ဖမ်းမိထားသော တပ်မတော်သားများကို အစိုးရထံလွှဲပြောင်းပေးရေးကိစ္စနှင့် ပတ်သက်၍ ၈၈ ကျောင်းသားခေါင်းဆောင်များ KIA ဌာနချုပ်သို့လာရောက်ချိန် ကြားနေအဖြစ် ဆောင်ရွက်ပေးရန် KIA ဖက်က တောင်းဆိုခဲ့သည်။

Burmese-pow1

သို့သော် အစိုးရဖက်မှ ၄င်းတို့၏ တပ်မတော်သားများ မဟုတ်ကြောင်းနှင့် တပ်ပြေးများ သာဖြစ်ကြောင်း ငြင်းဆိုခဲ့သောကြောင့် KIA ၏ အစီအစဉ်ဖြင့် နေရပ်သို့ ပြန်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း အခမ်းအနားတွင် ဗိုလ်ကြီးဇော်တောင်မှပြောဆိုခဲ့သည်။
ပြီးခဲ့သည့်၂၀၁၂ ဇွန်လတွင် အစိုးရနှင့် KIO အဖွဲ့တို့ မိုင်ဂျာယန်တွင် အလွတ်သဘောတွေ့ဆုံခဲ့ချိန် ထိုစစ်သားများကိစ္စနှင့်ပတ်သက်ပြီး အစိုးရမှ တရားဝင် လွဲယူရန် ပြောဆိုခဲ့သော်လည်း တစုံတရာပြန်ကြား ခြင်းမရှိကြောင်း KIO ဒု အထွေထွေအတွင်းရေးမှူး ဦးလာနန်ကပြောသည်။
တပ်မတော်သားများနေရပ်ပြန်နိုင်ရန် စီစဉ်ခဲ့သော်လည်း ၄င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း KIA ဘက်က ပြောဆိုသည်။
“ဒါမဲ့တခုကဘာပဲဆိုတော့ ဒီမှာရောက်နေတဲ့ တပ်မတော်သားတွေရဲ့ လုံခြုံရေးကို အစိုးရဖက်က အာမခံချက် ပေးရမယ်လို့ထင်တယ်။ အဲဒီဟာတွေကြောင့်ပဲ ကြားခံအဖွဲ့အစည်းတခုဆိုပြီးမှပဲ လုပ်ဆောင်စေချင်တာပါ။ သူတို့ ကိုယ့်ရဲ့ရပ်ရွာပြန်သွားတဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးအရေးယူတာမျိုးတော့မဖြစ်စေ ချင်ဘူးခင်ဗျ။” ဟု ဦးလာနန်ကပြောသည်။
အစိုးရနှင့် KIA တို့ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့မှ ထိန်းသိမ်းထားသော အဆိုပါတပ်မတော်သားများသည် ထိခိုက်ဒဏ်ရာရသူများနှင့် ဖမ်းဆီးရမိသော အစိုးရတပ်သားများဖြစ်ပြီး အချို့မှာ တစ်နှစ်ကျော်ကြာမြင့်ပြီး အချို့ ၃ လ ခန့် ကြာ ထိန်းသိမ်းခံထားရသူ များဖြစ်ကြောင်း သိရသည်။


သတင်း.... ကချင်သတင်းဌာန

သီတဂူဆရာတော်၏ ဖိတ်ကြားချက်ဖြင့် အင်္ဂလန်နိုင်ငံမှ အရေပြားဆရာဝန်တစ်ဦးမှ အရေပြားဒဏ်ရာ အရှင်းမပျောက်သေးသည့် သံဃာတော်များအား လာရောက်ကုသပေး

စစ်ကိုင်းတိုင်းဒေသကြီးရှိ သီတဂူဆရာတော် ဦးဆောင်ဖွင့်လှစ်ထားသည့် သီတဂူအာယုဒါနဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် လက်ပံတောင်း ဒဏ်ရာရ သံဃာတော်များအား သီတဂူဆရာတော်၏ ဖိတ်ကြားချက်ဖြင့် အင်္ဂလန်နိုင်ငံမှ အရေပြားဆိုင်ရာ ဆရာဝန်တစ်ဦးမှ လာရောက်ကုသပေးခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်စုစုပေါင်း ၉၀ကျော်တို့သည် ဇန်န၀ါရီလ ၆ရက် နှင့်၇ရက်နေ့ တို့တွင် သီတဂူအာယုဒါန ဆေးရုံသို့ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ ယင်းတို့အနက်မှ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော် ၁၇ပါးနှင့် လူပုဂ္ဂိုလ်၃ဦးကို ဆေးရုံတွင် ဆက်လက် ကုသပေးလျက်ရှိကြောင်း သိရ သည်။
'' အာယုဒါနဆေးရုံကို ရောက်နေတဲ့ သံဃာတော်တွေက အရင် မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့တဲ့သူတွေဖြစ်တယ်။  ဆေးရုံက သက်သာပြီဆိုပြီး ဆင်းခိုင်းခဲ့ပေမယ့် နောက်ပိုင်း အဲဒီသူတွေရဲ့ဒဏ်ရာတွေက မကောင်းသေးတဲ့အတွက် သီတဂူဆရာတော်က ဆေးဆက်ကုပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ တချို့က အရေပြား အစားထိုးတာတွေကိုတောင် လုပ်ရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်''ဟု ဒဏ်ရာရသံဃာတော်များ စောင့် ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော် ဦးဝိမလက မိန့်ကြားခဲ့သည်။
ဆေးရုံ တက်ရောက်ကုသနေသည့် သံဃာတော် ၁၇ပါးအနက်မှ အရေပြားအစားထိုးရန် လိုအပ်သည့် သံဃာတော်သုံးပါးနှင့် ခွဲစိတ်ကုသ ရန် လိုအပ်သည့် သံဃာတော်လေးပါးအား အင်္ဂလန်နိုင်ငံမှ အရေပြားဆိုင်ရာဆရာဝန်နှင့် အာယုဒါန ဆေးရုံမှ ဆရာဝန်များ ပူးပေါင်း၍ ခွဲစိတ်ကုသပေးပြီး ဖြစ်ကြောင်းနှင့် ဆေးရုံတက်ရောက်ကုသနေသူများ အားလုံး လက်ရှိတွင် ကျန်းမာရေး ကောင်း မွန်လျက်ရှိကြောင်း သိရသည်။
လက်ပံတောင်းတောင် သပိတ်စခန်း ဒဏ်ရာရ သံဃာများအနက် ဒဏ်ရာပြင်းထန်သည့် သံဃာတော်နှစ်ပါးသည် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့၏ ဆောင်ရွက်ပေးမှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူလျက်ရှိရာ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်သော်လည်း ဆရာတော် ဦးတိက္ခဥာဏမှာ ကာလကြာရှည်စွာ ဆေးကုသမှု ခံယူရဦးမည်ဖြစ်ကြောင်းနှင့် အရှင်သဇ္ဇနမှာ ကျန်းမာရေး ကောင်းမွန်လာသည့်အတွက် နောက်တစ်ပတ်ခန့်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဦးဆောင်သံဃာတော် ဦးဝိမလက မိန့်ကြားခဲ့သည်။

သတင်း....  Eleven Media Group

15 January 2013

ယနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ ကချင်အရေး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ထုတ်ပြန်ချက်နှင့် မြန်မာစစ်တပ် ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းရုပ်သံ..

ယနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ ကချင်အရေး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တိုက်တွန်း ထုတ်ပြန်ချက်၊ လိုင်ဇာက အပြစ်မဲ့ ဒုက္ခသည်ပြည်သူတွေရဲ့ မြင်ကွင်းရုပ်သံဖိုင်နှင့်ယူနန်သတင်းဋ္ဌာနက ထုတ်လွှင့်တဲ့ မြန်မာစစ်တပ် ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းရုပ်သံဖိုင်။

ဗိုလ်၊ ကျား သေနတ် ကြိုက်တာလုပ်တာတွေ ရပ်ကြဖို့ အပြစ်မဲ့ ပြည်သူတွေ ကိုယ်စား တောင်းဆိုအပ်ပါသည်။

ယနေ့မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက (ယနေ့ ၁၅ရက်နေ့ သတင်းမှာ) ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ပြောဆိုလိုက်တဲ့ သတင်းရုပ်သံပါ..။

ကြားထဲက မြေဇာပင်ဖြစ်ရတဲ့ ယနေ့လိုင်ဇာမြို့အတွင်းမှ စစ်ပြေးဒုက္ခသည်တွေရဲ့ မြင်ကွင်းပါ။ နှစ်ဘက်ခေါင်းဆောင် လူကြီးတွေရဲ့ အမိန့်တွေကြားမှာ ကြားထဲက ပြည်သူတွေ မြေဇာပင်ဖြစ်ရ၊ အိုးပစ်အိမ်ပစ် ကျီးလန့်စာစားနေရပြီး။ တိုင်းတပါးနယ်မြေထဲမှာ မျက်နှာငယ်ရ၊ နှစ်ဘက်စလုံးက အရွယ်ကောင်းလူငယ်တွေ အသက်တွေ စတေးရ၊ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံနေကြရတာပါ.။ ဗိုလ်၊ ကျား သေနတ် ကြိုက်တာလုပ်ဆိုပြီး ကလေးကစားသလို လုပ်ချင်တိုင်း လုပ်ခွင့်ပေးထားတာ မဟုတ်ပါ..။

အပြစ်မဲ့ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားညှာတာကြပါ..။ စစ်ပွဲတွေ ရပ်ကြပါ တိုက်ပွဲတွေရပ်ကြပါ..။ ငြိမ်းချမ်းရေးတွေ အမြန် ဖော်ဆောင်ကြဖို့ အပြစ်မဲ့ ပြည်သူတွေကိုယ်စား တိုက်တွန်းအပ်ပါတယ်...။

ဒီမိုဝေယံ

12 January 2013

အဘဦးဝင်းတင်ပြောတဲ့ သူခိုးတွေအကြောင်း

 
ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာကလာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြတိုက်တာဗျ။ အဲဒီ တိုင်းပြည်ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှုကြီးကို အလျော်ပေးရုံနဲ့ ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။

ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေအချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ အပုပ်တွေချ၊အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ 
မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။ ပွင်းလင်းရင် မြင်သာတယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ။အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင်အရောက်ကို ပို့ ကြရမှာဗျ။

 မနေ့ တစ်နေ့ ကအထိ တိုင်းပြည်အာဏာစိုးပြီး တိုင်းပြည်အသပြာ ခိုးခဲ့သူတွေ
ဘယ်လောက်များခဲ့သလဲ။ ကျုပ် နာမနဲ့ တကွ စာရင်းချမပြချင်ပါဘူး။
ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး
။ ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊
ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလို
နိုင်ငံတော်သူခိုး- ဓားပြကြီးတွေဆိုတာ နည်းမှ
တ်လို့ ။ သူတို့ ရဲ့ စိန်စီသောနေ့ ၊
စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုး
ဟိုးလေးတကျော် မဟုတ်လား။ သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။
သူတို့ ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို
လုပ်တယ်။ သူခိုးသူဝှက်လိုလုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။
အလစ်သုတ်သလိုလုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။
အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး ရတဲ့ငွေနဲ့ ရွာကိုငွေတိုးချစားသလိုလုပ်တာပါဘဲ။

ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။ သူခိုးသူဝှက်တွေ ကို ကြွေးပြန်ဆပ်ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ် ရင် ကျေနပ်ပြီဆိုသလိုလုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွဆိုရုံနဲ့  ပြီးတမ်းလား။ ဘယ်လောက်ကြာအောင်လုပ်ထားခဲ့သလဲ။

အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြဆိုတာတွေက ရသုံးစာရင်းတွေ စစ်လောက် ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်းစာရင်းတွေရော မလှန်လှောတော့ဘူးလားလွန်လေပြီးသော လက်ထက်တော်ကြီးတွေ တုန်းက နိုင်ငံအဆင့်စီမံကိန်းကြီးတွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊ချုပ်မှူးကြီးတွေအလိုတော်ကျ စီမံကိန်းဖော်ခဲ့တာဆိုတဲ့ ခရိုနီအာဏာကပ်ပါးတွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ဘူးလား။

ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာကလာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြတိုက်တာဗျ။ အဲဒီ တိုင်းပြည်ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှုကြီးကို အလျော်ပေးရုံနဲ့ ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။

ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေအချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ အပုပ်တွေချ၊အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ 
မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။ ပွင်းလင်းရင် မြင်သာတယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ။အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင်အရောက်ကို ပို့ ကြရမှာဗျ။

ဟံသာဝတီ ဦးဝင်းတင်

10 January 2013

ဝမ်းနည်းဂုဏ်ယူမိပါသည်။


 

ဝမ်းနည်းဂုဏ်ယူမိပါသည်။ဂုဏ်ယူသည်က ခြောက်ဘာသာဂုဏ်ထူးနှင့်အခြေခံပညာအထက်တန်းစာမေးပွဲ
ကိုထူးချွန်စွာအောင်မြင်၏။ဝမ်းနည်းသည်က ဆေးတက္ကသိုလ် တက်ခွင့်မရ၍ပါ။

အံ့သြ စရာ မြန်မာ့ ပညာရေးအခင်းအကျင်းပါပေ။ ဘာသာစုံဂုဏ်ထူးထက်သာလွန်သောအောင်မြင်မှု မရှိပါပဲနှင့် ကာယကံရှင် တက်ရောက်လိုသော တက္ကသိုလ်တက်ခွင့်မရသည်မှာရင်နာစရာပေ။ အမှတ်နည်းများ အလိုက်ခွဲတမ်းနှင့်သာ တက်ရောက်စေသည်ဆိုပါကဂုဏ်ထူး ရမှတ် ကိုပြင်ဆင်စေချင်ပါသည်။

ဥပမာ သိပ္ပံ အတွဲများကို ရမှတ်၉၀နှင့် ကျန်ဘာသာများကို ရမှတ်၈၅ မှတ်သတ်မှတ်လျှင်ဘာသာစုံ ဂုဏ်ထူး ရသူသည် အနည်းဆုံးရမှတ် ၅၃၀ မှတ်ရပေမည်။သို့ဆိုလျှင် သူတို့သတ်မှတ် သည့်စံအရ ဆေးလိုင်းကို ကပြီးဝင်ပေမည်။ ခုတော့ အရေအတွက်ဂုဏ်ထူးဖြစ်နေပေပြီ။ ဘာသာစုံဂုဏ်ထူးသည် အရည်အချင်းမပြည့်သလော စဉ်းစားစရာပါပေ။ ပူးတွဲပုံပါကလေး သည် လှေလှော်ရင်းတက်ကျိုးရပေပြီ။ ရမှတ်နှင့်လိုင်းခွဲလျှင် ဂုဏ်ထူးပေးမှတ်ကိုလည်းမြင့် ရပေတော့မည်။


မူရင်းလင့် http://www.facebook.com/photo.php?fbid=217542131715630&set=a.100737970062714.374.100003795330880&type=1&theater

08 January 2013

ပြည့်တန်ဆာတွေနဲ့ပတ်သက်ပြီး နေပြည်တော် ဇဗ္ဗူသိရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းရဲ့ အမြင်


ဒီဇင်ဘာ ၁၀ရက်နေ့က ရွှေဂုံတိုင်တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများတက်ရောက်ကာ မြန်မာနိုင်ငံ၏ လက်ရှိလူ့အခွင့်အရေး အခြေအနေနှင့်ပတ် သက်ပြီး သုံးသပ်ဆေးနွေးကြရာတွင် အဆိုပါပုဂ္ဂိုလ်များက ၎င်းတို့ လက်ရှိရပ်တည်နေသောနေရာများမှ လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် မည်ကဲ့သို့ ကြိုးစားဆောင်ရွက်၍ ရနိုင်မည်ဆိုသည်များကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် နေပြည်တော် ဇဗ္ဗူသိရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းကလည်း gender တန်းတူအခွင့်အရေးနှင့်ပတ်သက်ပြီး ပြောဆိုဆွေးနွေးရာ၌ အမျိုးသမီးအခွင့်အရေးအတွက် မတရားသဖြင့် ရှိနေသော ဥပဒေများကို လွှတ်တော်အတွင်းမှ ပြင်ဆင်ပြောင်းလဲနိုင်ရန် ကြိုးစားသွားမည် အကြောင်းကို ပြောဆိုဆွေးနွေးခဲ့သည်။ သို့ရာတွင် မီဒီယာအချို့က ပြန်လည်ဖော်ပြရာ၌ အဓိကဆိုလို ရင်းနှင့် ကွဲလွဲနေခြင်းနှင့် ပတ်သက်ပြီး မြန်မာပို့ဂလိုဘယ်က သွားရောက်တွေ့ဆုံမေးမြန်းစဉ် ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်များကို ပြည်သူအများ သုံးသပ်လေ့လာနိုင်စေရန် တင်ပြလိုက်ပါသည်။


ပြည့်တန်ဆာတွေကို တရားဝင်လိုင်စင်လျှောက်ထားခွင့်ရအောင် လွှတ်တော်အတွင်းမှာ ဆောင်ရွက် သွားမယ်ဆိုပြီး ဂျာနယ်အချို့မှာ ရေးသားတာ တွေ့နေရတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။

ကျွန်မ လူ့အခွင့်အရေးနေ့က ပြောလိုက်တာက မြန်မာအမျိုးသမီးတွေရဲ့အခွင့်အရေး၊ gender အနေနဲ့ ဒီကိစ္စကို တစ်ပိုင်းတစ်စ ပြောခဲ့တာပါ။ ဒါပေမဲ့  အဲ့ဒီနေ့ကစပြီး ယနေ့ကာလအထိ ထုတ်ဝေတဲ့ဂျာနယ်တွေမှာ “ဒေါ်စန္ဒာမင်းကနေပြီးတော့ ပြည့်တန်ဆာလိုင်စင် တရားဝင်ချပေးဖို့ လွှတ်တော်မှာ ပြောမယ်”ဆိုတဲ့ သဘောနဲ့ ရေးကြပါတယ်။ အဲ့ဒီနေ့တုန်းကလည်း မီဒီယာတွေကို ကျွန်မ သေသေချာချာ ပြောခဲ့ပါတယ်။ အခုတက်ရတော့မဲ့ လွှတ်တော်မှာ တင်ဖို့လည်း မဟုတ်ပါဘူး။ အဆိုတစ်ခုကို တင်သွင်းတယ်ဆိုတာ ခေတ်နဲ့၊ စနစ်နဲ့ လျော်ညီတဲ့ အချိန်ကာလ ရောက်တဲ့ အချိန်ကျရင်တော့ တင်ရမှာပါ။ တင်တယ်ဆိုတဲ့နေရာမှာလည်း လိုင်စင်ချပေးဖို့ တင်မှာ မဟုတ်ပါဘူး။ အခု သူများတွေ အထင်အမြင် လွဲမှားနေတာက ဒေါ်စန္ဒာမင်းက ပြည့်တန်ဆာလိုင်စင်လျှောက်ပြီးတော့ပဲ အခန်းထောင်မဲ့သူလိုပဲထင်ပြီး (ရယ်လျက်) သဘောမတူတဲ့သူတွေက ဒီလိုမျိုးတွေ ပြောနေကြတာပါ။ အမှန်တော့ ကျွန်မတို့ဆွေးနွေးခဲ့တဲ့ issue ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စကို ရှုထောင့်တစ်နေရာ၊ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆွေးနွေးခဲ့တာပါ။ ကျွန်မတို့ရဲ့တိုင်းပြည်ဟာ ဗုဓ္ဒဘာသာတိုင်းပြည်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒီကိစ္စကိုလည်း တရားဝင်ကြီး၊ ပေါ်ပေါ် ထင်ထင်ကြီးလုပ်ဖို့၊ လိုင်စင်ကြီးတွေ ချပေးဖို့ ဆိုတဲ့သဘောနဲ့  ပြောခဲ့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းဖို့ပါ။ ဒီဥပဒေပြဋ္ဌာန်းတဲ့နေရာမှာလည်း ဒီပြည့်တန်ဆာဥပဒေဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါသွားတာပါ။ ကျွန်မပြောချင်တာက ဒီ အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ အမျိုးသမီးတွေဘက်မှာ လိင်ပိုင်းဆိုင်ရာအနေနဲ့ ကျူးကျော်မှုတွေ ခံစားရတာတွေရှိတယ်၊ မတရားသဖြင့် လုပ်ခံရတာတွေရှိတယ်၊ နောက်တစ်ခုက မတရား လူကုန်ကူးခံရမှုတွေ ရှိတယ်။ ဒါတွေဟာ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ ဆက်စပ်နေပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါတွေဟာ တရားဝင် မဟုတ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးကျော်စော်ကားမှုလို့ ကျွန်မသတ်မှတ်ပါတယ်။ ကျွန်မရဲ့ ရှုထောင့်က ပြည့်တန်ဆာလုပ်ငန်းကို လိုင်စင်ရဖို့ ရှုထောင့်မဟုတ်ပါဘူး။ ပြည့်တန်ဆာ လုပ်ငန်းတွေ လျော့နည်း သွားအောင်နဲ့ ဒီလူတွေကို တရားဝင် ဆေးကုသခွင့်ရရှိဖို့၊ ကျန်းမာရေးစောင့်လျှောက်မှု အခွင့်အလမ်း တရားဝင်ပေးဖို့၊ လိင်ပိုင်းဆိုင်ရာ ကျူးကျော်စော်ကားခံရတဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် တရားဝင်ရရှိဖို့ စတဲ့ရှုထော့င်တွေကနေ ကျွန်မဆွေးနွေးတင်ပြခဲ့တာပါ။ ဒါပေမဲ့ ဒါကို မီဒီယာတွေက တင်ပြတဲ့အခါမှာ လိုင်စင်လျှောက်ထားဖို့ဆိုတဲ့အရာကို မီးမောင်းထိုးပြီး ရေးသားကြတဲ့အတွက် ကျွန်မစိတ်မကောင်းပါဘူး။ အဲ့ဒီလိုပဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ဘုမသိ၊ ဘမသိပဲ “ဒီအဆိုကို လွှတ်တော်မှာ ဒေါ်စန္ဒာမင်း တင်ပြသွားရင်၊ မည်သူကပဲ တင်သည်ဖြစ်စေ ကန့်ကွက်သွားမယ်” ဆိုတာမျိုးပြောသွားတာကိုလည်း ကျွန်မစိတ်မကောင်းဖြစ်မိပါတယ်။ သူ့အနေနဲ့ ကျွန်မရဲ့ ဆိုလိုရင်းကို သဘောမပေါက်ဘူးလို့ထင်ပါတယ်။ ကျွန်မတင်ပြချင်တဲ့ ရှုထောင့်က ခုနသုံးချက်ပါ။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းက လိုင်စင်ရဖို့ လုပ်ငန်း မဟုတ်ပါဘူး။


ပြည့်တန်ဆာတွေနဲ့ပတ်သက်ပြီး ဒေါ်စန္ဒာမင်းရဲ့ အမြင်ကကော..။

ဒီ ပြည့်တန်ဆာတွေနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ရှုထောင့်က ပြောရမယ်ဆိုရင်… ကျွန်မထောင်ကျခဲ့ဖူးပါတယ်။ ထောင်ထဲမှာ ၇၀ ရာခိုင်နှုန်းက ပုဒ်မ၃(ခ)နဲ့ ကျလာတဲ့ ပြည့်တန်ဆာတွေချည်းပါဘဲ။ ။ ကျွန်မပြောခဲ့ပါတယ်။ ကျွန်မပြည်ပနိုင်ငံတွေကို သွားတဲ့အခါမှာ ကျွန်မလေ့လာပါတယ်။ ဆွိဒင်လိုနိုင်ငံမျိုးမှာတောင် တစ်ချိန်တစ်ခါ စီးပွားရေးကြပ်တည်းတုန်းက အမျိုးသမီးတွေအများကြီး ပြည့်တန်ဆာဖြစ်ခဲ့ကြရပါတယ်။ ဒါဟာ အပစ်ပြောလို့မရပါဘူး။ စီးပွားရေးကြပ်တည်းနေတဲ့ တိုင်းပြည်တစ်ခုမှာ ထွက်ပေါက်မရတဲ့ အမျိုးသမီးတွေအနေနဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ သူတို့လုပ်ဆောင်ရတယ်လို့ ကျွန်မမြင်ပါတယ်။ အဲ့ဒါကို သူတို့ တိုင်းပြည်ရဲ့ ခေတ်အဆက်ဆက် ခေါင်းဆောင်တွေတောင် ပပျောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ မဖြစ်နိုင်တဲ့ကိစ္စကို ဖြစ်နိုင်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားတဲ့အခါမှာ ပပျောက်သွားအောင် မလုပ်နိုင်ရင် လျော့နည်းသွားအောင် လုပ်ရပါမယ်။ ကျွန်မအဓိကတင်ပြချင်တဲ့ ရှုထောင့်က ဒီဆွီဒင်နိုင်ငံမှာဆိုရင် နိုင်ငံစီးပွားရေးကြပ်တည်းချိန်မှာ အမျိုးသမီးတွေအများကြီး ပြည်တန်ဆာဖြစ်ခဲ့ကြရတာတွေများတယ်။ သူတို့နိုင်ငံမှာလည်း နဂိုတုန်းကဆိုရင် ဒီလိုပဲ အမျိုးသမီးပြည့်တန်ဆာတွေကို ဖမ်းတဲ့ ဥပဒေတွေ ရှိခဲ့ပါတယ်။ လက်ရှိလည်း ကျွန်မတို့ မြန်မာနိုင်ငံမှာ ဖြစ်နေတာက ဒီအမျိုးသမီးနဲ့ အမျိုးသား ဆက်ဆံကြတဲ့နေရာမှာ အမျိုးသမီးတွေက ပစ်မှုကို ကျူးလွန်တာဖြစ်ပြီးတော့ အမျိုးသားတွေက ပစ်မှုကျူးလွန်တာမဟုတ်ဘူးဆိုတဲ့ ဟာကိုပြောချင်တာပါ။ ကျွန်မပြောချင်တာက ခုန သုံးချက်အပြင် နံပတ်လေး အချက်အနေနဲ့ ဥပဒေကိုပြင်ချင်တာပါ။ ဒီဥပဒေက ဘာလဲဆိုတော့ ပစ်မှုကျူးလွန်တဲ့ သူချင်းအတူတူ ယောင်္ကျားတွေက ဘာ့ကြောင့် ပစ်မှုကျူးလွန်တယ်လို့ သတ်မှတ်ခြင်းမခံရတာလဲ.. ဆိုတဲ့ဟာပါ။ အဲ့ဒါကတော့ မြန်မာ့ ဓလေ့ထုံးတမ်းစဉ်လာ ဥပဒေတွေမှာ ရှိပါတယ်။ ဒီလိုရှေးရိုးစွဲ ဥပဒေတွေအနေနဲ့ ပြင်သင့်တဲ့အချိန်ရောက်ပြီလို့ ထင်လို့ ဒီဥပဒေကို ပြင်ချင်လို့ပြောတာပါ။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘုမသိ၊ ဘမသိနဲ့ ပြောတဲ့ “ကျွန်မတို့တိုင်းပြည်က ဗုဓ္ဒဘာသာတိုင်းပြည်ဖြစ်တဲ့အတွက် ဒီလို လိုင်စင်ရဖို့တင်တာ မသင့်တော်ဘူး”ဆိုတာ ကျွန်မအရမ်းစိတ်မကောင်းပါဘူး။ လွှတ်တော်အတွင်းမှာ ဒီလိုအရာတွေကိုတင်ဖို့မဟုတ်ပါဘူး။ အရင်ဆုံး ဒီဥပဒေတွေကို ပြင်ရမှာပါ။ ဒီလိုင်စင်ကိစ္စတို့ ဘာတို့ဆိုတာက နောက်ပိုင်းကိစ္စတွေပါ။ အရင်ဆုံးက ကျွန်မတို့ အမျိုးသမီးတွေဘက်ကနေ တရားမျှတမှုမရှိတဲ့ ဥပဒေတွေကို ပြင်ဖို့ အရင်ဆုံးကျိုးစားရမှာပါ။


ပြည့်တန်ဆာတွေဟာ ဘယ်ဥပဒေကြောင့် ဘယ်လိုနစ်နာမှုတွေကြုံတွေ့နေရလဲ။ ဥပဒေတွေကို ဘာ့ကြောင့်  ပြင်ဆင်သွားချင်တာပါလဲ။

ဘာလို့လဲဆိုတော့  ပုဒ်မ၃(ခ)နဲ့ကျလာတယ်ဆိုတဲ့ အမျိုးသမီးတွေ အကုန်လုံးဟာ၊ လိင်ပိုင်းဆိုင်ရာ ရောင်းဝယ်တဲ့အမျိုးသမီးဟာ ပုဒ်မ၃(ခ)နဲ့ ပစ်မှုကျူးလွန်တယ်ဆိုရင် လိင်ပိုင်းဆိုင်ရာကို ၀ယ်ယူစားသုံးနေတဲ့ ယောင်္ကျားတွေကကော ပစ်မှုကျူးလွန်တာ မဟုတ်ဘူးလား။ ပစ်မှုကျူးလွန်တာချင်းအတူတူတော့ အမျိုးသမီးကော အမျိုးသားကော ပစ်ဒဏ်ပေးနိုင်တယ်ဆိုလို့ ရှိရင်တော့ ကျွန်မတို့နိုင်ငံရဲ့ ဒီပြည့်တန်ဆာကိစ္စက တနည်းတစ်ဖုံနဲ့ တစ်စိတ်တစ်ဒေသအားဖြင့် လျော့နည်းသွားမယ်လို့ ကျွန်မထင်ပါတယ်။ အဓိကက ဒီဟာကိုကျွန်မ တင်ပြချင်တာပါ။ ဒီဟာကိုတော့ ကျွန်မကြိုးစားသွားမှာပါ။ လိုင်စင် ရခြင်း၊ မရခြင်းဟာ အဓိကမဟုတ်ပါဘူး။ ဒါကိုလည်း ကြိုးစားသွားမှာ မဟုတ်ပါဘူး။ ယောင်္ကျားများကလည်း တန်းတူ ပစ်မှုကျူးလွန်ပါတယ်ဆိုတာကို ကျွန်မတင်မှာပါ။ အခု section မှာတော့ မဟုတ်သေးဘူးပေါ့။ အဆိုတစ်ခုကို တင်တယ်ဆိုတာ အခြေအနေအချိန်အခါ သ့င်တော်ပြီဆိုတာနဲ့ အမျိုးသမီးတွေ gender ကိစ္စတင်တဲ့နေရာမှာ ဒါလေးကို တင်သွားမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ နမူနာအားဖြင့် ကျွန်မပြောမယ်။ အမျိုးသမီးက သူ့လိင်ကို ရောင်းတယ်။ ယောင်္ကျားကလည်း ၀ယ်ယူတယ်။ သဘောတူညီရင် sex ကိစ္စကျူးလွန်တယ်။ ရဲကဖမ်းမိရင် ဒီယောင်္ကျားက “အမျိုးသမီးကို အခကြေးငွေပေးပြီး ငှားလာတာပါ”လို့ ပြောတာနဲ့ ဒီအမျိုးသမီးဟာ ပုဒ်မ၃(ခ)နဲ့ တန်းပြီးထောင်ကျတော့တာပဲ။ ယောင်္ကျားကအစိုးရ သက်သေဖြစ်သွားတယ်။ အဲ့ဒီလို အစိုးရသက်သေ ဖြစ်သွားတယ်ဆိုတဲ့နေရာမှာ ကျွန်မစဉ်းစားတာက ပစ်မှုက နှစ်ယောက်စလုံး ကျူးလွန်တာ မဟုတ်ဘူးလား။ ဒီလိုပစ်မှု ကျူးလွန်တာကို….. ။
နောက်တစ်ချက်ကိုပြောချင်တာက ဒီလို အမျိုးသမီးကို ဖမ်းချင်တယ်ဆိုရင် ရဲတွေက ဘာလို့ဒီအမျိုးသမီးနဲ့ ဆက်ဆံပြီးမှ ဖမ်းရတာလဲ။ အမျိုးသမီးနဲ့ ဆက်ဆံတယ်။ ပြီးတော့ အမှတ်အသားလုပ်ထားတဲ့ ပိုက်ဆံတွေပေးပြီးတော့ တခြားရဲက အမျိုးသမီးကိုဖမ်းပြီး ထောင်ချတယ်။ သူတို့ကိုယ်၌ကတော့ အစိုးရသက်သေအနေနဲ့ ဖမ်းတယ်ဆိုပြီးတော့ တရားရုံးမှာထွက်ဆိုတယ်။ ကျွန်မပြောချင်တာက အဲ့ဒီရဲက ဆက်ဆံပြီးတော့မှ ဖမ်းရလောက်အောင်၊ ဒီအမျိုးသမီးက ပစ်မှုကျူးလွန်တယ်လို့ သက်သေပြနိုင်ဖို့ အမျိုးသမီးကို လိင်ဆက်ဆံဖို့ လိုအပ်သလား။ အိမ်ကိုသွားပြီးတော့ကော ဖမ်းလို့မရဘူးလား။ ဖမ်းချင်ရင် ကျော်ဇောမှု အနေနဲ့ဖမ်းလည်း ရပါတယ်။ ခုတော့ သူတို့က ဆက်လည်း ဆက်ဆံသေးတယ်။ ပိုက်ဆံလည်းပေးတယ်၊ ပြီးတဲ့အခါကျမှ ရဲကတရားလိုအနေနဲ့ ရုံးတော်မှာ ထွက်ပြီးတော့ ဒီအမျိုးသမီးကို ပုဒ်မ၃(ခ)နဲ့ ဆွဲတယ်ဆိုတာ ဒါ တော်တော်အဓိပ္ပါယ်မရှိတဲ့ ဥပဒေတွေပါ။
နောက်ပြီး မိန်းကလေးတွေကို ဖမ်းရာမှာ ရဲက comdom သုံးပြီး ဆက်ဆံတယ်၊ condom ကို တရားရုံးမှာ သက်သေအဖြစ်တင်တယ်။ ပုဒ်မ၃(ခ)က ရိုးရိုးအမှုဆိုရင် ထောင်ခြောက်လ၊ comdomနဲ့ မိရင် သုံးနှစ်ဆိုတော့….. ဒါတွေက ရှေ့နောက်မညီတဲ့.... ။ sex worker တွေရဲ့ prevention ကြိုတင်ကာကွယ်တားဆီးခြင်း အတွက် NGO တွေက condomတွေ ဝေတယ်။ ရဲတွေက ဖမ်းတယ်။ ဖမ်းတော့ ဒီ condom နဲ့ မိရင် သုံးနှစ်။ အဲ့တော့ ပြည့်တန်ဆာက condom ကို မသုံးဘူး။ အဲ့တော့ ကျွန်မတို့ တိုင်းပြည်မှာ ဘာတွေဖြစ်လာလဲ။ ရောဂါကူးဆက်မှုတွေပဲ ဖြစ်လာတယ်။ ဒါမျိုး ရှေ့၊ နောက်မညီတဲ့ ဥပဒေတွေကို ပြင်ချင်တာပါ။ NGO တွေက တမျိုးလုပ်၊ ရဲကတမျိုးလုပ်ဆိုရင် ဒီရောဂါတွေနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်တားဆီးခြင်း prevention ဟာလည်း ထိရောက်မှုမရှိနိုင်ပါဘူး။  ဒီလိုမျိုး ခေတ်နဲ့ စနစ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေကို ပြင်သင့်ပါတယ်။ အဲ့ဒီလိုပြင်မှလည်း အမျိုးသမီးတွေ အတွက် တရားမျှတမှုရှိမှာပါ။ ကျွန်မဆိုလိုချင်တဲ့ အဓိပ္ပါယ်က ဒီလိုမျိုးပါ။ အဲ့ဒီလိုဆိုရင် အနည်းငယ်သော ပမာန လျော့ကျသွားပါလိမ့်မယ်။

ဒေါ်စန္ဒမင်းအနေနဲ့ တခြားဖြည့်စွက် ပြောကြားချင်တာများ ရှိပါသေးလားခင်ဗျာ။

ကျွန်မတို့ တိုင်းပြည်မှာ အသက် ၁၅နှစ်ကနေ အသက် ၄၀ အရွယ်ကြားမှာ ဖြစ်ပွားနေကြတဲ့ HIV ရောဂါနှုန်းက အလွန်တရာမြင့်မားပါတယ်။ တစ်နှစ်ထက်တစ်နှစ် ကျသွားတယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဒီနှစ်မှာ ထွက်မဲ့၊ ၂၀၁၁- ၁၂ ခုနှစ်ရဲ့ ကျန်းမာရေး ၀န်ကြီးဌာနကနေ ပို့မဲ့ report မှာ ဒီအသက် ၁၅ နှစ်ကနေ ၄၀ရဲ့ HIV ကူးဆက်သော ရာခိုင်နှုန်း လျော့နည်းသွားပါတယ် ဆိုပြီးတော့ ထွက်လာပါလိမ့်မယ်။ ဒါပေမဲ့ ဘာ့ကြောင့် လျော့နည်းရတာလဲ၊ ဘယ်လို prevention ကာကွယ်တားဆီးခြင်းတွေ လုပ်ပေးလို့လဲ၊ တိုင်းပြည်က ဘယ်လိုကာကွယ်မှုတွေ လုပ်ပေးလို့လည်း၊ ARV ဆေးတွေက အများကြီးထောက်ပံ့ပေးနိုင်လို့လား၊ NGOတွေက ထောက်ပံ့ပေးနိုင်လို့ ကျဆင်းသွားတာလား၊ အမျိုးသမီးတွေကို ဒီ Sex Worker ဖြစ်မလာအောင် တားဆီးနိုင်လို့လား ဆိုတဲ့ အဖြေကတော့ ထွက်မလာပါဘူး။ ဘယ်လိုနည်းနဲ့ ကျဆင်းသွားလဲဆိုတာ ကျွန်မ မပြောတတ်ပါဘူး။ အခုနှစ်မှာ ကျဆင်းသွားတယ်ဆိုတဲ့ report ကတော့ ထွက်မှာပါ။ အဲ့ဒီတော့ ကျွန်မပြောချင်တာ ပထမတစ်ခုကတော့ ခေတ်နဲ့ စနစ်နဲ့ မလျော်ညီတဲ့ဥပဒေတွေကို ပြင်ချင်ပါတယ်။ ဒီဥပဒေတွေ ပြင်ပြီးတော့မှ အမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်မှု prevention တွေဘယ်လိုလုပ်မလဲ၊ နည်းသွားအောင် ဘယ်လိုလုပ်မလဲ၊ ဒီ လိင်ပိုင်းဆိုင်ရာ ရောင်းဝယ်သောသူ၊ စားသုံးသောသူ နှစ်ဦးနှစ်ဘက်စလုံးကို အပစ်ပေးလိုက်မယ်ဆိုရင် ကျဆင်းသွားပါလိမ့်မယ်။ ပြီးတော့မှ ကာကွယ်မှုတွေ ဘယ်လိုလုပ်မလဲ၊ ဒီလူတွေကို မှတ်ပုံတင်ခိုင်းမလား…၊ အဲ့လိုမျိုး တရားဝင်ဖြစ်အောင် လုပ်ပေးတဲ့အခါမှာလည်း အကာအကွယ်တွေ ဘယ်လိုပေးမလဲ၊ ထိရောက်တဲ့ ဆေးကုသမှုတွေ ဘယ်လိုပေးမလဲ။ ဒါမျိုးတွေ မသိပဲနဲ့တော့ ဒီHIV ရောဂါကူးစက်နှုန်း ကျဆင်းသွားပါတယ်လို့ ပြောလို့မရပါဘူး။ နောက် ARV ဆေးကိုရော ဘယ်လောက်ထောက်ပံ့ပေးနိုင်မလဲ။ ဒါမျိုးပစ်မှုကျူးလွန်တယ်ဆိုတဲ့ အပိုင်းတွေမှာ ဟိုးအောက်ခြေလူတန်းစားကနေ ထိပ်ပိုင်း၊ထိပ်ပိုင်း လူကြီးများအထိ ပါပါတယ်။ ဒါဟာ ရှက်စရာမဟုတ်ပါဘူး။ ကျွန်မတို့တိုင်းပြည်မှာ ဒါမျိုးတွေ ရှိနေတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ ရှိနေတာပါ။ အဲ့တော့ အဓိက ကျွန်မတို့ စဉ်းစားရမှာက ဒီဟာကိုလျော့နည်းသွားအောင် ဘယ်လိုလုပ်မလဲ။ ဒါ့ကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲ ကူးစက်ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ။ ဒါတွေကို အဓိက စဉ်းစားရမှာပါ။ ကျွန်မဆိုလိုတဲ့သဘောက အဲ့ဒါပါ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။   ။

05 January 2013

တရားဝင်လား တရားမဝင်လားမသိတဲ့ မြန်မာပြည်သို့ အလည်အပတ် ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုအား တရုတ်လူမျိုးများ ဆန္ဒပြပွဲ ရုပ်သံ


တရားဝင်လား တရားမဝင်လားမသိတဲ့ မြန်မာပြည်သို့ အလည်အပတ် ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုအား တရုတ်လူမျိုးများ ဆန္ဒပြပွဲ ရုပ်သံ


ဒီနေ့ ထူးထူးခြားခြား တက်လာတဲ့ တရုတ်သတင်း တပုဒ်ပါ..


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုရဲ့ ယနေ့ ဂျပန်စစ်သချိုင်းကို သွားရောက်ဂါဝရပြုတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေတဲ့ တရုတ်လူမျိုးများလို့ ယူဆရတဲ့သူတွေက ဂျပန်စစ်သချိုင်းမှာ ကန့်ကွက် ဆန္ဒပြကြပါတယ်..။ ရေးထားချက်ကတော့ စစ်အတွင်း ကျဆုံးသွားသူတွထားရှိရာ ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကို ဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက်ဂါရဝပြုသလို ဖြစ်တဲ့အတွက် ဆန္ဒပြတဲ့ပုံစံရေးထားပါတယ်..။

( နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကိုဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက်ဂါရဝပြုတိုင်း တရုတ်နိုင်ငံက ကန့်ကွက်လေ့ရှိပါတယ်..) တရုတ်သတင်းဋ္ဌာနများဟာ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇို မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး မသွားရောက်ခင် ရက်သတ္တပတ် အလိုကတည်းက သတင်းဋ္ဌာနတွေမှာ နေ့စဉ်ရက်ဆက် ထုတ်လွှင့်နေခဲ့ပြီး အမေရိကန်နှင့် ဂျပန်အစိုးရတွေ မြန်မာအစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလာတာကို စိုးရိမ်ဖွယ် ဖော်ပြနေခဲ့ပါတယ်..။

ဒါကတပိုင်းပေါ့ ယနေ့မြန်မာနိုင်ငံကို နှစ်နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ့ခေါင်းဆောင် တဦးအား ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာသူလို့ ယူဆရတဲ့ တရုတ်လူမျိုးများက ဆန္ဒပြပွဲပြုလုပ် ဖန်တီးခြင်းဟာ တရားဝင်မှုရှိမရှိနဲ့ မည်သည့်မြို့နယ်ရဲစခန်းမှ တရားစွဲဆို ဆင့်ခေါ်မည်၊ မဆင့်ခေါ်မည်ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။

ထစ်ခနဲဆို ပြည်တွင်းက ဆန္ဒပြသူတွေကို ဆင့်ခေါ် ဖမ်းဆီးလေ့ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ တရုတ်လူမျိုးတွေအပေါ် မည်ကဲ့သို့ တုန့်ပြန်မည်ကို စောင့်ကြည်ရမှာဖြစ်ပါတယ်..။
ဒီမိုဝေယံ