21 January 2012

ဒီဗွီဘီ ငွေကြေးအလွဲသုံးစားလုပ်သူ( ၂ ) ဦး နံမည်နှင့်တကွ ငွေစာရင်း​များ​၊​ သက်​သေ အ​ထောက်အထား​များ​ ပေါ်ကုန်ပါပြီး


ငွေကြေးအလွဲသုံးစားလုပ်ပြီး ဘတ်​ငွေ နှစ်သန်း​ခုနစ်သိန်း​ဖြင့်၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဘန်ကောက်မြို့ နေအိမ်


၁။ ဒီမိုကရက်တစ်မြန်မာ့​အသံ ပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်သူများ​က လုပ်ငန်း​အတွက် သတ်မှတ်​ပေး​ထား​သော အဖွဲ့​အစည်း​ပိုင် ​ငွေများ​ကို အလွဲသုံး​စား​ပြုလုပ်​နေ​ကြောင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​တို့​က အ​ထောက်အထား​အခိုင်အမာ ​တွေ့​ရှိခဲ့​သည်။ ​ငွေ​ကြေး​စီမံခန့်​ခွဲ​ရေး​ အပါအဝင် မြန်မာပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်တာဝန်ယူသူ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ဦး​အောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​နှစ်ဦး​သည် မမှန်ကန်​သော ​ငွေစာရင်း​များ​တင်ပြကာ ပုဂ္ဂိုလ်​ရေး​ အကျိုး​စီး​ပွား​အတွက် အဖွဲ့​ပိုင်​ငွေ​ကြေး​များ​ကို မတရား​ရယူ​နေ​ကြောင်း​ သက်​သေ အ​ထောက်အထား​များ​အရ သိရသည်။ ထို့​ကြောင့်​ ယမန်နှစ် စက်တင်ဘာလက ထို​ငွေ​ကြေး​အလွဲသုံး​စား​မှုကို အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​က ဘုတ်အဖွဲ့​သို့​တင်ပြခဲ့​သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့​က အဆိုပါ ​ငွေ​ကြေး​အလွဲသုံး​စား​မှုကို တာဝန်ယူ စုံစမ်း​ဖော်ထုတ်ခဲ့​သည်။

၂။ လွတ်လပ်၍ သမာသမတ်ကျ​သော စုံစမ်း​စစ်​ဆေး​မှုကို ဦး​တည်​သောအား​ဖြင့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​အေး​ချမ်း​နိုင်နှင့်​ လက်​ထောက် ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​ခင်​မောင်ဝင်း​တို့​သည် စုံစမ်း​စစ်​ဆေး​မှု ပြီး​သည်အထိ စီမံခန့်​ခွဲ​ရေး​တာဝန်မှ ယာယီရပ်နား​ပြီး​ အသံလွှင့်​လုပ်ငန်း​ပိုင်း​ကိုသာ တာဝန်ယူခဲ့​သည်။ ထိုကာလအတွင်း​ ဒီဗွီဘီ စီမံခန့်​ခွဲ​ရေး​ကို တာဝန်ယူရန် ယာယီ ဦး​ဆောင်ညွှန်ကြား​မှူး​အဖြစ် ဦး​ဟန်​ညောင်​ရွှေနှင့်​ ယာယီရုံး​အုပ်ချုပ်​ရေး​မှူး​အဖြစ် Ms. Vibeke Hermanrud တို့​ကို ခန့်​အပ်တာဝန်​ပေး​ခဲ့​သည်။

၃။ စုံစမ်း​စစ်​ဆေး​မှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှား​ရမ်း​ခဲ့​သည်။ ​နော်​ဝေး​ နိုင်ငံနှင့်​ ထိုင်း​နိုင်ငံတို့​တွင် အ​ခြေစိုက်​သော PwC ရုံး​ခွဲများ​မှ စုံစမ်း​စစ်​ဆေး​ရေး​မှူး​ ​ခြောက်ဦး​သည် ယမန်နှစ် နိုဝင်ဘာလဆန်း​မှစ၍ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။ ​အော်စလိုမြို့​ ဒီမိုကရက်တစ်မြန်မာ့​အသံ ရုံး​ချုပ်ရှိ ဝန်ထမ်း​များ​ကို ပထမ​မေး​မြန်း​ပြီး​ ​ငွေစာရင်း​များ​၊​ သက်​သေ အ​ထောက်အထား​များ​ကို စစ်​ဆေး​ခဲ့​သည်။ ​နော်​ဝေး​ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​နှစ်ဦး​နှင့်​ ထိုင်း​နိုင်ငံ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​ တဦး​တို့​က နိုဝင်ဘာလလယ်ပိုင်း​တွင် ထိုင်း​နိုင်ငံအတွင်း​ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။

၎။ ယခုအခါ PwC က ၎င်းတို့​စုံစမ်း​စစ်​ဆေး​ ​တွေ့​ရှိချက်များ​ကို အစီရင်ခံစာ ​ရေး​သား​ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက ​တွေ့​ရှိချက်များ​ထဲတွင် ​အောက်ပါအချက်များ​ ပါဝင်သည်။

(က) ဒီမိုကရက်တစ်မြန်မာ့​အသံ၏ ပြည်တွင်း​ သတင်း​လုပ်ငန်း​ ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်​ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီး​ကြပ်​နေ​သော ​အော်စလိုအ​ခြေစိုက် တာဝန်ခံ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ပြည်တွင်း​သတင်း​လုပ်ငန်း​အတွက် ​ငွေ​ကြေး​ကို မဲ​ဆောက်မှ ကြီး​ကြပ်သူ ​ဦးအောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​ နှစ်ဦး​မှာ အလွဲသုံး​စား​လုပ်သူများ​ ဖြစ်​ကြောင်း​ PwC အစီရင်ခံစာ က ​ထောက်ပြထား​သည်။

(ခ) အလွဲသုံး​စား​လုပ်ခဲ့​သည်ဟု PwC က အတည်ပြု​သော ​ငွေပမာဏမှာ ​နော်​ဝေး​ငွေ က​ရောင်း​ ၂,၂၁၈,၁၄၁၊​ (အ​မေရိကန်​ဒေါ်လာ ၃၆၉,၀၇၅၊​ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံး​စား​ ပြုလုပ်ခံရ​သော ​ငွေများ​မှာ ပြည်တွင်း​နှင့်​ မဲ​ဆောက်ရုံး​တာဝန်ကျ သတင်း​ထောက်နှင့်​ ဝန်ထမ်း​များ​၏ လစာ​ငွေများ​၊​ ဖမ်း​ဆီး​ခံထား​ရ​သော ဒီမိုကရက်တစ် မြန်မာ့​အသံ သတင်း​ထောက်များ​၏ မိသား​စုများ​အတွက် ​ပေး​သော ​ထောက်ပံ့​ငွေများ​၊​ ရုံး​ခန်း​ငှား​ခများ​နှင့်​ လုပ်ငန်း​ လည်ပတ်စရိတ်အတွက် သတ်မှတ်​ပေး​ထား​သော ​ငွေများ​ဖြစ်သည်။

(ဂ) အလွဲသုံး​စား​လုပ်၍ စု​ဆောင်း​ရရှိ​သော ​ငွေများ​ဖြင့်​ ထိုင်း​နိုင်ငံနှင့်​ မြန်မာနိုင်ငံတွင် အိမ်များ​၊​ တိုက်ခန်း​များ​၊​ ​မော်​တော်ယာဉ်များ​၊​ ​မြေကွက်များ​ ဝယ်ယူထား​သည့်​အပြင် ​လောင်း​ကစား​နှင့်​ အခြား​ စီး​ပွား​ရေး​လုပ်ငန်း​များ​ကိုလည်း​ လုပ်​ဆောင်​နေသည်။

(ဃ) အကျဉ်း​ထောင်အသီး​သီး​တွင် ​ထောင်ချခံခဲ့​ရသည့်​ ဒီဗွီဘီ သတင်း​ထောက်များ​နှင့်​ မိသား​ဝင်များ​အတွက် ​ထောက်ပံ့​ငွေများ​ကိုအလည်း​ အလွဲသုံး​စား​ လုပ်ခဲ့​ကြသည်။

၅။ အလွဲသုံး​စား​ငွေများ​ထဲမှ ဘတ်​ငွေ နှစ်သန်း​ခုနစ်သိန်း​ဖြင့်​ ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထား​သော ဘန်​ကောက်မြို့​ရှိ အိမ်တလုံး​ကို ဒီမိုကရက်တစ်မြန်မာ့​အသံက ပြန်လည်သိမ်း​ယူထား​ပြီး​ဖြစ်သည်။ ကျန်​နေ​သေး​သော အထက်​ဖော်ပြပါ ပစ္စည်း​များ​ကို သိမ်း​ယူနိုင်ရန် ဆက်လက်​ဆောင်ရွက်သွား​မည်။

၆။ စုံစမ်း​စစ်​ဆေး​မှု စတင်ကတည်း​က ​ဖော်ပြပါ အလွဲသုံး​စား​ လုပ်သူများ​သည် သူတို့​အ​ပေါ် နိုင်ငံ​ရေး​ လုပ်ကြံမှုဖြစ်​ကြောင်း​ ​ကောလာဟလသတင်း​များ​ လွှင့်​ခဲ့​သည်။ ပြည်တွင်း​သတင်း​ ကွန်ရက်တွင် တာဝန်ထမ်း​ဆောင်​နေ​သော သတင်း​ထောက်များ​နှင့်​ နိုင်ငံ​ရေး​အဖွဲ့​များ​အကြား​ သတင်း​မှား​များ​ ဖြန့်​ချိကာ ဒီမိုကရက်တစ်မြန်မာ့​အသံ အကွဲအပြဲဖြစ်သ​ယောင် လုပ်​ဆောင်​နေသည်။ ၂၀၀၇ ​ရွှေဝါ​ရောင် ​တော်လှန်​ရေး​အတွင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ သတင်း​ထောက်များ​၏ စွန့်​စား​လုပ်​ဆောင်ချက်များ​ကို မှတ်တမ်း​တင်ထား​သည့်​ “Burma VJ” မှတ်တမ်း​တင် ရုပ်ရှင်ကား​ အမည်ကို အသုံး​ပြုပြီး​ Burma VJ Media Network ဟု ​ခေါ်​သော အဖွဲ့​ကို တည်​ထောင်ထား​သည်။ ထို့​အပြင် ဒီမိုကရက်တစ်မြန်မာ့​အသံက ထုတ်​ပေး​ထား​သော ပစ္စည်း​ကိရိယာများ​၊​ ဒီမိုကရက်တစ်မြန်မာ့​အသံ မူပိုင်ဖြစ်​သော archive ဗွီဒီယို၊​ ဓာတ်ပုံနှင့်​ အခြား​ အ​ရေး​ကြီး​ သတင်း​အချက်အလက်များ​ကိုလည်း​ ပြန်လည်အပ်နှံခြင်း​မရှိဘဲ သိမ်း​ယူထား​ဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ္စည်း​များ​အား​ အလွဲသုံး​စား​ လုပ်ထား​ခြင်း​အ​ပေါ် ဆက်လက် အ​ရေး​ယူ​ဆောင်ရွက်သွား​မည်။

၇။ အခက်အခဲများ​စွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့​အသံတွင် ဆက်လက် တာဝန်ထမ်း​ဆောင်​နေ​သော ပြည်တွင်း​သတင်း​ကွန်ရက်မှ သတင်း​ထောက်များ​အား​လုံး​ကို ချီး​ကျူး​ဂုဏ်ပြုပါသည်။ အဖြစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့​အသံနှင့်​ ပြန်လည်လက်တွဲလုပ်ကိုင်လို​သော ဒီဗွီဘီ သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်​ခေါ်ပါသည်။

၈။ ဘုတ်အဖွဲ့​က ဦး​အေး​ချမ်း​နိုင်နှင့်​ ဦး​ခင်​မောင်ဝင်း​တို့​ကို ၎င်းတို့​ယာယီနုတ်ထွက်ထား​သော ရာထူး​များ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ရာထူး​များ​တွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်​နေ့​ကတည်း​က အသီး​သီး​ ပြန်လည်ခန့်​အပ်ထား​ပြီး​ ဖြစ်သည်။

ဆက်သွယ်ရန်

1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့​ဥက္ကဋ္ဌ၊​ harald.bockman@sum.uio.no, +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့​အသံ​ရှေ့​နေ၊​ ev@gmco.no, +47 92 88 67 79
3. ဦး​အေး​ချမ်း​နိုင်၊​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ acn@dvb.no, +47 91107743
4. ဦး​ခင်​မောင်ဝင်း​၊​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ kmw@dvb.no, +47 45276649

ဇန်နဝါရီလ (၂၀) ရက်​နေ့​၊​ ၂၀၁၂ ခုနှစ်။ ​အော်စလိုမြို့

သတင်း......ဒီမိုကရက်တစ်မြန်မာ့​အသံ

ယခု ချိန်ထိ တောင်သူလယ်သမားတွေကို မတရားတာတွေ လုပ်နေတုန်းပါလား...

သို့ /


ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ

အကြောင်းအရာ ။ ။ တောင်သူလယ်သမားများ၏ လယ်ယာထွက်သီးနှံများအား ၀ယ်ယူပြီး
ငွေကြေးကိစ္စလိမ်လည်မှု

ကျွန်တော်ဦးသိန်းဟံ (KYN.၀၈၆၃၆၁) ရန်ကုန်တိုင်း ၊ ခရမ်းမြို့နယ် အိုးဝကျေးရွာနေထိုင်သူနှင့်အပေါင်းအပါ (၂) ဦးကျော်ဦး (KYN.၁၁၁၁၆၇) (၃) ဦးကျော်ဦး (၄) ဦးတင်ရွှေ (၅)ဦးသောင်းကြည်နှင့် (၆) ဦးစောငွေတို့ ထံမှ ကံသာကျေးရွာနေ ကိုလှကျော်ဆိုသူမှ ၁.၂.၂၀၁၁လယ်ယာထွက် ဖရဲသီးများအား တရက်၂ရက်အတွင်းပေးချေမည်ဟုဝယ်သွားပါသည်။သို့သော်၅လခန့်ကြာသည့်တိုင်အောင် ဖရဲငွေမရသည့် အတွက် ကိုလှကျော်နေထိုင်သော ကံသာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သော ဦးအောင်ဆန်းဝင်းထံ တိုင်ကြား၍ တောင်းဆိုခဲ့ပါသည်။ နှစ်ကြိမ် ရက်ချိန်းပေးပါသည် ။ သုံးကြိမ်မြောက်သောအခါ မပေးနိုင်ကြောင်း တိုင်ချင်ရာတိုင်ဟု ဦးလှကျော်မှအုပ်ချုပ်ရေးမှူးရှေ့တွင် ပြောပါသည်။ အုပ်ချုပ်ရေးမှူးမှ ဘုရားပျိုစခန်းမှူးထံတွင် တိုင်ကြားခဲပါသည်။ ဘုရားပျိုစခန်းမှ ခရမ်း မြို့နယ်တရားရုံးသို့ ၆လပိုင်း၁၀ရက်နေ့တွင် ဆက်လက်တိုင်ကြားခဲ့ပါသည်။

အမှုဖွင့်ကာ အရေးယူပါသော်လည်း (၂၀၁၁-ကြီး-အမှုအမှတ် ၁၈၆-ဇွန်လ-၁၀ရက်)နေ့စွဲဖြင့်အမှုဖွင့်ခဲ့ပါသည်။ သို့သော်ယခုတိုင်အောင် ထိရောက်စွာအရေးယူမှု မရှိခဲ့သည့်အပြင် နစ်နာသူကျွန်တော် တို့လယ်သမားများကိုလည်း အမျိုးမျိုးချိန်းဆိုမှုကြောင့် ခရီးစရိတ်နှင့် လုပ်အားများများစွာ နစ်နာလျှက်ရှိပါသည်။အမှုကို တရားရုံးမှ ယခုတိုင် စီရင်ချက်မချဘဲ တရာခံကိုလှကျော်မှာလည်း ယခု တိုင်လယ်သမားများ ထံမှ ဖရဲသီးများကို လက်ငင်းပေးစနစ်ဖြင့် ၀ယ်ယူလျှက်ရှိပါသည်နစ်နာခဲ့ရသော ကျွန်တော်တို့ လယ်သမားများမှာ အစိုးရမှ ဘဏ်ချေးငွေ များ ပြန်လည်တောင်းခံ ချိန်တွင်ငွေကြေးအကျပ်အတည်းများဖြင့် ရင်ဆိုင်တွေကနေရပါသည်။ ထို့ကြောင့် တာဝန်ရှိသူသက်ဆိုင်ရာမှ စစ်ဆေးပြီးထိရောက်စွာအရေးယူရန်တင်ပြအပ်ပါသည်။

ရုံးတွင် တိုင်ကြားခဲ့သည်မှာလည်း (၆)လရှိခဲ့ပြီဖြစ်ပါသော်လည်း မည်သည့်ဆုံးဖြတ်ချက်မှမချပဲ ရုံးချိန်းသာ ခဏခဏခေါ်နေခဲ့ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျွန်တော်တို့ လယ်သမားများဘက်မှ လိုအပ်သလို ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်ခင်ဗျာ။

တိုင်ကြားသူများ

(၁) ဦးသိန်းဟန် (KYN -၀၈၆၃၆၁) -၁၃သိန်း၂သောင်း( ရရှိရန် ကျန်ရှိငွေ)
အိုးဝကျေးရွာ၊ ခရမ်းမြို့ ၊ ရန်ကုန်တိုင်း( ရရှိရန် ကျန်ရှိငွေ)
(၂) ဦးကျော်ဦး (KYN -၁၁၁၁၆၂) -၈သိန်း၇သောင်း( ရရှိရန် ကျန်ရှိငွေ)
(၃) ဦးကျော်ဦး -၄သိန်း၃သောင်း( ရရှိရန် ကျန်ရှိငွေ)
(၄) ဦးတင်ရွှေ -၆သိန်း၆သောင်း( ရရှိရန် ကျန်ရှိငွေ)
(၅) ဦးသောင်းကြည် - ၂သိန်း၃သောင်း( ရရှိရန် ကျန်ရှိငွေ)
(၆) ဦးစောငွေ -၃သိန်း( ရရှိရန် ကျန်ရှိငွေ)

ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို လာရောက်စာရင်းပေးသွင်းရန် NLD တောင်းဆို

အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရေးနှင့် ပတ်သက်၍ တောင်းဆိုသွားရန် ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများကို အမျိုးသားဒီမိုကရေစီပါတီ NLD က စာရင်းပြုစုလျက် ရှိသည်။

နိုင်ငံရေးအကျဉ်းသား ၆၅၀ကျော်လွှတ်ငြိမ်းချမ်းသာခွင့်ကိုလည်း NLD မှတင်ပြထားသော စာရင်းများကို အခြေခံ၍ လွှတ်ပေးခဲ့သည်။

“ကျန်ခဲ့တဲ့သူတွေကို ထပ်လွှတ်ပေးဖို့ ကျွန်တော်တို့တောင်းဆိုသွားမယ်” ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

ယင်းအကြောင်းများကြောင့် နီးစပ်ရာသိရှိသူများက ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို လာရောက်စာရင်းပေးသွင်းကြရန် NLD မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးနိုင်းနိုင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မြို့နယ်ထောင်အသီးသီးမှ ကောက်ယူထားသောစရင်းများအရ နိုင်ငံရေးအကျဉ်းသား ၁၇၁ဦး ရရှိထားပြီးပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နာမည်ကြီးနိုင်ငံရေးသမား အနည်းစုသာကျန်ရှိပြီး ပုဒ်မ ၁၇/၁ ဖြစ်ကျခံရသော နိုင်ငံရေးအကျဉ်းသားအမြောက် အများကျန်ရှိနေသေးကြောင်း ဦးနိုင်းနိုင်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ မရှိသင့်တော့ကြောင်း မြန်မာ့နိုင်ငံရေးသမားများက တညီတညွှတ်တည်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်အထက်လွှတ်တော်အမတ် မက်ကော်နဲနှင့်တွေ့ဆုံစဉ် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လည်လွတ်မြောက်လာနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု ပြောကြား ခဲ့သည်။

သတင်း......Yangon Chronicle

20 January 2012

၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းဖွင့်မည်

၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ် ကာ နိုင်ငံရေးလုပ်ငန်းများ ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းနှင့်နီးစပ်သူများ ထံမှ သိရသည်။

၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပူးပေါင်းလုပ်ဆောင်မည် မဟုတ်သော်လည်း ယင်းနှင့်ဝေးကွာသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသည့် နိုင်ငံရေး လမ်းကြောင်းကိုလည်း လျှောက်လှမ်းမည် မဟုတ်ကြောင်း ယင်းတို့၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကို အစဉ်တစိုက်ထောက်ခံမှာပါ။ သူနဲ့ဝေးကွာတဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့ အကြောင်း မရှိပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထွန်းက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် မြန်မာ့နိုင်ငံရေးတွင် မည်သို့သောပုံစံဖြင့် ဆက်လက်လုပ်ကိုင်မည်ကို ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လူစုံတဲ့အချိန်ကစပြီး အစည်းအဝေးတွေ လုပ်နေတာ သုံးခါလောက်ရှိပါပြီ။ ဒါပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက် မရသေးပါဘူး”ဟု ဦးကိုကိုကြီး (စမ်းချောင်း)က ပြောကြားသည်။

မကြာမီ အချိန်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ ဆက်လက်လုပ်ကိုင် ဆောင်ရွက်မည့် နိုင်ငံရေးလမ်းကြောင်းကို ဖော်ပြမည် ဖြစ်ကြောင်း သိရသည်။

သတင်း.... yangonchronicle

19 January 2012

ရွှေညဝါဆရာတော်ကို တလအတွင်း သာဓုကျောင်းတိုက်က ဖယ်ပေးရန် မ.ဟ.န က ယနေ့ ဆုံးဖြတ်လိုက်



"၁၉-၂-၂၀၁၂ ရက်နေ့ (တနင်္ဂနွေနေ့)ညနေ ၁၆း ၃၀ အချိန် နောက်ဆုံးထားပြီး သာဓုကျောင်းတိုက်က ထွက်ခွာပေးပါမည် ဟု ဝန်ခံကတိပြုပါသည် ။ ကျောင်းတိုက်မှ မထွက်ခွာမည် ကာလအတွင်း သာဓုကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သမျှ ကာလပတ်လုံး ပြဿနာ တစုံတရာမဖြစ်ပွားစေရန် သံဃာ့အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာ သီတင်းသုံးနေထိုင်၍ ထွက်ခွာမည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်" ဟု ရေးထားတဲ့ စာရွက်တွင် ဆရာတော် ဦးပညာသီဟက လက်မှတ်ရေးထိုးခဲ့ပြီး နေ့လည် ၂နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ကြီး တည်ရာဌာနမှ ပြန်လည်ထွက်ခွာလာပြီး သာဓုကျောင်းတိုက်သို့ ရောက်ရှိနေပြီ လို့ သတင်းရရှိပါတယ် ။

သတင်း...ဘားမားဗီဂျေ..။

မြောင်းမြအကျဉ်းထောင်ကလွတ်မြောက်သောမစန္ဒာမင်း ( ရွှီး )ကလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်


မြောင်းမြအကျဉ်းထောင်က လွတ်မြောက်လာခဲ့သောမစန္ဒာမင်း ( ရွှီး )ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်၊ ကိုယ်စားလှယ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပါမည်.။

သံလျှင် မြို့ခံ ကြိုဆိုနေကြသော ပြည်သူများ၏ အသံ









၁၈.၁.၂၀၁၂ ၁၀း၃၀နာရီအချိန်တွင်ကော့မှူးမြို့နယ်မဲဆန္ဒနယ်အတွက်ရွေးကောက်ပွဲဝင်ရန်တောင်ပိုင်းခရိုင်
အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံးသံလျှင်မြို့သို့သွားရောက်ပြီးလွှတ်တော်ကိုယ်စားလှယ်အမည်စားရင်း
အဆိုပြုလွှာကိုကိုယ်တိုင်သွားရောက်တင်သွင်းစဉ်တခဲနက်ကြိုဆိုနှုတ်ဆက်သူများအားတွေရစဉ် မှတ်တမ်း ဓာတ်ပုံများဖြစ်ပါသည်.။

ဓာတ်ပုံ များအတွက် ကိုရောဘတ် ကိုကျေးဇူးတင်ရှိပါသည်.။

NLD ပါတီအနိုင်ရရေး ဒေါ်အောင်ဆန်းစုကြည် လှုံ့ဆော်မှုများ စတင်




ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လှုံဆော်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၀ ရက်ကျော်မှသာ လုပ်ဆောင်ရမည် ဖြစ်သဖြင့် ပါတီ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က လှုံဆော်ပေးနေခြင်းဖြစ်ကြောင်း သူမက ဆိုသည်။

ဇန်န၀ါရီလ ၁၇ ရက်နေ့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် မြို့နယ်ရုံးဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် NLD ကိုယ်စားပြု၍ ယင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဒေါ်ဖြူဖြူသင်းအား မဲပေးကြပါရန် လူံ့ ဆော်ခဲ့သည်။

“အရေးကြီးတာက မဲထည့်ဖို့ပါ။ကျွန်မတို့ ပြည်သူပြည်သားတွေဟာ ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ပြီဆိုပြီး မဲပေးကြပါ။ မဲပေးတဲ့ နေရာမှာလည်း ဖြူဖြူ့ကို မဲပေးကြပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်း မိန်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

NLD ပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကိုယ်စားလှယ်စရိတ် မတတ်နိုင်ပါက ပါတီမှကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။

ယင်းပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် တစ်ကြိမ်၊ ဇန်နဝါရီလ ၁၇ ရက် နေ့တွင် တစ်ကြိမ် ထုတ်ပြန်ခဲ့သည်။

သတင်း....yangonchronicle
ဓာတ်ပုံ..သူရှိန်လှထွေး

ယနေ့ ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက်ကျောင်းသားများ








ဓာတ်ပုံ များပေးပို့ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

18 January 2012

ဒီမိုကရေစီလမ်းကလွဲလို့ တခြားရွေးစရာမရှိလို့ ဦးရွှေမန်း ပြော



မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းကလွဲလို့ တခြားရွေးစရာမရှိပါဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက AFP သတင်းဌာနနဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

မြန်မာဟာ စစ်အုပ်ချုပ်ရေးနိုင်ငံကနေ ဒီမိုကရေစီနိုင်ငံဆီကို အသွင်ပြောင်းလဲနေကြောင်း၊ လွယ်တဲ့အလုပ် မဟုတ်ပေမယ့် ဒီမိုကရေစီစနစ်ကလွဲပြီး တခြားလမ်းမရှိဘူးဆိုတာ အခိုင်အမာ မမှိတ်မသုန် ယုံကြည်ထားကြောင်း၊ မြန်မာပြည် ဒီမိုကရေစီစနစ်ဖြစ်လာဖို့ အချိန်ဘယ်လောက်ယူရမလဲဆိုတာ အတိအကျ ပြောဖို့ခက်ပေမယ့် မိမိတို့မျှော်မှန်းချက်ပန်းတိုင်တွေဆီကို မြန်နိုင်သလောက် မြန်မြန်ရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်ကြောင်း သူရ ဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

အရပ်သားအစိုးရလို့ အမည်ခံထားတဲ့ ဦးသိန်းစိန်အစိုးရရဲ့ အပြောင်းအလဲ ဆောင်ရွက်မှုတွေအပေါ် အနောက်နိုင်ငံတွေက အသိအမှတ်ပြု ကြိုဆိုခဲ့ကြပါ တယ်။ မြန်မာဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က လည်း လတ်တလော ဖြစ်ရပ်သစ်တွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေအတွက် အထောက်အပံ့ ဖြစ်လိမ့်မယ် လို့ မျှော်လင့်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီအပြောင်းအလဲတွေရဲ့နောက်မှာ စစ်တပ်က အခိုင်အမာရပ်တည်နေသလားဆိုတာတော့ အသေအချာ မပြောနိုင်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အပေါ် ဘ၀င်မကျနိုင်သူတွေက စစ်အာဏာသိမ်းလိမ့်ဦးမယ်ဆိုတဲ့ အယူအဆတွေကလည်း ရှိနေကြောင်း၊ အဲဒီလို ဖြစ်မလာပါစေနဲ့လို့ မိမိတို့မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကတော့ စစ်တပ်က အာဏာပြန်သိမ်းလိမ့်မယ်ဆိုတဲ့ အယူအဆကို ငြင်းပယ်ပါတယ်။

အဲဒီလိုဖြစ်လာလိမ့်မယ်လို့ မိမိအနေနဲ့မယူဆကြောင်း၊ တိုင်းပြည်နဲ့လူမျိုးရဲ့ အနေအထားကို မိမိတို့ကောင်းကောင်းသိပါကြောင်း၊ စစ်တပ်ကလည်း တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ ခိုင်မာတဲ့ဆန္ဒရှိပါကြောင်း ဦးရွှေမန်းက AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

သတင်း..... RFA

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နှင့် မနီလာသိန်း မိသားစု ပထမဆုံး ပြန်ဆုံ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် တွေ့ဆုံမေးမြန်းခန်း။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းရွေးချယ် (ရုပ်သံ)

17 January 2012

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်တွေ့ဆုံမေးမြန်း


နှစ်ထပ်တိုက်အိမ်လေးရဲ့ အ၀င်မှာပဲ ပန်းချီကားတွေကို အဝေးကတည်းက လှမ်းမြင်ရပါတယ်။ ပန်းချီကားတွေနဲ့ အိမ်က ကိုမင်းကိုနိုင်ရဲ့ အိမ်ပဲ လို့ လမ်းညွှန်ခဲ့သူတဦးရဲ့ စကားကိုလည်း ဖျတ်ခနဲ သတိရလိုက်မိတယ်။

ဧည့်ခန်းထဲမှာလည်း ကိုမင်းကိုနိုင်ရဲ့ ဖခင် ပန်းချီဆရာကြီး ဦးသက်ညွှန့်က ဧည့်သည်တွေကို ထိုင်ပြီး ဧည့်ခံနေခဲ့တာ တွေ့ရပါတယ်။

နံရံအနှံ့ချိတ်ဆွဲထားတဲ့ ဆိုဒ်မျိုးစုံနဲ့ပန်းချီကားတွေရယ် ကိုမင်းကိုနိုင်ကို လာရောက်တွေ့ဆုံနှုတ်ဖို့လာကြတဲ့ မိတ်ဆွေသားချင်းတွေရယ်က အိမ်ခန်းထဲမှာ အပြည့်ပါပဲ။

၈၈မျိုးဆက်ကျောင်းသား ကိုမြအေး၊ ကိုသက်ဦး၊ ကိုသိမ်းဆွေ၊ကိုကိုကြီးတို့အပြင် အခြားမိတ်ဆွေ နိုင်ငံရေးသမားတွေနဲ့ သတင်းသမားအချို့ကိုလည်း တွေ့ရပါတယ်။

`တနေ့က ကိုမင်းကိုနိုင်လွှတ်တဲ့နေ့တုန်းကသတင်းထောက်တယောက်ရောက်လာပြီး ဘယ်လို ခံစားရလဲလို့မေးတယ်ဗျ။

ကျနော်က ဘယ်လိုမှ မခံစားရပါဘူးဗျာ လို့ ဖြေတော့ကျနော့်မျက်နှာကို သေချာ စိုက်ကြည့်နေလိုက်တာဗျ။ တကယ်ပါ ဖမ်းသွားတဲ့နေ့တုန်းကလည်း အဲလိုပဲ မေးခံရပါတယ်။ တကယ်ကို မခံစားရတာပါ။ သားက သူ့အလုပ်သူုလုပ်နေတာပဲ၊ ကျနော်ကလည်း ပန်းချီဆွဲတော့ ပန်းချီဆွဲတဲ့အလုပ် ပတ္တလားတီးတဲ့ အလုပ် ကိုယ့်အလုပ်ကိုယ်လုပ်ပါတယ်`လို့ ဆရာကြီးက ရယ်ရယ်မောမောနဲ့ ပြောပါတယ်။

ငွေရောင်ဆံပင်နဲ့ အသားဖြူဖြူ မျက်နှာကျဥပဓိရုပ်ကောင်းလှတဲ့ ပန်းချီဆရာကြီးက ပွင့်ပွင့်လင်းလင်းရိုးရိုးသားသား ပြောနေတာကို ကျမ လေးစားနှစ်ခြိုက်စွာ ငေးကြည့်ရင်း နားထောင်နေခဲ့တယ်။ သားဖြစ်သူကို လေးစားဂုဏ်ယူတဲ့ ဖခင်တယောက်ရဲ့ စကားတွေဟာ ကျမတို့အတွက်တော့နားဝင်ချိုလှပါတယ်။

`သူက မနေ့ကလည်း ခရီးပန်းပြီး အိပ်ရာဝင်တာနောက်ကျတော့ သူအိပ်ရာထ နောက်ကျလိမ့်မယ် ထင်ပြီး သမီးတို့ကို အဘက မနက် ၉နာရီလောက်လို့ ပြောလိုက်တာ။ သူက ဒီမနက် အစောကြီး နိုးတယ်ဗျာ၊ မနက် ၆နာရီကတည်းက နိုးနေတယ်လေ`လို့ ပန်းချီဆရာကြီးက သားဖြစ်သူရဲ့ လုံ့လကို ပြောပြပါတယ်။

တအိမ်လုံးနံရံတွေမှာ အပြည့်ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေအပြင် စင်တွေမှာ အရွယ်စုံတင်ထားတဲ့ ပန်းချီကားတွေကလည်း အများကြီးပါ၊ ကျမတွေ့ဖူးတဲ့ ပန်းချီဆရာကြီးတွေထဲမှာတော့ ပန်းချီကားအများဆုံး ပန်းချီဆရာကြီးပါပဲ။ ပြီးတော့ ရှု့ခင်းပုံတွေကို အများကြီး ဆွဲထားတာ တွေ့ရပါတယ်။

ပန်းချီဆရာကြီးနဲ့စကားပြောခွင့်ရနေတုန်းမှာပဲ အစိမ်းရင့်ပေါ်မှာ ကွက်စိတ်အစိမ်းကွက် စိတ်စင်းလေးတွေပါတဲ့ရှပ်စ်အကျီာင်္လက်တိုနဲ့ကချင်ပုဆိုးဝတ်ထားပြီးအပေါ်ဝတ် ဝေ့စကုတ်အဖြူရောင်ထပ်ဝတ်
ထားတဲ့ ကိုမင်းကိုနိုင်က ဧည့်သည်များရှိရာ ဧည့်ခန်းထဲကို ရောက်လာပါတယ်။

ဧည့်သည်တွေနဲ့တယောက်ချင်း ရင်းရင်းနှီးနှီးပြောဆိုနေတဲ့ ကိုမင်းကိုနိုင်ကို ကျမတို့လည်းငေးကြည့်နေမိတယ်။ သူ့သတင်းတွေ၊ သှူု့ဓါတ်ပုံတွေကို မြင်ဖူးတာကလွဲလို့ ခုလို အပြင်မှာ တခါမှလည်း တွေ့ဖူးတာ မေးခွန်းမေးဖူးခဲ့တာမရှိပါဘူး။

သို့သော်လည်း သူ့အကြောင်းရေးထားတဲ့စာတော်တော်များများကို ကျမ ဖတ်ခဲ့ဖူးပါတယ်။ ခုလည်း သူ့ကိုမြင်ရတာ ကျမနှင့်စိမ်းနေသလို မခံစားရပဲ ရင်းနှီးသလို ရှိနေခဲ့တယ်။

သူ့မိတ်ဆွေတွေနဲ့ရွင်လန်းစွာပြုံးရင်း စကားပြောနေတဲ့ အမူအရာက အမြဲတွေ့နေကြ မိတ်ဆွေတွေနဲ့ တွေ့ဆုံနေသလိုမျိုးပဲ အေးအေးဆေးဆေးနှင့်တည်တည်ငြိမ်ငြိမ်ရှိလှပါတယ်။ သူကို ကြည့်ရင်း မြန်မာ့နိုင်ငံရေးလောကရဲ့ လောကဓံကို ဖြတ်သန်းရင်ဆိုင်ခဲ့တဲ့ သူတယောက်ရဲ့ လေးနက်တည်ငြိမ်မှုနဲ သိမ်မွေ့မှုတို့ကို တွဲယှက်ပြီး မြင်တွေ့နေရတယ်လို့ လည်း ထင်မှတ်မိပါတယ်။

တိုင်းပြည်အတွက် သူ့ဘ၀တခုလုံး ပေးဆပ်ခဲ့တဲ့၊ပေးဆပ်နေတဲ့ သူ့လုပ်ရပ်ကို ပြည်သူတွေ ချစ်ကြသလို၊ သူ့ရဲ့ ရိုးသားမှု၊ တည်ငြိမ်လေးနက်မှု၊ သိမ်မွေ့အေးဆေးမှုကလည်း ပြည်သူတွေကို ချစ်စေခဲ့ပါလိမ့်မယ်။

ကျမသူ့ကို စမေးခွန်းမေးခွင့်ရတဲ့အချိန်မှာ ကျမစပြီးမေးလိုက်မိတဲ့ မေးခွန်းက ကျမစိတ်အ၀င်စားဆုံးဖြစ်တဲ့ မေးခွန်းပါ။

`အကိုရေးတဲ့နောက်ကြည့်မှန်၊အဲဒီဝတ္ထုဖတ်ပြီးတော့အကိုစာရေးကောင်းလိုက်တာလို့အသိအမှတ်ပြုလိုက်ရ
တယ်၊ အဲဒီဝတ္ထုကို တညတည်းနဲ့အပြီးဖတ်လိုက်တာ၊ ဖတ်ပြီးတော့လည်း စိတ်မကောင်းဖြစ်ရသေးတယ်`လို့ ပြောလိုက်မိပါတယ်။

`အဲဒီဝတ္ထုက ဒီလိုဗျာ၊ကျနော်အသက် ၂၀လောက်တုန်းက ရေးထားတာ တော်တော်ကြာပြီ၊ ငယ်လက်ရာကြီး ဖြစ်နေတယ်၊တော်တော်ကလေးဆန်ပါတယ်ဗျာ`လို့ ပြောတော့ ကျမက `ဒါပေမဲ့ ၀တ္ထုကောင်းပါ ကောင်းပါတယ်`လို့ ဆက်ပြောတော့ သူက အသံထွက်ပြီး ဟားဟားနဲ့ ရိုးသားစွာ ရယ်နေသေးတယ်။

တကယ်တော့ `နောက်ကြည့်မှန် `] ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုမင်းကိုနိုင်ရေးခဲ့တဲ့ ၀တ္ထုကို ကျမက ၂၀၀၉၊ ၂၀၁၀ ခုနှစ်လောက်တုန်းက အွန်လိုင်းပေါ်ကနေ E.book အနေနဲ့ ဖတ်ခဲ့ရတာပါ။ ည ၉နာရီလောက်ကနေစဖတ်ခဲ့တာ၊ ဖတ်လို့ကောင်းလွန်းလို့ ဆက်ဖတ်ချင်တာနဲ့ပဲ ဆက်ဖတ်ခဲ့တာ ဖတ်ရင်း မိုးလင်းသွားခဲ့တဲ့ ၀တ္တုတပုဒ်လို့လည်း ပြောလို့ရပါတယ်။ ကျမတို့ သူ့ဝတ္ထုဖတ်နေချိန် သူက ထောင်ထဲမှာလို့လည်း တွေးမိပြီး စိတ်မကောင်းစွာနဲ့ ဖတ်ခဲ့ရတဲ့စာလို့လည်း ပြောနိုင်ပါတယ်။

``၀တ္ထု၊ ကဗျာ ရေးဖို့ကော အစီစဉ်ရှိလားအကို`လို့ ကျမ ဆက်မေးမိပါတယ်။

`၀ါသနာအလျောက်လုပ်ထားတာပါ၊ ကျနော်နောက်ထပ် ရေးပြီးသားတွေကို ရှိတယ်။ ဒါပေမဲ့ အိမ်တအိမ်မှာ ၀င်ဖမ်းတုန်းက သူတို့က လူကိုမရတဲ့အခါမှာ အဲဒီစာမူတွေအကုန်ယူသွားရောဗျာ၊ ကျနော် ပြန်တောင်းဖို့ရှိတယ်ရအောင်ပြန်တောင်းဖို့တော့ ကြိုးစားကြည့်ဦးမယ်၊ အများကြီး ရေးထားတာရှိတယ်။ အနုပညာသက်သက်တွေပါ`လို့ ကိုမင်းကိုနိုင်က ဖြေပါတယ်။

အဲဒီမေးခွန်းအပြီးမှာတော့ကိုမင်းကိုနိုင်သရက်ထောင်ကနေထွက်လာပြီးနောက်ပိုင်းမှာ သူ့နဲ့ပြည်သူလူထု တိုက်ရိုက်ထိတွေ့ကြတဲ့ အနေအထားတွေနဲ့ပတ်သက်ပြီးမေးမြန်းဖြစ်ပါတယ်။

ဇန်န၀ါ၇ီလ ၁၂ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သရက်ထောင်ကနေပြန်လွတ်လာတဲ့အချိန် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ သတင်းထောက်တွေနဲ့ပြည်သူလူထုပေါင်းများစွာဟာ မင်းကိုနိုင်ကို သွားရောက်စောင့်ကြည့်ကြိုဆိုခဲ့ကြတာပါ။ ဒါ့အပြင် ကိုမင်းကိုနိုင်ရဲ့ ရန်ကုန်အပြန်ခရီးစဉ်တလျှောက်က မြို့တွေမှာ ဒေသခံ ပြည်သူတွေက ကိုမင်းကိုနိုင်ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြသလို လူထုအတွက် စကားတွေလည်း ပြောဆိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်က ခုလို ပြောပါတယ်။

`ကျနော့်အတွေ့အကြုံအရ ပြောရရင် ကျနော့်အနေနဲ့တော့ နှစ် ၂၀နောက်ပိုင်းမှာပြည်သူတွေနဲ့ ပြန်ပြီးထိတွေ့ခွင့်ရခဲ့တာပါ၊ ဟုတ်ပါတယ် လူတွေရဲ့ နိုးကြားလာမှု၊ ထပ်ပြီးတော့မျှော်လင့်ချက်တွေ ခိုင်မာလာမှုနဲ့စိတ်အားပါမှုကတော့ နှစ် ၂၀ ကျော်မှ ပြန်တွေ့ရတာပါ`လို့ကိုမင်းကိုနိုင်က ဖြေပါတယ်။

၈၈ ခုနှစ်အလွန်ကာလနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်အချိန်၊ ၅နှစ်ကျော်ခန့် နှစ်တွေဝန်းကျင်တုန်းကတော့ ပြည်သူလူထုဟာ ကိုမင်းကိုနိုင်ကို ကြိုဆိုဖို့မပြောနဲ့ကိုမင်းကိုနိုင်ရဲ့ အကြောင်းကိုတောင် ခဟဟ မပြောရဲခဲ့တဲ့ အနေအထားတခုကို မြန်မာပြည်သူတွေ ကျရောက်ခဲ့ကြရပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးကာလတွေမှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုသာမက သူတို့နဲ့ပတ်သက်နေတဲ့သူတွေ၊အားပေးခဲ့တဲ့သူတွေကိုပါဖမ်းဆီးခံခဲ့ကြရတဲ့အတွက် ပြည်သူတွေဟာ နိုင်ငံ
ရေးဆိုတာ ကြောက်စရာတခုလို အသိအမြင်တခုကို နှစ်၂၀ကျော်ကြာအောင်ကြုံခဲ့ရပါတယ်။

၂၀၁၀ရွေးကောက်ပွဲအပြီး အရပ်သား အစိုးရတက်လာ ချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ပေးခဲ့ပြီးပါတယ်။ အဲဒီနောက်ပိုင်းမှာ ပြည်သူလူထု ရဲ့ နိုးကြားမှုဟာလည်း ပြန်လည်စတင်လာခဲ့ပါတယ်။ ခုလို ကိုမင်းကိုနိုင်အပါအ၀င် မြန်မာ့နိုင်ငံရေးရဲ့ အထင်ကရခေါင်းဆောင်တွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးလိုက်ပြီး ဒီမိုကရေစီအစိုးရအသွင် ကူးပြောင်းနေတဲ့အစိုးရကလည်း သူ့ရဲ့စတင်ပြောင်းလဲမှုတွေကို ပြသနေခဲ့ပြီလို့ ကျမကတော့မြင်မိပါတယ်။

`အနှစ် ၂၀ ကျော်လောက်ပေးဆပ်ထားရတာတွေဟာ အလဟဿ မဖြစ်ပါဘူးလေ။ မပြောင်းလို့မရပါဘူး။ အဲဒါကို သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က သဘောပေါက်ကြပြီလို့ ကျနော်ထင်ပါ၊ သဘောပေါက်လို့လည်း ပြောင်းဖို့ ကြိုးစားနေတဲ့သူတွေ ရှိပါတယ်`လို့ကိုမင်းကိုနိုင်က အပြောင်းအလဲနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတခုအဖြစ်ပြောင်းလဲနေချိန်ဖြစ်ပေမဲ့ အချို့ခေတ်နောက်ပြန်ဆွဲစေတဲ့ အကြောင်းအရာအချို့ကိုလည်းတွေ့မြင်နေရဆဲဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာလည်း အဓိကဦးစားပေးပြီး

မဖြစ်မနေဆောင်ရွက်ရမဲ့ ကိစ္စရပ်တွေ ဖြစ်လာကြောင်း ကိုမင်းကိုနိုင်က သုံးသပ်ပြောဆိုပါတယ်။

`အဟောင်းကိုဆင်ပြီး ဖက်တွယ်ချင်တဲ့ အင်အားစုတွေရှိနေသလိုရှိနေလို့ကတော့ မြန်မာ့ ဒီမိုကရေစီရေးက လိုသလောက်ခရီးမရောက်သေးဘူးပေါ့ဗျာ`လို့ ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။

ဒါ့အပြင် ကိုမင်းကိုနိုင်ကို လက်ရှိ မြန်မာ့မီဒီယာနဲ့ပတ်သက်တဲ့သူ့အမြင်ကိုလည်း မေးမြန်းခွင့်ရခဲ့ပါတယ်။

ပြည်တွင်းမှာ ရေးသားထုတ်ဝေနေကြတဲ့ ဂျာနယ်တွေမှာ အများဆုံးတွေ့မြင်နေရတာက ဘက်မျှမှုမရှိတဲ့အနေအထားတွေကို တွေ့မြင်နေရကြောင်း မီဒီယာအနေနဲ့ဘက် မျှအောင် ရေးသား ထုတ်ဝေဖို့လိုအပ်ကြောင်းကိုသူက ပြောဆိုပါတယ်။

`ကျွန်တော်တို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဘက်နှစ်ဖက်မျှအောင် ရေးရမယ်။ ဘက်နှစ်ဖက်လုံးကိုတင်ပြမှသာ စာဖတ်သူက ရွေးချယ်လို့ရမှာပါ။ တဖက်ကိုပဲ ဖော်ပြခွင့်ရတဲ့အပေါ်မှာ ကျေကျေနပ်နပ်ကြီး လုပ်နေကြတဲ့ မီဒီယာတွေဟာ ဒီကနေ့ နဲနဲလေး လူးသာလွန့်သာရှိလာပြီ။ ဒါပေမယ့် အရင် အတွေးအခေါ်၊ အရင်စိတ်ဓါတ်တွေနဲ့တော့ မလုပ်ကြပါနဲ့လို့ အနှုးအညွှန့်မေတ္တာရပ်ခံပါတယ်။ ရဲရဲတင်းတင်း ဘက်ပေါင်းစုံကနေ ဖော်ပြပေးကြပါ။ ကျွန်တော်တို့ အပေါ် မကောင်းမြင်တဲ့ ကိစ္စတွေရှိရင်လည်း ဖော်ပြကြပါ။ အရေးကြီးတဲ့ တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘက်နှစ်ဘက်စလုံးက အတွေးတွေ၊ အမြင်တွေကို ထည့်ရေးပေးစေချင်ပါတယ်။ အလုပ်လို့ရအောင်လည်း မီဒီယာတွေကို ကြိုးစားစေချင်တယ်။ ကျန်တဲ့ အခွင့်အရေးတွေ ကိုတော့ ကိုယ်တိုင်ဖန်တီးဖို့သင့်ပါပြီ။ ပြည်သူတွေဘ၀တွေ အသက်တွေပေးပြီးတော့ရလာတဲ့ အခွင့်အရေးတွေပါ။ စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာသမားတွေ အားစိုက်ခွန်စိုက်လုပ်ကြပါ။ တကယ်ဘက်မျှတယ်ဆိုရင် ပြည်သူက ထမင်းမစားပဲ အဲ့ဒီ ဂျာနယ်ကို ၀ယ်ဖတ်ကြမှာပါ။ သေချာပါတယ်၊ တခြားဟာတွေကိုလွှတ်ပြီးအဲဒီသတင်းဌာနကိုကြည့်ကြမှာပါ။ ပြည်သူတွေကိုစိတ်ချပါ။မီဒီယာတွေသာတာဝန်
ကျေဖို့လိုပါတယ်။ကျွန်တော်ဒီလောက်ပဲ ပြောချင်ပါတယ်`တဲ့ အေးအေးဆေးဆေးနဲ့ ပြတ်ပြတ်သားသားပြော
ပါတယ်။

ပြည်သူတွေသူ့နောက်ကနေ တကောက်ကောက်လိုက်ပြီး ချစ်ရ၊အားကိုးရလောက်တဲ့ သူတယောက်ကို ကျမ အင်တာဗျူးလုပ်ရင်း ငေးကြည့်နေမိပါတယ်။ သူဟာ မီဒီယာဟာ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် အရေးပါတယ်လို့ နားလည်ထားတဲ့သူ၊ သတင်းသမားတွေကို မျှတစေချင်တဲ့ နိုင်ငံရေးသမားပါ။

အသားညိုညို၊မျက်နှာပြည့်ပြည့်နဲ့မာန်မရှိသောအကြည့်နဲ့၊ အေးချမ်းသိမ်မွေ့ပေမဲ့ ပြတ်သားတဲ့ ပြောအဆိုတို့
ကို တွေ့ရပါတယ်။ အနုပညာသမားတယောက်ရဲ့ သိမ်မွေ့မှုမျိုးနဲ့ပြတ်သားဖြောက့်မတ်မှုကိုလည်း သူ့ရဲ့အဖြေစကားတွေကနေ ကျမကြားနေရပါတယ်။

ပြီးတော့ သူဟာ ထင်ပေါ်ကျော်ကြားလှ တဲ့ နိုင်ငံရေးသမား တဦးဖြစ်ပေ မဲ့ ပြည်သူနဲ့တသားတည်းဖြစ်နေတဲ့ ခေါင်းဆောင်တယောက်ဖြစ်နေပြန်တယ်။ သူ့ရဲ့အနေအထိုင် အပြောအဆိုဟာ သိပ်ကို ရိုးရှင်းလှပါတယ်။ သာမန်လူတယောက် လိုပဲ ပြောဆိုပြုမူနေ ထိုင်နေတာကို တွေ့ရတော့ ကျမသူ့ကို ပိုပြီး လေးစားမိပါတယ်။

`အရပ်သားအစိုးရ တက်လာချိန်မှာနိုင်ငံတော်သမတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့်ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လာနိုင်တယ်လို့ ပြောဆိုခဲ့တာရှိ
ပါတယ်။ အဲဒီပေါ်မှာကို အကိုဘယ်လိုမြင်မိပါပြီလဲ၊ တကယ်ပဲ စိတ်ချလက်ချပြန်လာလို့ရနိုင်တဲ့အနေအထားရောက်ပြီလို့ မြင်ပါသလားရှင့်လို့ကျမ မေးလိုက်မိပါတယ်။

“ပြည်တွင်မှာတောင် နိုင်ငံရေးအကျဉ်းသားက တကယ်တမ်းတော့ မကုန်ုသေးဘူးလေ ကျွန်တော်ဖြစ်ချင်တာက ဒီလိုဗျ ဒါမျိုးက သမ္မတ တစ်ယောက်ရဲ့အမိန့်တရပ်ကိုထုတ်ပြန်ပြီးတော့ ကျကျနနထုတ်ပြန် ပြဋ္ဌာန်းလေးဖြစ်စေချင်တယ်။ ခရီးသွား ဟန်လွဲ စကားစပ်မိလို့ပြောလိုက်တာမျိုးဆိုရင်တော့ တယ်ပြီးတော့ တရားမ၀င်ဘူးလို့ ခံစားရတယ်။ နောက်ပြီးတော့ ရှင်းလင်းတဲ့ဖော်ပြမူလဲမတွေရဘူး။ နောက်ပြီးတွေ ကိုသဘောနဲ့ကို တစ်ဦချင်းကို ဒီလူတော့ဝင်လိုရတယ် ဒီလူတော့ဝင်လို မရဘူးလို့ ကျနော်တော့ ခံစားရတယ်နောက်ပြီးတော့ လုပ်စေချင်တယ်။ အားလုံး လာရမယ်ဆိုရင် လာနိုင်တဲ့အခွင့်အရေးမျိုး ဒီမှာ ရနေပြီဆိုရင်တောင်မှ သပ်သပ်မှတ်မှတ်နဲ့အမိန့်ထုတ်ဲပြန်ပြီးတော့ကိုယ့်မိသားစုဝင်တွေကိုကြိုဆိုတယ်ဆိုတာ မျိုးကို ရှင်းရှင်းလင်းလင်း လုပ်စေချင်တယ် အဲဒါမှ သူတို့ပြန်လာတဲ့အခါမှာ ဂုဏ်သိက္ခာလည်း ရှိတယ်၊ ယုံကြည်စိတ်ချတယ်ဆိုတဲ့ ခံစားမှုမျိုးလည်း ရှိမှာပါ`လို့ကိုမင်းကိုနိုင်က ဖြေဆိုပါတယ်။

သူ့ကို မေးဖို့ မေးခွန်းတွေကို သူလွတ်တဲ့နေ့ကနေစပြီး ထုတ်လာခဲ့တာ ကျမမှာ မေးခွန်း ၄၀လောက်ထိ ရှိနေပါတယ်။ ဒါပေမဲ့ သူ့ကိုတွေ့ဆုံဖို့ စောင့်နေကြတဲ့ သူတွေကလည်း အယောက် ၂၀ထက်မနည်းရှိနေပါတယ်။ ခရီးပန်းလာတဲ့ သူ့ကိုလည်း အားနာမိတာရယ်၊ စောင့်နေတဲ့သူတွေအပေါ်မှာလည်း အားနာစိတ်ရယ်ကြောင့် မေးခွန်းတွေကို အစသတ်လိုက်ရပါတယ်။

တကယ်လို့များ နောက်ထပ်တကြိမ်တွေ့ဆုံမေးမြန်းခွင့်ရခဲ့မယ်ဆိုရင်တော့ ကျန်တဲ့မေးခွန်းတွေကို ကျမ ဆက်မေးဖြစ်ဦးမှာပါ။

ပြန်ကာနီးမှာတော့ကျမသူ့ကို အကိုဝတ္တုတွေ၊ ကဗျာတွေ ရေးတာကို ဖတ်ချင်ပါသေးတယ်လို့နှုတ်ဆက်ရင်း ပြောလိုက်ပါတယ်။

တကယ်တော့သူဟာလည်း အနုပညာအားကောင်းတဲ့ နိုင်ငံရေးသမားတယောက်လို့ ကျမကတော့ မြင်မိပါတယ်။ သူရဲ့ နိုင်ငံရေး အနုပညာနဲ့ မြန်မာပြည် ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း သူ့အပေါ် ယုံကြည်မိပါနေတယ် ရှင်။


သတင်း.....မြစ်မခ မီဒီယာ

ရွှေညဝါဆရာတော် မိန့်ကြားစာ






ပေးပို့ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်။