10 May 2013

အစိုးရနည်းပညာ အထက်တန်းကျောင်း ဇွန် ၆ ရက်ဖွင့်မည် ရှစ်တန်းအောင်ကျောင်းသားများ တက်ရောက်ခွင့် လျှောက်ထားနိုင်

 အစိုးရနည်းပညာ အထက်တန်းကျောင်းများကို ယခုနှစ် ပညာသင်နှစ်တွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကာ အခြေခံပညာ အဋ္ဌမတန်း ရှစ်တန်းအောင်မြင်ပြီးသူများ တက်ရောက်ခွင့် လျှောက်ထားနိုင်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ နည်းပညာအထက်တန်း ကျောင်း ဖွင့်လှစ်ခြင်းမှာ အခြေခံပညာ ကျောင်းသားများအတွက် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်စေပြီး လက်တွေ့ကျသော သင်ကြားမှုများ ပိုမိုပြုလုပ်သင့်သည်ဟုလည်း ပညာရှင်အချို့နှင့် ကျောင်းသားဟောင်းများ က အကြံပြုသည်။ အဆိုပါ သင်တန်းသို့ ၂၀၁၃ ခုနှစ်တွင် ရှစ်တန်း အောင်မြင်ထားသော အသက် ၁၇ နှစ်အောက် ကျောင်းသားကျောင်းသူများ တက်ရောက်ခွင့် လျှောက်ထားနိုင်ပြီး ၂ နှစ်သင်တန်း ထူးချွန် အောင်မြင်ပါက AGTI ပထမနှစ်သို့ တိုက်ရိုက် တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ ထို့ပြင် ၂ နှစ်သင်တန်းအား ရိုးရိုးအဆင့်မြင့် အောင်မြင်ပါက လုပ်ငန်းခွင် လက်တွေ့သင်တန်း လေးလ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်း အောင်မြင်ကြောင်း လက်မှတ် Certificate ရရှိပြီးပါက အစိုးရဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းများသို့ စက်မှုကျွမ်းကျင် ဝန်ထမ်းအဖြစ် အလုပ်လျှောက်ထားနိုင်ကြောင်း၊ ပညာသင်ဆက်လက် ဆည်းပူးလိုပါကလည်း ပထမနှစ်သင်တန်း အောင်မြင်ပြီး ဒုတိယနှစ်သင်တန်း အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြင်ပဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုခွင့် ရရှိမည်ဟု သိရသည်။ နိုင်ငံတော်က ဒီလိုသင်တန်းတွေ ဆက်ဖွင့်ပေးနေတာ ကောင်းတယ်။ ဒါမျိုးကျောင်းတွေ များများဖွင့်ပြီး နိုင်ငံတော်က ဒီထက်ပိုအားပေးရင် ပိုကောင်းတာပေါ့။ ဒီလိုကျောင်းတွေ ဖွင့်လှစ်ပေးခြင်းအားဖြင့် အလယ်တန်းအဆင့် ကျောင်းသားတွေအတွက် အခွင့်အလမ်း ဖြစ်စေသလို အဲဒီကနေ ပညာရှင်တွေ မွေးထုတ်ပေးနိုင်တယ်လေ” ဟု နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးဖြစ်သည့် ကာတွန်းဆရာ အော်ပီကျယ်က မှတ်ချက်ပြု ပြောကြားသည်။ အဆိုပါ သင်တန်းတွင် အဆောက်အအုံ နည်းပညာသင်တန်း၊ အီလက်ထရွန်နစ် နည်းပညာ သင်တန်း၊ လျှပ်စစ်နည်းပညာ သင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်း၊ စက်ပစ္စည်း အပိုင်းအစများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ လေအေးပေးစက်နှင့် အအေးပေးစနစ် ပြုပြင်မွမ်းမံမှု နည်းပညာသင်တန်း၊ သတ္တုပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် သုတနည်းပညာ သင်တန်းများကို သင်ကြားပေးသွားမည် ဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ ဘာသာများ အပါအဝင် သင်တန်း၏ အထူးပြုဘာသာရပ်နှင့် ပုံဆွဲဘာသာရပ်များ ပေါင်းစပ်သင်ကြားသွားမည် ဟု သိရသည်။ အစိုးရနည်းပညာ အထက်တန်းကျောင်း ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ဇွန် ၁၀ ရက်တွင် နောက်ဆုံးထား လျှောက်ထား အပ်နှံရမည်ဖြစ်ကာ ဇွန် ၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဟု အသိပေး ကြေညာထားကြောင်း   News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

08 May 2013

အကြီးတန်း အရာရှိကြီးအချို့ ထပ်မံအနားပေး


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တွင် ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ ပညာရေးဝန်ကြီးဌာန၊ အမှတ် (၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဣဒ္ဓိလှကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး အခြား ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိရှစ်ဦးကို အငြိမ်းစားပေး လိုက်ကြောင်း မေလ ၃ ရက်နေ့ထုတ် နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီလာသိန်း အပါအဝင် စက်မှုဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဦးဆောင်ညွှန်ကြားရေးမှူး လေးဦးနှင့် ညွှန်ကြားရေးမှူးချုပ် သုံးဦးတို့ကို အငြိမ်းစားပေးလိုက်ကြောင်း နိုင်ငံတော် ပြန်တမ်းတွင် ဖော်ပြပါရှိသည်။

 
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေတို့ပါ ပြဋ္ဌာန်း ချက်များအရ ဦးဣဒ္ဓိလှကို ရာထူး မှ ထုတ်ပယ်ကာ အခြားအဆင့်မြင့် အရာရှိခြောက်ဦးကို အငြိမ်းစား ပေးလိုက်ကြောင်းကို မတ်လ ၂၈ ရက် ရက်စွဲဖြင့်လည်းကောင်း၊ ကျန်အရာရှိ နှစ်ဦး အငြိမ်းစားပေးခြင်းကို ဧပြီလ ၅ရက်နေ့ ရက်စွဲဖြင့် လည်းကောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။

ဦးဣဒ္ဓိလှသည် ဇန်နဝါရီလ အတွင်းက ရာထူးမှ နုတ်ထွက်ခဲ့သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း လက်ထက်တွင် မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ဝန်ကြီး ဦးသိန်းထွန်း မနုတ်ထွက်မီ လပိုင်းအလို၌ အမှတ်(၁) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းလဲ တာဝန်ပေးခြင်း ခံခဲ့ရသည်။

ထို့အပြင် ဝန်ကြီးဦးသိန်းထွန်း နုတ်ထွက်အပြီး ရက်ပိုင်းအကြာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထိပ်တန်းအရာရှိ ကြီးများကို ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူစစ်ဆေးရာတွင် ဦးဣဒ္ဓိလှ ကိုလည်း ခေါ်ယူစစ်ဆေး ခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူများ ထံက စုံစမ်းသိရှိရသည်။

သတင်း..... The Voice Weekly

07 May 2013

ဆက်သွယ်ရေးအရာရှိ များကို အရေးယူထားပြီးဟုဆို


ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း ရာထူးမှ နုတ်ထွက်ခဲ့ပြီး ရက်ပိုင်းအကြာ ပြည်ထဲရေး ဝန်ကြီးဌာန က ခေါ်ယူစစ်ဆေးခဲ့သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိကြီးများကို ဌာနဆိုင်ရာ စည်းမျဉ်းများအရ အရေးယူထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

အင်ဂျင်နီယာချုပ် နှစ်ဦးအပါအဝင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထိပ်တန်း အရာရှိများကို ဧပြီလဆန်းပိုင်းတွင် ဌာနပြောင်းရွှေ့ ခြင်း၊ တာဝန်မှ အနားပေးခြင်းတို့ ပြုလုပ်ခဲ့သည် ဆိုသည့် သတင်းများနှင့် စပ်လျဉ်း၍ The Voice ၏ မေးမြန်းမှုကို ၄င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်ပြီး အုပ်ချုပ်မှုနည်းလမ်း အရ အရေးယူရန် လိုအပ်သူများကို ဌာနဆိုင်ရာ စည်းမျဉ်းများအရ အရေးယူပြီး ဖြစ်သော်လည်း မည်သို့အရေးယူသည် ဆိုသည်ကို လတ်တလော မထုတ်ပြန်နိုင်သေးကြောင်း ဦးရဲထွဋ်က ထပ်လောင်းပြောကြားသည်။

ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်အပြီး ဌာနဆိုင်ရာ ဝန်ထမ်းများကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့ရာတွင် ယင်းစစ်ဆေးမေးမြန်းမှုများ ပြီးဆုံးပါက သတင်းထုတ်ပြန်ပေးမည်ဟု ပြောကြား ထားသော်လည်း ယခုအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

"ဆက်သွယ်ရေး လုပ်ငန်းက ဆက်လက် ဆောင်ရွက်ရန်များ ရှိနေသေးတဲ့အတွက် ထုတ်ပြန်ခြင်း မပြုသေးပါဘူး" ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး တစ်ဦးလည်း ဖြစ်သူ ဦးရဲထွဋ်က ရှင်းပြသည်။

ဧပြီလဆန်းပိုင်းက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ်နှစ်ဦး နှင့် ဒုတိယအထွေထွေ မန်နေဂျာ အဆင့်ရှိ အရာထမ်းများ အပါအဝင် ဝန်ထမ်း အများအပြားကို တာဝန်မှ အနားပေးခြင်း၊ ဌာန ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆက်သွယ်ရေးနှင့် နီးစပ်သော အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလအတွင်း မိုဘိုင်းလ်ဖုန်း ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ရေးတွင် သမ္မတရုံးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့အကြား သဘောထား ကွဲလွဲမှု များရှိခဲ့ပြီး ဌာနဆိုင်ရာ စည်းကမ်းများ ချိုးဖောက် လုပ်ဆောင်မှုများ ရှိသည်ဆိုသော သတင်းများ ဆက်တိုက်ထွက်ပေါ် ခဲ့ကာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်ခဲ့သလို ဌာနဆိုင်ရာ ဝန်ထမ်း အများအပြားကို ခေါ်ယူစစ်ဆေးခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

သတင်း.... The Voice Weekly

06 May 2013

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ NLD ဗဟိုအလုပ်အမှုဆောင်များ တရုတ်သို့သွားမည်


NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များအပါအဝင် ပါတီဝင် ၁၂ ဦးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီးသွားရောက်မည်ဖြစ်ကြောင်း သိရှိရ သည်။
ခရီးစဉ်မှာ မေလ ၈ ရက်မှ ၁၈ ရက်အထိဖြစ်ပြီး ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ဦးညီပု နှင့် ဒေါ်နန်းခင်ထွေးမြင့်တို့မှ ဦးဆောင်ကာ သွားရောက်မည်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှု တွင် အသက် ၆၀ အောက် များကို ဖိတ်ကြားခြင်းဖြစ်ကာ လူကြီးနှင့် လူငယ် အဖွဲ့နှစ်ဖွဲခွဲ၍ သွားရောက် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၀ ရက်ကလည်း တရုတ်ကွန်ြ့မူနစ်ပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နှင့် တိုင်းရင်းသားစည်းလုံး ညီညွှတ် ရေးပါတီတို့ ရှစ်ရက်ကြာလေ့လာရေးခရီး သွားရောက်ခဲ့သေး သည်။
ထို့အပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သမ္မတရုံးဝန်ကြီးဦးစိုးသိန်း တို့အပြင် အခြားသော ထိပ်တန်းခေါင်ဆောင်များလိုက်ပါပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်သို့ မေလ ၂ဝ ရက်နေ့ဝန်းကျင်တွင် သွားရောက်ဖွယ် ရှိကြောင်း AFP သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။
သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ သွားရောက်ခဲ့ ခြင်းမှာ ကုလသမဂ္ဂညီလာခံ တက်ရောက်ရန်အတွက်သာ ဖြစ်သောကြောင့် ယခုခရီးစဉ် သည် ၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာ နိုင်ငံ၏ ခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီမြို့တော်သို့ ပထမဆုံး အကြိမ် လာရောက်လည်ပတ်သော ခရီးစဉ်တစ်ခုဖြစ်လာမည် ဖြစ်ကြောင်း သိရှိရသည်။

သတင်း......  transparencymyanmar

အင်္ဂလိပ်စာဘာသာရပ်အား အခြေခံပညာတတိယတန်းမှပင် စတင်သင်ကြားပေးတော့မည်ဖြစ် ကြောင်း

အင်္ဂလိပ်စာဘာသာရပ်အား အခြေခံပညာတတိယတန်းမှပင် စတင်သင်ကြားပေးတော့မည်ဖြစ် ကြောင်း သိရသည်။

ယင်းသို့သင်ကြားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိနေပြီဖြစ်သော်လည်း မည်သည့်ပညာသင်နှစ် တွင်စတင်သင်ကြားမည်ကို မပြောနိုင်သေးကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အေ၊ ဘီ၊ စီကစပြီး အင်္ဂလိပ်စာဘာသာရပ်ကို တတိယတန်းကပဲ စာသင်ရတော့မှာ ဖြစ်ပါတယ်။ မူကြိုတန်း၊ ပထမ၊ ဒုတိယတန်းတို့မှာတော့ သက်ဆိုင်ရာတိုင်းရင်းသားဘာသာစာပေ ဥပမာ-မြန်မာ ဆိုရင် မြန်မာစာ၊ ရှမ်းဆိုရင် ရှမ်းစာ၊ ရခိုင်ဆိုရင် ရခိုင်စာဆိုပြီး ကိုယ့်ဘာသာစာပေကို သင်ကြရမှာ ဖြစ်ပါတယ်" ဟု အဆိုပါတာဝန်ရှိသူက ထပ်မံပြောသည်။

အင်္ဂလိပ်စာကို တတိယတန်းတွင်မှ စတင်သင်ကြားစေခြင်းသည် ပညာရေးပြုပြင်ပြောင်းလဲမှုများမှ တစ်ခုဖြစ်ပြီး အခြေခံပညာမူလတန်းအောက်အဆင့်တွင် မိခင်ဘာသာစာပေကို တစ်ပြိုင်နက်သင်ကြား နေခြင်းသည် ကလေးများအတွက် အခက်အခဲဖြစ်စေနိုင်သောကြောင့် ယခုကဲ့သို့ပြောင်းလဲ သင်ကြား စေခြင်းဖြစ်နိုင်သည်ဟု အမှတ် (၃) အခြေခံပညာဦးစီဌာနမှ တာဝန်ရှိသူတစ်ဦးက ယင်း၏ယူဆချက် ကို ပြောသည်။

ယင်းနှင့်ပတ်သက်၍ အမျိုးသားပညာရေးဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်မြမြစန်းက "အင်္ဂလိပ်စာ ကို အခြေခံပညာ မူလတန်း (သူငယ်တန်း) ကတည်းက စသင်သင့်တယ်။ အင်္ဂလိပ်စာကို အထင်ကြီး လို့တော့မဟုတ်ဘူး။ လူရာဝင်အောင်လို့၊ နိုင်ငံတကာသုံးအင်္ဂလိပ်စာကို ငယ်ငယ်ကတည်းကသင်မှ ကျွန်မတို့ရဲ့ ကလေးတွေ သူများထက် နောက်မကျမှာ" ဟုပြောသည်။

ယခုလက်ရှိတွင် အင်္ဂလိပ်စာဘာသာရပ်၏ သင်ရိုးများကိုပြောင်းလဲရေးဆွဲနေပြီဖြစ်ကြောင်း၊ အင်္ဂလိပ် စာကို တတိယတန်းမှစ၍ သင်ကြားရသော်လည်း ယင်းအတန်းရှိကလေးများ၏ သင်ယူနိုင်မှုစွမ်းရည် ပေါ်မူတည်၍လည်းကောင်း၊ ဆက်လက်သင်ကြားသွားမည့် အတန်းများအတွက်ပါ ကိုက်ညီသော သင်ရိုးများကို ပြောင်းလဲရေးဆွဲသွားမည်ဖြစ်သည်။

The Yangon Time Daily

အိမ်ဖော်မလေးကို ညှင်းဆဲပြီး မျက်နှာကိုကျဉ်ပွေ့ နဲ့ ထုတဲ့ အိမ်ရှင်အမျိုးသမီးကိစ္စ စံနမူနာဖြစ်ရေးအတွက် ထိရောက်ပြင်းထန်စွာ အရေးယူရန်လို




အိမ်၌ ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူ ထားခြင်းခံရသော နွမ်းပါးအိမ် ဖော်မိန်းကလေးတစ်ဦးအား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက် အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင်အမျိုးသမီးဖြစ်သူ တင်တင်ရီမှ နေ့စဉ်ဆိုသလို ညှင်းဆဲမှုများပြုလုပ်ခဲ့ပြီး အလုပ် ကို အကြောင်းပြ၍ အိမ်ဖော်ဖြစ် သူ မတင်တင်ထွေး အသင်(၁၈) နှစ်အား အိမ်ရှင်ဒေါ်တင်တင်ရီ မှ ရိုက်ပုတ်နှိပ်စက်ခဲ့ရာ အိမ်ဖော် ဖြစ်သူမတင်တင်ထွေးမှာ နှုတ် ခမ်းကွဲ၊ ဘယ်ညာမျက်လုံးညိုမဲစွဲ၊  ညာမျက်လုံးဖူးရောင်၊ ဘယ်မျက် လုံးသွေးခြေဥသည့်အပြင် အခြား သော ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ယင်းအိမ်ရှင် အမျိုးသမီးအား စံနမူနာအဖြစ် ပြင်းထန်ထိရောက်စွာ အရေးယူ ရန်လိုကြောင်း တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်းဆွေကဆိုသည်။
““ကျွန်မနေပြည်တော်မှာ ရောက်နေတုန်း ဒီအိမ်ဖော်မလေး ကို အိမ်ရှင်အမျိုးသမီးက မတရား ရိုက်ပုတ်ညှင်းဆဲတာကိုသိရပြီး သက်ဆိုင်ရာတွေနဲ့ အမြန်ဆက် သွယ်ပြီး အဲဒီအိမ်ဖော်မလေးကို ကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်မသိရသလောက် ဒီအိမ်ဖော် မလေးကို အိမ်ရှင်အမျိုးသမီးက ငွေတစ်ထောင်ခိုးတယ်၊ ရေမချိုး ဘူး၊ ပန်းကန်မဆေးဘူး၊ တံမျက် စဉ်းမလှဲဘူးစတဲ့ အကြောင်းပြ ချက်တွေနဲ့ ရိုက်နှက်ခဲ့တာ သိရ သလောက် ဒီကလေးစရောက်တဲ့ နေ့ကစပြီး နှိပ်စက်တာ၊ ကလေး ကို ကယ်ဖို့တာမွေစခန်းကတာဝန် ရှိသူတွေသွားတော့လည်း အိမ် ရှင်အမျိုးသမီးက တံခါးလုံးဝမဖွင့် ပေးဘဲ တံခါးဖွင့်တဲ့အခါ နှိပ်စက် ခံထားရတဲ့ အိမ်ဖော်မလေးက တာဝန်ရှိသူတွေဆီပြေးပြီး အကူ အညီတောင်းတာကိုတောင် အိမ် ရှင်အမျိုးသမီးက လက်နဲ့ကာ ထားသေးတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဖို့လိုပါတယ်။ ဒီအမျိုး သမီးကို ထိထိရောက်ရောက် အရေးယူတာက စံနမူနာ တစ်ခု ဖြစ်သွားရင် ဒီလို အဓမ္မညှင်းဆဲ မှုတွေ လျာ့သွားနိုင်ပါတယ်””ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေး ကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ ကဆိုသည်။
အဆိုပါ အိမ်ဖော်မလေး အား အိမ်ရှင်အမျိုးသမီးမှ မ တရားညှင်းဆဲမှုနှင့်ပတ်သက်၍အရေး ယူဆောင်ရွက်ထားရှိမှု အခြေအနေအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်၊ စခန်းမှူး ရဲအုပ်ကျော် ကျော်ခိုင်တို့အား Hot News  မှ တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း ယင်းအမျိုးသမီးအား အချုပ် တွင်း ထိန်းသိမ်းထားကြောင်း၊ စခန်းမှ ပုဒ်မ-၂၉၄၊ ၃၂၆၊ ၃၂၅၊ ၄၃၂ (ပ)၁၈၅/၁၃ ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ နှိပ်စက်ခံရ သော အိမ်ဖော်အမျိုးသမီးလေး ၏ ပြောပြမှုအရ အိမ်ရှင်ဖြစ်သူ မှာ အလုပ်မလုပ်သည်ကို အကြောင်းပြ၍ ငရုတ်ကျည်ပွေ့ ဖြင့် မျက်နှာသို့ထုကြောင်း၊ ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်းမအင်္ဂါစပ်အားလည်း ဆေး လိပ်မီးနှင့်ထိုးထားကြောင်း၊ ရင် ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့်ထုကြောင်း သိရှိခဲ့ သည်။


သတင်း....  Hot News




02 May 2013

ဥက္ကံဖြစ်ရပ်မှန်(ရုပ်သံ)

ဥက္ကံဖြစ်ရပ်မှန်(ရုပ်သံ) Eleven Media Group 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွန်ဂိုလီးယားခရီးစဉ် (ရုပ်သံ၊ ဓာတ်ပုံ)


ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆု လက်ခံရယူပွဲ ရုပ်သံ
http://www.youtube.com/watch?v=02bBxPxA3nE
မွန်ဂိုလီးယားနဲ့ မြန်မာလွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရှေးရှုရာလမ်း”  ဟောပြောပွဲ ရုပ်သံ

26 April 2013

ကိုမောင်မောင်ကြီး ဘ၀ပုံရိပ် တစိတ်တပိုင်း

 

ကိုမောင်မောင်ကြီး ( ၁၉၆၃ - ၂၀၁၃ )
ကိုယ်ရေးအတ္ထုပတ္တိ

ကိုမောင်မောင်ကြီးကို အဖ ဦးအုန်းဖေ နှင့် အမိ ဒေါ်ညွန့်ရီတို့မှ ၁၉၆၃ ခုနှစ်၊ ဇန္န၀ါရီလ(၁၇) ရက်နေ့တွင် ရန်ကုန်တိုင်း ၊ ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်း(၈)ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။ ၁၉၆၉ ခုနှစ်မှစ၍ ရန်ကင်းမြို့နယ် ၊ အလယ်တန်း ကျောင်း (အ လ က ၃) တွင် ပညာ စတင်ဆည်းပူးခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကင်းမြို့နယ် အထက်တန်း ကျောင်း (အ ထ က ၂) သို့ ပြောင်းရွှေ့ပြီး ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ လုပ်သားများ ကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ပညာဆက်လက်ဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီ နည်းပြသင်တန်း ၊ လမ်းစဉ်လူငယ် ခေါင်းဆောင်နှင့်မွမ်းမံသင်တန်း အပြင် အလုပ်သမားအစည်းအရုံး ရုံးစီမံခန့်ခွဲမှု ပညာရပ်များကိုသင်ယူခဲ့သည်။

ကျောင်းသားဘဝ ကတည်းမှစ၍ စာပေ၀ါသနာပါသောကြောင့် မြန်မာစာပေများ ၊ ဒုတိယကမ္ဘာစစ်ဆိုင်ရာ စာပေများ၊ အလုပ်သမားစာပေများအပါအ၀င် တော်လှန်စာပေများအား လေ့လာဆည်းပူးခဲ့သည်။ လုပ်သားများ ကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ပညာသင်နေရင်း ရန်ကင်းမြို့နယ် ၊ ရက်ကွက်စာကြည့်တိုက်တွင် လည်း အတွင်းရေးမှူးအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်ခဲ့သည်။ ပညာသင်နေရင်း လုပ်ငန်းခွင်များ ၀င်ရောက်လုပ်ကိုင်စဉ် ၁၉၈၈ ခုနှစ် မတ်လ ကျောင်းသား (ကိုဖုန်းမော်) လှုပ်ရှားမှုအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး (၁၉၈၈) ခုနှစ် မြန်မာတနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးတွင် တာဝန်ကျရာ အခန်းဏ္ဍမှ တက်ကြွစွာပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၈၈ လူထုအရေးတော်ပုံမတိုင်မီအထိ မြန်မာ့ရေနံ ကော်ပိုရေးရှင်းရုံးဝန်ထမ်း ၊ ရန်ကင်းမြို့နယ် ကြက်ခြေနီ တပ်စုမှူး နှင့် လုပ်သားများကောလိပ် အလုပ် အမှု ဆောင်အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် စစ်အစိုးရ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)၏ စစ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ်အား တိုက်ဖျက်ရန်အတွက် တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အခြေခံဒေသသို့ ထွက်ခွါလာခဲ့သည်။
လွတ်မြောက်နယ်မြေသို့ရောက်ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) သို့ မွန်ပြည်နယ် ၊ ဘုရားသုံးဆူဒေသ ၊ တပ်ရင်း (၁၀၂)မှ စတင်ဝင်ရောက်ကာ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)တွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တပ်ရင်းစည်းရုံးရေးအဖွဲ့ဝင် ၊ စခန်း ကော်မတီအတွင်းရေးမှူး (၂) ၊ အမှတ် (၁၀၂)တပ်ရင်းမှူး ၊ စခန်းကော်မတီ ဒုတိယ ဥက္ကဌ ၊ နယ်မြေကော်မတီ အတွင်းရေးမှူး နှင့် မကဒတ ဒုတိယအကြိမ်ညီလာခံသက်တမ်းအတွင်း ဗဟိုကော်မီတီဝင် ၊ ဗဟိုလုပ်ငန်း စစ်ဆေးရေးဌာနအတွင်းရေးမှူးအဖြစ်လည်းကောင်း ၊ ၄င်းနောက် တပ်ရင်း (၂၀၉)သို့ပြောင်းရွှေ့ပြီးနောက် တတိယအကြိမ်ညီလာခံသက်တမ်းအတွင်း ကျောင်းသား တပ်မတော် စစ်ရုံးချုပ် ရုံးအုပ်ကြီးအဖြစ် လည်းကောင်း ၊ ၁၉၉၆ခုနှစ် ပေါင်းစည်းရေးညီလာခံ သက်တမ်းကာလအတွင်း ဗဟိုကော်မတီဝင် ၊ ဌာနချုပ် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
သက္ကရာဇ်(၂၀၀၀)ခုနှစ်မှစ၍ ကွယ်လွန်ချိန်အထိ ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုတွင် ဗဟိုဦးဆောင်ကော်မတီဝင်အဖြစ် ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုတွင်လည်း မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေး ၊ စစ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ်မှာပင် ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ လူထုစည်းရုံးရေး ၊ ရုံးစီမံခန့်ခွဲရေး အပါအ၀င် အခြားသော ပညာရပ်များကိုလေ့လာဆည်းပူးကာ နိုင်ငံတကာတက္ကသိုလ်များမှ အသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။ ၄င်းအပြင် မိမိတတ်ကျွမ်းသောပညာရပ် များကို သင်ကြားပို့ချသည့် ကျောင်းဆရာ ၊ သင်တန်းဆရာအဖြစ်လည်း နှစ်ပေါင်းမျာစွာ ဆောင်ရွက်ခဲ့သည်။


မကွယ်လွန်မိအချိန်အထိ Children Development Center ပညာရေးကော်မတီတွင် ဒုတိယ ဥက္ကဌအဖြစ် လည်းကောင်း ၊ ခလေးအခွင့်အရေးကာကွယ်စောင့်ရှောက်မှုကော်မတီတွင် တွဲဖက်အတွင်း ရေးမှူးအဖြစ် လည်းကောင်း ၊ Suwannimit Foundation တွင် ဆပ်ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။


၂၀၁၁ ခုနှစ်မှစ၍ အသည်းရောဂါ ဝေဒနာကြောင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းသွားသော်လည်း စစ်အာဏာရှင် များကို အရှုံးမပေး လက်မလျှော့ဘဲ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သည်။

 


၁၉၉၅ခုနှစ်တွင် မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့မှ နော်လေးဒီနှင့် လက်ထပ် ထိမ်းမြားခဲ့သည်။ စောရန်နိုင် နှင့် စောဇင်မင်း သား(၂)ယောက် ထွန်းကားပြီး မကွယ်လွန်မီအချိန်အထိ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခဲ့သည်။
 

ဝေဖန်မယ်ဗျို့ (မင်းကြီးရန်နောင်)


Photo: ဝေဖန်မယ်ဗျို့
မင်းကြီးရန်နောင်

“ခုနစ်စောင်မြောက်မှာ ခုနစ်ရက်သတင်းစာ”

ဧပြီ တစ်ရက်နေ့ ကစလို့ နေ့ စဉ်(သင်္ကြန်တွင်းကလွဲလို့ )
သတင်းစာထွက်ဝယ်ပြီးလက်ဖက်ရည်နဲ့ မြည်းဖြစ်နေတာဧပြီ၂၅ရက်နေ့ 
မှာတော့7Day သတင်းစာထွက်မယ်ဆိုလို့ စောင့်ဝယ်တာနေ
လည်စာတောင်အစာလွန်သွားခဲ့ရပါတယ်။

ဘာပဲပြောပြော7Day သတင်းစာကိုကျုပ်လိုပဲစောင့်
မျှော်အားပေးသူတွေစိတ်မပျက်စေဖို့ ကြိုးစားထားပေး
တဲ့အယ်ဒီတာအဖွဲ့ ကိုတော့ဂျာနယ်နဲ့ 
အသွင်အပြင်တူသယောင်ရှိပေမဲ့ စာမျက်နှာ၂၄မျက်နာမှာ
ဆရာဦးမြင့်၊ ဆရာမောင်သာချိုနဲ့ အကြံပေးလို
့အမည်ဖေါ်ပြထားတဲ့ ဆောင်းပါးရှင်ရဲမိုး(ပုံကတော့ဆရာရဲနိုင်မိုးပုံပဲ)
တို့ အပါအ၀င်ဆောင်းပါးတွေ စာတွေသတင်းတွေ အင်ပြည့်အားပြည့်
ပါနိုင်အောင်တင်ဆက်ထားတာကြိုဆိုချင်စရာပါလို့ ဆိုလိုက်ချင်ရုံမက၊
ဧပြီတစ်မှာရဲဝံ့စွာ ထွက်ပေါ်လာခဲ့လို့ ပေါက္ကံရွှေပြည်က
လူစွမ်းကောင်း(၄)ယောက်နဲ့ တောင်ကျုပ်တင်စားထားခဲ့တဲ့
သတင်းစာလေးစောင်ကတော့လက်ပမ်းမကျတဲ့အပြင်လက်ရည်တောင်
ပိုတက်လာနေချိန်မှာ ဧပြီ၁၇မှာခေတ်သစ် သတင်းစာနဲ့ ဧပြီ၂၀မှာ
MyanmarNewsWeek သတင်းစာတို့ နှစ်စောင်ထပ်မံပွဲ တိုးလာပြီးနောက်
ခုနှစ်စောင်မြောက် ဂျာနယ်အဖြစ် ထွက်ပေါ်လာတာ က7Day Dailyလို
့ခေါ်တွင်တဲ့ ခုနှစ်ရက်နေ့ စဉ်သတင်းစာဖြစ်
လို့ နေသလိုထွက်ရက်ကလည်း၂၅ဆိုတော့ပေါင်းခြင်းက(၇)ခုနှစ်ဖြစ်နေ
သမို့ လပ်ကီးဆဲဗင်းလို့ ကျုပ်ကမြန်မာပီပီ အတိတ်တစ်ဘောင် နိမိတ်ဆောင်
ကာကြိုလိုက်ချင်သဗျာ။

 ရှေ့မှာသတင်းစာတွေကိုကျုပ်ဖတ်ချင်သလိုလေး
အကြံပြုဝေဖန်တင်ပြခဲ့အမှတ်ရကြမယ်ဆိုရင်အနှီး7Day Dailyမှာကသောကြာနေ
၊တနင်္ဂနွေနေ့မျိုးတွေမှာအထူးထုတ်ကဏ္ဍ
အနေနဲ့  နေ့အလိုက် ပုံမှန်ထည့်သွင်း ဖော်ပြသွားမယ့်အစီအစဉ်
အဖြစ်သောကြာနေ့တိုင်းအတွက်သတင်းစာကရုံးပိတ်ရက် စနေ၊
တနင်္ဂနွေနေ့များတွင် အေးအေးဆေးဆေး
ဖတ်ရှုနိုင်မယ့် အကြောင်းအရာ ကဏ္ဍစာမျက်နှာ နှစ်မျက်နှာ
ပါမယ့်အကြောင်းရယ်၊ တနင်္ဂနွေနေ့မှာအင်္ဂလိပ်စာ လေ့လာလိုသူများ
အတွက် အင်္ဂလိပ်စာသင်ခန်းစာ၊ Puzzle
နဲ့  Sudoku ဝါသနာရှင်များအတွက် Puzzle နဲ့  Sudoku တွေပါမှာဖြစ်ကြောင်း ရယ်
ကြိုကြိုတင်တင်ကျေညာမောင်းခတ်ထားတာမျိုး ကျုပ်ကြိုက်ကို ကြိုက်လိမ့်မယ်ဆိုတာ
မိတ်ဆွေတောင် ဟာကိန်းထုတ်နိုင်မှာသေချာရဲ့ ။

 7Day အပတ်စဉ်ထုတ် ဂျာနယ်ထွက်နေကျ ဗုဒ္ဓဟူးနေ့မှာတော့ ဂျာနယ်နဲ့ 
အတူ သတင်းစာအပါ နှစ်မျိုးပေါင်းပုံစံသစ်နဲ့ထုတ်မှာဖြစ်ပါသတဲ့။
ဒါကလက်ရှိချန်ပီယံ ကိုယှဉ်ပြိုင်ဖို့ ကြိုးဝိုင်းပေါ်တက်
လာတဲ့အသည်းကောင်းလို့ ပွဲတောင်း သူတို့ အပေါ် ကျုပ်ရဲ့ နှတ်ဆက်သြဘာပေါ့ဗျာ။

7Dayထွက်တဲ့ရက်မှာThe Voiceအပါအ၀င်အပတ်စဉ်ထုတ်ဂျာနယ်ဘ၀ကတည်းက
မိတ်ဆွေဟောင်းတွေအနေနဲ့ ကလည်းမိမိတို့ သတင်းစာကိုမိမိတို့ ရဲ့ 
အကောင်းဆုံးပုံစံတွေရအောင်အားထုတ်တင်ဆက်ရင်း
နှတ်ဆက်သြဘာပေးခဲ့ကြမှာပါပဲ။သတင်းစာတစ်စောင်များဆို
ဝိရီယပိုပိုနဲ့ ညနေစောင်းကတည်းကကို ဖြန့်ချီစောင့်ကြိုသတဲ့။
ကျုပ်ဖြင့်ငယ်ထိပ်သွေး စောင့်တက်သလို စိုးရိမ်စိတ်ပိုသွားရပါရဲ့
နောက်များဆို သတင်းစာတွေ သူ့ ထက်ငါစောအောင် တစ်ရက်ကြို
ထွက်ကြလေ မလားလို့ ပါဗျာ...။

ထပ်ဆုံပါဦးမယ်။
မင်းကြီးရန်နောင် 
ဝေဖန်မယ်ဗျို့
မင်းကြီးရန်နောင်
“ခုနစ်စောင်မြောက်မှာ ခုနစ်ရက်သတင်းစာ”

ဧပြီ တစ်ရက်နေ့ ကစလို့ နေ့ စဉ်(သင်္ကြန်တွင်းကလွဲလို့ )
သတင်းစာထွက်ဝယ်ပြီးလက်ဖက်ရည်နဲ့ မြည်းဖြစ်နေတာဧပြီ၂၅ရက်နေ့ 
မှာတော့ 7Day သတင်းစာထွက်မယ်ဆိုလို့ စောင့်ဝယ်တာနေ
လည်စာတောင် အစာလွန်သွားခဲ့ရပါတယ်။

ဘာပဲပြောပြော7Day သတင်းစာကိုကျုပ်လိုပဲစောင့်
မျှော်အားပေးသူတွေစိတ်မပျက်စေဖို့ ကြိုးစားထားပေး
တဲ့အယ်ဒီတာအဖွဲ့ ကိုတော့ဂျာနယ်နဲ့ 
အသွင်အပြင်တူသယောင်ရှိပေမဲ့ စာမျက်နှာ၂၄မျက်နာမှာ
ဆရာဦးမြင့်၊ ဆရာမောင်သာချိုနဲ့ အကြံပေးလို
့အမည်ဖေါ်ပြထားတဲ့ ဆောင်းပါးရှင်ရဲမိုး(ပုံကတော့ဆရာရဲနိုင်မိုးပုံပဲ)
တို့ အပါအ၀င်ဆောင်းပါးတွေ စာတွေသတင်းတွေ အင်ပြည့်အားပြည့်
ပါနိုင်အောင်တင်ဆက်ထားတာကြိုဆိုချင်စရာပါလို့ ဆိုလိုက်ချင်ရုံမက၊
ဧပြီတစ်မှာရဲဝံ့စွာ ထွက်ပေါ်လာခဲ့လို့ ပေါက္ကံရွှေပြည်က
လူစွမ်းကောင်း(၄)ယောက်နဲ့ တောင်ကျုပ်တင်စားထားခဲ့တဲ့
သတင်းစာလေးစောင်ကတော့လက်ပမ်းမကျတဲ့အပြင်လက်ရည်တောင်
ပိုတက်လာနေချိန်မှာ ဧပြီ၁၇မှာခေတ်သစ် သတင်းစာနဲ့ ဧပြီ၂၀မှာ
MyanmarNewsWeek သတင်းစာတို့ နှစ်စောင်ထပ်မံပွဲ တိုးလာပြီးနောက်
ခုနှစ်စောင်မြောက် ဂျာနယ်အဖြစ် ထွက်ပေါ်လာတာ က7Day Dailyလို
့ခေါ်တွင်တဲ့ ခုနှစ်ရက်နေ့ စဉ်သတင်းစာဖြစ်
လို့ နေသလိုထွက်ရက်ကလည်း၂၅ဆိုတော့ပေါင်းခြင်းက(၇)ခုနှစ်ဖြစ်နေ
သမို့ လပ်ကီးဆဲဗင်းလို့ ကျုပ်ကမြန်မာပီပီ အတိတ်တစ်ဘောင် နိမိတ်ဆောင်
ကာကြိုလိုက်ချင်သဗျာ။

ရှေ့မှာသတင်းစာတွေကိုကျုပ်ဖတ်ချင်သလိုလေး
အကြံပြုဝေဖန်တင်ပြခဲ့အမှတ်ရကြမယ်ဆိုရင်အနှီး7Day Dailyမှာကသောကြာနေ
၊တနင်္ဂနွေနေ့မျိုးတွေမှာအထူးထုတ်ကဏ္ဍ
အနေနဲ့  နေ့အလိုက် ပုံမှန်ထည့်သွင်း ဖော်ပြသွားမယ့်အစီအစဉ်
အဖြစ်သောကြာနေ့တိုင်းအတွက်သတင်းစာကရုံးပိတ်ရက် စနေ၊
တနင်္ဂနွေနေ့များတွင် အေးအေးဆေးဆေး
ဖတ်ရှုနိုင်မယ့် အကြောင်းအရာ ကဏ္ဍစာမျက်နှာ နှစ်မျက်နှာ
ပါမယ့်အကြောင်းရယ်၊ တနင်္ဂနွေနေ့မှာအင်္ဂလိပ်စာ လေ့လာလိုသူများ
အတွက် အင်္ဂလိပ်စာသင်ခန်းစာ၊ Puzzle
နဲ့  Sudoku ဝါသနာရှင်များအတွက် Puzzle နဲ့  Sudoku တွေပါမှာဖြစ်ကြောင်း ရယ်
ကြိုကြိုတင်တင်ကျေညာမောင်းခတ်ထားတာမျိုး ကျုပ်ကြိုက်ကို ကြိုက်လိမ့်မယ်ဆိုတာ
မိတ်ဆွေတောင် ဟာကိန်းထုတ်နိုင်မှာသေချာရဲ့ ။

7Day အပတ်စဉ်ထုတ် ဂျာနယ်ထွက်နေကျ ဗုဒ္ဓဟူးနေ့မှာတော့ ဂျာနယ်နဲ့ 
အတူ သတင်းစာအပါ နှစ်မျိုးပေါင်းပုံစံသစ်နဲ့ထုတ်မှာဖြစ်ပါသတဲ့။
ဒါကလက်ရှိချန်ပီယံ ကိုယှဉ်ပြိုင်ဖို့ ကြိုးဝိုင်းပေါ်တက်
လာတဲ့အသည်းကောင်းလို့ ပွဲတောင်း သူတို့ အပေါ် ကျုပ်ရဲ့ နှတ်ဆက်သြဘာပေါ့ဗျာ။

7Dayထွက်တဲ့ရက်မှာThe Voiceအပါအ၀င်အပတ်စဉ်ထုတ် ဂျာနယ်ဘ၀ကတည်းက
မိတ်ဆွေဟောင်းတွေအနေနဲ့ ကလည်းမိမိတို့ သတင်းစာကိုမိမိတို့ ရဲ့ 
အကောင်းဆုံးပုံစံတွေရအောင်အားထုတ်တင်ဆက်ရင်း
နှတ်ဆက်သြဘာ ပေးခဲ့ကြမှာပါပဲ။ သတင်းစာတစ်စောင်များဆို
ဝိရီယပိုပိုနဲ့ ညနေစောင်းကတည်းကကို ဖြန့်ချီစောင့်ကြိုသတဲ့။
ကျုပ်ဖြင့်ငယ်ထိပ်သွေး စောင့်တက်သလို စိုးရိမ်စိတ်ပိုသွားရပါရဲ့
နောက်များဆို သတင်းစာတွေ သူ့ ထက်ငါစောအောင် တစ်ရက်ကြို
ထွက်ကြလေ မလားလို့ ပါဗျာ...။

ထပ်ဆုံပါဦးမယ်။
မင်းကြီးရန်နောင်

22 April 2013

မြန်မာအမျိုးသမီးငယ်များကြား ယမကာယဉ်ကျေးမှု များပြားလာ

မူးယစ်ရီဝေ လာပါက အဖော် ယောက်ျားလေး ကို ကုန်းပိုးခိုင်း စေလိုခြင်း နှင့် ငို၍ ကောင်းသောကြောင့် ဘီယာ နှင့် ဆိုဂျူ အရက်များ သောက်သုံး ကြသည်ဟု ဆိုသည့် ကိုရီးယားလှိုင်း ၏ ရိုက်ခတ်မှု သည် မြန်မာ မိန်းကလေး တစ်ချို့ အတွက် ဖက်ရှင် ကျသည့် လူငယ် သဘာဝ တစ်ခု ဖြစ်လာခဲ့ပါပြီ။ အမျိုးသား များနှင့် ရင်ပေါင်တန်း မည့် တန်းတူ ညီမျှ အခွင့်အရေး ဟူသော အသုံးအနှုန်း ကို တွယ်ကျယ်စွာ ပြောဆို လာကြပြီး နောက်ပိုင်းတွင် ယမကာ သောက်သုံးခြင်း သည်လည်း အမျိုးသမီးများ ကိုယ်ပိုင် အခွင့်အရေး တစ်ရပ်ဟု လက်ခံ ယူဆ လာကြသည်။

ရန်ကုန်မြို့တော် တွင် ၁၉ လမ်း ကဲ့သို့ အရက်ဆိုင်တန်း များ၌ အမျိုးသား များကြား ၀ိုင်းဖွဲ့ သောက်သုံး နေသည့် အမျိုးသမီးများ အပြင် မိန်းကလေးများ အုပ်စုဖွဲ့ သောက်သုံး နေကြသည့် မြင်ကွင်း များကိုလည်း နေ့စဉ် မြင်တွေ့ ရမည် ဖြစ်သည်။ ဘီယာဆိုင် ကြီးများ ၊ နိုက်ကလပ်များ ၊ ပါတီပွဲများ မှာလည်း အမျိုးသမီးငယ် များ ဘီယာ ၊ အရက် သောက်သုံး လာကြ သည်ကို တွေ့မြင် နိုင်ပါသည်။ အမျိုးသမီး တို့အနေဖြင့် အရက် အလွန်အကျွံ သောက်သုံး မိပါက နီးစပ်သူ အမျိုးသား များနှင့် မှားယွင်းမှုများ ဖြစ်ပေါ် တတ်သည့် သာဓက အချို့လည်း ရှိခဲ့ပြီး အများစု ကတော့ အပျော် သဘောဖြင့် သရုပ်မပျက် သောက်သုံး ကြတာသည်က များသည်။

အမျိုးသမီး များက အမျိုးသား တို့နှင့် ရင်ပေါင်တန်း ၍ အရက်သေစာ သောက်သုံး လာကြခြင်း ၏ အဓိက အကြောင်း အရင်းများ ထဲတွင် ကိုရီးယား ဇာတ်လမ်းတွဲ များ ထိပ်ဆုံးမှ ပါဝင်လျက် ရှိသည်။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့စရိုက် အတွင်း လူငယ်လူထု များအကြား ပျံ့နှံ့မှု ပိုမို များပြားကာ ဘီယာ ၊ အရက် နှင့် ဆိုဂျူ သောက်သုံးခြင်း ၊ မူးယစ် လာပါက ငိုကြွေးခြင်း ၊ ယောက်ျားလေး ကို ကုန်းပိုးခိုင်းခြင်း စသည့်တို့ကို လည်း လုပ်ဆောင် လာကြသည်။ ညဥ့်နက်မျ မူးပြီး အိမ်ပြန်လာသည့် ဇာတ်ဝင်ခန်း များ ၊ အိမ်ထောင်ရေး ဖောက်ပြန်သည့် ဇာတ်ရှုပ်များ ကလည်း ကိုရီးယား ဇာတ်လမ်းတွဲ တိုင်းလိုတွင် ပါဝင်လျက် ရှိနေသည်။ ယခင် အရက်ဆိုင် ၊ ဘီယာဆိုင် ရှေ့မှ ဖြတ်လျှောက် လျှင်ပင် ခေါင်းငုံ့ကာ ခပ်သွက်သွက် လျှောက်လှမ်း ကြသည့် မြန်မာ မိန်းကလေး များက ယခုအခါ ဘီယာဆိုင် များအတွင်း ၀င်ထိုင် နေကြပြီ ဖြစ်သည်။ ယောက်ျားလေး အပေါင်းအသင်း များနှင့် ဘီယာဆိုင် ထိုင်လိုက်ရင်း တစ်ခွက် တစ်ဖလား စမ်းသောက် ကြည့်ရာမှ အရက် သောက်သုံးခြင်း ကို စတင်ခဲ့ ကြလေသည်။

" တစ်ချို့ မိန်းကလေး တွေက အပျော်အပါး သဘောမျိုး နဲ့ သောက်ကြ တာတွေ့ရတယ် ၊ ဥပမာ ၁၉ လမ်း လို နေရာမျိုးကို ကြည့်လေ ဘာပွဲ ညာပွဲ မရှိဘဲနဲ့ကို သောက်နေကြ တယ် ၊ သင်္ကြန် မှာဆိုလည်း အရက် ၊ ဘီယာ သောက်တာ မဆန်းတော့တဲ့ ပုံစံနဲ့ သောက်ကြတာ .... " ဟု လူငယ်တစ်ဦး မှ ပြောဆိုသည်။ ကုမ္ပဏီ ၀န်ထမ်း အမျိုးသမီး များက ပါတီပွဲများ ၊ ညစာစားပွဲ များတွင် လူမှုရေး အရ ၀ိုင်နှင့် ဘီယာ အနည်းငယ် သောက်သုံးသည့် ဓလေ့ ရှိလာကြပြီး တစ်ချို့ အမျိုးသမီး များက ဖက်ရှင် သဘောမျိုး သောက်သုံး လာကြကာ အမျိုးသမီး ငယ်များက သူငယ်ချင်း အပေါင်းအသင်း များနှင့် သွားလာရင်း သောက်ဖြစ် လာခြင်း ဖြစ်သည်။ " သူငယ်ချင်း တွေနဲ့ သွားရင်း မြည်းစမ်း သောက်ကြည့် ရာကနေ သောက်တတ် လာတာပဲ ၊ သောက်ကြည့် လိုက်တော့လည်း ကြိုက်တယ် ၊ အရင်ခေတ် တွေတုန်းကလို အရက်တစ်ခွက် ၀င်ပြီး မိန်ကလေးတွေ အသိစိတ် ပျောက်ကုန်တယ် ဆိုတာမျိုး မဖြစ်တော့ဘူး ၊ တော်ရုံ တန်ရုံ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တယ် .... " ဟု အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။ မြို့နယ်ပေါင်း ၅၀ ကျော်မှ အသက် ၁၈ နှစ်မှ ၆၄ နှစ်အရွယ် လူပေါင်း ၇၀၀၀ ကျော်ကို ကျပန်း ရွေးချယ်၍ သုတေသန တစ်ခု ပြုလုပ်ခဲ့ရာ၌ အမျိုးသား ၁၀၀ တွင် ၄၅ ဦးက အရက် သောက်သုံးပြီး အမျိုးသမီး ၁၀၀ တွင် ၄ ဦး ( လေးရာခိုင်နှုန်း ) က အရက် သောက်သုံး ကြကြောင်း တွေ့ရှိရသည်။

" ဒီ လေးရာခိုင်နှုန်း ဆိုတာက မြို့ပြရော ၊ ကျေးလက်ရော အသက်ကြီး ငယ် အားလုံးနဲ့ အရက် လုံးဝ မသောက်တဲ့ လူတွေကိုပါ ပြုလုပ် ထားတဲ့ သုတေသနပါ ၊ တကယ့်ကို အရက်သောက် နိုင်တဲ့ အများဆုံး အခြေအနေ ရှိတဲ့ အသက် အပိုင်းအခြား ကိုပဲ လေ့လာရင် ဒီထက် အဆပေါင်း များစွာ များနိုင်ပါတယ် ... " ဟု ၄င်းက ပြောသည်။ " အမျိုးသမီး များထဲတွင် အသက် ၃၃ နှစ်မှ ၄၅ နှစ်အထိသည် အများဆုံး ကယားပြည်နယ် ဖြစ်ပြီး သုတေသန ပြုလုပ်ချက် အရ တစ်နှစ်အတွင်း အရက် သောက်သုံးမှုမှာ အမျိုးသမီး ၁၀၀ လျှင် ၃၈ ဦး ရှိကြောင်း တွေ့ရှိရသည်။ အမျိုးသမီးများ အရက် သောက်သုံးမှု ဒုတိယ အများဆုံး မှာ ရှမ်းပြည်နယ် ဖြစ်သည်။ အသက် မပြည့်သေးသည့် ကလေးများ အရက် သောက်သုံးမှု နှင့် ပတ်သက်၍ Strategic First စီးပွားရေး သင်တန်းကျောင်း မှ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အခြေခံ ပညာကျောင်း ၈ ကျောင်း၌ တက်ရောက် နေသော ၈ တန်းမှ ၁၀ တန်းထိ ကျောင်းသူ ၁၀၀ ကျော်အား မေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်း မှုကို ရန်ကုန်မြို့ ရှိ နာမည်ကြီး ကျောင်းများ အပါအ၀င် ဆင်ခြေဖုံးရှိ ကျောင်းများ ကိုပါ ရွေးချယ် မေးမြန်း ထားခြင်း ဖြစ်သည်။ ယောက်ျားလေး များက ကောင်မလေး ကိစ္စနဲ့ သောက်တယ်။ ကောင်မလေး တွေကတော့ သောက်ပြီးရင် ငိုလို့ ကောင်းလို့ ၊ ကောင်လေးကို ကုန်းပိုးခိုင်း ချင်လို့ သောက်တာလို့ ဖြေကြတယ်။ ဆရာမ တွေကို မေးတော့ ကျောင်းမှာလည်း ၀ိုင်ပုလင်းတွေ ယူယူလာလို့ ရုံးခန်းကို ပို့လိုက်ရတယ် ဆိုတာတွေလည်း ရှိနေတယ် .... " ဟု ကျောင်းဆရာမ က ပြောဆိုသည်။ အမျိုးသမီး ငယ်များကို အဓိက ရည်ရွယ်သည့် ဘီယာသောက် ပြိုင်ပွဲ ကဲ့သို့ ပြိုင်ပွဲများလည်း တစ်ချို့ ပါတီပွဲ များတွင် ထည့်သွင်း ကျင်းပလာပြီး အရက် သောက်ဖူးမှ ခေတ်မီသည် ဆိုသည့် ပြောင်းလဲမှု များလည်း လူအများကြား ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ

အလင်းအိမ် မိသားစုမှ ကြီးမှူးကျင်းပတဲ့ မြန်မာနှစ်သစ်ကူး စာပေ ဟောပြောပွဲ (ဆရာအော်ပီကျယ်နှင့် ဆရာမဂျူး)

 
ဆရာအော်ပီကျယ်(ဤခရီးနီးသလား) အသံဖိုင်
အလင်းအိမ် မိသားစုမှ ကြီးမှူးကျင်းပတဲ့ မြန်မာနှစ်သစ်ကူး စာပေ ဟောပြောပွဲအား ယနေ့ ညနေ ၆နာရီခွဲမှ ၉နာရီ ၁၅မိနစ်အထိ ဂျပန်နိုင်ငံတိုကျိုမြို့ Ikebukuro အရပ်ရှိ Kokaido Hall၌ ကျင်းပခဲ့သည်..။ အဆိုပါစာပေ ဟောပြောပွဲသို့ ပြည်တွင်းမှ နာမည်ကြီး စာရေးဆရာများဖြစ်သည့် ဆရာအော်ပီကျယ်နှင့် ဆရာမဂျူးတို့မှ ဟောပြောကြသည်..။

 ဆရာမဂျူးမှ စာပေ၏ အခန်းကဏ္ဍ နှင့် ဆရာအော်ပီကျယ်မှ ဤခရီးနီးသလား ခေါင်းစဉ်များဖြင့် ဟောပြောသွားခဲ့သည်..။ 
 နှစ်သစ်ကူးစာပေဟောပြောပွဲသို့ တိုကျိုမှ စာပေဝါသနာရှင် ၂၀၀ကျော်ခန့် တက်ရောက်ကြသည်...။

အသံဖိုင်.. ဓာတ်ပုံ.. ဒီမိုဝေယံ 

ဆရာမဂျူး (စာပေ၏ အခန်းကဏ္ဍ)ရုပ်သံ 

အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် 
 ဆရာအော်ပီကျယ်(ဤခရီးနီးသလား) အသံဖိုင်
ဆရာမဂျူး (စာပေ၏ အခန်းကဏ္ဍ) အသံဖိုင်
 

20 April 2013

''သမီးမေခလာသိန်း''အထည် ဆိုင်ပိုင်ရှင်နှင့် ဆိုင်ရှိဝန်ထမ်းနှစ်ဦး ကို ၁၁-၄-၂ဝ၁၃ ရက်နေ့ နေ့လည်(၂)နာရီတွင် ဝင်ရောက်ရှာဖွေဖမ်းဆီး

 
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ ဘေးဘက်တန်းတွင် ဆိုင်ခန်းအမည် '' သမီးမေခလာသိန်း'' အထည်အလိပ် အရောင်းဆိုင်တွင် နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင်ဟု ခေါ်ဆိုသော ပါတိတ်ထဘီအဆင်များတွင် ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီပုံများကို ရိုက်နှိပ်၍ ပြည်တွင်းဈေးကွက်အတွင်းသို့ စုံစမ်းရောင်းချနေသည်ကို တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရပါတယ် ..

ယင်းဆိုင်သည် မူစလင်ဘာသာဝင်များ၏ ဆိုင်ဖြစ်ပြီး ယင်းသတင်းရရှိမှုအပေါ် သာကေတမြို့နယ် (NLD) ပါတီအဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင် (NLD) ပါတီအဖွဲ့ဝင်တို့မှ သက်ဆိုင်ရာ ဒေသ အာဏာပိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်ခဲ့ပါတယ် ..

မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ ''သမီးမေခလာသိန်း''အထည် ဆိုင်ပိုင်ရှင်နှင့် ဆိုင်ရှိဝန်ထမ်းနှစ်ဦး ကို ၁၁-၄-၂ဝ၁၃ ရက်နေ့ နေ့လည်(၂)နာရီတွင် ဝင်ရောက်ရှာဖွေဖမ်းဆီးထားကြောင်း သက်သေအထောက်အထားပိတ်စများကိုလည်း သိမ်းဆည်းထားပါတယ် ..

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်စေရန်အတွက် NLD ပါတီဝင်များက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်ဟု သိရပြီး မင်္ဂလာတောင် ညွန့်ရဲစခန်းက ယင်းဖြစ်စဉ်နှင့်ပတ်သက်သော အကြောင်းအရာအသေးစိတ်ကို စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိတယ် ..

ဖြစ်ပွါးပုံမှာ သာကေတမြို့နယ်နေထိုင်သူအမျိုးသမီးတစ်ဦးမှ ယင်းပိတ်စများကို ဝယ်ယူခဲ့ပြီး အိမ်ရောက်၍ဖွင့်ကြည့်တော့မှ အတွင်းပိုင်း၌ ဗုဒ္ဓဘာသာ ဘုရားစေတီပုံများ ပါဝင်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ရန်ပြေ ၃ ရပ်ကွက်ရှိ ရပ်ကွက် NLD ရုံးသို့တိုင်ကြားခဲ့ကြောင်း၊ ရပ်ကွက် (NLD) ရုံးမှ အဖွဲ့ဝင်များသည် ပိတ်စရောင်းချနေသည့်ဆိုင်သို့ သွားရောက်သောအခါ နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင် ထမိန်ပိတ်စများကို လိုသလောက်ဝယ်ယူနိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် အရှေ့ပိုင်းခရိုင်NLDနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယင်းဆိုင်အား ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 သတင်း.... မြန်မာနေ့စဉ်သတင်း