24 January 2012
မဲဆောက်ရှိ မြန်မာ့အရေး လုပ်ရှားသူများထဲတွင် ပထမဆုံး ပြည်တော်ပြန်သူရွှေ့ပြောင်းဆရာမဒေါ်စန္ဒာဝင်း

မြန်မာအစိုးရ၏ ဖိတ်ခေါ်မှုကြောင့် ထိုင်း-မြန်မာ နယ်စပ်မဲဆောက်အခြေစိုက် ရွှေ့ပြောင်းမြန်မာ ပညာရေးဌာနမှ ဆရာမ ဒေါ်စန္ဒာဝင်းသည် ယနေ့ ညနေပိုင်းက မဲဆောက်-မြ၀တီလမ်းကြောမှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သွားသည်။
ဒေါ်စန္ဒာဝင်းက “အစိုးရရဲ့ ဖိတ်ခေါ်မှုကြောင့် ကျမ ပြန်တာပါ။ မပြန်ခင် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကိုလည်း အဆက်အ သွယ် လုပ်ခဲ့ပါတယ်။ အဓိက ကျမတို့မိသားစု ပြန်လည်ပေါင်းစည်းရေးအတွက် ပြန်တာပါ။ ဒီဘက်မှာရှိတဲ့ နိုင်ငံရေးအခြေအ နေတွေကိုတော့ လောလောဆယ် ဘာမှတ်ချက်မှ မပေးလိုပါဘူး။ မြန်မာနိုင်ငံထဲ ပြန်ရောက်မှပဲ နိုင်ငံရေးခံစားချက်တွေကို ပြောတော့မယ်။”ဟု ဆိုသည်။
ဒေါ်စန္ဒာဝင်းသည် မဲဆောက်ရှိ မြန်မာ့အရေး လုပ်ရှားသူများထဲတွင် ပထမဆုံး ပြည်တော်ပြန်သူဖြစ်ပြီး သူမပြန်မည့်အကြောင်း ကို လုပ်ဖေါ်ကိုင်ဘက်များအား ကြိုတင်အသိပေးခဲ့ပြီးနောက် ခင်ပွန်းသည်ဖြစ်သူ ဦးမြင့်ဦးက လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ဒေါ်စန္ဒာဝင်းသည် မဲဆောက်တွင် မြန်မာနိုင်ငံ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကော်မတီ CPPCR တွင် ရုံးအုပ် အဖြစ်လည်းကောင်း၊ မြန်မာရွှေ့ပြောင်းကျောင်းဆရာများအဖွဲ့ BMTA ၌ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အမေ့အိမ်နှင့် လှည်းဘီးကျောင်းများတွင် ကျောင်းဆရာမ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ဒေါ်စန္ဒာဝင်း၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သည့် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်က “သူမပြန်ခင် ကျမကိုပြောတာက အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် လည်း ရွေးကောက်ပွဲဝင်တော့ မယ်။ မြန်မာနိုင်ငံမှာ လည်း နိုင်ငံရေးအရ ပြောင်းလဲမှုတွေရှိလာတဲ့အတွက် ပြန်တာလို့ ပြောပါတယ်။ ကျမအမြင် ကတော့ မြန်မာ့အရေး လုပ်မဲ့သူတွေဟာ သူတို့ ကျွမ်း ကျင်ရာဘာသာအလိုက် ဘယ်မှာပဲလုပ်လုပ် အခက်အခဲမရှိနိုင်ဘူးလို့ ထင်တယ်။”ဟု ပြောသည်။
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မကွေးတိုင်း အမျိုးသမီးဥက္ကဌ ဒေါ်စန္ဒာဝင်းသည် ပြည်ပတွင် မြန်မာ့ဒီမိုကရေစီ ရရှိ ရေးအတွက် ပိုမို ဆောင်ရွက်နိုင်ရန် ထိုင်း-မြန်မာနယ်စပ်သို့ ၂၀၀၅ခုနှစ်က ထွက်လာခဲ့ပြီးနောက် ပညာရေးဌာနတွင် ၇နှစ်ခန့် လုပ်ကိုင်ပြီး ယနေ့တွင် ပြည်တော်ပြန်ခြင်းဖြစ်သည်။
သမတဦးသိန်းစိန်က ပြည်ပရောက် မြန်မာများကို ပြန်တော်ပြန်ရန် ဖိတ်ခေါ်ခဲ့ပြီးနောက် ၅လခန့်အကြာတွင် ထိုင်းနိုင်ငံအခြေ စိုက် မြန်မာ့အရေးလှုပ်ရှားသူများက မြန်မာသံရုံးနှင့်ဆက်သွယ်ကာ မြန်မာနိုင်ငံသို့ အပြီးအပိုင် ပြန်သွားသူများနှင့် ခေတ္တ ပြန် သွားသူများ အရေအတွက်မှာ ၁၅ဦးခန့်ရှိပြီး ဖြစ်သည်။
သတင်း .....(ကေအိုင်စီ)

ဇန္နဝါရီလ ၂၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈၊၉၆၊၉၈ ကျောင်းသားများ တွေ့ဆုံ

ဇန္နဝါရီလ ၂၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈၊၉၆၊၉၈ ကျောင်းသား လူငယ်ဘဝနှင့်ဖြတ်သန်းပြီး အကျဉ်းထောင်အသီးသီးတွင်ကျခံခဲ့သောသူများ ဖြစ်ကြပြီး စုစုပေါင်း (၃၅) ဦး ဖြစ်ကြပြီး ၉၈-၉၉ မှ ကျောင်းသား (၇)ဦးပါဝင်ခဲ့ပါသည်.။ ၁နာရီနှင့် ၁၅မိနစ်ကြာမြင့်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ် ။
ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။
တကယ့်ကို ရဲရင့်သော မျိုးချစ်အာဇာနည် ရဟန်းတော်တစ်ပါးအတွက် အမြဲဂုဏ်ယူလျှက်ပါ။

22-1-12 နေ့ ၊ နံနက်(၁၀း၃၀)တွင် မစိုးရိမ်တိုက်သစ် နာယက (၁၃)ပါးနှင့် အတူ ဆရာတော် ဦးဝိစိတ္တသာရ (ဦးဝီရသူ) သည် ကံဆောင် သိမ်ဝင် မည် ဖြစ်သည်။
ပြန်လည်ဝေမျှပေးသော ကိုရဲရင့်ကျော် အားကျေးဇူးတင်ရှိပါသည်.။
လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသော သံဃာတော်အရှင်သူမြတ်(၄၁)ပါးအား ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပြု

ယနေ့နံနက် ၉နာရီတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတော်အရှင်သူမြတ်အပါး (၄၁)ပါးအား ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပွဲအခမ်းအနားကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ အနော်ရထာလမ်း အတွင်းရှိ မကွေးပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အရှင်ဂမ္ဘီရ (မဂ္ဂင်ကျောင်း)အပါအဝင် သံဃာအပါး(၄၁)ပါးမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရွှေဝါရောင်အရေးခင်းတွင် ပါဝင်ခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော သံဃာတော်များဖြစ်သည်။
‘အားလုံးက မေတ္တာတရားတွေနဲ့ချည်း သွားကြမယ်။ တစ်ဖက်က ဒီမိုကရေစီပေးနေပြီ တစ်ဖက်ကလဲ စစ်မှန်တဲ့ ဒီမိုကရေစီတွေကို ထပ်တောင်းဆိုနေကြပြီ။ ဒီမိုကရေစီချင်းဆိုတာ မတူစရာအကြောင်းမရှိပါဘူး။ အားလုံးတူညီလို့ရှိရင် ပေါင်းသင်းလို့ရတာချည်းပါပဲ။ ဖြူစင်တဲ့ သန့်ရှင်းတဲ့ အစိုးရကြီးပေါ်ပေါက်လာပါစေလို့ ဘုန်းကြီးတို့ မျှော်လင့်ပါတယ်’ ဟုမကွေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန ဦးပါမောက္ခ မှ မိန့်ကြားသည်။
ထို့နောက် အရှင်ဂမ္ဘီရမှ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီနိုင်ငံတစ်ခုမှာ နိုင်ငံရေးအကျဉ်းသားလုံးဝမရှိကြောင်း အကယ်၍ရှိခဲ့ပါက နိုင်ငံရေးမငြိမ်မသက် ဖြစ်တတ်ကြောင်း ထိုသို့သောအကြောင်းအရာများ မရှိသေးပါက စစ်မှန်သော ဒီမိုကရေစီနိုင်ငံတစ်ခုဟု သတ်မှတ်၍ မရကြောင်း အရှင်ဂမ္ဘီရမှ မိန့်ကြားသည်။
‘လူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်နေတယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်လို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံဒီမိုကရေစီရေး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးတွေ ဆက်ပြီးတော့ အလုပ်လုပ်သွားကြမယ် ’ဟု အရှင်ဂမ္ဘီရ မှ မိန့်ကြားသည်။
အခု လာရှိုးထောင်ကလွတ်လာပြီး မြင်နေရတဲ့ အနေအထားအရ အများကြီးတိုးတက်မှုလမ်းကြောင်းတွေပေါ် ရောက်လာပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အခုလိုပွဲမျိုး ကျွန်တော်မကြုံဘူးပါဘူး။ အခု ကျွန်တော်တို့ ရောင်နီပျပျမြင်နေရပါပြီ။ ကျွန်တော်မေတ္တာရပ်ခံပါတယ်။ အားလုံးကိုလည်း မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ နောက်ပြန်မဆုတ်ကြပါနဲ့။ အစောကမြင်နေရတဲ့ ရောင်နီပျပျလေး ပိုပြီးတော့ လင်းလာအောင် ပိုပြီးတော့ မြင်ရအောင် ကျွန်တော်တို့ စုပေါင်းပြီးတော့ ချီတက်ကြပါစို့လို့ပြောချင်ပါတယ် ’ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းဇေယျမှပြောသည်။
အဆိုပါအခမ်းအနားအား ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရရှိရန်နှင့် အကျဉ်းသားများ လွတ်မြောက်ရန် ရည်ရွယ်၍ တစ်မိနစ် ငြိမ်သက်ခြင်းအပါအဝင် အစီအစဉ်(၉) ရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် တက်ရောက်သူ ဦးရေ ၂၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
သတင်းများပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

ဒေါ်အောင်ဆန်းစုကြည် မှ ကချင် စစ်ပြေးဒုက္ခသည်များ ဆီသို့ .....

အခု ကျွန်မအနေနဲ့ ကချင်ဒုက္ခသည်တွေ အထူးသဖြင့် ဒီဒုက္ခသည်တွေထဲက အမျိုးသမီးတွေနဲ့ကလေးတွေကို
ဦးတည်ပြီးတော့ ကျွန်မ ပြောချင်ပါတယ်။အခု အချိန်မှာ ဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ မငြိမ်မသက်မှုတွေကြောင့်
မို့လို့ ငြိမ်းချမ်းရေး မရှိတာ ကြောင့်မို့လို့ ဒုက္ခသည် အများအပြားဟာ ကိုယ့် အိုးအိမ်ကို စွန့်လွှတ်ပြီးတော့ ထွက်ပြေးနေရတယ်ဆိုတာကျွန်မတို့ကြားပါတယ်။ဒီလိုပြေးနေရလို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုအမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်(ဗဟို)က သိန်းသုံးရာ၊ပြည်နယ်ကနေပြီးတော့ (၁၃)သိန်းထောက်ပံ့ခဲ့ ပါ တယ်။ဒါပေမယ့်လည်း ဒါဟာ လိုအပ်တာထက် စာလို့ရှိရင် အင်မတန်မှ နည်းတဲ့ ထောက်ပံ့မှုမျိုးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။
အဲ့ဒါ ကြောင့်မို့လည်း ကျွန်မတို့ ထပ်ပြီးတော့ ကြိုးစားပြီးတော့ ၀ိုင်းဝန်းပြီးတော့ ကူညီပါ့မယ်။ အခုအချိန်မှာ ကျွန်မအဓိကပြောချင်တဲ့ စကား ကတော့ မျှော်လင့်ချက်ကိုလက်မလွှတ်ပါနဲ့။ကျွန်မတို့ နိုင်ငံဟာ တစ်ချိန်တစ်ခါမှာအင်မတန်မှ ငြိမ်းချမ်းပြီးတော့ ညီညွှတ်တဲ့ ပြည်ထောင်စုတစ်ခုဖြစ်ဖို့ ကျွန်မတို့ အားလုံးကြိုးစားနေပါတယ်။အဲ့ဒီတစ်ချိန်တစ်ခါကလည်း ဟိုး … အဝေးကြီးမှာလို့ ကျွန်မတို့ ဒီလို မမြင်ပါဘူး။အတက်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင်လုပ်ပါမယ်။
ဒီကြားထဲမှာ ကျွန်မတို့ရဲ့ ဒုက္ခသည်များ အထူးသ ဖြင့် အမျိုးသမီးတွေနဲ့ကလေးတွေကို စာနာတယ်လို့
ကျွန်မပြောတာကို အမျိုးသားတွေက စိတ်မဆိုးကောင်းပါဘူးနော်။အဲ့ဒီ တော့ ကျွန်မတို့ အမျိုးသမီးတွေ
နဲ့ ကလေးတွေဟာ ဒီလိုအေးတဲ့ ရာသီမှာ ကိုယ့်အိမ်မှာ နွေးနွေးထွေးထွေးမနေနိုင်ပဲနဲ့ လမ်း ဘေး ကိုယ့်အိမ်
မဟုတ်တဲ့နေရာတွေမှာဖြစ်သလိုနေနေရတယ်ဆိုတာ ကျွန်မတို့ အများကြီးစာနာတာ သိစေချင်ပါတယ်။
ကျွန်မတို့ဟာ ရန်ကုန်မှာနေပြီးတော့ အေးအေးချမ်းချမ်း လုံလုံခြုံခြုံနဲ့ နေရတယ်ဆိုပေမယ့် ကျွန်မတို့ နိုင်ငံက
ပြည်သူ ပြည်သားတွေ အားလုံး မလုံခြုံ သရွေ့ တကယ်တော့ ကျွန်မတို့လည်း မလုံခြုံပါဘူး။လုံခြုံမှုဆိုတာ
ခွဲခြားလို့ မရပါဘူး။ တစ်တိုင်းပြည်လုံး လုံခြုံမှာ ပြည်သူလူထု တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ လုံခြုံမှုကို
လည်း စိတ်ချရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့ ဒီအချိန်မှာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို ကြိုးစားပြီးတော့ ထပ်မံပြီးတော့ ကျွန်မတို့
ကူညီ ထောက်ပံ့ပါ့မယ်။ကျွန်မတို့ရဲ့ ကူညီထောက်ပံ့မှုတွေ မလုံလောက်တာကိုလည်း ကျွန်မတို့ကိုခွင့်လွှတ်ပါလို့
ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့လည်း ရှိတဲ့ ရန်ပုံငွေတွေနဲ့ စုဆောင်းပြီးတော့လုပ်ရတာပါ။
ဒီလို လိုချင်သလောက် ကျွန်မတို့ လုပ်ပေးချင်သလောက် မလုပ်ပေးနိုင်ပေမယ့်လည်း ကျွန်မတို့ရဲ့ မေတ္တာတွေ
က အတိုင်းအဆမရှိဖြစ်ပါတယ်လို့ ပြောချင် ပါတယ်။မေတ္တာရော ကရုဏာရော စာနာမှုရော အထူးသဖြင့် ကျွန်မ
တို့ ပြည်ထောင်စုကြီးဟာ တစ်နေ့တစ်ချိန်တစ်ခါမှာ အားလုံး လုံခြုံနိုင်မယ့် ပြည်ထောင်စုကြီးဖြစ်ဖို့ကို ကျွန်မတို့
တကယ်ပဲ အသည်းထဲ နှလုံးထဲကနေပြီးတော့ ဆုတောင်းလျက် ရှိပါတယ်။
ခုဒုက္ခသည်တွေထဲမှာလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိပါလိမ့်မယ်။ဘာလူမျိုးပဲဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်
ကိုးကွယ် ဒါတစ်မြေထဲနေ တစ်ရေထဲသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေမို့လို့ အားလုံးဟာ ကျန်းမာ
ချမ်းသာစွာနဲ့ မိမိတို့နေအိမ်ကိုပြန်နိုင်ပါစေလို့ ကျွန်မ အခုဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
ဒီမိုဖက်တီး အားကျေးဇူးတင်ရှိပါသည်.။

23 January 2012
ဖဒိုမန်းငြိမ်းမောင်အား လွှတ်ပေးရန် အစိုးရစဉ်းစား

လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူခြင်းခံထားရသည့် ဖဒိုမန်းငြိမ်းမောင်ကို ပြန်လည်လွှတ်ပေးရန် စဉ်းစားသွားမည်ဟု ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပထမအဆင့်အနေဖြင့် အရေးယူအပြစ်ဒဏ် ချမှတ်ခြင်းကို ခံရမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်လည်စဉ်းစား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
KNU တာဝန်ရှိတစ်ဦးက ဖဒိုမန်းငြိမ်းမောင်အပြင် ဖမ်းဆီးထောင်ချထားသော KNU အဖွဲ့ဝင်များကိုလည်း ပြန်လည်လွှတ်ပေးရန် အစိုးရထံ တောင်းဆိုသွားမည်ဟု ပြောကြားသည်။
ယင်းတောင်းဆိုမှုသည် KNU နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးနောက် တောင်းဆို လိုက်ခြင်း ဖြစ်သည်။
ဖဒိုမန်းငြိမ်းမောင်ကို တရုတ်ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ သာထူးဇော်အမည်ဖြင့် ဝင်ရောက်လာစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်း၏နိုင်ငံကူးလက်မှတ်အား စစ်ဆေးရာတွင် တံဆိပ်အတုများ ရိုက်နှိပ်ထားသည်ကို တွေ့ရှိရသည့်အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ၊ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်း ထောင်ဒဏ် တစ်နှစ်ကို မင်္ဂလာဒုံတရားရုံးမှ အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မင်္ဂလာဒုံမြို့နယ် တရားရုံးမှ ဖဒိုမန်းငြိမ်းမောင်အားဆက်လက်စစ်ဆေးရာတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ တပ်မပာာ(၆)တွင် လည်းကောင်း၊ KNU အထူးတပ်ရင်း (၁၀၀) ဝမ်မဂိတ်တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် KNU ဗပိာုညီလာခံ ကော်မတီ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်ပာု စစ်ဆေးတွေ့ရှိရသည့်အတွက် တရားရုံးမှ မတရားအသင်း အက်ဥပဒေဖြင့် ဆက်လက်တရားစွဲဆိုရန် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင်မှုကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာရေးအတွက် နိုင်
ငံရေးအင်အားစုများက တောင်းဆိုလာသည့်အတွက် အစိုးရကလည်း ပြန်လည်စိစစ်လျက်ရှိသည်။
သတင်း....yangonchronicle

ခရမ်းမြို့နယ်တွင် အားကစားဖွင့်ဖြိုးတိုးတက်စေရန်မြို့မိမြို့ဖများမှကော်မတီ တစ်ခုဖွဲ့စည်းခဲ့ပါ သည်။ခရမ်းကော်မတီမှငွေကြေးသိန်းပေါင်းများစွာစိုက်ထုတ်၍ အာကစားကွင်းနှင့် အားကစားရုံ ကိုပြုပြင်ခဲ့ပါသည်။
ထိုအခါ အုပ်ချုပ်ရေးမှူး ဦးတင်မြင့်မှ ကော်မတီတွင်နာယကအဖြစ်ဆောင် ရွက်ပြီးအား/ကာမှာ အစဉ်အဆက်
ငွေကြေးအရှုပ်အရှင်းများရှိနေပါသဖြင့် အုပ်ချုပ်ရေးဌာနမှငွေကြေးဝင်ရောက်ကိုင်တွယ်သုံးစွဲခြင်း မည်သည့်လွှမ်းမိုးမှုမှပြုလုပ်မည် မဟုတ်ကြောင်း ပထမ ဆုံးအစည်းအဝေးပွဲပြောကြားခဲပါသည်။
ဆက်လက်၍အား/ကာ ပြင်ဆင်မှုများအတွက် ရက်ကွက် ၁၂ရက်ကွက် ၊ကျေးရွာ ၅၄ရွာအုပ်ချုပ်ရေးမှူးများ ထံမှ ၁၄၁ သိန်းကောက်ခံပေးမည်ဟု ကတိစကားပြေားကြားခဲပါသည်။ ထို့ကြောင့် အား/ကာ ကော်မတီမှငွေကြေးများစိုက်ထုတ်၍ ပြင်ဆင် မှုများပြုလုပ်ပြီး မြို့နယ်ပညာရေးမှူးဖလား U-10 နှင့်
အုပ်ချုပ်ရေးမှူးဖလား U-23 ဘောလုံးပွဲများ ကျင်းပနိုင်ကြပြီ ဖြစ်ပါသည်။
ပြိုင်ပွဲကျင်းပနေစဉ် မြို့မိမြို့ဖများအား ကြီးကြပ်ရေးကော်မတီ ဆိုပြီးလွှမ်းမိုးမှု စတင်ခဲပါသည်။ မြို့မိမြို့ဖကော်မတီများ အားအသိမပေးပဲဒေသခံဒိုင်များအား တာဝန်မှ ရပ်နားခြင်း၊ ဆုချီးမြှင့်မည့်ဆုံးဖြတ်ချက်များကို ပယ်ဖျက်ခြင်း ၊ ကွင်းဝင်ခွင့်လက်မှက်များကို ပယ်ဖျက်ခြင်း၊အထွထွေ အုပ်ချုပ်ရေးမှူးမှ ကိုယ်ပိုင်လက်မှတ်များကိုရိုက်နှိပ်ထုတ်ဝေရောင်း ချခြင်း စသည့် မတရားမှုများကိုစတင်လုပ်ဆောင်လာခဲ့ပါသည်။နေရာတိုင်းတွင် တာဝန်နှင့် လုပ်ကိုင်ခွင့် ဆိုတာရှိပါသည်။
စစ်တပ်တွင်ရှိသလိုပြည်သူလူထုတွင် လည်းရှိကြောင်း ဗိုလ်ကြီးဟောင်းအုပ်ချုပ်ရေးမှူးဦးတင်မြင့် သိဟန်မတူပါ။ လက်မှတ် ဘယ်လောက်ရိုက်သည် ၊ဘယ်လောက်ရောင်းရသည် ၊ ငွေကြေးမည်မျှရသည်ကို အား/ကာ ကော်မတီနှင်မြို့မိမြို့ဖများ အား အသိပေးခြင်း မပြုပဲ ထင်ရာစိုင်းကာ အာဏာပါဝါပြ၍မတရားသဖြင့် နိုင့်ထက်စီးနင်း ပြုနေ ပါသည် ။အား/ကာကော်မတီမှစိုက်ထုတ်ငွေများကိုလည်း ပြန်လည်ပေးအပ်ခြင်း မပြုသေးပါ ။ ကော်မတီမှရမည်ဆိုသော ၁၄၁ သိန်းအနက်မှ ၂၀၂၅၀၀၀ (သိန်း၂၀ကျော်)သာရရှိခဲပါသည်။
ကျန်သောငွေကြေးများ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကိုလည်း မသိရပါ ၊ထို့ကြောင့် အုပ်ချုပ်ရေးမှူး ဦးတင်မြင့် မတရားသဖြင့် ကိုယ်ကျိုးရှာလာဘ်စားနေမှုအား နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့်ပြည်ထဲရေး ၀န်ကြီး ဌာန တို့ သိစေရန် ခရမ်းမြို့မှ အသိပေးတိုင်ကြား အပ်ပါသည်။ ကြိုက်သ လိုမေး ကြိုက်သလိုစစ် ရိုက်မစစ်ပဲဖြေမည့် --- ဒီမိုကရေစီခရီးလမ်းမှ ဆူးကြမ်းများကို ဖယ်ရှားပေးပါရန် ရဲဝံ့စွာ တိုင်ကြားအပ်ပါသည်။
(ခရမ်းသားများ)

၈၈ မျိုးဆက်ကျောင်းသားများသတင်းစာရှင်းလင်းပွဲတွင်အချက်၉ ချက်ပါရှိသည့် သဘောထားကြေညာချက်ကို ထုတ်ပြန်

၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲယနေ့မွန်းလွဲ ၂ နာရီမှစတင်ကျင်းပပြီး သတင်းစာရှင်းလင်းပွဲတွင်အချက်၉ ချက်ပါရှိသည့် သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ပေးပို့ပေးသော ဖိုးရှုပ်လေး အားကျေးဇူးတင်ရှိပါသည်.။
21 January 2012
ဒီဗွီဘီ ငွေကြေးအလွဲသုံးစားလုပ်သူ( ၂ ) ဦး နံမည်နှင့်တကွ ငွေစာရင်းများ၊ သက်သေ အထောက်အထားများ ပေါ်ကုန်ပါပြီး

ငွေကြေးအလွဲသုံးစားလုပ်ပြီး ဘတ်ငွေ နှစ်သန်းခုနစ်သိန်းဖြင့်၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဘန်ကောက်မြို့ နေအိမ်
၁။ ဒီမိုကရက်တစ်မြန်မာ့အသံ ပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်သူများက လုပ်ငန်းအတွက် သတ်မှတ်ပေးထားသော အဖွဲ့အစည်းပိုင် ငွေများကို အလွဲသုံးစားပြုလုပ်နေကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ အုပ်ချုပ်ရေး တာဝန်ရှိသူများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူးတို့က အထောက်အထားအခိုင်အမာ တွေ့ရှိခဲ့သည်။ ငွေကြေးစီမံခန့်ခွဲရေး အပါအဝင် မြန်မာပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်တာဝန်ယူသူ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန္ဒ၊ ကိုမျိုးကြီး) နှင့် ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့နှစ်ဦးသည် မမှန်ကန်သော ငွေစာရင်းများတင်ပြကာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက် အဖွဲ့ပိုင်ငွေကြေးများကို မတရားရယူနေကြောင်း သက်သေ အထောက်အထားများအရ သိရသည်။ ထို့ကြောင့် ယမန်နှစ် စက်တင်ဘာလက ထိုငွေကြေးအလွဲသုံးစားမှုကို အုပ်ချုပ်ရေး တာဝန်ရှိသူများက ဘုတ်အဖွဲ့သို့တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့က အဆိုပါ ငွေကြေးအလွဲသုံးစားမှုကို တာဝန်ယူ စုံစမ်းဖော်ထုတ်ခဲ့သည်။
၂။ လွတ်လပ်၍ သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုကို ဦးတည်သောအားဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် လက်ထောက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့သည် စုံစမ်းစစ်ဆေးမှု ပြီးသည်အထိ စီမံခန့်ခွဲရေးတာဝန်မှ ယာယီရပ်နားပြီး အသံလွှင့်လုပ်ငန်းပိုင်းကိုသာ တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း ဒီဗွီဘီ စီမံခန့်ခွဲရေးကို တာဝန်ယူရန် ယာယီ ဦးဆောင်ညွှန်ကြားမှူးအဖြစ် ဦးဟန်ညောင်ရွှေနှင့် ယာယီရုံးအုပ်ချုပ်ရေးမှူးအဖြစ် Ms. Vibeke Hermanrud တို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။
၃။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှားရမ်းခဲ့သည်။ နော်ဝေး နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အခြေစိုက်သော PwC ရုံးခွဲများမှ စုံစမ်းစစ်ဆေးရေးမှူး ခြောက်ဦးသည် ယမန်နှစ် နိုဝင်ဘာလဆန်းမှစ၍ စုံစမ်းစစ်ဆေးခဲ့သည်။ အော်စလိုမြို့ ဒီမိုကရက်တစ်မြန်မာ့အသံ ရုံးချုပ်ရှိ ဝန်ထမ်းများကို ပထမမေးမြန်းပြီး ငွေစာရင်းများ၊ သက်သေ အထောက်အထားများကို စစ်ဆေးခဲ့သည်။ နော်ဝေး PwC ရုံးမှ စစ်ဆေးရေးမှူးနှစ်ဦးနှင့် ထိုင်းနိုင်ငံ PwC ရုံးမှ စစ်ဆေးရေးမှူး တဦးတို့က နိုဝင်ဘာလလယ်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း စုံစမ်းစစ်ဆေးခဲ့သည်။
၎။ ယခုအခါ PwC က ၎င်းတို့စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက တွေ့ရှိချက်များထဲတွင် အောက်ပါအချက်များ ပါဝင်သည်။
(က) ဒီမိုကရက်တစ်မြန်မာ့အသံ၏ ပြည်တွင်း သတင်းလုပ်ငန်း ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီးကြပ်နေသော အော်စလိုအခြေစိုက် တာဝန်ခံ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန္ဒ၊ ကိုမျိုးကြီး) နှင့် ပြည်တွင်းသတင်းလုပ်ငန်းအတွက် ငွေကြေးကို မဲဆောက်မှ ကြီးကြပ်သူ ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့ နှစ်ဦးမှာ အလွဲသုံးစားလုပ်သူများ ဖြစ်ကြောင်း PwC အစီရင်ခံစာ က ထောက်ပြထားသည်။
(ခ) အလွဲသုံးစားလုပ်ခဲ့သည်ဟု PwC က အတည်ပြုသော ငွေပမာဏမှာ နော်ဝေးငွေ ကရောင်း ၂,၂၁၈,၁၄၁၊ (အမေရိကန်ဒေါ်လာ ၃၆၉,၀၇၅၊ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံးစား ပြုလုပ်ခံရသော ငွေများမှာ ပြည်တွင်းနှင့် မဲဆောက်ရုံးတာဝန်ကျ သတင်းထောက်နှင့် ဝန်ထမ်းများ၏ လစာငွေများ၊ ဖမ်းဆီးခံထားရသော ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်များ၏ မိသားစုများအတွက် ပေးသော ထောက်ပံ့ငွေများ၊ ရုံးခန်းငှားခများနှင့် လုပ်ငန်း လည်ပတ်စရိတ်အတွက် သတ်မှတ်ပေးထားသော ငွေများဖြစ်သည်။
(ဂ) အလွဲသုံးစားလုပ်၍ စုဆောင်းရရှိသော ငွေများဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အိမ်များ၊ တိုက်ခန်းများ၊ မော်တော်ယာဉ်များ၊ မြေကွက်များ ဝယ်ယူထားသည့်အပြင် လောင်းကစားနှင့် အခြား စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။
(ဃ) အကျဉ်းထောင်အသီးသီးတွင် ထောင်ချခံခဲ့ရသည့် ဒီဗွီဘီ သတင်းထောက်များနှင့် မိသားဝင်များအတွက် ထောက်ပံ့ငွေများကိုအလည်း အလွဲသုံးစား လုပ်ခဲ့ကြသည်။
၅။ အလွဲသုံးစားငွေများထဲမှ ဘတ်ငွေ နှစ်သန်းခုနစ်သိန်းဖြင့် ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထားသော ဘန်ကောက်မြို့ရှိ အိမ်တလုံးကို ဒီမိုကရက်တစ်မြန်မာ့အသံက ပြန်လည်သိမ်းယူထားပြီးဖြစ်သည်။ ကျန်နေသေးသော အထက်ဖော်ပြပါ ပစ္စည်းများကို သိမ်းယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်။
၆။ စုံစမ်းစစ်ဆေးမှု စတင်ကတည်းက ဖော်ပြပါ အလွဲသုံးစား လုပ်သူများသည် သူတို့အပေါ် နိုင်ငံရေး လုပ်ကြံမှုဖြစ်ကြောင်း ကောလာဟလသတင်းများ လွှင့်ခဲ့သည်။ ပြည်တွင်းသတင်း ကွန်ရက်တွင် တာဝန်ထမ်းဆောင်နေသော သတင်းထောက်များနှင့် နိုင်ငံရေးအဖွဲ့များအကြား သတင်းမှားများ ဖြန့်ချိကာ ဒီမိုကရက်တစ်မြန်မာ့အသံ အကွဲအပြဲဖြစ်သယောင် လုပ်ဆောင်နေသည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက်များ၏ စွန့်စားလုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားသည့် “Burma VJ” မှတ်တမ်းတင် ရုပ်ရှင်ကား အမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သော အဖွဲ့ကို တည်ထောင်ထားသည်။ ထို့အပြင် ဒီမိုကရက်တစ်မြန်မာ့အသံက ထုတ်ပေးထားသော ပစ္စည်းကိရိယာများ၊ ဒီမိုကရက်တစ်မြန်မာ့အသံ မူပိုင်ဖြစ်သော archive ဗွီဒီယို၊ ဓာတ်ပုံနှင့် အခြား အရေးကြီး သတင်းအချက်အလက်များကိုလည်း ပြန်လည်အပ်နှံခြင်းမရှိဘဲ သိမ်းယူထားဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ္စည်းများအား အလွဲသုံးစား လုပ်ထားခြင်းအပေါ် ဆက်လက် အရေးယူဆောင်ရွက်သွားမည်။
၇။ အခက်အခဲများစွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့အသံတွင် ဆက်လက် တာဝန်ထမ်းဆောင်နေသော ပြည်တွင်းသတင်းကွန်ရက်မှ သတင်းထောက်များအားလုံးကို ချီးကျူးဂုဏ်ပြုပါသည်။ အဖြစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပြန်လည်လက်တွဲလုပ်ကိုင်လိုသော ဒီဗွီဘီ သတင်းထောက်များအားလုံးကို ဖိတ်ခေါ်ပါသည်။
၈။ ဘုတ်အဖွဲ့က ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ကို ၎င်းတို့ယာယီနုတ်ထွက်ထားသော ရာထူးများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးများတွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက အသီးသီး ပြန်လည်ခန့်အပ်ထားပြီး ဖြစ်သည်။
ဆက်သွယ်ရန်
1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ harald.bockman@sum.uio.no, +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့အသံရှေ့နေ၊ ev@gmco.no, +47 92 88 67 79
3. ဦးအေးချမ်းနိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ acn@dvb.no, +47 91107743
4. ဦးခင်မောင်ဝင်း၊ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး၊ kmw@dvb.no, +47 45276649
ဇန်နဝါရီလ (၂၀) ရက်နေ့၊ ၂၀၁၂ ခုနှစ်။ အော်စလိုမြို့
သတင်း......ဒီမိုကရက်တစ်မြန်မာ့အသံ

ယခု ချိန်ထိ တောင်သူလယ်သမားတွေကို မတရားတာတွေ လုပ်နေတုန်းပါလား...
သို့ /
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ
အကြောင်းအရာ ။ ။ တောင်သူလယ်သမားများ၏ လယ်ယာထွက်သီးနှံများအား ၀ယ်ယူပြီး
ငွေကြေးကိစ္စလိမ်လည်မှု
ကျွန်တော်ဦးသိန်းဟံ (KYN.၀၈၆၃၆၁) ရန်ကုန်တိုင်း ၊ ခရမ်းမြို့နယ် အိုးဝကျေးရွာနေထိုင်သူနှင့်အပေါင်းအပါ (၂) ဦးကျော်ဦး (KYN.၁၁၁၁၆၇) (၃) ဦးကျော်ဦး (၄) ဦးတင်ရွှေ (၅)ဦးသောင်းကြည်နှင့် (၆) ဦးစောငွေတို့ ထံမှ ကံသာကျေးရွာနေ ကိုလှကျော်ဆိုသူမှ ၁.၂.၂၀၁၁လယ်ယာထွက် ဖရဲသီးများအား တရက်၂ရက်အတွင်းပေးချေမည်ဟုဝယ်သွားပါသည်။သို့သော်၅လခန့်ကြာသည့်တိုင်အောင် ဖရဲငွေမရသည့် အတွက် ကိုလှကျော်နေထိုင်သော ကံသာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သော ဦးအောင်ဆန်းဝင်းထံ တိုင်ကြား၍ တောင်းဆိုခဲ့ပါသည်။ နှစ်ကြိမ် ရက်ချိန်းပေးပါသည် ။ သုံးကြိမ်မြောက်သောအခါ မပေးနိုင်ကြောင်း တိုင်ချင်ရာတိုင်ဟု ဦးလှကျော်မှအုပ်ချုပ်ရေးမှူးရှေ့တွင် ပြောပါသည်။ အုပ်ချုပ်ရေးမှူးမှ ဘုရားပျိုစခန်းမှူးထံတွင် တိုင်ကြားခဲပါသည်။ ဘုရားပျိုစခန်းမှ ခရမ်း မြို့နယ်တရားရုံးသို့ ၆လပိုင်း၁၀ရက်နေ့တွင် ဆက်လက်တိုင်ကြားခဲ့ပါသည်။
အမှုဖွင့်ကာ အရေးယူပါသော်လည်း (၂၀၁၁-ကြီး-အမှုအမှတ် ၁၈၆-ဇွန်လ-၁၀ရက်)နေ့စွဲဖြင့်အမှုဖွင့်ခဲ့ပါသည်။ သို့သော်ယခုတိုင်အောင် ထိရောက်စွာအရေးယူမှု မရှိခဲ့သည့်အပြင် နစ်နာသူကျွန်တော် တို့လယ်သမားများကိုလည်း အမျိုးမျိုးချိန်းဆိုမှုကြောင့် ခရီးစရိတ်နှင့် လုပ်အားများများစွာ နစ်နာလျှက်ရှိပါသည်။အမှုကို တရားရုံးမှ ယခုတိုင် စီရင်ချက်မချဘဲ တရာခံကိုလှကျော်မှာလည်း ယခု တိုင်လယ်သမားများ ထံမှ ဖရဲသီးများကို လက်ငင်းပေးစနစ်ဖြင့် ၀ယ်ယူလျှက်ရှိပါသည်နစ်နာခဲ့ရသော ကျွန်တော်တို့ လယ်သမားများမှာ အစိုးရမှ ဘဏ်ချေးငွေ များ ပြန်လည်တောင်းခံ ချိန်တွင်ငွေကြေးအကျပ်အတည်းများဖြင့် ရင်ဆိုင်တွေကနေရပါသည်။ ထို့ကြောင့် တာဝန်ရှိသူသက်ဆိုင်ရာမှ စစ်ဆေးပြီးထိရောက်စွာအရေးယူရန်တင်ပြအပ်ပါသည်။
ရုံးတွင် တိုင်ကြားခဲ့သည်မှာလည်း (၆)လရှိခဲ့ပြီဖြစ်ပါသော်လည်း မည်သည့်ဆုံးဖြတ်ချက်မှမချပဲ ရုံးချိန်းသာ ခဏခဏခေါ်နေခဲ့ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျွန်တော်တို့ လယ်သမားများဘက်မှ လိုအပ်သလို ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်ခင်ဗျာ။
တိုင်ကြားသူများ
(၁) ဦးသိန်းဟန် (KYN -၀၈၆၃၆၁) -၁၃သိန်း၂သောင်း( ရရှိရန် ကျန်ရှိငွေ)
အိုးဝကျေးရွာ၊ ခရမ်းမြို့ ၊ ရန်ကုန်တိုင်း( ရရှိရန် ကျန်ရှိငွေ)
(၂) ဦးကျော်ဦး (KYN -၁၁၁၁၆၂) -၈သိန်း၇သောင်း( ရရှိရန် ကျန်ရှိငွေ)
(၃) ဦးကျော်ဦး -၄သိန်း၃သောင်း( ရရှိရန် ကျန်ရှိငွေ)
(၄) ဦးတင်ရွှေ -၆သိန်း၆သောင်း( ရရှိရန် ကျန်ရှိငွေ)
(၅) ဦးသောင်းကြည် - ၂သိန်း၃သောင်း( ရရှိရန် ကျန်ရှိငွေ)
(၆) ဦးစောငွေ -၃သိန်း( ရရှိရန် ကျန်ရှိငွေ)

ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို လာရောက်စာရင်းပေးသွင်းရန် NLD တောင်းဆို
အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရေးနှင့် ပတ်သက်၍ တောင်းဆိုသွားရန် ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများကို အမျိုးသားဒီမိုကရေစီပါတီ NLD က စာရင်းပြုစုလျက် ရှိသည်။
နိုင်ငံရေးအကျဉ်းသား ၆၅၀ကျော်လွှတ်ငြိမ်းချမ်းသာခွင့်ကိုလည်း NLD မှတင်ပြထားသော စာရင်းများကို အခြေခံ၍ လွှတ်ပေးခဲ့သည်။
“ကျန်ခဲ့တဲ့သူတွေကို ထပ်လွှတ်ပေးဖို့ ကျွန်တော်တို့တောင်းဆိုသွားမယ်” ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။
ယင်းအကြောင်းများကြောင့် နီးစပ်ရာသိရှိသူများက ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို လာရောက်စာရင်းပေးသွင်းကြရန် NLD မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးနိုင်းနိုင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် မြို့နယ်ထောင်အသီးသီးမှ ကောက်ယူထားသောစရင်းများအရ နိုင်ငံရေးအကျဉ်းသား ၁၇၁ဦး ရရှိထားပြီးပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နာမည်ကြီးနိုင်ငံရေးသမား အနည်းစုသာကျန်ရှိပြီး ပုဒ်မ ၁၇/၁ ဖြစ်ကျခံရသော နိုင်ငံရေးအကျဉ်းသားအမြောက် အများကျန်ရှိနေသေးကြောင်း ဦးနိုင်းနိုင်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ မရှိသင့်တော့ကြောင်း မြန်မာ့နိုင်ငံရေးသမားများက တညီတညွှတ်တည်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်အထက်လွှတ်တော်အမတ် မက်ကော်နဲနှင့်တွေ့ဆုံစဉ် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လည်လွတ်မြောက်လာနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု ပြောကြား ခဲ့သည်။
သတင်း......Yangon Chronicle

20 January 2012
၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းဖွင့်မည်
၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ် ကာ နိုင်ငံရေးလုပ်ငန်းများ ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းနှင့်နီးစပ်သူများ ထံမှ သိရသည်။
၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပူးပေါင်းလုပ်ဆောင်မည် မဟုတ်သော်လည်း ယင်းနှင့်ဝေးကွာသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသည့် နိုင်ငံရေး လမ်းကြောင်းကိုလည်း လျှောက်လှမ်းမည် မဟုတ်ကြောင်း ယင်းတို့၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကို အစဉ်တစိုက်ထောက်ခံမှာပါ။ သူနဲ့ဝေးကွာတဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့ အကြောင်း မရှိပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထွန်းက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် မြန်မာ့နိုင်ငံရေးတွင် မည်သို့သောပုံစံဖြင့် ဆက်လက်လုပ်ကိုင်မည်ကို ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လူစုံတဲ့အချိန်ကစပြီး အစည်းအဝေးတွေ လုပ်နေတာ သုံးခါလောက်ရှိပါပြီ။ ဒါပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက် မရသေးပါဘူး”ဟု ဦးကိုကိုကြီး (စမ်းချောင်း)က ပြောကြားသည်။
မကြာမီ အချိန်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ ဆက်လက်လုပ်ကိုင် ဆောင်ရွက်မည့် နိုင်ငံရေးလမ်းကြောင်းကို ဖော်ပြမည် ဖြစ်ကြောင်း သိရသည်။
သတင်း.... yangonchronicle

19 January 2012
ရွှေညဝါဆရာတော်ကို တလအတွင်း သာဓုကျောင်းတိုက်က ဖယ်ပေးရန် မ.ဟ.န က ယနေ့ ဆုံးဖြတ်လိုက်

"၁၉-၂-၂၀၁၂ ရက်နေ့ (တနင်္ဂနွေနေ့)ညနေ ၁၆း ၃၀ အချိန် နောက်ဆုံးထားပြီး သာဓုကျောင်းတိုက်က ထွက်ခွာပေးပါမည် ဟု ဝန်ခံကတိပြုပါသည် ။ ကျောင်းတိုက်မှ မထွက်ခွာမည် ကာလအတွင်း သာဓုကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သမျှ ကာလပတ်လုံး ပြဿနာ တစုံတရာမဖြစ်ပွားစေရန် သံဃာ့အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာ သီတင်းသုံးနေထိုင်၍ ထွက်ခွာမည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်" ဟု ရေးထားတဲ့ စာရွက်တွင် ဆရာတော် ဦးပညာသီဟက လက်မှတ်ရေးထိုးခဲ့ပြီး နေ့လည် ၂နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ကြီး တည်ရာဌာနမှ ပြန်လည်ထွက်ခွာလာပြီး သာဓုကျောင်းတိုက်သို့ ရောက်ရှိနေပြီ လို့ သတင်းရရှိပါတယ် ။
သတင်း...ဘားမားဗီဂျေ..။
သတင်း...ဘားမားဗီဂျေ..။
မြောင်းမြအကျဉ်းထောင်ကလွတ်မြောက်သောမစန္ဒာမင်း ( ရွှီး )ကလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်

မြောင်းမြအကျဉ်းထောင်က လွတ်မြောက်လာခဲ့သောမစန္ဒာမင်း ( ရွှီး )ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်၊ ကိုယ်စားလှယ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပါမည်.။
Subscribe to:
Posts (Atom)