Showing posts with label ကြေငြာစာတမ်း. Show all posts
Showing posts with label ကြေငြာစာတမ်း. Show all posts

12 January 2010

အသိ။




ဆရာတော်တို့ -

ဆရာတော်တို့နိုင်ငံမှာ သူတို့ရဲ့ဝမ်းစာ -
တစ်ခွက်တာကို
တစ်ဝက်လှူနေတဲ့ -
ဆင်းရဲသားပြည်သူ
အနာဂတ်ပညာရေး -
ရင်လေးစရာကောင်းတဲ့
အသိဥာဏ်မကြွယ် -
ကလေးသူငယ်တွေ
ဗုဒ္ဓစာပေမပေါက် -
အတန်းစာလည်း မမြောက်
သင်ကြားနေစား -
ကျောင်းသားများနဲ့
မိဘမဲ့ဆင်းရဲသား -
ခိုနားစရာ ရှားတဲ့
လူတွေများပြား စောင့်စားနေတယ်။

ကျောင်းသားတို့ -
ကျောင်းသားတို့ရဲ့နိုင်ငံမှာ ပညာရေးနိမ့်ကျ -
စနစ်တကျ မရှိလှတဲ့
ကျောင်းသင်ခန်းစာ -
မရေမရာနဲ့
စာမေးပွဲနီး -
ခိုးချပြီးအောင်
လုပ်ထားတဲ့စနစ် -
နားလည်သင့်ပြီ
ကမ္ဘာ့ကျောင်းသား -
ထိုသူများနဲ့
ပညာအရာယှဉ် -
နှိုင်းဆကြည့်ရင်
ကွန်ပျူတာတစ်လုံး -
လုံးလုံးမှ မမြင်ဖူးတဲ့ ကျောင်းသားတို့ရဲ့ မမျှတတဲ့ ဘ၀ပါ။

ရဲဘော်တို့ - ရဲဘော်တို့နိုင်ငံမှာ ကောက်ကျစ်တဲ့စနစ် -
ဗလပျစ်နဲ့
ခင်ဗျားတို့ရဲ့မိဘ - မောင်နှမပြည်သူ
တိုင်းရင်းသားလူထု -
မျိုးချစ်လူထုနဲ့
သွေးခွဲရန်တိုက် -
စည်းစိမ်ခိုက်နေတဲ့
ပြည်သူတို့ရဲ့ရတနာ -
ကုဋေကုဋာကို
မတရားရယူ -
အပေးအယူအနေနဲ့
ကျွန်စာတမျှ -
ပေးနေကြတဲ့
အာဏာရှင်တစ်စုကို ဆန့်ကျင်ပါ။

ဒါ့ကြောင့် -

နိုင်ငံရေးဆိုတာ ဆွမ်းဒကာ ဆွမ်းအမ အရေးပါ၊
ပညာရေးဆိုတာ သင်တို့ရဲ့ အနာဂတ်ဘ၀ အရေးပါ၊
စစ်သားဆိုတာ အာဏာရှင်တို့ရဲ့ လက်ပါးစေ မဖြစ်သင့်ပါ၊
ဒီသုံးချက်ကို ဦးထိပ်ရွက်မယ်ဆိုရင် တို့များရဲ့မိဘ မောင်နှမနဲ့ ဆွေမျိုးသားချင်း ညီအစ်ကိုရင်းများ နောင်တခေတ် မြန်ပြည်ဟာ ကမ္ဘာ့ရင်ဘောင်တန်းနိုင်ပြီဗျာ။


အရှင်(ရွှေဝါရောင်)Ashin (Saffron)။

ရွှေဝါရောင် သံဃာ-ကျောင်သား-လူထု ပူပေါင်းလှုပ်ရှားမှု့ အဖွဲ့ (Saffron Monks-Students-People Alliance) (SMSPA)၊


ရွှေဝါရောင်သောတုဇနဘိက္ခူ သံဃာ့အဖွဲ့ ကြီး (Saffron Young Monks Organization) (SYMO)၊

လွတ်လပ်သောစာပေနှင့်အနုပညာအဖွဲ့ (Free Literature and Art Organization) (FLAO) တို့ 
ပူပေါင်းဖြန့် ဝေသည်။

04 January 2010

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။



၁။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ အား လွတ်လပ်သောလမ်းသို့  ပို့ ဆောင်ခဲ့သော ငါတို့ ၏ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သွေမတိမ်း ချီတက်မည်။


၂။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိမ်းမည်။


၃။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့ ၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့ ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၎။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ လုံ့ လဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်ဆိုင်ကျောက်ခဲကဲ့သို့  ခိုင်မြဲအောင် ထိန်းသိမ်းမည်။


၅။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ ၏ နိုင်ငံသားဟူသ၍ကို ကြီးငယ် နီးဝေးမခြား တသွေးတသားပြု၍ နည်းများ နိမ့်မြင့် မရှိစေရ။ ညီတူညီမျှ ပြုမည်။


၆။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့ အားလည်း မတရားပြုသည်ကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ နိုင်ငံနှင့် ငါတို့ ၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။


၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမတနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့ နှင့်တကွ ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့ အပေါ်၌ တည်စေမည်။
ဤ - ငါတို့ ၏ သစ္စာအဓိဋ္ဌာန်မှန်သည့်အတိုင်း ငါတို့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည်တည်စေသတည်း။

(မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိရှိစေရန်အတွက် ဖေါ်ပြအပ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မ သိမ်းပိုက်ထားသော အာဏာရူး လက်ထက်တွင် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား သိရှိ လိုက်နာ ကျင့်သုံးကြသူများ အလွန်ရှားပါးကြပါသည်။ ထိုသို့ ဖြစ်အောင်လည်း အာဏာရူးများမှ မည်သည့်သတင်း မီဒီယာများနှင့် ဌာနဆိုင်ရာ မှတ်တမ်းများတွင်မှ လုံးဝဖေါ်ပြပေးခြင်း မရှိပါ။ အာဏာရူး နအဖဗိုလ်ချူပ်ကြီးများဟာ ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုကိနာကျင့်သုံးရန် ဝေလားဝေးစွ ဖောက်ပြန်လျက် ရှိကြပါသည်။ မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုက်နာကျင့်သုံးကြ၍ ကျွန်ုပ်တို့  မြန်မာနိုင်ငံတော်ကြီး အနာဂတ် တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်တွင်းရန်ဖြစ်သည့် နအဖအာဏာရူးများ၏ မတရားလုပ်ဆောင်မှုများကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြနိုင်ကြပါစေသတည်း)။

ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.။

02 January 2010

မြန်မာ့လွတ်လပ်ရေး ကျောက်တိုင် ကပြောသော အတွေးအခေါ်....


၂၀၁၀ပြည့်နှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် မြန်မာ့လွတ်လပ်ရေးရခဲ့မှု ၆၂ နှစ်မြောက် ရှိခဲ့ပြီး ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံအတွင်း တည်ဆောက် ထားသည့် သမိုင်းဝင် လွတ်လပ်ရေး
ကျောက် တိုင်ဖွင့်လှစ်မှုသက်တမ်းမှာ နှစ် ၆၀ ရှိပြီ။


လွတ်လပ်ရေးကျောက်တိုင်

အဆိုပါ လွတ်လပ်ရေးကျောက်တိုင် ကို ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီ ၄ ရက် နံနက် ၈နာရီတွင် အုတ်မြတ်ချ၍ ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးကျောက်တိုင်၏အမြင့်ပေမှာ ၁၅၀ ဖြစ်ပြီးဘေးပတ်လည်၌ ကျောက်တိုင် ငယ်ငါးခု ခြံရံလျက်ရှိသည်။

ကြယ်ငါးပွင့်ဝန်းရံလျက်

အလယ်ပင်မကျောက်တိုင်ကြီးနှင့် အ ရံကျောက်တိုင်ငယ်များကို ငါးမြှောင့်ကြယ် ပုံသဏ္ဌာန်ပြုလုပ်ထား သဖြင့် အထက်မှစီး ၍ကြည့်လျှင် အလံတော်တွင်မြင်ကြရသည့် အတိုင်းကြယ်ကြီးတစ်လုံးတွင် ကြယ်ငါးလုံး ရံလျက် တွေ့မြင်နိုင်သည်။

ပတ်ဝန်းကျင်ထူးခြား

လွတ်လပ်ရေး ကျောက်တိုင်၏ ၀န်း ကျင်၌ ဆူးလေ စေတီတော်မြတ်ကြီး၊ တရား ရုံးချုပ် အဆောက်အုံဟောင်းကြီး၊ မြို့တော် ခန်းမစသည့် သမိုင်းဝင် ရှေးဟောင်း အ ဆောက်အအုံများ
ရှိသည့်အတွက် လွတ် လပ်ရေး ကျောက်တိုင် ၏ အနှစ်သာရနှင့် အဓိပ္ပာယ်မှာ ပို၍ လေးနက် ပေါ်လွင်စေသည်။

တိုင်းချစ်ပြည်ချစ်

လွတ်လပ်ရေးကျောက်တိုင်အခြေပတ်လည်၌ခြင်္သေ့ရုပ်၁၀ရုပ်ဝန်းရံစောင့်ကြပ်ပြီးကမ္ပည်းမော်ကွန်းရေးထိုး ထားသည့် လွတ်လပ်ရေးနှင့်တိုင်းရေးပြည်ရေးဆိုင်ရာ အချက်အလက်များမှာ တိုင်းပြည်အတွက် အနှစ်သာရနှင့်အဓိပ္ပာယ်လေးနက်လှသည်။ ဖတ်ကြည့်သောအခါဇာတိသွေး ဇာတိမာန် များတက်ကာ တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ် များတဖွားဖွားဖြစ်ပေါ်လာပြီး ကြက်သီး ဖြန်းဖြန်းထမိသည်အထိ နှလုံးသား တွင် စိတ်လှုပ်ရှားခြင်းခံစားမှု ဖြစ်ရသည်။ နှလုံးသားစိတ်လှုပ်ရှားမှုနှင့်အတူ ဦး နှောက်တွင်လည်း စဉ်းစားစရာ၊ တွေးခေါ်စ ရာ၊သင်ခန်းစာယူစရာ၊ မျှော်လင့်စရာများ ကို အတွေးမုန်တိုင်းဆင်မိသည်။

လွတ်လပ်ရေးကြေညာစာတမ်း

လွတ်လပ်ရေးရရချင်း လွတ်လပ်ရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယ နေ့ခေတ်လူငယ်များ သိကြမည်မဟုတ်။ ဖတ်ဖူးကြမည်လည်းမဟုတ်။ လူကြီးများ လည်းမှတ်မိကြတော့မဟုတ်။ လွတ်လပ်
ရေး ကြေညာစာတမ်း အထောက်အထားကို ရှာဖွေရန်လည်း မလွယ်။

စွဲစွဲမြဲမြဲ

မည်သို့ဖြစ်ဖြစ် လွတ်လပ်ရေးကြေ ညာစာတမ်းသည် သမိုင်းဝင်ဖြစ်သည်။ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံ
ရှိသရွေ့မြန်မာတို့၏နှလုံးသားထဲတွင်စွဲစွဲမြဲမြဲကမ္ပည်းမော်ကွန်းတင်ထားကြရမည့်သမိုင်းအမွေကောင်း တစ်ခုဖြစ်သည်။

သားစဉ်မြေးဆက်


အဆိုပါအတိတ်မှသမိုင်းအမွေကောင်း သည်ပစ္စုပ္ပန်အတွက်အသုံးဝင် အကျိုးရှိသ လိုအနာဂတ်အတွက
်လည်း အရေးပါသည်။ သားစဉ်မြေးဆက် အဆင့်ဆင့်လက်ဆင့် ကမ်းသွားရမည့် နိုင်ငံရေးအမွေဖြစ်သည်။

မကြာခဏ

အထူးသဖြင့် အနာဂတ်တွင် ဒီမိုကရေ စီနိုင်ငံ အဖြစ်တက်လှမ်းပြီး နိုင်ငံရေး လုပ် မည့်လူတိုင်း လွတ်လပ်ရေး ကြေညာစာတမ်း ကို မကြာခဏ အခေါက်ခေါက် အခါခါဖတ် ကြည့် သင့်ကြသည်။ နိုင်ငံရေး လုပ်မည့်လူများအား လွတ် လပ်ရေး ကြေညာစာတမ်းဖတ်ပြီးမှ၊ လေ့ လာပြီးမှ၊ ဝေဖန်သုံးသပ်စဉ်းစားတွေးခေါ် ပြီးမှနိုင်ငံရေးလုပ်ပါဟု တိုက်တွန်းလိုသည်။

အပြည့်အစုံ


ရှာဖွေစုဆောင်းထိန်းသိမ်းထားသည့် လွတ်လပ်ရေးကြေညာစာတမ်းအပြည့်အစုံ ကို ဖော်ပြလိုက်ပါသည်။
အောင်စေသတည်း

၁။ မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်၊ ပြာသိုလဆုတ်၉-ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီ ၄-ရက်)တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့မြန်မာပြည် သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီးအဖြစ် သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီး သည် လိုရာမတပြည့်စုံလှ၍ ဘူမိနက်သန် မှန်သောမြေထူးမြေမြတ်လည်းဖြစ်၏။ မွန် မြတ်သန့်စင်သောတရားထူး တရားမြတ်တို့ တည်ရာ မြေကောင်းမြေမွန်လည်းမှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာ အပေါင်းတို့နှင့်ပြည့်စုံသဖြင့်
သတ္တ၀ါအ ပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရကြွယ်ဝပြည့်စုံသော မြေလည်း ဖြစ်၏။ ဘူမိနက်သန်မှန်လှထူးချွန် ဤမြေ မွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာစသည်ဖြင့် တစ်သွေးတစ်သား တစ်မိဖွားဖြစ်ကြကုန်သောငါတို့သည် နှစ် ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက် ခြင်းငှာမတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီ မှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သောလူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေ ခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့ နောက် မန္တလေးအထိငါတို့၏လွတ်လပ်ရေး သည် နေရောင်လ၀ါပမာကဲ့သို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင်ထွန်းလင်းခဲ့ပေ။ သို့ရာတွင်ကမ္ဘာ့တန်ဆာ ကာလအသ င်္ချေတည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ်ဖုံးအုပ်၍ ခဏ ခေတ္တအရှိန်အ၀ါညှိုးလျော်နွမ်းလျ မထွန်း မပဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပ တိုက်မှ ထွက်ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ် အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီး နှင့် မရှောင်မကွင်းသာ ကြုံ ကြိုက်ဆုံတွေ့မိ၍ ပဋ္ဌမ အင်္ဂလိပ်မြန်မာစစ်၌ ရခိုင်၊ တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ် မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယအင်္ဂလိပ် မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ် သုံးတန်ချ အပ်ရခြင်းဖြင့် ဤ မြေထူးမြေမြတ်၌ နှစ်ပေါင်း ထောင်ရာစောင့်ထိန်း၍ လာ ခဲ့ကြသောငါတို့၏ လွတ်လပ် ရေးသည် ငါတို့ လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝ ရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိ ယာလစန္ဒာတို့ကို ဆီးနှင်းမြူ တိမ်တို့သည် မည်သို့ပင်ဖုံး လွှမ်းစေကာမူ နေလ တို့၏ အရှိန်အတောက်ကို မခံနိုင်ရ ကား ခေတ္တမျှနှင့်ပင် လွင့်စင် ကွယ်ပျောက်၍ နေ၀ါလ ရောင်သည် ပကတိအသရေ ကိုပြန်၍ ဆောင်လေဘိသကဲ့ သို့ ငါတို့အပေါ်၌လွှမ်းဖုံးအပ် သောနယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့်ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင် ရကား ခြောက်ဆယ့်တစ်နှစ်တစ်လနှင့် တစ်ရက်သောအခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသ ဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူ ရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ် သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လွတ်လပ် သော ဘ၀ထူးဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ် ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်း ကင်တိမ်ရိပ်ထင် သကဲ့သို့သော လွတ်လပ် ရေးမဟုတ်၊ ငါတို့အား လွတ်လပ်ရေးလမ်း စဉ်သို့ ညွှန်လည်းညွှန်ပြလမ်း စရှာကြံအမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူး တို့မှူးခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ် သောလုံ့လ မလျော့သောဝီရိယဆီမီးတန် ဆောင် ကဲ့သို့ ထွန်းပအပ်သောÓဏ်မျက်စိ ၀ဇီရစိန်သွားကဲ့သို့ စူးရှသောသတ္တိတို့ ကြောင့် အဟံမမသံပ ကြုံးဝါးအခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တစ်ခြမ်းမျှမလျော့မလို ထိုထိုသို့ သော တန် ခိုးရှိန်ဝါတေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူး အမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တစ်မျိုးဘာသာ တစ် စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသား ရင်သား သူကားငါ ကားခွဲခြားခြင်းကိုအလိုမရှိ မြစ်ချောင်း သီ တာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မ တာသဘာဝအပိုင်းအခြားထင်ရှားစွာ သတ် မှတ်အပ်သောရာဇ၀င်ရှည်ဝေး ရှေးပဝေဏီ မှစ၍ယခုထက်တိုင် မြန်မာနိုင်ငံသားဟုသ မုတ်အပ်သူတိုင်းရင်းသားအပေါင်းတို့ ဇာတိ ချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော် တစ် ၀ှမ်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျေက် သဘာဝအ ထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ် သောစေတနာတည်းဟူသောကြိုးထူး ဤ ကြိုးသုံးပါးဖြင့်ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့ အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည် ထောင်စုအဖြစ်ကိုလက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ် ယောက်တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်
ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ် ကာလလည်းကောင်း၊ ယခုမျက် မှောက်တွင်လည်းကောင်း၊နောင်လာလတံ့ သော အနာဂတ်ကာလ ၌ လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်း နေထိုင်ကြသောကြီးငယ်ဝေးနီး ကျား/မ မခြား သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့ ဒို့၏အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစား ရာဖြစ်သည် ဟူသော လူ့ဘာသာ လူ့တရား နှင့်အညီကမ္ဘာဦးကာလလူတို့၏ စည်းရုံးမှု ၌လူအပေါင်းတို့၏ သဘောဆန္ဒအရလူ အ၀ှမ်း၏အကျိုးကိုကောင်းစွာ ဆောင်ရွက် နိုင်အံ့သောပုဂ္ဂိုလ်ကိုရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်း မငြိပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒ နှင့် လျော်စွာ စည်းကမ်းဥပဒေ သေချာထင် ရှားစွာပိုင်းခြားသတ်မှတ်တူညီသော တရား တူညီသောအခွင့်အရေးတူညီသော အဆင့် အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့် သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက် ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့၊ယနေ့ မင်္ဂလာအ ပေါင်းနှင့်ပြည့်စုံသောဤအချိန်မှစ၍ ငါတို့ ၏ မူလအပိုင်ဖြစ် သော လုံးဝလွတ်လပ်ရေး ကိုငါတို့ပြန်၍ယူပြီ။ တိုင်းရင်းသား အပေါင်း တို့ သွေးစီးညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး ၏သစ္စာကိုကမ္ဘာဆုံးတိုင်မယိမ်းမယိုင် တည် မည်၊ ငါတို့သည်လွတ်လပ်သော နိုင်ငံဖြစ် သည်နှင့်အညီကမ္ဘာ့လွတ်လပ်သော နိုင်ငံ အပေါင်းတို့တရား သဖြင့် ကျင့်ဆောင်အပ် သောကျင့်ဝတ်ကို စောင့်ရှောက်ကျင့် ဆောင်မည်၊ ငါတို့၏လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့် စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလား သူများနှင့်အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်း ရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာ လုံးတစ်ယောက်မကျန် ကြားသိစေသတည်း။

ရေးသားသူများ


အဆိုပါ လွတ်လပ်ရေးကြေညာစာ တမ်းရေးသူများမှာ ဦးသိန်းဟန်(ဆရာ ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)၊ ဆရာယော (ဆရာဇေယျ)၊ ဆရာဦးအုန်းဖေ(တက်တိုး)၊ ဦးဝင်းစိန် (တင့်တယ်)စသူတို့ဖြစ်ကြသည်။

အင်္ဂလိပ်ဘာသာပြန်သူ

လွတ်လပ်ရေးကြေညာစာတမ်း၊ အင်္ဂ လိပ်ပြန်ဆိုချက်ပထမမူကြမ်းကို ဒေါက်တာ မောင်မောင်ရေးရန်ဦးသန့်၊ ဦးခင်မောင် (တောသား)၊ဦးခင်ဇော်(ကေ)တို့က တာဝန် ပေးသည်။ အင်္ဂလိပ် ဘာသာပြန်ဆိုချက်မူ ကြမ်းကို အဆိုပါဆရာများကပြင်ဆင် တည်းဖြတ်အတည်ပြုကြသည်။ နိုင်ငံရေးတွင် စာရေးဆရာသတင်းစာ ဆရာများ၏အရေးပါမှုမှာမသေး။ ၀မ်းသာ ဂုဏ်ယူစရာဖြစ်သည်။

ထူးခြားချက်များ


လွတ်လပ်ရေး ကြေညာစာတမ်းပါရင် (နှလုံးသား)ကိုထိစေပြီးဦးနှောက်ကို အတွေး မုန်တိုင်းဆင်စေသည့် ထူးခြားအချက်အ လက်များမှာ-
- ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာ မတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေ မြတ်လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသောရတနာ အပေါင်းတို့နှင့်ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံးကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန် နိုင်အောင် ပဒေသာ စစ်အနှစ်သာရ ကြွယ်ဝပြည့်စုံ သောမြေလည်းဖြစ်၏။ - ငါတို့သည် တစ်မျိုးဘာသာ တစ်စိတ်တစ် ဒေသ၏ကောင်း ကျိုးချမ်းသာကိုမလိုလား။ ကျောသားရင်သား ခွဲခြားခြင်းကိုအလိုမရှိ။ - ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦး တစ်ယောက်တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်။ မည်သူတစ်ဦးတစ်ယောက်တစ်ဖွဲ့ တစ်သင်း၏ ပုဂ္ဂလိကပိုင် ပစ္စည်းမဟုတ်။ - မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ် သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ် သော နိုင်ငံမဟုတ်။ - ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး ၏ သစ္စာကိုကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။

ဗိုလ်ချုပ်အောင်ဆန်း




လွတ်လပ်ရေးကြိုးပမ်းစဉ်အခါကတုန်းက ဗိုလ် ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒီမိုကရေစီနှင့်စပ်လျဉ်း၍လည်း ရှင်း လင်းပြောကြားမှုများရှိခဲ့သည်။

လမ်းကြောင်းသာဖြစ်

လွတ်လပ်ရေးနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် “လွတ်လပ်ရေးရတယ်ဆိုတဲ့ကိစ္စဟာ လွယ်တဲ့ကိစ္စမ
ဟုတ်ဘူး။ လွတ်လပ်ရေးရရုံနှင့် ကျုပ်တို့ပြဿနာတွေ ဖြေရှင်းသွားကြရမှာမဟုတ်ဘူး။ အဲဒီအခါကျမှ တ ကယ့်ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေး က လမ်းဆုံးမဟုတ်ဘဲ လူတွေရဲ့ကောင်းစား ရေးကို ရောက်စေမယ့်လမ်းကြောင်းသာဖြစ်တယ်ဟု” ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် ပြောကြားခဲ့သည်။


တကယ့်ဒီမိုကရေစီ

ဒီမိုကရေစီနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် “တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရား အရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့အစိုးရဖြစ်ရုံနဲ့ မပြီးသေး ဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့စီးပွားအဆင့် အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမို ကရေစီအထိ တက်လှမ်းနိုင်မယ်”ဟု ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံတွင်ပြောကြားခဲ့သည်။

ဒီမိုကရေစီပန်းတိုင်သို့


၂၀၁၀ပြည့်နှစ်တွင် ရွေးကောက်ပွဲလုပ်တော့မည်။ ရွေးကောက်ပွဲလုပ်လျှင် ပြည်သူလူထုက လူကောင်း လူတော်တို့ကို ရွေးချယ်ကြရတော့မည်။ ပြီးလျှင် ဒီမို ကရေစီနိုင်ငံတက်လှမ်းမည်။ ဒီမိုကရေစီနိုင်ငံတက် လှမ်းရာတွင် ပထမခြေလှမ်းသာရှိသေး၍ နောက်ထပ် ရှေ့ဆက်ရဦးမည့် ခြေလှမ်းများရှိသေးသည်။
တစ်ဆင့် ပြီးတစ်ဆင့် တစ်လှမ်းချင်းတစ်လှမ်း ဒီမိုကရေစီပန်း တိုင်ကို လှမ်းကိုင်နိုင်အောင် ဆက်၍ ဆက်၍ ချီတက် ကြိုးပမ်းကြရဦးမည်။ ယင်းသို့ ကြိုးပမ်းရာတွင် ယခုဆောင်းပါးသည် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် နှစ်သစ်လက် ဆောင်မွန်အဖြစ် အထောက်အကူ ဖြစ်ပါစေသတည်း။


မေးလ် ထဲသို့ ပေးပို့ လာသော သူငယ်ချင်းအား ကျေးဇူးတင်ပါသည်.။ ဤပိုစ့်လေးဖြင့်
မြန်မာ့လွတ်လပ်ရေးနေ့ ဇန်နဝါရီ (၄)ရက်နေ့ ကို လေးလေးစားစားဖြင့် ဂုဏ်ပြု မှတ်တမ်း
တင်အပ်ပါသည်.။