05 July 2012

ထားဝယ်စီမံကိန်းရင်းနှီးမြှပ်နှံမှုမှ မက်စ်မြန်မာ နှုတ်ထွက်


ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရာတွင် အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းပါဝင်ထားသော မြန်မာနိုင်ငံသားပိုင် မက်စ်မြန်မာကုမ္ပဏီမှ စီမံကိန်းအတွင်းရှယ်ယာပါဝင်ထားမှုများကို နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
“ထားဝယ်ရေနပ်ဆိပ်ကမ်းမှာ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းပါဝင်ထားတာကို ခု နှုတ်ထွက်လိုက်ပါပြီ။ ဒါ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် နှုတ်ထွက်တာပါ။ ဘယ်သူနဲ့မှ မဆိုင်ပါဘူး”ပာု ၎င်းက ပြောကြားသည်။
ထားဝယ်ဆိပ်ကမ်းစီမံကိန်းကို အီတာလျံ-ထိုင်း(ITD)နှင့် Max Myanmar ကုမ္ပဏီတို့မှ ပူးပေါင်း၍ Dawei Development Company (DDC) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အီတာလျံ-ထိုင်း ကုမ္ပဏီမှ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း၊ မက်စ်မြန်မာမှ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်း ဖြင့် အကျိုးတူပူးပေါင်း၍ စီမံကိန်းခြောက်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
“လက်ရှိ မက်စ်မြန်မာကုမ္ပဏီက လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို အခုလကုန်မှာ အပြီးသတ်ပြီးရင် နှုတ်ထွက်တော့မှာပါ။ ဒီထားဝယ်စီမံကိန်း လုပ်ဆောင်မှုတွေအပေါ်မှာ ဒေသခံတွေရဲ့ အသံထွက်လာတဲ့အတွက် နှုတ်ထွက်လိုက်တာပါ”ပာု မက်စ်မြန်မာကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သဘောတူညီခဲ့သည့် စီမံကိန်းခြောက်ခုမှာ ဇုန်အတွင်း ရေရရှိရေးအတွက် ဆည် တည်  ဆာက် ခြင်း  ပြောင်းေ ရွှေ့ ကျေးရွာများကို နေရာချထားပေးခြင်းနှင့် လျော်ကြေးပေးခြင်း၊ ရေနက်ဆိပ်ကမ်းတည်ဆောက် ပေးခြင်း၊ လမ်းမကြီးနှင့် လမ်းကွန်ရက်များ ဖောက်လုပ်ခြင်းနှင့် ကျောက်မိုင်းခွဲခြင်းတို့ဖြစ်ကြောင်း သိရသည်။

သတင်း....  yangonchronicle