02 March 2012

ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ခရီးစဉ်

မတ်လ ၃ရက်နေ့ နံနက် ၉နာရီ မန္တလေးမြို့ တွင် အောင်ပင်လယ်ကွင်း ၌ လူထုဟောပြောပွဲ ပြုလုပ်ပြီး မန္တလေးမြို့ ရှိ ဘုန်းတော်ကြီးများကို သွားရောက်ဖူးမြော်မည်ဖြစ်သည်။မတ်လ၄ရက်နေ့ နံနက်တွင် စစ်ကိုင်းမြို့သို့သွားရောက်မည်ဖြစ်သည်။မတ်လ၅ရက်နေ့ တွင် တံတာဦး၊နွားထိုးကြီး၊မိတ္တီလာ မြို့များတွင် လူထုဟောပြောပွဲပြုလုပ်မည်။မတ်လ၆ရက်နေ့တွင် နေပြည်တော် ခရီးစဉ် စတင်မည်ဖြစ်သည် ဟု မဟာအောင်မြေမြို့နယ် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က YPI သို့ပြောပါသည်။

“အောင်ပင်လယ်ကွင်းကကျယ်လွန်းတော့ လူတစ်ယောက်နဲ့တစ်ယောက်တောင်မမြင်ရဘူး။ ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောတာကို လူတွေအားလုံးကြည်ကြည် လင်လင်ပြတ်ပြတ် သားသားမြင်ရကြားရအောင်လို့ မန္တလေးမြို့က မြို့မိမြို့ဖများနဲ့ အလှုရှင်တွေရဲ့ အကူအညီနဲ့အောင်ပင်လယ် လယ်ကွင်းကြီးထဲမှာ ခေတ်မှီ LED Screen တွေဆင်ပြီးပြင်ဆင်ထားပါတယ်”။ ( မဟာအောင်မြေမြို့နယ် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် )

ဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးခရီးစဉ်တွင် သတင်းလိုက်ပါရယူမည့် သတင်းထောက်များ အနေဖြင့် PRESS CARD များကို ၂၉လမ်း ၇၂လမ်းထောင့်ရှိ မော်ဒန်ဂျာနယ်တိုက်ရုံးခွဲ တွင် ယနေ့ ညနေ ၅နာရီ အထိ လာရောက်ထုတ်ယူနိုင်ပါကြောင်း ဆရာရွှေနောင်ရိုးထံမှ သိရှိရပါသည်။

သတင်း...... Yangon Press International