27 December 2011

နိုင်ငံရေးအကျဉ်းသားဟောင်းများ က စိတ်ကျန်းမာရေး ဆေးရုံတွင် အဟာရဒါန လှုဒါန်းမည်

နိုင်ငံရေးအကျဉ်းသားဟောင်းများက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွာသာကြီးရှိ စိတ်ကျန်းမာရေး ဆေးရုံကြီးတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ (တနင်္လာနေ့ ) နေ့ လည် ၂ နာရီတွင် အဟာရဒါနသွားရောက် လှုဒါန်း မည်ဖြစ်ပြီး ပါဝင်ကူညီလိုသည့် စိတ်ပါဝင်စားသူ မဆို လိုက်ပါနိုင်ကြောင်းသိရပါတယ်။ လိုက်ပါလိုသူများအနေဖြင့် အမှတ် ၃၇၅ ကျိုက္ကဆံလမ်းနှင့် ၁၆၄ လမ်းထောင့် ရှိ မပြုံးပြုံးအေး ၏ နေအိမ်တွင် နေ့ လည် ၁ နာရီခွဲ အရောက် စုစည်း ကြရန်နှင့် အလှုပစ္စည်းများကို ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ နိုင်ကြောင်း သိရပါတယ်။ စိတ်ပါဝင်စား သူများအနေဖြင့် ကိုကြည်လွင်(၀၉၄၉၂၁၃၃၉၀)၊ကိုဗသက်အောင်( ၀၉၄၉၂၈၆၁၅၃)၊ ကိုထွန်းကြည် ( ၀၉၄၉၂၅၅၉၂၄) တို့ ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရပါတယ်။