07 December 2011

ထာဝရနှင်းဆီအငြိမ့်အဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရုပ်ရှင်ရိုက်ကူးရေးတွင် လှူဒါန်းရန် ရန်ပုံငွေအငြိမ့်ပွဲကို ရန်ကုန်တွင် ကပြမည်


ထာဝရနှင်းဆီအငြိမ့်အဖွဲ့မှ နှင်းဆီအဖွဲ့သားများက ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရုပ်ရှင်ရိုက်ကူးရေးတွင် လှူဒါန်းရန် ရန်ပုံငွေအငြိမ့်ပွဲကို ရန်ကုန်တွင် ကပြမည်ဖြစ်ကြောင်း ကျော်ကျော်ဗိုက ၃-၁၂-၂၀၁၁ ရက်တွင် ပြောကြားသည်။ "ဗိုလ်ချုပ်ရဲ့ အတ္တုပ္ပတ္တိကို အန်တီစုက ရိုက်စေချင်တယ်။ အဲဒီအတွက် အကုန်လုံးနဲ့ ကော်မတီလေးတွေ ဖွဲ့ပြီး ရိုက်ဖို့ရှိတယ်။ အဲတော့ ကျွန်တော်တို့ ငွေရေးကြေးရေး အပိုင်းကရော၊ အနုပညာအပိုင်းကရော ပံ့ပိုးဖို့အကုန်လုံး ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့် ဦးဖျားဖျားကျွန်တော်တို့ လာမယ့်နှစ် မတ်လလောက်မှာ နှင်းဆီအဖွဲ့ကမယ်။ ကလို့ရတဲ့ပွဲရဲ့ ဝင်ငွေအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဖြစ်မြောက်ရေး ရန်ပုံငွေအတွက် စတင်ပြီး လှူဒါန်းမယ်ဆိုတာကို အန်တီစုနဲ့ ပြောရင်းနဲ့ပဲ ဝင်ငွေအားလုံးကို ဗိုလ်ချုပ်အောင်န်းအတ္ထုပ္ပတ္တိဖြစ်မြောက်ရေး ရန်ပုံငွေအတွက်စတင်ပြီး လှူဒါန်းမယ်ဆိုတာကို အန်တီစုနဲ့ပြောရင်းနဲ့ပဲ ကျွန်တော်တို့တစ်ဖွဲ့လုံး တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အရမ်းပီတိဖြစ်တယ်။ တခြားအဖွဲ့တွေလည်း သူ့ကဏ္ဍနဲ့သူ ဝိုင်းလုပ်ကြမှာပါ။ ကျွန်တော်တို့နှင်းဆီအဖွဲ့ကတော့ ကလို့ရတဲ့ ငွေအားလုံးလှူမယ်ပေါ့။ ခေါင်းစဉ်ကိုက ဗိုလ်ချုပ်အောင်န်း အတ္ထုပ္ပတ္တိဇာတ်ကားရန်ပုံငွေအဖြစ် အငြိမ့်ပွဲ၊ ပြဇာတ်ပွဲကပြီးလှူမယ်။ သုဝဏ္ဏကွင်းမှာပဲ ကမှာပါ" ဟု ယင်းကပြောကြားသည်။ ထာဝရနှင်းဆီအဖွဲ့တွင် ဒါရိုက်တာ ဦးမျိုးမင်း (ရင်တွင်းဖြစ်)၊ လူရွှင်တော်များ နေတိုး၊ ကျော်ကျော်ဗို၊ မိုးမိုး၊ ရဲလေး၊ ထွန်းထွန်း၊ မင်းသမီးများအဖြစ် မေကဗျာ၊ ဖူးစုံ၊ မိုးယုစံတို့ ပါဝင်ကြောင်း သိရသည်။

ပြည်မြန်မာသတင်းဂျာနယ်