25 August 2011

လူ့အခွင့်ရေးကိစ္စ တိုးတက်မှု မြန်ဆန်မည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်




မြန်မာနိုင်ငံ၌လူ့အခွင့်ရေးပိုမိုရရှိလာစေရန် မစ္စတာ ကင်တားနားနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးနောက် လူ့အခွင့်ရေးကိစ္စနှင့် ပတ်သက်၍ မြန်ဆန်စွာ တိုးတက် လာလိမ့်မည် ဟုမျှော် လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တားနားသည် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် ယနေ့ ညနေ ၃ နာရီခွဲက ၁ နာရီကျော်ကြာ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ အင်မတန်ကြေနပ်မှုရှိပါတယ် ” ဟုဆိုသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်ရေး အပြည့်အဝ ရရှိရန်အတွက်လိုအပ်ကြောင်း၊ ယင်းအတွက်ဆက်ပြီး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

“လူတစ်ယောက်ကြောင့်ပြောင်းလဲမှုတော့ မဟုတ်ပါဘူး။မြန်မာသူမြန်မာသားတွေကြောင့် ပြောင်းလဲမှာပါ” ဟု၎င်းကဆက်လက်ပြောဆိုသည်။

တွေ့ဆုံမှု၏ အသေးစိတ်ကိုမူ မစ္စတာကင်တားနားက အပြန်ခရီးစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မစ္စတာကင်တားနားကပြောကြားသည်။

မစ္စတာ ကင်တားနားသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး နံနက်ပိုင်းတွင် အင်းစိန် အကျဉ်းထောင်သို့ သွားရောက်ခဲ့ ကြောင်း၊ စက်တင်ဘာလတွင် ပြုလုပ်မည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သော အစီရင်ခံစာကို တင်သွင်းသွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း... Peace Press