23 December 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်နှစ်ရပ်မှဥက္ကဋ္ဌများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ်


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံစဉ်။



ဦးတင်ဦးအတွက်အမှတ်တရလက်ဆောင်အားဒေါ်အောင်ဆန်းစုကြည်မှတဆင့်သူရဦးရွှေမန်းမှပေးအပ်စဉ်။

ဓာတ်ပုံ....Messenger News Journal

ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး တို့ ယနေ့နံနက် တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်တွေ့ ဆုံ။









ဓာတ်ပုံ.....Messenger News Journal

ယနေ့ နေပြည်တော်ရောက်ရှိ ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်



ပါတီဝင်ဟောင်းများ ပြန်လက်ခံရေး NLD စိစစ်မည်


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်သွားကြတဲ့သူတွေ ဟာ အခု ပါတီဝင်အဖြစ် ပြန်လည် လျှောက်ထားလာရင် စိစစ်ပြီးမှ လက်ခံမယ်လို့ NLD ပါတီက ပြောပါတယ်။ NLD ပါတီဝင်ဟောင်းတွေဟာ ပါတီရဲ့စည်းကမ်းနဲ့ ညိစွန်းခဲ့ခြင်းရှိမရှိ ဆိုတာကို စိစစ်လက်ခံသွားဖို့အတွက် NLD ဗဟိုအလုပ်အမှုဆောင်တွေ ဆွေးနွေးခဲ့ကြတာပါ။ ဒီသတင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့် NLD ပါတီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုချက် ကျပြီဆိုရင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာတွေ အတွက် NLD ဗဟိုအလုပ်အမှုဆောင်တွေ ဒီကနေ့ ဆွေးနွေးကြတဲ့အထဲ အဖွဲ့ဝင် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းကာ ပါတီဝင်လက်ခံရေးကိစ္စ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ NLD ပါတီအတွက် အဖွဲ့ဝင်သစ်တွေရော အဖွဲ့ဝင်ဟောင်းတွေပါ ပါတီဝင်အဖြစ် အားလုံးပြန်လည် လျှောက်ကြရမှာပါ၊ အထူးသဖြင့်တော့ ပါတီဝင်ဟောင်းတွေဟာ NLD ပါတီရဲ့စည်းကမ်းနဲ့ ညိစွန်းခဲ့တာ ရှိမရှိဆိုတာကို စိစစ်နိုင်ဖို့ ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ပါတီစည်းကမ်းဆိုတာ နဂိုရ်ထဲကရှိတယ်။ အဖွဲ့ဝင်တွေလိုက်နာရမယ့်စည်းကမ်းနဲ့ ညိစွန်းခြင်းရှိမရှိကိုစိစစ်မယ်။ အဖွဲ့ဝင် မဟုတ်ခဲ့တဲ့ သူတွေကိုတော့ စိစစ်စရာမလိုဘူးပေါ့ဗျာ။ အဖွဲ့ဝင်ဟုတ်ခဲ့တယ်၊ ပါတီနဲ့ကင်းကွာမယ်၊ ပါတီကနေ နုတ်ထွက်မယ်၊ ပါတီက ဘာမှ မပြောမဆိုကင်းကွာမယ်၊ အမျိုးမျိုးပေါ့။ အဲဒီလူတွေနဲ့ပတ်သက်ရင်တော့ စည်းကမ်းထိန်းသိမ်းရေးနဲ့ အကျုံးဝင်တာရှိသလား၊ အဲဒါစိစစ်ဖို့ပေါ့။ ပါတီဝင်မဖြစ်ခဲ့ဘူး၊ NLD အဟောင်းမဟုတ်ဘူးဆိုရင် ဘာမှ သိပ်ထွေထွေထူးထူး ပြဿနာမရှိဘူးပေါ့ဗျာ။ ပါတီဝင်ဖြစ်ခဲ့ရင်တော့ သူတို့နဲ့ပတ်သက်လို့ စိစစ်ဖို့လိုမှာပေါ့။ အဲဒါပါ”

NLD ပါတီဝင်အဖြစ် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံးလျှောက်ထားနိုင်တယ်လို့လည်း NLD က ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအတွက် NLD ပါတီဟာ မှတ်ပုံမတင်ဘူးလို့ ငြင်းဆိုထားချိန်က NLD ပါတီကနေ နုတ်ထွက်ကာ ရွေးကောက်ပွဲတွင်း တခြားနိုင်ငံရေးပါတီတွေကနေ ၀င်ရောက်ယှဉ်ပြိုင်ကာ လက်ရှိမှာလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေကြသူ တချို့NLD ပါတီထဲ ပြန်ဝင်မယ်လို့ ပြောဆိုတာတွေရှိသလို လက်ရှိပါတီတွေကနေ နုတ်ထွက်ကာNLD ပါတီဝင်ပြန်လျှောက်မယ်လို့ ပြောနေသူတွေ လည်း ရှိနေပါတယ်။

အခုတော့ NLD ပါတီဟာ မနက်ဖန် ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့မှာတော့ တရားဝင်နိုင်ငံရေးပါတီအဖြစ် လျှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေပြည်တော်က ရွေးကောက်ပွဲကော်
မရှင်ကို သွားမှာ ဖြစ်ပါတယ်။

“မနက်ဖြန်ကာ ကျနော်တို့ မနက် ၇ နာရီလေယာဉ်နဲ့သွားပါမယ်။ နောက်ဟိုမှာ ကျနော်တို့ ပါတီဝင်ကြေးကို ဘဏ်မှာသွင်းရမယ်။ အဲဒါသွင်းပြီးတော့မှာ ကျနော်တို့ ပြည်ထောင်စုကော် မရှင်ရုံးသွားမယ်။ နေ့ခင်းလောက်နေ ရင်တော့ ပီးလောက်တာပေါ့။ ညနေ ၃ နာရီ ဖလိုက်နဲ့ပြန်မယ်။ ကျနော်တို့ ပြည်ထောင်စုကော်မရှင်ပေါ်မှာ လည်းတည်ပါတယ်။ လျှောက်လွှာနဲ့ပတ်သက်ပြီးတော့ ပြီးပြည့်စုံအောင်တော့ သေချာစီစဉ်ပြီးတော့ လုပ်ထားပါတယ်။ တခြားပါတီတွေတော့ တလ၊ နှစ်လ ကြာတာတွေ သတိထားမိတယ်။ အဲဒီတော့ ဒီဟာ ဘယ်လောက်ကြာမလဲဆိုတာ ကျနော်တို့တော့ မပြောနိုင်ပါဘူး။ သိပ်တော့ အကြာကြီးတော့ ဟုတ်မယ်မထင်ပါဘူး”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းပါရှင်။

အစိုးရကတော့ ကြားဖြတ်ရွေးကော်ပွဲရက်ကို ၃ လကြိုတင်အသိပေးမှာဖြစ်သလို ပါတီမှတ်ပုံတင်ခွင့် ကျထားပြီးသား နိုင်ငံရေးပါတီတွေလည်း စည်းရုံးရေးတွေ လုပ်ဆောင်နိုင်ပြီလို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ နေရာအားလုံးမှာ NLD က ၀င်ပြိုင်မှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယှဉ်ပြိုင်ဖို့လည်း စီစဉ်ထားတာပါ။

ဒါပေမယ့် ဘယ်သူ ဘယ်နေရာကနေ ၀င်ပြိုင်ကြမယ်ဆိုတာကတော့ စာရင်းအတိအကျ မရှိသေးဘဲ စဉ်းစားနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်လို့လည်း NLD ပါတီခေါင်းဆောင်တွေက ပြောပါတယ်ရှင်။

သတင်း...VOA

ယခု တစ်ပတ်မြန်မာတိုင်း(မ်)စာစောင်

လှည်းတန်းဗုံး ပေါက်ကွဲမှု နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြချက်

အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ပါတီ နိုင်ငံလုံး ဆိုင်ရာညီလာခံကျင်းပရန်ပြင်ဆင်

22 December 2011

အန်တီက အန်တီ၊ ဇာဂနာက ဇာဂနာ... ပြည်ပနိုင်ငံကို ပထမဆုံးအကြိမ်ဖြင့် ရောက်လာတဲ့ ကိုဇာဂနာရဲ့ သတင်းစာရှင်းလင်းပွဲ ဗွီဒီယို သတင်းမှတ်တမ်းပါ။

ကိုဇာဂနာ၏ ထိုင်းနိုင်ငံရောက်စကားတချို့

သူတွေ့မြင်ရတဲ့ ထိုင်း လူငယ်တွေရဲ့မျက်နှာတွေကလည်း ပူပင်ကြောင့်ကျမှုတွေမရှိဘဲ လွတ်လပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိတဲ့ မျက်နှာမျိုးတွေ ဖြစ်တယ်လို့လည်း မှတ်ချက် ပေးပါသေးတယ်။

တချိန်တည်းမှာပဲ မြန်မာပြည်က လူငယ်တွေကိုလည်း သတိရပြီး လူရွှင်တော်ကြီးက စိတ်မကောင်း ဖြစ်မိသွားပုံ ရပါတယ်။

“ကျနော်တို့ တိုင်းပြည်က လူငယ်တွေရဲ့မျက်နှာတွေမှာတော့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ပါ”လို့ သူက ပြောဆို လိုက်ပြီး“ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းတွေ ဖြစ်ရဲ့နဲ့ ဘာဖြစ်လို့များ ဒီလောက် ကွာခြားရတာလဲ”လို့လည်း မေးခွန်း ထုတ်သလို ဆိုပါတယ်။

ဆန်ရှင် နဲ့ ပတ်သက်လို့ဗျာ ကျနော်တို့က အကော်ဒီယံအုန်းကျော်ကြီး တီဗီမှာထွက်ထွက်ပြီး စီးပွါးရေးပိတ်ဆို့တာဒို့မမှုပါ ဆိုကတည်းက မကြိုက်ခဲ့တာပါ ။ ဒါပေမဲ့ဗျာ အခုဟာက နိုင်ငံတကာ နဲ့ စီးပွါးရေး ဆက်ဆံဖို့ ကိုယ့်ပြည်တွင်းမှာ - ခိုင်မာတဲ့ မြေယာဥပဒေ ၊ ခိုင်မာတဲ့ ဘဏ်ပေါ်လစီ ၊ ခိုင်မာတဲ့မျှတတဲ့ နိုင်ငံခြားငွေကြေးဥပဒေ ၊ စပိမြန်ပြီး လွတ်လပ်တဲ့အင်တာနက် ဒါမျိုးတွေ ရှိနေရင် ဘယ်နိုင်ငံက စီးပွါးရေးသမားဖြစ်ဖြစ် ပြေးလာမှာပါ ။ အခုကိုယ့်တိုင်းပြည်ကိုယ်တိုင်က မပြင်သေးတာလို့ ကိုဇာဂနာ ပြောလိုက်ပါတယ် ။

၈၈ မျိုးဆက်ကျောင်းသားများ ရပ်တည်ချက် ဒေါ်အောင်ဆန်းစုကြည်နားလည်


၈၈ မျိုးဆက်ကျောင်းသား အဇွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အန်အယ်ဒီရုံး၌ ယနေ့ တွေ့ဆုံစဉ်

ယခုလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏ ထုတ်ပြန်ကြေငြာချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နားလည်မှုရှိကြောင်း ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ပြောကြားလိုက်သည်။

“ ကျွန်တော်တို့ ကို အန်တီက ပါတီမဟုတ်တဲ့ informal အဖွဲ့အစည်းတစ်ဖွဲ့ရဲ့ ရပ်တည်ချက်ကိုလည်း နားလည်ပါတယ်လို့ပြောပါတယ်” ဟု အဆိုပါအဖွဲ့မှ ကိုမြတ်သူကပြောသည်။

ဒီဇင်ဘာ ၅ ရက်နေ့က ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ကြေငြာချက်တွင် ၎င်းတို့အနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်စေလွှတ် ယှဉ်ပြိုင်မည် မဟုတ်ကြောင်းပါရှိပြီး ၎င်းကြေငြာချက်သည် ဒေါ်အောင်ဆန်းစုကြည်သွားနေသော နိုင်ငံရေးလမ်းကြောင်းနှင့် သွေဖီသည်ဟုသော
ဝေဖန်ချက်များ ထွက်လာခဲ့သည်။

ထိုသို့ဝေဖန်ချက်များ ထွက်ပေါ်ခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာတွင် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခြင်း ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ကိုထွန်းမြင့်အောင်က “ကျွန်တော်တို့ အနေနဲ့ ၈၈ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့ ကျန်နေသေးသမျှ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်မှာမဟုတ်ပါဘူး ”ဟုဆိုသည်။
ကိုကိုကြီး (စမ်းချောင်း) က “ဒါပေမယ့် အဖွဲ့ဝင်တွေအနေနဲ့ ကိုယ်ပိုင်ဆန္ဒအရ ၀င်ပြိုင်တာ ကိစ္စမရှိပါဘူး ကျွန်တော်တို့ အဖွဲ့နာမည်နဲ့ ၀င်ပြိုင်တာမျိုးတော့ မလုပ်ရပါဘူး” ဟု ထပ်လောင်းပြောကြားသည်။

သို့သော် ၈၈ ကျောင်းသားလူငယ်များအဖွဲ့အနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များတွင် ၀င်ရောက်ပံပိုး ပေးသွားရန်ရှိကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ယခုလက်ရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ငါးရာကျော်ကျန်ရှိနေသေးသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့၏ ထုတ်ပြန်ထားပြီး ၈၈မျိုးဆက်ကျောင်းသားလူငယ်များမှ ခေါင်းဆောင် ၃၇ ဦး အနက် ၁၀ ဦးသာ အစိုးရကကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွန်ခဲ့သည့် လများအတွင်း လွတ်မြောက်ခဲ့သည်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ပြဿနာသည် ဆယ်စုနှစ် တစုကျော်ကြာရှည်နေပြီဖြစ်ကာ ယခုနှစ်အတွင်း သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အရေးကြီးသည့် လိုအပ်ချက်တချက်အဖြစ် ပြည်တွင်းနှင့်ပြည်ပ အစိုးရနှင့် အဖွဲ့အစည်းများက တိုက်တွန်းပြောဆိုလျှက်ရှိသည်။

သတင်း..... Yangon Press International

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေးမည်

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေး
ရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၁၁ရက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ဦးဉာဏ်ဝင်းကအတည် ပြုပြောကြားသည်။ သို့သော် တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးသွားသည်ကို မသိရကြောင်း ၎င်းကဆက်လက်ပြောသည်။ ထို့အတူ သူရဦးရွှေမန်းနှင့် တွေ့ဆုံမည်ဟု သိထားရပြီး မည်သည့်ရက်တွင်တွေ့ဆုံမည်ဖြစ်ကြောင်းကို မသိရှိရသေးကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နှစ်ရပ်မှဥက္ကဋ္ဌနှစ်ဦးဖြစ်သော ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်းတို့အပြင် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့်လည်း ယခုလပိုင်း အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ထပ်မံ၍ အစိုးရအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံဆွေးနွေးရန်ရှိသေးကြောင်း အစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သတင်းရရှိသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့ဆုံဆွေး နွေးခဲ့ကြောင်းသတင်းများ ထွက်ပေါ်နေသည်။ သို့သော် ဦးဉာဏ်ဝင်းက ထိုတွေ့ဆုံဆွေးနွေးမှုများကိုမူမသိဟုဖြေပြီး ဦးခင်အောင်မြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းနှင့် သူရဦးရွှေမန်းနှင့်တွေ့ဆုံဆွေးနွေးရန်ရှိသည်ကိုသာ အတည်ပြုဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် သြဂုတ် ၁၉ရက်တွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အစိုးရ၏ ဆက်ဆံရေး ၀န်ကြီးဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာလ ၃၀ တွင် နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့သည်။ ဦးအောင်ကြည်နှင့်တွေ့ဆုံဆွေးနွေးမှုမှာ ဦးသိန်းစိန်အစိုးရ လက်ထက် တွင် လေးကြိမ်မြောက်တွေ့ ဆုံဆွေးနွေးမှုဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၂၃ရက်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီမှတ်ပုံတင်ရန် နေပြည်တော်သွားစဉ်

သူရဦးရွှေမန်းနှင့် တွေ့ဆုံဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

သတင်း...7Day News Journal

21 December 2011

ပြည်သူတွေ အတွက် တကယ့်လိုအပ်ချက် ကိုသိဖို့တော့လိုမယ်ထင်တယ် ဦးသိန်းစိန် ရယ် မယောင်ရာဆီမလူးပါနဲ့



ကဲ မနေ့က ဖွင့်လှစ်လိုက်တဲ့ နေပြည်တော်က အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး ဆိုပါလား ဦးသိန်းစိန် ငွေတွေ ဘယ်လောက်ကုန်လိုက်မလဲ


လေဆိပ် ဖွင့်ပွဲတက်ရောက်လာသူတွေကြည့်လိုက်ပါဦး ပြည်သူပိုက်ဆံတွေ ရေလိုသုံး စားသောက်နေကြတဲ့လူတိရိစ္ဆာန်တွေ ..

ဦးသိန်းစိန်ပြောတဲ့ သိပ်ကိုတိုးတက်နေတဲ့ မြန်မာပြည်ကြီးပေါ့ ဒါပေမယ့် တိုးတက်နေတာအာဏာရှင်အုပ်စု တစ်စုဆိုတာကိုတော့ ဦးသိန်းစိန်သိဖို့ကောင်းပါတယ်။




ဦးသိန်းစိန် ဒီကလေး ကတော့ ထမင်းတနပ်စားဘို့ သူအတွက် ဒီလို ဖြေရှင်းလိုက်ရတယ်.။




ဦးသိန်းစိန် ဒီပုံ ကိုသေချာကြည့်သင့်တယ်၊ ပညာသင်ရမယ့် အချိန်မှာ ပညာမသင်နိုင် မိဘတွေအတွက် တတ်နိုင်သမျှ ဝိုင်းကူပေးနေရတဲ့ မြန်မာပြည်က ကလေးငယ်တွေ..


ဒီလို မရှိဆင်းရဲသားပြည်သူတွေ အတွက် လိုအပ်တာတွေ ကူညီပေးသင့်တာဘာတွေလည်း????

မြန်မာပြည်သူ တွေဘာတွေလိုအပ်နေလဲ ဦးသိန်းစိန် သိပါနိုင်ပါစေ.။

အာရှနိုင်ငံသုံးနိုင်ငံတွင် မြန်မာအမျိုးသမီးများ တရားဝင်အလုပ်လုပ်ခွင့်ပြု

မြန်မာအမျိုးသမီးများအား ပြည်ပနိုင်ငံအချို့တွင် သွားရောက်အလုပ်လုပ်ခွင့်ကိုဒီဇင်ဘာ၁၉ရက်မှစ၍ အစိုးရက ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းကပြောကြားသည်။

“စင်ကာပူ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကို ခွင့်ပြုဖို့ရည်ရွယ်ပါတယ်။ ဆော်ဒီတို့၊ ဂျော်ဒန်တို့တော့မရပါဘူး”ဟု အလုပ်သမား ၀န်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောကြားသည်။

ထိုသို့ခွင့်ပြုရာတွင် အိမ်အကူ၊သန့်ရှင်းရေးနှင့် ဖျော်ဖြေရေး အလုပ်များကိုမူလုပ် ကိုင်ခွင့်မပြုဘဲ အလုပ်သမားငါးဦးနှင့်အထက် ရှိသော ပြည်ပအလုပ်အကိုင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများတွင်သာခွင့်ပြုမည်ဟု ဦးချစ်ရှိန်ကပြောကြားသည်။

ထို့ကြောင့် အမျိုးသမီးလုပ်သားများစေလွှတ်ချင်သော အေဂျင်စီများအနေဖြင့် Employment Contract(အလုပ်သမားငှားရမ်းစာချုပ်)နှင့် အလုပ်ခေါ်စာတို့အား ပူးတွဲဖော်ပြ၍ လျှောက်ထားရမည်ဖြစ်သည်။

“ဒါကောင်းတဲ့အစီအစဉ်ပါ။ လောလောဆယ်မလေးရှားကိုသွားဖို့ ခေါ်စာကျပြီး မသွားရတဲ့ အမျိုးသမီးတွေအတွက် အဆင်ပြေသွားတာပေါ့”ဟု မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသော အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သို့သော် အလုပ်သမားငှားရမ်းစာချုပ်တွင် အလုပ်နေရာ၊ အလုပ်အကိုင်အမျိုးအစား၊ အလုပ်ချိန်၊ အချိန်ပိုကြေး၊ နားရက်၊ နေထိုင်စရိတ်နှင့်လူမှုရေးလုံခြုံမှုများစွာ ပါဝင်ရမည်ဟုဦးချစ်ရှိန်က ပြောကြားသည်။

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူများအားအောက်တိုဘာ ၂၄ ရက်မှစ၍ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးသော Smart Card ရှိသူများကို ပြည်ဝင်ခွင့်ထုတ်ပေးမည်ဟု ကန့်သတ်ခဲ့ပြီးနောက် အမျိုးသမီးလုပ်သားများသွားရောက်ရန် ခက်ခဲခဲ့သည်။ မြန်မာအမျိုးသမီးများ သည်မလေးရှားနိုင်ငံတွင် သာမက ထိုင်း၊ စင်ကာပူ၊ ဂျော်ဒန်၊ ဆော်ဒီ၊ ကာတာနှင့် ဒူဘိုင်းနိုင်ငံတို့တွင် များစွာရှိနေကြသည်။

ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားသုံးသန်းကျော်ရှိပြီး တရားဝင်သွားရောက်လုပ်ကိုင်သူ ခုနစ်သိန်းနီးပါးရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။


သတင်း..... 7Day News Journal

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေး ကော်မတီ အဖွဲ့ဝင် ၁၂ ဦးတို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေးအတွက် ကော်မတီ ဖွဲ့ထားတဲ့အဖွဲ့ဝင် ၁၂ ဦးတို့ဟာ ဒီနေ့ နေ့လည် ၁၁ နာရီကနေ ၁၂:၃၀ ခွဲအထိ ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်တို့ တွေ့ဆုံ





မြန်မာ့ဒီမိုကရေစီခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်တို့ ဟာ
ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ကြပါသည်.။



ဓာတ်ပုံ ...AP