06 February 2014

ကားနှင့်အကျိုးပေးသောစစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး

  ကားနှင့် အကျိုးပေးသော စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး.. (စစ်ကိုင်းမြို့ စီးပွားရေး လုပ်ငန်းရှင် တဦးပေးစာ) နိုင်ငံတော်မှ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များအတွက် တိုယိုတာ၊ ကယ်ဒီနား ကားများ ချထားပေးခဲ့ရာ ၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင် စသည့်မြို့များမှ ရရှိခဲ့ပါသည်။ 

စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးအတွက်ရရှိသော ယာဉ်မောင်း ဦးမင်းအောင် မောင်းနှင်သည့် အထက်အပါ ကားအမျိုးအစား ခဲရောင်သည် ၂၀၁၄၊ ဇန်န၀ါရီလအတွင်းက၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ အနီးအရောက်တွင် လမ်းဘေးမှ သစ်ပင်ကြီးကို ၀င်ရောက်တိုက်မိပြီး ကားပျက်စီးသွားခဲ့ပါသည်။

သည့်အတွက် စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူး တစ်ဦးလျှင် ကျပ် (၂) သောင်း ကျစီ ကောက်ခံခဲ့ပါသည်။ ၎င်းဆနာက် အုတ်ခဲလုပ်ငန်းရှင်များထံမှ ငွေကျပ် သိန်း(၁၃၀)ခန့်ကိုလည်း ထပ်မံကောက်ခံခဲ့ပါသည်။

 ထို့အပြင် စက်သုံးဆီလုပ်ငန်းရှင်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များထံမှလည်း ထပ်ဆင့် ကောက်ခံခဲ့ရာ ကောက်ခံရရှိငွေ စုစုပေါင်း ကျပ်သိန်း(၃၀၀)ကျော် ရရှိခဲ့ပါသည်။ ကားအစား ရရန်အတွက် မြ၀တီမှ လိုင်စင်မဲ့ ၊ ချက်စီ ပြင်ရိုက်ပြီး ကားကို စစ်ကိုင်းအရောက် ( ၃၅ )သိန်း ဖြင့် ၀ယ်ယူခဲ့ပြီး ထိခိုက်ပျက်စီးသည့် မူရင်းကားကို ကျပ်(၁၃)သိန်းဖြင့် ရောင်းချခဲ့ပါသည်။ စာရင်းချုပ်လျှင် ကားအသစ်အစားထိုးသည့် ကိစ္စသည် ကျပ်(၂၂)သိန်း သာကုန်ကျခဲ့ပါသည်။

 သိန်း(၃၀၀)နီးပါး အမြတ်အစွန်းရရှိသော ယခုလို ယဉ်တိုက်ခိုက်မှု အကျိုးအမြတ်ကို ကြွက်သေတခု အရင်းပြုဆိုသလို တိုက်ကား တစီးကို အရင်းပြုပြီး..။

လက်ဆုပ်လက်ကိုင် အမြတ် ရယူနိုင်ခဲ့သည့် စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်အတွက်၊ ဤဖြစ်စဉ်သည် အကျိုးပေးသည့် စီးပွားရေး အမြင်သစ်တရပ်အဖြစ်ရှိနေမှာ အသေအချာပင် ဖြစ်ပါတော့သည်။ 


  စီးပွားရေး အမြင်ဖြင့်ကြည့်သူ

စစ်ကိုင်းသား..

01 February 2014

Unity Journal အယ်ဒီတာချုပ် အား သတင်းတပ်ဖွဲ့ မှ ပြီးခဲ့ သည့် မိနစ် ပိုင်းက လာရောက်ခေါ်ဆောင်သွား

Unity journal တွင်ဖေါ်ပြ ခဲ့သောလျှိုဝှတ် ဓါတုလက်နက်စက်ရုံသတင်းဆောင်းပါးနှင့်စပ်လျှင်း၍ အရေးယူဆောင်ရွက်မှု ဟုယူဆရသော စစ်ဆေးမှုများကို အာဏာပိုင်များ ကဆောင်ရွက်လျှက်ရှိပြီးယနေ့ ည တွင် ပေါက်မြို့ နေ Unity journal သတင်းထောက် ကိုလူမော်နိုင် အား သက်ဆိုင်ရာ လာရောက် ခေါ်ဆောင် သွားကြောင်းနှင့် ၊ အခြား ရန်ကုန်နေ သတင်းထောက် ၃ ဦး ၏နေအိမ်များသို့ ယနေ့ ညတွင် ဝင်ရောက်စစ်ဆေးမှု များရှိကြောင်း ၄င်း Unity Journal အယ်ဒီတာ ဖြစ်သူ ကိုတင်ဆန်း မှပြောကြားပါသည်။


 နောက်ဆက်တွဲ သတင်း
 
 Unity Journal အယ်ဒီတာချုပ် အား သတင်းတပ်ဖွဲ့ မှ ပြီးခဲ့ သည့် မိနစ် ပိုင်းက လာရောက်ခေါ်ဆောင်သွားပြီဟု သိရှိရသည်။

သတင်း...Thiha Thwe

30 January 2014

အာဏာရှင်တွေလည်း တယ်ကြောက်စရာကောင်းသကိုး ကြိမ်းလိုက်ဝါးလိုက်တာ အရမ်းပဲရှင်..



ဘုန်းကြီးဆိုတာ ရန်ဖြစ်ရတဲ့ အမျိုးမဟုတ်ဘူး၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို အကာအကွယ် ပေးရမယ်၊


မင်းတို့ မကြာမီ ရွေးကောက်ပွဲတွေ ဘာတွေ လုပ်လိမ့်မယ်၊
အဲဒီတော့ ရွေးကောက်ပွဲလုပ်တာ သူတို့ဟာ သူတို့ လုပ်တာ၊ မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး၊

ဘယ်ပါတီ မဲထည့်ပါ၊ ဟိုပါတီ မဲထည့်ပါ၊ အဲသလို စသည်ဖြင့် ဘယ်တော့မှ မပြောနဲ့၊ နိုင်ငံရေး မလုပ်ရဘူးလို့ မဆိုဘူး၊

နိုင်ငံရေးက လုပ်ကို လုပ်ရမယ်၊ ဒါပေမဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာ တစ်ဖက်သတ် လုပ်လို့မရဘူး၊ ဒါကြောင့်မို့လို့ တစ်ဖက်သတ်အနေနဲ့ ဘယ်ပါတီ မဲထည့်ပါ စသည်ဖြင့် မင်းတို့ တောရွာတွေမှာလည်း ဘယ်တော့မှ မပြောနဲ့။

ပြီးတော့ များသောအားဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတို့ ဘာတို့မှာ ဒို့ဗမာပြည်က ရန်ဖြစ်တတ်တယ်၊ လူသတ်မှုတွေ ဘာတွေ ဖြစ်တတ်တယ်၊ မင်းတို့ အရင်လဲ ပြောပြီးပြီ၊

မင်းလှ လေးလောင်းပြိုင်တူ၊ အဲဒါတွေ ရှိတယ်၊ ဒီတော့ ဒါမျိုးတွေ မဖြစ်အောင် ကိုယ့်ရွာကို တားပါ။ ကိုယ့်ရွာက ဒကာဒကာမတွေကို ရန်မဖြစ်ကြနဲ့၊ မဲရွေးပွဲနဲ့ ပတ်သတ်ပြီး ရန်မဖြစ်နဲ့၊ ညီညီညွတ်ညွတ် ကိုယ်ကြိုက်တဲ့ ပါတီ ကိုယ့်ဟာကို မဲပေးကြ စသည်ဖြင့် အဲသလို အသိညာဏ်ပေးပါ။ ရန်ဖြစ်တဲ့အထဲ ကိုယ်မပါပါနဲ့။

ဘုန်းကြီးဆိုတာ ရန်ဖြစ်ရတဲ့ အမျိုးမဟုတ်ဘူး၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို အကာအကွယ် ပေးရမယ်၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ငြိမ်းချမ်းသွားအောင် လုပ်ရတဲ့ လူတန်းစားထဲ ရောက်သွားပြီ၊ အဲဒါ ကိုယ့်အဆင့်အတန်းကို အမြဲတမ်း မှတ်ထား။

ဒို့က ကိုယ်တိုင် ရန်ပွဲထဲ ပါဘို့ မဟုတ်ဘူး၊ ရန်ပွဲတွေကို ငြိမ်းအောင် လုပ်ပေးရမယ့် တာဝန်သာ ရှိတယ်၊ အဲဒီ ကိုယ့်တာဝန်ကိုလည်းပဲ အမြဲတမ်း မှတ်ပြီးတော့ထားပါ။

---------------------------------------------
မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်ဘုရားကြီး
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓ)
မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
 

28 January 2014

“ သပိတ် အကြောင်း... ”


“ သပိတ် အကြောင်း... ”
•••••••••••••••••••••
အမေး။ ။ ဘုန်းဘုန်းဘုရား။ သံဃာတော်တွေအတွက် သပိတ် ကို အမဲရောင်အဖြစ် ဘယ်သူ သတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော် သိလိုပါတယ် ဘုရား။ နောက်ပိုင်းမှာမြသပိတ် လို အစိမ်းရောင်တွေ ပေါ်လာတာလေးလည်း တပည့်တော်သိလိုပါတယ်ဘုရား။

(မောင်ပြည့်စုံအောင်)

အဖြေ။ ။ သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တ၀င့် ပြောချင်တယ်။ဘုရားအလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရဗြဟ္မာကြီးက ပရိက္ခရာလှူဒါန်းပါတယ်။ ဒီပရိက္ခရာထဲမှာ သပိတ်လည်း ပါပါတယ်။
ဗြဟ္မာလှူတဲ့သပိတ်ဟာ ဘာနဲ့လုပ်ထားတယ်ဆိုတာ တိတိကျကျ မဖေါ်ပေမဲ့ သုဇာတာ သဌေး သမီး နို့ဃနာဆွမ်းလှူဒါန်းတဲ့ကာလမှာ (ဃဋိကာရမဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပတ္တော)
ဗြဟ္မာကြီးလှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ်(မြေသပိတ်)လို့ ဆိုပါတယ်။
ဘုရားလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့် ကျင့်နေတဲ့ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာသူဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းဖို့ လာတဲ့ အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက်သွားခဲ့တယ်။ ဘုရားလောင်းတော်ဟာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။

အဲဒီကနေ သတ္တာသတ္တဟစံတော်မူကာ နောက်ဆုံး  ရာဇာယတနသတ္တာဟ စံနေတော်မူတဲ့အချိန်မှာ
နတ်မင်းကြီးလေးပါးက (ဣန္ဒနီလမဏိမယေ ပတ္တေ)မြဖြင့်ပြီးတဲ့ သိပတ်(မြသပိတ်)ကို ကပ်လှူကြပါတယ်။
ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တစ်ဖန် ပဲနောက်အဆင်းရှိတဲ့ ကျောက်နဲ့လုပ်ထားတဲ့
သပိတ်လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော်မူပါတယ်။
ဘုရားရှင်က ထိုပဲနောက်အဆင်းရှိတဲ့ သပိတ်လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ်လေးလုံးကနေ အနားရစ်လေးရစ်ပါတဲ့သပိတ်တစ်လုံးတည်း မြင်တွေ့ရပါတယ်။
ဒါကြောင့် ဘုရားရဲ့သပိတ်တော်အရောင်ဟာ ပဲနောက်အဆင်းရှိတဲ့ (အမဲ)ရောင်ပဲ ဖြစ်ပါတယ်။

တစ်ဖန် ပါတိမောက်ဘာသာဋီကာမှာ သပိတ်နဲ့စပ်ပြီးမြေသပိတ် သံပိတ် နှစ်မျိုးသာ အပ်ပါတယ်လို့ဆိုပါတယ်။ ဒီနှစ်မျိုးမှာ မြေသပိတ်ကို (၂)ကြိမ်မီးဖုတ်ပြီး သံသပိတ် ကို (၅)ကြိမ် မီးဖုတ်ရမယ်လို့ အဋ္ဌကထာက ဆိုထားပါတယ်။

ဒီလို မီးဖုတ်ရတာက ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်းရှိစေလိုရင်းဖြစ်တယ်။
သပိတ်အမဲရောင်ဖြစ်အောင် ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ (သမဏသာရုပ္ပေန- ရဟန်းတို့ အား လျောက်ပတ်သော အားဖြင့်၊ ပက္ကံ-ကျက်ပြီးသော)ဟုဆိုထားတဲ့အတွက် သမဏ သာရုပ္ပဖြစ်အောင် (ရဟန်းများ ကြည်ညိုဖွယ် ဖြစ်အောင်) ဖြစ်ပါတယ်။

သတ်မှတ်တဲ့ကာလ ဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူတာက မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊  ကဆုန်လပြည့်နေ့ဖြစ်ပြီး၊ သတ္တာသတ္တာဟ (၄၉)ရက်အကြာ ၀ါဆိုလဆန်း(၄)ရက်နေ့ခန့်မှာ နတ်မင်းကြီးလေးဦး၏ ပဲနောက် အဆင်းရှိ သပိတ်ကို အလှူခံယူတော်မူတဲ့အတွက် သပိတ်သတ်မှာရာကာလကို မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလဆန်းပိုင်းက စတင်ခဲ့တယ်လို့ ယူဆရပါတယ်။
မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာကိုပြောရမယ်ဆိုရင် ဘုရားဖြစ်တော်မူပြီး (၄၉)ရက်ခန့်အကြာမှာ နတ်မင်းကြီးလေးပါးက ဘုရားအား ပထမအကြိမ် မြသပိတ်လှူဒါန်းတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ လူတွေက ဘုရားရုပ်ပွားတော်မြတ်အား မြသပိတ်လို အစိမ်းရောင် သပိတ်များ လှူလာကြတာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ယနေ့ခေတ် လှူဒါန်းနေတဲ့ သပိတ်တွေက မြသပိတ်လို့ခေါ်ကြတဲ့ ဖန်သပိတ်တွေပါ။
အဲဒီသပိတ်တွေလည်း ဘုရားအား လှူဒါန်းဖို့ရာ မသင့်တော်ဘူးလို့ ထင်ပါတယ်။

- [ ဦးကောဝိဒ(မြိတ်)]

27 January 2014

မြန်မာနိုင်ငံ က ဆေးတက္ကသိုလ် မှာ တက်ရောက်နေတဲ့ ဆေးကျောင်းသူကို မုဒိမ်းကျင့်ခံရတဲ့အမှု့ တရားခံ အစစ်အမှန် အမြန် ပေါ်ပေါက်ပါစေ







 
"မြန်မာ့တရားရေးကို စိန်ခေါ်လာတဲ့ နော်မေသူသူဇော် သေဆုံးမှု" 2013 ဧပြီလ လောက်က ဆေးဖက်ကျောင်းသူလေး တစ်ယောက်ဟာ ဘုရင့်နောင်တံတားပေါ်က ခုန်ချပြီး သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲ့ဒီကျောင်းသူလေးနာမည်က နော်မေသူသူဇော်ဖြစ်ပြီး အသက် ၁၉ နှစ်သာ ရှိပါသေးတယ်။ နော်မေသူသူဇော် ရဲ့ ရည်းစားဖြစ်သူက ရဲမင်းဦးလို့ ခေါ်တဲ့ ဆေးကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ကောင်မလေးသေတဲ့နေ့က သူဟာ သူ့ချစ်သူ ရဲမင်းဦးနဲ့ လျှောက်လည်ရာက ပြန်လာပြီး စော်ဘွားကြီးကုန်းကနေ မှော်ဘီကို ည ၇ နာရီ ၄၅ မိနစ်မှာ ပြန်သွားတယ်လို့ ရဲမင်းဦး က စစ်ချက်ပေးပါတယ်။ မေသူဇော်ရဲ့ လွယ်အိတ်ကို ဘုရင့်နောင် တံတားပေါ်မှာ လေညှင်းခံ ထွက်လာတဲ့ ရွာမရပ်ကွက်က မိန်းခလေးသုံးယောက်မှ ည ၈ နာရီအချိန်မှာ တွေ့ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဇော်ဘွားကြီးကုန်းကနေ မှော်ဘီကို သူ့ရည်းစားရှေ့မှာ ပြန်သွားတဲ့ မိန်းခလေးဟာ ဘုရင့်နောင်တံတားပေါ်မှာ ည ၈ နာရီမှာ ဘယ်လို ကိုယ့်ဟာကိုယ် သတ်သေမလဲ ??? ဇော်ဘွားကြီးကုန်းနဲ့ ဘုရင့်နောင်ဆိုတာ ဆန့်ကျင့်ဘက်ပါ။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ မိန်းခလေးဟာ ဇော်ဘွားကြီးကုန်းကလာပြီး ခရေပင်လမ်းခွဲမှာ ဆင်း၊ တက္ကစီဌားပြီး ဘုရင့်နောင်တံတားကိုလာပြီးမှ လွယ်အိတ်ကို တံတားမှာ ချပြီး မြစ်ထဲကို ခုန်ဆင်းသတ်သေတယ်လို့ ယူဆပါသတဲ့။ စော်ဘွားကြီးကုန်းကနေ ခရေပင်လမ်းခွဲကို ဟိုင်းလတ်စီးရင် အနည်းဆုံး ငါးမိနစ်နဲ့ ဆယ်မိနစ်ကြာပါတယ်။ ခရေပင်လမ်းခွဲက ဘုရင်နောင်တံတား - ပေါက်တောဝကို တက္ကစီ ဌားရင်လည်း အနည်းဆုံး ၁၅ မိနစ်က နာရီဝက်လောက်ကြာနိုင်ပါတယ်။ အင်းစိန်ပန်းခြံကစပြီး ဂုံးတံတား၊ အင်းစိန်ဈေး၊ ပေါက်တောဝ မီးပွိုင့်အထိ လမ်းတောက်လျှောက် ပွင့်နေတာတောင် ငါးမိနစ်က ဆယ်မိနစ်လောက်ထိကြာပါတယ်။ ဒီလိုဆိုရင် ည ၇ နာရီ ၄၅ မှာ ရည်းစားနဲ့ လမ်းခွဲလာတဲ့ မိန်းခလေး ည ၈ နာရီမှာ ကိုယ့်ကိုကိုယ် ဘုရင့်နောင်တံတားမှာ သတ်သေတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းချက်ကို လက်ခံနိုင်ဖွယ်ရှိပါသလား ??? အဲ့ဒီနောက်မှာတော့ ကောင်မလေးရဲ့ အလောင်းပေါ်လာတယ်။ ရဲက နှစ်ရက်ထားပြီးတော့ ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်တယ်လို့ဆိုပါတယ်။ ဆေးရုံက သုံးရက်ထားမယ့်ဟာကို ရဲက အမိန့်စာထုတ်ပြီး သဂြိုလ်ပါသတဲ့။ ပြီးတော့မှ ရဲမင်းဦးအိမ်က အရင်သိပြီး ကောင်မလေးအိမ်ကို အကြောင်းကြားတယ်လို့ ဆိုပါတယ်။ ကောင်မလေး တံတားမှာ ချန်ခဲ့တဲ့ အိတ်နဲ့ဖိနပ်။ အိတ်မှာ ကောင်မလေးရဲ့ ကျောင်းသားကတ်ဒ် ရှိပါတယ်။ ကျောင်းသားကတ်ဒ်ထဲမှာ နေရပ်လိပ်စာလည်း ပါတယ်။ ဒါပေမယ့် ကောင်မလေးကို ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်ပါတယ်။ ဆေးစာကို ရေးတာက အင်းစိန်က မူ့ခင်းဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းဖြစ်ပါတယ်။ ဆေးစာမှာတော့ ကောင်မလေးမှာ ပြင်ပဒဏ်ရာ မတွေ့ရပဲ အဆုတ်ထဲရေ၀င်ပြီး သေဆုံးတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကောင်မလေးဟာ အပျိုစစ်စစ်လို့ ဆိုပါတယ်။ ကောင်မလေးရဲ့ အပျိုမှေးတောင် မပျက်စီးတဲ့ သဘောပေါ့။ ဒါပေမယ့် ရဲတပ်ဖွဲ့ကပေးတဲ့ ပုံ မဟုတ်ပဲ မိသားစုက စုံစမ်းပြီးရထားတဲ့ အလောင်းဘေးတိုက်ပုံ ကောင်မလေးရဲ့ နောက်ကျောမှာ သွေးစွန်းနေတယ်လို့ ယူဆနိုင်တဲ့ အနီကွက်ကို တွေ့ရသလို၊ ရဲ ကပေးတဲ့ ပုံမှာလည်း လက်ဝဲဘက် လက်ကျိုးနေတယ်လို့ ယူဆနိုင်ပါတယ်။ မူ့ခင်းဆရာဝန်ကြီးက အပျိုစစ်စစ်လို့ ထွက်ချက်ပေးပေမယ့် သေဆုံးသူရဲ့ ဖုန်းထဲမှာ သူ့ရည်းစား ရဲမင်းဦးနဲ့ ပို့ထားတဲ့ မက်ဆေခ်ျ့တွေမှာတော့ ကောင်မလေးဟာ သူ့ရည်းစားနဲ့ လွန်ကျုးထားတယ်လို့ တွေ့ရှိရပြီး ကောင်မလေးဟာ တားဆေးစားနေရပါသတဲ့။ တားဆေးစားနေရတဲ့ မိန်းခလေးဟာ အပျိုစစ်စစ်ဖြစ်ပါ့မလား ??? အမှုရှုပ်ထွေးလာပါပြီ။ ဒါဆိုဘာလို့ ရဲတပ်ဖွဲ့နဲ့ မှုခင်းဆရာဝန်ကြီး၊ တရားသူကြီးတွေက ဒီလိုသံသယ၀င်စရာတွေကို သတိမပြုခဲ့ပါသလဲ ??? ဆေးကျောင်းသား ရဲမင်းဦးရဲ့ ဖခင်ဟာ GE(အင်ဂျင်နီယာ) တပ်က အရာခံဗိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။ GE တပ်က ဆာဂျင်တွေ အင်ဂျင်နီယာတွေ ဘယ်လောက် ပိုက်ဆံရတယ်၊ ချမ်းသာတယ်ဆိုတာ နီးစပ်သူတွေ သိကြမှာပါ။ ဒါတင်မကပဲ ရဲမင်းဦးနဲ့ သေဆုံးသူကောင်မလေးတို့ဟာ အဲ့ဒီနေ့က ရွှေတိဂုံဘုရားနဲ့ Junction Square တို့ကို လည်ပတ်ခဲ့ကြပါသတဲ့။ တိတိကျကျဆို ရဲမင်းဦ သူ့ အစ်ကိုတစ်ဦးနှင့် သေဆုံးသူကောင်မလေးတို့ဖြစ်ပါတယ်။ ဒါပေမယ့် ရဲမင်းဦးရဲ့ သူငယ်ချင်းတွေဟာ အဲ့နေ့က သေဆုံးသူကောင်မလေး ၀တ်တဲ့ ဂါဝန်နဲ့ အရောင်ကိုပါ သိကြပါသတဲ့။ ဒီအကြောင်းကို သေဆုံးသူကောင်မလေးအိမ်က ရဲမင်းဦးနဲ့ သူ့အပေါင်းအသင်းများက ကောင်မလေးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ကာ ကိုယ့်ကိုကိုယ် သတ်သေသလို ဇတ်လမ်းဆင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ဆုံး သံသယဖြစ်စရာ အကောင်းဆုံးကတော့ ကောင်မလေး အလောင်းပေါ်တဲ့ လှိုင်မြစ်ကမ်းနဲ့ နှစ်လမ်းအကွာမှာ ရှိတာကတော့ လူသတ်သမားလို့ စွပ်စွဲခံရတဲ့ ကောင်မလေးရဲ့ချစ်သူ ရဲမင်းဦး ရဲ့ အိမ်ပဲ ဖြစ်ပါတော့တယ်။ ဒီလို သံသယတွေ၊ ထောက်ပြစရာတွေ လျို့ဝှက်ချက်နေတဲ့ ပြည့်လျှမ်းနေတဲ့ အမှုကို လူသေမှုဆိုပြီး အမှုပိတ်လိုက်တာဟာ ရဲတပ်ဖွဲရဲ့ စွမ်းရည်ကို ဝေဖန်စရာဖြစ်နေပြီး၊ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့ဘုတ်နဲ့ ၀က်ဘ်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာကြပါတယ်။ လူအများစုကတော့ မြန်မာ့တရားစီရင်ရေးကို ကိုင်လှုပ်လာမလား ဆိုတာ စောင့်ကြည့်နေကြရင်း။ တရားဥပဒေ စိုးမိုးနိုင်ပါစေ။ 

မာဃ Credit to: Aye Chan Mon

26 January 2014

ကျေနပ်ပါတော့အမေ


၂၄.၁.၂ဝ၁၄ ရက်နေ့ ည (၉းဝဝ) နာရီအချိန်ခန့်က ကျွန်တော့်ထံသို့ အမေဒေါ်ခင်ယုမေ ဆုံးသွား ပြီ ဟူ၍ အမေ့အိမ်မှ အကြောင်းကြားခဲ့သည်။ အမေက သူဆုံး-ဆုံးခြင်း ချက်ခြင်းသင်္ဂြိုဟ်ပေးရန်နှင့် မောင် ကျော်သူတို့အား ချက်ခြင်းအကြောင်းကြားရန် မှာကြားခဲ့သည့်အတွက် ကျွန်တော့်ထံသို့ အမေ့၏ ဆွေမျိုး တစ်ဦးမှ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၅.၁.၂ဝ၁၄ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် အမေဒေါ်ခင်ယုမေ၏ ကျန်ရစ်သောရုပ်ခန္ဓာအား လာရောက်သယ်ဆောင်မည့် အစီအစဉ်အား ချက်ခြင်းဆွဲ ခဲ့သည်။ သို့သော် နံနက်အချိန်တွင် သံဃာတော်များအား ဆွမ်းကပ်တရားနာပြီးမှ သယ်ဆောင်လိုကြောင်း အကြောင်းကြားခဲ့သည့်အတွက် နံနက် (၁၁း၃ဝ) နာရီအချိန်တွင် အမေ၏ နေအိမ်ရှိရာ အမှတ် (၂၉)၊ သီရိ မင်္ဂလာရိပ်သာ၊ ကမ္ဘာအေးဘုရားလမ်းသို့ သွားရောက်ကာ အမေဒေါ်ခင်ယုမေ၏ ရုပ်ခန္ဓာအား မှန်ခေါင်းထဲ သို့ ထည့်သွင်းပြင်ဆင်ပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ တင်ဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့ သည်။ အမေဒေါ်ခင်ယုမေအားရည်စူး၍ ကျန်ရစ်သူမိသားစုတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူ ငွေ (၅) သိန်းကျပ်တိတိအား လှူဒါန်းခဲ့သည်။ အမေဖြစ်စေချင်သော ချက်ခြင်းသင်္ဂြိုဟ်ပေးခြင်း အမေ့ဆန္ဒ ပြည့်ဝခဲ့ပြီ ဖြစ်ပါသည်။ သို့သော် ကျွန်တော်ပြန်လည်၍ တွေးမိကာ လူတွေဟာ သေခြင်းတရားကို မေ့ပျောက်နေကြသ လား။ သေခြင်းတရားကို အမေ့ခံနေကြတာလား။ သေခြင်းတရားကို မသိကျိုးနွံ ပြုလုပ်နေကြတာလား … ဟူ၍ဖြစ်သည်။ အဘယ့်ကြောင့်ဆို အမေဒေါ်ခင်ယုမေသည် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် မော်ဒယ်(လ်)လောက၏ ဘုရင်မတစ်ဦးဖြစ်ခဲ့သည်။ ထို့ပြင် ဂီတလောကတွင်လည်း အောင်မြင်ကျော်ကြား ခဲ့သော အဆိုတော်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ရုပ်ရှင်လောကတွင်လည်း အကယ်ဒမီနှစ်ထပ်ကွမ်း ရုပ်ရှင် မင်းသမီးကြီးတစ်ဦး ဖြစ်ခဲ့သည်။ အဘယ့်ကြောင့် ထိုကဲ့သို့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် အနုပညာရှင်တစ်ဦး၏ နောက်ဆုံးခရီးသည် ငြိမ်သက်ခြောက်သွေ့စွာဖြင့် ပြီးဆုံးသွားရသနည်း။ တကယ်ဆို ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင်၊ မော်ဒယ်(လ်) လောကမှ ပညာရှင်များ လက်တွဲညီညီ စည်စည်ကားကား ကျင်းပ သင့်သော ဂုဏ်ယူသင့်သည့် မှတ်ကျောက်တင်ရမည့် ဈာပနအခမ်းအနားတစ်ခု ဖြစ်သင့်တော့သည်။ “မည်သည့်အချိန် … မည်သည့်နေရာ … မည်သည့်ပုံစံဖြင့် သေဆုံးကြရမည်ကို သင်တို့အားလုံး မသိနိုင်။ ဒါကြောင့် အချိန်တိုင်း နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်းတွင် မရဏာနုဿတိ ပွားများနေထိုင်ကြဖို့ အရေးကြီးလှသည်။”'

25 January 2014

အနုပညာရှင်အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်မင်းသမီး အမေ ဒေါ်ခင်ယုမေ ကွယ်လွန်

ခုခေတ်မှာ "ခင်ယုမေ" ဆိုတာကိုမသိတဲ့ အနုပညာသမားများ၊မော်ဒယ်လောကသမားများ၊လှယဉ်ကျေးမယ်များ၊ဂျာနယ်လစ်ဇင်များ၊အဆိုတော်ပေါက်စများ၊ရုပ်ရှင်မင်းသား မင်းသမီးပေါက်စများဆိုတဲ့ ချာတိတ်တွေအတွက်...။ ခင်ယုမေ ဆိုတာ ဒါဘဲ။ ၁၉၃၇ ခုနှစ်၊ မတ်လတွင် အဖ ဦးယုဆွမ်း၊ အမိ ဒေါ်ကြင်မြိုင်တို့က ရန်ကုန်မြို့မှာ မွေးဖွားပါတယ်။ ၁၉၅၁ ခုနှစ်မှာ စိန့်ဖရန် ကွန်ဗင့်ကျောင်းနဲ့ ၁၉၅၅ မှာ ရန်ကုန်မြို့ နိုင်ငံတော် မိန်းကလေးများ အထက်တန်းကျောင်းတို့မှာ တက္ကသိုလ် ဝင်တန်းအထိ ပညာ သင်ကြားခဲ့တယ်။ ၈ တန်းကျောင်းသူ ဘ၀ကတည်းက မိသားစုများနဲ့ တေးရေးဆရာ မြို့မသီးတို့ ရင်းနှီးမှုကြောင့် ဂီတဗိမာန်တီးဝိုင်းနဲ့ အဲဒီကာလတုန်းက ၀င်ဒါမီယာကနေ ထုတ်လွှင့်နေတဲ့ မြန်မာ့ အသံမှာ သီချင်း စဆိုခဲ့ပါတယ်။ အဲဒီတုန်းက ခုခေတ်လို တိပ်နဲ့ အသံသွင်းပြီးမှ လွှင့်ရတာမျိုး မဟုတ်ဘဲ တီးဝိုင်းနဲ့ တိုက်ရိုက်ဆိုပြီး တိုက်ရိုက် လွှင့်ထုတ်ရတဲ့ စနစ်ဖြစ်ပါတယ်။ ကာလပေါ် တီးဝိုင်း အဖွဲ့တစ်ဖွဲ့ သီဆိုလွှင့်ထုတ်တဲ့ အထဲက ပရိသတ်ကြိုက်မယ့် အဆင့်မီ သီချင်းများကိုသာ ဓာတ်ပြားရ သီချင်း အဖြစ် သတ်မှတ်ပြီး မြန်မာ့အသံမှ အကြိမ်ကြိမ် ထုတ်လွှင့်ပေးတဲ့ စနစ် ဖြစ်ပါတယ်။ ဓာတ်ပြား မရတဲ့ သီချင်းများ ကတော့ တစ်ကြိမ်နဲ့တင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒေါ်ခင်ယုမေ ပထမဦးဆုံး သီဆိုခဲ့တဲ့သီချင်းက မေပန်းချီ လို့ ဆိုပါတယ်။ သူကိုယ်တိုင်က ပန်းချီဆွဲတာကို ၀ါသနာပါသူဖြစ်လို့ တေးရေးဆရာက မေပန်းချီ ဆိုတဲ့ သီချင်းကို ရေးပေးခဲ့တာလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ အဆိုကျော် ဘ၀မှာ အောင်မြင်လာတော့ ဓာတ်ပြား လောကကို ရောက်ရှိလာပါတယ်။ စုံတောမြိုင်၊ လူညိုယဉ်၊ ရိုင်းတဲ့စင်ရော်၊ မြင်းလှည်း ကလေးနဲ့ပျော် အစရှိတဲ့ တေး သီချင်းပေါင်ျးားစွာကို ရောင်းတန်း ဓာတ်ပြားအဖြစ် သီဆို အသံသွင်းခဲ့ရပါတယ်။ အသက် ၁၈၊ ၁၉ အရွယ် ၁၉၅၇-၅၈ လောက်မှာ ဒါရိုက်တာ ဦးချင်းစိန်က ခေါ်ဆောင်မှုနဲ့ သက် လို့ အမည်ပေးထားတဲ့ ရုပ်ရှင် ကားတစ်ကား စတင် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် သက် က အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး နီးပါး မင်းသမီး ငိုရတဲ့ ဇာတ်ဖြစ်နေတာကြောင့် ဆရာ ဦးချင်းစိန်က မင်းသမီးသစ် တစ်ယောက်ကို ဒီလို ပွဲထုတ်လို့ မဖြစ်ဘူး၊ အဆိုကျော် မင်းသမီး အနေနဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကား တစ်ကားနဲ့ ပွဲဦး ထွက်သင့်တယ် ဆိုပြီး ဒါရိုက်တာ ဦးလှ တင်လက်ကို အပ်လိုက်ပါတယ်။ သက် ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်ဆိုင်းပြီး ဒါရိုက်တာ ဦးလှတင် ရိုက်ကူးတဲ့ ဤဘ၀၀ယ် ဟာသကားမှာ အဲဒီခေတ် အခါတုန်းက နာမည်ကြီး ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဦးဖိုးပါကြီးနဲ့ တွဲပြီး သရုပ် ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်ခင်ယုမေရဲ့ ပွဲဦးထွက် ရုပ်ရှင်ကားဟာ ဤဘ၀၀ယ် လို့ မှတ်တမ်း တင်ရပါတယ်။ ဒေါ်ခင်ယုမေက အဆိုကျော်ဘ၀ကနေ သရုပ်ဆောင် ဖြစ်လာတော့ ပင်ကို ကတည်းက ၀ါသနာပါတဲ့ ဖက်ရှင်မျိုးစုံကို တီထွင်ဝတ် ဆင်လာခြင်းကြောင့် မြန်မာ နိုင်ငံတစ်လွှားမှာ ခင်ယုမေ ဖက်ရှင်ဆိုပြီး ဖက်ရှင်ပေါင်း များစွာ ခေတ်စားခဲ့ပါတယ်။ ခုခေတ် မိန်းကလေးများ ၀တ်နေကြတဲ့ ဒူးအောက်ရောက် စကတ်ထဘီများဟာ ခင်ယုမေ ခေတ်တုန်းက တီထွင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒီတုန်းက လူကြီးများက လယ်သူမဖက်ရှင်လို့ သြဘာ ပေးခဲ့ကြပါတယ်။ ဆံပင် ဖက်ရှင်နဲ့ ပတ်သက်လို့လည်း ငယ်ထိပ်တည့်တည့်မှာ ဘူး ပွင့်သဏ္ဌာန် အပွင့်ဖော်တဲ့ ဆံပင် ဖက်ရှင်ကို တီထွင်ခဲ့တဲ့ အပြင် ဗီးဟိုက်လို့ ခေါ်တဲ့ ပျားအုံပုံစံ ဆံပင်ဖက်ရှင်ဟာလည်း မြန်မာနိုင်ငံမှာ ခင်ယုမေ စတင် တီထွင်ခဲ့တာပါ။ ရုပ်ရှင်မင်းသမီးအဖြစ် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရပါတယ်။ ရုပ်ရှင် ထူးချွန်ဆုကို ၁၉၆၁ ခုနှစ်မှာ မန္တလေး ရုပ်ရှင်က ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကိုယ်ပိုင် မေတ္တာ ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အမျိုးသမီး ပညာသည် ဆုကို ရရှိခဲ့ပါတယ်။ ထူးချွန်ဆုပေးပွဲ ကျင်းပချိန်မှာ ရုပ်ရှင်လုပ်ငန်းက ဆက်သွယ် အကြောင်းကြားခဲ့ ပေမယ့် သံတောင်၊ ဘောဂလိ တောထဲမှာ ပုလဲမျက်ရည် ရုပ်ရှင်ဇာတ်ကားကို သွားရောက် ရိုက်ကူးနေချိန် ဖြစ်တဲ့အတွက် ရန်ကုန်သို့ ပြန်မလာနိုင်ခဲ့ပါဘူး။ ဒေါ်ခင်ယုမေကိုယ်စား သရုပ်ဆောင်၊ ဒါရိုက်တာ ဗိုလ်ဘကိုက ဆုတက် ယူပေးခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ဒါရိုက် တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးကျော်ဆွေနဲ့ အိမ်ထောင်ကျခဲ့ပါ တယ်။ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေးတို့နဲ့ တွဲဖက် ပါဝင် သရုပ်ဆောင်တဲ့ မလိခချစ်သူ ဇာတ်ကားရိုက်ကူးပြီး ပြန်လာချိန်မှာ ကိုယ်ဝန်ရှိခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ တစ်ဦးတည်းသော သားကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်ဆွေက ကျော်ဆွေဆက်လို့ အမည်ပေး ခဲ့ပေမယ့် ဒေါ်ခင်ယုမေကတော့ သူ့သားနာမည်ကို အောင်ကျော်မိုးလို့သာ အမည် တွင်စေပါတယ်။ တစ်ဦးတည်းသော သား အောင်ကျော်မိုးက အခု အသက် ၃၇ နှစ်ရှိပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်လျက်ရှိကာ မြေးမ အယ်ရစ်ကာမိုးနဲ့ မြေးယောက်ျားလေး ရပ်ဆယ်မိုးတို့ ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။ တစ်ယောက်တည်း ရုန်းကန်နေထိုင်ရတဲ့ ဘ၀မှာ ဒေါ်ခင်ယုမေဟာ လူလိမ် လူကောက်များစွာနဲ့ ကြုံတွေ့ပြီး လိမ်လည်မှုများ ခံခဲ့ရပါ တယ်။ ရန်ကုန်မြို့၊ ကမ္ဘာ အေးဘုရားလမ်းဘေးက လမ်းသွယ် တစ်ခုဖြစ်တဲ့ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်ထဲမှာ မြေနှစ်ကွက် ပိုင်ဆိုင်ခဲ့ပြီး မျက်နှာစာ အကွက်ကို တိုက်ဆောက်၊ အငှားချပြီး အတွင်းဘက်က အကွက်မှာ ကိုယ်တိုင်နေထိုင်ဖို့ သီးခြားဆောက် လုပ်နေထိုင်ခဲ့ပါတယ်။ ရှေ့က တိုက်ကို သွင်းကုန် ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုက နှစ်ရှည်ငှားရမ်းဖို့ အတွက် ပြင်ဆင် ဆောက်လုပ်ဖို့ လိုအပ်လာတာကြောင့် သုံးလနဲ့ အပြီးဆောက်လုပ်ပေးမယ် ဆိုတဲ့ ကန်ထရိုက်ကို အပ်လိုက်ပေမယ့် ငွေများအလိမ် ခံလိုက်ရပြီး ဆောက်လက်စ တိုက်မှာလည်း တန်းလန်းနဲ့ ရပ်သွားပါတယ်။ တိုက်ဆက်ဆောက်နိုင်ဖို့ အတွင်းဘက်က မြေကွက်ကို ခွဲရောင်းလိုက်ပြီး ရှေ့ကတိုက်ကို ပြီးအောင် ဆောက်ခဲ့ပါတယ်။ တိုက်ဆောက်ပြီး ပိုလျှံတဲ့ ငွေကို စားစရိတ် ရနိုင်အောင်လို့ ပုဂ္ဂလိက ငွေစု ငွေချေးလုပ်ငန်းထဲ ထည့်ထားခဲ့ရာက ကုမ္ပဏီ ဖျက်သိမ်းသွားတဲ့ အတွက် လက်မဲ့ဖြစ်ခဲ့ရပြန် ပါတယ်။ ဆောက်ပြီးတဲ့တိုက်ကို ရွှေခြည်ငွေခြည်မှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ချိုပြုံး ရောက်လာပြီး ရုပ်ရှင်သမားတွေကို ငှားပါလားလို့ အကြံပေး တိုက်တွန်းခဲ့ရာကအစ ခုချိန်ထိ ဒေါ်ခင်ယုမေရဲ့ တိုက်ကို ရုပ်ရှင်သမားများ ရိုက်ကူး နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်ခင်ယု မေက “အရင်တုန်းကတော့ တစ်လမှာ ရက် ၂၀ လောက် ငှားရပါတယ်။ ခုတော့ ၁၀ ရက်တောင် မပြည့်တတ်တော့ဘူး”လို့ ဆိုပါတယ်။ သူ့အိမ်မှာ ရုပ်ရှင်သမားတွေ ၀င်ထွက် သွားလာနေကြပေမယ့် ရိုက်ကွင်းပေါ် ရောက်တဲ့ သူများ ဒေါ်ခင်ယုမေကို မတွေ့ကြရပါဘူး။ ရိုက်ကွင်း ရှိတဲ့ နေ့ဆိုရင် ဒေါ်ခင်ယုမေက သူ့အခန်းထဲမှာပဲ စားစရာ သောက်စရာ အပြည့်အစုံ နဲ့ အခန်းတံခါး ပိတ်နေတာပါ။ ဒီအသက်အရွယ်မှာ သူနဲ့လိုက်ဖက်တဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်မယ် ဆိုရင် ဖြစ်နိုင်သေးပေမယ့် ဒေါ်ခင်ယုမေကတော့ လုံးဝငြင်းပါတယ်။ ဒီအလုပ်ကို လုပ်ဖို့ စိတ်မ၀င်စားတော့ဘူးလို့လည်း ဆိုပါတယ်။ ကျန်းမာရေး အခြေအနေက ကင်ဆာရောဂါဖြစ် ပွားခဲ့ဖူးပြီး ကင်ဆာပျောက်ခဲ့ပေမယ့် တစ်မျိုးမဟုတ် တစ်မျိုး ဖောက်နေတာပဲလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ လက်ရှိ အခြေအနေမှာ လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက်က သွေးပြန်ကြောများ ပိတ်နေတာကြောင့် လက်များ ရောင်ကိုင်းနေသလို ခြေထောက်ကလည်း ခြေဖမိုး တစ်ခုလုံး ရောင်ကိုင်းနေတာ တွေ့ရပါတယ်။ လက်ရှိ နေအိမ်ဖြစ်တဲ့ အမှတ် (၂၉/အေ) သီရိမင်္ဂလာ ရိပ်သာလမ်းမှာ တူမကလေး များရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်လျက် ရှိပြီး ၂၄.၁.၂၀၁၄ရက်နေ့ မှာကမ္ဘာမြေပြင်ကနေထွက်ခွါသွားခဲ့ပြီ။ ဖက်ရှင်လောက၊အဆိုလောက၊ရုပ်ရှင်လောက၊မော်ဒယ်လောကတို့ ရဲ့ အရှင်သခင်ဘုရင်မတစ်ဦး ဆုံးရှုံးခဲ့ရပြန်ပြီ...။ ကျော်သူ

24 January 2014

အောင်မြင်ပါစေ မထသ ရယ်..


လူဦးရေ ထူထပ်များပြားပြီး ခရီးသည်တင်ယာဉ်များကိုသာ အဓိက အားထားလိုက်ပါ စီးနင်းနေကြသည့် ရန်ကုန်မြို့ကြီးတွင် အဆင့်မြင့် အထူးယာဉ်အဖြစ် အသုံးပြုပြေးဆွဲပေးလျက်ရှိသည့် အဓိပတိနှင့် အထူးယာဉ် လိုင်း၊ ပါရမီနှင့် ရွှေအင်းဝတို့တွင် နိုင်ငံတကာကဲ့သို့ ခရီးသွားများ ခေတ်နှင့်အညီ စီးနင်းလိုက်ပါနိုင်စေရန်နှင့် အကြွေအခက်အခဲ ဖြေရှင်းနိုင်စေရန် iPay ကတ်ကို အဆိုပါ ယာဉ်လိုင်းများပေါ်တွင် ၂ဝ၁၂ ခုနှစ်မှစ၍ တပ်ဆင် အသုံးပြုခွင့်ကို ပေးခဲ့သော်လည်း ယနေ့အချိန်ထိ ခရီးသည်များနှင့် ယာဉ်နောက်လိုက်များမှာ လိုက်ပါသုံးစွဲနိုင်မှု အားနည်းနေသေး၍ နေ့စဉ်အခက်အခဲများ ကြုံတွေ့နေရကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ (မထသ)ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားခဲ့ သည်။

 ပြုပြင်ပြောင်းလဲလာသည့် ခေတ်နှင့်အညီ အိမ်နီးချင်းဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ အမီလိုက်နိုင်စေရန် ၂ဝ၁၂ ခုနှစ်ကစပြီး အထူးယာဉ်လိုင်းကားများနှင့် အဓိပတိကားများတွင် iPay ကတ် အသုံးပြုရန် တပ်ဆင်ပေး ခဲ့သော်လည်း ယာဉ်နောက်လိုက်များနှင့် ခရီးသွားပြည်သူများ လိုက်နာမှု အားနည်းနေသေး၍ တိုးတက်သင့် သလောက် တိုးတက်မှု မတွေ့ရသေးကြောင်း မထသ(ဗဟို)ရုံး၌ ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ တွင် ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။ ''ကျွန်တော်တို့ မထသ(ဗဟို)ကတော့ ဒီမှာရှိတဲ့ ယာဉ်လိုင်းတွေ အားလုံးကို ဘက်ပေါင်းစုံကနေ အိမ်နီးချင်းနိုင်ငံတွေလို ခေတ်မီပြီး သက်သောင့်သက်သာ သွားလာနိုင်ဖို့ အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ။ အခုလည်း iPay ကတ်စနစ်ကို ယာဉ်နောက်လိုက်တွေရဲ့ စိတ်ရှည် သည်းခံမှု အားနည်းခြင်းတို့ကြောင့် အခြားနိုင်ငံတွေလို ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ဘူး။ 

ဒါကြောင့် သင်တန်း တွေမှာ ယာဉ်လုပ်သားတွေကို ဖွံ့ဖြိုးပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး ဦးဆောင်လမ်းပြ ဆွေးနွေးတာတို့ လုပ်ရပါမယ်။ ဒါမှလည်း နောင်မှာ iPay ကတ်လို အဆင့်မြင့်နည်းလမ်းတွေလာရင် မူဘောင်ဝင်ပြီး ကျင့်သားရသွားမှာ ဖြစ်ပါတယ်'' ဟု ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။ ရန်ကုန်မြို့တွင်း၌ iPay Station ကိုးခု၊ iPay Bus Stand ကိုးခုနှင့် တည်ဆောက်ပြီး ဖွင့်လှစ်ရန် ကျန်ရှိသည့် iPay Bus Stand ၂၂ ခု ရှိကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း၌ နေ့စဉ် iPay ကတ်ဖြင့် မော်တော်ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းနေသည့် ခရီးသည် ၁၅ဝဝ ခန့်၊ သင်္ဘောတွင် ၁၈ဝဝ ခန့်နှင့် စားသောက်ဆိုင်များတွင် ၁ဝဝ ခန့် အသုံးပြုနေကြောင်း သိရသည်။

 ''ဒီကတ်စနစ်က ကောင်းပါတယ်။ ဒါပေမယ့် ခရီးသည်တွေက လိုက်နာမှု အားနည်းနေသေးတယ်။ တချို့ ယာဉ်လုပ်သားတွေကလည်း ဒီကတ်စနစ်ကို သိပ်မကြိုက်တဲ့ပုံပဲ။ ကတ်ပေးလိုက်လို့ရှိရင် မျက်နှာတစ်မျိုး ဖြစ်သွား တယ်။ တချို့ကတော့လည်း သဘောကောင်းပါတယ်။ တချို့ဆိုပျက်နေပြီ၊ ပိုက်ဆံပဲပေးဆိုပြီး တောင်းကြ တယ်။ ပြုပြင်ပြောင်းလဲတဲ့အခါ အားလုံးက ပြုပြင်ပြောင်းလဲဖို့ လိုတာပေါ့။ ငါတစ်ဖို့တည်း ကြည့်နေတဲ့သူတွေ အတွက်တော့ ဘယ်လိုမှ ပြောင်းလဲလို့ရမှာ မဟုတ်ဘူး။ ခုနောက်ပိုင်း ယာဉ်နောက်လိုက်တွေ ပိုက်ဆံပိုတောင်းလာတာ ကို တွေ့ရတယ်။ ဂိတ်စ ဂိတ်ဆုံး ၂ဝဝ သတ်မှတ်ထားရင် သူတို့က ၄ဝဝ လောက် တောင်းတယ်'' ဟု ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတစ်ဦးက ပြောကြားခဲ့သည်ဟု  ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။"

12 January 2014

ဇာတ်ရံများ-ပြည်တည်ခန်း ( တစ် )

မော်စကိုလို့ ခေါ်လေ့ရှိတဲ့ခေတ်ထဲ အဲဒီကို စရောက်ဖူးတော့ အင်းစိန်ထောင်ဖွဲ့စည်းပုံက အခုလိုမပျက်စီးသေးဘူးဗျ။၈၈ အရေးတော်ပုံကျမှ အဆောင်တွေ မီးတိုက်ခံရလို့ ဖွဲ့စည်းပုံပျက်သွားတာ။ အစိုးရက အင်္ဂလိပ်ခေတ်ကလို သေချာပြန်မဆောက်နိုင်တော့ဘူး။ အင်္ဂလိပ်တွေထားခဲ့တဲ့အဆောင်တွေက တဆောင်တဆောင် ကို ပေ၄၀၀ကျော်ရှည်တဲ့ ကွန်ကရစ်အဆောင်တွေ။ အခန်းတွေအားလုံးကတော့ သစ်ခင်းသစ်ကာပေါ့။ အဆောင်၅ဆောင်ရှိခဲ့ဖူးတယ်။ ၁ဆောင်က- အချုပ်ဆောင် ။ အချုပ်သားတွေ ထားတယ်။ ၂ဆောင်- အကျဆောင်။ ရာဇ၀တ်မှုနဲ့ထောင်ကျပြီးသားတွေထားတယ်။ ၃-၄-၅ ဆိုတဲ့ အဆောင် တွေက နိုင်ငံရေးအကျဉ်းသားဆောင်တွေ။ မဆလခေတ်ဦးပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်များသလဲ။ ဘယ်လိုသတ်မှတ်သေးသလဲပြောချင်လို့။

၅ဆောင်ပြီးတော့လာတဲ့အဆောင်ကဆေးရုံဆောင်။ တထောင်လုံးကိုချက်ပြုတ်ကျွေးမွေးရာ စားဖိုဆောင်ကြီးက သူနဲ့တွဲရက်။

 အင်းစိန်ထောင်-ပင်မကြီးက အကန့်ပေါင်း ရှစ်ကန့် နဲ့ဖွဲ့စည်းထားပါတယ် ။ သူ့အကန့်နဲ့သူ-စက်ဝိုင်းသဏ္ဏာန်အလည်ဗဟို မိန်းဂျေးလို့ခေါ်တဲ့နေရာကို လာဆိုင်ထားခဲ့ကြတာ။ ပထမဆုံးအကန့်မှာ က တိုက်၆တိုက် တည်ရှိတဲ့ တိုက်ဝင်းများအကန့် ။ ပြီးမှ ကျွန်တော်ပြောခဲ့တဲ့ ၁ဆောင်။ ၂ဆောင်။ နောက် ၃ဆောင်နဲ့ ၄ဆောင်ကြားမှာ သစ်ပင်တွေမြိုင်မြိုင်နဲ့ အရပ်က စစ်ကြောရေးဝင်းခေါ်သဗျ။ ၇၄-၇၅-၇၆ အရေးအခင်းအမှုတွေအားလုံး စစ်ကြောရေးဝင်တဲ့နေရာ။ နောက်ပိုင်း မဆလကွက်သစ်-လို့လည်းခေါ်ကြတယ်။လော်စစ်ဟန်တို့။မျက်မှန်တင်ဦးတို့။ နောက်မဆလဖြုတ်ထုတ်ရှင်းမှာ ပါသွားတဲ့ စီးကရက်တွေ ကားဓါတ်ဆီတွေထုတ်ရောင်းစားမိတဲ့ မဆလပါတီအတွင်းရေးမှူးအဖွဲ့တို့ စတဲ့စတဲ့ အရေးတကြီးပုဂ္ဂိုလ်တွေ ထားရာနဲ့ စစ်ကြောရေးဇာတ်ဆရာများနေခဲ့ကြရာအကန့်ပေါ့။

 ၆၂ခုနှစ်မတိုင်ခင် အင်းစိန်မှာ ခေတ်-ကောင်းလေးတခုရှိတာသေချာတယ် ။ အဲဒီအငွေ့လေးကို ကိုယ်ထောင်လားမမြောက်ခင်လေး ရှူခဲ့ရလို့ဗျ။

ဦးနုခေတ်က နိုင်ငံရေးမှု- နိုင်ငံရေးအကျဉ်းသားဆိုပြီးအတန်းအစားခွဲ၊ သတ်သတ်မှတ်မှတ်ထောင်ချခဲ့တော့ထောင်မှာ အဲဒီအမွေအကျင့်ကောင်းတွေ ချက်ချင်း မခမ်းတတ်သေးတဲ့အချိန်။ ၁၉၇၆ ကျွန်တော်ထောင်အ၀င်မှာ ပုဆိုးတချို့ လာပေးတယ်။ ယောလုံချည် တွေဗျာ။ ပုဆိုးသားတွေ ကောင်းမှကောင်း။ အပြာ ဒါမှမဟုတ် အစိမ်း ဖေါက်ထားတဲ့လေးထောင့်ကွက်စိပ်လေးတွေနဲ့။ ပွဲနေပွဲထိုင်တောင်ဝတ်လို့ရရဲ့ ။ တိုက်တွေထဲက တချို့အခန်းတွေမှာပျဉ်ခင်းကုတင်တွေ ရှိတုန်း။ကုတင်တွေက ပတ္တာတွေလည်းတွဲရက်သား။ အစက-အခန်း နံရံတွေမှာ ပတ္တာတွေနဲ့ ကပ်ပေးထားခဲ့ပုံရတယ်။ နေ့ခင်းဖက်ဆို-နံရံတွေမှာကပ်ထားလို့ဖြစ်တဲ့ ကုတင်အရှင်တွေဖြစ်ခဲ့ပုံပေါ်တယ်ဗျ။ ဆိုရှယ်လစ်ခေတ်ကိုသေချာတက်လှမ်းတော့မှ-ဖျာကြမ်းစနစ်ကိုကူးသွားတာ။ကုလားပဲဟင်းအစစ်လည်း သေချာ-အမုန်းစားခဲ့ ရဖူးတယ်။
မဆလအစိုးရ ဒေ၀ါလီမခံသေးဘူးလေ။ကုလားပဲစစ်စစ်ကျွေးနိုင်တုန်း- တော်တော်မမွဲသေးတဲ့အချိန်ဆို
ပါတော့။

 မူဂျာဟစ်ဈေး

တခါတလေ ထောင်ဝင်စာဧည့်တွေ့-နောက်ကျတဲ့အပတ် နေစောင်းလို့ပြန်ရင် မူဂျာဟစ်ဈေးကိုဖြတ်သွားရတယ်။ ဒန်အိုးလေးတွေထဲမှာ ချက်ဟင်းလေးတွေထည့်ရောင်းတာ။ မူဂျာဟစ်တွေကရောင်းလို့မူဂျာဟစ်ဈေးလို့ပြောတာ ။ သူတို့ကို ဟိုတုန်းက သိတ်စိတ်ဝင်တစားမရှိခဲ့ဘူး ။ သိရသလောက်သူတို့တွေက လွတ်ရက်စေ့ကုန်ပြီ။ ပြန်ပို့တော့လည်း တဖက်နိုင်ငံက လက်မခံဘူး။ ဗမာပြည်ထဲမှာလည်း မွေးချင်းမရှိ။ ဘယ်ပြန်ပို့ရမယ်မသိ။ထောင်မှာပဲ ဆက်ထားရသတဲ့။

 ခေတ်ကရှေးတော်တော်ကျသေးတယ်။ ရေဒီယိုဖရီးအေးရှတို့ ။ ဒီမိုကရက်တစ်မြန်မာ့အသံတို့ ဖွားသန့်စင်ခြင်းမပြုမီ။ ကိုယ်ဝန်တောင်ဘယ်နေမှန်းမသိတဲ့ခေတ်ဆိုပါစို့။ သူတို့အကြောင်းဘယ်မီဒီယာမှစိတ်မ၀င်စားဘူး။ တချို့အသက်ကြီးကုန်ပြီ။ ၀၀ဖိုင့်ဖိုင့်ကြီးတွေဖြစ်လို့။ သူတို့ကထောင်မှာ-၀န်ထမ်းတွေနဲ့ အကျိုးတူစီးပွါးဖက်တွေဆိုတော့ ၀န်ထမ်းတပိုင်းလိုတောင်ဖြစ်နေကြတယ်။ ထောင်က အထူးအခွင့်အရေးပေးထားတဲ့သဘော။ မနက်ဆို ထောင်-တောင်ယာတွေကထွက်တဲ့ အသီးအနှံတွေကို အင်းစိန်ကမ်းနားဈေးမှာ ၀န်ထမ်းတွေနဲ့ သွားရောင်းကြတာ။ အပြန်ငွေရွှင်လာကြပြီ။ ဈေးဝယ်လာကြပြီ။ ထောင်က-မှာလိုက်တာလေးတွေပါလာပြီ။ ငွေရွှင်လာဘ်ဝင်။ ညနေဆို အမဲသားလို-ချက်ဟင်းလေးတွေကို ပလပ်စတစ်အိတ်သေးသေးလေးတွေနဲ့တယောက်စာ အထုတ်လေးတွေလုပ်ရောင်းကြတယ်။မဆလာနိုင်နိုင်နဲ့။ စားကောင်းတယ်။ ပိုက်ဆံနဲ့လည်းဝယ်လို့ရသလို ဆေးလိပ်နဲ့လည်း လဲလို့ရတယ်။အဲဒီမှာ နတ်သားတံဆိပ်ဆေးပေါ့လိပ် က ပိုက်ဆံအစားပစ္စည်းချင်းလဲလှယ်တဲ့ဘာဒါ-စနစ်မှာသုံးတဲ့ဆေးလိပ်ပေါ့။ အင်းစိန်တထောင်လုံးကပိုက်ဆံအစားထိုးသုံးခဲ့ကြတာ-နတ်သားဆေးပေါ့လိပ်။( ဆေးပေါ့လိပ်သေချာသောက်သူတွေကတော့ နွားတံဆိပ်ဆေးပေါ့လိပ်သောက်
တယ်။) ထောင်မိန်းမဆောင်မှာလည်းနတ်သားဆေးလိပ်လိပ်တဲ့ ဆေးလိပ်ဘုတ်ဆေးလိပ်ခုံရှိခဲ့တယ်။ နတ်ငါးလိပ်-ဟင်းတထုတ်။ နတ်သားအလိပ်၅၀ ဆိုရင်ဆေးလိပ်တစည်းပြန်ဖြစ်။ ထောင်ဝင်စာအရောင်းခန်းပြန်သွင်းလိုက်ရင်ငွေပြန်ပေါ်တာပါ့။ ဆေးလိပ်လို
သူလည်းဆေးလိပ် ၀ယ်လို့ရ။အ၀တ်အစား-စောင်-အနွေးထည် လိုသူလည်း လိုတာ-၀ယ်လို့ ရ။ထောင်ထဲဝင်သူ-ထွက်သူတွေရှိနေသမျှ ဒီရောင်းကုန် တွေဘယ်ပြတ်မလဲ။ဝင်လာသူကလို။ထွက်သွားသူကရောင်းထားခဲ့။

သူတို့က ငွေထောပေမယ့် တခြားတန်းစီတွေလို အပြင်မှာရှိတဲ့ဆွေမျိုး သားချင်း  တွေဆီ-ပြန်ပို့စရာ မရှိတော့ တောင်ယာတွေထဲသွားတူးမြုပ်သိုဝှက်ထားကြတယ်။ ကံကောင်းတဲ့ အကျဉ်းသားတွေတောင် ယာလုပ်ရင်း တခါတလေ သူတို့ သိုက်ကိုဖေါ်မိရက်သားတွေလည်းရှိတယ်။တချို့မူဂျာဟစ်တွေက အသက်ကြီးလာတော့ အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်ဆုံးပါးကုန်တယ်။

မူဂျာဟစ်သူပုန်ဆောင်

 ၂ဆောင်အကျသားတွေနေတဲ့ဝင်းထဲမှာသီးသီးသန့်သန့် တိုးချဲ့ဆောင်တခု မူဂျာဟစ်သူပုန်တွေ အတွက် သေချာ-ဆောက် ပေးထားတယ်။သူတို့က လူတရာလောက်ရှိတော့ သီးသန့်ဆောင်ပေး ထားတာပေါ့။ သူတို့ဝတ်စုံက တခြားအကျဉ်းသားတွေလိုအပေါ်ဖြူအောက်ဖြူမဟုတ်ဘူး။ ( အခုခေတ်ထောင်  ကျသားတွေကတော့ က အပေါ်ပြာအောက်ပြာဖြစ်သွားပါ ပြီ) အပေါ်အောက် နီညိုရောင် ။ လုံချည်မှာက အနက်ရောင်ပတ်လည်ကွင်းသုံးကွင်းပါတယ်။ သူတို့ အချိန်မှန်ရှစ်ခိုးတယ်။ သူတို့ ရှစ်ခိုးချိန်အတိအကျဖြစ်အောင်- မဆလအစိုးရက အချက်ပေးသံမြည်တဲ့ စားပွဲတင် သံပတ်နာရီ ပေးထားတယ်။ခုခေတ်လို- အသံလွှင့်ဌါနတွေများရှိရင် ဒါလေးက သတင်းတခုဖြစ်မလားမသိဘူး။ ဘယ်သူမှနာရီမကိုင်ရချိန်မှာ-သူတို့ကို နာရီပေးထားတယ်ဆိုပြီး

ကျွန်တော့မိတ်ဆွေငယ်စဉ်ကျောင်းသားဘ၀နိုင်ငံရေးလုပ်တော့ မှာ အဲဒီအဆောင်၂မှာနေလိုက်ဖူးတယ်။ ဦးနေ၀င်းအစိုးရက ဒီငချွတ်လေးတွေ ရာဇ၀တ်အကျဉ်းသားတွေကြားမှာတခန်း ၂ယောက် ၃ယောက်-လူခွဲပြီး မှတ်လောက်သားလောက်ဖြစ်အောင်လုပ်လိုက်မယ်။တချို့လည်း အိုးစားအဆွဲခံရစေတော့လို့- ပို့တာပဲ။ ဒါပေမယ့် ကျောင်းသားတွေက သိတဲ့အတိုင်း- မကျိုးဘူး။ ထမင်းစားချိန်ဆိုတာနဲ့ အခန်းတိုင်းပုဂံကိုယ်စီနဲ့ထွက်လာပြီး တနေရာထဲမှာ စုစုဝေးဝေး ၀ိုင်းဖွဲ့ဝေမျှစားတာတွေလုပ်တယ်။ ဒီမှာတင်လူဆိုးတွေ ထောင်ဝင်ထမ်းတွေ-မျက်လုံးပြူးတော့တာ။ သူတို့လူဆိုးလောကမှာ ဒီလိုစုစည်း-ဝေမျှစားသောက်တာမျိုးတခါမှမရှိဘူးလေ။သိတ်မကြာခင်ထမင်းဝေတဲ့လူဆိုးက စီအိုင်ဒီဝင်းဆွေ လို့ခေါ်တဲ့ဗိုလ်တထောင်သား-ပုဂံထဲထမင်းထည့်တာကို တမင်ဖိတ်အောင်စောင်းကာရွဲ့ကာထည့်တော့ ထစကားများကြပါရော။(ကျောင်းသား ၀င်းဆွေ ၂ဆွေရှိတာ မှာ ပါရမီဝင်းဆွေ-က ဒီနေ့အထိ အေဘီမြောက်ပိုင်းမှာ စစ်သားလုပ်နေ-စစ်တိုက်နေတုန်း။ စီအိုင်ဒီဝင်းဆွေ အမည်သညာဖြစ်ရပုံကတော့တော်တော်ရီဘို့ကောင်းတယ်။ သူနဲ့ ကိုထွန်းမြင့်ဝင်း (မုံရွာ ) ။ ကို သန်းနိုင်( ဖားအံ ) ။ နောက် ၂ယောက် အားလုံးဘီအီးဒီက ကျောင်းသားတွေထင်တယ်။ ၁၉၇၅ ကျောင်းသားလှုပ်ရှားမှုမှာ ချီတက်ကြတော့ သူတို့အင်းစိန်ထောင်ကို သွားဝိုင်းကြတယ် ။ အဲဒီမှာ စီအိုင်ဒီဝင်းထဲကနေ စီအိုင်ဒီတွေက ဓါတ်ပုံထွက်ရိုက်ပါလေရော။ ဒါကို-ကိုဝင်းဆွေတို့ ကျောင်းသားတွေက အင်းစိန်စီအိုင်ဒီဝင်းမှန်းမသိဘူးတဲ့။ ဓါတ်ပုံရိုက်လိုက်တာတွေ့တော့ ရိုက်တဲ့လူကို ဖမ်းကြမယ်ဆိုပြီး ရုံးဝင်းထဲအထိ လိုက်ဖမ်းကြတယ်။ ရိုက်တဲ့လူကလည်း ရုံးပေါ်အထိတက်ပြေးတယ်။ ရုံးပေါ်လည်းရောက်ရော သူတို့အားလုံးကို ရဲတွေက သေနတ်တွေနဲ့ချိန်တော့မှ သူတို့ သိသွားတယ်တဲ့။ အဲဒီမှာ သူတို့အားလုံးအဖမ်းခံလိုက်ရတာ။ ဒါနဲ့ သူ့ကို ပါရမီသား ၀င်းဆွေနဲ့ ကွဲအောင် စီအိုင်ဒီဝင်းဆွေလို့ခေါ်တာ။ )

၂ဆောင် လူဆိုးတွေက လူငယ်ငချွတ်လေးတွေကို-ဟိန်းဟောက်လိုက် ခြိမ်းခြောက်လိုက်ရင်တုန့်သွားမယ်။ ရှိန်သွားမယ်ထင်တာ။ စကားလည်းစများရော ကျောင်းသားတွေအားလုံးကသူတို့ကိုအရင် ၀ိုင်းလိုက်ကြတယ်။အဲဒီမှာ လူဆိုးတွေ ထောင်ဝင်ထမ်းတွေလည်းဖြုံပြီ။ ချကြရင်လည်း ပွဲကြီးပွဲကောင်းပေါ့။ ။ ဒီအစုအစည်းကိုဖြိုဖျက်လို့မရဘူးဆိုတာထောင်ကနားလည်သွားတယ်။ အားလုံးကိုတခြားအဆောင် ပြောင်းလိုက်ရတယ်။

တခါတော့ မူးယစ်ဆေးသမားလူငယ်တယောက် အဲဒီ ၂ဆောင်ကနေ မိန်းဂျေးကိုသေပြေးရှ င်ပြေးပြေး ရတယ်။ မူဂျာဟစ်တွေက လိုက်သတ်တာ။ ၀န်ထမ်းတွေကကြားဝင်လိုက်လို့ ကံကောင်းသွားတယ်။ အကြောင်းက သူတို့ဘုရားဝတ်ပြုတာကို သွားနောက်တာတဲ့။ အဲဒီမူးယစ်ဆေးသမားလေး မူးယစ်ဆေးမှုနဲ့ထောင်ကျနေချိန်-သူ့အကိုကမြန်မာပြည်မြောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နေခဲ့တယ်။ စာရေးဆရာတောင်တွင်းဦးကိုကိုကြီးရဲ့သား။ တောခိုကျောင်းသား-ကိုထွန်းထွန်းဆိုတာပေါ့။ နောက်ဆုံးတိုက်ပွဲမှာကျသွားခဲ့တယ်။

 သမိုင်းဇာတ်ရံများပြည်တည်ခန်း

ကျွန်တော့်မိတ်ဆွေကြီးကို ၁၉၇၅ ထဲ အင်းစိန်ထောင်နဲ့ကပ်ရက် တွဲဖက်ထောင်မှာထား။ သူ့တို့ကို ပုံစံကိုင်နေတဲ့အချိန်။အဲဒီမှာထားတုန်း မှတ်မိတာ-ထူးဆန်းတာတခု-သူသွားတွေ့တယ်။ မူဂျာဟစ်ကလေးလေး ၃-၄ယောက် နေ့စဉ်တွဲဖက်ထောင်ကနေကျောင်းတက်တာ။ မနက်သွားညပြန်ပေါ့။ အဲဒီတုန်းက ၇တန်းကျောင်းသားလေးတွေဖြစ်နေပြီ။ ဗီယက်နမ်ဆောင်လို့ခေါ်တဲ့အခန်းဘေးမှာ သူတို့သီးသန့်နေကြသတဲ့။ ဗီယက်နမ်ဆောင်လို့ခေါ်တာက ဗီယက်နမ်က ဗီယက်ကောင်းစစ်သားတယောက်ထဲနေတဲ့အခန်းလေးကိုခေါ်တာ။မြန်မာ့နယ်ထဲဘယ်လိုလမ်းမှားနယ်ကျွံ
လာသလဲ။ ဘယ်လိုဖမ်းမိလာသလဲမသိဘူး။ ဖမ်းထားတာ။ ဗီယက်ကောင်းအစစ်တဲ့ဗျာ။

အဲဒီမိတ်ဆွေကြီးကကျွန်တော်တို့နဲ့ ၇၈ခုနှစ်မှာအတူတူလွတ်ပြီး ၁၉၈၀ ခုနှစ်အကျော်မှာ- အင်းစိန်ကိုလွမ်းလို့ ထင်ပါရဲ့။ ၂ခါ-၂ခေါက်ပြန်သွားတယ်။ အဲဒီအချိန်ထိ -ငဲ့စရာ-သံယောဇဉ်တင်းစရာရည်းစားသနာကလည်းမရှိသေးဘူးလေ။

၈၈အရေးအခင်းတွေဖြစ်တော့ ထောင်မှာလည်းပုန်ကန်ကြတယ်။ အုပ်ချုပ်ရေးတွေ ပျက်-လူဆိုးတွေ လွတ်ချင်တာပေါ့။ ၀န်ထမ်းတွေအကုန်ပြေးရတယ်။ မလွတ်တဲ့ ၀န်ထမ်းတချို့ပိတ်မိပြီး တိုက်ခန်းတွေထဲမှာ ပိတ်လှောင်ခံရတယ်။ နံမည်ဆိုးနဲ့ နှိပ်စက်တဲ့ ၀န်ထမ်းတချို့ ကိုတော့ ယောကျာင်္းချင်းမုဒိန်းကျင့် သတ်ပစ်မလို့ လူဆိုးတွေက ကြံစည်နေခဲ့တာ။ ဒီမှာလည်း ကေအင်ယူတွေကပဲ အဲဒီဝန်ထမ်းတွေကိုပြန် ကယ်တင်ရပြန်တယ်။ လူဆိုးတွေက ဆိုးပေမယ့်အဖွဲ့အစည်းစိတ်ဓါတ်မခိုင်ဘူး။ ပဲခူးရိုးမစစ်မြေပြင်က ကဖမ်းမိလာတဲ့ ကေအင်ယူကြိုးသမားတွေက ၃၀လောက်ရှိတယ်။တကယ့်ထောင်သမ္ဗာတွေ။ တစုတစည်းထဲရှိနေကြတော့ဝန်ထမ်းတွေကိုရအောင်ကယ်ထုတ်ပြီးအပြင်ရောက်အောင်ပြန်လွှတ်ပေးလိုက်
တယ်။

လူဆိုးတွေတွက်ချက်တာ အဆောင်တွေမီးရှို့ရင် ထောင်မီးလောင်မယ်။ သူတို့လည်းထောင်ကလွတ်မယ်ထင်ပုံရတယ်။ ဒါနဲ့နေတဲ့အဆောင်တွေမီးရှို့ပစ်လိုက်ကြတယ်။ ဧရာမ ပေ၄၀၀ကျော်အဆောင်ကြီး ( ၂-၃-၄-၅ ဆောင် ) အကုန် မီးထဲပါသွားတယ်။ ထောင်မီးလောင်နေချိန်မှာ အုတ်ရိုးကိုကျော်ပြေးဘို့ အုတ်ရိုးကိုပြေးကပ်ကြတယ်။ အဲဒီမှာ ဗူးတွေပေါ်က နေရာယူထားတဲ့ အကျဉ်းဦးစီးက ပစ်ခတ်တော့အကုန်ကြွကုန်တယ်။ လူ ၇၀လောက် သေမှ အုတ်ရိုးကျော်ပြေးဘို့မဖြစ်တာလူဆိုးတွေသိသွားတယ်။

မူးယစ်ဆေးသမားတွေကတော့ဆေးရုံဆောင်ကိုဖေါက်-မူးမယ်ထင်တဲ့ဆေးတွေအကုန်ထိုး-အကုန်သောက်လုပ်ရင်းတချို့လည်းသေကုန်ကြသတဲ့။ ထောင်မှာမွေးထားတဲ့ ၀က်တွေ သေချာလေ့ကျင့်ထားတဲ့ ညဖက်ပတ္တရောင်လှည့်ရတဲ့ အကောင်းစားစစ်ခွေးတွေကတော့ ထောင်သားတွေရဲ့ဟင်းစားအဖြစ်ဘ၀ကူးရှာကြတယ်။ ရာဝင်အိုးကြီးတွေနဲ့အကြိုက်ချက်စားကြတယ်ဆိုပဲ။ နောက်ပိုင်း အင်းစိန်မြို့နယ်က သပိတ်ကျောင်းသားတွေရောက်လာပြီးထောင်ဝန်ထမ်းတွေနဲ့ ပူးပေါင်း-လွှတ်သင့်တဲ့လူတွေအစုလိုက်အပြုံလိုက်လွှတ်ပစ်တယ်။ ကျွန်တော့်မိတ်ဆွေကတော့ လွှတ်လာတဲ့ သူ့ မြောက်ပိုင်းက ဗကပ- ၀- ရဲဘော်တွေကို ဗဟန်းကြားတောရလမ်းက တရုတ်ဘုံကျောင်းမှာသွားတွေ့လိုက်သတဲ့။ သူတို့တွေ ၀နယ်ကို ပြန်သွားကြတယ်ပြောတယ်။ မူဂျာဟစ် တရာလောက်လည်း လွှတ်တဲ့အထဲမှာပါသွားပုံရတယ်။ တချိန်လုံးထိမ်းသိမ်း လာတာဆိုတော့။ အစိုးရက သုတ်သင်ပစ်လိုက်တာတော့ မဖြစ်တန်ဘူး။ အဲတုန်းက-မဆလအစိုးရကံသိတ်မဆိုးဘူး။

 ခုခေတ်လိုလူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စကားလုံးနဲ့အပစ်မခံရဘူး။ ကုလသမဂ္ဂ မှာ လည်း-အဲဒါ တာမစားသေးတာလား။ သုံးရကောင်းမှန်းမသိသေးတာလား။မသိဘူး။

လူ့အခွင့်အရေးဆိုတာတောင် သေချာအသံမထွက်ကြသေးဘူး။လူ့အခွင့်အရေးသမားတချို့အဲတုန်းက.........
အရွယ်တော့ရောက်နေပြီ။ ကျွန်တော်အခုပြန်စဉ်းစားတဲ့အခါ မူဂျာဟစ်တွေ ဘယ်မှာနေနေကြသလဲ။ကျောင်းသားလေးတွေဘယ်မှာများရောက်။ဘာများလုပ်ကိုင်စားနေကြသလဲသိချင်
တယ်။ သမိုင်းကွင်းဆက်လေးတွေပြတ်နေလို့။

 ခေတ်တွေရွေ့လာတဲ့အခါ
 တချို့အစ်ရှူးအသစ်-ခေါင်းစဉ်အသစ်
 တချို့ အစ်ရှူးအဟောင်း-ခေါင်းစဉ်အဟောင်း
တချို့ အစ်ရှူးအဟောင်း-ခေါင်းစဉ်ပြောင်း

ခွန်ဆိုင်း ( ၁၁-၀၁-၂၀၁၄ )

08 January 2014

ဟင်္သာတတက္ကသိုလ်က ဘွဲ့ယူမည့် ကျောင်းသား/ကျောင်းသူတွေကို ဧဓမြတိုက်နေ

  ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတက္ကသိုလ်တွင် ဇန်န၀ါရီ ၁၁/၁၂ ရက်နေ့၌ ကျင်းပမည်ဖြစ်သော ဘွဲ့နှင်းသဘင်အခမ်းအနားအား တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများမှာ ဓာတ်ပုံကြေးပေးသွင်း ရာတွင် တစ်ဦးကို တစ်သောင်း ခုနှစ်ထောင်ကျပ် ပေးသွင်းနေရကြောင်း သိရသည်။ မယူမနေရ ဗီဒီယိုခွေဖိုးဟုဆိုကာ ကျောင်းသားတစ်ယောက်လျှင် နှစ်ထောင်ကျပ်ကောက်ခံနေသည်ဟုလည်း သိရသည်။

“ ကျွန်တော်က ဒီနှစ်ဘွဲ့တက်ယူမှာ၊ ခု ဓာတ်ပုံကြေးက တစ်ယောက်ကို တစ်သောင်း ခုနှစ်ထောင် သွင်းရတယ်၊ မယူမနေရ သဘောမျိုး ဘောင်ချာဖြတ်ပေးနေတာ၊ အစမ်းနေ့နဲ့ဖိုင်နယ်ကို ဗီဒီယိုခွေ ဘိုးက နှစ်ထောင်တဲ့၊ ကျွန်တော့်အမတွေ အစဉ်အဆက် ဘွဲ့ယူလာတာ အဲလောက် မဟုတ်ဘူး၊ ဖြတ်ပြီးရင် ဘယ်လိုအကြောင်းနဲ့မှ ပိုက်ဆံပြန်ထုတ်မပေးဘူးလို့ ရေးထားတယ်၊ ဓာတ်ပုံတွေကို ရှေ့လ ၅ ရက်နေ့ကနေပြီး ၉ ရက်နေ့အထိပဲ ထုတ်ယူခွင့်ရှိတယ်တဲ၊့ အများစုက နယ်ကနေလာပြီး ထုတ်ရမှာ အဆင်မပြေလောက်ဘူး၊ ပြီးတော့ တစ်ခါမှ မကြားဖူးဘူး၊ ဒင်နာကြေးဆိုပြီး တစ်ယောက်ကို ၁၅၀၀/ကျပ် ကောက်သေးတယ်၊ ဒါက ကျောင်းနဲ့ စီးပွားရေးသမားတွေပေါင်းပြီး လုပ်စားတာ၊ လွန်လွန်းအားကြီးလာပြီ၊ ကျွန်တော်အခု ပညာရေးဝန်ကြီးဌာနကို တိုင်မယ်၊ ဖုန်နံပတ်ရှာနေလို့၊ ကျောင်းသားတွေကို ဧဓမြတိုက်နေတာပဲ ” ဟု ဘွဲ့နှင်းသဘင်တက်ရောက်မည့် ကျောင်းသားတစ်ဦးက ရင်ဖွင့်ပြောပြသည်။

သတင်း... Hinthata HumanRights

07 January 2014

နိုင်ငံခြားသား အဖြစ် ခံယူထားသူများကို နိုင်ငံသားအဖြစ်လက်ခံ ဆိုပါလား ကိုသိန်းစိန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ချင်းပြည်နယ်ခရီးစဉ် ပထမနေ့မှာ ဒေသခံတွေ ထောင်ပေါင်းများစွာ ကြိုဆို( Video )

အဖွဲ.ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် သို့ ရောက်ရှိ



 


 
 


 

 




 



 
စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို.လေဆိပ်သို.၆.၁.၂၀၁၄နေ.(၂း၄၀)တွင် အဖွဲ.ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ လာရာ ကလေးမြီု.သူ/သားရဟန်းရှင်လူ လးမြို.မှ ဒီချုပ်ဗဟိုအလုပ်အမှု.ဆောင် ဦးဟံသာ၊ဦးထွန်းထွန်းဟိန်၊စစ်ကိုင်းတိုင်းဥက္ကဋ္ဌ ဒေါက်တာမြင့်နိုင်(အမျိုးသားလွတ်တော်ကိုယ်စားလှယ်)နှင်.အလုပ်အမှု.ဆောင်များ၊ပြည်သူ.လွတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြိုနယ်ဥက္ကဋ္ဌများနှင်.အမှု့ဆောင်များ၊တိုင်းရင်းသားများ၊ချင်းတိုင်းရင်းသားနိုင်ငံရေးပါတီများ၊ချင်းလူမှု.ရေးကွန်ရက်အဖွဲအစည်းများ၊၈၈ပွင်လင်း(ကလေးခရိုင်) အထက်ချင်းတွင်းလူငယ်ကွန်ရက်၊နှင့် အသင်း အဖွဲ့ များ၊ပြည်သူများမှလေဆိပ်အထွက်မှနေ၍တည်းခိုမည့်ဟိုတယ်သိုသွားရာဗိုလ်ချုပ် လမ်းမကြီး တလျှောက်သောင်းသောင်းဖြဖြကြိုဆိုကြပါသည်။

ဟိုတယ်သို.ရောက်ရှိပြီးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှပြည်သူများအားနုတ်ခွန်းဆက်စကားပြောကြား နုတ်ဆက်ပြီး၊ညနေ(၄း၀၀)နာရီတွင်စစ်ကိုင်းတိုင်း ဗဟိုကော်မတီအဖွဲဝင်များ၊တိုင်းအလုပ် အမှု့ဆောင်များ၊တွေ.ဆုံဆွေးနွေးသည်။

ညနေ(၅း၀၀)  စစ်ကိုင်းတိုင်းလူငယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ.အားတွေ.ဆုံပြီး ၊ည(၆း၀၀)အထက် ချင်းတွင်းမှကလေးခရိုင်၊တမူးခရိုင်မှခရိုင်ဥက္ကဋ္ဌ၊မြိုနယ်ဥ က္ကဋ္ဌ ၊အလုပ်အမှုဆောင်များအားတွေဆုံသည်။

သတင်း.. National League for Democracy

06 January 2014

၈၈မျိုးဆက်နှင့် အခြားလူမှုအဖွဲ့အစည်း၅၈ ဖွဲ့ ပူးပေါင်းလုပ်ဆောင်သော လူ့အခွင့်အရေး နှင့် မညီမျှသည့် ၊ မတရားသည့် အခြေခံဥပဒေ ကို ဆန့်ကျင်သော ဆန္ဒဖော်ထုတ်ပွဲ မဟာဗန္ဒုလပန်းခြံလမ်းထောင့် မြို.တော်ခန်းမရှေ. (ယနေ့ညနေ ၃ နာရီမှ ၅ နာရီအထိ)






Photo


"ဒီအခမ်းအနား ဘာကြောင့် ကျင်းပရသလဲ ဆိုရင် မြန်မာဘောလုံးအသင်းလို မဖြစ်ဖို့၊ မြန်မာဘောလုံးအသင်း ဘာဖြစ်လဲ အားလုံးသိပြီးသား၊ ဘာဖြစ်လို့လဲ စဉ်းစားကြည့်တဲ့ အခါကျတော့ နိုင်ငံခြားသား နည်းပြတစ်ယောက်ကိုပဲ လက်ငြိုးထိုးတယ်၊ သူ့ကိုပုံချတယ်၊ အဲ့ဒါ မလုံလောက်ပါဘူး။ တာဝန်ရှိတဲ့သူတွေက တာဝန်ခံဖို့ လိုပါတယ်။ နိုင်ငံခြားသား ဒိုင်လူကြီး တစ်ယောက်ထဲက ခြယ်လှယ်သွားတယ်လို့ စွပ်စွဲဖို့ မလုံလောက် ပါဘူး။ နောက်ထပ် နောက်ထပ် တာဝန်ရှိသူတွေ အများကြီးရှိပါ သေးတယ်"

ကိုမင်းကိုနိုင်
၅-၁-၂၀၁၄