11 October 2013

မိုးစက်ဝိုင် အစား မည်သူကိုမှ ရွေးချယ်မှုထပ်လုပ်မည်မဟုတ်ဟု ပွဲစီစဉ်သူပြော

 
မယ်စကြာဝဠာမြန်မာ အဖြစ် တရားဝင်ရွေးချယ်ခံထားရတဲ့ မိုးစက်ဝိုင်ရဲ့မိဘနှစ်ပါးဟာ တရုတ်
လူမျိုးများဖြစ်နေတာကြောင့်ဟုဆိုကာ တခြားမြန်မာအမျိုးသမီးအလှမယ်တစ်ဦးကို အစားထိုး
သွားရောက်စေဖို့ လူတစ်စုမှ ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ သတင်းတွေဟာ ဒီနေ့ (အောက်တိုဘာ
လ ၉ ရက်) အွန်လိုင်းစာမျက်နှာများမှာ ပျံ့နှံနေပေမယ့် ပွဲစီစဉ်သူဘက်မှ လူရွေးချယ်ပွဲကို ထပ်
လုပ်မှာမဟုတ်ဘူးလို့ မြန်မာတိုင်းမ်ကို ပြောပါတယ်။

"အစ်မတို့က မိုးစက်ဝိုင်ကို Miss Universe Organization ရဲ့အကြီးအကဲရှေ့နဲ့ ပရိသတ်တွေ
ပေးတဲ့ မဲအရေအတွက်၊ ဒိုင်တွေရဲ့ သုံးသပ်ချက်တွေပေါ်မှာ အားလုံးပေါင်းပြီး အကောင်းဆုံးရွေး
ချယ်ထားတဲ့ အလှမယ်ဖြစ်တဲ့အတွက် ထပ်ရွေးဖို့အစီအစဉ်မရှိပါဘူး။ လူသိရှင်ကြား၊ ငွေကုန်ကြေး
ကျခံပြီး ဂုဏ်သိက္ခာရှိရှိလုပ်ခဲ့တဲ့ပွဲဖြစ်ပါတယ်"လို့ မယ်စကြာဝဠာမြန်မာပွဲကြီးကို စီစဉ်သူ တစ်ဦး
ဖြစ်တဲ့ Hello Madam မီဒီယာမှ အထွေထွေမန်နေဂျာ မသိန်းယုဝေက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲနဲ့ပတ်သက်ပြီးတော့လည်း သူက "ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကတော့ ဘာမှပြော
စရာမရှိပါဘူး။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် သူတို့က လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိပါတယ်။
အဲသလိုမလုပ်ကြပါနဲ့လို့ အစ်မတို့ဘက်က တောင်းဆိုခွင့်မရှိဘူးလေ။ အစ်မတို့ ပြိုင်ပွဲအတွက်
ဆက်လုပ် စရာရှိတာတွေကို ဆက်လုပ်သွားမှာပါ"လို့ပြောပါတယ်။ မိုးစက်ဝိုင်ရဲ့ဖခင်ဖြစ်သူမှာ
တရုတ်စပ်ဖြစ်ပြီး မိခင်ဖြစ်သူမှာ ရှမ်းတရုတ်ဖြစ်ကာ မိုးစက်ဝိုင်ရော သူ့အမေပါ မြန်မာနိုင်ငံမှာ
မွေးဖွားတဲ့ မြန်မာနိုင်ငံသားများသာဖြစ်တယ်လို့လည်း မသိန်းယုဝေက ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိနိုင်ဖို့အတွက် ကာယကံရှင်ဖြစ်တဲ့ မိုးစက်ဝိုင်ကို
မြန်မာတိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေဆိုမှုကို မရရှိခဲ့ပါဘူး။ မယ်စကြာဝဠာ
မြန်မာပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာလ ၃ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ
ကျင်းပခဲ့တာဖြစ်ပြီး မိုးစက်ဝိုင်မှာ ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု
အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

သတင်း....မြန်မာတိုင်း (မ်)

03 October 2013

“ နယူးဇီလန်ပြည်သူ့လွှတ်တော်ဥက္ကဌ Hon. David Carter ဦးဆောင်သော ပါလီမန်အမတ်များ အဖွဲ. မြန်မာနိုင်ငံသို.သွားရောက်မည်။”



( Ref: New Zealand Parliament )
လက်ရှိလုပ်ဆောင်လျက်ရှိသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် များအားလေ့လာရန်နှင့်မကြာခင် ကလာရောက်ခဲ့သော မြန်မာသမ္မတနှင့်ပြည်သူ့လွှတ်တော်ဥက္ကဌတို.နှင့်ဆက်စပ်သောအပြန်အလှန်ခရီးစဉ်
ဖြစ်ပြီး၊နေုပြည်တော်တွင် သမ္မတဦးသိန်းစိန်၊ နိုဘယ်ငြိမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်၊ ၄င်းအပြင် အထက်နှင့်အောက် လွှတ်တော်ဥက္ကဌများအားလည်းတွေ.ဆုံမည်ဖြစ်ကြောင်းသိရှိရသည်။

ရန်ကုန်ုမြို့တွင် နယူးဇီလန်စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များအားတွေဆုံရန် ရှိကာ ထောက်ကြံစစ် သချိုင်း သို.လည်းဂါဝရပြုသွားရောက်မည်ဖြစ်သည်။

ထိုခရီးစဉ်တွင် မြန်မာ့အရေးအစဉ်ထောက်ခံအားပေးလျက်ရှိသော Dr Rajen Prasad (Labour)။ David Clendon (Green) တို.ပါဝင်ကာ Hon Philip Heatley (National) ။ Tracey Martin (NZ First) တို.လိုက်ပါသွားကြသည်။

ကမ္ဘာ့မှာ နာမည်ဆိုး ထွက်သွားပြီးလို့  သမ္မတ ဦးသိန်းစိန်ပြော

01 October 2013

ဆူးလေတွင် သပိတ်စခန်းဖွင့်သည့် ဟုန်ရှင်း အလုပ် သမား ခေါင်းဆောင်လေးဦး ကို ကျောက်တံတား ရဲစခန်းက အမှုဖွင့်

မဟာ ဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စ ခန်းဖွင့်ခဲ့သည့် ဟုန်ရှင်းအအေး ခန်းစက်ရုံမှ အလုပ်သမားခေါင်း ဆောင်လေး ဦး ကို ကျောက်တံ တားရဲစခန်းမှ ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့် လည်ခွင့် ဥပဒေပုဒ်မ ၁၈ဖြင့်အ မှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ သပိတ်စခန်းဦး ဆောင်ဖွင့်သူလေးဦးကို စက်တင် ဘာ ၂၈ရက်တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့ နယ်ရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်တိုင်းမ်သတင်းစာသို့ ပြောသည်။

ယင်းက ''သူတို့လေးဦးကို လဲ အခြားလူတွေလိုပဲ ဥပဒေအရ အမှုဖွင့်ရတာပါ။ ဥပဒေကို အား လုံးလိုက်နာလေးစားဖို့လိုတယ်ဆိုတာ သိစေချင်လို့ပါ''ဟု ပြော သည်။

ဟုန်ရှင်းစက်ရုံမှ အလုပ်သ မားခေါင်းဆောင် ဦးမင်းမင်းက ''ကျွန်တော် တို့တော့ ဘာမှ မသိရ သေးပါဘူး။ ရဲစခန်းက ခေါ်ယူစစ် ဆေး တာလဲမရှိသေး ပါဘူး။ သ ပိတ်စခန်းဖွင့်တာနဲ့ပတ်သက်ပြီး တော့ လာပြီးဖြေရှင်းပေးတဲ့ လူ ကြီးတွေအကုန်လုံးက ဘာမှမဖြစ် စေရပါဘူး။ တရားလဲမစွဲပါဘူးလို့ ကျွန်တော်တို့အလုပ်သမားတွေ အားလုံးရှေ့မှာ ပြောထားခဲ့ပါ တယ်''ဟု ပြောသည်။

အလုပ်သမားများအနေ ဖြင့် အမှုဖွင့်ထားခြင်းနှင့် ပတ် သက်၍ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးတို့ကိုသာ အ ကူအညီတောင်းခံသွားရန်ရှိ ကြောင်း၊ အလုပ်သမားများအ နေဖြင့် အမှုဖွင့်တရားစွဲဆိုပါက လည်း အကူအညီတောင်းခံသွား ခြင်းမှအပ မည်သည့်တုံ့ပြန်ချက် မှ ပြန်လည်လုပ်ဆောင်သွားမည် မဟုတ်ကြောင်း အမှုဖွင့်ခံရခြင်း နှင့်ပတ်သက်၍ပြောသည်။

လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ''ကျွန်မကိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးဝအ ကြောင်းကြားလာခြင်းမရှိတဲ့အ တွက် ကျွန်မအနေနဲ့ ကတော့အ တည် မပြုသေးပါဘူး။ အလုပ်သ မားတွေအနေနဲ့ကတော့ သူတို့ ကျူးလွန်ထားတာ ဖြစ်တဲ့အတွက် သူတို့ကိုခေါ်ရင် သွားရမှာပါပဲ။ ကျွန်မကို အကူအညီတောင်းလာ ရင်တော့ ဥပဒေလမ်းကြောင်းအ တိုင်း အကူအညီပေးသွားမှာပါ'' ဟုပြောသည်။

အဆိုပါဟုန်ရှင်းစက်ရုံမှ အလုပ်သမားများသည်လည်း စက်တင်ဘာ ၂၂ရက်မှ စတင်ကာ မဟာဗန္ဓုလပန်းခြံရှေ့တွင် နှစ်ရက် တာ သပိတ်စခန်းဖွင့်၍တောင်း ဆိုခဲ့ပြီး အလုပ်သမားများအရေး ကို ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့မှဝန်ကြီး ဦးစိုးမင်း၊ အလုပ် သမားညွှန်ကြားမှုဦးစီးဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးစော နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းနှင့် တာဝန်ရှိ သူများ လာရောက်ညှိနှိုင်းပေးမှု ဖြင့် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ ခြင်းဖြစ်ပြီး ယခုတွင် ခွင့်ပြုမိန့်မ တင်ဘဲ သပိတ်စခန်းဖွင့်၍တောင်း ဆိုခဲ့ခြင်းကြောင့် ကျောက်တံ တားမြို့နယ်ရဲစခန်းမှ အမှုဖွင့် ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း....  Yangon Media Group

သံတွဲတွင် အကြမ်းဖက်မည့် သတင်းကြောင့် ဈေးဆိုင်များနှင့် ကျောင်းများ ပိတ်ထား


မီးရှို့မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့တွင် အကြမ်းဖက်မည် ဆိုသည့် ကောလာဟလ သတင်းများကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဈေးများရှိ ဈေးဆိုင်များနှင့် စာသင်ကျောင်းများ ပိတ်ခဲ့ကြကြောင်း သံတွဲခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

သံတွဲမြို့ရှိ အံတော်ရပ်ကွက်တွင် ဗုဒ္ဓဘာသာဝင်များကို ယင်းနေရာက ထွက်ပေးရန်၊ ယင်းနေရာကို အကြမ်းဖက်မည်ဆိုသည့် သတင်းနှင့် ရွှေချောင်းပြင် ကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်မည်ဆိုသည့် သတင်းများကြောင့် ယင်းသို့ ဈေးဆိုင်များ၊ စာသင်ကျောင်းများ ပိတ်ထားလိုက်ခြင်း ဖြစ်ကြောင်း သတင်းမှန် ဖော်ထုတ်ရေး အဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သူ ၎င်းကဆိုသည်။
“ဈေးမှာ ငါးတွေတောင် မတက်တော့ဘူး။ ခြောက်ကပ်နေတယ်” ဟု ဦးဝင်းနိုင်က ပြောကြားသည်။

သံတွဲတွင် ပဋိပက္ခများ ဖြစ်ပွားနိုင်သည့် ကောလာဟလ သတင်းများကြောင့် လုံခြုံရေး အင်အားကို တိုးမြှင့်ထားကြောင်း သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့က ဗုဒ္ဓဘာသာ သာသနာ့အလံကို ငပလီ အထွေထွေ ရောင်းဝယ်ရေးပိုင်ရှင် အစ္စလာမ် ဘာသာဝင် ကမန်လူမျိုး ဦးကျော်ဇံလှက ဖျက်ဆီးသည်ဆိုကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ရာ ဦးကျော်ဇံလှကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဦးကျော်ဇံလှကို အာမခံဖြင့် ပြန်လွှတ်လိုက်သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ ယင်းဖြစ်ရပ်နှင့် ဆက်စပ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခဲနှင့်ပေါက်မှု၊ အစ္စလာမ် ဘာသာဝင်များ နေထိုင်သည့် နေအိမ်ကို ခဲဖြင့် ပစ်ပေါက်ပြီးနောက် မီးရှို့မှု ထပ်မံဖြစ်ပွားခဲ့ရာ အိမ်နှစ်လုံး မီးရှို့ခံခဲ့ရကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ဒေသခံများကို မေးမြန်းချက်များအရ သိရှိရသည်။

မီးရှို့မှု ကျူးလွန်ခဲ့သူများကို အရေးယူရန် ရှာဖွေနေဆဲ ဖြစ်ကြောင်း သံတွဲ မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

သံတွဲမြို့တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ဦးကျော်ဇံလှ နေအိမ်ကို ခဲနှင့် ပစ်ပေါက်မှုဖြင့် သံတွဲမြို့ခံ နှစ်ဦးကို ပုဒ်မ ၃၃၆/၄၂၇ အမှုဖွင့်ထားကြောင်း၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၏ အလုပ်အမှုဆောင်လည်းဖြစ်သူ ဦးကျော်ဇံလှကိုမှု ဆဲဆိုမှု၊ သာသနာကို အကြည်ညို ပျက်စေမှု ပုဒ်မ ၂၉၄/၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့စခန်းက ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ ရက်နေ့က မုဒိမ်းကျင့် ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရရာမှ ပဋိပက္ခအရှိန် မြင့်လာသဖြင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း.... The Voice Weekly

27 September 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ နှစ်ဆယ့်ငါးနှစ်ပြည့် ငွေရတု အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်း အပြည့်အစုံ..

(ရိုက်ကူး . တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ နှစ်ဆယ့်ငါးနှစ်ပြည့် ငွေရတု အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မြန်မာဘာသာဖြင့် မိန့်ခွန်း အပြည့်အစုံ...

(ရိုက်ကူး . တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ငွေရတုနှစ်ပတ်လည်အခမ်းအနား သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ဖြေကြားချက်များ

26 September 2013

အာဏာအားကိုး နဲ့ မတော်မတရားတွေလုပ်နေကြတုန်းပါလား..

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အုပ်ချုပ်ရေးမှူးက အုန်းဇုန်းကျေးရွာအုပ်ချုပ်ရေးမှူးကို ပါးရိုက်မှု စက်တင်ဘာလ၂၅ ရက် နေ့လည် ၁နာရီက ဖြစ်ပွားခဲ့ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနမှ အရာရှိတစ်ဦး အုန်းဇုန်းကျေးရွာ အုပ်စု၊ ၀က်သေကျေးရွာကို လာရောက်ကွင်းဆင်းတာကို ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေ ဆင့်ခေါ်ရာမှာ လာရောက်ဖို့ နောက်ကျတာကြောင့် ယခုလို ပါးရိုက်ခံရတာဖြစ် တယ်လို့ အရိုက်ခံရတဲ့ အုန်းဇုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့် က ပြောပါတယ်။

" ငါးမိနစ်၊ဆယ်မိနစ်လောက်ပဲနောက်ကျတယ်။ ဘာမပြောညာမပြောနဲ့ ပါးရိုက်တယ်။ လောလောဆယ်အမှုသွားဖွင့်တယ်။ ရဲစခန်းက အမှုဖွင့် မပေးသေးဘဲ ဆေးစာတောင်းလို့ မနက်ဖြန် ဆေးစာရမယ်" လို့ ဦးမြင့်က ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ပါးရိုက်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ်လို့မရခဲ့ပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်လက်ဆက်သွယ် မေးမြန်းရာ ပါးရိုက်ခံရမှုဖြစ်စဉ်ကို ကြားသိရကြောင်းဖြေကြားပါတယ်။

 The Modern News Journal

25 September 2013

စစ်ကိုင်းမြို့ မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ဥပဒေမဲ့တွေ ကျင့်သုံးနေတာ မျက်မြင် သက်သေနဲ့ တကွ အထောက်အထားခိုင်လုံစွာဖြင့် ဖော်ပြလိုက်ပါတယ်..

ယနေ့အချိန် မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသော အချိန်ဖြစ်ပါ သည်၊ နိုင်ထက်စီးနင်း စော်ကားခဲ့သော ယခင်စနစ်ဆိုးကို အများရွံရှာ မုန်းတီးခဲ့ကြသည် ။ 
ဥပဒေမဲ့လုပ်ရပ်များကိုစက်ဆုပ်ခဲ့ကြသည်၊ထို့ကြောင့်ယနေ့ကာလတွင် တရားဥပဒေ စိုးမိုးရေးနှင့် တရားရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် နိုင်ငံတော်အကြီးအကဲများမှ စီမံချက် ချမှတ် အကောင်အထည်
ဖော်ဆောင်နေသော အချိန်လည်း ဖြစ်ပါသည်။

အထက်အဖွဲ့အစည်း များ၏ လမ်းညွှန်လုပ်ဆောင်ချက်များ ဘယ်လောက်ပင် ကောင်းကောင်း ယခုအချိန်ထိ အခွင့်အာဏာကို လက်လွတ် စပယ်တလွဲ အသုံးချနေသူများ ရှိနေရာ၊ ၎င်းစုံးပြူး များကြောင့် နိုင်ငံ ၏ ဒီမိုကရေစီအသွင် ပြောင်းရေးအား၊ ထိခိုက် နေလျှက်ရှိပါသည်..။

ထို့နည်းတူ စစ်ကိုင်းမြို့ရှိ ယာဉ်ထိန်း အဖွဲ့နှင့်အပေါင်းအပါတစုတို့၏ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအ
ည် ခံ ဥပဒေမဲ့ အနိုင်ကျင့် ဗိုလ်ကျမှုများ မကြာခဏဆိုသလို မြင်တွေ့ကြားသိနေရသည်မှာ နိုင်ငံတော် အကြီးအကဲများနှင့် ပြည်သူ့လွှတ်တော်ဦးဆောင်မှုတို့အား မထီမဲ့မြင်ပြုလုပ်ရာဖြစ်နေပါသည်

မြို့နယ်အုပ်ချုပ်ရေး၊ ပညာရေး၊ မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့မှုးနှင့် အဖွဲ့ အပါအ၀င် နေ့တွက်ပေး ကြေးစား လူမိုက်များပါဝင်သော အဖွဲ့သည် ပြစ်မှုပြစ်ဒဏ် ဆီလျော် အောင် မဆောင် ရွက်ဘဲ ဥပဒေမဲ့ နိုင်ထက်စီးနင်း ပြုလုပ်နေသည့် မြင်ကွင်းကို
နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ သိရှိပြီး ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရန်အတွက် သက်သေအဖြစ် ဗီဒီယိုဖိုင်ကို တင်ပြအပ်ပါသည်။


စစ်ကိုင်းမြို့ ယာဉ်ထိန်းတပ်ဖွဲ့သည် လမ်းဆုံ၊ လမ်းခွများ၊ ကျောင်းပတ်ဝန်း ကျင် များနှင့် လူစည်ကားရာ နေရာများ တွင် ယာဉ်တိုက်ခိုက်မှု မဖြစ်ပေါ်ရေးအတွက်တာဝန်ချထားခြင်း လုံးဝ မရှိဘဲ၊ လူမမြင် ကွယ်ရာ (ကျော်ထက်ကွေ့ နှင့် ရွာထောင် သူဇာ စားသောက်ဆိုင်အနီး) တွင် နေ့စဉ် နေရာယူပြီး အဓမ္မငွေကြေး တောင်းခံလျှက် ရှိနေပါသည်။

ဒီလို ယာဉ်ထိန်းတပ်ဖွဲ့တွေ ကို လူမြင်ကွင်းမှာ ခေတ်သစ် သူတောင်းစားတွေလို တွေသမျှ လူတွေကို ပေးမလား မပေးဘူးလား မပေးရင် ဒီလိုလုပ်တယ်ကွာ ဘာဖြစ်လဲ ဆိုသလို လုပ်နေတဲ့ခေတ်ကြီးမြို့လယ်ခေါင်ကြီးမှာပြောင်ပြောင် တင်းတင်းလုပ်နေတာ  သက်သေ အထောက်အထား တွေ နဲ့ တင်ပြလိုက်ပါတယ်..။

ယခုလိုမြင်ကွင်းမျိုးတွေ ဘယ်နယ်တွေမှာ ဘယ်လောက်များများရှိနေပါလိမ့်မလဲ..

ထို့အတွက်ကြောင့် အထက်ပါဖြစ်စဉ်အား ထိထိရောက်ရောက် အရေးယူပေးပါရန် တိုင်ကြားအပ်ပါ
ည်..။
အောက်ခြေ ပြည်သူများ ကိုယ်စား (စစ်ကိုင်းသား)        

20 September 2013

မြန်မာ့အပြောင်းအလဲ နယူးဇီလန် အသိအမှတ်ပြုပြီး သံရုံးသစ်ဖွင့်လှစ်



မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲတာတွေကို အသိမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး နယူးဇီလန် အစိုးရသံရုံးကို ဖွင့်လှစ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Murray McCully က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံက နိုင်ငံရေး စီးပွားရေး ဆောင်ရွက်ချက်တွေမှာ တိုးတက်မှုတွေရှိခဲ့တာကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ သံရုံးဖွင့်လှစ်တာဖြစ်ကြောင်း၊ နယူးဇီလန်အနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေး အကူအညီတွေကို တိုးမြင့်ပေးအပ်ခဲ့ပြီး နို့ထွက်ပစ္စည်းလုပ်ငန်းနဲ့ နည်းပညာအထောက်အကူတွေ ပေးအပ်ခဲ့ကြောင်း Mr. McCully က မနေ့က ပြောပါတယ်။

Mr. McCully ဟာ မနှစ်က မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ခဲ့သူတစ်ဦးဖြစ်ပြီး အဲဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။

အခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံကို နယူးဇီလန်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းပမာဏဟာ အမေရိကန်ဒေါ်လာ ၁၉ သန်းနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း... RFA

19 September 2013

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်ပြီး Mr.Jelson Garcia ပြောကြားခဲ့သော အသံဖိုင်

BIC (Bank Information Center) ၏ Asia Programမန်နေဂျာ Mr.Jelson Garcia က မြန်မာနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ ရှိသော ငွေစာရင်းငါးခု ပြည်ပတွင် ရှိနေကြောင်း စက်တင်ဘာ ၁၀ ရက်က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားခဲ့သည့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံနှင့် သက်ဆိုင်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို စက်တင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်ရန် ရှိပါသည်။ ထိုသတင်းစာ ရှင်းလင်းပွဲ၌ The Daily Eleven အပါအ၀င် မီဒီယာ အသီးသီးမှ မေးခွန်း တစ်ခု (သို့မဟုတ်) နှစ်ခု မေးမြန်းခွင့် ရရှိနိုင်ပါသည်။ ထို့ကြောင့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ သိရှိလိုသည်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ မေးမြန်းလိုသူများ အနေဖြင့် ယခု ပို့စ်၏ အောက်ခြေရှိ Comment Box ၌ ဖြစ်စေ၊ သီးခြား Private Message ပေးပို့၍ ဖြစ်စေ မေးမြန်းနိုင်ပါ သည်။ မေးမြန်းလာသည့် မေးမြန်းချက်များကို အခြေခံပြီး The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုး ကိုယ်တိုင် မေးခွန်း  မေးမြန်း ပေးမည် ဖြစ်ပါ သည်။ မေးခွန်းမေးမြန်းလိုသူများ အနေဖြင့် အခြား မီဒီယာများထံသို့လည်း မေးခွန်းများ ပေးပို့ မေးမြန်းနိုင်ပါသည်။

ထို့အတူ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၀ ရက်က Mr.Jelson Garcia ၏ ပြောကြားမှုနှင့် ဘာသာပြန်ပေးခဲ့သူ၏ အသံဖိုင်ကိုလည်း အများပြည်သူ သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။


သတင်း Eleven Media Group

16 September 2013

ဘာသာရေးပဋိအက္ခများ ရပ်တန့်သွားစေရန်အတွက် မိမိတစ်ဦးတည်းမတက်နိုင်ဟုဒေါ်အောင်ဆန်းစု ကြည်ပြောကြား


တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် ဟန်ချက်ပျက်စေခဲ့သော နိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု ပဋိပက္ခများကို ၎င်းတစ်ဦးတည်း၏ အင်အားဖြင့် ရပ်တန့်ရန် မတက်နိုင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
စက်တင်ဘာလ ၁၂ ရက်နေ့က ပိုလန်နိုင်ငံ ဝါဆောင်မြို့တွင် ပိုလန်သမ္မတဟောင်းနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအတွင်း ဘာသာရေးအသွင်ဆောင်နေသော ပဋိပက္ခများကို ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရပ်တန့်အောင် ဆောင်ရွက်နိုင်ခြင်းမရှိမရှိ ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ တရားဥပဒေစိုးမိုးရေးကို ကျွန်မတို့လိုအပ်တယ်။ တရားဥပဒေစိုးမိုးမှုရှိမှသာ ကျွန်မတို့ပြည်သူတွေဟာ လုံခြုံမှုကို ခံစားနိုင်မယ်။ လုံခြုံစိတ်ချမှုကို ရရှိထားတဲ့ပြည်သူတွေသာလျှင် မတူညီတဲ့ လူမှုအဖွဲ့အစည်းအချင်းချင်းကြားက အပြန်အ လှန် ရင်းနှီးချစ်ခင်မှုတွေကို ပြန်လည်စတင်တည်ဆောက်နိုင်မယ်။ ဒီအချက်က ကျွန်မတို့ တိုင်းပြည်အတွက် အသင့်တော်ဆုံး ဆိုတာ အခိုင်အမာပြောလိုပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်ကစ၍ ရခိုင်ပြည်နယ်မှ စတင်ခဲ့သော ပဋိပက္ခများမှာ ယခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေပြီး နေရာအနှံ့တွင်လည်း ဆူပှုမှုကို ဖြစ်ပေါ်စေသည့် ကောလဟာလများ၊ အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသည့် အမုန်းတရား အခြေခံပြောဆိုမှုများ မကြာခဏဖြစ်ပေါ်နေကာ နိုင်ငံတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လူပေါင်း နှစ်ရာကျော် သေဆုံး ခဲ့ရပြီးဖြစ်သည်။
ကမ္ဘာ့နိုင်ငံအများစု၏ လေးစားမှုကိုရရှိထားပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အတွက်ပေးအပ်သော နိုဗယ်ငြိမ်းချမ်းရေးဆုကိုလည်း ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည် အား မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ နှုတ်ဆိတ်နေခြင်း အပေါ် သတင်းထောက်အများစုက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း (CAN) သတင်းတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဟန်ဂေရီနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားပြီး ဟန်ဂေရီနိုင်ငံ ဘူဒါပက်တက္ကသိုလ်တွင် “တော်လှန်ရေးမှသည် အမျိုးသားရင်ကြားစေ့ရေးသို့” ခေါင်းစဉ်ဖြင့် ဟောပြော သွားမည်ဖြစ်သည်။

သတင်း....  Transparency Myanmar