10 April 2013

စင်ကာပူရောက် မြန်မာအိမ်ဖော်တွေအရေး စစ်ဆေးကြဖို့လိုပြီ



လအတန်ကြာ အလုပ်လုပ်ခဲ့ရ သော်လည်း မည်သည့်လခမျှ မရ သည့် မြန်မာအမျိုးသမီးအိမ်ဖော်တို့ စင်ကာပူအိမ်ရှင်များထံမှ ထွက်ပြေး နှုန်းမြင့်တက်လာလေတော့သည်။အခြား အကြောင်းတစ်ရပ်မှာ လည်း စင်ကာပူရှိ အလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီများကို ပေးရန်ရှိ သည့် ကြွေးများပေးပြီးနောက် အချို့ မှာ လခမကျန်တော့ခြင်း၊ အချို့မှာ ဆယ်ဒေါ်လာ၊ ဒေါ်လာနှစ်ဆယ်မျှ သာ ကျန်ကြတော့ခြင်းကြောင့်လည်း ဖြစ်သည်။စင်ကာပူ အလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီများ၏ ခန့်မှန်းချက် အရမူ စင်ကာပူတွင် မြန်မာအမျိုး သမီးအိမ်ဖော် ၂၇ဝဝဝ မျှရှိကြသည် ဆို၏။ ယင်းတို့အနက် ၇ဝဝဝ ခန့်တို့ မှာ ယမန်နှစ်ကမှ ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာအမျိုးသမီး အိမ်ဖော်များ  စင်ကာပူသို့ ရောက်လာကြခြင်း ကြောင့် အင်ဒိုနီးရှားအိမ်ဖော်များကို ငှားရမ်းမှုနှုန်း အတန်ငယ်လျော့ ကျသွားခဲ့သည်။ယခုနှစ် ဇန်နဝါရီလကလည်း ထွက်ပြေးလာကြသော မြန်မာအမျိုး သမီးအိမ်ဖော် ၃၂ ဦးတို့အား စင် ကာပူနိုင်ငံ လူသားချင်း စာနာ ထောက်ထားရေးအဖွဲ့က ကယ်တင် ထားခဲ့ရသေး၏။
ထို့ထက် နှစ်ဆများ သော ထွက်ပြေးလာသူတို့ကို ယင်း အဖွဲ့ကပင်လျှင် ၂ဝ၁၂ ခုနှစ်က စောင့်ရှောက် ထိန်းသိမ်းပေးခဲ့ရသေး သည်။အလုပ်အကိုင်ရှာဖွေရေးကိုယ်စားလှယ်များကမူ ယင်းအိမ်ဖော်များ သည် ကိုယ်ကျင့်တရား မကောင်း ကြကြောင်း သူတို့ကိုပေးရန်ရှိသည် များကို မပေးကြကြောင်း ပြောကြ ပြန်၏။ သူတို့သည် အလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီများအား ဒေါ်လာ ၃၂ဝဝ မှ ၃၃၆ဝ ကို ရှစ်လအထိ ခွဲ၍ပေးကြရသည်။”စင်ကာပူက မြန်မာအမျိုးသမီး အိမ်ဖော်တွေဟာ တစ်လကို ဒေါ် လာ လေးရာ၊ လေးရာကျော်လောက် ပဲရကြပါတယ်။ အင်ဒိုနီးရှားအိမ်ဖော် တွေ ဖိလစ်ပိုင်အိမ်ဖော်တွေထက် ဈေးချိုပါတယ်”ဟု စင်ကာပူနေ မြန် မာတစ်ဦးက ပြောသည်။
ယင်းမှာ အသက်မပြည့်သေး ခြင်း၊ လေ့ကျင့်သင်ကြားမှုမရှိခဲ့ သဖြင့် အရည်အချင်း မပြည့်မီခြင်း၊ အင်္ဂလိပ်လို မ ပြောတတ်ခြင်း နှင့် စင်ကာပူ ဝယ် အလုပ်အ ကိုင်ရှာဖွေရ ခက် ခဲခြင်းတို့ ကြောင့်ဖြစ် ကြောင်း အိမ်ဖော် ပွဲစားများက ပြောပါ သည်။ ”မြန်မာနိုင်ငံက အေးဂျင့်တွေက သူတို့ ရမယ့်ဝန်ဆောင်ခတွေ ကို ပိုတောင်းတာတွေရှိ တယ်။ ဒီဘက်က အင်ဒို နီးရှားအေးဂျင့်တွေနဲ့ အငြင်းပွားကြ တာတွေကြုံရတယ်”ဟု စင်ကာပူ နိုင်ငံ အလုပ်သမားအေဂျင်စီများ အဖွဲ့မှ ဥက္ကဋ္ဌ မစ္စကေဂျာယာပရီမာ က ပြောပါသည်။”တခြား အပိုဆောင်းပေးရတာ တွေလည်း ရှိသေးတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ မြန်မာအေးဂျင့် တွေရဲ့ ဝန်ဆောင်ခမြင့်မားနေတာကို  တစ်ခုခုစီစဉ်ပေးဖို့ လိုတယ်” ဟု လည်း သူက ပြောပါသေးသည်။
 ”အိမ်ဖော်တွေကို ဈေးချိုချိုနဲ့ ငှားထားတယ်ဆိုရင်၊ သူတို့တတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်ကြိုးကြိုး စားစား လုပ်ကြဖို့ ဆွဲဆောင်ကြရ မယ်လို့အိမ်ရှင် တွေကို ကျွန်မ ပြောပြပါတယ်” ဟု စင်ကာပူ မှအလုပ်အ ကိုင်ရှာဖွေ ရေး ကိုယ် စားလှယ် ကာရင်း ချင် က ပြောပါ သည်။”ဘယ် လိုပဲဖြစ်ဖြစ်လေ ဒီအလုပ်ရှင် အလုပ်သမားကိစ္စ တွေကို သက်ဆိုင်ရာသံရုံးတွေနဲ့ညှိနှိုင်း၊ စုံစမ်းစစ်ဆေးစရာရှိ စုံစမ်းပြီး ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်”ဟု စင်ကာပူနိုင်ငံ ပြည်သူ့အင်အားဝန် ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး က ပြောသည်။
စင်ကာပူတွင် လမ်းညွှန်ချမှတ် ထားသည့် ဥပဒေများနှင့် မညီညွတ် သော အလုပ်အကိုင်ရှာဖွေရေးကိုယ် စားလှယ်များကို ဒဏ်ငွေ ၅ဝဝဝ(သို့) ထောင်ဒဏ်ခြောက်လအထိ အပြစ် ပေးနိုင်ပြီး၊ ထောင်ဒဏ် ငွေဒဏ် နှစ် ရပ်စလုံးကိုလည်း တစ်ပေါင်းတည်း အပြစ်ပေးနိုင်သည်။  ယင်းတို့အနေဖြင့် အသက် ၂၃ နှစ်ထက်ငယ်သော အိမ်ဖော်များကို အလုပ်ရှာဖွေမပေးရဟူသည့် စည်း ကမ်းချက်ကိုလည်း ပြဋ္ဌာန်းထား၏။ ယမန်နှစ်ကလည်း သတ်မှတ် ထားသည့် အသက်မပြည့်သော အိမ် ဖော်များကို အလုပ်အကိုင်ရှာဖွေပေး မှုဖြင့် အလုပ်အကိုင်ရှာဖွေရေးအေ ဂျင်စီ ၇ ခုကို သတိပေးခဲ့ရဖူးသေး သည်။”မြန်မာအိမ်ဖော် အမျိုးသမီး တွေဟာ သူတို့နိုင်ငံကထွက်ပြီး ဒီမှာ အလုပ်လုပ်ချင်စိတ်ဇောကြောင့် ဘယ်လိုစာချုပ်စာတမ်းမျိုးကိုမဆို သဘောတူတတ်ကြတယ်။ ခုလိုဖြစ် ရပ်တွေကို ကာကွယ်ဖို့အတွက် မြန် မာ-စင်ကာပူ နှစ်နိုင်ငံက အစိုးရ အဖွဲ့တွေအနေနဲ့ တိတိကျကျ စုံစမ်း စစ်ဆေးကြဖို့လိုတယ်” ဟု စင်ကာပူ ပြည်ထဲဝန်ကြီးဌာနမှ အမှုဆောင် အရာရှိ ဘရစ်ဂျက်တန်က ပြောပါ သည်။

ရန်မျိုးအောင်

07 April 2013

နေပြည်တော်ရဲ့ အနောက်တောင်ဘက်ကို ဗဟိုပြုပြီး ငလျင်တွေ ဆက်တိုက်လှုပ်နေ

နေပြည်တော်ရဲ့ အနောက်တောင်ဘက်ကို ဗဟိုပြုပြီး အင်အား အသင့်အတင့်ရှိတဲ့ ငလျင်တွေ ယခုရက်ပိုင်းအတွင်း ဆက်တိုက် လှုပ်ခတ်ကြောင်း သိရပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ ယနေ့မနက် ငါးနာရီခွဲခန့်က နေပြည်တော်ရဲ့ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၄.၇ အဆင့် (အင်အားအနည်းငယ်)ရှိတဲ့ ငလျင်တစ်ခု လှုပ်ရှားပါတယ်။ ယခုလ ၃ ရက်နေ့ ည ၁၁း၀၀ နာရီလောက်ကလည်း နေပြည်တော်ရဲ့ အနောက်တောင်ဘက် ၄၉ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၅.၅ အဆင့် (အင်အားအသင့်အတင့်)ရှိတဲ့ ငလျင်တစ်ခု လှုပ်ရှားပါတယ်။ ပြီးခဲ့တဲ့ လေးရက်လောက် က (မတ် ၃၁ ရက်နေ့)လည်း သပိတ်ကျင်းမြို့ရဲ့ မြောက်ဘက် ၂၅ မိုင်အကွာကို ဗဟိုပြုပြီး အင်အား ၄.၇ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဧပြီ ၅ မှ ၁၃ ရက်နေ့ထိ စက်ရုံများ၊ စက်မှုဇုန်များနှင့် လုပ်ငန်းများ လျှပ်စစ်မီး ပြတ်တောက်မည်

 လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း ဓာတ်ငွေ့၊ ရေနွေးငွေ့ဌာန အောက်ရှိ သဘာဝဓာတ်ငွေ့၊ ဓာတ်အားပေး စက်ရုံများကို စွမ်းအင်ဝန်ကြီးဌာနမှ ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၆၅ သန်းခန့် လျော့နည်းသွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၃၃၀ မဂ္ဂါဝပ် လျော့နည်းမည် ဖြစ်ရာ စက်ရုံများ၊ စက်မှုဇုန်များတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများသို့ ဓာတ်အားဖြန့်ဖြူးမှု ဧပြီ ၅ မှ ၁၃ အထိ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရသည်။ ရတနာဓာတ်ငွေ့ ကမ်းလွန်တူးစင်၏ ကမ်းလွန်ပလက်ဖောင်း အထွေထွေပြုလုပ်ခြင်း လုပ်ငန်းများကို ဧပြီ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံပိုင် ပုဂ္ဂလိက စက်ရုံများ၊ စက်မှုဇုန်များ၊ အကြီးစား စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဓာတ်အားဖြန့်ဖြူးရေး ရပ်ဆိုင်းထားမည် ဖြစ်သည်။ သို့သော် ပြည်သူလူထုကို ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ကုန်းတွင်းသဘာဝဓာတ်ငွေ့ ပိုမိုရရှိအောင် ဆောင်ရွက်ပြီး သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံက ဓာတ်အားတိုးမြှင့် ဖြည့်ဆည်းမောင်းနှင်ခြင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများက ဓာတ်အားတိုးမြှင့် ဖြည့်ဆည်း မောင်းနှင်ခြင်းများ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။ ယင်းသို့ဖြစ်၍ အချို့နေရာများတွင် အလှည့်ကျ ဓာတ်အားလျော့ချပြီး ပို့လွှတ်ခြင်းများကို ဆောင်ရွက်သွားမှာဖြစ်ပြီး ကမ်းလွန်ပလက်ဖောင်း ပြုပြင်စဉ် အခိုက်အတန့် ကာလအတွင်း ပြည်သူလူထုအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြပါရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားကြောင်း   News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

ဂူဂဲလ်ဒေါ့ကွမ်း ဒေါ့အမ်အမ် မြန်မာလို ဖြော်ပချက်နဲ့ ပြောင်းလဲလာ

 ဂူဂဲလ်ကုမ္ပဏီက မြန်မာနိုင်ငံအတွက် ပြုလုပ်ပေးခဲ့တဲ့ google.com.mm မှာ မြန်မာစာနဲ့ အသုံးပြုလို့ရပြီး မြန်မာလို ဖော်ပြချက်တွေနဲ့ ပြောင်းလဲပေးလိုက်တာကို တွေ့ရတယ်။ google.com.mm ရဲ့ search ဘောက်စ်ရဲ့ အောက်မှာ မြန်မာဘာသာကို နှိပ်လိုက်ရမှာပါ။ ရှာဖွေခြင်း၊ ပုံဖြင့်ရှာပါ၊ မြန်မာလို ဖော်ပြချက်တွေနဲ့ ရေးသားထားပြီး search ဘောစ်ရဲ့ အောက်မှာ google တွင် ရှာပါ။ ဥုံဖွ စသဖြင့် ရေးသားထားပါတယ်။ အလွယ်တကူ ရှာလို့ရအောင် ကီးဘုတ်အနေနဲ့ Input Tools ကို ထည့်ပေးထားပါတယ်။ google.com.mm မှာ ယူနီကုတ် ကွန်ပျူတာသုံး မြန်မာစာစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ MIDO မှ ပရိုဂရမ် မန်နေဂျာ မထိုက်ထိုက်အောင်က ‘ဂူဂဲလ်သုံးရင် တခြားနိုင်ငံတွေက သူတို့ဘာသာစကားနဲ့ ဝက်ဘ်ဆိုက်တွေ ရှိတယ်၊ ခုချိန်မှာတော့ ဂူဂဲလ်က အရင်ကထက်စာရင် မြန်မာနိုင်ငံကို အသိအမှတ်ပြုလိုက်တဲ့ သဘောပဲ၊ နောက်ပိုင်း တခြားဝန်ဆောင်မှုတွေ လုပ်ရလဲ ဒီနိုင်ငံမှာ သုံးလို့ရအောင်ပါ ထည့်သွင်းပေးမယ်လို့ မျှော်လင့်ရတယ်’ ဟု ပြောပါတယ်။ မြန်မာစာနဲ့ ရှာဖွေလို့ရတဲ့အတွက် ဘာသာစကား အခက်အခဲ မရှိတော့ဘူး။ အင်အားကြီးတဲ့ နည်းပညာ ကုမ္ပဏီကြီးတစ်ခုက ယူနီကုတ်ကို စံသတ်မှတ်ချက် တစ်ခုအနေနဲ့ လုပ်လိုက်တဲ့အတွက် တခြားကုမ္ပဏီတွေကပါ လိုက်သုံးဖို့ ရှိတယ်လို့ သိရတယ်။ Tbit Solution မှ အိုင်တီဒါရိုက်တာ ကိုသက်အောင်မင်းလတ်က ‘ဒီလို မြန်မာလို အသုံးပြုလို့ရတော့ ပိုအဆင်ပြေတာပေါ့၊ ဒါပေမဲ့ ဂူဂဲလ် translate လိုမျိုးကို မြန်မာလို အသုံးပြုလို့ရဖို့တော့ လိုသေးတယ်၊ အဲဒါမျိုးတွေ လုပ်ပေးနိုင်ရင် ပိုပြီးအသုံးဝင်တယ်’ လို့ ပြောပါတယ်။ ဂူဂဲလ်ကုမ္ပဏီက google.com.mm ကို ဂူဂဲလ်ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌ Eric Schmidt မြန်မာနိုင်ငံကို မလာခင် မတ်လ ၂၁ ရက်နေ့က လုပ်ပေးခဲ့ကြောင်း   မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

မဟာသင်္ကြန်ကာလ ကန်တော်ကြီး ကန်ပတ်လမ်း တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်

 ယခုနှစ် မဟာသင်္ကြန်ကာလ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက် တစ်လမ်းမောင်းစနစ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ သိရသည်။ ယခင်နှစ်ကအတိုင်း ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ်အများဆုံး တည်ရှိပြီး ယခုနှစ်အတွင်း မဏ္ဍပ်ပေါင်း ၁၇ ခု ချထားပေးထားကြောင်း လမ်းနှင့်တံတားဌာနမှ သိရသည်။ ယင်းကြောင့် ကန်ပတ်လမ်းအား ယခင်နှစ်အတိုင်း တစ်လမ်းမောင်းစနစ်ကို ကျင့်သုံးသွားလာစေမည်ဖြစ်ပြီး ကျန်လမ်းများအား မူလယာဉ်လမ်းကြောင်းများ အတိုင်းသာ မောင်းနှင်စေမည်ဟု သိရသည်။ ကန်တော်ကြီး ကန်ပတ်လမ်းအား တစ်လမ်းမောင်းစနစ် ကျင့်သုံးစေရာတွင် ဦးထောင်ဘိုအဝိုင်းအတိုင်း ကန်ပတ်လမ်းမှ တစ်ဆင့် မင်္ဂလာဈေး စက်ရုံလမ်းဘက်သို့ တစ်လမ်းမောင်း ဝင်ရောက်ဖြတ်သန်းစေမည်ဟု သိရသည်။ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်း၊ ဆရာစံလမ်းနှင့် ကျန်လမ်းများအား လက်ရှိပုံမှန် သွားလာနေမှုများ အတိုင်းသာ အသုံးပြုစေမည် ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြည်လမ်းမကြီးပေါ်၌ လှည်းတန်း ခုံးကျော်တံတားကို သင်္ကြန်မတိုင်မီတွင် စတင်စမ်းသပ် မောင်းနှင်စေမည်ဖြစ်ရာ သင်္ကြန်ကာလ အတွင်း မော်တော်ယာဉ်များ အဆိုပါ တံတားပေါ်မှ ဖြတ်သန်း မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် အရက်သေစာ သောက်စား မူးယစ်မောင်းနှင်ခြင်း မပြုရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတို့မှ သတိပေးချက်များ ထုတ်ပြန်ထားပြီး ယာဉ်အန္တရာယ် ကင်းရှင်းစွာ စည်းကမ်းတကျ သွားလာမောင်းနှင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "

မြန်မာ့ဆက်သွယ်ရေးလောကထဲဗိုဒါဖုန်းလာတော့မည်

ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များ ဆီက မန်ယူအသင်းကိုစပွန်ဆာ  ပေးခဲ့သော ကမ္ဘာအကြီးဆုံးဆက် သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော  ဗိုဒါဖုန်းကုမ္ပဏီသည်မြန်မာနိုင်ငံ တွင် ဆက်သွယ်ရေးလုပ်ငန်းလုပ် ရန်အတွက် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကာလိုင်စင် ၂ ခုအား လေလံဆွဲရန်ရှိနေသည်ဟု သတင်း ရရှိသည်။

အိုင်ရမ်လူမျိုးကုမ္ပဏီပိုင်ရှင်  များဖြစ်သောMr. Soros နှင့်Denis O’ Brien တို့က “ဆက်သွယ်   ရေးကဏ္ဍဖွံ့ဖြိုးလာမှုက မြန်မာ စီးပွားရေးကို လှုံ့ဆော်ပေးနေသလို  ပါပဲ”ဟု ဆိုသည်။ ကမ္ဘာအချမ်း သာဆုံးပုဂ်္ဂိုလ် (၃၀) တွင် စာရင်း  ပေါက်သောအဆိုပါပုဂ်္ဂိုလ်တို့က   ကန်ဒေါ်လာ ၁၈.၂ ဘီလီယံသုံး စွဲရန်အတွက် ပြင်ဆင်ထားသည်  ဟုသိရသည်။ လာမည့်ဇွန်လအတွင်း ၁၅ နှစ်စာစာချုပ်ကိုရရှိရန်အတွက်  ကြေညာမည်ဟုလည်းဆိုသည်။ “ကမ္ဘာဆက်သွယ်ရေးဈေးကွက်မှာ မြန်မာနိုင်ငံကအသစ်တစ်ခုပါပဲ”ဟု  ၎င်းကဆိုသည်။

သတင်း....  The Hot News

03 April 2013

စစ်ကိုင်းမြို့နယ်ပညာရေးဌာန မတရားမှုများ ပြုလုပ်နေကြောင်း

တိုင်းပြည်၏အနာဂတ်အတွက်ပညာရေး ကဏ္ဏ မြှင့်တင်ရေးနှင့်အတူအခြေခံကျသောမူလတန်းကျောင်း များတွင် ကလေး သူငယ်များအတွက်ကျန်းမာရေးအထောက်အကူပြုရေလောင်းအိမ်သာများတည်ဆောင် ကာ ကျန်းမာသန်စွမ်းသော ကလေးများဖြစ်စေရေးကိုပါထည့်သွင် စဉ်းစား၍ ဖော်ဆောင်နေသော ယနေ့အချိန်ကာလတွင် စစ်ကိုင်းမြို့နယ်တွင်ရှိသော အ.မ.ကကျောင်း(၁၄)ကျောင်း ကို ရေလောင်းအိမ်သာများ ဆောက်လုပ်ရန် အတွက် နိုင်ငံတော်မှတစ်ကျောင်းလျှင်ကျ ပ်(၅) သိန်းနှုန်းထောက်ပံ့ချထားေ ပးခဲ့ပါသည်။

    သို့သော် စစ်ကိုင်းမြို့နယ်ပညာရေးဌာနသည် နိုင်ငံတော်ကချပေးသည့်(၅)သိန်း အပေါ်မှတစ်ကျောင်းလျှင် ကျပ်(၂)သောင်း (၅)ထောင်နှုန်း ဖြတ်တောက်ကာ မတရား စီးပွားရှာနေကြပါသည်၊ သို့ပါ၍ နိုင်ငံတော်၏ ပညာရေးဘက်စုံဖွံ့ဖြိုးတိုးတက်ေ ရး အကောင်အထည်ဖော်မှုကို နှောင့်နှေးစေသည့် စစ်ကိုင်းမြို့နယ်ပညာရေးဌာနမှ အကျင့်ပျက်ချစား ၀န်ထမ်းများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ အပြစ်ပေးသင့်ပါကြောင်းတင်ပြအပ် ပါသည် ။

02 April 2013

မြန်မာ့ရုပ်ရှင်လောကတွင် ဒါရိုက်တာ အောင် ကိုလတ် ရိုက်ကူးထားသော Kayan Beauties (ကယန်းအလှ) ရုပ်ရှင်ဇာတ်ကားသည် မလေး ရှားနိုင်ငံ တွင် ကျင်းပပြုလုပ်သော AIFFA 2013 မှ Special Jury Award ဆွတ်ခူး ရရှိခဲ့တဲ့အတွက် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပြီ။

ကယန်းအကြောင်း နည်းနည်း မိတ်ဆက်ပေးပါရစေ။ သူငယ်ချင်းတွေ စိတ်ဝင်စား ကြမယ်လို့ မျှော်လင့်ပါတယ်။ ကယန်းဆိုတာက သူငယ်ချင်းတို့ ပဒေါင်လို့သိထားတဲ့လူမျိုးပါ။ ပဒေါင် ဆိုတာကအရပ်ခေါ် အသုံးအနှုံးဖြစ်လို့ ကယန်းဆိုတာကို မြန်မာပြည်က လူတစ်ချို့ကမသိသေးတာပါ။ ကယန်းအလှ (Kayan Beuties) ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ အောင်ကိုလတ်က သဘာဝအရပ်သူ ကယန်းလူမျိုးအစစ် သရုပ်ဆောင်များကိုသာ အသုံးပြုပြီး ကယန်း လူမျိုးများရဲ့ ဓလေ့တွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ မလေရှားနိုင်ငံ ကျင်းပတဲ့ အာစီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက ကယန်း အလှ (Kayan Beuties) ဆိုတဲ့ ရုပ်ရှင်ကားကြီးနှင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ AIFFA 2013 မှ Special Jury Award ဆွတ်ခူး ရရှိတဲ့အတွက် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပြီ။ အစမ်းသဘောအနေနဲ့ တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစအဆုံးကိုတော့ ၀ယ်ယူအားပေး ကြည့်နိုင်ပါတယ်။

 Kayan Times

ဝါယာရှော့ဖြစ်၍ ရန်ကုန်မြို့ရှိအစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခု မီးလောင်ကျွမ်းမှု ကလေးငယ် ၁၅ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း သိရ


 


 

 

ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ် ၀န်းကျင်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အပေါ်ဘလောက်တွင် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခု လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဘာသာရေး စာသင်ကျောင်းအတွင်းရှိ ကလေးငယ် ၁၅ ဦး ၀န်းကျင် သေဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ နံနက် ၂ နာရီ ၄၅ မိနစ် ၀န်းကျင်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၃ နာရီ ၁၅ မိနစ် ၀န်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
သတင်း.... Eleven Media Group

31 March 2013

ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိ ၆၀ ခန့်အား ဌာနလွှဲပြောင်းခြင်း၊ အငြိမ်းစားပေးခြင်း၊ တာဝန်မှရပ်စဲခြင်းများ ပြုလုပ်


အစိုးရ၀န်ကြီးဌာနအချို့မှ ညွှန်ကြားရေးမှူးချုပ်များ အပါအ၀င် အဆင့်မြင့်အရာရှိများအား အပြောင်းအလဲပြုလုပ်ခြင်း၊ အငြိမ်းစားပေးခြင်း၊ တာဝန်မှရပ်စဲခြင်းများအား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

"မှန်ပါတယ်။ ညွှန်မှူးကနေ ဒုညွှန်ချုပ်အထိ အရာရှိများကို ၀န်ကြီးဌာနများအတွင်းမှာ အပြောင်းအရွှေ့ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ညွှန်ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးကဲ့သို့သော အဆင့်မြင့်အရာရှိကြီး တချို့ကိုလည်း အငြိမ်းစားယူခွင့် ပြုခဲ့ပါတယ်။ ဒါတွေဟာ သမ္မတကြီး ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အရ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်" ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။

နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိသော အရာရှိများကို အငြိမ်းစားပေးခြင်း၊ ဌာနလွှဲပြောင်း တာဝန်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

"ညွှန်ချုပ်ကနေ ညွှန်မှူးအဆင့်ထိ ၅၀ ကျော် ၆၀ လောက်ရှိမယ်။ အတိအကျတော့ မသိရသေးဘူး။ မတ် ၂၇ ရက်ကစပြီး စာထွက်နေတာ ဆက်တိုက်လည်း အရာရှိကြီးတွေ အပြောင်းအရွှေ့လုပ်တာ။ တချို့တွေကိုပြောင်း၊ တချို့တွေကို အနားပေးတာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

26 March 2013

ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ

 

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။

ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် ဗွီဒီယို နှင့် ဓါတ်ပုံများအား ပြန်လည်တီးဖြတ်ကြရာ ဝေဟင်မှ ရိုက်ကူးရရှိသော မြန်မာပြည်၏ ဖေါ်ပြပါ အနေထားဓါတ်ပုံများသည် ၄င်းတို့ ဌာနအတွက် အထူးဆန်းဖြစ်သွားကြခဲ့သည်ဟု ဂိုဂဲလ် ပိုတိုတိုက် ဌာနမှပြောဆိုပါသည်။

အကြောင်းမှာ ၄င်းတို့ နောက်ဆုံး ရိုက်ကူးရရှိခဲ့ဘူးသော ၂၀၁၁ ခုနှစ်အတွင်းမှ ဓါတ်ပုံများနှင့် ယှဉ်ထိုးကြည့်ကြရာ မြန်မာပြည်သည် အလွန်တရာ ကြောက်ခမန်းလိလိကိုပင် ပြောင်းလဲထူးခြားနေသော ဓါတ်ပုံများ ဖြစ်နေသည်ကိုတွေ့ရသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

တရုတ်ပြည်၏ မဟာတံတိုင်းကြီးနှင့်တူသော တံတိုင်းကြီးတခု ၇ှည်လျာဆက်စပ်စွာ အကွေ့ကောက်ပေါင်းများစွာဖြင့် ဘင်္ဂလားနယ်စပ်သို့တိုင် တရုတ်ပြည်မှ ထပ်မံဆောက်လုပ်ထားသော တံတိုင်းတခုအဖြင့်ယူဆရသော ငွေရောင် တံတိုင်းကြီးတခုအားတွေရကြောင်း၊ နောက်ပိုင်းတွင် ပိုတိုအယ်ဒီတာများက အသေခြာလေ့လာသော အခါ မဟာတံတိုင်းမဟုတ်လေပဲ ကြီးမားရှည်လျားသော ရေနံပိုက်၊ ဂစ်ပိုက်လိုင်းကြီးဖြစ်နေကြောင်းရှင်းပြသည်။

ယခင်က စိမ်းစိုအုပ်မှိုင်းနေသော တောင်တန်းဒေသများသည် လွန်ခဲ့သော ၂နှစ်လောက်မှာပင် ကွက်တိကွက်ကြား ညီညာမှုမရှိစွာ ထိုးခြစ်ရိပ်ထားသော ဦးခေါင်းတလုံးအသွင်ဖြင့် တောင်တန်းဒေသများအတော်တော်များသောနေရာများတွင် သစ်တောများပြုံန်းတီးမှုများအား အံသြစွာတွေ့ရကြောင်း၊ မညီညာသောမြေပြင်အထက်များတွင် စက်ယန္တာယားကြီးများဖြင့် တိုင်းပြည်အနှံ တူးဖေါ်ထိုးဆွထားသောဓါတ်ပုံများအလွန်များပြားစွာရရှိပြီး အချို့သောဒေများတွင် စိမ်းစိုသောနေရာများထက် လွင်ထီးခေါင်ကဲ့သို့ဖြစ်ပေါ်နေသော တောင်တန်းကွက်ကြားကြီးများရရှိကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်မှရရှိသော ဓါတ်ပုံများသည် ၄င်းတို့အတွက် အလွန်ပင် ဆင့်ကဲဆင်ကဲ့ ပထ၀ီဒေသ အပြောင်းလဲနှင့် သစ်တောပြုံန်းတီးမှုအား အံ့သြမှုများစွာ ဆက်တိုက်တွေ့ရှိရကြောင်း ဆိုပါသည်။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

မှတ်ချက်။။ ဂိုလ်ဂဲ ဂလိုဘယ် အင်မိတ်ချိ နယူးမှ ကောက်နုတ်ဖေါ်ပြပါသည်။

ပြန်ကြားရေးဝန်ကြီးဌာနဟာ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဝေ သူနာမည် နဲ့ လျှောက်ထားတဲ့ ဒီလှိုင်း အပါအ၀င် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာထုတ်ဝေခွင့်ရသွားကြောင်း

ပြန်ကြားရေးဝန်ကြီးဌာနဟာ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဝေ သူနာမည် နဲ့ လျှောက်ထားတဲ့ ဒီလှိုင်း အပါအ၀င် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ (၈) စောင် ထပ်မံ ထုတ်ဝေ ခွင့်ပေးလိုက်တဲ့အတွက် စုစုပေါင်း သတင်းစာ (၁၆) စောင်ထုတ်ဝေ ခွင့် ရသွားပြီဖြစ်ပါတယ်။

ဒီတစ်ကြိမ် ထုတ်ဝေခွင့်ပေးလိုက်တဲ့ သတင်းစာ (၈) စောင်ထဲမှာ အောင်မြင်နေတဲ့ အပါတ်စဉ်ထုတ် သတင်းဂျာနယ် ထုတ်ဝေနေတဲ့ အလဲဗင်းမီဒီယာဂရုဖ်၊ ရန်ကုန်တိုင်းမ်၊ ဆဲဗင်းဒေး နဲ့ The Voice ဂျာနယ်တွေက ထုတ်ဝေမယ့် သတင်းစာတွေလည်း ပါဝင်ပါတယ်။

အခုနောက်ဆုံး သတင်းစာ ထုတ်ဝေခွင့်ရသူတွေထဲမှာ ထူးခြားချက် အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင် အောင်မြင်နေတဲ့ Three Friends Construction ကုမ္ပဏီလည်း ပါဝင်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၇/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်

၁။ အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ်ဆောင်ရွက်သွားမည်။

၂။ အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှုနှင့် အဓိကရုဏ်းများကြောင့် အိုအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စာဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်။

၃။ လုံခြုံရေးအခြေအနေ တည်ငြိမ်လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို အမြန်ဆုံး ဆောင်ရွက်သွားမည်။

၎။ လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန်အတွက် လူထုအခြေပြု လူ့အဖွဲ့အစည်း များ၊ ပုဂ္ဂလိကများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ ဆောက်ရွက်သွားမည်။

၅။ ပဋိပက္ခကြောင့် ခံစားထိခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင် မည့် ဆွေးနွေးမှုများနှင့် စိတ်ခံစားချက်များကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

၆။ ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်၍ လုပ်ဆောင်နေသည် ဖြစ်ရာ ယင်းလုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာသာရေး အစွန်းရောက်မှုများကို ရှောင်ရှားကြပါရန် ပြည်သူများကို တိုက်တွန်းအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

25 March 2013

ကောလာဟလ ထုတ်လွှင့်မှုအချို့ကြောင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းအများစု ပိတ်သိမ်း

 ဘာသာရေး၊ လူမျိုးရေးနှင့် သက်ဆိုင်သည့် ကောလာဟလ ထုတ်လွှင့်မှု အချို့ကြောင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းများမှာ ပိတ်သိမ်းလျှက် ရှိသည်။

ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တစ်ဝိုက်တွင် လူမျိုးရေး၊ ဘာသာရေးနှင့် သက်ဆိုင်သည့် ကောလာဟလများ ထုတ်လွှင့်မှုကြောင့် ဆိုင်ခန်းပိုင်ရှင်များမှာ ဆက်လက်ရောင်းချခြင်း မပြုပဲ ဆိုင်ခန်းအချို့ ပိတ်သိမ်းခြင်းဖြစ်သည်။

မင်္ဂလာဈေးရှိ ဆိုင်ခန်းများအား လုံးပိတ်သိမ်းခြင်း မဟုတ်ပဲ ဆိုင်ခန်းအချို့မှ ပိတ်သိမ်းခြင်း၊ ဗညားဒလ လမ်းမပေါ်ရှိ ဆိုင်ခန်းအများစု ပိတ်သိမ်းခြင်း ဖြစ်သည်။

မင်္ဂလာဈေးမှ ဈေးကော်မတီနှင့် တာဝန်ရှိသူများကမူ စိုးရိမ်စရာ မရှိကြောင်း၊ ဆက်လက်၍ ဆိုင်ခန်းဖွင့်လှစ် ရောင်းချနိုင်ကြောင်းကို ဆက်တိုက်နီးပါး ကြေညာပေးလျှက်ရှိပြီး တာဝန်ရှိသူများ၊ တာဝန်ကျ ရဲဝန်ထမ်းများလည်း လာရောက်ဆောင်ရွက်ပေးလျှက် ရှိသည်ဟု သိရသည်။

ယခုဖြစ်စဉ်အရ မည်သည့်အကြောင်းရင်း တစ်စုံတစ်ရာမရှိပဲ ကောလာဟလ ထုတ်လွှင့်နေသူများကြောင့် ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့ညကလည်း ကားတစ်စီးဖြင့် လူတစ်စုမှ လိုက်လံ၍ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ဗလီတွေကို ဖျက်နေပြီဟူသော သတင်းမှားများ ထုတ်လွှင့်ကာ ဆူပူစေရန် လှုံ့ဆော်မှု ဖြစ်ပွားခဲ့သည်။
 သတင်း... EMG