09 March 2013
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း
[soundcloud url="http://api.soundcloud.com/tracks/82440944" params="" width=" 100%" height="166" iframe="true" /]
08 March 2013
ညီလာခံအစအကြိုဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်ခံရ
ဒီကနေ့စတင်ကျင်းပတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံရဲ့ ပထမနေ့
အကြိုဆွေးနွေးပွဲနေ့ နေခင်းပိုင်း တစ်နာရီထိ ရရှိတဲ့သတင်းအရ ပါတီဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့်ညီလာခံသက်တမ်းမှာ ဗဟိုကော်မတီဝင် အဖြစ်
ရွေးချယ်လိုက်ပါတယ်။
ကျန်နှစ်ဦးကတော့ ဒေါက်တာမေ၀င်းမြင့်နဲ့ ဦးဟံသာမြင့်တို့ဖြစ်တယ်လို့ဆို ပါတယ်၊
ညီလာခံကို နောက်နှစ်ရက်ကျင်းပမှာဖြစ်ပြီး ညီလာခံမှာ ဗဟိုကော်မတီဝင် တစ်ရာကျော်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ဆက်လက်ေ၇ွးချယ်ဖိြု့ဖစ်ပါတယ်။
နေ့ခင်းတစ်နာရီခွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို DVB သတင်းထောက် ကိုအေးနိုင်က မေးထားပါတယ်၊
ကျန်နှစ်ဦးကတော့ ဒေါက်တာမေ၀င်းမြင့်နဲ့ ဦးဟံသာမြင့်တို့ဖြစ်တယ်လို့ဆို
ညီလာခံကို နောက်နှစ်ရက်ကျင်းပမှာဖြစ်ပြီး ညီလာခံမှာ ဗဟိုကော်မတီဝင် တစ်ရာကျော်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တေ
နေ့ခင်းတစ်နာရီခွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို DVB သတင်းထောက် ကိုအေးနိုင်က မေးထားပါတယ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ အကြို မြင်ကွင်း သတင်း
ရွေးချယ်ခံထားရသော ညီလာခံကိုယ်စားလှယ်များစာရင်း
ရန်ကုန်တိုင်းဒေသကြီ:
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒေါက်တာမေ၀င်းမြင့်
၃။ ဒေါက်တာမျိုးအောင်
၎။ ဒေါ်ဖြူဖြူသင်း
၅။ ဒေါ်ကြည်ဖြူရှင်
၆။ ဦးစိုးဟန်
၇။ ဦးဖြိုးမင်းသိန်း
၈။ ဦးမျိုးမြင့်
၉။ ဦးကျော်ထွေး
၁၀။ ဦးမျိုးညွန့်
၁၁။ ဦးမြင့်ဌေး
၁၂။ ဦးမောင်မောင်ဦး
၁၃။ ဦးအေးနိုင်
ပဲခူးတိုင်းဒေသကြီး
၁။ ဦးမြင့်ဦး
၂။ ဒေါက်တာသိန်းလွင်
၃။ ဦးစံဦး
၎။ ဒေါက်တာကျော်ကျော်
၅။ ဦးမင်းဦး
၆။ ဒေါက်တာခင်မောင်ဝင်း
၇။ ဦးအောင်သန်း
၈။ ဦးကျော်မင်း
၉။ ဦးအောင်မြင့်
စစ်ကိုင်းတိုင်းဒေသကြီး
၁။ ဦးဟံသာမြင့်
၂။ ဦးဝင်းမြင့်အောင်
၃။ ဒေါက်တာဝင်းအောင်
၎။ မုံရွာအောင်ရှင်(ခ)ဦးအေးကြူ
၅။ ဦးကျော်သောင်း
၆။ ဒေါက်တာမြင့်နိုင်
၇။ ဒေါ်ခင်စန်းလှိုင်
၈။ ဒေါ်အေးအေးမူ(ခ)ရှားမီး
၉။ ဒေါ်ခင်မွှေးလွင်
၁၀။ ဦးခင်မောင်သိန်း
၁၁။ ဦးမြင့်ကြည်
၁၂။ ဦးဘမင်း
မန္တလေးတိုင်းဒေသကြီ:
၁။ ဦးအုန်းကြိုင်
၂။ ဒေါက်တာဇော်မြင့်မောင်
၃။ ဦးမင်းသူ
၎။ ဦးဝင်းထိန်
၅။ ဦးမောင်မောင်သန်း
၆။ ဦးကျော်စိုးလင်း
၇။ ဦးနိုင်ငံလင်း
၈။ ဦးသောင်းထွန်း (ခ)ငြိမ်းသစ်
၉။ ဦးဖြိုးဇေယျာသော်
၁၀။ ဒေါ်ခင်သန္တာ
၁၁။ ဒေါ်စန္ဒာမင်း
၁၂။ ဦးပေါခင်
မကွေးတိုင်းဒေသကြီး
၁။ ဒေါက်တာအောင်မိုးညို
၂။ ဦးတာ
၃။ ဒေါ်ခင်စောဌေး
၎။ ဦးအောင်ကြည်ညွှန့်
၅။ ဦးသိန်းဇော်
၆။ ဦးကံဦး
၇။ ဒေါက်တာကျော်ငွေ
၈။ ဦးချစ်ထွေး
၉။ ဦးပိုက်ကို
တနင်္သာရီတိုင်းဒေသကြီး
၁။ ဦးခင်ဇော်
၂။ ဦးအောင်စိုး
၃။ ဦးစိုးရီ
ဧရာဝတီတိုင်းဒေသကြီး
၁။ ဦးဝင်းမြင့်
၂။ ဦးမန်းဂျော်နီ
၃။ ဒေါက်တာမျိုးညွန့်
၎။ ဦးသိန်းဆွေ
၅။ ဒေါက်တာလှမြတ်သွေး
၆။ ဦးမန်းညွှန့်သိန်း
၇။ ဦးကြည်ဝင်း
၈။ ဦးကျော်ဟိုး
၉။ ဦးသောင်းအေး
၁၀။ စခင်ဇော်လင်း
ရခိုင်ပြည်နယ်
၁။ ဦးညီပု
၂။ ဦးမောင်ကြွင်းအောင်
၃။ ဦးမင်းအောင်
၎။ ဦးသိန်းမောင်
ကချင်ပြည်နယ်
၁။ ဦးအောင်သိန်း
၂။ ဦးကျော်ငြိမ်း
၃။ ဦးယောဆီ
၎။ ဦးလင်းလင်းဦး
၅။ ဦးအင်ဆုံးခါးနော်ဆန်
ကရင်ပြည်နယ်
၁။ ဒေါ်နန်းခင်ထွေးမြင့်
၂။ ဦးစောတင်ဝင်း
၃။ ဦးသန်းနိုင်
ရှမ်းပြည်နယ်
၁။ ဦးထွန်းထွန်းဟိန်း
၂။ ဒေါက်တာသန်းငွေ
၃။ ဦးထွန်းရွှေ
၎။ ဦးခင်မောင်စီ
၅။ ဦးစိုင်းစွံဆိုင်း
၆။ ဦးစိုင်းဝင်းမြင့်
၇။ ဦးကျော်ခင်
၈။ ဒေါက်တာဒေါ်စိန်စိန်သိန်း
ချင်းပြည်နယ်
၁။ ဦးဇိုဘွဲ
၂။ ဦးလိန်းနိုင်း
၃။ ဦးဘွဲ့ခိန်း
မွန်ပြည်နယ်
၁။ ဦးညဏ်ဝင်း
၂။ ဒေါ်ခင်ဌေးကြွယ်
၃။ ဒေါက်တာအေးဇံ
၎။ ဒေါ်နွယ်နွယ်အောင်
ကယားပြည်နယ်
၁။ ဒေါက်တာခင်စည်သူ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နာဂ)
၁။ ဦးကယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ဓနု)
၁။ ဦးညီညီ (ခ) ညီလေးချမ်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နမ့်ဆမ်)
၁။ ဦးမိုင်းရဲကျော်သူ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ပအို့ဝ်)
၁။ ဦးစိုင်းမြင့်ဆွေ
သတင်း.... NLD Congress
07 March 2013
ထုတ်ဝေသူ ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ ဒီလှိုင်းနေ့စဉ်သတင်းစာထုတ်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနထံ ထုတ်ဝေခွင့်တင်ထားပြီး
ထုတ်ဝေသူ ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ ဒီလှိုင်းနေ့စဉ်သတင်းစာထုတ်ဖို့ ဖေဖော်ဝါရီ ၂၇ရက်က ပြန်ကြားရေးဝန်ကြီးဌာနထံ ထုတ်ဝေခွင့်တင်ထားပြီး ဖြစ်တယ်လို့ ဒီလှိုင်းစာစောင်တာဝန်ခံအယ်ဒီတာ ဦးအုန်းကြိုင်(အောင်ဝင့်)က ပြောပါတယ်။
ဒီလှိုင်းသတင်းစာကို
ပြည်သူ့အာဘော် ပြည်သူ့သတင်းစာအဖြစ် နေ့စဉ်ထုတ်ဝေသွားမှာဖြစ်ပြီး၊လက်ရှိ
ဒီလှိုင်းစာစောင်ကို ပါတီအာဘော်အဖြစ် ဆက်လက် ထုတ်ဝေသွားမှာလဲ ဖြစ်ပါတယ်။
ဒီလှိုင်းတာဝန်ခံ အယ်ဒီတာ ဦးအုန်းကြိုင်(အောင်ဝင့်)ကို DVB သတင်းထောက် ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ပိုင်ဆိုင်မှု အထောက်အထား ပြနိုင်ပါက မလက်တို လယ်မြေများ ပြန်ပေးမည်
မအူပင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လယ်သမားနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပဋိပက္ခများနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာ/အခွန်ဝန်ကြီး ဦးဝင်းကိုကို ခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က မတ် ၅ ရက်တွင် ယင်းဒေသသို့ ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကြောင်း နောက်ဆုံးရ သတင်းများအရ သိရသည်။ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက “ဧရာဝတီတိုင်းဒေသကြီးက ဝန်ကြီးတစ်ပါး ခေါင်းဆောင် ပါဝင်တဲ့ အဖွဲ့က ဒီပြဿနာကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမှာပါ” ဟု မတ် ၄ ရက်တွင် အတည်ပြု ပြောကြားသည်။ အဆိုပါ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာခြောက်ရွာမှ လယ်သမားများအနေဖြင့် ယင်းဧက ၅၅၀ အတွင်းရှိ လယ်ယာမြေများနှင့် ပတ်သက်ပြီး အထောက်အထား ပြည့်စုံစွာ ပြသနိုင်ပါက ယင်းတို့ လယ်မြေများကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားထားကြောင်း သိရသည်။ ဦးအေးကျော်က “လူထုကို ပြောချင်တာက ဆန္ဒသိပ်မစောပါနဲ့။ နဂိုက ဘယ်သူတွေ ပိုင်ဆိုင်ခဲ့တယ်ဆိုတာ ဘယ်လို အထောက်အထားတွေ ရှိတယ်ဆိုတာ လေ့လာသင့်ပါတယ်။ လယ်သမားတွေ ရသင့်ရထိုက်တယ်ဆိုရင် ဆောင်ရွက်ပေးပါမယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး လယ်သမားနှင့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်တွင် မည်သူတစ်ဦး တစ်ယောက်ကိုမျှ အရေးယူ ဆောင်ရွက်ထားခြင်း မရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ ဦးအေးသောင်းက “ကျေးရွာသားတွေနဲ့ ညှိတဲ့အခါမှာ ရွာသားတွေက အချက်သုံးခုလောက်ကို တောင်းဆိုတယ်။ လက်ရှိ ထုတ်ထားတဲ့ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးဖို့၊ ဒီဆန္ဒပြမှုမှာ ပါဝင်သူတွေကို မဖမ်းဖို့နဲ့၊ လယ်ယာမြေများကို ပြန်လည်ရရှိရေးတွေပါ” ဟု ပြောသည်။ အဆိုပါ လယ်သမားများ တောင်းဆိုချက်တွင် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးရေးအတွက် လယ်သမားများ၏ အေးချမ်းစွာ နေထိုင်ပါမည် ဟူသော ကတိပြုမှုကြောင့် မတ် ၂ ရက်က ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ပြီး လယ်သမားများ လယ်ပြန်လည် ရရှိရေးကိုလည်း လုပ်ငန်းရှင်များနှင့် ညှိနှိုင်းမေတ္တာရပ်ခံပြီး လယ်သမားများ လယ်ရရှိရေး အတွက် အတတ်နိုင်ဆုံး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ခရိုင်အုပ်ချုပ်ရေးမှူးက “အမှန်တကယ် နစ်နာခဲ့တဲ့ လယ်သမား၊ တကယ့် ဒုက္ခရောက်နေတဲ့ လယ်သမားတွေအတွက် အဆင်ပြေဆုံး ဖြစ်ဖို့အတွက် ကျွန်တော်တို့ဘက်က ကြိုးစားသွားမှာပါ” ဟု ပြောသည်။ သို့သော် ယင်းပဋိပက္ခအတွင်း သေမှုသေခင်းတစ်ခု ဖြစ်ပေါ်ခဲ့သည့်အတွက် လယ်သမားများ တောင်းဆိုသည့် ပါဝင်ခဲ့သူများကို မဖမ်းဆီးရေးဆိုသည့် အချက်အတွက် အခက်အခဲရှိပြီး ယခုဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထုတ်ပြန်ချက် ထွက်ပေါ်လာမှသာ အတိအကျ ပြောကြားနိုင်မည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ “လူတစ်ဦး သေခဲ့တာဆိုတော့ မဖမ်းဆီးရေး အတွက်ကတော့ ပြောလို့မရသေးဘူး။ ကျွန်တော်တို့မှာ ဥပဒေရှိပြီးသားပါ။ အချို့လယ်သမားက တကယ်မသိ နားမလည်လို့ ဆန္ဒပြခဲ့ကြတာပါ။ ဒီကိစ္စကို အခုစုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါပြီ။ အဲဒီအဖွဲ့က တင်ပြလာတဲ့အပေါ်မှာ အရေးယူခြင်း၊ မယူခြင်းက ပြောလို့ရမယ်” ဟု ပြောသည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်းရှိ မလက်တို ကျေးရွာအုပ်စုထဲရှိ ပလောင်ကျေးရွာရှိ အောချက် စိုက်ပျိုး မွေးမြူရေးကုမ္ပဏီ ပိုင်ဆိုင်သည့် ငါးကန်ကို ယင်းကန်အနီးမှ ကျေးရွာခြောက်ရွာရှိ လယ်သမား ၂၀၀ ကျော်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ငါးမွေးမြူခြင်း မရှိသည့်အတွက်ဟု ဆိုကာ လယ်ယာမြေများ ဖော်ထုတ်သည့်အတွက် လယ်သမားများကို ရဲတပ်ဖွဲ့များက တားမြစ်ခဲ့ရာမှ ဖေဖော်ဝါရီ ၂၆ ရက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ခရိုင်အုပ်ချုပ်ရေးမှူးက “အိန္ဒိယမှာ ဂန္ဓီကြီး ဆောင်ရွက်သလို ဆင်းရဲတဲ့သူတွေကို ချမ်းသာတဲ့လူတွေက ပံ့ပိုးခဲ့သလိုမျိုး ပြုလုပ်သွားမယ်” ဟု ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
ဝန်ထမ်းများကို မြန်မာမီနီဆလွန်း အရစ်ကျရောင်းမည်
မြန်မာမီနီဆလွန်းကားများကို နိုင်ငံဝန်ထမ်းများအား ငါးနှစ်အရစ်ကျ စနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အတွက် စက်မှုဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကာ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။ ကနဦးအနေဖြင့် ကျပ်ခုနှစ်သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသည့် ကားတန်ဖိုးကို တစ်လလျှင် ကျပ်တစ်သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “လက်ကျန်ရှိနေသေးတဲ့ မီနီဆလွန်းတွေကို ပြည်သူတွေ သက်သက်သာသာနဲ့ စီးနိုင်အောင် အရစ်ကျနဲ့ ရောင်းပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာမီနီဆလွန်း ကားများအား ပြည်သူတစ်ဦးချင်း အနေဖြင့် ဝယ်ယူလိုပါက ယခင်ကဲ့သို့ လျှောက်ထားချက် စာရွက်စာတမ်းများ မလိုတော့ဘဲ ဘဏ်သို့ ကားတန်ဖိုးငွေ ပေးသွင်းပြီးပါက မိမိကြိုက်နှစ်သက်ရာ အရောင်အား ရွေးချယ် ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။ စက်မှုဝန်ကြီးဌာနမှ ဒေါ်လှလှသီက “ဒီလိုအရစ်ကျနဲ့ ရောင်းမယ်ဆိုရင်လဲ တစ်လကို ကျပ်တစ်သိန်း ပေးသွင်းနိုင်တဲ့ လ/ထကြီးကြပ်ရေးမှူးနဲ့ လစာတူတဲ့ ဝန်ထမ်းတွေကို ရောင်းချပေးမှာပါ။ တစ်လကို ကျပ်တစ်သိန်း လစာဝင်ငွေ မရှိတဲ့သူတွေကို ရောင်းချပေးဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးဘူးပေါ့” ဟု ပြောသည်။ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ဦးစီးအရာရှိက “အခုလို အရစ်ကျစနစ်နဲ့ ရောင်းရင်တော့ ဝန်ထမ်းအတော်များများ ဝယ်နိုင်သွားမှာပါ။ ဘာပဲပြောပြော ပိုက်ဆံနည်းနည်းနဲ့ ကားပိုင်ဆိုင်နိုင်တော့ ဝမ်းသာပါတယ်။ ဒီလိုမှ မဟုတ်ရင် ဝန်ထမ်းတွေအနေနဲ့ ကားဝယ်စီးနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမယ့် ဂျပန်ကားတွေကိုလဲ ဒီလိုရောင်းပေးရင် ပိုကောင်းတာပေါ့” ဟု ပြောသည်။ လက်ရှိ ကားဈေးကွက်တွင် မြန်မာမီနီဆလွန်းများမှာ ကျပ်သိန်း ၆၀ နှင့် ၆၅ သိန်းသာ ရှိသော်လည်း စက်မှုဝန်ကြီးဌာနမှ ကျပ် ၇၅ သိန်း သတ်မှတ်ကာ ရောင်းချပေးလျက် ရှိသည်။ ယခင်က မြန်မာမီနီဆလွန်းကား ဝယ်ယူရာတွင် အရောင်မှာ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ အဖြူ၊ ရွှေအိုရောင်၊ ငွေအိုရောင်တို့သာ ရရှိနိုင်သော်လည်း လက်ရှိအချိန်တွင် အနက်ရောင်တစ်မျိုး ထပ်တိုးလာပြီး ဝယ်ယူသူများ အနေဖြင့် အရောင်စိတ်ကြိုက် ရွေးချယ်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
06 March 2013
ကျောက်တန်းမြို့နယ်လူထု၏ဆန္ဒပြပွဲတွင်ဗကသများအဖွဲ့ချုပ်ပါဝင်ကူညီ
ကျောက်တန်းမြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူး၏ကျေးရွာအုပ်ချုပ်ေ ရးမှူးပြန်လည်ရွေးချယ်ရန်ညွှန်
ကြားချက်အား မကျေနပ်ကြသည့် ရွာသူ/သားများ၏ဆန္ဒဖော်ထုတ်ပွဲကို ယမန်နေ့(၄.၃.၂၀၁၃) တနလာင်္နေ့
နံနက်(၁၀)နာရီမှ(၁၁)နာရီ၄၅မိနစ် အထိ ကျောက် တန်းမြို့တွင် ပြုလုပ်ခဲ့ကြ သည်။လူ၄၀၀ကျော်တက်ေ ရာက်ပါ
ဝင်ခဲ့ကြပြီး ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှလည်း တက်ရောက်ပါ ၀င်ခဲ့ကြပါသည်။ု
လူထုစိတ်ကြိုက်ရွေးကောက်တင်မြှောက်ထားသော
ကျေးရွာအုပ်ချုပ်ရေးမှူးများကို ယခင်အုပ်ချုပ်ရေး မှူးနှင့်အပေါင်းအပါများက အကြောင်းမရှိအကြောင်းရှာ ကာ
ကျောက်တန်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး အားကန့်ကွက်စာများပေးပို့ခဲ့သြ ဖင့် ကျောက်တန်းမြို့နယ်အုပ်ချုပ်းေ ရးမှူးမှ
ကျေးရွာအုပ်ချုပ်ရေး မှူးပြန်လည် ရွေးချယ်ပွဲပြု လုပ်ရန်ဆုံးဖြတ် ချခဲ့သဖြင့် သက်ဆိုင်ရာကျေးရွာရှိ
ရွာသူ/သားများက အဆိုပါဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် (၂.၃.၂၀၁၃)တောင်သူလယ်သမားနေ့တွ င်
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့် တင်ခဲ့ရာ ကန့်သတ်ဦးရေ (၂၀၀)ဖြင့်(၄.၃. ၂၀၁၃)နံနက် ၁၀နာရီမှ ၁၁နာရီအထိခွ င့်ပြုချက်ကျခဲ့ပါသည်။ဆန္ဒထုတ်ေ ဖ်ာရန်
လူဦးရေ၂၀၀ခန့်သာကျခဲ့သော်လည်း ဆန္ဒထုတ်ဖော်ပွဲတွင်သက်ဆိုင်ရာရွာသူ/သားများအပြင်
NLDပါတီ ၀င်များ နှင့်ကျောင်းသားများ ၀န်းရံပါဝင် ခဲ့ကြသဖြင့် ဆန္ဒပြအင်အား၄၀၀ကျော်ခဲ့ပါသည်။ဆန္ဒပြသူများ သည်
မနက်၁၀နာ ရီတွင်ကျောက်တန်းမြို့မင်းကျော င်းလမ်းမှ စတင်ထွက်ခွာ၍ ကျောက်တန်းမြို့နယ် တရားရုံး
ကျောက်တန်းမြို့ နယ်ရဲစခန်း ကျောက်တန်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးရုံးတို့အား
စီတန်းလှည့်လည်၃ကြိမ်ပတ်ခဲ့ကြ ပီး ကြွေးကြော်သံ များကြွေးကြော်ကာ`ြ ပည်သူ့ဆန္ဒ အမှန်ဖော်ပေးရေး´`ကျေး ရွာ အုပ်ချုပ်ရေးမှူးရွေးချယ်မှု အမှန် တရားပေါ်ပေါက်ရေး´`ပြည် သူေ ရွးချယ်ထားသော အုပ်ချုပ်ရေးမှူး အားအတည်ပြုပေးရေး´စသည့်
ပိုစတာများကိုင် ဆောင်၍ကြွေးကြော် သံ များကြွေြးေ က်ာခဲ့ကြ သည်။ယခုဆန္ဒပြပွဲသည်ကျော က်တန်းမြို့နယ်တွင်ပထမဆုံးအကြိ မ်
ဆန္ဒဖော်ထုတ်ပွဲဖြစ်ပြီး ကျွန်ုပ်တို့ ဗကသ များအဖွဲ့ချုပ် မှကျောင်းသူ/သူများက ရွာသူ/သားများအား
ရုံးပိုင်းဆိုင် ရာကိစ္စများ၊သတင်းမီဒီယာများအား ချိတ်ဆက်ပေးခြင်းများဖြင့်လူအင် အားပံ့ပိုးပါဝင်ကူညီပေးခဲ့ကြပါ သည်။
05 March 2013
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ၄င်းတာဝန် ယူထားရသော ကော်မတီများ စွာ၏ လုပ်ဆောင် ချက်များတွင် ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော် စီးပွား ရေးပညာရှင် ဒေါက်တာ Seal Turnell ၂၃-၂-၂၀၁၃ ရက်က သိရသည်။
Australian သတင်းစာ၏ အဆိုအ ရဒေါ်အောင်ဆန်း စုကြည်၏ ယခုကဲ့သို့ ရွေးချယ်မှုကို ဒေါက်တာ Seal Turnell ကဝမ်း မြောက်စွာဖြင့် လက်ခံခဲ့ကြောင်း နှင့်၎င်းတို့ အနေဖြင့် ဆက်သွယ် ရေးကွန်ရက် မျိုးစုံမှတစ်ဆင့် အတွေးအ ခေါ်အယူအ ဆများတို့ကို အကြံပြုဆွေးနွေး ပေးသွားမည်ဟု သိရ သည်။
မစ္စတာSeal Turnell သည် ကမ္ဘာ့စီးပွားရေးရာ ကိစ္စ ရပ်များကို ပုံမှန်ဆွေး နွေးဝေဖန်သုံးသပ် နေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွား ရေးအခြေ အနေကိုလည်း မကြာခဏသုံး သပ်ပြောကြား နေသူဖြစ်ကြောင်းလည်း သိရသည်။ မစ္စတာ Turnell နှင့် ဒေါ် အောင်ဆန်း စုကြည်တို့ ယခင်ကတည်း က ရင်းနှီးမှုရှိကြသူ များဖြစ်သည့် အပြင်မစ္စတာTurnell ကိုယ်တိုင်က ဒေါ်အောင်ဆန်း စုကြည်ကို လေးစားအားကျ သူတစ်ဦး ဖြစ်သညဟု ထုတ်ဖော်ပြော ကြားထား ဖူးသူဖြစ်သည်။
မစ္စတာTurnell နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ၂၀၁၀ ပြည့်နှစ်က မြန် မာနိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ မစ္စတွှာကမညနူ က ၁၀ ကြိမ် အထိလာရောက် ခဲ့ဖူးသည် ဟု သိရကာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ Reform များကို ဝေဖန်သုံးသပ် အကြံဥာဏ်များ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်းသိရသည်။
သတင်း.. ပြည်မြန်မာ
03 March 2013
ကားကို လမ်းပြောင်းပြန် မောင်းပြီး နေပြည်တော်မှာ ဘယ်သူ့ကိုမှ ဂရု မစိုက်ဘူး ဆိုတဲ့ ပြန်ကြားရေး ၀န်ကြီး ဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း
၂-၃-၂၀၁၃ ရက်နေ့ ည ၁၀း၀၀ နာရီ လောက်က ဇမ္ဗူသီရိ၊ ဘောဂသိဒ္ဓိ ရပ်ကွက် ရှိ
မြ၀တီ ဓါတ်ဆီ ဆိုင် အရှေ့မှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ Van အဖြူရောင် ကားနံပါတ် ၆ခ/၁၂၀၀ ကို မောင်းနှင် လာတဲ့
ပြန်ကြားရေး ၀န်ကြီးဌာန ဒု- ညွှန်မှူး ဦးမျိုးဝင်းဟာ အရက် အလွန် အကျွန်
မူးနေပြီး၊ မတ်တတ်တောင် ကိုယ်တိုင် ကောင်းကောင်း မွန်မွန် မရပ် နိုင်တဲ့
အနေအထား ရှိ နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လမ်းသွား လမ်းလာ များက
အမြင်မတော်လို့ ၀င်ရောက် ကူညီ ရာမှာ ဦးမျိုးဝင်းက ကားပေါ်က ဆင်းလာပြီး
ကားနဲ့ အတိုက် ခံရလို့ လမ်းပေါ် သွေးအိုင်ထဲ လဲနေတဲ့ မွန် ပြည်နယ်က အားကစား
သမားလေးတွေ ကို မိုက်ရိုင်းစွာ အော်ဟစ် ဆဲဆို နေတာ တွေ့ရ ပါတယ်။ အဲသည်
အပြင် လာရောက် ကူညီ သူတွေကိုပါ “ မင်းတို့က ဘာကောင်း တွေလဲ .. ငါ ဘာကောင်လဲ
.. သိလား .. ဘယ်သူ့ ကိုမှ သောက် ဂရု မစိုက်ဘူး ” စတဲ့ ရိုင်းပျတဲ့ အသုံး
အနှုန်းတွေ ပြန်ကြားရေး က ဗိုလ်မှူး ဆိုတဲ့ အသုံး အနှုန်းတွေ နဲ့ အာဏာရှင်
ဆန်စွာ ပြုမူ ခဲ့တာတွေ ကို သက်သေ မြောက်များ စွာရှိနေ ပါတယ်။ ဦးမျိုးဝင်း
ဟာ သူကိုယ်တိုင် လူမှန်း သူမှန်း မသိအောင် မူးရူး နေပေမယ့် သူ့ရဲ့ ရာထူး
နဲ့ ပြုမူ ပြောဆို ဆောင်ရွက်ခဲ့ တာကြောင့် ၀န်ကြီး ဌာနမှ သက်ဆိုင်ရာ
ပုဂ္ဂိုလ်များ၊ ယဉ်မှု စစ်မှ ပုဂ္ဂိုလ်များ၊ ပြည်ထဲရေး ၀န်ကြီး ဌာနမှ
ပုဂ္ဂိုလ်များ ကို လေးစား စွာနဲ့ အသိပေး ချင်ပါတယ်။ ယခု ဖြစ်တဲ့ ကိစ္စတွေကို
ကြည့်ရင် ဦးမျိုးဝင်းဟာ ဥပဒေနဲ့ ညီညွတ်စွာ သွားလာခြင်း မရှိတဲ့အပြင်
ရာထူး အာဏာ ကိုပါ အလွဲသုံးစား လုပ်တာကြောင့် ထိထိ ရောက်ရောက် ပြင်းထန်စွာ
အပြစ်ပေး အရေးယူ စေချင်ပါတယ်။ ဦးမျိုးဝင်း ရဲ့ လုပ်ရပ်တွေကို ပြည်သူ အများ
သိအောင် တရားဝင် ထုတ်ဖော် ပြောဆို စေချင်ပါကြောင်း ကိုတင်ပြ ပါတယ်။
သတင်းရင်းမြစ်....http://www.facebook.com/than.h.zaw.9/posts/10200227919117176
သတင်းရင်းမြစ်....http://www.facebook.com/than.h.zaw.9/posts/10200227919117176
နေပြည်တော် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတိုင်စာ
ကျွန်တော်/ကျွန်မတို့မှာ နေပြည်တော် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
ဌာနမှ လက်ထောက် မန်နေဂျာ
ဦးထက်အောင်လင်း အကြောင်းကို တိုင်ကြားလိုပါသည် ။ ဌာနတွင်းအရာရှိများကိုလည်း တိုင်ကြားမှုပြုခဲ့ပါသည် ။
သို့ပါသော်လည်း ကျွန်တော်/ကျွန်မ တို့မှာ သာမာန်ဝန်ထမ်းများသာဖြစ်ပါသဖြင့်
ကြည့်စီစဉ်ပေးပါမည်ပာုသာ ပြောကြား၍ လစ်လျှုရှုထားပါသဖြင့်
အခုလို စာရေးသာပေးပို့၍ တိုင်ကြားရခြင်းဖြစ်ပါသည် ။ တိုင်ကြားလိုသည့် အကြောင်းအရာများမှာ
၁ ။ အရာရှိဆောင်သန့်ရှင်းရေးလုပ်ပေးရမည်ဆိုပြီး ၀န်ထမ်းအိမ်ယာသို့
လာရောက်စေပြီး မိမိလက်အောင်ဝန်ထမ်း မိန်းကလေးကို မတော်မတရားကျင့်ကြံဖို့ကြိုးစားပါသည်
ထို့ကြောင့် ထိုဝန်ထမ်းမိန်းကလေးမှာလဲ ရာထူးမှ ထွက်လိုက်ရပါသည် ။
၂ ။ မည်သည့်ရုံးမဆို ၀န်ထမ်းလစာများကို လကုန်ရက်တွင် ထုတ်ပေးသော်လည်း
ပည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးမှာ လကုန်ပြီး ၁၀ ကျော်
၁၅ ရက်မှသာ လစာများကို
ထုတ်ပေးပါသည် ။ လစာထုတ်ပေးသော ၀န်ထမ်းမှာ လစာငွေများကို
အတိုးကြီးများဖြင် ချေးငှား၍ ၀န်ထမ်းလစာများကို အလွဲသုံးစားလုပ်နေပါသော်လည်း
ဦးထက်အောင်လင်း မှာ မသိချင်ယောင်ဆောင်ပေးထားပါသည်။
၃ ။ ရုံးတွင်သန့်ရှင်းရေး ၀န်ထမ်းထားရှိပါသော်လည်း သန့်ရှင်းရေးဝန်ထမ်းများကို
ခိုင်းစေမှုမပြုဘဲ လက်အောက်မှ ၀န်ထမ်းများကိုသာ နေ့လည်၂နာရီထိုး နေပူထဲတွင်
ဖျားနာနေသူမှအစ သန့်ရှင်းရေးကို နေ့တိုင်းဆောင်ရွက်ခိုင်းနေပါသည် ။ ဦးထက်အောင်လင်း
မကျေနပ်သော ၀န်ထမ်းဖြစ်ပါက ရာထူးနှင့်လုပ်သက်ကိုမှ မငဲ့ကွက်ဘဲ အိမ်သာမှအစ
ဆေးခိုင်းပါသည်။
၎ ။ ဦးထက်အောင်လင်း၏ လုပ်ရက်များကို သည်းမခံနိုင်ပါသဖြင့်
ဌာနမှ နှုတ်ထွက်သူတစ်ယောက်၊ ဌာနမှ ပြောင်းရွှေ့သွားရသူနှစ်ယောက် ရှိသွားပြီဖြစ်သဖြင့်
နောက်ထပ်ပြောင်းရွှေ့ပါက နာမည်ပျက်မှာ ကြောက်သဖြင့် နောက်လူများကို ပြောင်းရွှေ့ခွင့်မပေးဘဲ ပြောင်းရွှေ့ရန်
စာတင်သူများကို ရုံးတာဝန်များ မတန်တဆခိုင်းစေခြင်း၊ ရုံးစောင့်တာဝန်များချထားခြင်း၊
ပစ်ဒဏ်ပေးခြင်း၊ ဆူပူခြင်း၊ မပာုတ်မမှန်သတင်းများကို အထက်အရာရှိများသို့ တင်ပြခြင်းများပြု လုပ်နေပါသည်
အထက်ပါကိစ္စများကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ
လက်ထောက် မန်နေဂျာ ဦးထက်အောင်လင်းအား အရေးယူပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
28 February 2013
"မအူပင်ရောက် သတင်းသမားများအား ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ ရိုက်ပြီးဓာတ်ပုံများအားဖျက်ခိုင်း"
မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာသို့ သတင်းသွားယူသော
Popular News ဂျာနယ်မှ ဓာတ်ပုံသတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ)
ရိုက်ခဲ့သော
ရဲများတာဝန်ယူစောင့်ကြပ်နေသ ည့်ပုံများ၊ စုစည်းကာထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီးတစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေးခဲ့ရကြောင်းသိရသည်။
"လယ်သမားတွေပုံကိုတော့ ရိုက်ခွင့်ပေးပါတယ်။ ရဲတွေစောင့်ကြပ်နေတဲ့ပုံမျိုးတွေကိုတော့ရိုက်ခွင့်မပေး ဘူး။ကျွန်တော်ရိုက်ထားတဲ့ ပုံတွေကိုဖျက်ခိုင်းတယ်။ ပြောတာကတော့
ပြေပြေလည်လည်ပြောတာပါပဲ။ ကျွန်တော်ဖျက်မှာကို စိတ်မချလို့ သူတို့ခေါ်လာတဲ့ ဗီဒီယိုကင်မရာမင်းတစ်ယောက်ကို Format ရိုက်ခိုင်းတယ်။ ကျွန်တော့် ကင်မရာ အဲဒီလူလက်ထဲပေးလိုက်တော့
သူက ကပ်ကို Format ချလိုက်တယ်။ အထဲက ပုံတွေ အကုန်ပျက်ကုန်တော့တာပေါ့" ဟု အောင်နိုင်စိုး(ကစ္ဆပ)ကပြောသ ည်။
အခြားသတင်းဌာနများမှ ဓာတ်ပုံဆရာများအားလည်း ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြုကြောင်းသိရသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ် နှင့် သတင်းမီဒီယာ ဥပဒေ (ပထမမူကြမ်း ) အခန်း(၃)၊ ပုဒ်မ၁၁ တွင် "နိုင်ငံသားတိုင်းသတင်းကိုလွတ်လပ်စွာသိရှိခွင့်၊
သတင်းပေးခွင့်ရှိခြင်း"၊ ပုဒ်မ၁၂ တွင် "နိုင်ငံသားများသိခွင့်ရှိေ သာသတင်းအချက်အလက်များကိုတား မြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အကျပ်ကိုင် ခြင်းများမှ ကင်းဝေးစေပြီး ကျင့်ဝတ်စည်းကမ်းနှင့်အညီ
လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ရေးသားခွင့် ၊ ထုတ်လွှင့်ခွင့်ရှိခြင်း"၊ ပုဒ်မ ၂၃ တွင် "အရေးအခင်း၊ အဓိကရုန်း၊ ဆန္ဒပြနေသောနေရာ၌ သတင်းရယူနေသော သတင်းထောက်များကို
ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း (အသံ၊ အရုပ်၊ ဓါတ်ပုံ၊ အထောက်အထား၊ စာရွက် စာတမ်းများ) တို့ကိုသိမ်းဆည်းခြင်းအာဏာပိုင်များမှ မှတ်တမ်းတင်ထားခြင်းတို့မှ ကင်းလွတ်ခွင့် ရှိခြင်း" စသည်ဖြင့်ဖော်ပြထားသည်။
"Format ချလိုက်လဲ ကိစ္စမရှိဘူးလေ။ ရုံးက ကွန်ပျူတာ ဌာနကို
အဲဒီကပ်ပေးလိုက်ရင် ပုံတွေ ပြန်ဖော်လို့ရတဲ့ ဆော့ဖ်ဝဲရှိတယ်။
ဒီတော့သူတို့ဘာပဲလုပ်လုပ် ကျွန်တော် လုပ်ခွင့်ပေးလိုက်ပါတယ်၊ အခုလဲ ပုံတွေ
အကုန်ပြန်ရပါတယ်"ဟု အောင်နိုင်စိုး(ကစ္ဆပ)ကပြောသ ည်။
အောင်နိုင်စိုး(ကစ္ဆပ)သည် အမျိုးသားသတင်းဆုကော်မတီက ချီးမြှင့်သော ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးသတင်းဓာတ်ပုံဆု ရရှိခဲ့သူဖြစ်သည်။
သတင်း.... Popular Myanmar News Journal
26 February 2013
မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၃ နာရီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံနေကြစဉ်။
ဓာတ်ပုံ .... ကိုဆန်နီ..။
25 February 2013
အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပြည်သူ.လွတ်တော်ကိုစားလှယ်များ 24.2.13တွင်နေပြည်တော်ရှိ ROYAL KUMUDRA ဟိုတယ်တွင်ကျင်းပသောWorkshop on Media Regulation and The Right to information သိုတက်ရောက်ဆွေးနွေး
ရင်းမြစ်.. National League for Democracy
ကျပ် ၁၀၀ အောက်ပိုင်ဆိုင်မှ လူမွဲဖြစ်မည့် လူမွဲ ဥပဒေ ပြင်ဆင်ရန် ဥပဒေပညာရှင်များ ပြောကြား
ယနေ့ခေတ်အခါတွင်
ငွေကြေးတန်ဖိုးများပြောင်းလဲနေပြီဖြစ်သော်လည်း ဥပဒေပြဋ္ဌာန်းချက်များတွင်
ယခင်ကိုလိုနီခေတ်က ငွေကြေးတန်ဖိုး များဖြင့် သတ်မှတ်ထားသော လူမွဲဥပဒေအား
ခေတ်နှင့်လုံးဝလျှော်ညီခြင်းမရှိတော့သည့်အတွက် ပြင်ဆင်ရမည်ဖြစ်ကြောင်း
ဥပဒေပညာရှင်အသိုင်းအဝိုင်းမှ ပြောကြားကြသည်။
လက်ရှိပြဋ္ဌာန်းထားသော
လူမွဲဥပဒေတွင် ငွေကျပ် ၁၀၀ အောက် မပိုင်ဆိုင်ကြောင်းသက်သေပြနိုင်သူသာ
တရားမမှုများတွင် လူမွဲမှု ပူးတွဲ လျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့ကြောင့်
အမှန်တကယ်ခံစားခွင့်ရှိသော ငွေကြေးချို့တဲ့သူများအနေဖြင့် တရားစွဲရန်
အခက်အခဲများရှိနေသဖြင့် နစ်နာနေကြောင်း သိရသည်။
ငွေကြေးချို့တဲ့သူများအနေဖြင့်
လူမွဲမှုလျှောက်လွှာဖြင့် ပူးတွဲလျှောက်နိုင်သော်လည်း လူမွဲဥပဒေမှာ
ယနေ့ကာလနှင့် မည်သို့မျှ မအပ်စပ်တော့ သော ငွေကျပ် ၁၀၀
အောက်ဖြစ်နေသောကြောင့် လူမွဲမှု ပူးတွဲလျှောက်ကာ တရားစွဲရန်
ခက်ခဲသွားကြောင်း တရားလွှတ်တော် ရှေ့နေဦးတိုးဝင်းက ရှင်းပြသည်။
ထို့ကြောင့်
ဆင်းရဲသား အောက်ခြေပြည်သူများ လူမွဲဥပဒေ၏ အကျိုးကို ခံစားခွင့်ရပြီး
တရားစွဲစရိတ် သက်သာစေရန်အတွက်လူမွဲဥပဒေပါ ငွေကြေးတန်ဖိုးကို
ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရမည်ဖြစ်ကြောင်း ရှေ့နေဦးထွန်းအောင် လည်း
ပြောကြားသည်။
ယခုခေတ်တွင်
လူမွဲမှုဥပဒေနှင့်ပတ်သက်ပြီး နားလည်တတ်ကျွမ်းသည့် ရှေ့နေ ရှားပါးနေသကဲ့သို့
လူမွဲဥပဒေတွင် ပြဋ္ဌာန်းထားသည့် ငွေကြေး ပမာဏကြောင့်
လူမွဲမှုဖြင့်တရားစွဲဆိုနိုင်သူ လွန်စွာရှားပါးပြီး လေးနှစ်တာကာလအတွင်း
နှစ်မှုသာတွေ့ရသည်ဟု သိရသည်။ လူမွဲမှုကို တရားမမှုများတွင် ပူးတွဲလျှောက်ထားကာ
တရားစွဲဆိုနိုင်ပြီး အမှန်တကယ်နစ်နာကာ တရားစွဲရန်မတတ်နိုင်သူများအတွက်
အဆိုပါလူမွဲဥပဒေ ထုတ်ထားခြင်းဖြစ်သည်။
သတင်း... transparencymyanmar
24 February 2013
မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် မော်တော်ကား ထုတ်မည်
အဆင့်မီ မော်တော်ကားများကို စက်ရုပ်နှင့် ထုတ်လုပ်ရန် ရန်ကုန်တွင် မော်တော်ကားစက်ရုံကြီး တစ်ရုံကို တည်ဆောက်တော့မည် ဖြစ်ကြောင်း မြန်မာမော်တာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။ “အခု ဂျပန်နိုင်ငံကို သွားတော့ ဂျပန်က သဘောတူညီချက်တစ်ခု ရလာတာက ရိုဘော့တွေနဲ့ ကားထုတ်မယ့် စက်ရုံတစ်ရုံကို တည်ဆောက်ဖို့ ဆုံးဖြတ်ချက် ရလာပါတယ်။ ဂျပန်က ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ ရှိတယ်။ ခေတ်မှီတဲ့ ကားစက်ရုံကြီး ပေါ်လာဖို့အတွက် ဒီခရီးစဉ်ဟာ အလွန်တန်ဖိုးရှိတဲ့ ခရီးစဉ် ဖြစ်တယ်” ဟု ယင်းက ဆိုသည်။ ၁၀-၂-၂၀၁၃ ရက်က ဂျပန်နိုင်ငံသို့ မြန်မာမော်တာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များက ကမ္ဘာတွင် နှစ်ပေါင်း ၇၆ နှစ်ကျော် သက်တမ်းရှိပြီဖြစ်သော မြန်မာကြိုက် ဂျပန်တိုယိုတာ အမှတ်တံဆိပ် မော်တော်ကား ကုမ္ပဏီ အပါအဝင် အခြားကုမ္ပဏီများကို သွားရောက်လေ့လာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့အပြီး ၎င်းက အထက်ပါအတိုင်း သီးသန့် ပြောဆို လိုက်ခြင်း ဖြစ်သည်။ မြန်မာမော်တာ ကော်ပိုရေးရှင်းကို မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီ ၇၂ ခု ဖွဲ့စည်းထားရာ ဂျပန်နိုင်ငံသို့ ဥက္ကဋ္ဌ၊ ဆာကူရာ မော်တော်ကား ကုမ္ပဏီပိုင်ရှင် ဦးဌေးအောင် အပါအဝင် အဲဗားဂရင်း၊ ရွှေမြို့တော်၊ SSS၊ စကြာရွှေ၊ MGN စွမ်းမြင့်၊ အားမာန်သစ် စသည့် မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီပိုင်ရှင်များ သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။ “ကားစက်ရုံအပြင် မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်လာမယ့် မော်တော်ကား ဆားဗစ်စင်တာကြီး တစ်ခုကိုလည်း အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် ထုတ်လုပ်မည့် မော်တော်ကားစက်ရုံကို ထိုင်းနိုင်ငံနှင့်အပြိုင် အရည်အသွေး ယှဉ်ပြိုင်နိုင်သည့် မော်တော်ယာဉ်များ ထုတ်လုပ်နိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မည်သည့် အမှတ်တံဆိပ်နှင့် ထုတ်လုပ်မည် ဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်း၊ ဂျပန်နိုင်ငံမှ ကုမ္ပဏီများကို စက်ရုံ တည်ဆောက်ပြီးပါက ဖိတ်ခေါ်ပြသမည် ဖြစ်ကြောင်း ဦးဌေးအောင်က ဆက်လက်ပြောကြားခဲ့သည်။ မြန်မာမော်တာ ကော်ပိုရေးရှင်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အကြောင်းအရာများကို နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ကိုလည်း ရှင်းပြပေးသွားမည် ဖြစ်ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Subscribe to:
Posts (Atom)
