23 December 2012

2013 ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု

လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရသည်။


သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အ၀န်းအ၀ိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အဆုံးတိုင် ၀ရုန်းသုန်းကား ဖြစ်မှုများကို ပေါ်ပေါက်စေမည်ဟု ကြိုတင် ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ် တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ လွင့်ပျံလာခြင်းက ဂြိုလ်တု ဆက်သွယ်ရေး စနစ်များကို ထိခိုက် ပျက်စီးစေပြီး ကမ္ဘာမြေပြင် တစ်ခုလုံးကိုလည်း ပြောင်သလင်း ခါသွားလောက်သည်အထိ ထိခိုက်မှုများ ဖြစ်စေမည့် အပြင် အကျိုးဆက်အဖြစ် အစာရေစာများ ရှာပါးလာပြီး အင်တာနက် ဆက်သွယ်ရေးများသည်လည်း လုံးဝ ပြတ်တောက်သွားမည် ဖြစ်သည်။


လူနေအိမ်များနှင့် ဆက်စပ်ပြီး အိမ်သုံး ရေခဲ သတ္တာများနှင့် ကားများမှာ ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်သည်။ ယခု ဖြစ်ပေါ်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးမှာ ၁၈၅၉ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည့် သဘောဝ ဘေးအန္တရာယ်ကြီးနှင့် ထပ်တူညီ ပုံစံမျိုး ဖြစ်လာမည်ဟု သုံးသပ်နေကြသည်။ ထိုစဉ်က မီးခိုးကြွက်လျောက် ပျက်စီးဆုံးရှုံးမှု အဖြစ် ဥရောပ နှင့် အမေရိကတို့ ဆက်သွယ်ထားသော တယ်လီဂရပ် ၀ါယာများမှ တဆင့် နီးစပ်ရာ ပတ်ဝန်းကျင်များကို လောင်ကျွမ်းပျက်စီး စေခဲ့ခြင်း ဖြစ်သည်။


အလားတူ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အဖြစ် ၂၀၁၂ ကမ္ဘာပျက်မည့်နေ့ ဟု အမည်ရသော ဟောလီးဝုဒ်၏ ဇာတ်ကားများထဲမှ မြင်ကွင်းများ ကဲ့သို့ပင် ကြုံတွေ့ရဖွယ် ရှိနေပြီး ကာကွယ်ရေးဌါန အတွင်းရေးမှူး Liam Fox က လန်ဒန်တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ခေါ်ယူခဲ့သည်။

ဒေါက်တာ ဖေါက်စ်ကလည်း ၁၈၅၉ ခုနှစ်က ပေါက်ကွဲမှုများ၏ ဖြစ်စဉ်အတိုင်း ပြန်လည် ဖြစ်ပေါ်လာမည်ဟု အတည်ပြု ပြောကြား ခဲ့သည်။ ၄င်းက သိပ္ပံပညာရှင်များနှင့် စည်းဝေးပြီး ထပ်မံ ပေါ်ပေါက်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန် မဟာဗျူဟာများကို စီမံကိန်းများအဖြစ် စတင် တည်ဆောက်မည် ဖြစ်သည်။


၎င်းက ပြောကြားခဲ့ရာတွင် "လျပ်စစ် လုံခြုံရေးကောင်စီ အနေဖြင့် ယခုအစီအစဉ်တွင် မဖြစ်မနေပါဝင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နေသည် သူ၏ စွမ်းအင် အမြင့်မားဆုံးအဖြစ် ၂၀၁၃ ခုနှစ်တွင် အပြင်းထန်ဆုံးသော အခြေအနေ ရောက်လာမည်ဖြစ်ပြီး ထိုအခြေအနေက သံလိုက်စွမ်းအင်များက အဆပေါင်းများစွာ ထိုးတက်လာပြီး လေထုအတွင်းတွင် ဓါတ်ရောင်ခြည် မုန်တိုင်းများ အဆက်မပြတ်ပေါ်ပေါက် လာမည်ဖြစ်ကာ ထိုမုန်တိုင်းများက အဆမတန်ကြီးမားသည့် လျပ်စစ် စွမ်းအားများ ထွက်ပေါ်လာမည် ဟုဆိုခဲ့သလို နှစ်ပေါင်းတစ်ရာအတွင်း မကြုံဖူးလောက်သော အာကာသ ဆိုင်ရာ ထူးခြားမှုများ ကြုံတွေ့ရမည်" ဟု ဆိုသည်။


ကမ္ဘာမြေပေါ်တွင် ၁၈၅၉ ခုနှစ်က အကြီးမားဆုံး စွမ်းအင် ပေါက်ကွဲမှုအဖြစ် ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ကမ္ဘာ၏ သုံးပုံနှစ်ပုံမှာ ကောင်းကင် တစ်ခုလုံးတွင် သွေးရောင် ကဲ့သို့ ချင်းချင်း နီသော မိုးသောက်ရောင်ခြည်များကို ဖုံးလွှမ်းခြင်း ခံခဲ့ရသည်။ အလားတူ ဖြစ်ရပ်မျိုး ယခုထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး တိမ်တိုက်များမှာ မုန်တိုင်းများ ဖြစ်ပေါ်ရန် အတွက် အဓိက အားဖြည့် လောင်စာများ ဖြစ်လာမည် ဖြစ်သလို ၄င်းမုန်တိုင်းများ၏ အတိုက်ခိုက် အခံရဆုံးမှာ လန်ဒန်၊ ပဲရစ်စ် နှင့် နယူးယောက်တို့ ဖြစ်လာမည် ဟုလည်း သုံးသပ်နေကြသည်။ ယခုတစ်ကြိမ် ပေါ်ပေါက်လာမည့် စွမ်းအင် ပျံ့ကားမှုနှင့် အလားတူစွာ ၁၉၈၉ ခုနှစ်က အလွန် သေးငယ်သော စွမ်းအင် ပေါက်ကွဲမှုတစ်ခု ကနေဒါ နိုင်ငံရှိ Quebec လျပ်စစ် ဓါတ်အားရုံ အနီးတွင် ပေါ်ပေါက် ခဲ့ဖူးသည်။


၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည့်နေ့ ဟူသည့် ရုပ်ရှင်ဇာတ်လမ်းတွင် တစ်ကမ္ဘာလုံး အပူချိန် တိုးမြင့်လာခြင်းနှင့် အပူလှိုင်းသင့်မှုများ ဖြစ်လာမည်ဟု မင်းသား John Cusack က သရုပ်ဆောင် ထားခဲ့သည်။ ကမ္ဘာ ဂြိုလ်ကြီးသည်လည်း မြေငလျင် နှင့် လူသားတို့၏ မဆင်မချင်မှုများကြောင့် အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာ ရမှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ ဇာတ်ကားတွင် ထင်ရှားသော စကားအဖြစ် သုံးစွဲခဲ့သည်။

မနေ့က ကျင်းပခဲ့သော ကွန်းဖရန့်စ် တွင် ကြားနာခဲ့ရသမျှ အရ အာကာသ အတွင်း နူကလီးယားလက်နှက်များ ပေါက်ကွဲသည်နှင့် အလားသဏ္ဍန်တူသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်အထိ ခန့်မှန်းနေကြကြောင်းလည်း ကြားသိခဲ့ရသည်။

Dr. Fox က ဖြည့်စွက် ပြောကြားခဲ့ရာတွင် "သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့ ရှေ့ပြေးနေတဲ့ တီထွင်ကြံဆ မှုတွေက ကျွန်တော်တို့ အားလုံးရဲ့ သဘာဝ ရန်သူကြီးကို ကိစ္စတုံး နိုင်လောက်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ဟု အားပေးစကားလည်း ပြောကြားခဲ့သည်။

လွန်ခဲ့သော ညက Dr. Fox က လျပ်စစ် ကောင်စီမှ အတွင်းရေးမှူးများနှင့် အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို အသေးစိတ် ဆွေးနွေး ခဲ့ကြသည်။ ယခင် အမေရိကန် အစိုးရ၏ ကာကွယ်ရေး အကြံပေး ပုဂ္ဂိုလ် Dr Avi Schnurr ကလည်း "မြေမျက်နှာ အသွင်အပြင် ဆိုင်ရာ သံလိုက်ဓါတ်များက ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားပြီး အဆက်အသွယ် ဖြတ်တောက်လိုက်တဲ့ အချိန်အထိ ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘဲ ရန်သူ အင်အား မကြီးမား လာခင်ကတည်းက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေပါတယ် " ဟု သတိပေးစကား ပြောကြားခဲ့သည်။


ဖြစ်စဉ်အရ အဖိုးတန် ရတနာမိုးများလည်း ဖုံမှုန်များ အကြားမှ လွင့်ပျံလာနိုင်ပြီး ကမ္ဘာဂြိလ်ကြီးကို တောက်ပသည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ၄င်းက ခန့်မှန်းခဲ့သေးသည်။ စိန့်အန်ဒရူး တက္ကသိုလ်မှ အကြမ်းဖျင်း ခန့်မှန်းချက်များအရ လေထုအတွင်း အခြေအနေ ပြောင်းလဲမှုများသည် ဖုံမှုန့် တိမ်တိုက်များ ပေါ်ပေါက်စေပြီး အချို့နေရာများတွင် ပတ္တမြားနှင့် နီလာများ အပြည့် သွန်းချရန် အသင့်ဖြစ်နေကြမည့် တိမ်တိုက်များ ပေါ်ပေါက် လာနိုင်သည်ဟုလည်း ခန့်မှန်းနေသည်။.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် အမတ်ဒေါ်အောင်ဆန်းစုကြည် မြိတ်၊ ကံမော်၊ ကျွန်းစုခရီးစဉ်မှတ်တမ်း


























ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ်ဟောပြောပွဲအတွက် အသုံးပြုမည့်နေရာ(ဦးစောဂျက်မင်္ဂလာခန်းမခြံဝင်း)

ဓာတ်ပုံ ..NLD ၊ အင်တာနက်စာမျက်နှာများ မှပြန်လည်ဖော်ပြလိုက်ပါသည်.။

21 December 2012

(၇၄) နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်

(၇၄) နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်အဖြစ်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများ သမဂ္ဂ မှကျောင်းသားခေါင်းဆောင်  ဗိုလ်အောင်ကျော်နှင့် ပတ်သက်သည့်ဟောပြောပွဲနှင့်စာဖတ်ဝိုင်းကိုသန်လျင်မြို့ နယ် အတွင်းရှိ
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ ၏အိုးဝေ စာကြည့်တိုက်နှင့်ပညာဒါနသင်တန်းကျောင်းတွင် ယနေ့  နေ့  လည် ၁နာရီမှ ၃ နာရီ ထိကျင်းပခဲ့သည်။ ထို့နောက်ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်နှင့်တကွခေတ်အဆက်ဆက်ဒီမိုကရေစီအရေးတော်ပုံအတွင်းကျဆုံးသွားကြသော
အာဇာနည် ရဲဘော်အပေါင်းအား ဂုဏ်ပြုခြင်းအားဖြင့်ညနေလေးနာရီတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား စုပေါင်းအလေးပြုခဲ့ကြပါသည်။


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ

20 December 2012

သုသာန်ရောက်နေသူများ (၈) အိမ်ခေါင်းရွေးခံနိုင်ပီ


20 Dec 2012 နံနက်ပိုင်းက စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်တွင် (၁၀)အိမ်ခေါင်းရွေးချယ်ပွဲပြုလုပ်ရာ ဆယ်အိမ်စု အစား ၄င်းတို့ ရွေးထုတ်သည့် (၈) အိမ်ဖြင့်သာ စုစည်းပြီးထို(၈) အိမ်စု တွင် လွန်ခဲ့သော (၇)နှစ်က သေဆုံးပြီးဖြစ်သော ဦးရွှေမောင် အားအရွေးချယ်ခံ (၈) အိမ်ခေါင်းစာရင်းတွင် ထည့်သွင်းထားရာ ကျန်ရှိသုသာန်ရောက်သေပြီးသူများအနေဖြင့် (၁၀) အိမ်ခေါင်းရွေးချယ်ခံနိုင်ရန် အခွင့်အရေးရှိနေပြီဖြစ်၍
အခေါင်းကိုပစ်ကာအရပ်အတွင်းပြန်ဝင်ရမလိုဖြစ်နေပါတော့သည်။

ရန်ကုန်တက္ကသိုလ်ဆရာများအဖွဲ့က ခေါင်းဆောင်တချို့နယ်ပြောင်းရွှေ့ခံရ


ရန်ကုန်တက္ကသိုလ်ဆရာများအသင်းက အမှုဆောင်ခေါင်းဆောင် ၄ ဦးကို နယ်တက္ကသိုလ်တွေ ကို ပြောင်းရွှေ့ခံရတယ်လို့ ပြောင်းရွှေ့ခံရသူတွေက ပြောပါတယ်။

ဒီအပြောင်းအရွှေ့ဟာ လွန်ခဲ့တဲ့လက မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့က ခေါင်းဆောင်တွေကို အလားတူ နယ်တွေကို ပြောင်းရွှေ့ခဲ့ပြီးနောက် အစိုးရဘက်က ဒုတိယမြောက် လုပ်ဆောင်ချက် ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဆရာများအသင်းရဲ့ ဥက္ကဋ္ဌ ဦးဥက္ကာမြကို ဗန်းမော်တက္ကသိုလ်၊ ဒေါ်စိန်မိမိကို ထားဝယ်တက္ကသိုလ်၊ ဒေါက်တာကျော်သန်းမိုးကို စစ်တွေတက္ကသိုလ်၊ ဦးဇော်မျိုးထွန်းကို တောင်ငူ တက္ကသိုလ် စသဖြင့် အသီးသီးပြောင်းရွှေ့ခံရတယ်လို့ ကာယကံရှင် ဒေါက်တာကျော်သန်းမိုးက ဒီဗွီဘီကို ပြောပါတယ်။

အမှုဆောင်တချို့ နယ်တက္ကသိုလ်တွေကို ပြောင်းရွှေ့ခံရပေမယ့် ရန်ကုန်တက္ကသိုလ်ဆရာများအသင်းက ဆက်ရှိနေပြီး ခေါင်းဆောင်သစ်တွေ ရွေးချယ်သွားဖို့ရှိတယ်လို့ ဒေါက်တာ ကျော်သန်းမိုးက ပြောပါတယ်။

“ရန်ကုန်တက္ကသိုလ်အဖွဲ့ကတော့ ဆက်လုပ်မှာပေါ့။ သူတို့ အီးစီအဖွဲ့ ပြန်ရွေးကောက်မှာပေါ့။ စစ်တွေ ကတော့ အသစ်လုပ်မှာပါ၊ ကျနော်နဲ့ မန္တလေးဥက္ကဋ္ဌ ဦးသက်လွင်။”

နိုဝင်ဘာလတုန်းက မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့က ဥက္ကဋ္ဌ ဒေါက်တာသက်လွင်ကို စစ်တွေတက္ကသိုလ်၊ အတွင်းရေးမှူး ဦးသုတကို ကျိုင်းတုံတက္ကသိုလ်၊ ဒေါ်အေးအေးသန်း ကို ရေနံချောင်းဒီဂရီကောလိပ်၊ ဦးနိုင်မင်းထွန်း ကို မြစ်ကြီးနားတက္ကသိုလ်၊ ဒေါ်မိမိအောင် နဲ့ ဒေါ်ခင်လှိုင်မြင့်တို့ ၂ ဦးကို ပင်လုံတက္ကသိုလ် ကို နိုဝင်ဘာလအတွင်းက ပြောင်းရွှေ့ခံထားရတာပါ။

၂ လအတွင်း ဆက်တိုက်ဆိုသလို တက္ကသိုလ်အသင်းအပင်းအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ နယ်ပြောင်းရွှေ့ခံရတဲ့အကြောင်းရင်းကိုတော့ မသိရပါဘူး။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီး အသင်းအပင်းတွေဖွဲ့စည်းခွင့်ပြုတဲ့ ဥပဒေထွက်လာပြီးနောက်မှာ အလုပ်သမား အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့ အစည်းတွေ ပေါ်ပေါက်လာ ခဲ့ရာမှ အစိုးရ တက္ကသိုလ်ဆရာ၊ ဆရာမများ အဖွဲ့အနေနဲ့ ရန်ကုန်တက္ကသိုလ်ဆရာများ အသင်းဟာ ပထမဦးဆုံးအဖြစ် အလုပ်သမားအဖွဲ့ ဖွဲ့ခွင့် ခွင့်ပြုချက်ရခဲ့တာလည်း ဖြစ်ပါတယ်။
 
   သတင်း ...... DVB

ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ (ခေါ်) ရလလဖ က ဦးစီးပြီး ပဒေသရာဇ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခုကို ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ပြုလုပ်

19 December 2012

အကျန်အကြွင်းတွေရဲ့ နားပန်ကျင်းမခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဇာတ် အကုန်သွင်းကြ (ဟံသာဝတီဦးဝင်းတင် )


ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

"ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လို ထင်သလဲ။ ဒီလူတွေနောက်ကြောင်းပြန်ဖို့ခြေ
လှမ်း ပြင်လာကြသလားဗျာ” တဲ့။"

ကျုပ်ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရ တာ။ ဟေ့ သူငယ်.....နောက်ကြောင်း၊ နောက်ကျွမ်းတွေလာပြောမနေနဲ့။ မသိဘူးဟေ့။

ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။

“ဟာ အဘကလည်း ၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန် တာပြောနေတာဗျ”

"မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်းပြန်တယ်ဆိုတာမျိုးပဲ ကြားဘူးပါတယ်"

“အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာ တို့၊ နောက်တန်း ပြန်တာတို့ ဆိုတာတွေ လုပ်နေကျဆိုတော့ အခုရော နောက်တန်း နောက်ကြောင်းပြန်ဦးမှာလားလို့ မေးနေရတာပေါ့။ ဒီမိုကရေစီ လုပ်မယ်ဆိုရာက နောက်ပြန်ဆုတ်မှာလားမေးတာဗျို့”

"နေပါဦး၊ စစ်အစိုးရက ဘယ်တုန်းက ရှေ့တန်းရောက်နေလိုက်တာလဲ”

“သေပါတော့အဘရယ် စစ်အစိုးရ ပြောတာမဟုတ်ဘူး။ သမ္မတကြီးဦးသိန်းစိန် အစိုးရ တက်လာချိန် ကတည်းက ဒီမိုကရေစီ နိုင်ငံရေးအပြောင်းအလဲတွေလုပ်နေပြီလို့ကြေညာထားတာလေဗျာ”

“ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါမသေချင်လေကွ”

“ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော်နံ လာနေပြီနဲ့တူရဲ့”

“ဟေ့.....ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာသေစော်နံရမှာလဲကွ။ အဲ့ဒါကြီးနောက် ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ”

ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။

“နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေရတာလဲ”

“ဟာအဘကလည်း ‘ဒိတ်အောက်’ နေပြန်ပါပြီ။ မကြားမိဘူးလားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်ပေးတောင်းဆိုနေကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ”

“စစ်အစိုးရပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့”

“ဟာအဘကလည်းလုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီးလည်းပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်းဆော်ပြီဗျာ”

“ဟ.....ဟ ဘာဆော်တာလဲ”

“မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြောတာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေ နဲ့တွေ့သတဲ့။ ပြောသတဲ့။ သမ္မတကြီးကို ပျော်အောင် ထားကြပါတဲ့။”

“အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေပလေ့စေကွယ်”

“အဲ့လိုလည်း မဟုတ်သေးဘူးအဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ ပြန့်နေပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာမဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့”

“မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်းပြန်မှာလားတွေ ဒါတွေအတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့ တူရဲ့။ အေးလေ။ တွေးလည်းကြောက်မနေကြနဲ့ကွဲ့။ အစိုးရများကတော့ အရိပ်အကဲစောင့်ကြည့် နေဟန်တူပါရဲ့။ ဒီနေရာမင်းတို့တစ်တွေသိရမယ့် စကားလေးတစ်ခွန်းရှိသကွဲ့။ အဲ့ဒါကတော့....”

“ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ”

“ဒေါ်အောင်ဆန်းစုကြည့်ရဲ့စကားကွဲ့။ အစိုးရနောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာလူထု အပေါ်မူတည်သတဲ့။ နောက်ကြောင်းလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်”

“ဒီလိုဆို ကျွန်တော်နဲ့ လူထုနဲ့တွဲပြီး အစိုးရနောက်ကြောင်းမပြန်အောင်ဝိုင်းတွန်းကြရမှာဗျို့”

“အေးပေါ့ကွယ်။ လုပ်စရာရှိတာ လုပ်ကြပေါ့။ ငါပြောချင်တာကတော့ နောက်ကြောင်းပြန်တာတွေ မပြန်တာတွေ သိပ်ပြောမနေပါနဲ့ကွာ။ နောက်ကြောင်းအကျန်အကြွေင်းတွေက အာဏာပိုင်တွေ ကြားမှာရှိတုန်းလဟ။ ဒီနေ့လူထုကို နားပန်ကျင်းနေတာ သူ့တို့လဟဲ့။ ဒီနေ့ဘုန်းကြီးတွေကို မီးအရုဏ်ဆွမ်းကပ်နေတာ သူတို့လဟဲ့။ တို့ဒီနေ့တကယ်လုပ်ရမှာက အဲဒီ ‘ကျန်စစ်သား’ တွေရော၊ အစိုးရရော၊ လွှတ်တော်တွေရော၊ မီဒီယာတွေရော အားလုံးကို ဒီမိုကရေစီလမ်းကြမ်းပေါ် တွန်းတင်ကြဖို့ပဲကွဲ့။ ဒီမိုကရေစီလမ်းကြောင်းအတိုင်းဝိုင်းဆွဲခေါ်ကြဖို့ပဲကွဲ့”။

ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၈)

ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို အမေရိကန်သံအမတ်ကြီး သွားရောက် ကြည့်ရှု




ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လ်နဲ့ အထူးကိုယ်စားလှယ် Mr W. Patrick Murphy တို့ဟာ ဒီကနေ့မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်က သရက်တော သာဂရဘုန်းတော်ကြီးကျောင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ မြစ်ကြီးနားမြို့က HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ကုသပေးနေတဲ့ စင်တာတစ်ခုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ကချင်ပြည်နယ်ထဲမှာဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုအခြေအနေတွေကို လေ့လာသုံးသပ်နိုင်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့ ပထမဆုံးအကြိမ်လာရောက်ရတာပါလို့ RFA ကို အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။ ဒါအပြင်အမေရိကန်အစိုးရအနေနဲ့လည်း စစ်ဘေးဒုက္ခသည်တွေအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့သွားမှာဖြစ်ကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ အမြန်အဆုံးသတ်စေလိုကြောင်းလဲ မစ္စတာဒဲရစ်မစ်ချယ်က ပြောပါတယ်။ အမေရိကန်သံအမတ်ကြီးရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဒီကနေ့မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက စိန့်ဂျိုးဇက် ရိုမန်ကက်သလစ်နဲ့ ကချင်နှစ်ချင်းအသင်းတော် ဘုရားကျောင်းတွေမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း၊ ဝိုင်းမော် သာဂရ သရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းနဲ့ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရက်ကွက်မှာရှိတဲ့ Hope Center အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် စောင့်ရှောက်ကုသရေးဋ္ဌာတို့ကိုသွားရောက်ခဲ့ပြီး မြစ်ကြီးနားအခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ မနေ့ကတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ တိုင်ရင်းသားရေးရာဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့(PCG) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် HIV/AIDS ရောဂါဝေဒနာရှင်တွေကို ကုသပေးနေတဲ့ မြစ်ကြီးနားမြို့ မိုင်းလားရပ်ကွက်က HOPE Center ကို သွားရောက်ပြီး ဝေဒနာသည်တွေနဲ့ တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သလို ကချင်ပြည်နယ်အတွက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် နဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၁၇ ရက် မနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ကိုရောက်ရှိလာတာဖြစ်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ တိုင်းရင်းသားရေးရာ ကိစ္စရပ်တွေဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း...RFA

18 December 2012

အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းတွင် အာဏာရမှ ဒီမိုကရေစီ နိုင်ငံထူထောင် နိုင်မည်ဟု အာဏာစကား စတင်ပြော

နတ်မောက်မြို့၊ အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် လူထုဟော ပြောပွဲ၌ အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းတွင် အာဏာရမှ ဒီမိုကရေစီ နိုင်ငံထူထောင် နိုင်မည်ဟု အာဏာစကား စတင်ပြော ကြားပြီးနောက် ဝါရင့်နိုင်ငံရေးသမား အချို့က ဒေါ်ဆောင်ဆန်းစုကြည် အာ ဏာရနိုင်ရန် ၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်နိုင်ဖို့လိုကြောင်း သုံး သပ်ကြသည်။

“၂၀ဝ၈ ဖွဲ့စည်းပုံမပြင်ရင် ဒီမို ကရေစီမဖြစ်ဘူး၊ ၂၀၁၅ မှာ ၂၀ဝ၈ ဖွဲ့စည်းပုံကို မပြင်ရင် စစ်မှန်တဲ့ရွေး ကောက်ပွဲဖြစ်မှာမဟုတ်ဘူး၊ ၂၀ဝ၈ ဖွဲ့စည်းပုံအောက်မှာ ဒေါ်အောင်ဆန်းစု ကြည် အာဏာရအောင်လုပ်မှာမဟုတ် ဘူး”ဟု ဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သူ ဦးလှရွှေကပြောသည်။

အောင်ဆန်းမွေးရပ်မြေ၊ နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ၉၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူထုဟောပြောပွဲတွင် အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် - “ဒီမိုကရေစီနည်းကျ နိုင်ငံရေးပါတီ တစ်ခု တည်ထောင်တယ်ဆိုတာဟာ အာဏာရရေးဟာအဓိကမဟုတ်ပါဘူး၊ အာဏာရရေးဟာအရေးကြီးတယ်၊ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲပြောမယ်၊ ကျွန်မတို့ အာဏာရမှ ကျွန်မတို့လိုချင်တဲ့ ဒီမိုကရေ စီနိုင်ငံထူထောင်နိုင်မှာ၊ ဒါကြောင့်မို့ ကျွန်မတို့က အာဏာလိုချင်လားဆိုရင် လိုချင်တယ်လို့ပဲပြောမှာပါ”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယင်း မိန့်ခွန်းနှင့် ပတ်သက်၍ ဝါရင့်နိုင်ငံ ရေးသမားကြီးတစ်ဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်က လွှတ်တော်ထဲသို့ ဒေါ် အောင်ဆန်းစုကြည် ရောက်ရှိနေကြောင်း၊ လက်ရှိလုပ်ပိုင်ခွင့်အာဏာ နည်းနည်းပါး ပါးသာရှိကြောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲသည် ဒီမိုကရက်တစ် မဖြစ် နိုင်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀ဝ၈ ဖွဲ့စည်းပုံမပြင်ပါက ဒေါ်အောင် ဆန်းစုကြည် အာဏာမရနိုင်ကြောင်းပြော သည်။

အန်အယ်လ်ဒီပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် ကလည်း “အိန္ဒိယနိုင်ငံမှာ မိန့်ခွန်းပြော ခဲ့တာက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ရမယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်သွားရင် ပြည်သူလူထုက ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးနိုင် မယ်၊ အမေရိကန်နိုင်ငံလို ဒီမိုကရေစီ နိုင်ငံမျိုးဖြစ်ရင်တော့ ဒေါ်ဆောင်ဆန်းစု ကြည်၊ အန်အယ်လ်ဒီ အာဏာရနိုင်တယ်၊ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဖို့က စစ်တပ်ပေါ်မှာပဲ မူတည်တယ်”ဟု ဆိုသည်။

နိုင်ငံရေးဆောင်းပါးများရေးသားသူ ဆရာဦးထက်မြက်က ပါတီတစ်ခု တည် ထောင်သည်ဆိုသည်မှာ အာဏာရလို ခြင်းအတွက်ဖြစ်ကြောင်း၊ ဒေါ်ဆောင် ဆန်းစုကြည်ပြောသည့်စကားသည် နိုင်ငံရေးသမား တစ်ဦး၏ ပြောသင့်သည့် စကားဖြစ်ကြောင်း ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်မှ ရမည်ဖြစ်ကြောင်း၊ အန်အယ်လ်ဒီပါတီနှင့် ပြည်သူများက ၂၀ဝ၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း၊ အခြား သော တိုင်းရင်းသားလူမျိုးစုပါတီများက လည်း ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ပြည်သူလူထုနှင့်အတူပူးပေါင်းပါဝင်ရမည် ဖြစေ် ကြာင်း ပြောသည။် 
 
ရင်းမြစ်..လူထုပုံရိပ်

17 December 2012

လက်ပန်းတောင်းတောင် သပိတ်စခန်းဆက်လက်ဖွင့်ထားမည်

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းတွေရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေတဲ့ အတွက် သပိတ်တိုက်ပွဲ ဆက်လက်ဆင်နွှဲသွားမယ်လို့ လက်ပန်းတောင်းတောင် ဒေသခံတွေ ဒီကနေ့ ညနေပိုင်းက ဆုံးဖြတ်လိုက်ပါတယ်။

ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့ တုံရွာအနီး ဒေသခံတွေဖွင့်ထားတဲ့ သပိတ်စခန်းကို ဆက်လက်ထား ရှိရေး နဲ့ပတ်သက်ပြီး ဒေသခံ ရွာ ၁၂ ရွာက ရွာသူရွာသား ၂၀၀ ကျော် ဒီကနေ့မိန်းလွဲပိုင်းက အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။

သပိတ်တိုက်ပွဲပုံစံနဲ့ပတ်သက်ပြီး မိန့်ကြားရာမှာ ထိုင်သပိတ်ပုံစံဖြစ်ပြီး တောင်းဆိုချက် အနေနဲ့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်က စုံစမ်းနေစဉ် စီမံကိန်းလုပ်ငန်းတွေ လုံးဝရပ်တန့်ထားရန်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က သပိတ်စခန်းကို အကြမ်းဘက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူသင့်သူများကို အရေးယူပေးရန်ဖြစ်တယ်လို့ သိရပါတယ်။

14 December 2012

မြ၀တီမြို့တွင် ဒီကေဘီအေ ဆန္ဒပြ


  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု၌ ဒဏ်ရာရသံဃာများကို တောင်းပန်ရန်နှင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန် ကရင်ပြည်နယ်၊မြ၀တီမြို့ တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-ဒီကေဘီအေ ဦးဆောင်၍ ယနေ့မနက် ၇နာရီကျော်တွင် ဆန္ဒပြခဲ့ကြ သည်။



အဆိုပါ ဆန္ဒပြမှုတွင် ဒီကေဘီအေအပြင် ဗိုလ်မှူးချုပ် စောထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့များလည်း ပါဝင်ပြီး စစ်ယူနီဖောင်းများနှင့်အတူ ကားအစီး ၁၀စီး၊ လူအင်အား ၈၀ ဖြင့် လက်ပံတောင်း တောင် စီမံကိန်း သပိတ်စခန်း ဖြိုခွင်းမှု၌ ဒဏ်ရာရသံဃာ တော်ပုံများ၊ စာတမ်းများ ကိုင်ဆောင်ကာ မြ၀တီမြို့ တွင် လှည့်လည်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။


ဆန္ဒပြမှုကို ဒီကေဘီအေ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူး စောဆန်းအောင်က "မြန်မာနိုင်ငံမှာ အထူးသဖြင့် လက်ပံတောင်းတောင် စီမံကိန်းမှာ ဒဏ်ရာရ သံဃာတော်တွေကို အစိုးရအနေ နဲ့ ပြန်တောင်း ပန်ဖို့ပါ။  နောက် ကချင်ဒေသဘက်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ပေးဖို့ပေါ့"ဟု ကေ အိုင်စီသို့ ပြောသည်။


၎င်းတို့၏ တောင်းဆိုမှုများကို မြ၀တီမြို့နယ်ထဲတွင် လက်ရှိ တာဝန်ထမ်းဆောင် မြန်မာအစိုးရတပ် တပ်မ(၇၇) တပ်မမှူးက လက်ပံတောင်း တောင် စီမံကိန်း၌ ဆန္ဒပြသူများကို အကြမ်းနှိမ်နင်းခဲ့သည့် ရဲများကို အရေးယူ ဆောင်ရွက်ပေးမည်ဟု တုံ့ပြန်သွားသော်လည်း တစုံတရာ မလုပ်ဆောင်ပေးပါက ဒီကေဘီအေအနေဖြင့် ဆက်လက် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးစောဆန်းအောင် က ဖြည့်စွက်ပြောဆိုသည်။


ဒီကေဘီအေ ဆန္ဒပြပွဲနှင့် ပတ်သက်၍ မျက်မြင်သက်သေ မြ၀တီမြို့ခံတစ် ဦးက "ဒီမနက် သူတို့ ဆန္ဒပြတာ မြ၀ တီမြို့ ဘုရင့်နောင်ဈေးကနေ ကြခတ်တောရကျောင်းလမ်းဘက်ကို သွားတယ်။ အစိုးရအနေနဲ့ သံဃာတော် များကို ပြည်လည်တောင်းပန်ဖို့ သူတို့တွေ ကြွေးကြော်ခဲ့ကြ တယ်။ မြို့ကို လှည့်ပြီး ဆန္ဒပြတာပေါ့။ နောက် ဆုံဆည်းမြိုင်ဘက်ကို သူတို့ ပြန်တက် သွား တယ်"ဟု ပြောသည်။


မြ၀တီမြို့တွင် ဒီကေဘီအေနှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့တို့ပူးပေါင်း၍ ယခု ဆန္ဒပြမှုသည် ပထမဦးအကြိမ်ဖြစ်ပြီး ဆန္ဒပြပွဲကို နံနက် ၈ နာရီကျော်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြသပိတ်စခန်း ၆ ခုကို မြန်မာအစိုးရအာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲခဲ့ရာ သံဃာတော် အပါး ၇၀ ကျော်နှင့် လူထု ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
 
  သတင်း.. (ကေအိုင်စီ)

13 December 2012

ဟင်္သာတသတင်းထောက် ၂ ဦးသတင်းသွားရောက်ရယူရာတွင်ကူညီခဲ့သော ရွာသား ၂ဦးတရားစွဲခံရ


ဟင်္သာတနယ်ခံသတင်းထောက် ၂ဦးမှ လေးမျက်နှာမြို.နယ်၊ ၀က်ဆင်းအိုင်ကျေးရွာရှိ စပါးခွံဂက်စ်သုံးဆန်စက်၏ကျေးရွာအတွင်းရေဆိုးစွန်.ပစ်မှုများကြောင့် ကျေးရွာအတွင်း စိုက်ပျိုးမြေများ
တွင် ထိခိုက်မှုများရှိနေကြောင်း၊ ဒေသတွင်းကျန်းမာရေးထိခိုက်မှုများရှိနေကြောင်းသတင်းရရှိသည်.
အတွက်သွားရောက်သတင်းရယူရာတွင် လိုက်ပါကူညီခဲ့သူများအား တရားစွဲဆိုခံရမှုများရှိနေကြောင်း
သိရသည်။

“ကျွန်တော်တို. တွေဒီဇင်ဘာလ ၆ ရက်နေ.တုန်းက သတင်းသွားရောက်ယူခဲ့တဲ့အခါ ဒေသခံတွေက လိုက်ပါကူညီခဲ့ကြပါတယ်။ သတင်းတွေကိုမေးမြန်းအပြီး ဆန်စက်အပြင်ကဓါတ်ပုံရိုက်ခဲ့တယ်

ကျွန်တော်တို.တွေနဲ.အတူရွာခံတွေရှိနေတုန်းကတော့ ပိုင်နက်အတွင်းဝင်ခဲ့တာမရှိပါဘူး။ အခုတရားစွဲ ခံရတယ်ကြားပြီး ဒေသခံတွေကိုမေးတော့ သူတို.လည်းဝင်ခဲ့တာမရှိဘူးလို.ပြောပါတယ်။ဒေသခံတွေ ကိုလည်း သူများ ပိုင်နက်အတွင်း မ၀င်ဖို.နဲ. စကားတွေမလွန်ဖို.ပြောခဲ့ပေမယ့် ကျွန်တော်တို.ပြန်ပြီးနောက်ပိုင်း မှာ ပုဒ်မ ၂ ခုနဲ.တရားစွဲခံရတယ်ဆိုတဲ့ သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။”” ဟု ဟင်္သာတနယ်ခံသတင်းသမားကပြောသည်။

အဆိုပါ တရားစွဲဆိုခံရမှုတွင် လေးမျက်နှာမြို.နယ်၊ ၀က်ဆင်းအိုင်ကျေးရွာရှိဒေသခံ ဦးခင်နှင့်ဦးချစ်မြိုင် တို. ၂ဦးအား မိဘမေတ္တာ ငါးပုံဆန်စက်ပိုင်ရှင် ဒေါ်မ၀င်းက လေးမျက်နှာမြို.နယ်တရားရုံးသို. ဦးတိုက်လျှောက်ထား ရာ ပုဒ်မ ၄၄၇/ ၅၀၆ ဖြင့် တရားစွဲဆိုခံရကြောင်း ဒီဇင်ဘာလ ၇ ရက်နေ.တွင် တရားစွဲဆိုခံရသူ ကာယကံရှင်များမှအကြောင်းကြားစာရရှိခဲ့ကြောင်းသိရသည်။ ရုံးချိန်အား ဒီဇင်ဘာလ ၁၇ ရက်နေ.တွင်ချိန်းဆိုထားကြောင်းလည်း သိရပါသည်။

ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ

ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ၊ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ(ဟာဂျူလီ-ကသာ)
 
 
ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်
ကိုင်သူဖြစ်ကြောင်း ၄င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊

“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊

အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေ ရပါတယ်၊သမီးလေးပျောက်သွားတဲ့နေ့က စက်ချုပ်ပစ္စည်းတွေလည်းပါသွားတယ်၊သူ့ဆိုင်ကယ်ကို လည်း ပေါင်သွား တယ်၊သူဆိုင့်ကယ်သွားပေါင်တဲ့ မိတ်ဆွေကပြော တာတော့ မေသက်ဇွန် ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတစ်ယောက်ပါလာတယ်တဲ့၊နောက်ပြီး ဗန်းမော် သွားတဲ့ ကားလမ်း၊ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေး နဲ့ပဲ တွေ့တဲ့သူ ရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူးခံလိုက်ရပြီလားလို့ တွေးမိပါတယ်”ဒေါ်ခင်နန်းမြင့်ပြောခဲ့ သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ ပါသည်၊မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံ သို့ခေါ်ဆောင် ရောင်းချ ခဲ့ သည့် ဖြစ်စဉ်များဖြစ်ပါ သည်၊ထိုဖြစ်စဉ်အား ကျွန်တော် မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ်  ပါသည်၊

ယခုပျောက်ဆုံးသွား သည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွား ခဲ့သောခြေရာလက်ရာ အတိုင်းဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ၊

၁၂-၁၂-၂၀၁၂ နေ့ ညနေ ၆း၃၀ နာရီ တွင် ကလေးဆေးရုံ သို့ရောက်ရှိလာသော လက်ပတောင်းမီးသင့်ကလေးများကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်ကြည့်ရှု













ဓာတ်ပုံ ...ကိုဆန်နီ

"ယနေ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတော်များ ဆန္ဒထုတ်ဖော်မူ ( သတင်း ဓါက်ပုံများ)

 
 
ပြည်မြို့ မှ သံဃာတော်များ ဗိုလ်ချုပ်ကျောက်ရုပ် ရှေ့မှာ ဆန္ဒစတင်ထုတ်ဖော်နေပါပြီ

 မန္တလေးတွင် သံဃာတော် အပါး ၁၀၀၀ ခန့် ဆန္ဒပြ
 
ယနေ့ ပခုက္ကူ သံဃာထု လမ်းပေါ်ထွက်၍ ဆန္ဒဖော်ထုတ်
 
 
ယနေ့ နေ့လည် ၁ နာရီ မှ စတင်ကာ ကလေးမြို့ရှိ သံဃာတော်များ ဆန္ဒ ထုတ်ဖော်
 မုံရွာမြို့တွင် ဆရာတော်သံဃာတော် အင်အား(၇၀၀)ခန့်ဆန္ဒထုတ်ဖော်
 
ဆူလေဘုရားရှေ့တွင် သံဃာတော်များ ဆန္ဒထုတ်ဖော်
ဓာတ်ပုံများအား အင်တာနက်စာမျက်နှာ မှကူးယူဖော်ပြပါသည်.။