ထားဝယ်မြို့နယ်
၊ ၀ဲကျွန်းထိန်သစ်ရပ်ကွက် ၊ကမြောကင်းလမ်း ၊ ကမြောကင်းတံတားနံဘေး ၌လက်ရှိလယ် စိုက်ပျိုးလျှက်ရှိသောလယ်သမား ဦးစံလင်း အား ထားဝယ်ခရိုင်အုက်ချုပ်ရေးမှူး
ဦးကျော်ဆွေ မှ ၁၈၇၆ ခုနှစ် မြေယာနှင့် အခွန်တော်ဥပဒေ
ပုဒ်မ (ဏ ) ဖြင့်တရားစွဲဆိုကာ၂၆.၈.၂၀၁၃ (တနင်္လာနေ့)တွင်ဒဏ်ငွေ (၂၀၀) နှင့်ထောင်ဒဏ်(၁)လကိုထားဝယ်မြို့ နယ်တရားသူကြီး
ဦးထွန်းလင်းမှချမှတ်ခဲ့သည်။
ဦးစံလင်းသည်ထားဝယ်ခရိုင်အတွင်း တရားမျှတမှုမရှိသည့်လယ်ယာမြေသိမ်းဆည်းမှုနဲ့ပတ်သက်၍ ပထမဆုံးထောင် ကျခံရသောလယ်သမားပေါ့လို့သမီြး ဖစ်သူမရွှေစင်ယုမှပြောကြားသည်။ထားဝယ်အများ
ပိုင်ကုမ္ပဏီ ကလယ်မြေကိုသိမ်းတယ်မူလပိုင်ရှင် ဆိုတာရှိပေမယ့်ကျွန်မအဖေကိုသူကိုယ်တိုင် လယ်မ လုပ်နိုင် လို့ လယ်လုပ် ပိုင်ခွင့်ကိုလွန်ခဲ့တဲ့(၄)နှစ် ခန့်လောက်ကတည်းကလွှဲပြောင်းပေးထားပြီးကျွန်မတို့ တစ်မိသားစုလုံး ဒီ လယ်ကို စိုက်လာခဲ့တာပတ်ဝန်းကျင်ကလယ်သမားတွေအကုန်လုံးလည်းအသိဘဲကျွန်မတို့ကဘာလျှော်ကြေးမှ
မယူ ထားတော့ထွက်ပေးစရာ လည်းမလိုဘူးသူ တို့ပေးတဲ့လျှော်ကြေးဆိုတာကျွန် မတို့ဘ၀အတွက်ဘာအာမခံ
ချက် မှမရှိဘဲ ၊ လယ်သမား လယ် ပျောက်ရင် ထမင်းငတ်မှာပေါ့၊အခုတော့ကုမ္ပဏီ ကလယ်ကိုမတရားသိမ်းချင်တယ် ကျွန်မတို့ကအသိမ်းမခံဘူး ကုမ္ပဏီကိုပေးချင်တော့ခရိုင်အုပ် ချုပ်ရေးမှူးကတရားစွဲတယ်ကျွန်မအေ ဖထောင်ကျ တယ် ကောင်းပါတယ် ကျွန်မအဖေ က ထားဝယ်မြို့ရဲ့ စံပြလယ်သမား
ဖြစ်သွားတာပေါ့ ဟုမရွှေစင်ယု မှဆက် လက်ပြောကြားခဲ့သည်။
ဦးစံလင်းအားထောင်ချခဲ့သည့်ကိ စ္စနှင့်ပတ်သက်၍
ထားဝယ်လယ်သမားများမှလည်းသဘော မတူကန့် ကွက်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ ပြီးလယ်သမားများ၏ဂုတ်သွေးစုတ်အြ မတ်ထုတ်တဲ့ ထားဝယ်အများပိုင်ကု မ္ပဏီ
အားထားဝယ်ခရိုင်အတွင်းရှိလယ်သမားများအနေဖြင့်ထားဝယ်လယ်သမားများ သမိုင်း၏ကုမ္ပဏီဆိုးအဖြင့်သတ်မှ တ်ကာထားဝယ်ခရိုင်အတွင်းရှိလယ် သမားမိသားစုဝင်တိုင်း၏သမိုင်းတာ ၀န်တစ်ရပ်ပမာစဉ်ဆက်မပြတ်သပိတ်
မှောက်သွားနိုင်သည်အထိစည်းရုံး သွားမည်၏ ဟု ထားဝယ် လယ်သမားများ အစည်းအဝေးမှထုတ်ပြန်ကြေငြာခဲ့
သည်။
(၂၇.၈.၂၀၁၃)အင်္ဂါနေ့တွင်ဦးစံလင်းအားဂုဏ်ပြုသည့်အနေဖြင့်လက်ရှိ ဦးစံလင်း၏လယ်မြေ၌ဦးစံလင်း စိုက်ပျိုးရန်ကျန်နေသောလယ်ကွက် များ၌ဦးစံလင်း၏မိသားစုလယ်သမား များနှင့်အတူစပါးစိုက်ပျိုး ကြမည်၏ဟုလယ်သမားများထံမှသိရပါ သည်။
မရွှေစင်ယု
(ဦးစံလင်း၏သမီး)
05023096
09422218788
ကိုထွန်းထွန်းဝင်း
(ထားဝယ်တောင်သူလယ်သမား ကွန်ယက်)
0949851588