|
24 April 2010
ယတြာတွေချေပြီး မန်းမှုတ်နေပြီ .....
" ဒီနှစ်ဆန်းတစ်ရက်နေ့က ရဟတ်ယာဉ်နဲ့ ပရိတ်ရွတ်သွားတာနဲ့ ပတ်သတ်ပြီး ပြည်သူတွေကတော့ တော်တော်ပြောဆိုကြတာပေါ့... တကယ်တန်း ပြည်သူတွေအတွက် တနိုင်ငံလုံးအတွက် မလုပ်ပဲ အာဏာရှင်ဆန်ဆန် အတ္တဆန်ဆန် လုပ်သွားတာဟာ ရည်ရွယ်ချက် စေတနာတော်တော် ညံ့ဖျင်းနေပါတယ်။ ဒီအစိုးရဟာ ၂၀၁၀ကိုတော်တော်လေးလန့်နေပြီလေ။ ၂၀၁၀ နှစ်စမှာ နေကြတ်သွားတာ နောက် သင်္ကြန်အကြတ်နေ့က ဗုံးပေါက်ကွဲမှုတွေ နောက်...သူတို့နေပြည်တော် ဆိုတာ မူလနေရာက ကြပ်ပြေးလေ ကြပ်ရင်ပြေးရမယ် ဆိုတဲ့ပညတ်တွေ ပါနေတယ်။ ပညတ်သွားရာ ဓာတ်သတ်ပါဆိုသလိုပေါ့။ နေကြတ်သွားတာ ၂၀၁၀ခုနှစ် ၁လပိုင်း ၁၅ရက်နေ့ နောက်သင်္ကြန်အကြတ်နေ့က ဗုံးပေါက်တာ ကလည်း ၄လပိုင်း ၁၅ရက်နေ့ လေ့လာကြည့်ပေါ့။ နေကြတ်တာ တခါတခါမှ ဖြစ်တတ်လို့ နှစ်လရက် ပေါင်းကြည့် ၁၀ရတယ်။ သင်္ကြန်က နှစ်စဉ်ရှိတယ် ဆိုတော့ ၄လနဲ့ ၁၅ရက်ပေါင်းကြည့် ၁၀ပဲရတယ်။ ၂၀၁၀မှာ နေကြတ်သွားကတည်းက သူတို့ခေါင်းကိုက်နေတာ ... ။
ပြည်တွင်းက နာမည်ကြီး ဝေဒပညာရှင် တစ်ဦး ပြောဆိုသွားတာပါ.. ကဗျာဆရာ ကိုကောင်းကင်ကိုရဲ့ အငိုဒုက္ခတိုင်းပြည် ကဗျာထဲက စာသားလေးနှစ်ကြောင်းလို ယတြာတွေချေပြီး မန်းမှုတ်နေပြီ ဖြုတ်ဦးနှောက်တွေ အရမ်း... လုပ်နေပြီ ဆိုတာလိုပါပဲ။ လူတိုင်းကိုယ်လုပ်ခဲ့တဲ့ စေတနာ အကောင်း၊ အဆိုးဟာ ကိုယ့်ဆီပြန်လာစမြဲပဲ ဖြစ်ချင်တန်တဲ့ အချိန်မှာ ဖြစ်တယ်ဆိုပြီး မာန်တတ်လုပ်ချင်တိုင်း လုပ်ခဲ့ကြပြီး ပျက်ချိန်တန်ရောက်မှ ပျက်မှာကို ကြောက်ရွံပြီး မိုးကြိုးပစ် ထန်းလျက်နဲ့ကာဖို့ မဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။
ဒီမိုဝေယံ....
23 April 2010
ဧပြီလ(၁ရ)ရက်နေ့မှစပြီးနေပြည်တော်၌ စစ်တပ်အဆင့်မြင့် အရာရှိများ သွားလာခွင့် ကန့်သတ်
ကန့်သတ်မှုမှာ တိုင်း စစ်ဌာနချုပ်များ၏ တိုင်းမှူးအဆင့် ဗိုလ်ချုပ်များနှင့် တပ်မမှူး အဆင့်ရှိ ဗိုလ်မှူးချုပ်များ၏ ခရီးစဉ်များဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ လာသော သတင်းများက ဆိုသည်။
“ဧပြီ ၁၇ ရက်နေ့က ကက(ကြည်း)ကနေ တိုင်းစစ်ဌာနချုပ်နဲ့ တပ်မဌာနချုပ်တွေကို ညွှန်ကြားချက်ပို့ထားပါ တယ်၊ ဘယ်တိုင်းမှူး ဘယ်တပ်မမှူးမှ ခွင့်ပြုချက်မပါဘဲ စစ်ရုံးချုပ်ရှိတဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို လာစရာ မလိုဘူးလို့ ညွှန်ကြားထားတယ်”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။
နေပြည်တော်သို့ လာရောက်သည့် တိုင်းမှူး ဗိုလ်ချုပ်များနှင့် တပ်မမှူး ဗိုလ်မှူးချုပ်များ၏ တည်းခိုရာနေရာကို လည်း ကြိုတင် သတင်းပေးပို့ရမည်ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန စစ်ရုံးချုပ်ရှိ ကက(ကြည်း)၏ ညွှန်ကြား ချက် ရရှိမှ တည်းခိုနေထိုင်ရမည်ဖြစ်သည်ဟုလည်း ယင်းစစ်ဌာနချုပ် အရာရှိက ပြောဆိုသည်။
တိုင်းမှူးနှင့် တပ်မမှူးများ၏ နေပြည်တော်ခရီးစဉ်အတွင်း လုံခြုံရေးအရ လိုက်ပါမည့်သူများနှင့် ရုံးအဖွဲ့ကို လည်း ခရီးစဉ်မတိုင်ခင် ၄ ရက်ခန့် ကြိုတင်သတင်းပို့ပေးရန်နှင့် ခွင့်ပြုချက်ရပြီးမှ ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။
“အဓိက ကတော့ လက်နက်ခဲယမ်း ယူဆောင်လာတာကို ကန့်သတ်ဖို့ပဲဖြစ်ပါတယ်၊ ကက(ကြည်း)က အကြောင်း အမျိုးမျိုးကြောင့် နေပြည်တော်ကို လာရောက်မယ့် အရာရှိတွေရဲ့ လက်နက်ခဲယမ်းများ ယူဆောင်တာကို နဂို ကထက် တင်းကျပ်လိုက်တာဖြစ်တယ်”ဟု အထက်ပါ အရာရှိက ဆက်ပြောသည်။
အဆိုပါ ကက(ကြည်း)၏ တိုင်းမှူး၊ တပ်မမှူးများကို နေပြည်တော်သို့ ခရီးသွားလာခွင့် ကန့်သတ်ခြင်းနှင့် လုံခြုံရေး အတွက် အတူပါလာသည့် အရာရှိများ၏ လက်နက်ခဲယမ်းများ ကန့်သတ်ခြင်းသည် စစ်ရုံးအတွင်း ပစ်ခတ်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုကြောင့် ဖြစ်ကြောင်း စစ်ဘက်လေ့လာသူများက သုံးသပ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့(သင်္ကြန် အကြတ်နေ့)က ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် ကန်တော် ကြီး အနီးရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ပေါက်ကွဲမှုကြောင့် ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသ မှူး ဗိုလ်မှူးကြီး အုံးချိုနှင့် မြို့နယ်အဆင့် အရာရှိများအပါအ၀င် လူ ၁၇၀ ဒဏ်ရာရရှိပြီး အငြိမ်းစား ဗိုလ်ကြီး တဦးဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသန့်စင်သိမ်း အပါအ၀င် ယနေ့ အထိ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်မြို့က အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖေါ်ပြသည်။
ယင်းဧပြီ ၁၅ ရက်နေ့ တရက်တည်းတွင်ပင် နေပြည်တော်ရှိ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင် ဟိုတယ် တွင်လည်း ဗုံးတွေ့ရှိကြောင်း ဟိုတယ် တာဝန်ရှိသူတဦးက ပြောသည်။
ရင်းမြစ်..ဧရာဝတီ
X2O ရေကစားမဏ္ဍပ်တွင်ဗုံးပေါက်ကွဲမှု ကြောင့်ပြင်းထန်စွာဒဏ်ရာရခဲ့သောအမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုသေဆုံးသွားပါပြီး
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌ သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့် ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။
အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ် (၄) စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို အခုလို ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး အုန်းချို ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ တွေနဲ့ ရောက်လာ ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး ဗိုလ်မှူးကြီး အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက် ခဲခဲ ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။
မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊ ဒဏ်ရာပြင်းတာက ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော် ထိသွားပါတယ် ၊ အခု ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။ ကျွန်တော် သိရ သလောက်တော့ အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။
ရန်ကုန်မြို့လယ်ခေါင်၂၃ လမ်းတွင် လေးထပ်တိုက်ငြမ်းပြိုကျမှု ဖြစ်ပွား
ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။(သတင်းအပြည့်အစုံအားမကြာခင်ဖော်ပြပေးသွားပါမည်)။
ရန်ကုန် မြို့ လသာ မြို့ နယ် ၂၃ လမ်း အထက်ဘလောက် အိမ်အမှတ် ၁၁၆ – ၁၂၀ တွင် ယနေ့ မနက် ၁၁
နာရီခန့် ကဆောက်လုပ်ဆဲ လေးထပ်တိုက်တစ်လုံး၏ ငြမ်း ပြို ကျမှု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။
ငြမ်းပြိုကျမှု ကြောင့်တန်ဖိုးကြီး လန်ခရူဆာ ကား တစ်စီး ပျက်စီးသွားပြီး ၊အလုပ်သမား တစ်ဦး ဒဏ်ရာ ရရှိသွားသည် ဟု သိရသည်။
ဆောက်လက်စ RC တိုင်ငြမ်းမှ တစ်ဆင့် ပြိုကျရာ ၀ုန်းခနဲ အသံကြောင့်လမ်းသူ လမ်းသား များ နှင့် ပလတ်စတစ်အိတ် နှင့် ကွာစေ့ လက်ကားရောင်းသူ များ မှာဗုံးပေါက်သည် ထင်ပြီး ကြောက်လန့် ၍ ပြေးကြသည် ။
ရင်းမြစ်..Freedom News Group
သင်္ကြန်ဗုံးပေါက်ကွဲမှု အဓိကတာဝန်ရှိသူ နအဖစစ်အစိုးရ ဟု ဆိုနေကြ
ဧပြီ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် အဓိကတာဝန်ရှိသူမှာ နအဖသာလျှင်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတို့က ဝေဖန်ပြောဆိုကြသည်။
ထိုနေ့က သေဆုံးသူ (၈) ဦးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ (၅) ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူများ၏ ထက်ဝက်ခန့်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်တခုတည်းမှ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကန်တော်ကြီးပတ်လမ်း မဏ္ဍပ်အားလုံးထဲမှာ X20 မဏ္ဍပ်က လုံခြုံရေး အများဆုံးပဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့မြေး ဖိုးလပြည့် ရေကစားမယ်ဆိုလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအမိန့်နဲ့ အချိန်ပြည့် လုံခြုံရေးယူထားတယ်။ အဲဒီကြားထဲက ဗုံးပေါက်တာ” ဟု မျက်မြင်တို့က ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်သည် အရှေ့ပိုင်းခရိုင် စစ်ဒေသမှူး၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက လာရောက် တွဲဖက်လုပ်ဆောင်ရကြောင်း သိရသည်။
“စစ်ဒေသမှူးမှာ သား (၁) ယောက်၊ သမီး (၂) ယောက်ရှိတယ်။ သူက ဗုံးပေါက်ကွဲမယ့်သတင်း ကြိုရထားပုံရတယ်။ ကလေးတွေကို သင်္ကြန်တွင်း ဘယ်မှ ထွက်မလည်ကြဖို့ သူ့ဇနီးကို မှာတယ်” ဟူသော သတင်းစကားများ စစ်ဒေသမှူးနေထိုင်ရာ ဝေဠုဝန်အိမ်ရာတွင် ပျံ့နှံ့နေသည်။
စစ်ဒေသမှူးသည် အကြိုနေ့ကတည်းက X20 မဏ္ဍပ်လုံခြုံရေးကို အနီးကပ် ကြီးကြပ်နေခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။
“စစ်ဒေသမှူးနဲ့ သူ့တပ်ဖွဲ့ အကြတ်နေ့ နံနက် (၁၀) နာရီမှာ X20 မဏ္ဍပ်ကို ရောက်လာတယ်။ နေ့လယ် (၁၂) နာရီမှာ အိမ်ပြန် ထမင်းစားတယ်။ ညနေ (၃) နာရီမှာ အရပ်ဝတ်နဲ့ ပြန်လာပြီး မဏ္ဍပ်နားအရောက် ဗုံးပေါက်ကွဲတာ” ဟု တာဝန်ကျ တပ်ကြပ်တဦးက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို၏ မျက်နှာကို ဗုံးစ ရှပ်၍ ထိမှန်ပြီး ၀မ်းဗိုက်၌ ကွမ်းသီးလုံးခန့် အပေါက်ဖြစ်သွားသည်ဟု သိရသည်။
“ဗိုလ်မှူးကြီးက ဗိုက်ကို လက်နဲ့ဖိပြီး အဘရေ ကျနော်တော့ ထိသွားပြီလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဆီ သတင်းပို့လိုက်သေးတယ်” ဟု ထိုစဉ်က အနီးရှိ ရဲဘော်တဦးက ပြောပြသည်။
အခင်းဖြစ်ပွားရာသို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ရောက်ရှိလာပြီး စစ်ဒေသမှူးအား ဦးဝိစာရလမ်း၊ အမှတ် (၂) စစ်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ပြုစုကုသမှုများ ပြုလုပ်ပေးခဲ့သည်။
ဧပြီ (၂၀) ရက်တွင် မင်္ဂလာဒုံ အမှတ် (၁) စစ်ဆေးရုံသို့ ရွှေ့ပြောင်းပြီး ဗုံးစ၀င်သွားသော အသည်းအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်သည်ဟု သိရသည်။
ထိုသို့ သင်္ကြန်ကာလ X2O မဏ္ဍပ်၌ ဗုံးဖောက်ခွဲမည်ကို ကြိုတင် သတင်းရရှိပါလျက် တာဝန်ရှိသူတို့မှ လုံခြုံရေး အပြည့်အ၀ မပေးနိုင်သည့်အပေါ် အချို့က အပြစ်မြင်နေကြသည်။
ထို့ပြင် သင်္ကြန်ကာလနှင့် ဆီလျော်မှုမရှိသော လူနာတင်ကား အသင့်ထားရှိခြင်း၊ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာဆောင်အား ဖယ်ရှားရှင်းလင်းထားခြင်းတို့အပေါ် သံသယ၀င်ကာ နအဖ၏လုပ်ရပ်ဟု အများက ထင်မြင်ချက်ပေးနေကြသည်။
“ဗုံးခွဲမယ့်သတင်း ကြိုရထားရင် သင်္ကြန်မဏ္ဍပ်တွေ ပိတ်လိုက်ပေါ့။ ခုတော့ နအဖ ဂုဏ်သိက္ခာတည်ဆောက်နိုင်ဖို့ ပြည်သူတွေရဲ့ အသက်တွေကို ချကျွေးတာတော့ မလုပ်သင့်ဘူး” ဟု နိုင်ငံရေးအကဲဖြတ်များက ဆိုကြသည်။
ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈) ဦးရှိနေပြီဟု ရန်ကုန်ဆေးရုံကြီးမှ သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရသေးပေ။
ရင်းမြစ်..ခေတ်ပြိုင်
ရွေးကောက်ပွဲ မ၀င်ပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံး ပိတ်ဖို့မရှိ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ဘူး ဆိုပေမဲ့ ပါတီရုံးကို ပိတ်မှာ မဟုတ်သလို ပါတီအလံ၊ ပါတီဆိုင်းဘုတ်ကိုလည်း မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင်တချို့က ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဥပဒေအရ ပါတီတည်ရှိမှု ပျက်ပြယ်သွားမယ်ဆိုရင် အခြေအနေတွေကို ကိုင်တွယ်နိုင်အောင် စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တရပ် ဖွဲ့ထားပါတယ်။ ဒါပေမဲ့လည်း NLD အနေနဲ့ သူ့ရဲ့ အဖွဲ့တည်ရှိမှုကိုတော့ မိမိဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။
“ကျနော်တို့က နိုင်ငံရေးပါတီ၊ ဖျက်သိမ်းမယ်၊ မဖျက်သိမ်းဘူးဆိုတာ သူတို့အပေါ်မှာသာ တည်တယ်၊ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့ ကိုယ့်ဘာသာလည်း ဘာမှ ဖျက်သိမ်းမပေးဘူး။ အလံချခြင်းတို့၊ ဆိုင်းဘုတ်ဖြုတ်ခြင်းတို့ ဘာမှမလုပ်ဘူး။ ကျနော်တို့လုပ်ငန်း ကျနော်တို့ လုပ်မယ်။ ဒါက ဒေါ်စုရဲ့ အမြင် သဘောထားတွေနဲ့လည်း ထင်ဟပ်ပြီးတော့ ဖြစ်တာလို့ ပြောချင်ပါတယ်။”
ဥပဒေ ကျွမ်းကျင်သူတဦးဖြစ်တဲ့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း လက်ရှိ ဥပဒေအတိုင်းဆိုရင် ပါတီ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တဲ့ သဘောပဲရှိပြီး အစုအဖွဲ့ ဆက်တည်ရှိနေမှုအပေါ် အရေးယူရမယ်ဆိုတဲ့ ဥပဒေ ဖော်ပြချက်မျိုး ဘာမှမတွေ့ရဘူးလို့ ပြောပါတယ်။
“ကျနော်တို့ ပြင်ဆင်မှု မလုပ်ဘူးဗျ၊ လုပ်စရာ မလိုဘူးလို့ ကျနော်တို့က သတ်မှတ်ထားတာ။ ဥပဒေအရ အလိုအလျောက် Cancel ဖြစ်တော့လည်း အလိုအလျောက် ဖြစ်ပေါ့။ ကျနော်တို့က ဒီအတွက် လိုက်လုပ်ပေးစရာ မရှိဘူး။”
အကယ်၍များ မေလ ၇ ရက်နေ့မှာ သူတို့က သူ့ဥပဒေအရ အလိုအလျောက် Cancel ဖြစ်တယ်၊ ပါတီဆိုင်းဘုတ်တွေ တင်ခွင့်မပေးဘူး၊ အလံတွေ တင်ခွင့်မပေးဘူး၊ ရုံးတွေ ဖွင့်ခွင့်မပေးတော့ဘူး ဆိုရင်ရော အန်ကယ်တို့ ဘာများ စဉ်းစားမှုရှိပါလဲ။
“အဲဒီလို ခွင့်မပေးဖို့ကိစ္စ ဘယ်ဥပဒေမှာမှ ကျနော်တော့ မတွေ့ဘူးဗျ။”
ဥပဒေမှာက ဘယ်လိုဆိုထားလဲခင်ဗျ၊ အကယ်၍ မေလ ၇ ရက်နေ့ကျရင် နိုင်ငံရေးပါတီ တရပ်အနေနဲ့ မရှိတော့ဘူးလို့ သဘော မသက်ရောက်နေဘူးလား။
သက်ရောက်ပါတယ်။
သက်ရောက်နေတော့ အဲဒါ သူတို့အနေနဲ့ တခြား Action တွေဘာတွေ လုပ်ရမယ်ဆိုတဲ့ ရည်ညွှန်းချက်တွေရော မရှိဘူးလားခင်ဗျ။
“အဲဒီရည်ညွှန်းချက်တွေလည်း ဥပဒေမှာ မရှိဘူး။”
ဦးဝင်းတင်ကတော့ အခုလက်ရှိ ရွေးကောက်ပွဲ ဥပဒေရော၊ ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေတွေဟာ မတရားတဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက် သူတို့ရပ်တည်ချက် လုပ်ရပ်တွေကို ဒီဥပဒေတွေနဲ့ စံနှုန်းထား သတ်မှတ်တာမျိုး လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ကတော့ ဥပဒေဘောင်အတွင်းမှာ ဆိုတာ ဘာလဲဆိုတော့ ကျနော်တို့က တရားဥပဒေ ဘောင်အတွင်းမှာ ရှိတယ်၊ ရပ်တည်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ၀င်မယ်တို့၊ ပါတီ မှတ်ပုံတင်မယ်ဆိုတဲ့ လူတွေရဲ့ ဥပဒေဘောင်အတွင်း ဆိုတာက ၂၀၀၈ ဥပဒေဘောင်အတွင်း၊ ၂၀၀၈ အခြေခံ ဥပဒေကနေ ချတဲ့ ဘောင်အတွင်း ဖြစ်မယ်။ ကျနော်တို့ကတော့ တရားဥပဒေ ဘောင်အတွင်းမှာ ရှိတယ်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ ဘောင်အတွင်းမှာ ရှိတယ်လို့ ကျနော်က ယူဆတယ်။”
အန်ကယ်တို့အနေနဲ့ အလံမချဘူး၊ ဆိုင်းဘုတ်ကိုလည်း မဖြုတ်ဘူး၊ ဒီအတိုင်းထားမယ်ဆိုရင် ၁၉၈၉ ခုနှစ်တုန်းက အန်ကယ်တို့ တကယ်တမ်း ကြွေးကြော်ပြီး လှုပ်ရှားခဲ့ကြတဲ့ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ရေးဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်မသွားနိုင်ဘူးလား ခင်ဗျ။
“မတရားတဲ့ ဥပဒေတွေကတော့ ရှိနေပြီ။ ဒေါ်စုကနေပြီးတော့ ဒီဥပဒေတွေ ထွက်ကတည်းက ပြောခဲ့တဲ့စကား ၂ ခွန်း ရှိပါတယ်။ ဒီဥပဒေတွေက မတရားဘူး၊ မတရားဘူးဆိုရင် ကျနော်တို့က မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြဆိုတဲ့ သဘောထား၊ လမ်းကြောင်း လုပ်ငန်းစဉ်ဟာ ကျနော်တို့ ရှိနေတဲ့ သို့မဟုတ် ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီးတော့ ကိုင်စွဲဦးမယ်လို့ ဆုံးဖြတ်ရင် အထွေအထူး စဉ်းစားစရာ မလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေတွေက မတရားတဲ့ ဥပဒေတွေ ဖြစ်နေတာကိုး။
“သို့သော် ကျနော်တို့က အဲဒီဟာကို လုပ်ငန်းစဉ်အနေနဲ့ ကိုင်စွဲသေးသလား၊ ကိုင်စွဲလို့ ရသေးသလား၊ ကိုင်စွဲဦးမလား ဆိုတာကတော့လည်း အဓိက ဖြစ်နေပြန်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ၀ိညာဉ်အားဖြင့်တော့ ကျနော်တို့ထဲမှာ ဒီအနှစ် ၂၀ ကာလပတ်လုံး ရှိခဲ့တယ်။ သို့သော် အဲဒါကို ကျနော်တို့ လှုပ်ရှားမှု အနေနဲ့ ကိုင်စွဲမလား၊ မကိုင်စွဲဘူးလား ဆိုတာကတော့ အဆင့်တဆင့်ဖြစ်မယ်၊ သို့မဟုတ်လည်း ကဏ္ဍသစ်တခု ဖြစ်ကောင်း ဖြစ်လိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။”
NLD အနေနဲ့ မေလ ၇ ရက်ကျော်လို့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြုလုပ်ငန်း၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်သွားမယ်လို့ ဆိုသလို တဘက်မှာလည်း နိုင်ငံရေးအရ ဆက်ရှိနေဦးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီအစုအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ဘယ်လို ရပ်တည်လှုပ်ရှားမလဲ ဆိုတဲ့ အစီအစဉ် အသေးစိတ် အတိအကျကိုတော့ ပါတီခေါင်းဆောင်ပိုင်း ကြားမှာ သဘောထား ကျထားပုံ မရသေးပါဘူး။
ရင်းမြစ်...VOA
22 April 2010
ရွှေတိဂုံစေတီပေါ်သို့ အေးချမ်းစွာ ဘုရားဖူးလာကြသော ပြည်သူများပါမချန် နအဖလုံခြုံရေးများက ဖောက်ခွဲရေးပစ္စည်းများကို သဲသဲမဲမဲ ရှာဖွေလျက်ရှိ။
(၂၀၁၀) သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်း ရှာဖွေရေးစီမံချက်ကို အပူတပြင်း လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၃) ဦး သေဆုံးပြီး လူပေါင်း (၁၇၀) ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖ၏ သတင်းထုတ်ပြန်ရေးဌာနဖြစ်သော မြန်မာ့အသံ (အသံလွှင့်ဌာန)၊ ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့မှ သတင်းဖော်ပြခဲ့သည်။ ပြည်ပရောက် အဖွဲ့အစည်းများနှင့် ပြည်တွင်းသောင်းကျန်းသူများ၏ လက်ချက်ဟုလည်း နအဖက တိုက်ရိုက်စွပ်စွဲပြောဆိုခဲ့ပါသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ (၄၅) ဦး ရှိပြီး၊ ရန်ကုန်ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြောဌာန) တွင် အတွင်းလူနာအဖြစ် (၈) ဦး တက်ရောက်ဆေးကုသမှု ခံယူနေလျှက်ရှိပါသည်။ ဒဏ်ရာရသူဦးရေမှာ (၂၀၀) ကျော်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး (၅/၆) တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတစ်ဦးမှ ပြောကြားခဲ့ပါသည်။ နအဖ၏ အမှတ် (၄) စစ်ဒေသမှုး ဗိုလ်မှုးကြီးအုံးချိုအား စင်္ကာပူနိုင်ငံရှိ ဆေးရုံသို့သွားရောက်ဆေးကုသခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကြားသိရပါသည်။
ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖိုးလပြည့်(ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး၊ ၄င်းတို့ နအဖအတွင်းရှိ သူ မကျေနပ်သော ဗိုလ်ချုပ်များ၏ သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း ခိုင်လုံတိကျသေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။
နအဖ စစ် အစိုးရမှ ယင်းဗုံးပေါက်ကွဲမှု သတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်းနေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့် မသက်ဆိုင်၊ မိမိတို့တွင် တာဝန်မရှိ ၊ မိမိတို့၏ လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိပါသည်။
ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေပြီး၊ ဗုံးဖေါက်ခွဲသူအားဖမ်းဆီးမိပါက ဆုငွေ (၁၀) သိန်းဆုချမည်ဆိုသည့် ကြော်ငြာစာများကိုလည်း လမ်းဆုံလမ်းခွများတွင် ရယကများ ၊ စွမ်းအားရှင်များကလိုက်ကပ်နေကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပါသည်။
ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့ လာရောက်ကြသူ ဘုရားဖူးပြည်သူများကိုလည်း မုခ်ဦးအပေါက်ဝများမှနေ၍ နအဖ လက်အောက်ခံ လုံခြုံရေးများ၊ အရပ်ဝတ် စရဖ ထောက်လှမ်းရေးများမှ အိတ်သွန်ဖာမှောက် သဲသဲမဲမဲ ရှာဖွေစစ် ဆေးလျှက် ရှိပါသည်။ နအဖ၏လုပ်ရပ်များသည် ကလေးနှင့် ခွေးများကပင် ယုံကြည်မှုမရှိ၊ ရွံ့မုန်းလျှက်ရှိကြောင်း လူတိုင်းလူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစား ပြစ်တင်ဝေဖန်သံများစွာ ဆူညံ၍ ထွက်ပေါ်နေပါတော့သည်။
(သတင်း - ဘားမားပါပါရာဇီ)။
ယောနယ်တွင် နွေရာသီသွားလာရေးအတွက် ကိုယ့်အားကိုယ်ကိုး ၀ါးတံတားလေးများကို အားကိုးသွားရ
ဝါးတံတားလေးများကို တစ်ရွာ နှင့်တစ်ရွာကူးလူးသွားလာရာ၌လည်း ကောင်း၊ တောတောင်များအတွင်းရှိ လယ် ယာတောများသို့ သွားလာရာ၌လည်းကောင်း လွယ်ကူစွာ ဖြတ်သန်းနိုင်ရန် ဆောက် လုပ်ထားကြခြင်းဖြစ်သည်။
ဝါးတံတားလေးများမှာ ချောင်း ရေ၊ မြစ်ရေကျလာသည့်အခါ ရေထဲတွင် ငုတ်စိုက်၍ အပေါ်က ၀ါးတန်း၊ ၀ါးကပ် ခင်းကာ တည်ဆောက်ထားခြင်းဖြစ်သည်။
ချောင်း၊ မြစ်များတွင် ဖြတ်ကူး ရသော ၀ါးတံတားကြီးများကို ရွာသူရွာသား တို့၏ လုပ်အားဒါနအဖြစ် စုပေါင်းတည် ဆောက်ကြပြီး ယာခင်းသွား ချောင်းငယ် မြောင်းငယ်များတွင် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ကြသည်။
ဝါးတံတားလေးများမှာ နှစ်စဉ် ရေကျချိန်ရောက်တိုင်း ပေါ်လာကြပြီး မိုး ဦးကျတောင်ကျရေများ ပြည့်လျှံပါက မျော ပါသွားလေ့ရှိသည်။
ထိုအခါ နောက်နှစ်ပွင့်လင်း ရာသီရောက်သည့်အခါ ပြန်လည်အသစ် တည်ဆောက်ကြရသည်။ ဤသို့ဖြင့် ယော နယ်ရှိ ၀ါးတံတားလေးများမှာ ပွင့်လင်းရာသီ၌ ပေါ်လာသော ယောနယ်၏ အလှတရား တစ်ခုဖြစ်သည်ဟု ယောသူယောသားတို့ က မှတ်ယူအသုံးပြုနေကြဆဲဖြစ်သည်။
ရင်းမြစ် ..YMG
ရွှေဘိုအောင်မြေ၀င်း မန်ကျည်းပင်စည်မှ စေတီပုံနှင့်ထူးခြားပုံများ တွေ့ရ
ရွှေဘိုမြို့အ၀င် အောင် မြေဘုရားဝင်းအတွင်း၌ အောင်မြေအဖြစ် သတ်မှတ်ထားသော အောင်မြေဗိမာန်၏ မြောက်ဘက်တွင် အသစ်တည်ထားမည့် အောင်မြေဗောဓိစေတီနှင့် သတ္တဌာနမြေ နေရာကို ဖေဖော်ဝါရီ ၈ရက်က သြ၀ါဒါ စရိယဆရာတော်ကြီးများ သွားရောက် ကြည့်ရှုရာ ခုတ်လှဲရှင်းလင်းထားသော မန် ကျည်းပင်တစ်ပင် ပင်စည်မှ စေတီပုံနှင့် ထူးခြားပုံများကို တွေ့ရှိရကြောင်း သိရ သည်။
"မန်ကျည်းပင်ကို ခုတ်လှဲရှင်း လင်းတာ မန်ကျည်းပင်တစ်ပင်ရဲ့ အနှစ်က စေတီပုံ၊ ဗောဓိညောင်နဲ့စေတီပုံ၊ စင်္ကြံ လျှောက်ပုံ၊ ကမ္မဋ္ဌာန်းထိုင်နေပုံထူးခြားစွာ တွေ့ရတာပဲ။ အောင်မြေနေရာက ကျေးဇူး တော်ရှင် ဝေဘူဆရာတော်ကြီးသီတင်းသုံး ခဲ့ဖူးတယ်။ အခု မန်ကျည်းပင်မှာ တွေ့ရ တဲ့ပုံနဲ့ ဆရာတော်ကြီး ကမ္မဋ္ဌာန်းထိုင်ပုံ၊ စင်္ကြံလျှောက်ပုံ တူတယ်ဆိုပြီး ဓာတ်ပုံနဲ့ တကွ တွဲပြထားတယ်။ ဘုရားဖူးလာသူတွေ အောင်မြေနင်းသူတွေ ပူဇော်ကြည့်ရှုနိုင် အောင် အောင်မြေဘုရားဂေါပကအဖွဲ့က အောင်မြေဂန္ဓကုဋိတိုက်မှာ ပြသထားတယ်" ဟု အောင်မြေဘုရား ဂေါပကအဖွဲ့ဝင်တစ် ဦးက ပြောသည်။
စေတီပုံနှင့်ထူးခြားပုံများဖြစ်ပေါ် နေသော မန်ကျည်းပင်မှာ အခြေနှစ်ထွာ ရှိပြီး အမြင့် ၁၂ တောင်ရှိသည်။ အခြေမှ နှစ်ထွာရှိနေရာတွင် လွှဖြင့်ဖြတ်လှဲရာထူး ခြားပုံများ တွေ့ရခြင်းဖြစ်သည်။ အောင်မြေ ဂေါပကအဖွဲ့မှ အောင်မြေဗောဓိစေတီကို ဗုဒ္ဓဂယာပုံစံတူစေတီတော်တစ်ဆူကို စတင် ဆောက်လုပ်ရန် ပန္နက်ရိုက်ပြီးဖြစ်ကြောင်း သိရသည်။
ရင်းမြစ်...YGM
ဧပြီ(၂၀) ရက်နေ့ မူဆယ် တွင်လေပြင်းမုန်းတိုင်းတိုက်ခတ် ပျက်ဆီးဆုံးရှုံးမှုများပြား
တရုတ် - မြန်မာနယ်စပ် မူစယ်ခရိုင်အတွင်းပါဝင်သော မူစယ် မန့်ဟျှိုး (မန့်ဟီးရိုးမြို့)နယ်ခွဲ နှင့် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်တွင် အိမ်အမိုးများလွင့်စင်သွားခြင်း အိမ်ဝန်းထရံများပြိုလဲခြင်း သစ်ပင်များကျိုးကျ ခြင်းများနေရာအနှံ့ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ပြောသည်။
လေပြင်းတိုက်ခိုက်ချိန် ၁၀ မိနစ်နီးပါးခန့်အတွင်း မူစယ်မြို့တွင် ပျက်ဆီးမှုအထူးများပြားပြီး လျှပ်စစ်မီးလှိုင်း များ ယနေ့အထိ ပြတ်တောက်လျှက်ရှိကြောင်း မူစယ်မြို့ခံ တစ်ဦးက ပြောသည်။
“မူဆယ်မှာ အိမ်အမိုးလှန်တယ် စည်ပင်တန်းလျားတစ်ခုလုံး ပြိုသွားတယ် သစ်ပင်တွေတော့ တော်တော် ကျိုးသွားတာ ပေါ့ဗျာ တစ်ဝက်လောက်ကနေ ဟက်တက်တွေကျိုးကုန်တယ် မိုတယ်ရှေ့က ပိန္နဲပင်ကျောင်း နား ကအပင်တွေ ဂေါက်ကွင်း နားက အပင်တွေ ကာစတန်ရုံးနားက အပင်တွေ တော်တော်များများပါပဲ ” ဟု သူက ပြောသည်။
မူစယ်မြို့ပေါ်ရှိ ဟိုမွန်၊ ခရစ်ယာန် နှင့်တောင်ရပ်ကွက် တို့တွင် ထိခိုက်ပျက်ဆီးမှု ပိုများပြီး (၁၀၅) မိုင်ကုန် သွယ်ရေးဇုန် အတွင်း၌ ကုန်သွယ်ရေး ရုံးခန်းအဆောက်အဦး မှန်ချပ်များကွဲသွားကြောင်း သိရသည်။
မန့်ဟျှိုးမြို့နယ်ခွဲတွင် အိမ်ပြိုလဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု ဒေသခံများကဆိုသော်လည်း သီးခြား အတည်ပြုချက်မရရှိသေးပေ။
တရုတ်နယ်စပ် မူစယ်တစ်ဘက်ကမ်း ကျယ်ဂေါဝ်နှင့် ရွှေလီမြို့များတွင်လည်း လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်အမိုး ကွာကျခြင်းများရှိခဲ့ပြီး အချို့နေရာများတွင် ရေနှင့်လျှပ်စစ်မီးများပြတ်တောက်လျှက်ရှိသည်။
လေပြင်းတိုက်ခတ်အပြီး ယနေ့နံနက်ပိုင်းတွင် သျှမ်းပြည်(မြောက်ပိုင်း)၌ မြေငလျှင်လှုပ်မည်ဆိုသောကောဠာဟာဠ သတင်းဆက်တိုက်ထွက်ပေါ်လာသဖြင့် မူစယ်မြို့ ဒေသခံများအကြား စိုးရိမ်မှုများဖြစ်ပေါ် လျှက်ရှိကြောင်း သိရသည်။
ရင်းမြစ် သျှမ်းသံတော်ဆင့်
21 April 2010
ခေတ်မှီတိုးတက်မှုတွေ ရှိ တဲ့ နေပြည်တော် ဆေးရုံကြီးကဆရာဝန်မကြီးတဦး နမ့်ခမ်းဆေးရုံကိုပြောင်းရွေ့ပြီး မွေးလူနာခွဲ့စိတ်မွေးရာမိခင်ရောခလေးပါအသက်ဆုံးရှုံး
“၉ ရက်နေ့မှာခွဲစိတ်တယ်၊ ၁၀ ရက်နေ့မှာအမေဖြစ်သူသေတယ်။ နောက်တရက်တော့ကလေးထပ်သေတယ်”- ဟု အမည်မဖေါ်လိုသည့် ၎င်းမိသားစုအသိုင်းအ၀ိုင်းတဦးကပြောသည်။
ဧပြီ ၉ ရက်နေ့က နမ့်ခမ်းမြို့ ရပ်ကွက် (၁) အောင်မေတ္တာနေ စိုင်းအိုက်ဝင်း၏ဇနီး နန်းခမ်းခင် အသက် ၃၅ နှစ် မှာ နမ့်ခမ်းဆေးရုံ၌ မွေးလူနာအဖြစ် တက်ရောက် ခွဲစိတ်မီးဖွားခဲ့ရာ နေပြည်တော်မှ ပြောင်းလာသည့် ဆရာဝန် မကြီး ဒေါ်ခင်အုန်းကြည် အသက် ၅၀ ကျော်က ကိုယ်တိုင် ခွဲစိတ်ပေးခဲ့သော်လည်း ရက်ပိုင်း၌သာ ကလေးရော မိခင်ပါသေဆုံး သွားခဲ့ရကြောင်း - သိရပါသည်။
“ဆရာဝန်မ ဒေါ်ခင်အုန်းကြည်က ဧပြီ ၈ ရက်နေ့က ဘဲ နေပြည်တော်ကနေ ပြောင်းလာတာ။ ဘယ်လူနာမဆို ခွဲစိတ်ကုသရင် ကျပ်ငွေ ၅ သောင်း အရင်ပေးအပ်ရမယ်။ သူကိုယ်တိုင်မခွဲပေးတာတောင်မှ ကျပ် ၂ သောင်းကသူ့ကို ပေးရမယ်။ မရရင် ခွဲစိတ်ခွင့်လက်မှတ်ထိုးပေးမှာ မဟုတ်ဘူးလို့ ရောက်ရောက်ချင်းမှာဘဲ ပြောတယ်”- ဟု ဆေးရုံ အသိုင်းအ၀ိုင်းတဦးက ပြော၏။
သေဆုံးသွားသည့်မွေးလူနာ နန်းခမ်းခင်အား ဆေးရုံအုပ် ဒေါ်ခင်အုန်းကြည် နှင့် အတူ ဒေါက်တာရဲမြင့်က ကူညီခွဲ ပေးသည်ဟု ဆိုပါသည်။
“ခမ်းခင်သေတာ သူ့လက်ချက်ဘဲ၊ ကောင်းကောင်းခွဲစိပ်ကုသ မပေးလို့ပေါ့၊ သူပြောတဲ့အတိုင်း ပိုက်ဆံကျပ် ၅ သောင်း လဲ ကြိုတင်ပေးချေပြီးပြီဘဲ၊ အခုခေတ် ကလေးမွေးလို့ သေတယ်ဆိုတာ ရှာမှရှားဘဲ ၊ အခု ဆရာဝန် ကညံ့လို့ လူနာ သေရတာ ” - အောင်မေတ္တာရပ်ကွက်သားက ပြောပါသည်။
ယခု လူနာသေဆုံးသွားရသည့်အကြောင်းရင်းမှာ ဆရာဝန်က လူနာအသက်ထက် ပိုက်ဆံကိုပိုတန်ဖိုးထားခြင်း၊ ခေတ်မှီအသုံးအဆောင်မရှိခြင်း၊ လုပ်ငန်းအပေါ် အလေးမထားခြင်း၊ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာြုပစုစောင့် ရှောက်မှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု နမ့်ခမ်းမြို့ခံတဦးက ဤကဲ့သို့သုံးသပ်ပြပါသည်။
“ဆရာဝန်ဆိုတာ လူနာအပေါ် စေတနာထားရမယ်၊ ၀ါသနာ နဲ့ အတူ အနစ်နာခံရမယ်။ နာသုံးနာပေါ့ဗျာ၊ အခုဟာက ဒီလိုမှ မဟုတ်တာ၊ တခြားအစိတ်အပိုင်း သွားခွဲစိတ်မိလဲ ဘယ်သူကသိမှာလဲ”
နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံသည် အင်္ဂလိပ်ခေတ်က ဒေါက်တာစီးဂရေ့ဖ်Dr. Seagrave ဆေးရုံဟု ထင်ရှားပြီး မဆလ ခေတ်ဦးပိုင်း အထိ သျှမ်းပြည်တွင် အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုပေးသည့် ဆေးရုံတခုဖြစ်သည်။
ရင်းမြစ်..... သျှမ်းသံတော်ဆင့်
ဂျာနယ်တိုက်များသို့ စာပေစိစစ်ရေးမှ ဗုံးပေါက်ကွဲသတင်း တင်ချင်ပါစာမျက်နှာတိုးချဲ့ပြီးဖော်ပြခွင့်ပြုကြောင်းပြောဆို
နအဖစစ်အစိုးရသည် လူ (၈) ဦး သေဆုံးပြီး (၁၇ဝ) ကျော် ဒဏ်ရာရခဲ့သည့် ဧပြီ (၁၅) သင်္ကြန်ဗုံးကွဲမှု သတင်းကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် လုပ်ဆောင်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ချက် နောက်ကွယ်တွင် ရည်ရွယ်ချက် တစုံတရာ ရှိနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝိုင်းနှင့် ရန်ကုန်မြို့ခံများက သုံးသပ်နေကြသည်။
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့ ဂျာနယ်က သင်္ကြန်မတိုင်ခင်ကတည်းက စာမူတဝက်ကို တင်ထားရတယ်။ ကျန်တာကို ဒီရက်ပိုင်း တင်ရမယ်။ အဲဒါ ဂျာနယ်တိုက်ကို စာပေစိစစ်ရေးရုံးက အကြောင်းကြားတယ်။ နောက်ထပ်တင်မယ့် စာမူတွေအပြင် ဗုံးကွဲတဲ့သတင်းတွေ ထည့်ချင်တယ်ဆိုရင် စာမျက်နှာတိုးပြီး ခွင့်ပြုပေးမယ်။ နောက် အချိန်မီ စိစစ်ပေးမယ်။ မျက်နှာဖုံးမှာ တင်ချင်ရင်လည်း ခွင့်ပြုပေးမယ်ဆိုပြီး ပြောတယ်၊ ဒီလို အကြောင်းကြားတာ။ သင်္ကြန်အပြီး ထွက်မယ့် ဂျာနယ် အားလုံးလိုလိုလောက်ကိုပဲ။ ကြည့်ရတာ ဂျာနယ်တိုင်းလိုလိုမှာ ဗုံးကွဲတဲ့သတင်းကို ပါစေချင်ပုံရတယ်။ ဒါဟာ အထက် စစ်အာဏာပိုင်တွေက ညွှန်ကြားတာဖြစ်ပြီး နောက်ကွယ်မှာ ရည်ရွယ်ချက်တခုခု ရှိပုံရတယ်” ဟု ပြောသည်။
အလားတူ အခြားဂျာနယ် အယ်ဒီတာတဦးကလည်း သင်္ကြန်အပြီး လက်ရှိအချိန်ထိ မြန်မာတိုင်းမ်၊ လျှပ်တစ်ပြက်၊ ဝီးကလီးအလဲဗင်း၊ ပေါ်ပြူလာ စသည့်သတင်းဂျာနယ် (၄) စောင်ထွက်ပြီး (၃) စောင်၏မျက်နှာဖုံးမှာ ဗုံးကွဲသည့်သတင်းဖြစ်ကာ လျှပ်တစ်ပြက်ဂျာနယ်တွင်မူ ထူးထူးခြားခြား သေဆုံး၊ ဒဏ်ရာရသည့် လုံခြုံရေးဝန်ထမ်းများကို နာမည်နှင့်တကွ ဖော်ပြထားကာ ၎င်းတို့အနက် အမှတ် (၄) စစ်ဒေသ စစ်ဒေသမှူးကြီး အုံးချို၏နာမည်ကို ဖော်ပြထားခြင်းသည် အလွန်ထူးခြားသည်ဟု ပြောကြားသည်။
ပြီးခဲ့သည့် အနှစ် (၂ဝ) ကျော် ၈၈ အရေးအခင်းကာလတွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ တာဝန်ပေးချက်အရ သတင်းစုဆောင်းရေးနှင့် အဖျက်အမှောက်လုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်ခဲ့သူ ယခု အသက် (၆ဝ) ကျော်အရွယ် ဗိုလ်မှူးဟောင်းတဦးက အကယ်၍ ယခု ဗုံးကွဲမှုကို စစ်အစိုးရကသာ အကောင်အထည် ဖော်သည်ဆိုပါက အောက်ခြေအဆင့် အာဏာပိုင်များ မဆိုထားနှင့် တိုင်းမှူးအဆင့်လောက်ကပင် မသိနိုင်ကြောင်း ပြောဆိုသည်။
၎င်းက “အခု ဗုံးကွဲမှုမှာ လုံခြုံရေးအဖွဲ့ဝင်တွေ သေကြေ ထိခိုက်ဒဏ်ရာရတာကို ဖုံးကွယ်မထားဘဲ ကျယ်ကျယ်ပြန့်ပြန့် ၀ါဒဖြန့်နေတာကို ကြည့်ရင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက အခုဗုံးကွဲ ကျူးလွန်သူတွေဟာ သူတို့အစိုးရကို မလိုလားတဲ့ သူတွေအဖြစ် ပုံပေါ်စေချင်တာ ထင်ရှားတယ်။ မကြာခင် ဆန့်ကျင်ဘက် အင်အားစုတွေကို စွပ်စွဲ၊ ဖမ်းဆီး၊ အရေးယူတာတွေ လုပ်လာနိုင်တယ်” ဟု ပြောသည်။
စစ်အစိုးရ အာဏာပိုင်များသည် ဗုံးကွဲသတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့်ပေးနေသကဲ့သို့ မသင်္ကာသူ ဖမ်းဆီးရမိရန် ကူညီနိုင်ပါက ဆုငွေ ကျပ် (၁ဝ) သိန်းပေးမည့် ကြော်ငြာစာရွက်များကို ရန်ကုန်မြို့လယ် လမ်းဆုံလမ်းခွများတွင် လိုက်လံကပ်ထားကြောင်း မြို့ခံများက ပြောသည်။
ရင်းမြစ် ခေတ်ပြိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အကြမ်းဖက် မူဝါဒ မရှိ၊ ဟံသာဝတီဦးဝင်းတင် ထုတ်ဖော်ပြောဆို
ဧပြီလ ၁၅ - သင်္ကြန်အကြပ်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်း ရေပက်မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲပြီး လူအများ သေကျေဒဏ်ရာရသည့် အရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပတွင် ရှုပ်ထွေးသော တုန့်ပြန်မှုများ၊ ပြောဆိုဝေဖန်မှုများ ဖြစ်ပေါ်နေခဲ့ပါတယ်။
အဲသည်အချက်တွေကြောင့် ဆရာဦးဝင်းတင်ကို အဆိုပါ အရေးအခင်းနဲ့ ပတ်သက်ပြီး ၎င်းရဲ့သဘောထားကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဆရာဦးဝင်းတင်က ပြန်လည်ဖြေကြားရာမှာ -
“အင်န်အယ်ဒီပါတီမှာ အကြမ်းဖက်လုပ်ငန်းလုပ်ရပ်တွေအတွက် အစဉ်အလာ မရှိဘူး။ အခုတလောက မီဒီယာတွေက မေးလာတဲ့အခါမှာပြောခဲ့တဲ့ အချက်တွေပဲ ပြန်ပြီး ပြောပြပါ့မယ်။ အင်န်အယ်ဒီမှာ အခုလိုမျိုး အကြမ်းဖက်သမားတွေ မရှိဘူး။ ပါတီရဲ့ မူဝါဒမှာလည်းလဲ အကြမ်းဖက်ရေး မပါဝင်ဘူး။ ပါတီအဖြစ် ရပ်တည်နေစဉ်မှာကော၊ ပါတီတရပ် မဟုတ်တော့သည့်နောက်ပိုင်းမှာကော - “အင်န်အယ်ဒီ” ဆိုတာ အကြမ်းဖက်လမ်းစဉ်ကို မကိုင်စွဲဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်သေဆုံးရတာအတွက်လည်း ၀မ်နည်းရပါတယ်။ အများပြည်သူတွေနဲ့အတူ စိတ်မကောင်းဖြစ်ကြရပါတယ်။
နောက်အရေးကြီးတဲ့ အချက်ကတော့ - လက်ရှိစစ်အစိုးရမှာ အများပြည်သူရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့ တရားမျှတတဲ့ ဥပဒေနဲအညီ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဲသည်လိုအချိန်မှာ ပြည်တွင်း ပြည်ပကို အရမ်းကာရော စွတ်စွဲတာတွေ၊ လက်ညှိုးထိုးနေတာတွေ လုပ်နေဖို့ မလိုဘူးလို့ ထင်ပါတယ်။
ပြီးတော့ အင်န်အယ်ဒီကို တရားဝင် စွတ်စွဲလာရင်တော့ အင်န်အယ်ဒီကလည်း တရားဝင် ပြန်လည် ဖြေရှင်းချက် ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်၊ ခုချိန်မှာတော့ ကျနော့်သဘောထားကတော့ သည်လောက်ပဲ ဖြစ်ပါတယ်”
လို့ ဖြေကြားပါတယ်။
၎င်းနောက် ကွယ်လွန်သူ စာရေးဆရာကြီးလင်းယုန်မောင်မောင်ရဲ့ သားဖြစ်သူ သားကြီးမောင်ဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ သားအဖနှစ်ဦးကို စစ်အစိုးရ က အကြောင်းတစုံတရာ ထုတ်ပြန်ခြင်း၊ မိသားစုများထံ ပြန်ကြားခြင်း မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားသည့်အပေါ်မှာ ၎င်းသဘောထားကို ပြောကြားရာမှာ -
“ဟုတ်တယ်။ ကျနော်ကြားတယ်။ စာရေးဆရာလင်းယုန်မောင်မောင်ရဲ့ သားနဲ့ မြေးကို ဖမ်းသွားကြတယ်တဲ့။ ကျနော့်အမြင်ကတော့ သူတို့တွေက စာပေသမားတွေ၊ မီဒီယာတို့ ဓာတ်ပုံတို့ လုပ်ကြတယ်။ သင်္ကြန်တွင်းမှာလည်း အများနဲ့အတူ သူတို့လုပ်စရာ သူတို့ ပုံမှန်လုပ်နေကြတာ ဖြစ်တယ်။ အဲသည်မှာ ဗုံးပေါက်တဲ့ဆီမှာ သားကို ဓာတ်ပုံရိုက်လို့ဆိုပြီး ဖမ်းတယ်။ ပြီးတော့ အဖေကို နောက်တရက် အိမ်မှာသွားပြီး ဖမ်းတယ်ဆိုတာကတော့ အလွန်စိတ်မကောင်းစရာကောင်းတဲ့ အဖြစ်ပါပဲ။ စာပေနဲ့ စာနယ်ဇင်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ စာပေအသိုင်းအ၀ိုင်းတခုလုံးအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ အဲသည်လိုပဲ ပြောချင်ပါတယ်”
လို့ ဖြေကြားပါတယ်။
ဆရာက လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြိး လောလောဆယ် လုပ်ကိုင်နေသည်များအပေါ် အနည်းငယ် ရှင်းပြပေးဖို့ ပြောတဲ့ဆီမှာ ဆရာက အောက်ပါအတိုင်း ပြောကြားပါတယ်။
“အခုချိန်မှာ အစုအဖွဲ့တွေကော၊ မိတ်ဆွေတွေ၊ ဘက်ဂရောင်းမျိုးစုံက သူတွေနဲ့ တွေ့ဆုံစကားပြောနေရတာတွေကတော့ အများကြီးပါပဲ။ အခုအချိန်မှာ ပြောနေရတဲ့ ကိစ္စတခုက လက်ရှိအခြေအနေမှာ ကျနော်တို့က လမ်းမမှားဘူး။ လမ်းမှားကိုလိုက်နေတာမဟုတ်ဘူး ဆိုတာကို ပြောပြရတယ်။ လမ်းမှန်လား မမှန်လားတော့ ကျနော်တဦးတည်းအနေနဲ့တော့ မပြောတတ်ပေမယ့် လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးနောက်ကိုသာ လိုက်လို့ကတော့ ကျနော်တို့ လမ်းမပျောက်ဘူး ဆိုတာ သေချာတယ် ဆိုတာကို ပြောနေရတယ်။ နောက်ပြီးတော့လည်း လက်ရှိအခြေအနေမှာ တောလမ်းပဲဖြစ်ဖြစ်၊ ခြုံနွယ်ပိတ်ပေါင်းတွေပဲဖြစ်ဖြစ် လမ်းဆက်လျောက်နေဖို့ အရေးကြီးပါတယ်။ သံသယသားကောင်အဖြစ်ခံပြီးတော့ သစ်ပင်ကြီးအောက်မှာ ထိုင်နားနေတာမျိုး ကျနော့်အနေနဲ့ မဖြစ်ချင်ဘူး။ လမ်းမှန်ဆိုတာကတော့ အားလုံး ညှိနှိုင်းဆွေးနွေးပြီးတော့ ၀ိုင်းပြီးတော့ ဦးတည်သွားကြရမှာ ဖြစ်မယ်လို့ ပြောချင်ပါတယ်”
လို့ ပြောလိုက်ပါတယ်။
အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ
ရှုခင်း
အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်းအနိုင်ရခဲ့ေ
ဖြစ်စဉ်
အခုဖော်ပြခဲ့တဲ့မြင်ကွင်းဟာ အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၈ ခုနှစ်က တကယ် ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ အမ်ဒီစီပါတီ ခေါင်းဆောင် စဗန်ဂီရိုင် က အာဏာရှင် မူဂါဘီကို ၂၀၀၈ မတ် ၂၉ ရက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ မူဂါဘီ က မဲလိမ်ပြီး အမ်ဒီ စီပါတီဟာ မဲ ၅၀ ရာခိုင်နှုန်းကျော်မရလို့ဆိုကာ ဒုတိယအချီရွေးကောက်ပွဲကို ၂၀၀၈ ခု ဇွန် ၂၇ ရက်မှာ ပြန်လုပ်ခိုင်းခဲ့ပါတယ်။ (တ ကယ်တော့ စဗန်ဂီရိုင် ဟာ မဲ ၅၁ သို့မဟုတ် ၆၇ ရာခိုင်နှုန်းရခဲ့ပေမဲ့ မူဂါဘီက ကလိမ်ကညစ်လုပ်ပြီး အတိုက်အခံက ၄၇.၉ ရာခိုင်နှုန်း၊ မူဂါဘီ က ၄၃.၂ ရာခိုင်နှုန်းရတယ်လို့ ရွေးကောက် ပွဲပြီးတလအကြာ မေလ ၂ ရက်နေ့ကျမှ တရားဝင် ကြေညာခဲ့တာဖြစ်ပါတယ်။)
အဲဒီပထမရွေးကောက်ပွဲပြီးတော့ အတိုက်အခံပါတီဌာနချုပ်ကို ဝင်စီးနင်းပြီး ရုံးချုပ်မှာရှိနေသူ အားလုံးကို ဖမ်းသွားတာ၊ လွှတ်တော်အ မတ်တွေအပါအဝင် ပါတီဝင်တွေကို ဖမ်းတာ ရိုက် နှက်တာ သတ်ဖြတ်တာ (ပထမရွေးကောက်ပွဲနဲ့ ဒုတိယရွေးကောက်ပွဲကြားမှာ အတိုက်အခံ ပါတီဝင် အနည်းဆုံး ၄၃ ယောက် အသတ်ခံခဲ့ရပါတယ်)၊ ရပ်ထဲရွာထဲ လျှို့ဝှက်ဗုံးခွဲတာတွေ၊ အတိုက်အခံကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူလူထုတွေ တိုင်းရင်းသားလူမျိုးစုငယ်တွေကိ
နိုင်ငံတကာပိုင်းမှာတော့ ကုလသမဂ္ဂမှာ တရုတ် နဲ့ ရုရှား တို့က ဗီတိုအာဏာသုံး ကာကွယ်ပေးပေမဲ့ ကမ္ဘာ့နိုင်ငံတွေက ပြင်းထန်ထိ ရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေချနိုင်
ဒီလိုနဲ့ ဇွန်လ ၂၇ ရက်ရွေးကောက်ပွဲမှာ မူဂါဘီ မဲ “အပြတ်အသတ်” နဲ့အနိုင်ရပြီး သမတ ဖြစ်ခဲ့ပေမဲ့ အမ်ဒီစီပါတီက ပြင်းထန်လှတဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ပြီး ကြံ့ခိုင်တဲ့ရပ်တည် ချက်နဲ့ တိုက်ပွဲဝင်မှုကြောင့် မူဂါဘီ နိုင်ပြီးတလမပြည့်ခင် ဇူလိုင် ၂၅ ရက်မှာ အိမ်နီးချင်း တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့တော်မှာ အာဏာရအစိုးရနဲ့ အတိုက်အခံတွေအကြား ဒိုင်ယာလော့ စလုပ်ခဲ့ရပါတယ်။ တချိန်က မူဂါဘီကိုထောက်ခံခဲ့တဲ့ တောင်အာဖရိက သမတ အမ်ဘီကီက ကြားဝင်စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၁ ရက်မှာတော့ မူဂါဘီဟာ ဆဗန်ဂီရိုင်နဲ့ အာဏာခွဲဝေရေး စာချုပ်ကို လက်မှတ်ထိုးလိုက်ရပါတော့တယ်။ ဒီစာချုပ်အရ မူဂါဘီဟာ သမတ ရာထူးကို ဆက်ယူထားပေမဲ့ ဆဗန်ဂီရိုင်နဲ့ အမ်ဒီစီပါတီကို ဝန်ကြီးချုပ် ရာထူးနဲ့ အစိုးရဝန်ကြီးရာထူးအားလုံး ပေးလိုက်ရပါတော့တယ်။ ဒါပေမဲ့ မူဂါဘီက အမျိုးသား လုံခြုံရေးကောင်စီကို ဆက်ကိုင်ထားပြီး စစ်တပ်ကို ဆက်လက်ချုပ်ကိုင်ထားပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ ဆဗန်ဂီရိုင်ဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တရား ဝင် ရာထူးလက်ခံခဲ့ပါတယ်။
အခုအချိန်မှာ ဇင်ဘာဘွေနိုင်ငံဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုက ရေစီနိုင်ငံ မဖြစ်သေးပါဘူး။ မူဂါဘီနဲ့ လက်ကိုင်ဒုတ်ကြံ့ဖွတ်တွေ၊ စစ် တပ်၊ ရဲ၊ လုံထိန်းတို့ဟာ လစ်ရင်လစ်သလို အမ်ဒီစီ ပါတီနဲ့ ပြည်သူပြည်သားတွေအပေါ် နှိပ်စက်တာ မတရားလုပ်တာတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်မီကာလကနဲ့စာ
ဇင်ဘာဘွေနိုင်ငံဟာ ၁၉၈၀ ခုနှစ်မှာ လက်ရှိသမတမူဂါဘီ ခေါင်းဆောင်တဲ့ လက်နက်ကိုင် တော်လှန်ရေးနည်း အခြေခံနဲ့ အာဏာရလာပြီး လွတ်လပ်ရေးရလာခဲ့ပါတယ်။ တချိန်က မာ့က်စ်ဝါဒ မော်စီတုံးဝါဒတွေ ကြွေးကြော်တဲ့ တော်လှန်ရေးသမားဖြစ်ခဲ့ပေမဲ့ အာဏာ ရလာတဲ့အခါ ဇိမ်တွေ့သွားလို့ ကုလားထိုင်ပေါ်ကမဆင်းတော့ဘဲ အတိုက်အခံတွေ တိုင်းရင်း သားလူမျိုးငယ်တွေအားလုံးကို ရက်ရက် စက်စက်နှိမ်နင်းခဲ့ပါတယ်။ (၁၉၈၂ နဲ့ ၁၉၈၅ ကြားမှာ တင် လူ ၂၀၀၀၀ ကျော် အသတ်ခံခဲ့ရတယ်။) တိုင်းပြည်ရဲ့ စည်းစိမ်ဥစ္စာအားလုံးကိုလည်း ကိုယ်ပိုင်လိုသဘောထား သုံးဖြုန်းပစ်ခဲ့တဲ့အတွက် တချိန်က အာဖရိကတိုက်မှာ အချမ်းသာ ဆုံးစာရင်းဝင်ခဲ့တဲ့ ဇင်ဘာဘွေဟာ စီးပွားရေးဒလဟောကျဆင်းပြီး ကျန်းမာရေး ပညာရေး လူမှုရေး နိုင်ငံရေး ဒုက္ခပေါင်းစုံဖိစီးလို့ အာဖရိကတိုက်ရဲ့လူမမာကြီးဖြစ်လာ
တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံလွတ်လပ်ရေးသက်တမ်း အနှစ် ၂၀ သို့မဟုတ် မူဂါဘီ အာဏာရှင်လုပ်နေခဲ့တဲ့ အနှစ် ၂၀ လုံးလုံး ဘာမြေယာတော်လှန်ရေးမှ မလုပ်ခဲ့ဘဲ စီးပွားရေး တွေချွတ်ချုံကျလာလို့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ အစိုးရဝန်ထမ်းတွေ၊ တိုင်းရင်း သားလူနည်းစုတွေရဲ့ နိုင်ငံရေးမကျေနပ်မှုတွေ များသထက်များလာတဲ့ ၂၀၀၀ ပြည့်နှစ်ဝန်း ကျင်ကျမှ လူထုကိုအာရုံလွှဲဖို့ လူဖြူမြေရှင်ကြီးတွေပိုင်တဲ့ မြေယာတွေကိုသိမ်းယူ၊ မြေယာဝေ ခြမ်းရေးတွေလုပ်ပြီး တော်လှန်ရေးရဲဘော်ဟောင်းတွေ၊ ကျေးလက်လူထုတွေကို စည်းရုံးချွေး သိပ်ဖို့ လုပ်လာတာဖြစ်ပါတယ်။
ဒါပေမဲ့ ငွေကြေးဖောင်းပွမှုက (ဒေါ်လာ သန်း ၁၀၀,၀၀၀ 100 billion dollar တန် သို့မဟုတ် ၁၀၀,၀၀၀,၀၀၀,၀၀၀ တန် ငွေစက္ကူတွေ ထုတ်ရလောက်အောင်) ရာခိုင်နှုန်း ၂၃၁ သန်း အထိတက်လာပြီး အလုပ်လက်မဲ့နှုန်းက ၉၀ ရာခိုင်နှုန်းကိုရောက်လာတော့ ဘယ်လိုပဲ အလိမ်အညာမှိုင်းတွေတိုက်ပေမဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့ဘက်တော်သားတွေဟာ အကြမ်းဖက်ဖိနှိပ်မှုတွေ အပြင်းအထန်နှိပ် ကွပ်မှုတွေကြားကနေ ကြံ့ကြံ့ခံတိုက်ပွဲဝင်ခဲ့ကြရာက အခုနောက်ဆုံးမှာ ပြည်သူ့အစိုးရရှေ့ပြေး အာဏာခွဲဝေ ကြားဖြတ်အစိုးရအဆင့်ကို ရောက် လာပြီဖြစ်ပါတယ်။
လက်တွေ့
အခုလည်း ဗမာပြည်မှာ အဲင်အယ်လ်ဒီက ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆုံးဖြတ်ချက် မှားသွားပြီ၊ ရက် ၆၀ ပြည့်ရင် နိုင်ငံရေးပါတီအဖြစ်က ပျက်ပြက်သွားတော့မယ်၊ ပါတီတခုအဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကို ရောက်နေပြီ လို့ စစ်ကျွန်အလံရှူးတွေ အာဏာရှင်ပွဲစားတွေက ဟောင်သံပေးနေကြပါတယ်။ ဒါပေမဲ့ အာဖရိကတိုက်က ဇင်ဘာဘွေ နိုင်ငံမှာ အခုလို ရွေးကောက်ပွဲမဝင်တာ လုံးဝမှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်ကလျှော့ခဲ့ရတာ သာဓကအထင်အရှား ရှိနေပါတယ်။
ဒါကြောင့် အဲင်အယ်လ်ဒီ ပါတီဝင်တွေ၊ ၉၀ ခုမှာနိုင်ပြီးသား လွှတ်တော်ကိုယ်စားလှယ်တွေ ကသာ တကယ်လုပ်မယ်ဆိုရင် လက်ရှိကာလဟာ အဲင်အယ်လ်ဒီရဲ့ အာဏာလမ်းဝက ပထမဆုံးနေ့များ ဖြစ်သွားပါလိမ့်မယ်။
ဂါမဏိ
ဦးတေဇပိုင် ထူးကုမ္ပဏီက ဥရုချောင်းတွင် ရွှေရှာသည့်လုပ်ပိုင်ခွင့်ရရှိ
ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းဒေသရှိ ဥရုချောင်းရိုးတလျောက်တွင် ရွှေရှာခွင့်ကို ဦးတေဇ၏ ထူးကုမ္ပဏီက မကြာသေးမီလပိုင်းက ရရှိထားပြီး ယခု တရုတ်နိုင်ငံသားများက လာရောက်လုပ်ကိုင်နေသည်။
ဖားကန့်မြို့နယ်၊ တာမခံအောက်ဖက် ဟောင်ပါးကျေးရွာမှစ၍ ချင်းတွင်းမြစ်ဖျား ဟုမ္မလင်းမြို့အထိ ဥရုချောင်း တလျောက်တွင် ရွှေရှာရန်ရှိပြီး ယခု ရွှေဖောင်(၃)စီး ဟောင်ပါးကျေးရွာအနီးတွင် တပ်ဆင်ပြီးစီး၍ ရွှေစတင်ရှာ နေကြသည်ဟု ဖားကန့်ဒေသခံ တဦးက ပြောသည်။
“အဲဒီရွှေဖောင်တွေကို တစစီဖြုတ်ပြီး တရုတ်ပြည်ဘက်ကနေ ကားတွေနဲ့ သယ်လာတာ။ စုစုပေါင်း ကားအစီး (၂၀)ရှိတယ်။ ရွှေဖောင်တွေ ဘယ်လောက်ဆိုတာတော့ မသိဘူး။ လောလောဆယ်(၃)စင်း တပ်ဆင်ပြီး သွားပြီ။” ဟု ပြောသည်။
ရွှေဖောင်ဆိုသည်မှာ သံဖြင့်ပြုလုပ်ထားသည့် ဖောင်နှင့်အလားသဏ္ဍာန်တူ စက်တပ် ရေယာဉ်ဖြစ်ပြီး ယာဉ်ပေါ် တွင် ရေအောက်ကြမ်းပြင်မှ သဲများကို စုတ်ယူနိုင်သည့်စက်များ၊ ဆယ်ယူရရှိသည့်သဲများထဲမှ ရွှေများကို ရှာဖွှေ သန့်စင်သည့် စက်များပါ တပါတည်း တပ်ဆင်ထားသည်။
မြစ်ဆုံဒေသနှင့် မြစ်ကြီးနားအကြား ဧရာဝတီမြစ်တလျောက် ယခင်က ရွှေဖောင်များသုံး၍ ရွှေရှာဖွှေ မှုများ ပြုလုပ်နေခဲ့ရာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများရှိလာ၍ မကြာ သေးမီ လပိုင်းက ပိတ်ထားခဲ့ပြီး ဥရု ချောင်းတွင်မူ ယခုလို ရွှေရှာခြင်းကို ခွင့်ပြုထားခြင်း လည်း ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။
“မြစ်ဆုံမှာတော့ ပိတ်ထားလိုက်ပြီ။ ဒီမှာတော့ ဥရုချောင်းသန့်ရှင်းရေးအကြောင်းပြပြီး ဦးတေဇကို လုပ်ပိုင်ခွင့် ပေးထားတာ။ သူက နာမည်ခံတာ။ လုပ်တာက တရုတ်တွေက လာလုပ်နေတာ။” ဟု ပြော သည်။
ရွှေရှာဖွှေရေးတွင် အသုံးပြုသည့် ပြဒါးနှင့် အက်ဆစ်များကြောင့် ရေနေ သတ္တ၀ါများကို အန္တရာယ်ဖြစ်စေ သလို ရေများမှာလည်း မသန့်ရှင်းနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ဝေဖန်ထောက်ပြနေ ကြသည်။
ရင်းမြစ်.. သတင်းနှင့်မီဒီယာ ကွန်ယက်။
ကန်တော်ကြီး ဗုံးခွဲတရားခံအား(နအဖ) စစ်အစိုးရထံသို့ တာဝန်သိပြည်သူတဦးမှသက်သေအထောက်အထား ဓါတ်ပုံဖြင့် ဖေါ်ထုတ်နိုင်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်။
မြန်မာပြည်သူပြည်သားများ စိတ်ရွှင်လန်းချမ်းမြေ့စွာနဲ့  ပျော်ရွှင်စွာ ဆင်နွဲလျက်ရှိကြချိန်တွင် တိုင်းပြည်နှင့် လူမျိုးအား အမြဲထာဝစဉ် ဒုက္ခပေးနေသော အကြမ်းဖျက်သမားသည် ရန်ကုန်သင်္ကြန် ဗုံးခွဲမှုနောက်ကွယ်မှ လက်မည်းကြီးဖြင့် ကြိုးကိုင်ချယ်လှယ် အမိန့် ပေးကာ စီစဉ်စေခိုင်းခဲ့ရုံသာမက ကိုယ်တိုင်ကိုယ်ကျ ဗုံးဖေါက်ခွဲခဲ့ကြောင်း သိရှိရပါသည်။
ဤရက်စက်ကြမ်းကြုတ်မှုကြီးကို ဘယ်သူကျူးလွန်ခဲ့သလည်းဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်းနေပါပြီ။ ပြည်သူလူထုမှ အကြမ်းဘက်သမားကို အမြန်ဖေါ်ထုတ်ရန်နှင့် နောက်ကွယ်မှ အမိန့် ပေးစေခိုင်းနေသူကို ဖေါ်ထုတ်ပေးနိုင်သူအား ဆုငွေ (၁၀) သိန်း ချှီးမြှင့်မည် ဖြစ်ပါသည်။
သတင်းမှန်အား အထောက်အထားများနှင့်တစ်ကွ ဖေါ်ထုတ်နိုင်မည်ဆိုပါက နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချူပ် ကျော်ဆန်းထံ တိုက်ရိုက် လိပ်မူတပ်၍ လျှို့ ဝှက်စာအဖြစ် အလျင်အမြန် ပေးပို့ အကြောင်းကြားပါရန် အသိပေးအပ်ပါသည်။
နောက်ဆက်တွဲ အထူးသတင်း (အချပ်ပို) –
နေ့ စွဲ - ဧပြီလ (၁၉) ရက်နေ့ စွဲပါ နေပြည်တော် အထူးကြေညာချက် အမှတ် (၀၀၀/၀၄/၂၀၁၀) ပါ အများပြည်သူသိစေရန်အလို့ ငှာ ထုတ်ပြန်ကြေညာချက်အရ ရန်ကုန် ကန်တော်ကြီး X20 ရေကစားမဏ္ဍပ် ဗုံးခွဲခဲ့သည့် လက်သည်တရားခံအား ထိရောက်စွာ သတင်းပေးနိုင်ပါက ဆုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ၏ ညွှန်ကြားချက်အရ တာဝန်သိ လုပ်သားပြည်သူတစ်ဦးမှ အထောက်အထား သက်သေမှတ်တမ်း ဓါတ်ပုံများဖြင့် ပေးပို့ လာပါသဖြင့် ဗုံးဖောက်ခွဲသည့် တရားခံအား ဖေါ်ထုတ်ရရှိပြီ ဖြစ်ပါကြောင်း အများပြည်သူ သိစေရန်နှင့် တည်ဆဲဥပဒေ စည်းမျည်းစည်းကမ်းများဖြင့် အရေးယူသွားမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။
(ရန်ကုန် ကန်တော်ကြီး ဗုံးခွဲတရားခံ၏ သက်သေအထောက်အထား ဓါတ်ပုံအား ကြေညာချက်အောက်တွင် ဖေါ်ပြထားပါသည်)။
ပုံ -
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)။
မိတ္တူသို့  -
(၁) ကမ္ဘာ့ကုလသမဂ္ဂ၊ အထွေထွေအတွင်းရေးမှူးချူပ်။
(၂) အပြည်ပြည်ဆိုင်ရာ တရားရုံး၊ တရားသူကြီးချူပ်။
(၃) အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာမှု အဖွဲ့ အစည်း။
(၄) ကမ္ဘာ့ကြက်ခြေနီအသင်းကြီး။
(၅) နိုင်ငံတကာ အလုပ်သမားအဖွဲ့ ချူပ်။
(၆) နစ်နေမန်း၊ နစ်နေမန်းဘလော့။
ရန်ကုန် ကန်တော်ကြီး X20 ရေကစားမဏ္ဍပ် ဗုံးခွဲခဲ့သည့် လက်သည်တရားခံပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ရန်ကုန် ကန်တော်ကြီး ဗုံးခွဲတရားခံအား သက်သေအထောက်အထား ဓါတ်ပုံအား ပေးပို့ ဖေါ်ထုတ်ပေးသူ နစ်နေမန်းအား အများပြည်သူတို့  ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ပြန်လည်ပေး ပို့လာသော ကိုနစ်နေမန်း အားကျေးဇူးအထူးတင်ရှိပါသည်.။
20 April 2010
အိုက်စလန်မီးတောင် ပြာမှုန်များကြောင့် ခရီးသည်သန်းနှင်ချီ၍ အခက်ကြုံ
ဥရောပ ယူနီယံ(EU)က အိုက်စလန်ရှိ မီးတောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသော မီးတောင်ပြာများကြောင့် ဥရောပလေကြောင်း သွားလာရေးကို အကြီးအကျယ် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာစေမှုအပေါ် အရေးပေါ် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အိုက်စလန်နိုင်ငံတောင်ပိုင်းမှ Eyjafjallajoekull မီးတောင်ကြီး ပြီးခဲ့သည့် သီတင်းပါတ်က ပေါက်ကွဲခဲ့ပြီးနောက် ကောင်းကင်တွင် မီးခိုးပြာများ ဖုံးလွှမ်းနေရာ ဥရောပ နိုင်ငံအတော်များများမှ ခရီးသည် (၆.၈)သန်းတို့သည် ဧပြီလ (၁၉)ရက်နေ့တွင် ပဉ္စမမြောက်နေ့အဖြစ် သောင်တင်နေဆဲဖြစ်သည်။ EU၏ သယ်ယူပို့ဆောင်ရေးဌာန တာဝန်ရှိသူ ဆင်မ်ကားလက်စ်က မီးတောင်ပြာများကြောင့် ဖြစ်ပေါ်နေသော တိမ်တိုက်များ ရှင်းလင်းသွားသည်အထိ စောင့်နေရေးမှာ လက်တွေ့မကျကြောင်း ပြောကြားခဲ့သည်။
ယခုအခါ ပြင်သစ်၊ ဗြိတိန်၊ စပိန်နှင့် မြေထဲပင်လယ် နိုင်ငံအချို့ အပါအ၀င် နိုင်ငံပေါင်း (၂၀)ကျော်တို့မှာ လေယာဉ်ခရီးစဉ်များ ဆိုင်းငံ့ထားလိုက်ရကြောင်း သိရသည်။ ကားလက်စ်က အချို့လေကြောင်းလိုင်းများသည် တစ်နေ့လျင် ဒေါ်လာသန်း(၂၀၀)မျှထိ နစ်နာဆုံးရှုံးနေကြောင်း ပြောကြားခဲ့သည်။ ဆားဓာတ်ပါသော ပြာမှုန်များသည် အာတိတ်စက်ဝိုင်းမှစကာ တောင်ဖက်မြေထဲပင်လယ်ထိ ရောက်ရှိနေကြောင်း စပိန်ဝန်ကြီးချုပ် ဒီယေးဂိုးလိုပက်ဇ် ဂါရီဒိုက ပြောကြားခဲ့သည်။
ကောင်းကင်ပြင်ကို ပိတ်ဖုံးနေသော မီးတောင်ပြာ တိမ်တိုက်များကြောင့် ရေကြောင်းသွားလာရေးတွင်လည်း အခက်အခဲများ ကြုံနေရပြီး ဗြိတိသျှ တော်ဝင်ရေတပ်သည် ပင်လယ်ထဲတွင် လမ်းကြောင်းပျောက်နေသော သင်္ဘောများအား ကူညီလမ်းပြပေးနေရကြောင်း သိရသည်။
ဧပြီလ(၁၄)ရက် မီးတောင်စတင် ပေါက်ကွဲသည့်နေ့တွင်ပင် ဗြိတိန်မှ လေယာဉ်ခရီးစဉ် (၆၃)ခုအား ဖျက်သိမ်းလိုက်ရသည်။ အနည်းဆုံး လေဆိပ်(၃၁၃)ခုတွင် ခရီးစဉ်များ ရွှေ့ဆိုင်းနေရပြီး ခရီးသည် (၆.၈)သန်းမျှ သောင်တင်နေသော အခြေအနေအတွက် EUခေါင်းဆောင်များကြား အလေးထား ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ၀န်ကြီးချုပ် ဂါရီဒိုက ပြောကြားခဲ့သည်။ မီးတောင်ပြာများကြောင့် ဥရောပဒေသရှိ စိုက်ပျိုးရေး လုပ်ငန်းများအတွက်လည်း စိုးရိမ်စရာ ဖြစ်နေကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။
ရင်းမြစ် BBC
နွားရိုင်းတွေ ခွေ့တဲ့ပွဲမှာ ငါတို့ပြည်သူတွေက မြေဇာပင်ဖြစ်ရတယ်။
၂၀၁၀ အတာသင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် သေဆုံးမှုများမှာ ပိုမိုတိုးပွားလာနေပါသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နအဖ စစ်အစိုးရ၏ လက်အောက်ခံ စစ်တပ်မှ အရာရှိအရာခံများ ၊ မယက ဥက္ကဌ ၊ စည်ပင်ဝန်ထမ်း ၊ရယကများနှင့် အပြစ်မဲ့သော ပြည်သူ
ယနေ့အထိ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး
ပေးပို့လာသူ့ Burma Paparazi အားကျေးဇူးတင်ပါသည်။
အဲပုဂံပိုင်ရှင် တေဇရဲ့ နအဖသတင်းစာပါအလှူငွေနဲ့ အဲပုဂံပိုင်ရှင်တေဇသားများနှင့်အပေါင်းအပါတို့ရဲ့ ထင်တိုင်းကျဲနေကျသောဓာတ်ပုံများ
သင်္ကြန်အကြတ်နေ့  ရန်ကုန် ကန်တော်ကြီး ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရလို့  ဆေးကုသခံယူနေတဲ့သူတွေအတွက် တေဇရဲ့  Air Pagan အဲပုဂံကလေကြောင်းလိုင်းကနေ အလှူငွေ မြန်မာကျပ်ငွေ သိန်းတစ်ရာကျော် လှူဒါန်းပါသတဲ့။ လှူတဲ့ငွေက တေဇရဲ့ သားတွေ စီးတဲ့ကားရဲ့  ဘီးတစ်ဘီးစာတောင် မရှိပါဖူး။ ဒီငွေလောက်ကို အလှူပြပြီး အဲ့ပုဂံကို ကြော်ညာထိုးတာ နအဖကို ဖားပြတာတွေကတော့ မသိတဲ့သူတွေအတွက်တော့ သတင်းစာဖတ်ပြီး သာဓုတွေ ခေါ်မိရင် ပြန်တောင်ရုတ်သိမ်းဖို့ ကောင်းနေပါပြီ။
တကယ်ဘဲ ထိခိုက်ဒဏ်ရာရကြတဲ့သူတွေကို တေဇတို့  အဲပုဂံက ကိုယ်ချင်းစာ သနားတယ်ဆိုတာ ယုံစရာအကြောင်း မရှိပါဖူး။ ဘာလို့ လည်းဆိုတော့ တေဇရဲ့  အဲပုဂံသင်္ကြန်မဏ္ဍပ်မှာ ပျော်ပါးကဲနေကြတာ နည်းနည်းလေးတောင် အပျော်မပျက်ပါဖူး။ အထူးသဖြင့် တေဇရဲ့  သားတွေနဲ့  အပေါင်းအသင်းတွေ အဲပုဂံကသူတွေ ဗုံးပေါက်တာ သံဗုံးပေါက်တာလောက်တောင် အရေးမထားဘဲ ကဲနေကြတာ နအဖသတင်းစာထဲ မပါပါလား။
တေဇရဲ့  အဲပုဂံသင်္ကြန်မဏ္ဍပ်ဟာ သန်းရွှေရဲ့ မြေး နေရွှေသွေးအောင် သင်္ကြန်မဏ္ဍပ်ထက် ပိုကြီးပါတယ်။ နေရွှေသွေးအောင်ရဲ့  သင်္ကြန်မဏ္ဍပ်က အမှန်တကယ်မှာ ပေ ၁၀၀ လောက်သာ ကျယ်ပေမယ့် တေဇတို့ ရဲ့  အဲပုဂံသင်္ကြန်မဏ္ဍပ်က ပေ (၁၂၀) ခန့်  ကျယ်ပါတယ်။ ဒါကို နေရွှေးသွေးအောင် မဏ္ဍပ်ကြီးတာကို အလေးပေးဖေါ်ပြပေးနေကြတာ။ တေဇရဲ့  အဲပုဂံမဏ္ဍပ်ကို သိန်း (၅၀၀) လောက် အကုန်ကျခံပြီး ဆောက်ထားတာဖြစ်ပါတယ်။
ဒီတော့ ကန်တော်ကြီး ဗုံးပေါက်လို့  ထိခိုက်ဒဏ်ရာရသူတွေအတွက် နအဖသတင်းစာထဲ ခမ်းခမ်းနားနား ဖေါ်ပြရလောက်အောင် လှူလိုက်တဲ့ ငွေက မပြောပလောက်ဖူးဆိုတာ နှိုင်းယှဉ်မြင်နိုင်ပါတယ်။
တေဇရဲ့  သားတွေနဲ့  အပေါင်းအပါတွေ၊ အဲပုဂံကသူတွေ ကိုယ်ချင်းစာဖို့ နေနေသာ ဘယ်လောက်တောင် ပျော်ပါးကဲနေကြလည်း၊ အရက်တွေတင်မက မူးယစ်ဆေးဝါးတွေပါ သောက်စားမူးယစ်နေပြီး အမူးလွန်နေကြလည်းဆိုတာ အခုဖေါ်ပြမယ့် သူတို့ ရဲ့  ဓါတ်ပုံတွေက သက်သေပြနေပါတယ်။
တေဇမပြောနဲ့  တေဇရဲ့ သားတွေ မြန်မာပြည်မှာ ဘယ်လောက်တောင် အခွင့်ထူးခံတွေ ဖြစ်နေကြသလည်း၊ ဘယ်လောက်တောင် ထင်ရာစိုင်းကဲနေကြသလည်း၊ တိုင်းပြည်ရဲ့  သယံဇာတတွေ အဆောက်အဦးတွေ လုပ်ငန်းတွေကို နိုင်ငံပိုင်ကနေ သူတို့ ပိုင်လုပ်ပြီး ရနေတဲ့ ငွေတွေကို အပျော်အပါးတွေအတွက် ဖြုန်းသုံးနေလည်းဆိုတာ ကြည့်သာကြည့်ပါတော့။ သောက်စားမူးယစ်ပြီး မိုက်ရိုင်းနေတဲ့ ရိုင်းစိုင်းနေတဲ့ အပြုအမူတွေကို မြင်ပါလိမ့်မယ်။
တေဇရဲ့  သားတွေ ပျက်စီးရမ်းကားနေတာကို ကြည့်ရင် အဖေဖြစ်သူ တေဇဆို ပြောဖွယ်ရာ မရှိတော့ဖူး။ သန်းရွှေရဲ့  အထူးအခွင့်အရေးရသူ ဖြစ်နေတာ။ တေဇရဲ့ သားတွေ လတ်တစ်လော အတူပျော်ပါးနေတဲ့ အမျိုးသမီးနှစ်ဦးကတော့ သြစတြေလျနိုင်ငံသူ နှစ်ဦး ဘာညာလေးတွေဖြစ်ကြောင်း တေဇသားတွေရဲ့  အတွင်းသိတွေက ထုတ်ဖေါ်ပြောပြလာပါတယ်။
မြန်မာပြည်မှာ သန်းရွှေတို့ ရဲ့  သားသမီးမြေးတွေ၊ နအဖဗိုလ်ချူပ်ကြီးများရဲ့ သားသမီးမြေးတွေ၊ တေဇတို့ လို လူမျိုးတွေရဲ့  သားသမီးမြေးတွေ အခုလို အခွင့်ထူးခံတွေ ဖြစ်နေကြတာကို ပြည်သူတွေက သူတို့ ကိုသာ တိုင်းပြည်ကို ဆက်လက်အုပ်ချူပ်ခွင့်ပေးနေဦးမယ်ဆိုရင်တော့ …..
ပေးပို့ ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.။