ဒီမိုကရေစီရေးရာ ဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက်နေသော
ဗြိတိန်အခြေစိုက် Westminster Foundation for Democracy (WFD) အဖွဲ့
အကြီးအကဲ Linda Duffield ဦးဆောင်သည့် ပါတီ ပေါင်းစုံမှ ဗြိတိန်လွှတ်တော် အ
မတ်များ အဖွဲ့နဲ့ အမျိုးသားဒီမို ကရေစီချုပ် အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် လ(၂၅)ရက်နေ့တွင် နေပြည်တော် မှာ
တွေ့ဆုံဆွေးနွေးကြောင်းသိရ သည်။
ဗြိတိန်လွှတ်တော် အမတ် များအဖွဲ့သည် ညနေပိုင်းတွင် အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် တွေ့ဆုံကာ လွှတ်တော်အ တွင်း အတွေ့အကြုံတွေနဲ့ NLD ပါတီ၏ ရပ်တည်ချက်များကို ဆွေးနွေးခဲ့ကြောင်းပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် က ပြောပါသည်။
““ဗြိတိန်အဖွဲ့က သူတို့က ဒီ လွှတ်တော်ထဲမှာ ဘယ်လိုအတွေ့ အကြုံရှိနေလဲ။အခုဒီ ရရှိထားတဲ့ ခံစာချက်၊အဆိုတွေ ဘယ်လိုထင် သလဲ သူတို့တော်တော်စိတ်ဝင် စားတယ်။ရှိပါတယ်။သူတို့အဲတာ တွေကိုမေးပါတယ်။မေးပြီးတော့ NLD ရဲ့ကြားဖြတ်ရွေးကောက်ပွဲ Manifesto ကဘာလဲလို့မေးတော့၊ အဲတာ Rule of Law နံပါတ်တစ် က ဥပဒေစိုးမိုးရး၊နံပတ်နှစ်က တော့ ထာဝရတည်တံ့တည်ငြိမ် တဲ့ ပြည်တွင်းငြိမ်းချမ်းရေးတစ်ခု ရရှိဖို့၊နောက်တတိယ ကတော့ ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ရယ် အဲဒီလိုပြောတယ်။ပြောတော့ ဒါ သူတို့က အဲဒီ ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံ ဥပဒေကို ဘယ်လိုပြင်မလဲဆို တာကို ခုနကလည်း ပြောထား တယ်။ဒါတဖြေးဖြေးတော့ပေါ့လေ ဖြစ်အောင်ကြိုးစားယူရမယ်။ခုနေ ကတော့ Majority မဟုတ်သေး ဘူး။ သူတို့က အဲတာကိုပဲပြော သွားတယ်””ဗြိတိန်လွှတ်တော် အ မတ်များအဖွဲ့သည် လွှတ်တော် တိုင်းရင်းသားပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လည်း ဆက်လက်ပြီး တွေ့ဆုံခဲ့ ကြောင်းလည်းသိရသည်။အဖွဲ့တွင် (WFD) အဖွဲ့အကြီးအကဲ J Linda Duffield အပါအ၀င် ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ၊လေဘာပါ တီ၊လစ်ဘရယ် ဒီမိုကရက်စတဲ့ ပါတီတွေက လွှတ်တော်ကိုယ်စား လှယ် ၇ဦး လိုက်ပါလာကြောင်း သတင်းရရှိသည်။
သတင်း... HOT NEWS