စစ်ကိုင်းမြို့ ဆင်များရှင်ကျောက်မျက်ရတနာဈေးမှ
ဆိုင်ခန်းရှင်များက မိမိတို့ကျောက်ဝိုင်း ပီပြင်စွာ ပေါ်ထွက်လာရေးအတွက်
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်
နည်းဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆင်များရှင်ကျောက်ဝိုင်းရှိ ဆိုင်ခန်းရှင်ဦးရေ (၁၀၀)ခန့်က ကျောက်ဝိုင်းဖြစ် မြောက်ရေးအတွက် ဇူလိုင် ၂၃ ရက်(မနက်ဖြန်) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ ယင်းကျောက်မျက်ဈေးရှေ့တွင် ဆန္ဒထုတ်ဖော်ကြ မည်ဖြစ်သည်။ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး
“ ၁၉ ရက်နေ့ (ဇူလိုင် ၁၉)က တရားဝင်စာနဲ့ ခွင့်ပြုပေးလိုက်ပါတယ်။ လျှောက်တာကတော့ ၂၁၊ ၂၂၊ ၂၃ သုံးရက်လျှောက်တာ တစ်ရက်ပဲခွင့်ပြုတယ်။ ၂၁၊ ၂၂ က စနေ၊ တနင်္ဂနွေ ဖြစ်နေလို့ မရဘူးတဲ့။ ကျန်တာကတော့ တင်ထားတဲ့အတိုင်း ခွင့်ပြုပါတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။
ဆန္ဒထုတ်ဖေါ်ရသည့်အကြောင်းရင်းမှာ
တရုတ်ကုန်သည်များကလည်း စကားပြန်များ၏အလိုအရ ဘော်ဂါကျောက်ဝိုင်းတွင်သာ အရောင်း အ၀ယ် ပြုလုပ်နေကြ၍ မိမိတို့ဈေး တရားဝင်ဖြစ်ပေါ်လာရေးအတွက် ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ဆင်များရှင်ကျောက် မျက်ရတနာဈေးမှ ဆန္ဒထုတ်ဖော်မည့် ဆိုင်ခန်းရှင်များက ပြောသည်။
“ကျွန်မတို့က အရင်ကတည်းက ဘော်ဂါမှာ အရောင်းအ၀ယ် လုပ်လာတာပါ။ အာဏာ ပိုင်တွေ က ဘော် ဂါဈေး ကို ဖျက်ပြီး ဆင်များရှင်ဝိုင်းကို ပြောင်းရမယ်ဆိုလို့ ကျွန်မတို့စိုက်ထုတ်ပြီး ဈေးဖြစ်အောင်လုပ်ရတာ ပါ။ ခုကျတော့ အရင်ဈေးဟောင်းနေရာမှာပဲ ရောင်းဝယ်ခွင့်ပြုနေတော့ ကျွန်မတို့ အများကြီးနစ်နာပါတယ်။ ဒါကြောင့် ခုလို ဆန္ဒထုတ်ဖော်ရတာပါ။”ဟု ပြောသည်။ ဘော်ဂါကျောက်မျက်ဈေးသည် စစ် ကိုင်းမြို့ ဘော် ဂါရပ် ကွက်ရှိ လမ်းမ၀ဲယာပေါ်တွင် တည်ရှိသည်။
သတင်း..... 7Day News Journal