07 September 2010

ရပ်ကွက်ကော်မရှင်အဖွဲ့ ခွဲရုံး ဆေးမှုတ်ကာ NO အရေးခံရတာ မည်သူလက်ချက်လည်း။


စက်တင်ဘာလ (၄) ရက်နေ့  က ရန်ကုန်မြို့  မြောက်ဥက္ကလာပမြို့ နယ်၊ (၂) ရပ်ကွက် သုဇိတာလမ်းမကြီးပေါ်တွင် တည်ရှိနေသော ရယက၊ ရဲကင်း၊ ကြံ့ဖွတ်တို့  တွဲလျှက်ရှိသော ရယကရုံးတွင် စိုက်ထူထားသော ရပ်ကွက်ကော်မရှင်အဖွဲ့ ခွဲရုံး ဆိုင်းဘုတ်သည် ကြတ်ခြေခက်၍ “NO” ဟု ဆေးမှုတ်ခံခဲ့ရပါသည်။

ထိုသို့ ဆေးမှုတ်ခံထားရသော ဆိုင်းဘုတ်အား အာဏာပိုင်များမှ မနက် (၇) နာရီခန့်တွင် ရပ်ကွက်လူကြီးအချို့ မှ သိရှိကာ မည်သူမှ မသိအောင် အဆိုပါ ဆိုင်းဘုတ်အား ဖြုတ်ချပြီး အသစ်ပြောင်းရန် အားထုတ်ခဲ့သော်လည်း မြို့  နယ်အမာခံသတင်းသမားတစ်ဦးမှ ထောက်လှမ်ရေးဌာနများအား အကြောင်းကြားခဲ့သဖြင့် မြို့ နယ်မှ တိုင်းအဆင့်အထိ ဒေသဆိုင်ရာ အာဏာပိုင်များရောက်ရှိလာပြီးမှ အဆိုပါ ဆိုင်းဘုတ်အား နောက်နေ့  စက်တင်ဘာလ (၅) ရက်နေ့ တွင် ဓါတ်ပုံရိုက်ကာ ဖြုတ်ချခဲ့ကြပါသည်။

ထိုကဲ့သို ရပ်ကွက်ကော်မရှင်အဖွဲ့ ခွဲရုံး ဆိုင်းဘုတ် ဆေးမှုတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကြက်ခြေတ်ခတ် ဆေးမှုတ်ကာ NO စာလုံးရေးခြင်းမှာ ရယက၊ ရဲကင်း၊ ကြံ့ဖွတ်တို့  ပူးတွဲထားသော ရုံးဖြစ်သဖြင့် ၄င်းတို့ အချင်းချင်း အာဏာပြိုင်မှုများ ရှိနေခြင်းကြောင့် ပူးတွဲဆောင်ရွက်နေရခြင်းအား မလိုလားသောကြောင့် ယခုလို ရေးသားခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်သူများ ရှိနေကြောင်း သိရှိရပါသည်။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

06 September 2010

ရှမ်းပြည်နယ်တွင် သမီးအရင်းဖြစ်သူကို တစ်ဖက်နိုင်ငံသို့ အဓမ္မထိမ်းမြားစေရန် ရောင်းချမှုများဖြစ်ပွားခဲ့

၂၀၀၆ ခုနှစ် လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေ စတင်ကျင့် သုံးချိန်မှယခုထိ ပထမဆုံးအနေဖြင့် သမီးအရင်းဖြစ်သူကို မိခင်ဖခင်တို့ က တရုတ်နိုင်ငံသို့ အဓမ္မထိမ်းမြားစေရန် ရောင်းချမှုများ ရှမ်းပြည်နယ် တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်တောင် ပိုင်း သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာနေ ဆင်းရဲချို့တဲ့သူ တောင်သူ မိခင်တစ်ဦး (သားသမီး ခြောက်ယောက်မိခင်)သည် လူကုန်ကူးသူ လူပွဲစားများ ဖြစ်ကြသည့် မအေးလီ၊ မအေးလူတို့နှင့် အသိအကျွမ်းဖြစ် ကာ သမီးဖြစ်သူ မ ........ ၁၈ နှစ် အား တရုတ်နိုင်ငံသို့ အဓမ္မ ထိမ်းမြားရန်အတွက် ရောင်းချရန် တရုတ် နိုင်ငံသားများနှင့် တရုတ်နိုင်ငံ၊ ၀မ်တိန်မြို့တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် မိခင်ဖြစ် သူက တရုတ်ငွေကြေးယွမ် ၁၅၀၀၀ တောင်းသော်လည်း နောက်ဆုံးတွင် ယွမ် ၁၃၀၀၀ ဖြင့်ဈေးတည့်သွားကာ သမီးအရင်း ဖြစ်သူ မ......... အား ရောင်းချလိုက်သည်။

ယင်းနောက် ရွာသို့ပြန်ရောက်သောအခါ တစ်ရွာတည်းနေ ဆင်းရဲ ချို့တဲ့သူ တောင်သူဖခင်တစ်ဦး (သားသမီးသုံးယောက်ဖခင်)ကလည်း ယင်းအကြောင်း သိရှိသွားကာ ၎င်း ၏သမီးဖြစ်သူ မ .......... ၂၂ နှစ်ကို လည်း ရောင်းချလိုသည်ဟု ဆိုသဖြင့် ယွမ်ငွေ ၇၀၀၀ ဖြင့် ရောင်းချခဲ့ ကြောင်း သိရှိရပါသည်။ အသက် အရွယ်အရ ပထမ ရောင်းချခံရသူ မ..........ကဲ့သို့ ယွမ် ၁၃၀၀၀ မရဘဲ ယွမ် ၇၀၀၀ သာရရှိခဲ့ခြင်းဖြစ်သည် ဟုလည်း သိရသည်။

ယင်းတို့နှစ်ဦးကို တရုတ်နိုင်ငံ၊ ၀မ်တိန်မြို့မှ ပေါက်ဆန်းမြို့သို့ ခေါ် ဆောင်သွားရာတွင် တရုတ်နိုင်ငံရဲ တပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ် တွင် ဖမ်းဆီးရမိခဲ့ပြီး မေလ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

"ဒီအမှုက ၂၀၀၆ ခုနှစ်လူကုန် ကူးမှုတားဆီးကာကွယ်ရေးဥပဒေစ တင်ကျင့်သုံးပြီးစ ကာလက အမေက သမီးကို၊ အဖေက သမီးကိုရောင်း တယ်ဆိုတာ ပထမဆုံးပါ။ ဘ၀ရပ်တည်ဖို့ ခက်ခဲတဲ့သူတွေကို လူ့အဖွဲ့ အစည်း (Community) က စောင့်ရှောက်ဖို့ လိုအပ်နေပါတယ်"ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ် ကျော်မှုခင်းဌာနမှ ဒုတိယရဲမှူးကြီး ရာလျန်မုန်းက ပြောကြားသည်။

ထို့ကြောင့် သမီးအရင်းနှစ်ဦး ကို အဓမ္မထိမ်းမြားစေရန် ရောင်းချ ခဲ့သည့် မိခင်၊ ဖခင်နှစ်ဦးနှင့် လူပွဲ စားများဖြစ်သော မအေးလီနှင့် မ အေးလူတို့ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေအရ အရေးယူ ထားပြီး လူကုန်ကူးခံရသူနှစ်ဦးကို လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်း ပေး၍ နှစ်သိမ့်ဆွေးနွေး ပညာပေး ခြင်းများပြုလုပ်ကာ ရပ်ရွာသို့ ပြန် လည်အပ်နှံခဲ့ကြောင်းသိရသည် ဟုeleven ဂျာနယ် မှာဖော်ပြထားပါသည်.။

မူဆယ်-မန္တလေး ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား


မူဆယ်-မန္တလေး ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရွာအနီးတွင် လမ်းချော်၍ လမ်းဘေး ပေ ၃၀ ခန့်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ၃၁ ဦးအနက် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်မှန်လုံယာဉ်သည် မူဆယ်မြို့မှ မန္တလေးမြို့သို့အဆင်း နမ့်ကွတ်ရွာ မိုင်တိုင်အမှတ် ၂၂၇/၂ အနီးတွင် မျက်နှာချင်းဆိုင်မောင်းနှင်လာသောယာဉ်အား ရှောင်တိမ်းစဉ် လမ်းချော်၍ လမ်းဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၁ ဦးကို ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။ ယာဉ်မောင်း ---- (၂၅ နှစ်၊ လားရှိုးမြို့နေသူ)အား ကွတ်ခိုင်ရဲစခန်း၌ (ပ) ၆၅/၂၀၁၀ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်ဟု eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်.။

မြန်မာနိုင်ငံကူး လက်မှတ် ပြုလုပ်သူများ လိုအပ်သည့် ပုံစံ (၁၉) ပြုလုပ်ရာတွင် ပွဲစားများကို ယုံကြည်အပ်နှံမိခြင်းကြောင့် ငွေလိမ်ခံရသူများ ရှိနေ

မြန်မာနိုင်ငံကူး လက်မှတ် ပြုလုပ်သူများ လိုအပ်သည့် ပုံစံ (၁၉) ပြုလုပ်ရာတွင် မိမိကိုယ်တိုင် လျှောက်ထားခြင်း မပြုဘဲ ပွဲစားများအား ယုံကြည်အပ်နှံမိခြင်းကြောင့် ငွေလိမ်ခံရသည့် ဖြစ်ရပ်များ ရှိနေသည်ဟု ပုံစံ (၁၉) ပြုလုပ်ရန် လာရောက်ကြသူ များထံမှ စုံစမ်းသိရှိရပါသည်။

အများစုမှာ မိမိတို့ လုပ်ငန်းခွင်ချိန်၌ အလုပ်ချိန် ပျက်ကွက်မည်ကို စိုးရိမ်သောကြောင့် ပွဲစားများအား အပ်နှံမိရာမှ ငွေလိမ်တောင်းကာ ပြီးဆုံးသည်အထိ ပြုလုပ်ပေးခြင်း မရှိဘဲ စာရွက်စာတမ်းများပင် ပျောက်ဆုံးသွားသည့် ဖြစ်ရပ်များပင် ရှိနေသည် ဟု ကိုယ်တွေ့ကြုံခဲ့ရသူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။

''ကုမ္ပဏီဝန်ထမ်းတွေဆိုတော့ ကိုယ့်အလုပ်ပျက်မှာ စိုးလို့ ပွဲစားနဲ့ပုံစံ (၁၉) လုပ်ခိုင်းတယ်။ ပွဲစားက အကုန်လုံးကို ငွေကျပ်တစ်သောင်း ကျမယ်လို့ ပြောတယ်။ ပြီးတော့ အစအဆုံး ကိုယ်ကပဲ လိုက်လုပ်ရတဲ့ အပြင် ပွဲစားကို ကိုယ့်စာရွက်စာတမ်းပါ ပေးမိလို့ အခု အစကနေ အကုန် ပြန်လိုက်လုပ်နေရတယ်''ဟု အဆိုပါ အမျိုးသမီးက ပြောပြခဲ့သည်။

ပုံစံ (၁၉) ပြုလုပ်ရာ ရုံဌာန၀င်ပေါက်၌လည်း အမှန်တကယ် ပြုလုပ်ရန် လာရောက်သူများကိုသာ ၀င်ခွင့်ပြုပြီး ဟုတ်၊ မဟုတ်ကို သေချာစွာ စိစစ်ပြီးမှသာ ၀င်ခွင့်ပြုကြောင်း သိရှိရပါသည်။

ပုံစံ(၁၉) ပြုလုပ်ရာ၌ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေပေးသွင်းရာတွင်လည်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့သို့သာ လျှောက်ထားပေးသွင်းမှု ပိုများကြောင်း ပုံစံ (၁၉) ပြုလုပ်ရန် လာရောက်ကြသူများထံမှ သိရသည်ဟု eleven ဂျာနယ်တွင် ဖော်ပြထားသည်.။

အန္တိမဈာပနလား … တစ်သောင်းပြည့်လား





အန္တိမဈာပနလား … တစ်သောင်းပြည့်လား

သာသနာတော်ကြီး မပျောက်ကွယ်၍ အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်ကာ ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်ပူဇော်မှု အသင်းသည် ယခုလ (စက်တင်ဘာ) ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်နေ့ ခန့်တွင် ကျရောက်မည့် ၂၀၁၀ ခုနှစ်အတွက် နာရေးကူညီမှု ပေါင်း (၁၀၀၀၀) တစ်သောင်းပြည့် ဈာပန အခမ်းအနား၌ သံဝေဂလင်္ကာများ ရွတ်ဖတ်ကုသိုလ်ယူရန် အတွက် ယနေ့ ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဘုရားခန်းအတွင်း၌ အသံနေ အသံထား မှန်ကန်မှုရှိစေရန်အတွက်၎င်း၊ သံပြိုင်ရွတ်ဖတ် ပူဇော်ရာတွင် ညီညာမှု ရှိစေရန်၎င်း၊ ကြားနာရသူ နတ်လူအပေါင်း စိတ်နှလုံးချမ်းမြေ့ ပီတိဖြစ်စေရန်၎င်း လေ့ကျင့်မှုများ တက်ကြွစွာ ဆောင်ရွက်လျှက် ရှိပါသည်။ စက်တင်ဘာလ (၁၂) ရက်နေ့ (တနင်္ဂနွေ) နေ့တွင်လည်း ပုဇွန်တောင်မြို့နယ်ရှိ စင်ကာပူ ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တ၀ိသုဒ္ဓ သက်တော် (၉၅) နှစ်၊ ၀ါတော် (၇၅) ၀ါ ရှိ အန္တိမ ဈာပန အခမ်းအနားရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်ပူဇော်မှု အဖွဲ့ အနေနှင့် ဆရာတော်ကြီး၏ အန္တိမ ဈာပန အခမ်းအနားဖြင့် ပွဲဦးထွက် ပူဇော်ရွတ်ဖတ်ခွင့် ကြုံကြိုက်မည်လား … ထူးခြားသော နာရေး တစ်သောင်းပြည့် အခမ်းအနားတွင် ပွဲဦးထွက် ရွတ်ဖတ်ခွင့် ရမည်လား … သို့တည်းမဟုတ် စက်တင်ဘာ (၁၂) ရက်တွင် ဆရာတော်ကြီး၏ အန္တိမ ဈာပန အခမ်းအနားနှင့် နာရေး တစ်သောင်းပြည့် အခမ်းအနား နှစ်မျိုးစလုံး တစ်ပြိုင်တည်း တစ်ရက်တည်း တိုက်ဆိုင်စွာ ကျရောက်ကုသိုလ်ယူမှုများ ကြုံကြိုက်ကြမည်လား ဟူ၍ တွေးတော နေမိတော့သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

05 September 2010

ပဲခူးမြို့တွင်အရက်မူးနေသောစစ်သားများနှင့်ရန်ဖြစ်ပြီး သေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်၍ လူငယ်(၂)ဦးသေဆုံး



သေဆုံးသွားသော အောင်သူဟိန်း ၏ ဓာတ်ပုံ



သေဆုံးသွားသော စိုးပိုင်ဇော် ၏ ဓာတ်ပုံ



ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်း တွင်နေထိုင်သူ လူငယ်(၂)ဦးဖြစ်သော အောင်သူဟိန်းနှင့် စိုးပိုင်ဇော်တို့ဂီတာတီးနေစဉ်အရက်သောက်ပြီးမူးယစ်နေသောခမရ(၁၀၁)၊ခလရ(၅၉)တပ်မှအရာရှိနှင့်စစ်သား များနှင့် ရန်ဖြစ်ကြပြီးနောက်စစ်သားများတပ်စခန်းသို့ပြန်သွားခဲ့ကြပါသည်။ထို့နောက်ပြန်လာပြီးစစ်သား(၁၀) ယောက်မှ သေနတ်ဖြင့်မြလမ်းထိပ်တွင်ပစ်ခတ်ရာသေနတ်ဒဏ်ရာဖြင့်အောင်သူဟိန်းက၆ချက်ထိစိုးပိုင်ဇော်က ၄ချက်ထိပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်းသတင်းရရှိပါသည်။

ထိုသို့ပစ်ခတ်ပြီးသွားတဲ့နောက်မှာ စစ်သားမှ ရပ်ကွက်ရှိပြည်သူများသို့ " ကြိုက်တဲ့အကောင်စမ်းချင်ရာစမ်း မင်းတို့အကောင်တွေသေချင်းဆိုးနဲ့သေလိမ့်မယ်"လို့အော်ဟစ်ကြိမ်းမောင်းသွားကြောင်းမျက်မြင်သက်သေများ
က ပြောဆိုကြပါတယ်။ သေဆုံးသွားသောသူများ၏ မိဘများကရင်ခွဲရုံတွင် မိမိတို့သားများ၏ရုပ်အလောင်းကို အိမ်သို့ပြန်လည်ယူဆောင်ရန်တောင်းဆိုခဲ့ခြင်းကိုအာဏာပိုင်များကတားမြစ်နေကြောင်းသိရှိရပါသည်.။နအဖက အမှုကိုကြေအေးဖို့လုပ်နေတယ်လို့လည်းပဲခူးမြို့ခံတွေကပြောပါတယ် ၊နအဖကလဲသူတို့ လူ ကို လည်း ထိန်း သိမ်ထားပါတယ် အမှုမဖွင့်ဖို့ဖိအားပေးကိုတည်းမတရား ပေးနေပါတယ်လို့ ပဲခူးမြို့ခံ တွေက ပြောဆိုနေကြပါသည်.။


videoဖိုင်နှင့် သတင်းပေးပို့သော ဦးအေးမြင့် (လမ်းပြကြယ်)နှင့် ကိုဒေါင်းမာန်ဟုန် အား ကျေးဇူးတင်ရှိပါသည်။

၃ နှစ်ပြည့် ပိတ်ဆို့မှု၏ ထွက်ပေါက်




၃ နှစ်ပြည့် ပိတ်ဆို့မှု၏ ထွက်ပေါက်

၎.၉.၂၀၁၀ (စနေနေ့)

အနုပညာနှင့် ပတ်သက်သည့် လုပ်ငန်းမှန်သမျှကို ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခြင်း ခံခဲ့ရသည်မှာ (၃) နှစ်တာ ကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအပေါ် (၃) နှစ်တာ ကာလအတွင်း လူမှုရေးလုပ်ငန်းများဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကိုယ်ဖိရင်ဖိ လုပ်ကိုင်ပေးဆပ်ရင်းနှင့် နှလုံးသားမှ ပေါ်ထွက်လာသော အဖြူထည် အနုပညာ ခံစားမှုများကို မိမိ၏ အနုပညာ ထွက်ပေါက်အဖြစ် ရေးဆွဲမိတော့သည်။ ယင်း အဖြူထည်ခံစားမှု ရေးချက်တို့မှ “အဖြူထည်မိခင်” တည်း ဟူသော ပန်းချီကားချပ် တစ်ချပ် ထွက်ပေါ်လာတော့သည်။ ထိုတစ်ခုတည်းသော “အဖြူထည်မိခင်” ပန်းချီကားချပ်ကို Morekha Art Gallery တွင် အများပြည်သူတို့အား ပြသခွင့် ရရှိခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှ ၂၀၁၀ ခုနှစ် စက်တင်ဘာလအထိ အများပြည်သူ အနုပညာ ပရိတ်သတ်၏ မိမိ၏ အနုပညာကို အသိအမှတ်ပြုခြင်း၊ အားပေးခြင်း ကင်းမဲ့ခဲ့သော ကျွန်တော်၏ အနုပညာတင်ပြမှု ပေးဆပ်မှု ချပြမှုများသည် ယခု (၃) နှစ်ပြည့်သော နေ့ရက်တွင် အများပြည်သူ ပရိတ်သတ်ထဲမှ အနုပညာမြတ်နိုးသော တစ်စုံတစ်ယောက်က အသိအမှတ်ပြုစွာဖြင့် ၀ယ်ယူအားပေး ခြင်းကို ခံယူခဲ့ရသည့်အတွက် လွန်စွာဝမ်းမြောက်ပီတိ ကျေးဇူးအထူးတင်ရှိပါကြောင်း . . . .


ယခု (၃) နှစ်ပြည့်သော နေ့ရက်တွင် မိမိ၏ အနုပညာပစ္စည်းတစ်ခုကို တစ်စုံတစ်ယောက်အား အဖိုးထိုက်တန်စွာနှင့် ပေးအပ်လိုက် ခြင်းသည် မိမိ၏ ရင်သွေးငယ်တစ်ဦးအား ထို တစ်စုံတစ်ယောက် ထံသို့ ပေးအပ်လိုက်ရသလို ခံစားမိ သော်လည်း ထို တစ်စုံတစ်ယောက်၏ ၀ယ်ယူအားပေးမှုသည် မိမိအတွက် လူမှုရေးကိစ္စတင်မက အနုပညာဖန်တီးမှုအတွက် အဖိုးမဖြတ်နိုင်သော အားဆေး တစ်ခွက်ကို သောက်လိုက်ရသကဲ့သို့ ခံစားရပြန်သည်။
(ထို တစ်စုံတစ်ယောက်သော သူ၏ ရုပ်ပုံလွှာကို မဖော်ပြခြင်းအား နားလည်ခွင့်လွှတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။)


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

မြန်မာအပါအ၀င် နိုင်ငံခြားသားများ စင်ကာပူတွင် အလုပ်ရရန် နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကို လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်ဖြင့် ချမှတ်ကိုင်တွယ်မည်ဟု သိရ



မြန်မာနိုင်ငံအပါအ၀င် နိုင်ငံခြားသားများ စင်ကာပူနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် အလုပ်လုပ်ကိုင်ရန် ၀င်ရောက်လာမှုကို စင်ကာပူနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမှ Population and Talent Division ဟူ၍ နိုင်ငံခြားသားများအပေါ် မူဝါဒသစ် ချမှတ်ကာ ကိုင်တွယ်ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ၏ ၀န်ကြီးချုပ် လီရှန်လွန်းက သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်အရ စင်ကာပူတွင် လက်ရှိရောက်ရှိနေကြသော မြန်မာလူငယ်များ၏ အလုပ်အကိုင် အနေအထားများအပေါ် ရိုက်ခတ်မှု တစ်စုံတစ်ရာ ရှိလာနိုင်သည်ဟု မြန်မာနိုင်ငံမှ စင်ကာပူရေးရာ ကျွမ်းကျင်သူတစ်ဦးက ထင်မြင်ချက် ပေးခဲ့သည်။

"ဒီလိုကြေညာချက်ကို ကြည့်ရင် လက်ရှိစင်ကာပူမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားလူဦးရေထဲမှာမှ S Pass ၊ ပီအာ၊ EPEC တွေနဲ့ နေထိုင်ကြသူတွေရဲ့အလုပ်အကိုင် အနေအထားတွေအပေါ် ရိုက်ခတ်မှုရှိသွားနိုင်တယ်။ လက်ရှိမှာတင် S Pass သက်တမ်းကုန်လို့ ပြန်တိုးလို့မရတဲ့ ပြဿနာတွေက သာဓကပါ" ဟု စင်ကာပူနိုင်ငံတွင် လွန်ခဲ့သောတစ်လခန့်က S Pass သက်တမ်းတိုး ခွင့်မရခဲ့၍ ပြန်လာခဲ့သူတစ်ဦးကလည်း ပြောပြခဲ့ပါသည်။

စင်ကာပူနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများ၏ အလုပ်ရရှိမှုအနေအထားသည် မိမိကိုယ်ပိုင်အရည်အသွေးနှင့်သာ သက်ဆိုင်မှုရှိပြီး လူဝင်မှုကြီးကြပ်ရေး၏ Population and Talent Division မှ ချမှတ်မူဝါဒများနှင့် ကိုက်ညီမှု ရှိမှသာ ကျောင်းပြီးထားသူ တစ်ဦးအနေဖြင့် အလုပ်ရရှိနိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်နှင့် မြန်မာကျောင်းသားများ၏ စင်ကာပူတွင်လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို မြန်မာ-စင်ကာပူရေးရာ လေ့လာသူ တစ် ဦးက ချိန်ထိုးပြောကြားခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံသည် မိမိနိုင်ငံသို့ နိုင်ငံစုံမှ ပညာသင်ရန် လာရောက်သူများအား ကန့်သတ်မှု အနည်းငယ်သာပြုလုပ်ခဲ့ပြီး အရှေ့တောင်အာရှ၏ ကြီးမားသောပညာရေးဈေး ကွက်တစ်ခုသဖွယ် ရှိနေခဲ့သည်။
ဒီလိုကြေညာချက်ကို ကြည့်ရင် လက်ရှိစင်ကာပူမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသား လူဦးရေထဲမှာမှ S Pass ၊ ပီအာ၊ EPEC တွေနဲ့ နေထိုင်ကြသူတွေရဲ့ အလုပ်အကိုင် အနေအထားတွေအပေါ် ရိုက်ခတ်မှု ရှိသွားနိုင်တယ်။ လက်ရှိမှာတင် S Pass သက်တမ်းကုန်လို့ ပြန်တိုးလို့မရတဲ့ ပြဿနာတွေက သာဓကပါ ..

"မြန်မာနိုင်ငံက စင်ကာပူကို ထွက်ခွာတဲ့နေရာမှာ ကျောင်းပညာ တကယ်သင်ချင်တာပါသလိုကျောင်း ပြီးရင် ပီအာဖြစ်ဖို့၊ အလုပ်ရဖို့ အများစု ဦးတည်ကြတယ်။ ဒါကိုမှ ပညာသင်ပြီးတဲ့သူတွေကို အလုပ်အကိုင်ပြန်ပေးဖို့ တင်းကျပ်တဲ့မူဝါဒ တွေရှိနေမယ်ဆိုရင် ပညာသင်သွားမယ့် လူငယ်တွေ၊ လက်ရှိအလုပ်လုပ် နေတဲ့သူတွေအတွက် ထွက်ခွာဖို့ စဉ်းစားသင့်တဲ့အချိန် ရောက်နေပါပြီ"ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မဟာတန်းပြီးကာ စင်ကာပူတွင် ငါးနှစ်တာ နေထိုင်ခဲ့ဖူးသူက ပြောပြခဲ့ပါသည်။

ယခုအခါ စင်ကာပူနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ မိမိနိုင်ငံ အသီးသီးသို့ ပညာသင်ရန်လာသူများအား လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက် အနည်းငယ်သာ ထားရှိပြီး အလုပ်ပြန်လည် လုပ်ကိုင်ရာတွင်လည်းကောင်း၊ ကျောင်းတက်ရောက်စဉ် အလုပ်လုပ်ခွင့် ကန့်သတ်ခြင်းများ ထားရှိခြင်းဖြင့်လည်းကောင်း ကန့်သတ်ချက်များ အသီးသီးထားရှိကြကြောင်း သိရသည်။

မြန်မာအများစု ပညာသင် ထွက်ခွာကြရာ စင်ကာပူနိုင်ငံ အနေဖြင့် မည်သည့်အကြောင်းမျိုးဖြင့်မှ ကျောင်းတက်စဉ် အချိန်ပိုင်းအလုပ်လုပ်ခွင့် တရားဝင်ပေးထားခြင်း မရှိသေးဘဲ အလုပ်လုပ်ကိုင်ခြင်းအား စစ်ဆေးတွေ့ရှိပါက အရေးယူသည့်ဖြစ် ရပ်များပင်ရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၁၀ ပြည့်နှစ် အစောပိုင်းတွင်လည်း အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်များသို့ ဘွဲ့ကြိုဘာသာရပ်များ သင်ယူရန် သွားရောက်မည့် မြန်မာအပါအ၀င် နိုင်ငံသားတိုင်းကိုလည်း နာရီ ၂၀ အစား ၁၀ နာရီသို့ တရားဝင် အချိန်ပိုင်းလုပ်ခွင့် လျှော့ချခဲ့သည်ဟု ထုတ်ပြန်ချက်များ အရ သိရသည်ဟု news-eleven. ဂျာနယ် တွင် ဖော်ပြ ပါရှိပါသည်။

ပခုက္ကူသွေးစက်

ပခုက္ကူသွေးစက်



ပခုက္ကူမှာ

ကျခဲ့ရတဲ့

သံဃာ့သွေးစက်တွေ

မြေပေါ်မှာ

ခြောက်သွေ့ချင်

ခြောက်သွေ့သွားလိမ့်မယ်၊

ငါတို့နှလုံးသားထဲမှာတော့

မခြောက်သေးဘူးဟေ့။


သွေးစုပ်မိစ္ဆာ

အာဏာရှင်စနစ်ဆိုး

မြန်မာပြည်မှာ

ကွယ်ပျောက်စေရမယ်၊

ငါတို့နှလုံးထဲက

ကြွေးကြော်သံတွေ

ပေါင်းဆုံလာတဲ့နေ့။


ခင်မမမျိုး (၅၊ ၉၊ ၂၀၁၀)

မွန်ပြည်သစ်ပါတီရဲ့ အပြစ်ခတ်ရပ်စဲရေး ပျက်ပြယ်ပြီးလား

မြန်မာအစိုးရက တောင်းဆိုထားတဲ့ လက်နက်ချရေးအစီစဉ်ကို မွန်ပြည်သစ်ပါတီက လက်မခံတဲ့အကြောင်း အကြောင်းပြန်လိုက်တယ်လို့ သိရပါတယ်။

“စစ်မှန်တဲ့ပြည်ထောင်စုမူနဲ့ ဒီမိုကရေစီစနစ်အောက်ကို တပ်မတော်တစ်ခုတည်း ရှိရမည်ဆိုတဲ့မူကိုရော ဒီမူနဲ့ လိုက်လျောညီထွေဖြစ်ပြီးတပ်အသွင်ကူးပြောင်းရေးမူကိုတော့လက်ခံနိုင်တာရှိပါတယ်၊တိုင်းရင်းသားလက်နက်
ကိုင်အဖွဲ့ကို ပြည်ထောင်စုတပ်မတော်ရဲ့ အစိတ်အပိုင်း အဖြစ်ပါဝင်စေပြီးတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ပြည်နယ်ကာကွယ်ရေးတပ်အနေဖြင့် ရှိသင့်ကြောင်း တင်ပြထားပြီးဖြစ်တယ်၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့မပြီးပြတ်သေးဘူးဆိုရင်တော့ ဒီတပ်အသွင်ကူးပြောင်းရေးကိစ္စကိုရော လက်နက်စွန့်ဖို့ကိစ္စကိုရော မွန်ပြည်သစ်ပါတီအနေနဲ့လက်မခံနိုင်ပါကြောင်း အကြောင်းပြန်ထားတာ ရှိတယ်” လို့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာနတာဝန်ခံ နိုင်ဟံသာဘွန်ခိုင်က ဘီဘီစီကို ပြောပါတယ်။

စစ်အစိုးရကတော့ ဒေသခံပြည်သူ့စစ်ဖွဲ့ဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့သလို ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာလည်း အရှေ့တောင်ပိုင်း စစ်ဌာနချူပ်က ပြင်းထန်တဲ့စကားလုံးတွေနဲ့ မွန်ပြည်သစ်ပါတီကို ရာဇသံပေးလိုက်တယ်လို့ သိရပါတယ်။

“လက်နက်စွန့်လွှတ်ရေးဆောင်ရွက်မှုကို ၁၊ ၉၊ ၂၀၁၀ နေ့နောက်ဆုံးထား ဆောင်ရွက်ရပါမည်၊ လက်နက်စွန့်လွှတ်ရေးကို ဆောင်ရွက်မှုမပြုပဲ ထိုနေ့ထက်ကျော်လွန်၍ လက်နက်ကိုင်ဆောင်မည်ဆိုပါက နဂိုမူလ သောင်းကျန်းသူအဖြစ် သတ်မှတ်လိုက်မည်ဖြစ်ပြီး မိမိတို့ကလည်း ဥပဒေအရ တရားဝင်ဆက်ဆံဆက်သွယ်ခွင့်မရှိကြောင်း ” ရေးသားထားသည့် စစ်အစိုးရ၏ ရာဇသံကို နိုင်ဟံသာဘွန်ခန်က ဘီဘီစီကို ကိုယ်တိုင်ဖတ်ပြပါတယ်။

ဒီစာအတိုင်းဆိုရင်တော့ မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရတို့ချုပ်ဆိုထားခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ ပျက်ပြယ်သွားခဲ့ပြီလို့ဆိုရမှာပါ။

ဒါကြောင့်မို မနေ့ကစပြီး မွန်ပြည်သစ်ပါတီဟာ ရှိသမျှရုံးတွေပိတ်ပြီး စစ်ရေး ပြင်ဆင်မှုတွေ ရှိခဲ့ပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

လူလုံးမလှပြည့်သူ့ဘ၀ (သီချင်းလေးပါ)



စစ်သားကြီးတို့ပါကွယ်...




ဖွတ်ကြားများလည်းပါတယ်...


Get this widget | Track details | eSnips Social DNA


အင်မတန်ကောင်းတဲ့ သီချင်းလေးပါ... နားထောင်ကြည့်ပါ.


ယခု တေးသီချင်းများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး နှင့် စစ်အာဏာရှင် စနစ်ဆိုးတိုက်ဖျက်ရေး အတွက် တထောင့်တနေရာက ပါဝင်သောအားဖြင့် အမှန်တရားမြတ်နိုးသော လူငယ်များ၏ ကြိုးပမ်းမှုတစ်ရပ်သာဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု အတွက် အားတက်စရာ တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သီဆိုထားသော အဆိုရှင် သီရိမင်းလွင် နှင့် စီစဉ်သူ စန္ဒီမင်းလွင် ညီအမ နှစ်ယောက်စလုံးမှာ အသက် ၁၆ နှစ်အောက် လူငယ်လေးများဖြစ်ကြပါတယ်။ သူတို့လေးတွေအတွက် မေတ္တာဖြင့် စာသားပြောင်ပြောင်မြောက်မြောက် ရေးဖွဲ့ပေးသူမှာ ထက်အောင်ရှိုင်း ဖြစ်ပါတယ်။ သူတို့တွေကို လေးစားရတဲ့အချက်ကတော့ သူတို့တွေရဲ့ ထင်ပေါ်ကျော်ကြားမှုကို မလိုလားဘဲ နိုင်ငံချစ်စိတ်၊ လူမျိုးချစိစိတ် သက်သက်ဖြင့် အနုပညာဖြင့်နဲ့ အာဏာရှင်ကို အာခံရဲသော စိတ်ဓါတ်ပင်ဖြစ်သည်။



ရိုးသားမှု၊ ကြိုးစားမှု၊အမှန်တရား ချစ်မြတ်နိုးမှု၊ မတရားတာကို မတရားဘူးလို့ ရဲရဲဖော်ထုတ်ရဲမှု စတဲ့ အကျင့်ကောင်း စိတ်ဓါတ်ကောင်းတွေကို အရင်းပြုပီးဖန်တီးထားတဲ့ လူငယ်လေးတွေရဲ့ ဒုတိယခြေလှမ်းဖြစ်တဲ့ "လူလုံးမလှ ပြည်သူ့ဘဝ" တေးသီချင်းကို ခံစားဖြန့်ဝေပေးကြပါ။ ပထမ သီချင်းဖြစ်တဲ့ "ပြည်သူကို တကယ်ချစ်တာလား" သီချင်းကိုလည်းတွဲထည့်ပေးလိုက်ရပါတယ်။ ပထမ သီချင်းလေး ကို ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက်၊ ခမိခဆဲ တို့မှတဆင့် ဖြန့်ပေးခဲ့ပါတယ်။ ဘလော့ခ်ဂါ ညီအကိုမောင်နှမများက "ယုံကြည်စရာ တကွက်မရှိပါ" ခေါင်းစဉ်ပေးပြီး တလေးတစား ဖော်ပြပေးတာကိုလည်း ဝမ်းသာမိပါတယ်။ ကိုသော်ကြီးရဲ့ Video ပုံစံဖြင့် အားဖြည့်ဖန်းတီးပေးမှုကိုလည်း ကျေးဖူးတင်ပါတယ်။ အခုလို အကျင့်တူ၊ အမြင်တူသူ ညီအကို မောင်နှမ တွေလို အရာရာကို စုစုစည်းစည်း လေးလေးစားစား ပူးပေါင်းလုပ်ကိုင်ကြရင် ဒီမိုကရေစီတိုက်ပွဲ မကြာခင် အောင်မြင်မှာ ဖြစ်ပါတော့တယ်။

မိုးမိုးကောင်းကင်ပြာ
၎.စက်တင်ဘာလ.၂၀၁၀


လူလုံးမလှ ပြည်သူ့ဘဝ

တေးရေး - ထက်အောင်ရှိုင်း

တေးဆို - သီရိမင်းလွင်

စီစဉ်သူ - ရဲမာန် (ဗွီဒီယို) မလေးရှား

စန္ဒီမင်းလွင် (မလေးရှား)





(စက်တင်ဘာသံဃာတွေ စီတန်းမေတ္တာ ပို့လို့ အသေပစ်သက်ခဲ့ပါတယ်... အိုး.. စစ်သားကြီးတို့ပါကွယ်..

လူဟာလူရာဝင်အောင်အခွင့်ရေးများ
ကိုပြလို့ ထောင်ထဲ ဖမ်းထဲ့ပါတယ်...အိုး.. ဖွတ်ကျားများလဲပါတယ်...

၈၈ ကျောင်းသားတွေလဲ အာဏာရှင် အနိုင်ကျင့်ခဲ့တယ်..ကျောင်းသား
တို့ပေးဆက်လာသမျှ ပြည်သူတွေအစဉ်သတိရတယ်.
.
တရားခံဟာ ဘယ်သူလဲသိတယ် ခံစားရတာ တရားလွန်နေပြီ

လူဟာလူရာဝင်အောင်အခွင့်ရေးများ
ကိုပြလို့ ထောင်ထဲ ဖမ်းထဲ့ပါတယ်...အိုး.. ဖွတ်ကျားများလဲပါတယ်...)၂

(လိမ်နေတာဘဲ ၄၈ နှစ်ကြာခဲ့ပြီ..)၂


ကလိမ်ဥာဏ်တွေမွေး ပြန်မြင်ယောင်သေး မြင်ယောင်မိသေး ပြည်သူများခမျာ

တစ်ကိုယ်ကောင်းစိတ် လူတစ်စုကြောင့် လူလုံးမလှ ပါပေါ့ရှင်....

ယခုကဲ့သို့ ပြည်သူတွေ အားလုံးရဲ့ ရင်ထဲသို့ ရောက်ရှိလွယ်တဲ့သီချင်းများကို ဖန်တီး ရေးဖွဲ့သီဆိုပေးတဲ့ မလေးရှားမှ မိုးမိုးကောင်းကင်ပြာ တေးရေး - ထက်အောင်ရှိုင်း တေးဆို - သီရိမင်းလွင် စီစဉ်သူ - ရဲမာန် (ဗွီဒီယို) မလေးရှား စန္ဒီမင်းလွင် (မလေးရှား) ညီငယ်အလင်းဆက် ခမိခဆဲ နှင့် ညီငယ် ညီမငယ်များ၊ သီချင်းတွေကို ဗီဒီယိုအဖြစ် အမြဲဖန်တီးပေးနေတဲ့ အကိုကြီး ကိုသော်(ဂျပန်) တို့အား အထူးကျေးဇူးတင် လေးစားဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါသည်..။

ဒီမိုဝေယံ



သီချင်း Download ရယူရန် Clickနှိပ်ပါ..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိုးကုတ်မြို့နယ်စည်းရုံးရေးကော်မတီဝင်တစ်ဦး နှင့်သားနှစ်ဦး ၀တ္တရားနှောင့်ယှက်မှုဖြင့် ထောင်ဒဏ်နှစ်နှစ်ချခံရခြင်း


ဦးအုန်းဆန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိုးကုတ်မြို့နယ်စည်းရုံးရေးကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးအုန်းဆန်း အသက် ၆၀ နှင့်သားနှစ်ဦးအားယနေ့ ၃/၉/၂၀၁၀ ညနေပိုင်းတွင် မိုးကုတ်မြို့နယ်တရားရုံးမှ ၀တ္တရားနှောင့်ယှက်မှု ပုဒ်မဖြင့် ထောင်ဒဏ်( ၂ )နှစ် အသီးသီး ပြစ်ဒဏ်ချ မှတ်လိုက်သည် ဖြစ်သည်။

အမှုဖြစ်စဉ်မှာ၂၈/၁၀/၂၀၀၉ ရက်နေ့တွင် ဦးအုန်းဆန်း၏ သားငယ်ဖြစ်သူ မောင်အောင်ဆန်းထူးအား မိုးကုတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ရောဂါမပျောက်မီဆေးရုံးမှ ဆင်းခိုင်းနေမှုကြောင့် ထိုအကြောင်းနှင့်ပက်သက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်တင်နွယ်ကြည်၏ရုံးခန်းတွင်စကားပြောဆိုနေကြစဉ် ဆေးရုံအုပ်ကြီးမှ ရဲစခန်းသို့ဖုန်းဆက်ပြီး ၀တ္တရားနှောင့်ယှက်မှုဖြင့်တိုင်ကြားတရားစွဲဆိုရာမှ အမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ထိုအမှုအား မိုးကုတ်မြို့နယ်တရားရုံးမှ လပေါင်းများစွာစစ်ဆေးပြီးနောက် ယနေ့ စီရင်ချက်ချမှတ်လိုက်ခြင်း ဖြစ်သည်။ဦးအုန်းဆန်းနှင့်သားဖြစ်သူနှစ်ဦးအား မနက်ဖြန်တွင် မန္တလေးအိုးဘိုထောင်သို့ ပို့မည်ဖြစ်သည်။ ဦးအုန်းဆန်းသည် ၁၉၈၈ ကတည်းကပင် NLD အောင်သာယာ ရပ်ကွက် စည်းရုံးရေးကော်မတီ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၀၁ခုတွင် မိုးကုတ်မြို့နယ်စည်းရုံးရေးကော်မတီဝင် ဖြစ်လာသည်။ NLD အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်နေသူဖြစ်သည်။

မိုးကုတ်မြို့နယ်တွင် ပြည်သူများ ဘက်မှ ရပ်တည်ပြီးအခက်အခဲများကိုအခမဲ့ကူညီဆောင်ရွက်ပေးနေသူလည်း
ဖြစ်ပြီး
မြို့နယ်အာဏာပိုင်များ၏ ငြိုငြင်မှုကို ခံနေရသူဖြစ်သည်။ဦးအုန်းဆန်းတို့သားအဖအပေါ် ချမှတ်သောပြစ်ဒဏ်မှာ အလွန်ပြင်းထန်ကြောင်း မြို့လူထုက ပြောဆိုနေကြပါသည်။



04 September 2010

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမဲဆန္ဒနယ် အားလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါလားနအဖအာဏာပိုင်များပါတီလို့သာ ပြောပြီရွေးကောက်ပွဲဝင်လိုက်ပါတော့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အားလုံးတွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကာလအတွင်း မဲဆွယ်စည်းရုံးရေးအလုပ်ကို သီးခြားလုပ်ဆောင်မည်မဟုတ်ဟု ၄င်းပါတီမှ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၃၀ရက်တွင် ပြောသည်။ “ပါတီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကနေ အမွေခံအခြေပြုပြီး ဖွဲ့စည်းထားတဲပါတီဖြစ်တယ်။

မဲဆွယ်စည်းရုံးတဲ့အနေအထားမျိုး တမင်လိုက်ပြီး မဲဆွယ်စည်းရုံးရေးမလုပ်ပါဘူး။ လူထုအကျိုးရှိတဲ့လုပ်ငန်းတွေ လုပ်မယ်။ အဲဒီလိုလုပ်ငန်းတွေ လုပ်ပေးရင်းနဲ့ လူထုက သူတို့အတွက် လုပ်ပေးနေတာသိပြီးတော့ နားလည်ပြီးကိုယ့်ဘက်ပါလာမယ်။ ဒီလိုပဲဆောင်ရွက်ပါမယ်”ဟု ၄င်းကပြောသည်။ အဆိုပါ ပါတီသည် ပါတီအဖြစ် အသွင်မပြောင်းမီ အသင်းအဖြစ် တည်ရှိစဉ်က အသင်းဝင်အင်အား ၂၆ သန်းကျော်ရှိရာ ၄င်းတို့ထဲမှ နည်းလမ်းဥပဒေနှင့် မညီသည့် ၀န်ထမ်းနှင့် ကျောင်းသားများကို ပါတီဝင်အဖြစ် ၀င်ခွင့်မပေးခဲ့ကြောင်း၊ ၀န်ထမ်းမှ ပါတီဝင်ဖြစ်ချင်သူများမှာ ၀န်ထန်းအဖြစ်မှ နုတ်ထွက်၍ ပါတီသို့ ၀င်ရောက်လျှင် ခန့်အပ်ခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၀င်နေဆဲဖြစ်၍ ပါတီဝင်အင်အား ၁၆သန်းထိဖြစ်လာရန် မှန်းထားကြောင်းသိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လွှတ်တော် ၃ရပ်ရှိ မဲဆန္ဒနယ်အားလုံးတွင် နေရာလပ်မရှိ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ အချို့ကိုယ်စားလှယ်လောင်းများမှာ ကိုယ့်စရိတ်ကိုယ်စိုက်ထုတ်ယှဉ်ပြိုင်မည်ဖြစ်ပြီး ငွေကြေး မတတ်နိုင်သော ကိုယ်စားလှယ်လောင်းများကိုမူ ပါတီမှ စိုက်ထုတ်ပေးကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဝန်ကြီးဌာန အဆောက်အအုံများကို ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းများက အများဆုံး ဝယ်ယူထား

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကနှင့် စီးပွားရေး အဖွဲ့အစည်းများသို့ အပြီးအပြတ် လွှဲပြောင်းရောင်းချပေးသည့် အဆောက်အအုံများတွင် အစိုးရ၀န်ကြီးဌာနရုံး အဆောက်အအုံများ အများဆုံးပါဝင်နေကြောင်း သိရှိရသည်။ ၂၀၀၅ ခုနှစ် မေလမှစတင်၍ ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနရုံးများ နေပြည်တော်သို့ ပြောင်းရွှေ့သွားသဖြင့် ကျန်နေခဲ့သည့် အစိုးရ၀န်ကြီးဌာန အဆောက်အအုံများကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ခေတ္တလွှဲပြောင်းရယူထားပြီး ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ပုဂ္ဂလိကများနှင့် စီးပွားရေးအဖွဲ့အစည်းများသို့ လွှဲပြောင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင် အဆောက်အဦများကို အပြီးအပြတ်ဝယ်ယူခဲ့မှုများတွင် ပုဂ္ဂလိကနှင့် ကုမ္ပဏီကြီးများထက် စီးပွားရေးအဖွဲ့အစည်းများ အများဆုံး ဖြစ်နေကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။ တရားဝင် ထုတ်ပြန်ချက်များအရ ၂၀၀၉ ခုနှစ် ၀န်းကျင်ခန့်မှ စတင်၍ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့ပေါ်ရှိ ကမ်းနားလမ်း ခြောက်ထပ်ရုံး အဆောက်အဦ၊ တာမွေမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် အဆောက်အဦ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ပြည်သူ့ကုန်တိုက် အဆောက်အဦများကို မြန်မာစီးပွားရေးဦးပိုင် လီမိတက်မှ အပြီးအပြတ် ၀ယ်ယူထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ အကြီးဆုံးဖြစ်သည့် တန် ၃၅၀ ကျ ဆန်စက်၊ အထည်ချုပ်စက်ရုံကိုလည်း ၀ယ်ယူထားကြောင်း သိရသည်။ ယင်းအပြင် ကုမ္ပဏီများအနေဖြင့် ထူးဒရေးဒင်း၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ၊ လွယ်ဟိန်းကုမ္ပဏီတို့က ကန်သာယာဆေးရုံ၊ အချိုရည်စက်ရုံ၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား အဆောက်အဦအနီးရှိ MRTV 3 complex တို့ကို အပြီးအပြတ် ၀ယ်ယူထားသည်ဟုလည်း သိရသည်။ ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချပေးနေသည့် အဆောက်အဦများတွင် အင်းလျားလမ်း၊ သံလွင်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အလုံလမ်းပေါ်ရှိ လုံးချင်း အဆောက်အအုံများလည်း ပါရှိကြောင်း ၂၀၁၀ ခုနှစ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မဲဆောက်တွင် မြန်မာအလုပ်သမား (၇၀၀) ခန့် ဖမ်းဆီးခံခဲ့ရ၊ အချို့ ထွက်ပြေးတိမ်းရှောင်နေရဆဲ

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တွင် ပြီးခဲ့သည့် ညက တည်းက မြန်မာအလုပ်သမားများထွက်ပြေးတိမ်းရှောင်
နေခဲ့သော်လည်းထိုင်းရဲနှင့်လူဝင်မှုကြီးကြပ်ရေးတို့ က၊ယနေ့ တနေကုန် ပိုက်စိုက် တိုက်ရှာဖွေ ဖမ်းဆီးမှုများ ကြောင့်ရွေ့ ပြောင်းအလုပ်သမားများ၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်းသိရှိရသည်။


ဘန်ကောက်မှ ထိုင်း၇ဲနှင့်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တို့ လာရောက်ဖမ်းဆီးမည်ကိုကြားသိရသဖြင့် ထိုင်းလုပ်ငန်း
ရှင်များကိုယ်တိုင်ဖွက်ထားပေးခဲ့သည်။ထောင်ချီရှိသည့်မြန်မာအလုပ်သမားများကိုအလုပ်သမားအရေးဆောင်
ရွက်သူများက နေရာထိုင်ခင်းများပြင်ဆင်ပြီးရှောင်တိမ်းနေစေခဲ့သည်။

ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ကတာဝန်ခံ ကိုထက်ခေါင်က“ညဥ့်ကကျနော်တို့ ရုံးမှာ အလုပ်သမား ငါးဆယ်
ကျော်တယ်လာ အိပ်ကြတာ၊ ဒီနေ့ နေ့ လည်ပိုင်းမှာတော့အခြား လုံခြုံတဲ့ နေရာတွေ ကိုပို့ ပေးထားတယ်။ ဒီနေ့ 
မဲဆောက်မြင်ကွင်းပိုပြောရရင် စစ်ဖြစ်နေတဲ့မြို့ တစ်မြို့ လိုပဲ၊အလုပ်သမား တွေခမျာ ဟိုဘက် ပြေးလည်း မလုံခြုံ
ဒီဘက်ပြန်ပြေးလည်းမလုံခြုံ၊ဟိုပြေးဒီပြေးဗျာ၊ကျနော်တို့ လည်းတစ်နေကုန်ပဲ၊လိုက်ပြီးတော့အလုပ်သမားတွေ
ကိုကူညီနေတာ၊ခုထိ ပြေးကြတုန်းပဲဟု ” သတင်းရေးသားချိန်ညနေ၆နာရီကျော်တွင်ပြောသည်။

ယခုကဲ့သို့ အထိတ်တလန့် ဖြစ်လောက် အောင်လိုက်လံ ရှာဖွေဖမ်းဆီးခြင်းမှာ ထိုင်းဝန်ကြီးချုပ် အဘီဆေ့၏
နိုင်ငံခြားသား အလုပ်သမားများ ရှာဖွေ ဖမ်းဆီးထောင်ချရေး ကို အကောင်အထည် ဖေါ်ခြင်းကြောင်း JACBA
ဥက္ကဌ ဦးမိုးကြိုးကဆိုသည်။

“ထိုင်းတွေက ကိုယ်လက်ကို ကိုယ်ရိုက်ချိုးတာပဲဗျ။နိုင်ငံတကာလုပ်ငန်းရှင်တွေကရော ထိုင်းလုပ်ငန်းရှင်တွေက
ရော မြန်မာအလုပ်အလုပ်သမားတွေဟာဈေးပေါတယ်၊ အလုပ်ကောင်းတယ်၊ အကြမ်းခံတယ်၊ အန္တရာယ်များတဲ့
အလုပ်တွေမှာလည်းလုပ်ရဲတယ်ဆိုပြီးပြောကြတယ်။အဓိကပြောချင်တာက အလုပ်သမားတွေကို ဘတ်မရှိလို့  ဖမ်းရင်၊ဘတ်လုပ်မပေးတဲ့သူဌေးကိုလည်းဖမ်းလေ၊အလုပ် သမားတွေကို ရှာပြီး ဖမ်းသလို၊ အလုပ်ရှင် ကိုလည်း ရှာဖမ်းလေ၊ဒါမှတရားမျှတမမှုရှိတော့မှာပေါ့” ဟုဖွင့်ဆိုသည်။


ယခုအကြိမ် အတွင်း ထိုင်းလုပ်ငန်းရှင် အချို့တို့ကသူတို့ အလုပ် သမားများအား၊ ဆန်များ၊ ကြက်ဥများ၊ မာမား
ခေါက်ဆွဲခြောက်ထုတ်များ လာရောက်ပေးဆောင်သည် ဟုသိရှိရသည်။ မဲဆောက် အခြေစိုက် ကူညီေ၇းအဖွဲ့ တို့ကမြန်မာနိုင်ငံရေးအကျဉ်းသားများသမဂ္ဂအဖွဲ့ဝင်ကိုမြတ်မင်းတို့ကူညီပေးထားသည့်နေရာဖက်သို့ မည်သူမျှ မရောက်ရှိ ကြောင်း ပြောသည်။


“ကျနော်တိုအနီးအနားက ဘုန်းကြီးကျောင်းဝင်း ထဲမှာလူ ၁၆၀၀ လောက် ရှိမယ် ထင်တယ်၊ဒီတခါ ထိုင်းလုပ်ငန်း ရှင်တွေကောင်းတယ်လို့ပြောလို့၇တယ်။ကျနော့်အထင်ပြောရရင်၊မြန်မာပြည်မှာရွေးကောက်ပွဲအတွက်မဲဆန္ဒရှင် တွေလိုလိုဖမ်းပို့သလား၊ယာယီပတ်စပိုမလုပ်လို့ကြလို့ဆိုရင် ဘာကြောင့် မလုပ်ကြ သလဲဆိုတဲ့ အနေ အထားမှန်ကိုသိအောင်မကြိုးစားကြပဲ၊မလုပ်ကောင်းရလားဆိုပြီးဖမ်းတာနည်းမှန်လမ်းမှန် မဟုတ်ဘူးလေ၊အဖြေ မှန်မဟုတ်ဘူး။ ဒီဘက်ကို ရောက်နေတဲ့ ဗမာတွေအထဲ မြန်မာပြည်မှာ မှတ်ပုံတင် မလုပ်ဖူးတဲ့ လူတွေအများကြီးပဲ” ဟုထောက်ပြပြောဆိုသည်။

စက်ရုံ အလုပ်ရုံပေါင်း၂၀၀ကျော်ခန့်ရှိပြီး၊မဲဆောက်နယ်မြေအတွင်းမြန်မာအလုပ်သမားပေါင်းသိန်းချီရှိကြောင်း
အလုပ်သမားအရေးဆောင်ရွက်သူများကပြောသည်။ အချို့ ကမူ စက်တင်ဘာလ ၅ ရက်နေ့အထိ လူဖမ်းပွဲကြီး ရှိနေမည် ဟု ပြောကြသည်။


ယမန်နေ့ က ချင်းမိုင်မြို့နယ်၊အလုပ်အလုပ်သမားကြီးကြပ်ေ၇းရုံးမှ နဖ၀ဒီဖိနန် ဆိုသူနှင့်နယ်ခြားစောင့်တပ်အမှတ် ၃၃တို့ ပူးပေါင်း၍ ဆီဖုန်းရပ်ကွက် အာစထော်လမ်းရှိ လုပ်ငန်းခွင့်ကိုဝင်ရောက်ဖမ်းဆီလိုက်သည်။


ယမန်နေ့ နေ့ လည်ပိုင်းက စစ်သား အင်အား ၅၀ ကျော်ခန့် ဖြင့်စီးနင်း ၀င်ရောက် ဖမ်းဆီးရာ မြန်မာအလုပ်သမား၂၀၀ကျော်ဖမ်းဆီးခံခဲ့ရသည်။ထိုအထဲတွင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်စာရွက်စာတမ်းမရှိ သည့်အလုပ်သမား ၃၀ ကျော်ကိုမူနယ်စပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ဒေလီနယူးသတင်းစာ တွင်ရေးသားဖေါ်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း သန်းချီရှိသည့် မြန်မာ အလုပ်သမားများတွင် တရားဝင် နေထိုင်အလုပ်လုပ်ကိုင် ခွင့်မရှိသူများ သဖြင့်၊ထိုင်းအာဏာပိုင်များ၏ဖမ်းဆီးပြန်ပို့ခြင်း၊ငွေညှစ်ခြင်းကိုနေ့စဉ်ခံနေရဆဲဖြစ်သည်။ဖမ်းလိုက်၊ပြေးလိုက်၊ ထိုင်းနိုင်ငံအတွင်းပြန်လာလိုက်သံသရာမှာ နှစ်ပေါင်းမည်မျှကြာမည်မသိနိုင်သေးကြောင်း မဲဆောက်မှ အလုပ် သမားအရေး လုပ်သူများက သုံးသပ်ပြောဆိုနေကြသည်။


သတင်း.-ကိုကျော်သောင်း (ဘန်ကောက်)