မြတ်လေးငုံ
05 September 2010
ပဲခူးမြို့တွင်အရက်မူးနေသောစစ်သားများနှင့်ရန်ဖြစ်ပြီး သေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်၍ လူငယ်(၂)ဦးသေဆုံး
သေဆုံးသွားသော အောင်သူဟိန်း ၏ ဓာတ်ပုံ
သေဆုံးသွားသော စိုးပိုင်ဇော် ၏ ဓာတ်ပုံ
ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်း တွင်နေထိုင်သူ လူငယ်(၂)ဦးဖြစ်သော အောင်သူဟိန်းနှင့် စိုးပိုင်ဇော်တို့ဂီတာတီးနေစဉ်အရက်သောက်ပြီးမူးယစ်နေသောခမရ(၁၀၁)၊ခလရ(၅၉)တပ်မှအရာရှိနှင့်စစ်သား များနှင့် ရန်ဖြစ်ကြပြီးနောက်စစ်သားများတပ်စခန်းသို့ပြန်သွားခဲ့ကြပါသည်။ထို့နောက်ပြန်လာပြီးစစ်သား(၁၀) ယောက်မှ သေနတ်ဖြင့်မြလမ်းထိပ်တွင်ပစ်ခတ်ရာသေနတ်ဒဏ်ရာဖြင့်အောင်သူဟိန်းက၆ချက်ထိစိုးပိုင်ဇော်က ၄ချက်ထိပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်းသတင်းရရှိပါသည်။
ထိုသို့ပစ်ခတ်ပြီးသွားတဲ့နောက်မှာ စစ်သားမှ ရပ်ကွက်ရှိပြည်သူများသို့ " ကြိုက်တဲ့အကောင်စမ်းချင်ရာစမ်း မင်းတို့အကောင်တွေသေချင်းဆိုးနဲ့သေလိမ့်မယ်"လို့အော်ဟစ်ကြိမ်းမောင်းသွားကြောင်းမျက်မြင်သက်သေများ
က ပြောဆိုကြပါတယ်။ သေဆုံးသွားသောသူများ၏ မိဘများကရင်ခွဲရုံတွင် မိမိတို့သားများ၏ရုပ်အလောင်းကို အိမ်သို့ပြန်လည်ယူဆောင်ရန်တောင်းဆိုခဲ့ခြင်းကိုအာဏာပိုင်များကတားမြစ်နေကြောင်းသိရှိရပါသည်.။
နအဖက အမှုကိုကြေအေးဖို
့လုပ်နေတယ်လို့လည်းပဲခူးမြို့ခံတွေကေ
ပြာပါတယ် ၊နအဖကလဲသူတို့ လူ ကို လည်း ထိန်း သိမ
်ထားပါတယ် အမှုမဖွင့်ဖို့ဖိ
အားပေးကိုတည်းမတရား ပေးနေပါတယ်လို့ ပဲခူးမြို့ခံ တွေက ပြောဆိုနေကြပါသည်.။
videoဖိုင်နှင့် သတင်းပေးပို့သော ဦးအေးမြင့် (လမ်းပြကြယ်)နှင့် ကိုဒေါင်းမာန်ဟုန် အား ကျေးဇူးတင်ရှိပါသည်။
Newer Post
Older Post
Home
View mobile version