Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

02 May 2013

19 November 2012

အမေရိကန်သမ္မတ ဘားရက်အိုဘားမား ရန်ကုန်လေဆိပ်သို့ ရောက်ရှိ(ရုပ်သံမြင်ကွင်း)

အမေရိကန်သမ္မတ ဘားရက်အိုဘားမား ရန်ကုန်လေဆိပ်သို့ ရောက်ရှိ(တရုတ် ရုပ်သံမြင်ကွင်း)
 ယနေ့ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတအိုဘားမားတို့ တွေ့ဆုံပွဲမြင်ကွင်း

မကြာမီ ရောက်ရှိလာတော့မည့် အမေရိကန်သမ္မတ မစ္စတာအိုဘားမားအား ကြိုဆိုရန် စောင့်ဆိုင်းနေသော မြန်မာပြည်သူလူထု..

မကြာမီ ရောက်ရှိလာတော့မည့် အိုဘားမားကို ကြိုဆိုရန် စောင့်ဆိုင်းနေသော သံဃာတော်များကို တွေ့ရစဉ်။
မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးနှင့် လာသောအိုဘားမားကို ကြိုဆိုရန် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းပြင်ဆင်နေသော ကျောင်းသူ၊ ကျောင်းသားနှစ်ဦးနှင့် ကူညီပေးနေသော ရဲမေတစ်ဦး။
မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီး လာရောက်မည့် အိုဘားမားကို ကြိုဆိုရန်  ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းနေသော ကျောင်းသူလေးများ.။
မကြာမီ ရောက်ရှိလာတော့မည့် အမေရိကန်သမ္မတ အိုဘားမားအား ကြိုဆိုနေကြသူများ။

 ဓာတ်ပုံ- ဥက္ကာကိုကို

27 June 2012

ပြင်သစ်နိုင်ငံရဲ့ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..

ပြင်သစ်သမ္မတ Francois Hollande ရဲ့ အထူးဧည့်သည်တော် မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ အပြိုင်အဆိုင် ခမ်းခမ်းနားနားကို ကြိုဆိုကြတာပါ..။
ဇွန်လ(၂၆)ရက်နေ့က ပြင်သစ်နိုင်ငံမှာ အစိုးရဧည့်သည်တော် အဖြစ်ရောက်ရှိနေတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ Francois Hollandeမှ Elysee နန်းတော်မှာ လက်ခံတွေ့ဆုံ ခဲ့ပါတယ်..။ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်..။
ဓာတ်ပုံ၊ AP,Reuters

21 June 2011

မနေ့ညနေပိုင်းက အမေစု အိမ်ခြံဝင်းအတွင်းမှာ ပြုလုပ်တဲ့ မွေးနေ့ပွဲ အခမ်းအနား (ဓာတ်ပုံ)

19.6.2011, (6:30 p.m), အမေ့ခြံထဲ အမေ့မွေးနေ့ မှတ်မှတ်ရရ ကြည်နူးစရာ ပုံရိပ်များ
အမေနဲ့ သားတို့ရဲ့ ကြည်နှူးစရာ မြင်ကွင်း...
ဓာတ်ပုံများအတွက် အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။


20 March 2011

တပေါင်းလပြည့်နေ့ အခါသမယ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်မှ မြင်ကွင်းများ... (ဓာတ်ပုံ)

တပေါင်းလပြည့်နေ့မှာ ထိန်ထိန်သာနေတဲ့ လမင်းကြီး
ရင်ပြင်တော်ပေါ်မှာလူတွေအပြည့်
ဆီမီးပူဇော်သူတွေနဲ့ စည်စည်ကားကား
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရား ထက်သန်ပုံတွေလေ..
ဘုရားရိပ် တရားရိပ်မှာ အေးအေးချမ်းချမ်း
အရင်ကတော့ ရွှေတိဂုံ ပတ်ဝန်းကျင်မှာ တပေါင်းပွဲတော်ကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်..
ဓာတ်လှေကားမှာ စောင့်ဆိုင်းနေကြတဲ့ ဘုရားဖူး ပရိသတ်...

ပြည်ပရောက်နေတဲ့ အမိမြေနဲ့ ဝေးကွာနေသူတွေအတွက် ကြည်ညို သဒ္ဓါပွားနိုင်အောင် အမိမြေအမှတ်တရ တင်ပြလိုက်ပါတယ်.. (ဓာတ်ပုံ ဒီမိုဝေယံ)