ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ
ကို ဂုဏ်သိက္ခာနှင့်အညီ စနစ်တကျ နည်းလမ်းမှန်ဖြင့် အသုံးပြုနိုင်ကြစေရန်
နိုင်ငံတော်အလံဥပဒေကို (၂၁-၁၀-၂၀၁၀)နေ့က ဥပဒေအမှတ်(၈/၂၀၁၀)ဖြင့်
အမိန့်ထုတ်ပြန်ပြဌာန်းထားပါသည်။
နိုင်ငံတော်အလံဥပဒေတွင်-ပုဒ်မ
၁၃။နိုင်ငံတော်အလံနှင့်စပ်လျဉ်း၍မည်သူမျှအောက်ဖေါ်ပြပါ တစ်ခုခုကို
မပြုလုပ်ရ-(က)နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ဂဏန်း၊ရုပ်ပုံနှင့်သင်္ကေတ စသောအ
မှတ်အသားတစ်ခုခု ကို ရေးသားချယ်လှယ်ခြင်း
၊တွယ်ကပ်ခြင်း၊ပုံနှိပ်ခြင်း၊(သို့)တစ်ခုခုဖြင့်
အရာထင်စေခြင်း(ခ)နိုင်ငံတော် အလံကို
(၁)အဆင်းအရွယ်၊ပုံသဏ္ဍန်(သို့) အချိုးအစားပျက်ပြားရန်ပြုခြင်း(၂)ပြဌာန်းခွင့်ပြု ထားခြင်းမရှိသည့်နေရာ၊ဒေသနှင့်ကိစ္စများတွင်
အသုံးပြုခြင်း။ (၃)မလေးမစားပြုခြင်း၊။ ပုဒ်မ(၁၃)ပါ
ပြဌာန်းချက်ကိုဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကို ၃ နှစ်ထက်မပိုသော
ထောင်ဒဏ်ဖြစ်စေ့ ကျပ်သုံးသိန်းထက်မပိုသော
ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု
ဥပဒေတွင်ပါရှိသည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဗဟိုညီလာခံကို
အောက်တိုဘာ(၁၄)ရက်မှ (၁၇)ရက်နေ့ အထိ နေပြည်တော်
တွင်ကျင်းပခဲ့ပါသည်။ညီလာခံဖွင့်ပွဲတွင် တေးသရုပ်ဖော်အစီအစဉ်ဠ် နိုင်ငံတော်
အလံကို ဇောက်ထိုးပြောင်းပြန်လွှင့်ထူခဲ့သည်ကို TRUE NEWS
ဂျာနယ်မျက်နှာဖုံး တွင် တွေ့လိုက် ရပါသည်။ထိုဂျာနယ်တွင်ရေးသားထားသည်မှာ
နိုင်ငံတော်၏ အထွတ်အမြတ် အလံတော် ကို ပြောင်းပြန်လွှင့်ထူခြင်းသည်
ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက်
ယတြာအစီ အရင်ဆောင် ရွက်ခြင်းဖြစ်နိုင်ကြောင်းပါရှိပါသည်။ဗေဒင်ယတြာအလိုအရ
တည်ဆဲဥပဒေ ကို ချိုးဖောက်၍ရပါ ၏လော၊ဥပဒေအထက်တွင်မည်သူမှ မရှိပါ
။နိုင်ငံတော်က အသိအမှတ်ပြုလေးစား လိုက်နာကြရသော နိုင်ငံတော် အလံဥပဒေကို
အထင်ကရပါတီကြီးကိုဖေါက်ဖျက်ကြူးလွန်ခွင့်
မည်သူကခွင့်ပြုခဲ့ပါ သနည်း။နိုင်ငံတော်အလံကပြောင်းပြန်ဇောက်ထိုးလွှင့်ထူဖြင်းသည်အမြင်မတော်ဆင် တော်နှင့် ခလောက် ဆိုသလိုဖြစ်နေပါသည်။(ဦးခင်ဇော်(မရမ်းကုန်း)၏ ဆောင်းပါးမှ ကောက်နှုတ်ထားပါသည်။)
The Hot News