ဖခင်ဖြစ်သူ ပန်းချီဆရာကြီးဦးသက်ညွန့် ရဲ့ အနုပညာဗီဇသွေးဖြစ်သလို၊
အနုပညာနဲ့ ဆက်စပ်ပတ် သက်လာ ရင် ထက်ထက်သန်သန် ဝါသနာကြီးသူက
၈၈မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်ပဲဖြစ်ပါတယ်ပန်းချီနဲ့ ပတ် သက်ပြီး စိတ်ဝင်စားမှုအတိုင်းအတာကို ၈၈ မျိုးဆက် ကျောင်းသားကိုမင်းကိုနိုင် ကို မေးကြည့်ဖြစ် ရာ“ကျွန်တော့်အဖေက ပန်းချီဆရာ။ ကျွန်တော်ပန်းချီဆေးတွေ၊စုတ်ခွက်တွေ၊
ကား ချပ်တွေကြားထဲမှာ ဝမ်းလျားထိုးပြီး ကြီးပြင်း လာခဲ့တာပါ။
အရင်ဆုံးစပြီး ဝမ်းလျားထိုးပြီး လက်နဲ့လျှောက် ဆွဲတဲ့အခါမှာ ဆေးခွက်ကြီး ကို
ဆွဲမိတယ်။ ပြီးတော့ ပါးစပ်ထဲသွားထိုး လိုက်တယ်။ လူကြီးတွေ
ပြန်ပြောပြ တာပေါ့။ ပါးစပ်တွေမှာ ဆေးတွေ ပေကျံပြီး ကျွန်တော်
တပြွတ်ပြွတ်နဲ့စုပ်နေတာပေါ့။
အဲဒီမှာ ပန်းချီ နဲ့စ သိတာပေါ့။ ပန်းချီဆိုတာအရသာရှိတယ်
ဆိုတာကျွန်တော်သိသွားပြီ။ နည်းနည်း နား ထောင်တတ်တဲ့ အရွယ်ရောက်လာ
တော့အဖေနဲ့အဖေရဲ့ဆရာတွေ၊အဖေ့ရဲ့ တပည့်တွေ အဖေနဲ့ ခေတ်ပြိုင်တွေအဲဒီမျိုး ဆက်၃ခုလုံးက ပန်းချီရဲ့ သီအိုရီတွေကို ကျွန် တော်နားရည်ဝသွား တယ်။ကျကျနနသင်ယူရ
တယ်လို့တော့ မခံစားနိုင်ဘူး။ အိမ်နားမှာ ပန်းချီကျော်သောင်းတို့၊
ပန်းချီဝသုန်တို့ရှိ တယ်။ အထူးသဖြင့် ကိုကျော်သောင်းတို့ ဆရာဝသုန်တို့က
လက်ဖက်ရည် ဆိုင်မှာ ပန်းချီအကြောင်း ထိုင်ပြောကြတယ်။ ကျွန် တော်က သူတို့ခပ်လှမ်းလှမ်းက ထိုင်နား ထောင်တာပေါ့။ ဆရာဝသုန့်အိမ်ကို သွားပြီး
ပန်းချီကိုသင်တယ်။ ဆရာကပြောတယ်။ မင်း အဖေရှိရဲ့သားနဲ့ မင်းကလုပ်ပြန်ပြီလို့
ပြော တယ်။ ကျွန်တော်က မတူကွဲပြားတဲ့ ရေးဟန် တွေ၊အယူအဆတွေကိုလိုချင်တယ်ပေါ့။ ကျွန် တော့်အပေါ် အင်မတန်ကောင်းခဲ့ပါတယ်။စိတ်ရှည်လွန်းလို့ ကျွန်တော်ကတောင် ပြန်ပြီး စိတ်မရှည်ရတဲ့ ဆရာမျိုးပါ”လို့ပြော ပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းထောင် ထဲမှာ အကျဉ်းခံနေစဉ် မှာပန်းချီရေးဆွဲဖြစ်
လား ဆိုတာကိုမေးကြည့်တော့ “ပထမ ဆုံးရေညှိနဲ့ ကျွန်တော်အိပ်တဲ့
နံရံလေးဘေးမှာ ဖွက်ပြီးဆွဲရ တာ။ ပုန်းလျှိုးကွယ်လျှိုးဆွဲရတာ။ ရေညှိနည်း နည်းသွားခြစ်လာတယ်။ ပဲဟင်းထဲမှာပါတဲ့ နနွင်းတောင့်လေးတွေ အဲဒါအဝါဖြစ်သွား တာပေါ့။
အုတ်ခဲအကျိုးလေးတွေ သွေးပြီးအနီ ရောင်ရတယ်ပေါ့။ အဲဒါဝါစိမ်းနီသုံးမျိုးနဲ့ပဲစဆွဲခဲ့တာပဲ။ နံရံပေါ်မှာဆွဲတော့ အဲဒီမှာပဲကျန် ခဲ့တာပေါ့။ထောင်ကနောက်ဆုံး အခေါက် လွတ် ခါနီးမှာပန်းချီဆွဲ ခွင့်တရားဝင်ရသွားတယ်။ အဲဒီပန်းချီကားတွေသတ်သတ်ရှိပါတယ်။
အဲ ဒီမှာလည်း ပုဂံက ဓာတ်ပုံတွေ၊အိမ်ကပို့လိုက် တာတွေ ကျွန်တော်ဆွဲ
ခဲ့တာတွေရှိတယ်။ ဘဝမှာ အဲဒီလိုတစ်ခါမှမဆွဲဖူးဘူး။ ရောက်နေ တာကလည်းပုဂံမှာ၊
အဲဒါနဲ့ပုဂံက ပန်းချီဆရာ တစ် ယောက်ဆီကနေ ကိရိယာတွေတောင်း ပြီး တော့
နောက်နေ့ မနက်ထနိုင်သမျှစောစောထ ပြီးသွားဆွဲတယ်။ ညကလည်း ပင်ပန်းထားတော့
မထနိုင်ဘူး။ ပင်ပန်းရကျိုးနပ်ပါတယ်။ လိုက် ပို့တဲ့ မိတ်ဆွေတွေကိုလည်း
ကျေးဇူးတင်စရာ ကောင်းတာပေါ့။ သူတို့ကိုယ်တိုင်ကကျွန်တော့်
ကို ပန်းချီဆွဲစေချင်တဲ့အခါ ဘုရားပေါ်တက် တယ်။ နေရောင်ရဲ့ သဘာဝဟာ တက်နေက
နုတယ်ဗျ။ နေရင့်သွားရင် သွားပြီဗျ။မြင်ကွင်းက အရောင်းစူးသွားပြီဆိုရင်
ကျွန်တော်တို့ အသည်းနှလုံးကို မကိုင်လှုပ်နိုင်တော့ဘူး။
တိမ်ကြားထဲမှာရှိနေ တဲ့ အသွေးတွေနဲ့ပေါင်း လိုက်တော့ ပုဂံက ပိုလှသွားတယ်။
အဲဒီအချိန် ကို လုပြီးဆွဲရတာဆိုတော့ အပြည့်တော့ မရ လိုက်ဘူး။ ဒါဘဝပါပဲဗျာ။
ဘဝမှာ အပြည့်ရ တယ်ဆိုတာ မရှိပါဘူး။မစို့မပို့လေးရတာကိုပဲ ကျွန်တော်တို့ ကျေနပ်ရတာပါ။ ပန်းချီမှာလည်း ဒီလိုပဲဖြစ်သွားမှာပါ။ ကဗျာတွေရေး၊ သီချင်းတွေရေးတယ်။ နာမည်ပေးတာက တစ်ခါပဲလှိုက်လှိုက်လှဲလှဲထွက်လာရင်ကောင်း တယ်။ မဖြစ်မနေဆိုရင် ဘယ်လိုနည်းနဲ့မှ မကောင်းနိုင်တော့ဘူး။ တစ်ခါတစ်ရံကျရင် နာမည်ကတောင် အရင်ရနေသေးတယ်။ ဒီ ပန်းချီကားလည်းထွေထွေထူးထူး
နာမည်ပေး ဖို့မစဉ်းစားထားပါဘူး။ တိုက်ဆိုင်ရင် စိတ်
ထဲမှာခလုတ်တိုက်သွားတဲ့ နေ့ကတော့ နာ မည်ပေးဖြစ်မှာပါ။ သကအိသသမ
ပန်းဘွဲ့ဆွဲရတာ ဘယ်အရသာနဲ့မှ မလဲနိုင်ဘူးဗျ။ ဘဝမှာ တခြားအရသာတွေ
တော်တော်ကြုံခဲ့ပြီးပြီ။ လူတစ်ယောက် ဟာသူ့ဘဝမှာ ပန်းချီကို ဝါသနာပါ၊ ပန်းချီလည်း ဆွဲနေတယ်ဆိုရင်သူ့ဘဝ မှာကံအကောင်းဆုံးအချိန်ပဲ။ သာမန် လောကီသားတွေရတတ်တဲ့ သမာဓိမျိုးသူ့ဆီ မှာရှိတယ်။စိတ်နှစ်ပြီးငြိ မသွားတဲ့အငြိမ်ရယ်၊ ရေစီးထဲကို တငြိမ့်ငြိမ့်ပြောသွားတာမျိုးပန်းချီ မှာပဲတွေ့ဖူးတယ်။ သီချင်း လည်းစပ်ခဲ့ဖူးတယ်။ပန်းချီ လောက် အရ သာတွေ့တာ မျိုး တစ်ခါမှမကြုံဖူးဘူး။ပန်းချီဟာ ဓျာန် ဝင်စားမှုမှာ တော့တော်တော် အဆင့် မြင့်တယ်ဆိုတာ ပိုသိလာတယ်” လို့ ရှင်းပြပါတယ်။
ရင်းမြစ်.. ပေါ်ပြူလာဂျာနယ်
ရင်းမြစ်.. ပေါ်ပြူလာဂျာနယ်