စာအုပ်ကို ပြုစုသူ Peter Popham က
အပိုင်းငါးပိုင်းခွဲ၍ ရေးသားပြုစုထားသည်။ ပထမပိုင်းဝယ် ဒေါ်အောင်ဆန်းစုကြည်၏
ငယ်စဉ်ဘ၀နှင့်ပတ်သက်၍ ရေးသားဖေါ်ပြထားပြီး၊ ဒုတိယပိုင်းတွင်မူ
မိခင်ကြီးမကျန်းမာခြင်းကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိလာရခြင်းမှ အစပြု ကာ နိုင်ငံရေး နယ်ပယ် ထဲ သို့စတင်ရောက်ရှိလာခြင်း အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် ကြံ့ကြံ့ခံတွန်းလှန်ခဲ့ခြင်းအစရှိသည်တို့ကိုရေးသားထားပါသည်။ တတိယပိုင်းတွင်မူ ပူဆွေးသောကရောက်ရမှုများ၊ ငါးဦးဂိုဏ်း၊ ရွေးချယ်မှုများစသည့်ဖြင့်ရေးသားထားပြီး စတုတ္ထပိုင်းတွင်မူ ၉၉၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီ အပြတ်အသတ်အနိုင်ရခြင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်း အစရှိသည် တို့ ကိုရေး သားဖော်ပြထားသည်။
သတင်း....... Popular Myanmar News Journal
နောက်ဆုံးအပိုင်းတွင်မူ သူ၏ တွေ့ဆုံဆွေးနွေးမှုများ၊ သူ၏ရည်မှန်းချက်များ၊ ရွှေဝါရောင်တော်လှန်ရေး ခွပ်ဒေါင်း၏အကျိုးသက်ရောက်မှုများ စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။
ထိုစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ရှားပါးဓာတ်ပုံပေါင်း ၄၃ ပုံပါရှိသည်။
ယခုစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပတ္တိသစ်ဟုဆိုကြသည်။ ငြိမ်းချမ်းရေး
နိုဘယ်ဆုရင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက
"လက်ဖျားခါရအောင်ကောင်းသည်"ဟုမှတ်ချက်ချ သည်။ကမ္ဘာကျော် စာအုပ်ထုတ်ဝေရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Rider စာအုပ်တိုက်မှထုတ်ဝေခြင်းဖြစ်သည်။