ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ဖြူဖြူသင်းက သူ့ မဲဆန္ဒနယ်ထဲက ချို့တဲ့တဲ့ မူလတန်းကလေး အယောက် ၁ ထောင့် ၇
ရာအတွက် ကျောင်းသုံးပစ္စည်း
တွေ လှူဒါန်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မင်္ဂလာတောင်ညွန့် မြို့နယ် ထဲက အချို့တဲ့ဆုံး ရပ်ကွက် (၈) ခုက ကလေးသူငယ် တွေကို ထောက်ပံ့သွားမယ်လို့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။
ဒေါ်ဖြူဖြူသင်းဟာ သူရရှိမယ့် လွှတ်တော်အမတ် လစာငွေ ကျပ်ငွေ ၃ သိန်းကိုလည်း အခု ထောက်ပံ့မယ့် ရန်ပုံငွေထဲမှာ ထည့်ဝင်သွားမယ်လို့ သိရပါတယ်။
ထောက်ပံ့ပေးမယ့် အထဲမှာ ပုသိမ်ညွန့်၊ ကူးတို့ဆိပ်၊ ဆားစက်ဝင်း စတဲ့ ရပ်ကွက်တွေက ကလေးတွေ ပါဝင်မှာ ဖြစ်ပြီး စုစုပေါင်း ၂၃ သိန်းဖိုးလောက် ထောက်ပံ့နိုင်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်ဖြူဖြူသင်း ကပြောပါတယ်။

သတင်း.. RFA