ပန်းတို့သတ္တိ
ပန်းတို့သတ္တိ အမျိုးသမီးမှာလက်နှစ်ဖတ်ရှိတယ်
စည်းစိမ်နွံတော်မှာ နှစ်မြုတ်နေဖို့မဟုတ်
မူဝါဒကိုတုပ်ကိုင်ဖို့ အလုပ်လုပ်ဖို့။
အမျိုးသမီးမှာ ခြေနှစ်ဖက်ရှိတယ်
ဒို့ မျှော်မှန်းချက်အတိုင်း မြင့်နိင်သမျှမြင့်အောင်တတ်ဖို့
သူများအပေါ် အခွင့်ရေးမယူဘဲ
ညီညွန့်စွာ အခိုင်အမာ ရပ်တည်ဖို့။
အမျိုးသမီးမှာ မျက်လုံးတစုံရှိတယ်
အမျိုးသားတွေကို ညို့ငင်ဖို့မဟုတ်
ဘဝသစ်ကိုရှာဖို့။
ကျယ်ပြန့်တဲ့ ကမ္ဘာတခွင်ကိုစူးစမ်းဘို့
အမျိုးသမီမှာ မယိမ်းမယိုင်မြဲခိုင်တဲ့ မီရူးတိုင်လိုနလုံးသားရှိတယ်
လူသားကိုဖန်တီးဖို့ အင်အားတွေစုစည်းဖို့။
အမျိုးသမီးဟာ
ကာမဂုဏ်ပျော်ပါးရာမှာ အသုံးတော်ခံမဟုတ်
လွတ်မြောက်ခြင်း တန်ဘိုးကိုသင်ယူဖို့
အမှန်တရားကိုရင်ဆိုင်ဖို့။
ပန်းတွေမှာ ချွန်မြတဲ့ဆူးတွေ
ပြည်သူတွေ အတွက် မပွင့်တပွင့်မဟုတ်
အစွမ်းကုန်ပွင့်ဘို့။
မဟာပထဝီမြေကြီး လက်ကိုင်ဆုတ်ပြီး
တော်လှန်ရေး အစ ဆုံးပြီး အထိ ရှိတဲ့အင်အား စုစည်းထားပြီး
စစ်အစိုးရကို ပြုတ်တဲ့အထိ ရဲရဲရင့်ရင့်တိုက်ပွဲဝင်စို့ အမျိုးသမီးတို့။
အတာ(၁၀၁) ဘုရားသုံဆူတပ်ရင်းမှာရေးသားခဲ့သော်ကဗျာလေးပါ၊
(၁၉၈၉ မှ အမှတ်#၁ အလင်းသစ်စာစောင်မှ)