ကျမတို့ မန္တလေးမြို့ ၇၈ လမ်းနဲ့ သိပ္ပံလမ်းထောင့် မန္တလေးတက္ကသိုလ်ကျောင်း ဧရိယာအတွင်းမှာ Daimond Sky ဆိုတဲ့ KTV ကို ဗြောင်ကျကျ ဖွင့်ထားပါတယ်။
ဒီဆိုင်က မိန်းကလေးတွေလည်း ထားတော့ ဘေးပတ်ဝန်းကျင်က အဆောင်နေတဲ့ ကျောင်းသူတွေအတွက် အများကြီး အနှောင့်အယှက်ဖြစ်ရပါတယ်။ ကျောင်းသားတွေကလည်း ညဆိုရင် အဲဒီဆိုင်မှာပဲ အချိန်ကုန်နေကြပါတယ်။ ရန်ပွဲကလည်း ညတိုင်းနီးပါးဖြစ်ပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်ရပါတယ်။ နေ့ခင်းဆိုရင် အဲဒီဆိုင်က အခန်းတွေကို အချိန်ပိုင်းနဲ့ငှားတဲ့အတွက် စုံတွဲတွေအတွက် လွတ်လပ်စွာ ချိန်းတွေ့လို့ ရပြီး အခန်းထဲမှာဆိုရင် ကွန်ဒုံတွေ၊ အပြာကားတွေ ကြည့်နိုင်အောင် စီစဉ်ပေးထားပါတယ်။ အဆိုးဆုံးကတော့ ကျောင်းသားတွေအတွက် လွတ်လပ်စွာ မူးယစ်ဆေးဝါးသုံးလို့ရတဲ့ နေရာကြီး ဖြစ်နေပါတယ်။
မန္တလေးတက္ကသိုလ်ကျောင်း ဧရိယာမှာ ဘီယာဆိုင်၊ အရက်ဆိုင်တောင် ဖွင့်ခွင့်မပေးတာ ဒီလိုဆိုင်ကို ဘာလို့ဖွင့်ခွင့်ရနေတာလဲဆိုတာ တိုင်းဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ ပညာရေးဝန်ကြီးကို မေးပေးပါရှင့်။ ကျမတို့ ကျောင်းသူ ကျောင်းသားတွေအတွက် ပျက်စီးအောင် ဖျက်ဆီးနေတဲ့ အဲဒီ KTV ဆိုင်ကို အမြန်ဆုံးပိတ်ပေးပါလို့ သမ္မတ ဦးသိန်းစိန်ကို တင်ပြလိုက်ပါတယ်။
တတိယနှစ် ရတနာပုံ ကျောင်းသူတဦး
သတင်း .DVB