အဖွဲ့ချုပ်ဗဟိုဌာနချုပ် တွင် နိုဝင်ဘာ ၂၄ ရက်နေ့က ပြည်နယ်တိုင်း အမျိုးသမီး အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစည်းဝေပွဲပြုလုပ်ခဲ့သည်။အစည်းအဝေးသို့ ကယားပြည်နယ်မှလွဲ၍ ပြည်နယ်တိုင်း ၁၃ ခုမှ အမျိုးသမီးအဖွဲ့ဝင်း၂၀၀ ခန့်တတ်ရောက်နိုင်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲမှ အနှစ်ချုပ်ဆုံးဖြက်ချက်များ-
- မြန်မာအမျိုးသမီးထု တရပ်လုံး အနေနှင့် နိုင်ငံရေးတွင်ပိုမိုတတ်ကြွစွာ ပါဝင်လာရေး စည်းရုံးလုပ်ဆောင်သွားကြရန်။
- လူမူရေးလုပ်ငန်းများကို ပြည်နယ်တိုင်း၊ မြို့နယ်ရပ်ကျေး အလိုက်ပိုမို ထိရောက်စွာ လုပ်ဆောင်သွားကြရန်။
- ဒုတိယပင်လုံညီလာခံ ဖြစ်ပေါ်ရေးကိုအမျိုးသမီးထုမှ ၀ိုင်းဝန်းကြိုးပမ်းသွားကြရန်။
သတင်းရရှိပါသည်.။
သတင်း..မြတ်လေးငုံ