26 July 2010

စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါက်တာနေ၀င်းမောင် ထောက်ခံသလား

ဇူလိုင် ၁၂ ၇က်ထုတ် The Voice ဂျာနယ်မှာ ဒေါက်တာ နေ၀င်းမောင်ရဲ့ ကလောင်ခွဲ အောင်ထွဋ်ရေးတဲ့ ဖွဲ့စည်းပုံကို ဝေဖန်တဲ့ ဆောင်းပါး ပါပြီး မကြာခင် The Voice ဂျာနယ်ကို ၂ ပတ် အပိတ်ခံ ရတယ်လို့ ကြားရပါတယ်။

ဒီနေရာမှာ မှတ်ရ လွယ်အောင် ဆောင်းပါးရှင်ကို ဒေါက်တာ နေ၀င်းမောင်လို့ဘဲ ညွှန်းပါရစေ။ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံသူ၊ စစ်အစိုးရနဲ့ နီးစပ်သူလို့ အများက အသမုတ် ခံနေရတဲ့ ဒေါက်တာ နေ၀င်းမောင် ဘာကြောင့် Concept နဲ့ Process ဆောင်းပါးမျိုး ရေးသလဲဆိုတာ စိတ်ဝင်စားဘို့ ကောင်းပါတယ်။

သူ့ဆောင်းပါးကို အနှစ်ချုပ် ကြည့်ရင် စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ မှာ သမ္မတကို ဗီတိုအာဏာ ပေးမထားပေမဲ့ သမ္မတ မကြိုက်တဲ့ ဥပဒေကြမ်း တခုခုကို လွှတ်တော် ၂ ရပ်က တင်သွင်းလာရင် ၂၅ ရာနှုန်း စစ်ဗိုလ်အမတ် ၁၆၆ ဦးက ကန့်ကွက်မဲ ပေးကြမှာဖြစ်တယ်၊ ဒါကြောင့် သမ္မတ လက်မခံတဲ့ ဥပဒေကြမ်းမျိုး ပြင်ချင်သပ ဆိုရင် အရပ်သား အမတ် ၄၉၈ ဦးထဲက အနည်းဆုံး ၃၃၃ ဦး ထောက်ခံမှ ဖြစ်မယ်ဆိုတာ (မဖြစ်နိုင်အောင် လုပ်ထားတာမို့) ဖွဲ့စည်းပုံမှာ ရေးမထားတဲ့ သမ္မတရဲ့ ဗီတိုအာဏာ ဖြစ်တယ်လို့ ရေးခဲ့တာပါ။

ဒီနေရာမှာ စာရေးဆရာ ဒေါက်တာ နေ၀င်းမောင်က ရွေးကောက်ပွဲ အပြီး ပထမဆုံး အရွေးခံရမဲ့ သမ္မတကို စစ်တပ်က ခေါင်းခေါက်ရွေးတဲ့ စစ်သားသမ္မတ မုချဧကန် ဖြစ်ရမယ်လို့ တထစ်ချယူဆပြီး ရေးထားတာကြောင့် စစ်အစိုးရ ၀ှက်ဖဲကို ထုတ်ပြသလို ဖြစ်သွားတဲ့ အတွက် စစ်အစိုးရကို နားရွက် တံတွေး ဆွတ်သလို ဖြစ်သွားပုံရပါတယ်။ တနည်းပြောရရင် သမ္မတ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောမကျတဲ့ ဥပဒေကြမ်းမျိုးကို စစ်ဗိုလ်အမတ် ၁၆၆ ဦးက လက်ခံမှာ မဟုတ်ဘူးလို့ ဒေါက်တာ နေ၀င်းမောင် မပြောရုံ တမယ် ရှိတာမို့ နအဖဘက်က ပိုပြီး စိတ်ခုသွားပုံရပါတယ်။

ဒါကြောင့် စစ်ဗိုလ်အမတ် ၁၆၆ ဦးရဲ့ ကန့်ကွက်မဲကို သမ္မတရဲ့ ရေးမထားတဲ့ ဗီတို (Default Veto) လို့ သုံးထားတာမို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဘို့ နေနေသာသာ စစ်တပ်ကဘဲ ကြိုးကိုင် ထားမှာမို့ သာမန် ဥပဒေကြမ်းမျိုး ပြင်ဘို့တောင် စစ်တပ် သဘောမတူရင် မဖြစ်ဘူးဆိုတဲ့ သဘော ဆောင်သွားပါတယ်၊ ဒီမှာတင် စစ်အစိုးရ အနေနဲ့ အနာပေါ် တုတ်ကျ ဖြစ်သွားပုံရပါတယ်။

နောက်တချက်က သမ္မတ လက်မခံတဲ့ ဥပဒေကြမ်းမျိုး ပြင်ချင်သပ ဆိုရင် အရပ်သား အမတ် ၄၉၈ ဦးထဲက အနည်းဆုံး ၃၃၃ ဦး ထောက်ခံမှ ဖြစ်မယ် ဆိုတာဟာ အရပ်သား အမတ် စုစုပေါင်းရဲ့ သုံးပုံ ၂ ပုံ ထောက်ခံဘို့ မဖြစ်နိုင်ဘူး- လက်တွေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ တစညလို ပါတီတွေက အမတ်တွေ၊ စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ မဟာမိတ်ပါတီ အမတ်တွေက အရပ်သား အမတ် အများစု ဖြစ်နေမှာမို့ ပြည်သူလူထု အကျိုးလိုလားတဲ့ အရပ်သားအမတ် ၃၃၃ ဦး လိုတယ်လို့ ဒေါက်တာ နေ၀င်းမောင် ဥပါယ်တမျဉ်နဲ့ ထောက်ပြတာကို စစ်အစိုးရက မျက်ထောင့် နီသွားတာ ဖြစ်နိုင်ပါတယ်။

ပိုပြီး စာဖတ်သူတွေ ရှင်းသွားအောင် ပြည်သူနဲ့ နိုင်ငံရေးပါတီတွေ သာမန်ထက် ပိုပြီး ညီညွတ်ကြမယ် ဆိုရင် အပြန်အလှန် ထိန်းကျောင်းမှု ရှိတဲ့ နိုင်ငံရေး စနစ်တခုကို အသေအချာ ခံစားရ ပါလိမ့်မယ်လို့ ဒေါက်တာ နေ၀င်းမောင် မှတ်ချက် ချတာဟာ လူထုကနေ ပြည်သူလူထု အကျိုးလိုလားတဲ့ အရပ်သား အမတ် ၃၃၃ ဦး ရအောင် စစ်အစိုးရ မထောက်ခံတဲ့ ပါတီတွေကို မဲဖိပေးရင် ကိုယ်လိုချင်တာ ရနိုင်တယ်လို့ ဆိုလိုရာ ရောက်နေတာမို့ ဒေါက်တာ နေ၀င်းမောင်ကို မဖမ်းတာဘဲ တော်လှပြီလို့ ဆိုရမလို ဖြစ်နေပါတယ်။

ဒီမှာတင် ဒေါက်တာ နေ၀င်းမောင် ရေးတာတွေ လွဲနေပါတယ် ဆိုပြီး ပိတောက်မြေလို စစ်အစိုးရ ဘောင်းတော်ညိတ် ဘလော့ဆိုက်တွေက အူယားဖားယား လိုက်ရှင်းရတဲ့ အဖြစ် ရောက်သွားပါတယ်။

တကယ်တော့ ဒေါက်တာ နေ၀င်းမောင်ရဲ့ ဒီဆောင်းပါးဟာ ပြည်တွင်းမှာ နေပြီး ဖွဲ့စည်းပုံရဲ့ အပြစ် အနာအဆာကို ဥပါယ်တမျဉ်နဲ့ ထောက်ပြရုံမက လူထုကိုပါ လွှတ်တော်မှာ ပြည်သူအကျိုး လိုလားတဲ့ ပါတီတွေကို ထောက်ခံမဲ အပြတ်ပေးပါ ဆိုတဲ့ သဘော ရောက်စေတဲ့ ဆောာင်းပါးမျိုး ရေးတာမို့ ကြီးလေးတဲ့ အပြစ်ဒဏ် ခံရနိုင်တဲ့ အတွက် သတ္တိကို ချီးကျူးထိုက်ပါတယ်။

တဘက်ကလဲ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ကို ကာကွယ် ထားတဲ့ ပုဒ်မ ၁၀၀ နီးပါးကို ၂၅ ရာနှုန်း စစ်ဗိုလ်တွေရဲ့ ထောက်ခံမှု မရဘဲ ပြင်လို့ မရတာသာ ရှိပါတယ်- သာမန် ဥပဒေကြမ်းမျိုးကို ထက်ဝက်ကျော် မဲနဲ့ ပြင်နိုင် ပါတယ်လို့ ၀ါဒဖြန့်နေသူတွေ အားလုံးကို ဒေါက်တာ နေ၀င်းမောင်ပေးတဲ့ မက်ဆေ့က စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ သာမန် ဥပဒေကြမ်းမျိုးတောင် ပြင်ဘို့ မဖြစ်နိုင်ဘူးလို့ သွယ်ဝိုက် ပြောရာ ရောက်နေပါတယ်။

ဒီအချက်ကို ပိုပြီး ပီပြင်စေဘို့ အတွက် နောင်ကို ပညာရှင် အမျိုးမျိုးက စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှုထောင့် အမျိုးမျိုးက သုံးသပ်ရာမှာ ဒီကိစ္စကို သူအရင်ဆုံး မှတ်တမ်းတင်ခဲ့တာ သိစေချင်လို့ ရေးတာပါလို့ ဒေါက်တာ နေ၀င်းမောင်က ဆောင်းပါး နိဂုံးမှာ ရဲရဲ တင်းတင်း ရေးထားပါတယ်။

တကယ်တော့ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလကားပါလို့ ပြောသူတွေ ပြည်တွင်း ပြည်ပမှာ မရေတွက် နိုင်ပေမဲ့ ဘယ်အချက်တွေဟာ တိုင်းပြည် အတွက် အဆိပ်အတောက် ဖြစ်တယ် စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ် အကျိုးကို ဘယ်လို ကာကွယ် ထားသလဲ ဆိုတာတွေကို ခွဲခြမ်း စိတ်ဖြာပြီး လူထုကို အသိပေးနိုင်သူက အတော် နည်းပါတယ်။

ဒေါက်တာ နေ၀င်းမောင်ဟာ တကယ်ဘဲ စစ်အစိုးရနဲ့ နီးစပ်သူလား- တကယ်ဘဲ အခြေခံဥပဒေ ၂၀၀၈ ကို သဘောကျ ယုံကြည်သူလား ဆိုတာ ကျွန်တော် မသိပါ။ ဒေါက်တာ နေ၀င်းမောင်ကိုလဲ မမြင်ဘူးပါ။

ဒါပေမဲ့ The Voice ဂျာနယ်ပါ အောင်ထွဋ် ဆောင်းပါးကတော့ စစ်အစိုးရ ဖွဲ့စည်းပုံကို ယုံကြည်သူလို့ ဒေါက်တာ နေ၀င်းမောင် ခံယူ ထားတာဟာ ပြည်တွင်းကနေ စစ်အစိုးရကို ပူးသတ်မဲ့ ကတ္တီပါ လက်အိတ် စွပ်ထားတဲ့ သံလက်သီး လားလို့တောင် မေးစရာ ဖြစ်နေပါတယ်။

လှတောသား

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပမှနယ်ကျော်ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးထားသည့်လိုင်စင်ရှိဆိုင်ကယ်များစီမံချက်ဒဏ်ငွေအပြင် ခံဝန်ရေးထိုးပြီပြန်ထုတ်ယူနိုင်

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းသို့ နယ်ကျော် ၀င်ရောက်စီးနင်းလာမှုကြောင့် အရေးယူထားသော တရားဝင်လိုင်စင်ရှိ မော်တော်ဆိုင်ကယ်များကို ပြန်လည် ထုတ်ယူရာတွင် စီမံချက်ဒဏ်ငွေ ကျပ်တစ်သိန်း၊ ယာဉ်စည်းကမ်းဒဏ်ငွေနှင့် ခံဝန်လက်မှတ်ရေးထိုးရ မည်ဖြစ်ကြောင်း သတင်းရရှိသည်။


အဆိုပါ ဆိုင်ကယ်များအား မူလပိုင်ရှင်များကို ပြန်လည်ထုတ်ယူ ခွင့်ပြုရာတွင် ပြီးခဲ့သည့်မေလအတွင်း က ဖမ်းဆီးအရေးယူခဲ့သော ဆိုင်ကယ်များကို စီမံချက်ဒဏ်ငွေများ တပ်ရိုက်ကာ ပြန်လည်ထုတ်ယူခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။


ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပမြို့နယ်များတွင်သာ စီးနင်းခွင့်ပြုထားသော တရားဝင်လိုင်စင်ရှိ မော်တော်ဆိုင်ကယ်များ ရန်ကုန်မြို့တွင်းသို့ နယ်ကျော်ဝင်ရောက် စီးနင်းနေခြင်းများကို စစ်ဆေး တွေ့ရှိပါကလည်း ဆက်လက်အရေးယူလျက်ရှိပြီး ပထမအကြိမ်တွင် ဒဏ်ငွေကျပ်တစ်သိန်း၊ ယာဉ်စည်းကမ်း ဒဏ်ငွေကျပ် ၁၅၀၀ အပြင် ဒုတိယအကြိမ်တွင် အဆိုပါဆိုင်ကယ် အား နှစ်လသိမ်းဆည်းအရေးယူ၍ စီမံချက်ဒဏ်ငွေ ကျပ်နှစ်သိန်း၊ ယာဉ်စည်းကမ်း ဒဏ်ငွေကျပ် ၁၅၀၀ တပ်ရိုက် အရေးယူသွားမည်ဟု သိရသည်။ တတိယအကြိမ်တွင်မူ ဆိုင်ကယ်အား သုံးလသိမ်းဆည်း အရေးယူခြင်းနှင့် စီမံချက်ဒဏ်ကြေးငွေ ကျပ်သုံးသိန်း၊ ယာဉ်စည်းကမ်း ဒဏ်ငွေ ကျပ် ၁၅၀၀ အပြင် စီးနင်းသူအား ခံဝန်လက်မှတ်ရေး ထိုးစေ၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀ီးကလီး အလဲဗင်းဂျာနယ်တွင်ဖော်ပြပါရှိပါသည်။

သားသမီးချင်းစာနာမှုမရှိတဲ့ခေတ်ကြီးတည်းက (ရ)နှစ်သမီးလေးရဲ့ဘဝဆိုးတစ်ခုပါ၊တရားဥပဒေဆိုတာဘာတွေလဲ? ပဲခူးခရိုင်တရားရုံးကြီးကိုဘာလုပ်ဘို့ထားရှိနေပါသေးလဲ?




လွန်ခဲ့သော ခန့် မှန်းခြေ (၁) လ (၂) လခန့် က ရက်မမှတ်မိ နေ့ တစ်နေ့ တွင် ညနေ (၅) နာရီခန့် က ကျွန်မသည် ကျွန်မတျောင်းတက်နေသော ဘုန်းတော်ကြီးစာသင်ကျောင်းမှ ကျောင်းလွှတ်လိုက်သဖြင့် အိမ်သို့  ပြန်လာပါသည်။ ကျောင်းမှ အိမ်သို့ ပြန်လာစဉ် လမ်း၌ အမေအကြွေးတောင်းခိုင်းလိုက်သဖြင့် ဦးဇင်ဌေးထံမှ ကြွေးဝင်တောင်းရာ ၂၀၀ိ/- ရရှိပြီး နေအိမ်သို့  ပြန်လာပါသည်။

ထိုသို့ ပြန်လာစဉ် ဦးသိန်းထိုက်နေအိမ်ရှေ့ ရောက်သောအခါ ဒေါ်ကြီးစနေမ (သိန်းထိုက်၏ မိန်းမ) က ကျွန်မအား လှမ်းခေါ်ပါသည်။ စနေမထံ ကျွန်မရောက်သွားသောအခါ စနေမက ကျွန်မအား ဦးလေးကြီး တစ်ယောက်လက်ထဲထည့်ပေးလိုက်ပါသည်။ ထိုဦးလေးကြီးက ဒေါ်ကြီးစနေမကို ပိုက်ဆံသုံးထောင်ကျပ်ပေးလိုက်တာကို ကျွန်မတွေ့ လိုက်ရပါသည်။ ထိုဦးလေးင်္ကြီးက ကျွန်မအား ဦးသိန်းထိုက်၏ နေအိမ်ခြံဝင်းနောက်ဘက်မှ ခြုံပုတ်ထဲသို့ ကျွန်မကို ခေါ်သွားပါသည်။

ထိုဦးလေးကြီးက ကျွန်မအား ပါးကို (၅) ချက် (၁၀) ချက် ရိုက်လိုက်သဖြင့် ကျွန်မ၏ ရှေ့ သွားတစ်ချောင်း ကျိုးသွားပါသည်။ ကျွန်မအား ထိုဦးလေးကြီးမှ အင်္ကျီတွေ ဘောင်းဘီတွေ ချွတ်ခိုင်းပါသည်။ (ကျွန်မ၏) ဘောင်းဘီ အင်္ကျီကို ထိုဦးလေးကြီးမှ သူ့ ဖာသာ ချွတ်ပါသည်။

ထိုဦးလေးကြီးမှ ကျွန်မ ကိုယ်တုံးလုံးဖြစ်သွားသောအခါ ကျွန်မ၏ အောက်ပိုင်းကို သူ၏ဂွေးစိကြီးဖြင့် ပွတ်တိုက်ပါသည်။ သမီးက စပ်တယ် စပ်တယ် နာတယ် နာတယ်ဟု အော်ပါသည်။ ကျွန်မက ငိုနေရာ ထိုဦးလေးကြီးမှ ငိုရင် ကျွန်မကို သတ်မည်ပြော၍ ကျွန်မ မငိုတော့ပါ။

ထိုသို့ ပြုလုပ်နေသည်ကို ဦးသိန်းထိုက်မှ အနောက်မှ လာကြည့်နေပါသည်။ ဦးသိန်းထိုက်မှာ ကျွန်မကို ဦးလေးကြီးတစ်ယောက် ချီသွားရာ နောက်သို့  လိုက်လာရာ လမ်းတစ်ဝက်ထိလိုက်ခဲ့ပြီး ၄င်းအိမ်သို့  သူ့ ဖာသာ ပြန်ထွက်သွားပါသည်။

ကျွန်မနို့ ကို ကိုက်လည်းကိုက်၊ ဆွဲလည်း ဆွဲပါသည်။ ကျွန်မ၏ ကျောကုန်းကို ရိုက်ပါသည်။ ကျွန်မကို ကျွန်မ၏ ဖင်ကို ဂွေးစိဖြင့် ပွတ်ရင်း ခြေထောက်ကို ချီပါသည်။ ထိုဦးလေးကြီး၏ ဂွေးစိက ကျွန်မ၏ အင်္ဂါထဲသို့  ၀င်သွားပါသည်။ ထိုဦးလေးကြီး၏ ပါးစပ်ဖြင့် ကျွန်မ၏ ပါးစပ်ကို ပိတ်ထားပါသည်။ ကျွန်မအား ၄င်း၏ ဂွေးစိဖြင့် ကျွန်မ၏ အင်္ဂါထဲ ထိုးသွင်းလိုက်သောအခါ အထဲသို့ ဝင်သွားပြီး ကျွန်မတွင် နာကျင်ခြင်း ရှိပါသည်။ ကျွန်မအား ဦးလေးကြီးက ထိုသို့ ပြုကျင့်သည်မှာ ခန့် မှန်းခြေ တစ်နာရီ နှစ်နာရီခန့် ကြာမည်ဟု ထင်ပါသည်။

လူတွေ လာရှာမှန်းသိသောအခါ ကျွန်မကို အင်္ကျီ ဘောင်းဘီပြန်ဝတ်ခိုင်းပါသည်။ ကျွန်မအား ရှိနေမှန်းသိသော်လည်း ထိုလူကြီးက ကျွန်မအား ဓါးဖြင့်ထောက်ထားသဖြင့် ကျွန်မ မအော်ရဲခဲ့ပါ။ ထို့ နောက် လူများက လိုက်ရှာပြီး ကျွန်မအား တွေ့ သွားပါသည်။

ကျွန်မတွင် ဆူးခြစ်ရာများ ခြေထောက်တွင် ဒဏ်ရာများ ရထားပါသည်။ ထိုလူကြီးလက်ထဲတွင် ကျွန်မအား ရှာဖွေသူများက တွေ့ ရှိပါသည်။ ကျွန်မအား နာအောင်ကျင်အောင် ကျွန်မ မမှတ်မိပါ။ သို့ ရာတွင် မြင်လျှင်တော့ မှတ်မိပါသည်။

(တရားရုံး ရုံးရှေ့ ရှိ တရားခံနှစ်ဦးအား လှည့်ကြည့်စေရာ လှည့်ကြည့်ပြီး တရားခံ အောင်မျိုးမြင့်ကို လက်ညှိုးညွှန်၍ ပြသည်)။

အောင်မျိုးမြင့်သည် ကျွန်မအား မုဒိမ်းပြုကျင့်သူ ဖြစ်သည်။ ကျွန်မအား ဦးသိန်းထိုက်နေအိမ်ရှေ့ မှ ဦးသိန်းထိုက်ခြံဝင်းအတွင်းသို့  ဦးလေးကြီးမှ ဆွဲခေါ်သွားရာ လမ်းတစ်ဝက်သို့ လိုက်ပါလာသူ ခြံပိုင်ရှင် ဦးသိန်းထိုက်အား မှတ်မိသလားဟု ပြသမေးမြန်းရာ ရုံးရှေ့ တရားခံ မောင်သိန်းထိုက်အား ညွှန်ပြ၍ ထွက်ဆိုသည်။

ထိုနေ့ ညတွင်းချင်းပင် ကျွန်မအား မိခင်မှ ရဲစခန်းသို့  ခေါ်ဆောင်သွားပါသည်။ ထို့ နောက် ဆေးရုံသို့  ပို့ ပေးခဲ့ပါသည်။ ပဲခူးဆေးရုံတွင် ကျွန်မတစ်ညအိပ်နေခဲ့ပြီး ထိုနေ့ ည နေခဲ့ရပြီး နောက်တစ်နေ့  နံနက် (၈) နာရီခန့် တွင် ရန်ကုန်ကလေးဆေးရုံကြီးသို့  ကျွန်မအား လွှဲပြောင်းပေးပို့ ခဲ့ပါသည်။

ဒီအထက်ဖေါ်ပြပါ ထွက်ဆိုချက်များကတော့ အင်းတကော် ပဲခူးမြို့ နယ်အတွင်းမှာ အသက်မပြည့်သေးသူ (၇) နှစ်အရွယ် ကလေးသူငယ်မလေးကို လူမဆန်စွာနဲ့  အဓမ္မကျင့်ကြံခဲ့မှုကို ကာယကံရှင် ကလေးသူငယ်မလေးကိုယ်တိုင်က တရားရုံးမှာ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဓါတုဗေဒ၀န်ရုံးနဲ့  ဆေးရုံရဲ့  စစ်ဆေးတွေ့ ရှိချက်အရလည်း ကလေးသူငယ်မရဲ့  ဘောင်းဘီမှာ သုတ်ရည်များ တွေ့ ရှိခဲ့ပါတယ်။

ဒီလို အသက်အရွယ်မပြည့်သေးသူ အသက် (၇) နှစ်အရွယ် ကလေးသူငယ်မလေးကို ယုတ်မာစွာ ကျင့်ကြံခဲ့တဲ့ မုဒိမ်းကောင် အောင်မျိုးမြင့်နဲ့  ကြံရာပါ သိန်းထိုက် စနေမတို့  လင်မယားကို ထိရောက်စွာ အရေးယူအပြစ်ပေးရမယ့်အစား၊ ဒီမှုခင်း ဖြစ်မြောက်အောင် ငွေယူပြီး ကလေးအား မုဒိမ်းကောင်လက်တွင်း အပ်နှင်းခဲ့ခြင်နဲ့  မုဒိမ်းကောင်နဲ့ အတူ လမ်းခရီးတစ်ဝက်သို့  လိုက်ပါပို့ ဆောင်ပေးခဲ့သူ ကြံရာပါ သိန်းထိုက်နဲ့  စနေမတို့ ကို နောက်တိုးတရားခံအဖြစ်ကနေ ပလပ်လိုက်တာဟာ ပဲခူးခရိုင်တရားရုံးရဲ့  မတရားလုပ်ဆောင်မှု ဖြစ်ပါတယ်။

မုဒိမ်းကောင် အောင်မျိုးမြင့်၊ ကြံရာပါ သိန်းထိုက် စနေမတို့ ကို တရားရုံးကနေ ထိရောက်သော နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း မရှိပါက နအဖတရားစီရင်ရေးဟာ ဖောက်ပြန်နေသော တရားမဲ့စီရင်ရေးသာ ဖြစ်ပါကြောင်း သက်သေတစ်ခုထပ်ဖြစ်မှာ အမှန်ပါ။

(ကာယကံရှင်၏ အမည်နှင့် မှတ်တမ်းသက်သေများ အားလုံးအား ကလေးသူငယ်မအား ငဲ့ညှာထောက်ထားသောအားဖြင့် ဖေါ်ပြထားခြင်း မပြုပါ။ မှတ်တမ်းများ ဓါတ်ပုံများ သက်သေထွက်ဆိုချက်များ ဆေးစစ်ချက်များ၏ မိတ္တူများ လက်ဝယ်ရရှိထားပါသည်။ ၄င်းအထောက်အထားမှတ်တမ်းများအားလုံးသည်လည်း ပဲခူးခရိုင်တရားရုံးတွင် ရှိနေပါသည်)။


မြန်မာပြည်သူတွေရဲ့ မေတ္တာကိုအပြည့်အဝခံယူနေရသည့်နအဖစစ်အာဏာရှင် ဦးသန်းရွှေ







အိန္ဒိယ သမ္မတသို့ ပေးစာ...

Appeal Letter to President of India by All Burma Monks Alliance and Independent Sangha Union


25.7.2010


Shrimati Pratibha Devisingh Patil

Her Excellency President

Republic of India

Yours Excellency,

We are Burmese Buddhist Monks (Bhikkhu) taking shelter in India since our peaceful procession for peace and prosperity in the country and the world known as Shwe-Wa-Yong (Saffron) movement, had been brutally cracked-down by your visiting guest from Burma (Myanmar) named Sr-General Than Shwe chairman of State Peace and Development Council, SPDC.

First of all, we would like to express our gratitude to your Republic and people of India for given shelter us and relentless support for people aspiration for democracy in our country. We too pray in Buddha’s Metta for your goodness and peace and prosperity of India.

Yours Excellency

We are deeply anguish and disturb by your government’s given roll-out red carpet to Sr-General Than Shwe who is main culprit of waging war against its own people and killing several thousands of innocent people including Buddhist Monks and Nuns. When we organized peaceful processions across the nation by chanting Buddha Mantra for peace and prosperity in the country and world in September 2007. He ordered to crack down on our peaceful processions and kill the monks and Nuns. United Nations reported over three hundreds had been killed. His henchmen attack and launched raid on most monasteries across the country with full military operation after the crack down.

Than Shwe and his henchmen have continues their onslaughts on monks. They have tighten restrict on the movement of monks and their religious occasion. The junta issued an order to not allow any religious occasion without their permission. Very recently they order to remove monasteries situated at foothill of famous Shwe-Da-Gon pagoda. It is revenge on monks from these monasteries as they played principle role in Sangha’s Saffron movement in 2007.

Moreover, his ruling SPDC had perpetuating basic right of Burmese people and killing, detention, rape, torture, forced labour or forced relocation are common in the country. Presently over two thousands of political prisoners were detained in jails across the country including Jawahar Nehru Award recipient Madam Aung San Suu Kyi and several hundreds of Buddhist Monks and Nuns.

We are deeply hurt by seeing Sr-General Than Shwe enter into the compound of Budhgaya temple, sacred place of Lord Buddha to attained enlightenment, for not religious purpose as devotee but for practicing black magic ( Yatra) to retain power or clean-up his hands stained with monk blood to goodness for him. In fact, we Burmese Buddhist Monks Societies (Sangha) declared Pattanikujjana Order laid down by the Lord Buddha ( upside down the bowl, not association with) against Than Shwe and his crony.

Yours Excellency,

We would like to tender our strong protest over the visit of monk killer Sr-General Than Shwe and allow him to enter Budhgaya Temple and practicing unholy black magic at sacred place. We view it was deep insult on religion of Lord Buddha and devoted Burmese Buddhists. And it will become black mole on long term interest of bilateral relationship of two nations and two societies as it hurt on our heart is un-healable.

We would like to note yours excellency that junta’s planned election under un-democractic constitution 2008 is sham and fraud. And its result cannot represent the will of people who were under constant threat and recognition or approval of its result is un-ethical.

Yours Excellency

Finally, we also would like to note that our displeasure over so-called constructed engagement policy toward Burma (Myanmar) which we observed only one side with ruling junta, but not the people led by Aung San Suu Kyi. In reality which reinforced junta’s brutal suppression on its innocent people. Even Madam Aung San Suu Kyi spent 14 years in detention in last 20 years and still under detention. Therefore we would like to draw your attention on plight of Burmese people and request yours Excellency to use your good office to achieve aspiration of Burmese people for democracy.

Sabbe Satta Sukhita Hontu.

Yours in the Dhamma,

Ven. U Pyinya Zawta

Mobile-91-9818365220

Ven. U Pannasiri

Mobile-91-9810102993,

Address:

F-34, VIKASPURI

New Delhi, India-110018.

ပေးပို့ ပေးသော ဆရာတော် ဦးထာဝရအားကျေးဇူး တင်ပါသည်။

25 July 2010

တိုနှံ့နှံ့စကတ်၊ နှုတ်ခမ်းနီရဲရဲ ကမ္ဘာ့ဖလား ဘောလုံးပွဲကာလနှင့် ညမှောင်မှောင်ထဲကမြန်မာပြည်က အမျိုးသမီးလေးတွေရဲ့ စီးကရက် အရောင်းပြပွဲ

အခုတစ်ခေါက် မန္တလေးမြို့ကို ရောက်ရှိခဲ့တဲ့ အချိန်မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပနေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာမို့ ပူအိုက်တဲ့ ညဘက်အချိန်မှာ လမ်းလျှောက်ရင်းနဲ့ မိသားစု လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့ကြပါတယ်။ ညဘက် လက်ဖက်ရည်ဆိုင် တွေမှာက ဘောလုံးပွဲတွေ အပြိုင်အဆိုင် ပြသပေးနေတာ တွေ့ရပါတယ်။ စီရော်နယ်ဒို၊ ရွန်းနီ၊ လမ်းပတ်၊ မီလီတို၊ တောရက်စ်စတဲ့ နာမည်ကြီးတွေရဲ့ အမည်နာမတွေ အလွန်ရေပန်းစားလှတယ်။ လက်ဖက်ရည်ခွက် ကိုယ်စီနဲ့နေရာ အလပ်မရှိတဲ့ လက်ဖက်ရည်ဆိုင်ရှေ့ကို ညကြီးမင်းကြီး အချိန်မှာပဲ ကြော်ငြာကားနှစ်စီး ထိုးဆိုက်လာတဲ့အခါ လူတွေကသမင်လည်ပြန် လှည့်ကြည့် လိုက်ကြတာ သတိပြုမိပါရဲ့။ ကားရှေ့ခေါင်းမှာ မော်ဒယ်မင်းသမီးလို ကြော့ကြော့ ကော့ကော့နဲ့ ကောင်မလေး တစ်ယောက်စီ ဆင်းချလာပြီး လက်ဖက်ရည်ဆိုင်ထဲ ဝင်ရောက်လို့လာခဲ့ပြီး လက်ထဲက စီးကရက်ဘူးထဲက စီးကရက်လေးတွေ တစ်လိပ်စီဝေငှပြီး ''တစ်ဘူးကိုသုံးရာပါ၊ နှစ်ဘူးဝယ်လို့ရှိရင် ကံစမ်းမဲတစ်ခု ပေးပါတယ်၊ ဗလာတစ်ခုမှ မပါပါဘူးရှင့်၊ အားပေးပါဦးနော်''လို့ တစ်ဝိုင်းပြီး တစ်ဝိုင်း လှည့်ပတ်နေတာ မြင်နေရတယ်။

''ဒီဘက်ဝိုင်းက အစ်ကိုကြီးတို့အားပေးပါဦး၊ ကမ္ဘာ့ဖလားပွဲအချိန်တွင်းမှာပဲ ဒီလို ကံစမ်းမဲ့ဖွင့်ပေးတာပါ၊ စီးကရက် အရောင်းမြှင့်တင်တဲ့အနေနဲ့ အခုလိုကံစမ်းမဲ အစီအစဉ် ထည့်ပေးတာပါ'' လို့ ရှင်းပြရင်း သဘောကောင်းလှတဲ့ ပုံစံလေးတွေက အတော်ကို စိတ်ဝင်စားစရာ ဖြစ်နေရပြီ။ လူတွေဆိုတာကလည်း အလကားပေးမယ်ဆိုတဲ့ ကံစမ်းမဲဆိုတဲ့ အသံကိုကြားလိုက်ရတော့ စိတ်ဝင်တစား ဖြစ်နေကြတဲ့ပုံတွေက ဖုံးမရဖိမရအောင် ကံစမ်းချင် နေကြတဲ့ပုံပါပဲ။ စီးကရက်နှစ်ဗူး ငွေ(၆ဝဝ)ကျပ်နဲ့ နောက်ထပ်ကံစမ်းမဲက ရရှိဦးမယ်ဆိုတော့ သူတို့ရဲ့စီးကရက်ဗူးတွေ သွက်သွက်လက်လက် ရောင်းရပါတယ်။ အိတ်ကလေးထဲက ကံစမ်းမဲ ပါတဲ့ ဂေါ်လီလုံးလေးတွေကို တစ်ယောက်တစ်လက်နှိုက်လိုက်ကြတာ ဂက်စ်မီးခြစ် တစ်လုံးစီ ရရှိသွားကြရဲ့။ ကမ္ဘာ့ဖလားဘောလုံးပွဲရာသီမှာ အရောင်းမြှင့်တင်တဲ့အနေနဲ့ ဗလာမပါကံစမ်းမဲပေးပုံက စိတ်ဝင်စားစရာကောင်းသလို စိတ်ကူးစိတ်သန်းကောင်းတာ လည်းချီးကျူးရမှာပါ။ ဒါမေမဲ့ စီးကရက်ကြော်ငြာဖို့ ညာဘက်အချိန်ကြီးမှာ မန္တလေးမြို့ပေါ်နဲ့ မြို့သစ် ရပ်ကွက်တွေထဲ လှည့်လည်ကြရရှာတဲ့ မြန်မာ အမျိုးသမီးလေးတွေရဲ့ အလုပ်ချိန်နဲ့ ဝတ်စား ဆင်ယင်ပုံတွေကို မြင်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်ရပြန်တယ်။ ဝတ်ဆင်ထားပုံက စကတ်တိုနှံ့နှံ့၊ လယ်ဟိုက်အင်္ကျီ၊ မိတ်ကပ်အဖွေးသား၊ နှုတ်ခမ်းနီ ရဲရဲနဲ့ ယောက်ျားသားတို့ စိတ်ကြိုက် ဖီးလိမ်းခြယ်သ ဆင်မြန်းထားတာက တစ်မျိုးတွေးစရာ ကောင်းမနေပါလား။ ဒီအရွယ်လေးတွေဟာ ကျွန်မတို့သမီးတွေရဲ့ အရွယ်လေးတွေပဲမို့ စိတ်တော့မကောင်းဘူး။ သြော်သူတို့ခမျာ မိသာစုစားဝတ်နေရေး မပြေလည်ကြလို့သာ ညကြီးအချိန်မတော်မှာ မြို့အနှံ့ လှည့်ပတ်ပြီးတော့ တစ်ဝမ်းတစ်ခါး ဖြေရှင်းနေရတာပဲ ဖြစ်မှာပေါ့လို့ တွေးရင်း ကရုဏာသက်ဝင်မိခဲ့ရတယ်။

ကျွန်မတို့စားပွဲကို ရောက်လာတော့ ကျွန်မအမျိုးသားကိုဝယ်လိုက်ဖို့အကြံ ပြုရတယ်။ ကျွန်မအမျိုးသားလည်း ဂက်စ်မီးခြစ်မဲပေါက်ပါတယ်။ အနားရောက်လာတဲ့ ကောင်မလေးကို ''သမီးတို့က နေ့ရောညရော လှည့်နေရတာလား''ဆိုတော့ ''မဟုတ်ဘူးရှင့် ညဘက်မှာပဲ အခုလို လှည့်လည်ရတာ ကမ္ဘာ့ဖလားပွဲချိန် ဆိုတော့ ညဘက် ဘောလုံးပွဲတွေ ရှိနေတဲ့ အချိန်တွေကို အဓိက ဦးစားပေးရတာပါ''လို့ ရှင်းပြပါတယ်။

ဝမ်းတစ်ထွာအရေးရယ်ကြောင့် ညဘက်အမှောင်တွေထဲဖြတ်သန်း ရုန်းကန်နေရရှာ တဲ့ မြန်မာမလေးတွေရဲ့ မလုံခြုံတဲ့အဝတ်အစားနဲ့ လျှပ်ပေါ်လော်လီတဲ့ သရုပ်သဏ္ဌာန်ဟာ ကြည့်ရတာနဲ့တင် စိတ်မသက်သာစရာချည်းပဲပေါ့။ ကားမောင်းတဲ့ သူနဲ့ ကားခေါင်းထဲမှာ နှစ်ယောက်ထဲကိုယ်စီ လှည့်လည်နေကြရတဲ့ မိုးချုပ်ညတွေဟာ ကဗျာမဆန်တာသေချာပါ တယ်။ အိမ်မှာကျန်ခဲ့တဲ့ မိဘမောင်ဘွားတွေက အဲဒီ အပျိုလေးတွေရဲ့ ရုန်းကန်ပြီးယက်လို့ ရှာဖွေနေကြရတဲ့ ဘဝအမောတွေကို နဖူးတွေ့ ဒူးတွေ့သိမြင် ခံစားနိုင်ကြပါ့မလား။

ခေတ်မီအောင် ဝတ်ဆင်တယ်ဆိုပေမယ့် ကိလေသာအပူကို ဖိအားပေးစေတဲ့ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပုံစံမျိုးတွေနဲ့ မြန်မာ အမျိုးသမီးငယ်လေးတွေကို ယဉ်ကျေးမှုနဲ့ သွေဖည်အောင် တွန်းပို့နေကြတာတွေက ယနေ့မြန်မာ့လူ့ဘောင်မှာ တကယ့်ကို ကိုးရိုးကားယား နိုင်လှပါတယ်။ မိမိတို့ စီးပွားရေး တစ်ခုတည်းကိုသာ ရှေ့တန်းတင်ပြီး ကျန်တာတွေဘာ ဖြစ်ဖြစ် တို့နဲ့မဆိုင်ပါဘူးဆိုတဲ့အမြင်နဲ့ အမျိုးသားရေး လက္ခဏာတွေ ကျပျောက်စေမယ့် မြန်မာ မဆန်တဲ့ ဟန်ပန် အသွင်အပြင်တွေဟာ အသားထဲက လောက်ထွက်စေသလို သရုပ်ပျက်ဘက် ကိုပဲ ဦးတည်ရွေ့လျားနေပါပြီ။ မြန်မာ့မြေ၊ မြန်မာ့လူနေမှုဝန်းကျင်မှာ အနောက်ဟန်ကိုပဲ ဦးတည်ရွေ့လျားနေပါပြီ။ မြန်မာ့မြေ မြန်မာ့လူနေမှုဝန်းကျင်မှာ အနောက်ဟန်ကို တုပဆင် မြန်းထားတဲ့ သရုပ်ပျက်တွေဟာ ဆွမ်းဆန်ထဲကြွက်ချေးတွေ ရောနှောနေတာပါလားလို့ စဉ်းစားကြဖို့ကောင်းပါတယ်။ ကြာလာလို့ ကြွက်ချေးတွေ များလာမယ်၊ များသထက် များလာခဲ့မယ်ဆိုပါက အဖတ်ဆယ်လို့တောင် ရပါဦးတော့မလား။ အသက်အရွယ် ခပ်ငယ်ငယ် မြန်မာမိန်းကလေးတွေကို နှမြောစရာဖြစ်ရတယ်။ ကိုယ့်တိုင်းပြည်တွင်းမှာ ဒီလိုတွေဖြစ်နေတာကို မနှစ်မြို့ဘူး။ ကိုယ်က မတတ်သာလို့ နိုင်ငံခြားရောက်နေလို့ သူတို့ဟန် သူတို့ဓလေ့ တုပပြီး လိုက်လုပ်နေရတာပါ ဆိုရင်တော့ ခြွင်းချက်အနေနဲ့ နားလည်ပေးနိုင်ကြမှာပါ။ အခုဟာက မြန်မာပြည်ထဲမှာ ဖြစ်နေလို့ ဒါမျိုးတွေ မဖြစ်သင့်ဘူး။ ကိုယ်ဆင်ယင် ဝတ်စားထားတဲ့ အဝတ်အစားဟာ ဘယ်လို ပုံထွက်ပြီး ဘယ်လို စရိုက်အသွင် ထင်ဟပ်လာနိုင်မလဲ ဆိုတာလောက်မှ မစဉ်းစားတတ်ရင်တော့ နွားလောက်မှ အသုံးကျနိုင်ပါတော့မည်လား။

ခေတ်ဆန်တာ၊ ခေတ်မီတာဆိုတဲ့ဝေါဟာရတွေဟာ လိုတာထက်ပိုကဲလာတဲ့အခါ လူရယ်စရာလဲဖြစ်နိုင်ပါတယ်။ ''ဟီရိ၊ သြတ္တပ္ပ''ဆိုတဲ့ အရှက်အကြောက်တရား နှစ်ခုဟာ လောကပါလတရားနှစ်မျိုးပါပဲ။ အရှက်ကမ်းကုန်ရင် လူဟာတိရစ္ဆာန်ဖြစ် သွားနိုင်ပါလားလို့ စဉ်းစားတတ်ကြဖို့လိုပါပြီ။ လုံခြုံစွာဝတ်ရမည့်နေရာမှာ တမင်တကာ ဖော်ပြလှစ်ဟပြလာတဲ့ အနောက်ဟန်ခိုးချ၊ ဒီဇိုင်းတွေဟာဘယ်အချက်ကို ဦးတည် နေသလဲဆိုတာ အဖြေရှာကြပါ။ လိုတာထက်ပိုပြီး ချွတ်ကြဖော်ကြလုပ်နေကြတဲ့ မြန်မာမဆန်တော့တဲ့ ဘိုကပြားမတွေကို အားကျလို့တုပနေခဲ့ရင် ဘဝပဲဆုံးရှုံးသွားနိုင်တယ်။ စဉ်းစားကြဖို့ပါ။

ယဉ်ယဉ်သိန်း(နဘား)


ဤပုံကတော့မော်ဒယ် ဂျူးဂျူးကေ ၏ မပေါ်တပေါ်အဝတ်အစားနှင့် ယှဉ်တွဲမြင်ရသည့် မော်တော်ကားတစ်စီး ဇွန်လ(၂၆)ရက်က တပ်မတော် ခန်းမ တွင် ပြုလုပ်ခဲ့သော ကားပြပွဲ မြင်ကွင်းတစ်ခုပါ။

ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်း....

စက်မှု(၁)ဝန်ကြီးအောင်သောင်း နေထိုင်တဲ့နန်းတော်သမျှ ခမ်းနားတဲ့ နေအိမ်အကြောင်းကို (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့) အတွင်းသိမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံ ဖြစ်တဲ့ စက်မှု(၁)ဝန်ကြီးအောင်သောင်းဟာ ပြည်သူဘဏ္ဍာငွေတွေနဲ့ မသထာရေစာစားပြီး ဆောက်လုပ် နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့ အိမ်ကိုလှမ်းမြင်ရပါတယ်။ လှိုင်ရတနာမွန်အိမ်ယာရဲ့ ထိပ်ဆုံးထောင့်ကခြံပါ ... လှိုင်ရတနာမွန်အိမ်ယာ ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့ ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့ တဘက်ခြမ်းမှာတော့ ယခင် ဘိန်းဘုရင်ဟောင်းခွန်ဆာရဲ့ အိမ်ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး ကျယ်ဝန်းပါတယ်။ အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ ကပ်ထားတာကတော့ Granite ကြွေပြားတွေပါတဲ့.. ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ ကပ်ထားပါတယ်။ ခြံတစ်ခါးကတော့ ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်.....။

ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းဟာ မျက်နှာစာကြီးပဲ ပေ(၃၀)ရှိပါတယ်။ ကားတွေကြီးပဲ (၁၀)စီးကျော်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းရင်ရိုက်ဖို့ အတွက် ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့ ဘေးမှာတော့ ဦးအောင်သောင်း မိန်းမ ဒေါ်ခင်ရီရဲ့ သစ်ခွခြံရှိပါတယ်.... ဒေါ်ခင်ရီ အလှစိုက်တဲ့ သစ်ခွခြံဟာ နိုင်ငံခြား သစ်ခွမျိုးတွေကို မှန်လုံခန်းနဲ့ လုပ်ထားပြီး အထဲမှာ အဲယားကွန်းတွေ အပြည့်တပ်ထားပါတယ်။.. ဂေါက်ကွင်းရဲ့ ဘေးမှာတော့ တင်းနစ်ကွင်း တစ်ကွင်း ထပ်လုပ်ထားပါတယ်။ ဒါကတော့ ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ခြင်း ညာဘက် အခြမ်းမြင်ကွင်းပါ..။

ခြံရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့ အိမ်ဆောက်ထားပါတယ်.. ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင်ဆောက်ထားပါတယ်။ တိုင်လုံးတွေရဲ့ ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ အိမ်ခေါင်မိုးထိ ရှိပါတယ်.. ။ အမြင့်က ပေ(၂၀) ကျော်လောက်ရှိပါတယ်တဲ့..။ ပြီးတော့ အိမ်ရှေ့မျက်နှာစာ ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့ ဂရန်းနိုက်ကျောက်ပြား အနက်နဲ့ အနီအပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည်တည့်မှာ စိန်ပန်းပင် သုံးပင်ရှိပါတယ်..။ အိမ်ရှေ့ ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့ ရေကန်လေး ရှိပြီးအဲ့ဒီ ရေကန်ထဲမှာ ဗျိုင်းရုပ်လေးတွေ ရှိပါတယ်...။ အဲ့ဒီရေကန်ဘေးမှာတော့ အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက ထိုင်ခုံပုံစံ တိုင်လေးလုံးနဲ့ အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေးလုပ်ထားပါတယ်။ အိမ်ရှေ့ဆင်ဝင်ကြီးရဲ့ ခေါင်းရင်းဘက်မှာ... ရေကူးကန် တစ်ခုရှိပါတယ်...။

ဦးအောင်သောင်းဟာ ပါဏိတာပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ အရက်ကိုလည်း အရမ်းကြိုက်ပါတယ်…. ဦးအောင်သောင်းရဲ့ ခမည်းခမက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက တစ်ယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး ရဲ့ သမီးနန္ဒာအေးနဲ့ လက်ထပ် ထိမ်းမြားပေးထားပါတယ်။ ဦးအောင်သောင်းရဲ့ သားတွေထဲက တစ်ယောက်က မသထာရေစာ ရတဲ့ ငွေတွေနဲ့ ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ အရက်သောက်ပြီးရင် သူရဲ့ရေကူးကန်မှာ ရေကူးလေ့ရှိပါတယ်….။ ဦးအောင်သောင်းဟာ နေပြည်တော်က ဝန်ကြီးတွေ နေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့ တစ်ခါတစ်လေမှ ပြန်လာပါတယ်။ သူဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက် ကိုအထူးအလေးထားပါတယ်။ ဒီအိမ်ဟာလည်း ဦးအောင်သောင်း အငြိမ်းစားယူရင် နေဖို့ဆောက်တာပါ။

ဦးအောင်သောင်းရဲ့ အိမ်ကို ဝင်သွားတဲ့ အခါမှာတော့ မျက်နှာကျက်မှာ Plaster Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်.. အိမ်ထဲဝင်သွားတာနဲ့ ဧည့်ခံကျယ်ကြီးကို စတွေ့ရပါတယ်..။ တော်တော့်ကို ကျယ်တဲ့ ဧည့်ခန်းကျယ်ကြီးပါပဲ.. ဧည့်ခန်းကျယ်ကြီးရဲ့ ဘယ်ဘက်မှာ သူ့သမီးတီးဖို့ စန္ဒယားအကြီးကြီး တစ်လုံးရှိပါတယ်..။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့ လှေကားကျယ်ကြီး တစ်ခုရှိပြီး အဲ့ဒီ့လှေကားရဲ့ အကျယ်အဝန်းက (၇)ပေလောက် ကျယ်ပါတယ်…။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း (၂၂)ထစ်ရှိပါတယ်…။ ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ် တစ်ခုရဲ့အမြင့်က လက်တစ်ထွာလောက် ရှိပါတယ်…။ အဲ့ဒီကတက်သွားပြီးရင် အလယ်နားလောက်မှာ ကျွန်းနဲ့ကျည်းဘောင် ခွေထားတဲ့ အပြင်ကအလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက် အကြီးကြီးတစ်ခုရှိပြီး အဲ့ဒီကနေ လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊ ဂေါက်ကွင်းတွေကို လှမ်းမြင်နေရပါတယ်..။

လှေကားတက်သွားပြီးရင် လှေကားရဲ့ အဆုံးမှာတော့ အခန်းကျယ်ကြီး တစ်ခုရှိပြီး ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်... သားတွေက အိမ်ထောင်ကျသွားလို့ အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ သူ့သမီးဖြစ်သူဟာ အပေါ်ထပ်မှာနေပြီး သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့ အလှပြင်ခန်းတွေကို တစ်ခန်းချင်းဆီ သပ်သပ် လုပ်ပေးထားပါတယ်။ ဘုရားခန်းက တစ်ခုရှိပြီး အခန်းရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို ဘုရားခန်း ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို ဝင်သွားလိုက်တဲ့ အခါ ရုပ်ရှင်ပိတ်ကား တစ်ခုစာလောက်ရှိတဲ့ ပန်းချီကားကြီးတစ်ခုရှိပါတယ်။ ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့ ဆေးရေးပန်းချီးကားဖြစ်ပြီး ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက် အင်မတန်အသက်ဝင် လှုပ်ရှားနေပါတယ်။ တန်ဘိုး အင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ...

ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ် ကျော်ကျော်လောက် ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတစ်ခုရှိပြီး အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ ချည်းပဲ အလှဆင်ထားပါတယ်...။ အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့နံရံရဲ့ အောက်မှာ ဦးအောင်သောင်း အပန်းဖြေဖို့ အတွက်ကို Home Theatre တွေ Projector အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်း ပေါ့ အထဲမှာ ရုပ်ရှင်နဲ့ ဆိုင်တာတွေ အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့ ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့ အခန်းပါပဲ...။ သူတို့အခန်းရဲ့ နံရံပတ်ချာလည်မှာ အင်မတန်တန်ဘိုးရှိတဲ့ ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။ အခန်းရဲ့ အကျယ်အဝန်းက ရှေ့နောက် ပေ၄၀. အကျယ် ပေ ၂၀လောက်ရှိပါတယ်။ အခန်းရဲ့ အလယ်ကောင်မှာ နှစ်ယောက်အိပ်ကုတင် ရှိပြီး ကုတင်ရဲ့ ခြေရင်းမှာ ကျွန်းဘီရိုတစ်လုံးရှိပါတယ်။ ကြည့်လိုက်ရင် ရိုးရိုး ဘီရိုပေါ့...။ တကယ်တော့ ကျွန်းဘီရိုကို ဖွင့်ပြီးဝင်သွားခဲ့ရင် မြေအောက်ခန်း ကိုဆင်းတဲ့ တံခါးပေါက် ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို တံခါးပေါက်ကို ဖွင့်ပြီးဝင်သွားလို့ ရပါတယ်။ နောက်ကုတင်ရဲ့ ညာဘက်ခြမ်းမှာ ရေချိုးခန်းရှိပါတယ်... ရေချိုးခန်းက ရေပူရေအေး စံနစ်ဖြစ်ပြီး တခန်းလုံးကို ကြွေပြားအဖြူတွေ ခင်းထားပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း Sauna ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင် ရေစိမ်ကန် Bath cap ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့ ရှိတဲ့သူတွေ သုံးတာထက် ထူးထူးခြားခြား ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေ အားလုံး ဦးအောင်သောင်းအမိန့်နဲ့ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ..။ ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်မှာတာပါ။ အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ.့.... အစေခံတန်းလျားကတော့ သူ့သမီးတီးတဲ့ စန္ဒယားရဲ့ အနောက်ဘက်က ဝင်သွားရင် မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင် ထဲမှာ Micro Wave Oven အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင် အပေါ်ထပ်မှာ အစေခံ တန်းလျားရှိပါတယ်။ တစ်အိမ်လုံးကို တန်ဖိုးကြီးတဲ့ Neon ပန်းဆိုင်းတွေ Crystal Light တွေ အကုန်ဆင်ထားပါတယ်။ အင်းစိန်လမ်းမကြီးက လမ်းကြည့်လိုက်ရင် လူနှစ်ရပ်စာ မြင့်တဲ့ ခြံစည်းရိုးနဲ့ အိမ်ကသူ့အိမ်ပါပဲ.. လှိုင်ရတနာမွန် အိမ်ယာထိပ်က ခြံပေါ့။

ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ ရွှေဆွဲကြိုးက အတော်ကြီးပြီး လော့ကတ် နေရာမှာတော့ အင်မတန်ကြီးမားတဲ့ ပုလဲလုံးကြီးတစ်လုံးကို ချိတ်ဆွဲထားပါတယ်။

ကိုဒီမိုရေ ဒါကတော့ ကြံ့ဖွတ် စက်မှုဝန်ကြီးအောင်သောင်းရဲ့ နေအိမ်အခြေအနေ အသေးစိတ်ပါ... ကိုဒီမိုရေ ကျွန်တော်တို့ GRW အဖွဲ့ရဲ့ ဒီသတင်းတွေကိုတော့ မှတ်တမ်းတစ်ခု သိမ်းထား စေချင်ပါတယ်။ တိုင်းပြည်မှာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့ တစ်နေ့ စုံစမ်းစစ်ဆေးလို့ ရအောင်ပါ...။ ဟုတ်မဟုတ်သိချင်ရင် ဦးအောင်သောင်း အိမ်ရောက်ဘူးတဲ့ သူတွေနဲ့ သူ့ဆွေမျိုးတွေ သိမှာပါ... ။ ကျွန်တော်တို့ ဒီသတင်းအချက်အလက်တွေဟာ ဒီပဲယင်းမှာ ကျဆုံးသွားတဲ့ သူတွေ အသက်စွန့်သွားတဲ့ သူတွေ မတရားထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တန်ပြန် ပေးဆပ်တာပါ. ...။ ကိုယ့်ကိုကိုယ် လုံခြုံလှပြီထင်တဲ့ ဦးအောင်သောင်း သူ့အိမ်အခြေအနေကို လူတစ်ယောက်က သိနေတယ်ဆိုတာ သိရင် ကျေနပ်ပါပြီ...။ အိမ်တွင်းအခြေအနေ ဟုတ်မဟုတ်က ကျွန်တော်ရယ် ဦးအောင်သောင်းရယ် အသိဆုံးပါ...။ တစ်နေ့ ကျွန်တော်တို့ အဖွဲ့ ဘယ်သူတွေဆိုတာ ကြေငြာလို့ ရရင် ကြေငြာပေးပါမယ်။ မြေအောက်မှာပဲ နေနေ မြေပေါ်အထပ် အမြင့်မှာပဲ နေနေ သူ့အကုသိုလ်နဲ့ သေမင်းကို ရှောင်လွှဲလို့ မရပါဘူး.. ရာဇဝတ်ဘေးလည်း ပြေးမလွတ်ပါဘူး....။ ဒီသတင်းနဲ့ ပတ်သတ်ပြီး လေ့လာ စုံစမ်းနိုင်ပါတယ်။ သတင်းအတွက် ကျွန်တော်တို့ GRW မှ တာဝန်ယူပါသည်။ သိစေချင်တာကတော့ ပြည်တွင်းမှာ စစ်အာဏာရှင်တွေကို မကျေနပ်တဲ့ အတွင်းသိတွေ အများကြီးဆိုတာ ပြည်တွင်းပြည်ပ ပြည်သူတွေ သိစေချင်ပါတယ်။

လေးစားလျှက်
GRW
(Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့)

ကျွန်တော်တို့ GRW ကို ဆက်သွယ်ချင်ရင်.. grwwatchers@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။

ပြည်တွင်းGRW မှ အတွင်းသိအား ကျေးဇူးတင်ပါသည်။

အထက်ပါ အခြေအနေတွေကို ကြည့်ချင်းအားဖြင့် မြန်မာပြည်က ဝန်ကြီး တစ်ဦးရဲ့ အနေအထား အခြေအနေတွေကို ခန့်မှန်းနိုင်ပါတယ်....။ ဘယ်ကရတဲ့ ဝင်ငွေတွေနဲ့ ဘယ်လို သုံးဖြုန်းနေတယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဝန်ကြီးလစာ ၁၀သိန်းကျော် နဲ့ ဒီလိုခန့်မှန်းဘို့ မတက်နိုင်တဲ့ အိမ်တစ်အိမ်ကို ဆောက်မယ် ဆိုရင်တောင် အနှစ် ၁၀၀ ကျော်နဲ့တောင် ဆောက်နိုင်ပါ့မလားပဲ...။ ဒီလိုလူမျိုးတွေက ၂၀၁၀ ရွေးကောက်ပွဲမှာ လွယ်လွယ်နဲ့ အာဏာကို လွဲပြောင်းပေးမပေးဆိုတာ စဉ်းစားကြည့်ကြပါ... ဒီလိုဦးအောင်သောင်းလို လူမျိုးတွေကလည်း လွယ်လွယ်ကူကူ ကိုယ့်သေတွင်းကိုယ်တူးပြီး အာဏာကို လွယ်လွယ်ကူကူ လွှဲပေးနိုင်ပါ့မလား...။ ဒီ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက် လုပ်တာလဲဆိုတာ အားလုံး စဉ်းစား ဆင်ခြင်နိုင်ကြပါတယ်။ ဒါဦးအောင်သောင်း အိမ်ပဲရှိပါသေးတယ်........။ ဒီထက် အဆင့်မြင့်တဲ့ အာဏာရှင်တွေ နေတဲ့ အိမ်တွေ အဆောက်အဦးတွေဆိုရင် ဘယ်လိုနေမယ် ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။

ဆင်းရဲမွဲတေနေတဲ့ ကျွန်တော်တို့ ပြည်သူတွေ နေထိုင်နေရတာကတော့....

ဒီမိုဝေယံ

24 July 2010

နိုင်ချေမရှိသည့် ၂၀၁၀ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာပြည်မှ အမျိုးသမီး ၃ ဦး( ဓာတ်ပုံသတင်း )


ဓာတ်ပုံသတင်း....

Burma's 'three princesses' prepare for election they have no chance of winning ယမန်နေ့က ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာတွင် အထက်ပါအတိုင်း ခေါင်းစဉ်တပ် ဖော်ပြထားသည့် သတင်းဆောင်းပါးမှ ဓာတ်ပုံ ဖြစ်သည်။

အမျိုးသမီး ၃ ဦးမှာ ဒေါ်ချိုချိုကျော်ငြိမ်း (ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး)၊ ဒေါ်နေရီဗဆွေ၊ (၀န်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီး)၊ ဒေါ်မြသန်းသန်းနု (၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီး) တို့ ဖြစ်သည်။

[ဓာတ်ပုံ - Jack Davies]

မြန်မာပြည်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်လာ

ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တချို့မှာ သွေးလွန်တုပ်ကွေးဖြစ်သူ တချို့ရှိနေကြောင်း သိရပါတယ်။ ဆင်ခြေဖုံးရပ်ကွက်တချို့က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအနေနဲ့ ရပ်ကွက်သန့်ရှင်းရေး ဆောင်ရွက်ရာမှာ လိုက်နာပူးပေါင်းပါဝင်မှု အားနည်းနေတာလည်း တွေ့ရတယ်။ အိမ်အောက်မှာ ရေဝပ်တာ၊ အမှိုက်သရိုက်တွေရှိတာ၊ မြောင်းတွေမှာ ရေစီးရေလာပိတ်ဆို့နေတာ၊ မိုးရွာလို့ တင်ကျန်ခဲ့တဲ့ ခွက်အဟောင်းအစုတ်တွေထဲက ရေတွေကို မစွန့်ပစ်ဘဲ သည်အတိုင်းတင်ကျန်နေတာတွေကို အင်းစိန်မြို့နယ်ရဲ့ အခြေခံလူတန်းစားရပ်ကွက်တချို့မှာ တွေ့မြင်ရတယ်။

အင်းစိန်မြို့နယ် ကျောက်ချဉ်ကန်ရပ်ကွက်မှ ရာအိမ်မှူး ဦးကျော်ကျော်က “ စနေနေ့တိုင်း အပတ်စဉ်ရပ်ကွက်ထဲမှာ မြောင်းတွေ ရေစီးရေလာကောင်းအောင်၊ ပိုးလောက်လမ်း မပေါက်ပွားနိုင်အောင်၊ ခြင်မခိုအောင်းနိုင်အောင် သန့်ရှင်းရေး ပြုလုပ်ဖို့ နှိုးဆော်ပေမဲ့ မလိုက်နာနိုင်ကြတာများတယ် ” လို့ ပြောတယ်။ လက်လုပ်လက်စား လူတန်းစားတွေက မိုးလင်းမိုးချုပ် အလုပ်လုပ်ကြရတာ၊ အိမ်မှာကျန်ခဲ့တဲ့သူကလဲ အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးအဘိုးအဘွားအများစု ဖြစ်တဲ့အတွက် ရပ်ကွက်သန့်ရှင်းရေးအစီအစဉ်တွေမှာ ထိထိမိမိဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ဆိုတယ်။

အင်းစိန်မြို့နယ် မူလတန်းကျောင်းတစ်ကျောင်းမှ ဆရာမဒေါ်နီနီမြင့်က “ ကျောင်းစဖွင့်ကတည်းက ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျောင်းဝင်းသန့်ရှင်းရေး ပြုလုပ်တယ်။ ရေမြောင်းတွေ ရေစီးရေလာကောင်းအောင်၊ ရေစည်ရေပိုင်းတွေမှာ ပိုးလောက်လန်းစစ်တာ၊ ပိုးလောက်လန်းစားတဲ့ငါးမွေးတာတွေ လုပ်ထားတယ်၊ ကျောင်းပိတ်ရက်မှာလည်း အတန်းတိုင်းကို ခြင်ဆေးဖျန်းပြီး တံခါးပိတ်ထားတယ်၊ ကျောင်းဖွင့်မှ ပြန်ဖွင့်တယ်၊ ကလေးတွေကို သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အမြဲတမ်း ပြောပြတယ်၊ ကဗျာနဲ့တစ်မျိုး၊ ပုံပြင်နဲ့တစ်မျိုး နားဝင်အောင် ပြောပြလိုက်တာပေါ့ ” လို့ ဆိုပါတယ်။

ကျောင်းမှာ ဘယ်လိုပဲ ကျန်းမာရေးနဲ့အညီ သန့်ရှင်းအောင်ပြုလုပ်ပေမဲ့ ကလေးရဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင်နေရာတိုင်းကို ဂရုစိုက်ဖို့လိုပါတယ်။ ရပ်ကွက်တချို့မှာတော့ တစ်အိမ်စ၊ နှစ်အိမ်စ ခြင်ဆေးဖျန်းတာမျိုးရှိတယ်။ တစ်ရပ်ကွက်လုံး အတိုင်းတာနဲ့ ဆေးဖျန်းမယ်ဆို ထိရောက်မှု ပိုမိုကောင်းမွန်နိုင်တယ်လို့ Happy ပိုးမွှားနှိမ်နင်းရေးမှ ဦးပြုံးလွင်က ပြောပြခဲ့ကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာပြည်မှဘဏ် အတိုး နှုန်းနည်းနည်း လျှော့ပါဦး

စီးပွားရေးလုပ်ငန်းရှင် တချို့လုပ်ငန်းတိုးချဲ့ဖို့ လိုအပ်တဲ့ငွေကို ဘဏ်မှာ ချေးတဲ့အခါ အတိုးများလို့ လိုသလောက်မချေးနိုင်တာ တွေ့ရတယ်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “ လုပ်ငန်းတိုင်းမှာ ငွေလိုအပ်တဲ့အချိန်ဆိုတာ ရှိတယ်၊ တချို့လုပ်ငန်းတွေက အချိန်စောင့်ရတာရှိတယ်၊ ဒီအလုပ်အတွက် ဘဏ်ကချေးရင် အတိုးက အလုပ်မစရသေးခင် တော်တော်တက်နေပြီ၊ ဘဏ်တိုးကြောင့် လိုသလောက်မချေးနိုင်ဘူး ” လို့ သူကြုံတွေ့ရပုံကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစပြီး ဘဏ်မှာ ငွေချေးရင် အတိုးနှုန်း ၁၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဘဏ်အတိုးနှုန်းများလို့ လုပ်ငန်းရှင်တချို့က လိုအပ်တဲ့ငွေမချေးနိုင်ဘဲ အနည်းငယ်ပဲ ချေးယူနိုင်ပါတယ်။ ပြည်ပနိုင်ငံတချို့မှာ လုပ်ငန်းရှင်တွေ စီးပွားရေးချဲ့ထွင်နိုင်ဖို့ အတိုးနှုန်းကို လျှော့ချထားပါတယ်။ စင်ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ အတိုးနှုန်းက သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်းရှိပြီး ဂျပန်နိုင်ငံဆိုရင် သုညဒသမပဲ အတိုးနှုန်းရှိတယ်လို့ သိရတယ်။ သည်မှာဘဏ်တိုးနှုန်းများတာက အရင်နှစ်တွေတုန်းက ဘဏ်တွေ အကျပ်အတည်းဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ စီးပွားရေးလုပ်ချင်တဲ့သူ၊ အများပိုင်ကုမ္ပဏီတွေလည်း များဖို့လိုပါတယ်။ ဘဏ်တိုးနည်းရင် လုပ်ငန်းတွေပိုများလာပြီး အပြင်အတိုးနှုန်းလည်း လျော့လာမယ်လို့ တချို့က သုံးသပ်တယ်။ လက်ရှိမှာ လုပ်ငန်းကြီးတွေလောက်ပဲ ဘဏ်မှာငွေချေးနိုင်ကြပါတယ်။ လုပ်ငန်းအသေးစား၊ အလတ်စားတွေနဲ့ အခုမှ စီးပွားရေးလုပ်မယ့်သူတွေအနေနဲ့ ဘဏ်ကနေငွေချေးနိုင်တာနည်းတယ်လို့ သိရတယ်။ ဘဏ်တွေအနေနဲ့လည်း ငွေချေးတဲ့သူနည်းတဲ့အခါမှာ ဘဏ်မှာ ငွေကြေးလည်ပတ်မှု နှေးတယ်လို့ ဘဏ်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ ဘဏ်တိုးသာလျော့နည်းသွားရင် ကုန်ထုတ်လုပ်မှုစရိတ်အနည်းငယ်ကျသွားမှာဖြစ်လို့ ကုန်ချောပိုင်းမှာ ဈေးလျှော့နိုင်လာသလို ပို့ကုန်တွေမှာလည်း မိမိရဲ့ပစ္စည်းက ဈေးသက်သာရင် တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ သိရတယ်။ ပြည်တွင်းထုတ်ပစ္စည်းတွေလည်း အမေရိကန်ဒေါ်လာဈေးကျဆင်းပေမဲ့ စွမ်းအင်စရိတ်နဲ့ဘဏ်တိုးကြောင့် ဈေးနှုန်းထင်သလောက် ချလို့မရတဲ့အဖြစ်မျိုးတွေကြုံနေရကြောင်းမော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာပြည်သူတွေ ရဲ့ အမြင်အာရုံကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးနေသည့်ကိုကျော်သူ၏စေတနာ


မျက်စိ ဆရာဝန်ကြီး ဒေါက်တာ မိုးလွင်(ကိုမိုး)နှင့် လူနာအမေတဦး









ကျော်သူ့ ဇာတ်ကားတွေ ကြည့်နိုင်ပြီဟေ့ . . . ။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ “ဆေးဖြင့်ရောဂါတို့ကို ဆေးကြောအံ့” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ ဝေဒနာရှင် အများပြည်သူတို့အား အခမဲ့ ဆေးဝါးကုသပေးနေသော သုခကုသိုလ်ဖြစ်ဆေးခန်းတွင် မျက်စိရောဂါ ဝေဒနာရှင်တို့အား ရေတိမ်စွဲ၍ မျက်စိအမြင်အာရုံ ချို့ယွင်းနေသော မျက်စိဝေဒနာရှင်တို့အား အမြင်အာရုံ ပြန်လည်ကောင်းမွန် ကြည်လင်မှု ရရှိစေရန် မျက်စိအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်ကုသပေးလျှက်ရှိရာ ၂၀၀၇ ခုနှစ်၊ မတ်လမှ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ မျက်စိခွဲစိတ်လူနာပေါင်း ၂၅၀၀ ကျော်ရှိခဲ့ပါသည်။ ၂၃.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် ခွဲစိတ်ပြီးသော ဝေဒနာရှင် လူနာများအား စေတနာရှင် မျက်စိဆရာဝန်ကြီး ဒေါက်တာ ဦးမိုးလွင် မှ ပြန်လည် စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ဝေဒနာရှင် လူနာများသည် ခွဲစိတ်ကုသပြီးသည့် အချိန်မှစ၍ အလင်းဒဏ်ကို ကာကွယ်ရန်အတွက်၎င်း ဖုံ၊ အမှိုက်များမှ ကာကွယ်ရန်အတွက်၎င်း ဂွမ်းစ၊ မျက်စိအဖုံးများ၊ နေကာမျက်မှန် အနက်များကို တပ်ဆင်ထားကြရာ မျက်စိဆရာဝန်ကြီးနှင့် ပြသသည့် အချိန်တွင် မျက်စိဖုံးများ၊ နေကာမျက်မှန်များကို ချွတ်၍ ဆရာဝန်ကြီးမှ ခွဲစိတ်မှု အခြေအနေနှင့် မျက်စိ ၏ အမြင်စွမ်းအားတို့အား စစ်ဆေးကြည့်ရှုပါသည်။

ထိုသို့ မျက်စိ ဆရာဝန်ကြီး ဒေါက်တာ မိုးလွင်မှ စမ်းသပ်စစ်ဆေးရာတွင် လူနာများမှ မိမိတို့ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ၀မ်းသာအားရနှင့် စေတနာရှင် ဆရာဝန်ကြီး၊ သူနာပြု ဆရာမများအား ကျေးဇူးတင်ရှိကြောင်း ပီတိဖြာလျက် ပြောကြားခဲ့ကြပါသည်။ ထိုသို့ ပြောကြားရာတွင် မျက်စိလူနာတစ်ဦး ဖြစ်သူ အမေကြီးတစ်ယောက်မှ နေကာမျက်မှန် ချွတ်ပြီး ပြီးချင်း သူ၏ ရှေ့တွင် မှတ်တမ်းဓါတ်ပုံ ရိုက်ရန် ပြင်ဆင်နေသော ကျော်သူအား တွေ့မြင်သည်နှင့် “ဟယ် တော် … ကျော်သူကို အရှင်လတ်လတ်ကြီး မြင်တွေ့ရပြီတော်။ ကျော်သူ ဇာတ်ကားတွေ အားရပါးရ ကြည့်ရတော့မယ် တော့” ဟူ၍ ၀မ်းသာအားရ မျက်ရည်လည်ကာ ပြောကြားခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်သည် အမြင်အာရုံ ပြန်လည်ရရှိသွားပြီဖြစ်သော အမေကြီးအား ဂါရ၀ပြု ကျေးဇူးတုံ့ပြန်သော အပြုံးဖြင့် ပြန်လည်ပြုံးပြပြီး မိမိ လုပ်ဆောင်ရမည့် မှတ်တမ်း ဓါတ်ပုံ ရိုက်ခြင်းကို ပြုလုပ်ခဲ့တော့သည်။

ကျွန်တော်၏ အပြုံးနောက်ကွယ်တွင် စကားလုံးပေါင်း မြောက်များစွာ ဦးနှောက်ထဲတွင် အစီအရီ ပေါ်ပေါက်လာသည်။ ထိုစကားလုံးများသည် နှုတ်မှ ထွက်ပေါ်လာခြင်း မရှိချေ။ ယင်း စကားလုံးများသည် “အမေရေ … ကျွန်တော့်ကို တီဗီဖန်သားပြင်၊ ရုပ်ရှင်ပိတ်ကားထက်မှာ ဘယ်တော့အခါမှ မြင်တွေ့ရတော့မှာ မဟုတ်တော့ဘူး အမေ။ နိုင်ငံတော်မှ ကျွန်တော့်ကို အနားပေး လိုက်ပြီ အမေ။ အနုပညာလောကမှ မောင်းထုတ်ခြင်း ခံလိုက်ရပြီမှာ (၃) နှစ်ရှိပြီ အမေ။ ရုပ်ရှင် အနုပညာရပ်ဆိုတာ အများပြည်သူကို ငိုခြင်း၊ ရယ်ခြင်း၊ ဒေါသထွက်ခြင်း၊ ပေါက်ကွဲစေခြင်း ဆိုတဲ့ အကုသိုလ်အလုပ် မိမိ အတ္တအကျိုးအတွက် လုပ်ဆောင်နေတဲ့ အတ္တဟိတအလုပ်၊ ပြည်သူလူထုကို လိမ်ညာနေတဲ့ အလုပ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ပရိတ်သတ် အများပြည်သူနဲ့ အမေတို့အတွက် အမေပြောလိုက်တဲ့အတိုင်း အရှင်လတ်လတ်ကြီးနဲ့ ပြည်သူတွေရဲ့ကြားမှာ ပြည်သူတွေရဲ့အနားမှာ ပြည်သူတွေအတွက် လိုအပ်သော၊ ပေးဆပ်နိုင်သော လူမှုရေးကိစ္စရပ်များကို ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အချိန်ထိ ကြိုးစားဖြည့်ဆည်းပေးနိုင်တဲ့ ပရဟိတလူသား တစ်ယောက်အဖြစ်သာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ် အမေ” ဟူသော စကားလုံးများပင် ဖြစ်တော့သည်။

ထို့ကြောင့် … အကယ်၍များ အပြောင်းအလဲတစ်ခုခုကြောင့် ကျွန်တော်အား အနုပညာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်များ ရရှိခဲ့သော် ကျွန်တော်သည် အနှစ်သာရ မရှိသော၊ အကျိုးမရှိသော ဖျော်ဖြေရေးသက်သက်သာ ဖော်ကျူးသည့် အများပြည်သူအား လိမ်ညာသော ဇာတ်လမ်းများကို ရိုက်မည် မဟုတ်။ သမိုင်းစစ် သမိုင်းမှန်များ၊ အတ္ထုပ္ပတိများ၊ ဘာသာရေး လူမှုရေး သမိုင်းမှတ်တိုင် အစစ်အမှန်များကိုသာ အများပြည်သူအတွက် ပေးဆပ်ရိုက်ကူးသွားမည် ဖြစ်ပါကြောင်း စိတ်ကူးယဉ် မိပါတော့သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားအထူးကျေးဇူးတင်ရှိပါသည်.။မြန်မာပြည်သူတွေကို စာနာ နားလည်းမှုတွေနဲ့ ပြည်သူတွေအတွက် နေ့စဉ်နဲ့အမျှ မေတ္တာ စေတနာ အပြည့်နှင့် ကူညီပေးနေသော ကိုကျော်သူ အားလေးစားလျက်ပါ။

သမိုင်းကြောင်းကိုလိမ်ညာ၍မရ...။သမိုင်းစစ်၊သမိုင်းမှန်ကိုသိရှိမှသာအဓိပ္ပါယ် ရှိတော့မည်ဖြစ်သည်။




ဗမာ့ဘောလုံး သမိုင်း

တစ်နေ့သောအခါက ကျွန်ုပ်သည် လူမှုရေးလုပ်ငန်းများ တစ်နေ့တာ ပြီးဆုံးသွားချိန် ကျွန်ုပ်၏ နေအိမ် ဘုရားခန်းအတွင်း အဓိဌာန် ပုတီးစိပ်ခြင်း၊ မေတ္တာပို့သခြင်းများ ပြီးဆုံးသွားချိန် သန်းခေါင်ယံ အချိန်၌ အိပ်စက်အနားယူခြင်း မပြုလုပ်ခင် ကျွန်ုပ်၏ စာအုပ်ဗီဒိုကို မွေနှောက်ဖတ်ရှုစဉ် ကျွန်ုပ်၏ အရင်းနှီးဆုံး သွေးသောက် ဦးသန်းစိန်ထံမှ ရရှိထားသော အဖိုးတန်စာအုပ် တစ်အုပ်ဖြစ်သည့် . . . Sir J.George Scott, K.C.I.E. ရေးသားသော “SCOTT OF THE SHAN HILLS” ဟူသော စာအုပ်ကို လှန်လှောကြည့်မိရာ အောက်ပါ ဓါတ်ပုံနှင့် စာသားများကို တွေ့ရှိတော့သည်။

ယင်းဓါတ်ပုံသည် နိုင်ငံခြားသား (၂) ဦးနှင့်အတူ ဗမာလူမျိုးများ ကတောင်းကျိုက်၍ ဘောလုံးတစ်လုံးနှင့် အမှတ်တရ ရိုက်ကူးထားသော ဓါတ်ပုံဖြစ်နေသည်။ ထို့ကြောင့် ကျွန်ုပ်သည် အလွန်စိတ်ဝင်စားစွာဖြင့် ယင်း အကြောင်းအရာကို ရေးသားထားသော စာပိုဒ်ကို ကြိုးစား၍ ဖတ်ကြည့်မိသည်။ ကျွန်ုပ်၏ အင်္ဂလိပ်စာ အားနည်းမှု ကြောင့် ရေးသားထားသော အကြောင်းအရာ အစစ်အမှန်ကို သေချာစွာ မသိရှိသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ယင်းစာအုပ်အား ယူဆောင်သွားကာ အသင်းရှိ အင်္ဂလိပ်စာကျွမ်းကျင်သူ ပညာရှင်များဖြစ်ကြသော မောင်အောင်ဟိန်းထွန်း၊ ဒေါ်ဧရာမောင်မောင်၊ ဒေါ်စိုးစန္ဒာတို့ကို အကူအညီ တောင်းရတော့သည်။ ဤတွင် စာရေးသူ Scott ၏ ရေးသားထားသော စာမူအား တိုက်ရိုက်ဘာသာပြန်ဆိုကာ ယခုကဲ့သို့ စာဖတ်ပရိတ်သတ်အား တင်ပြနိုင် ခြင်းဖြစ်တော့သည်။

Scott ၏ လက်ရေးစာမူ စာရွက်တွင် ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကန်မည့် ဘောလုံးပွဲ တစ်ပွဲ အကြောင်းပါရှိသည်။ “ဒီနေ့ နေ့လည်မှာ Putsoes နှင့် Trousers တို့နှင့် ဘောလုံးပွဲရှိသည်။ ညနေ (၅း၀၀) နာရီမှာ ကန်မည်။” ယင်းအောက်တွင် J.G.Scott ကျောင်းအုပ်ဆရာကြီးဟု လက်မှတ်ပါရှိသည်။

ဗမာလူငယ်များသည် ဘောလုံးကန်ခြင်းကို နှစ်သက်ကြသည်။ ဘာကြောင့်လဲဆိုတော့ သူတို့က “ဘောလုံး ကန်ရတာ တိုက်ခိုက်တာနဲ့ ဆင်တူတယ်။” ဟု ပြောကြသည်။ ခွင့်ယူထားသော ကျောင်းသားတစ်ယောက်၏ စာ တစ်စောင်တွင် ဘောလုံးကို သူတို့ မည်မျှစိတ်ဝင်စားကြောင်း သိနိုင်သည်။ အဆိုပါ ကျောင်းသားက သူသည် ကျောင်းကို ပြန်လာချင်ကြောင်း၊ သူပြန်မရောက်သေးခင် အချိန်အထိ ဘယ်ဘောလုံးပွဲမှ မကန်ပါစေနှင့် ဟု ဆုတောင်းနေကြောင်း စာထဲ ရေးထားသည်။ သူက ထပ်မံရေးသား ထားသေးသည်။ “မနေ့ညက အိပ်မက်ကောင်း တစ်ခုကို တစ်ခုကို မက်ခဲ့သေးသည်။ ကျွန်တော်က ဆရာကြီးတို့နဲ့ ဘောလုံးကန်နေတာပေါ့။ အဲဒါ နတ်ပြည်ရောက် နေတဲ့အတိုင်းပဲ” ဟူ၍ ဖြစ်သည်။ အခြားကျောင်းသားတစ်ယောက် ပြောသည်က “ကျွန်တော်တို့ ပြန်မရောက်ခင် ဆရာကြီးတို့ ဘောလုံးအသင်း အခြားဘယ်အသင်းနဲ့မှ မကန်ပါစေနဲ့လို့ ကျွန်တော် ဆုတောင်းပါတယ်။ ဘောလုံးကန် တာ အလွန်ပျော်စရာကောင်းတယ်။” ထိုစကားကို ပြောသူမှာ “ဟယ်ရီ - ဖိုးမင်း” ဖြစ်သည်။ ဟယ်ရီ - ဖိုးမင်းသည် ဗမာကျောင်းသားဖြစ်သည်။ သူသည် နောက်ပိုင်းတွင် သူတို့အသင်း၏ ဂိုးသမားဖြစ်လာခဲ့သည်။

ပုံမှန်အားဖြင့် ဤကစားနည်း ဤပုံစံသည် (ဘောလုံးကစားခြင်းသည် လူဖြူတို့နှင့် အရှေ့တိုင်းသားတို့အကြား ပေါင်းသင်းဆက်ဆံမှု ရရှိစေရန်သာ ဖြစ်လာခဲ့သည်။ ထိုအချက်သည်ပင် လူငယ်တွေကို သင်ပေးလိုသော အချက် ဖြစ်သည်။ ထိုကဲ့သို့ သင်ပေးရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ သူတို့က သင်ကြားလိုစိတ်တော့ ရှိသည်။ သို့သော် ၄င်းတို့ကို စနစ်တကျ ကစားတတ်ဖို့ သင်ပေးရန်မှာ ခက်ခဲသည်။
လူငယ်ကျောင်းသားတစ်ယောက်ကို ဘယ်နေရာမှာ ကစားပါဟု တာဝန်ပေးစေကာမူ ထိုလူငယ်သည် ဘောလုံးနောက်ကိုသာ လိုက်နေတက်သည်။ ရှေ့တန်းတိုက်စစ် ကစားသူများကို နောက်တန်းလူများနှင့် ပူးတွဲ ကစားတက်ရန် သင်ပေးရသည်။ ရှေ့တန်းကစားသမားများ နောက်တန်းကို ပြန်ပြေးပြီး သူ့နောက်ခံ လူများနှင့် ထပ်မနေစေရန်လည်း သင်ပေးရသည်။ အကြိမ်တော်တော်များများပင် နောက်ခံလူတစ်ယောက်သည် အခြားရွေးစရာ မရှိပဲ သူ့အသင်းဘက်မှ ရှေ့တန်းလူကို ၀င်တိုက်ပြီး ဘောလုံးကို ဖျက်ထုတ်လိုက်လေ့ရှိသည်။
ဗမာလူမျိုးတွေသည် ၄င်းတို့၏ ကိုယ်ပိုင်ကစားနည်းဖြစ်သော ခြင်းလုံးနှင့် အကျွမ်းတ၀င်ရှိပြီးသား သူများဖြစ်သည်။ ထို့ပြင် ၄င်းတို့သည် ခြေဗလာနှင့် ကန်တတ်ကြသူများဖြစ်သည်။ သို့သော် ထိုအချက်သည်ပင် အစ ပထမ၌ လူတိုင်းအတွက် အဓိက ပြဿနာဖြစ်နေခဲ့သည်။

Mr.Scott သည် ဘောလုံးကစားနည်းကို မြန်မာပြည်တွင် စတင် မိတ်ဆက်ခဲ့သည်။ ခရိုင်မှာ ကစားခဲ့သော ပထမဆုံး ဘောလုံးပွဲအကြောင်းကိုပင် ကျွန်တော်တို့ ကောင်းကောင်းမှတ်မိနေသေးသည်။ ထိုအချိန်က သူ (Mr.Scott) သည် ကျောင်းအုပ်တာဝန်ယူခဲ့သော St.John ကောလိပ်နှင့် မော်လမြိုင်မှ ကျပန်းကစားသမား (၁၁) ယောက်နှင့် ကန်ခဲ့သော ကစားပွဲဖြစ်သည်။ ဘောလုံးပွဲ မစခင်မှပင် ဘောလုံးကွဲသွား၍ Scott နှင့် ယခု စာရေးသူတို့ သည် ဘောလုံးတစ်လုံး အမြန်ရရှိနိုင်ရန် မြို့ထဲရှိ သားသတ်ရုံများကို အနှံ့ပတ်ရှာခဲ့သည်။ သူတို့သည် ဘောလုံး ပြုလုပ်ဖို့ ဆီးအိတ်တစ်ခု ရရှိရန် တိရိစ္ဆာန်တစ်ကောင်ကို ၀ယ်ယူပြီး ချက်ချင်းသတ်ဖြတ်၍ ထုတ်ယူရန် အထိပင် စဉ်းစားခဲ့သည်။ Scott တစ်ယောက် ထိုကွဲနေသော ဘောလုံးကိုကိုင်ကာ သားသတ်သမားကို မြန်မြန်လုပ်ဖို့ ပူညံ ပူညံလုပ်ခဲ့ပုံကို ဖော်ပြရာမှာ ကဗျာတစ်ပုဒ်ပင် စာဖွဲ့လောက်ပေသည်။ နောက်ဆုံးတွင် တံငါသည် အချို့ထံမှ ဆီးအိတ် တစ်ခုကို ရရှိ၍ အဆိုပါ သမိုင်းဝင် ဘောလုံးပွဲကို ကစားခဲ့ရသည်။ အထက်ပါ အဖြစ်အပျက် အသေးစိတ်သည် ကျွန်တော် နံရိုးတစ်ချောင်း အကျိုးခံ၍ မှတ်တမ်းတင်ခဲ့သော အဖြစ်အပျက်ဖြစ်သည်။

အဆိုပါ မှတ်တမ်းလေးအား စကော့တလန်နိုင်ငံသား Jame George Scott ၏ ဒိုင်ယာရီတွင် ရေးသားထားခဲ့ ပြီး ထိုဒိုင်ယာရီတွင် ပါသောအကြောင်းအရာများကို G.E MITTOIU (Lady Scott) က ပြန်လည်တည်းဖြတ်၍ ၁၉၃၉ ခုနှစ်မှာ ပထမအကြိမ် ပြန်လည်ထုတ်ဝေခဲ့သည်။ အဆိုပါ မှတ်တမ်းအရ ၁၈၇၉ ခုနှစ် ကတည်းကပင် မြန်မာပြည်၌ ဘောလုံးအားကစားကို စတင်ကစားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့သော အကြောင်းအရာ အချက်အလက်များအရ ဗမာ့ဘောလုံး သမိုင်းပေါ်ပေါက်လာပုံ၊ ဗမာ့လူမျိုးတို့ ဘောလုံးအား စိတ်ဝင်စားပုံတို့ကို သိရှိရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ၊ ဘောလုံးရူးသွပ် သူများ၊ ဘောလုံးအသင်း ထူထောင်ထားသူများ၊ ဘောလုံးကစားသမားတို့သည် ဗမာ့ဘောလုံး ဖြစ်ပေါ်လာပုံ၊ ဗမာ့ ဘောလုံး ပေါ်ပေါက်လာပုံ၊ ဗမာပြည်သို့ ဘောလုံးကစားနည်း ရောက်ရှိလာပုံ၊ ဗမာ့ဘောလုံး စတင်ခဲ့သည့် ခုနှစ် သက္ကရာဇ်တို့အား သိထားသင့်ပါ၍ စေတနာ ရှေ့ထား၍ ကျွန်ုပ်တွင် ရှိနေသော အဖိုးတန်စာအုပ် စာပေများမှ ဤ ဗမာ့ဘောလုံး ဒိုင်ယာရီ ဆောင်းပါးအား တင်ပြ လိုက်ရပါတော့သည်။

(အနာဂတ်ကာလတွင် ကျွန်ုပ်တွင်ရှိသော အဖိုးတန်ရှားပါး စာအုပ်၊ စာပေများမှ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ နိုင်ငံရေး စသည် . . . သမိုင်းစစ် သမိုင်းမှန်များအား ပြည်သူလူထုအတွက် အစစ်အမှန်များကိုသာ ရွေးချယ်၍ အလျင်းသင့်သလို တင်ပြသွားပါမည်။)

ကျော်သူ


ပေးပို့ပေးသော ကိုကျော်သူအား ကျေးဇူးတင်ရှိပါသည်.။

နည်းပညာတက္ကသိုလ်ဆရာမကို စစ်အာဏာရှင် နအဖ တပ်မှ စစ်သားတဦး ကြံစည်၊ ကျောင်းသားများ မကျေနပ်

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ နည်းပညာတက္ကသိုလ်က ဆရာမ တဦးကို လုံခြုံရေးယူတဲ့ ခလရ ၄၇ က တပ်သားတဦးက ကြံစည်ခဲ့တဲ့အပေါ် ကျောင်း သားတွေက မကျေမနပ် ဖြစ်နေကြဆဲပဲလို့ သိရပါတယ်။ ဗန်းမော်နည်းပညာတက္ကသိုလ်ကို တာဝန်နဲ့ အသစ်ပြောင်းလာခါစ အသက် ၂ဝ ကျော် ကျူတာဆရာမတဦးကို တက္ကသိုလ်အနီး ခလရ ၄၇ က လုံခြုံရး တပ် သားတဦး အဓမ္မပြုဖို့ ကြံစည်ခဲ့တာဖြစ်တယ်လို့ ကျောင်းသားတဦးက ပြောပါတယ်။

ဖြစ်ပုံကတော့ အခုလ ၈ ရက်နေ့ မနက် ၈ နာရီမှာ ဆရာမက ကျောင်းက ကွန်ပြူတာကို လာရောက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ကွန်ပြူတာသုံးနေစဉ် ရုတ် တရက် မီးပျက်သွားတာကြောင့် ရုတ်တရက်ပဲ ကျောင်းအနားရှိ သူ့ရဲ့အဆောင်ကို ချက်ခြင်း ထပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဆောင်ပြန်ရောက်ပြီး မကြာမီ ကွန်ပြူတာ မပိတ်မိလို့ စိတ်မချဘူး ဆိုပြီး ကျောင်းဝင်းထဲ ပြန်လာရာမှာ အခုလို ကြံစည်တာ ခံရတာ ဖြစ်ပါတယ်။


ဒီကိစ္စကို တကျောင်းလုံး သိသွားတဲ့အတွက် တပ်ရင်းမှူးကိုယ်တိုင် ကျောင်း အုပ်ကြီးဆီ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်လို့ ကျောင်းသားတဦးက ပြောပါ တယ်။ အဲဒီနောက် အဖြစ်မှန်ကို အခုထိ ဖုံးဖိထားပြီး ဆရာမကိုလည်း ဒီအမှု ကျေအေးဖို့ အတင်း လက်မှတ်ထိုးခိုင်းခဲ့တာကြောင့် မကျေမနပ် ဖြစ်ရတယ်လို့ ကျောင်းသားတဦးက ရှင်းပြပါတယ်။ “ဆရာမက ကွန်ပြူတာခန်းထဲ ဝင်တဲ့အချိန်မှာ နောက်ကနေ ပါးစပ်ကို ပိတ် တယ်။ ပိတ်တဲ့ လက်ကို သွားနဲ့ကိုက်ပစ်တော့။

(သူက)နမ်းပြီးတော့ ဆရာမကို လည်ပင်းညှစ်တယ်။ ဆရာမကလည်း သူ့ကိုလည်ပင်း ပြန်ညှစ်တယ်။ အဲလို ရုန်း ရင်းဆန်ခတ် ဖြစ်ပြီး ဆရာမက ထွက်ပြေးသွားတယ်ပေါ့။ ဟိုလိုတော့ ဆရာမက ထိ ခိုက်နစ်နာမှု တစုံတရာ မရှိပါဘူး။ “ကျောင်းနဲ့ ခလရ ၄၇ က လေးဖာလုံလောက်ပဲ ဝေးတာ။ သိပ်တော့ မဝေး ဘူးပေါ့နော်။

ပြီးတော့ သူတို့တွေကပဲ အဲဒီအချိန်မှာ လုံခြုံရေးက ရှိနေကြတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ၇ ရက်နေ့က ဗိုလ်ချုပ်သာအေး ကျနော်တို့ ကျောင်းကို လာဖို့ အစီအစဉ် ရှိတယ်လေ။ မလာဖြစ်တာလည်း ပါတာပေါ့။ “အားလုံး ဝိုင်းပြီး စုံစမ်းတဲ့အခါ ခလရ ၄၇ က ဆိုတာ သိတယ်လေ။ သိ တော့ နောက်တနေ့မှာပဲ ခလရ ၄၇ က ဒု-ဗိုလ်မှူးကြီး မျိုးဝင်းကနေ နည်းပညာ တက္ကသိုလ်က ကျောင်းအုပ် ဒေါက်တာသန်းနိုင်ဦးကို လာပြီးညိ‡တယ်။ နောက်တော့ ဘယ်လိုဖြစ်သွားတယ် မသိပါဘူး။

ဆရာမက မကျေမနပ်နဲ့ လက်မှတ် ထိုးပေးလိုက် ရတယ်။ အဲဒီကိစ္စကို ကျနော်တို့ ကျောင်းသားတွေက လုံးဝ မကျေနပ်ဘူး။” အရဆကသအးမ္မပြုဖို့ကြံစည်တဲ့ အဲဒီတပ်သားကိုလည်း အရေးမယူတဲ့အတွက် ကျောင်း သားတွေက ပိုပြီးမကျေမနပ် ဖြစ်နေကြတာလို့ ဆိုပါတယ်။ မနှစ်ကလည်း ဆရာမ တွေနေတဲ့ အဆောင်ထဲကို တပ်သားတဦး ဝင်ရောက်ခဲ့ဖူးပြီး၊ ဒီလိုပဲ သတင်းအ မှောင်ချထားတယ်လို့ ကျောင်းသားတဦးက ပြောပါတယ်။ သူတို့ကို အရေးမယူရင် ပိုပြီး အတင့်ရဲလာလိမ့်မယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ဒါကြောင့် ကျောင်းအုပ်ကြီး ဒေါက်တာသန်းနိုင်ဦးကလည်း ကျောင်းသား တွေအနေနဲ့ မကျေနပ်ရင် တဦးချင်းစီရုံးခန်းကို လာရောက် ပြောဆိုနိုင်တယ်လို့ ပြောကြောင်း အဲဒီကျောင်းသားက ပြောပါတယ်။ နည်းပညာတက္ကသိုလ် ဗန်းမော်ဟာ ခလရ ၄၇ အနီး ခိုကျင်ရွာမှာ တည် ရှိပြီး၊ ကျောင်းသူကျောင်းသား ၂ဝဝ ကျော် ရှိတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်...DVB

23 July 2010

"ယဉ်ကျေးသော ဖားအံ ပယက ဥက္ကဌ "

အယ်ဒီတာမှတဆင့် သက်ဆိုင်သူသို့ -

( ၂၁-၇-၂၀၁၀ )ရက်နေ့က ကမတ်မောင်း ( မြိုင်ကြီးငူတဖက်ကမ်း) ဈေး မီးလောင်မှုကို ကရင်ပြည်နယ် ပယကဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်း သွားရောက်ကြည့်ရှုခဲ့ကြောင်း။ အဆိုပါဈေးမှ တာဝန်ရှိသူ စည်ပင်အမှုဆောင် အရာရှိကို မီးလောင်မှုအား ပေါ့ဆသည့်အတွက် ယဉ်ကျေးစွာ ပါးရိုက်ဆုံးမခဲ့ကြောင်း။ လွန်ခဲ့သော (၃)လခန့်ကလည်း စည်ပင်အမှုဆောင်အရာရှိကို ဖားအံမြို့ ရေပေးဝေရေးကိစ္စဖြင့် ပါးရိုက်ခြင်း၊ ထိုးကြိတ်ခြင်းဖြင့် ဆုံးမခဲ့ကြောင်း။ သို့ သော်လည်း ဗိုလ်မှူးချုပ်ဇော်မင်းသည် သူ၏လက်အောက် ၀န်ထမ်းဖြစ်သည့် ခယကဥက္ကဌများ၊ မယကဥက္ကဌများကိုတော့ အလွန်အလိုလိုက်သည်။

ကမတ်မောင်းဗလီအသစ်ဆောက်လုပ်ခြင်း၊ မြ၀တီမြို့ ဗလီအသစ်ဆောက်လုပ်ခြင်း နှင့် ပြည်သူလူထု သွားလာနေသော လမ်းမြေများအား ရောင်းစားနေမှု၊ သူများမြေကို အာဏာဖြင့် ကလိမ်ကကျစ်ကျစွာ ရောင်းစားနေမှုတို့ကို လျစ်လျူရှုခဲ့သည်ဟု သူ၏ပယက ရုံးဝန်ထမ်းများထံမှ သိရှိရသည်။

ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ သွားရာတွင် သူအုပ်ချုပ်နေသော ၀န်ထမ်းများအပေါ် ပါးရိုက်ခြင်း၊ ထိုးကြိတ်ခြင်းတို့ ဖြင့် အုပ်ချုပ်တတ်သည့် သူ၏အကျင့်များသည် အလွန်ယဉ်ကျေးပါသည်ဟု သူ၏၀န်ထမ်းများမှ ပြောဆိုကြောင်းကြားသိရသည်။

(ပေးပို့သူ...ဖားအံ)
----------------------------------------------------------------
-------------------------------------------------
"အယ်ဒီတာမှတဆင့် ဆက်သွယ်ရေးဝန်ကြီးနှင့် အမြတ်ကြီးစားဝန်ထမ်းများသို့ "

ဆက်သွယ်ရေးဝန်ကြီးဗိုလ်မှူးချုပ်သိန်းဇော်သည် လွန်ခဲ့သောနှစ်ဆန်းပိုင်းက ရတနာပုံတယ်လီပို့ ဖွင့်ပွဲတွင် ပြောဆိုချက်အရ 'တယ်လီဖုန်းနောက် လူလိုက်စရာမလိုဘဲ၊ ပြည်သူလူထုနောက်သို့ တယ်လီဖုန်းလိုက်မှာဖြစ်ကြောင်း'ပြောကြားခဲ့သည်။ သို့သော် ပြည်နယ်/တိုင်းမန်နေဂျာများသည် စီဒီအမ်အေ၊ ဂျီအက်စ်အမ်နှင့် လိုင်းဖုန်းများကို အသုံးလိုသော ပြည်သူလူထုလက်တွင်းသို့ မချဘဲ ၊ ကိုယ်ပိုင်အမြတ်ကြီးစားယူကာ ရာထူးလုပ်ပိုင်ခွင့်ကို အသုံးချကာ ရောင်းစားနေမှုကြောင့် အလွန်ချမ်းသာသော သူဌေးကြီး ၀န်ထမ်းများဖြစ်နေကြသည်။ ဘယ်သူကိုမှလည်း လူမထင်သလို ၊ အောက်ခြေ၀န်ထမ်းကို အခိုင်းအစေလို သဘောထားနေခဲ့သည်။။ဘယ်သူကိုမှလည်းလူမထင်သလို အောက်ခြေ၀န်ထမ်းကို အခိုင်းအစေလို သဘောထားနေခဲ့သည်။

အလွန်ဆိုးသည်မှာ ကရင်ပြည်နယ် မန်နေဂျာ ဦးသန်းလွင် ဖြစ်သည်။ အစိုးရဈေး (၁၅.၅)သိန်းကျပ်တန် စီဒီအမ်အေ ကမ်းရိုးတန်းဖုန်းကို ကျပ်(၁၈)သိန်းဖြင့် လိုသလောက် ထုတ်ပေးနိုင်သည်။ လိုကယ် စီဒီအမ်အေ (၅.၅)သိန်းကျပ်တန်ကို (၆. ၅)သိန်းကျပ်ဖြင့် အမြတ်ကြီးစား ရောင်းချပေးသည်။ စီဒီအမ်အေ၊ ဂျီအက်စ်အမ်ကဒ်များ ပျောက်လို့ ပြန်လျှောက်လျှင် အစိုးရဘဏ်မှာ ကျပ်တစ်သိန်းသာသွင်းပြီး၊ မန်နေဂျာ၏ ဘဏ်စာအုပ်တွင် ကျပ်ငါးသောင်းသွင်းရသည်။ ယခင်ကတော့ ဖုန်းလိုလျှင် အာဏာပိုင်တွေက လျှောက်လွှာခေါ်..မဲနှိုက်စနစ် ကျင့်သုံးခဲ့သည်။ ယခုနောက်ပိုင်း ရွေးကောက်ပွဲနီးတဲ့အခါ သူ့ကိုပဲ လုပ်ပိုင်ခွင့်ပေးလိုက်သဖြင့် အစိုးရပစ္စည်းကို ကိုယ်ပိုင်သဖွယ် အမြတ်ယူရောင်းချနေလျှက်ရှိသည်။ ထို့အပြင် တယ်လီဖုန်းပြောရွှေ့လိုပါက နေရာပြောင်းရွှေ့ခ ကျပ်(၃)သိန်းပေးရသည်။ ဦးသန်းလွင်သည် ငွေရှာသည့်အခါ သူ့မိန်းမ သွန်သင်စရာမလိုအောင် အလွန်ရှာဖွေတတ်သည်ဟု သူ့ပြည်နယ်ရုံးမှ ၀န်ထမ်းများက ပြောကြသည်။

(ပေးပို့သူ....ဖားအံ)

ရင်းမြစ်..ဟစ်တိုင်

အခွန်တံဆိပ်မရှိသော အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ သိမ်းဆည်း

အခွန်တံဆိပ်ကပ်ထားခြင်းမရှိသော ပြည်တွင်း၊ ပြည်ပထုတ် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များကို သက်ဆိုင်ရာက ဇူလိုင် ၁ရက်မှစ၍ လိုက်လံစစ်ဆေးပြီး တွေ့ရှိပါက စတင်သိမ်းဆည်းနေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ အခွန်မဆောင်ဘဲ ရောင်းချပါက နိုင်ငံခြားထုတ် စီးကရက်ကို လုံးဝဖျက်ဆီးမည်ဖြစ်ပြီး အရက်အမျိုးမျိုးကိုမူ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ လေလံတင်သွားမည်ဖြစ်ကြောင်း၊ လေလံဆွဲလိုသူက အကောက်ခွန်ဥပဒေအရ အခွန်ဆောင်ပြီး ပြန်လည်ဝယ်ယူနိုင်ကြောင်း ၄င်းကပြောသည်။ ပြည်တွင်းထုတ် ပစ္စည်းများမှာမူ အခွန်တံဆိပ်ကပ်၊ အခွန်ဆောင်ပြီး ပြန်လည်ရယူနိုင်ကြောင်း ပြောသည်။ နိုင်ငံခြားမှ တင်သွင်းလာသော ပစ္စည်းများကို သတ်မှတ်အခွန်နှုန်းများအတိုင်း ကောက်ခံ၍ အခွန်တံဆိပ်ကပ်ပေးခြင်းကို ဧပြီလ ၁ရက်နေ့ကတည်းက စတင်ခဲ့ပြီး ပြည်တွင်းထုတ်ပစ္စည်းများမှာမူ ၂၀၀၇ခုနှစ်ကတည်းက အခွန်တံဆိပ်ကပ်ပြီးမှ ရောင်းချခွင့်ပြုခဲ့ကြောင်း မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပွဲရုံဝင်း ယာဉ်ဝင်ခ ဂိတ်ကြေး ကောက်ခံသူများအနေဖြင့် ယဉ်ကျေးစွာ ငွေကောက်ခံသင့်

ဘုရင့် နောင်ပွဲရုံဂိတ်ဝ များရှိ တရား ဝင်ယာဉ်ဝင်ခ ကောက်ခံ သူများ အနေဖြင့် ယာဉ်ဝင်ခ ကောက်ခံ ရာတွင် ယဉ်ကျေး သိမ်မွေ့စွာ ကောက် ခံသင့် ကြောင်း ပွဲရုံဝင်းအ တွင်း နေထိုင်သူများက ဆို သည်။ပွဲရုံ ဂိတ်ဝမှာ ယာဉ် ဝင်ခ ကောက်ခံနေ တဲ့သူ အချို့က ပြေပြေ လည်လည် ကောက်ခံ တယ်။ အချို့က မချေမငံပြောဆိုတာ တွေရှိ တယ်။ ပွဲရုံပြင်ပကလာတဲ့ ကားနဲ့ တစ်တန်အထက် ကုန်တင် ယာဉ်တွေကိုသာ ယာဉ်ဝင်ခ ကောက်ခံခွင့်ရှိ တာပါ။

ပွဲရုံဝင်းထဲမှာနေတဲ့ တစ်တန်အောက်ကိုယ်ပိုင် ယာဉ်ငယ်တွေကို ယာဉ် ဝင်ခကောက်ခံခွင့်မရှိဘူး။ ဖြစ်လေ့ဖြစ်ထရှိတာက ပွဲ ရုံဝင်းအတွင်း နေထိုင်သူ တွေရဲ့ကား ပွဲရုံထဲဝင်ရင် အချို့ ယာဉ်ဝင်ခကောက် ခံသူတွေက ရန်စကားပြော တာမျိုး ရှိတယ်။ မကျေ နပ်လို့ ပြန်ပြောတော့ စကားများရန်ဖြစ်ပြီး ခြေ ပါလက်ပါ ဖြစ်ကြတယ်။ ဒါကြောင့် ပွဲရုံဝင်းကားဂိတ် မှာ ယာဉ်ဝင်ခကောက်ခံ သူတွေအနေနဲ့ ယဉ်ကျေး စွာနဲ့ ယာဉ်ဝင်ခကောက် ခံသင့်ပါတယ် ဟု ဘုရင့် နောင်ပွဲရုံဝင်းအတွင်းရှိ စိန် ပန်းလမ်းမှ လမ်းလူကြီးတစ် ဦးက ပြောကြားခဲ့သည်။

ဘုရင့်နောင်ဈေး ပွဲ ရုံသည် ရန်ကုန်မြို့၏အချက် အချာကျသော ကုန်စည် ဖြန့်ဖြူးရာနေရာကြီး ဖြစ် သည်။ ပွဲရုံဝင်းအတွင်းရှိကုန် စည်ဒိုင်သည်လည်း ပဲမျိုးစုံ ရောင်းဝယ်ရေးနှင့် မြန်မာ နိုင်ငံဆီကုန်သည်ကြီးများ အသင်း တည်ရှိရာနေရာ ဖြစ်သည်။ အဆိုပါ နေရာဒေသ သို့ အနယ်နယ်အရပ်ရပ်မှ ကုန်ကားများ၊ ကိုယ်ပိုင် ယာဉ်များ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများလည်း ဝင်ရောက်ကြသောကြောင့် မ .ထ .သ မှ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ ကို ယဉ်ကျေးပျူငှာစေရန် သင်တန်းပေးသကဲ့သို့၊ ပွဲရုံ ဂိတ်ဝများရှိ ယာဉ်ဝင်ခ ကောက်ခံသူများကိုလည်း သင်တန်းများပေးပြီးမှ ငွေ ကြေးကောက်ခံစေလျှင် အ ဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပွဲရုံပိုင်ရှင်အများစုက သုံး သပ်ပြောကြားသည်။

သတင်း..ဆွေဝင်းနိုင်