19 April 2010

ကန်တော်ကြီး X2O မဏ္ဍပ် ဗုံးကွဲ ဒဏ်ရာရသူ ၁၇၀ ဦးထဲတွင် ရခိုင် ၁၈ ဦး ပါဝင်ကြောင်း

ဧပြီလ ၁၄ ရက် သင်္ကြန် အကြတ်နေ့က ကန်တော်ကြီး X2O မဏ္ဍပ် ဗုံးကွဲ ဒဏ်ရာရသူ ၁၇၀ ဦးထဲတွင် ရခိုင် ၁၈ ဦး ပါဝင်ကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ရခိုင် သဟာယ အသင်း အဖွဲ့ဝင် တဦးက “အများစုက ကျောက်တော် မြို့နယ်က ဖြစ်ပါတယ်။ အမျိုးသမီးတွေပါဘဲ။ X2O မဏ္ဍပ်ရှေ့က ဖြတ်ပီး သိမ်ဖြူကွင်း ရခိုင်မဏ္ဍပ်တွေရှိရာကို လာစဉ်မှာ ဗုံးကွဲပြီး ဒဏ်ရာ ရရှိခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုအထဲတွင် ကျောက်တော်မြို့မှ မရီရီကျော်နှင့် အမ်းမြို့နယ် မအီမှ မင်းမင်းဟိန်းမှာ ဒဏ်ရာ ပြင်းထန်သည်ဟု သိရသည်။

ဒဏ်ရာ ရသူများမှာ ကျောက်တော်မြို့မှ ဒေါ်အေးအေးကြိုင်၊ ဒေါ်ရွှေယိုင်၊ ဒေါ်မြရင်၊ ဒေါ်တင်ရီ၊ မမိုးမိုးသန်း၊ ဒေါ်ဝိုင်းချေ၊ ဒေါ်ခိုင်ခိုင်အေး၊ ဦးဇော်ဝင်းထွန်း၊ မရီရီကျော် တို့ ဖြစ်သည်။

တခြားဒဏ်ရာ ရသူများမှာ ရသေ့တောင်မြို့နယ် နဂါးမောက်ကျေးရွာမှ ဦးအောင်တင်ဝင်း၊ ပုဏ္ဍားကျွန်းမှ ဦးလှမြင့်၊ မလတ်၊ ဦးစိုးနိုင်၊ မထွေးထွေးရီနှင့် အဆိုပါ မြို့နယ် အမဲခင်ကျေးရွာမှ ဦးစံကျော်မောင်တို့ ဖြစ်သည်။

နောက်ထပ် ဒဏ်ရာရသူ တဦးမှာ အမ်းမြို့နယ် မအီမှ မင်းမင်းဟိန်း ဖြစ်သည်။

“ဒဏ်ရာ ပြင်းထန်တဲ့ ကျောက်တော်က မရီရီကျော်ရဲ့ အဖေ ဖြစ်တဲ့ ဦးဇော်ဝင်းထွန်းနဲ့ အမေ ဒေါ်ခိုင်ခိုင်အေး တို့သုံးဦး စလုံး ဒဏ်ရာ ရခဲ့တာပါ။ သူတို့ မဏ္ဍပ်တွေကို လျှောက်ကြည့် နေစဉ်မှာ ဗုံးကွဲခဲ့တာပါ။ ဗုံးက အပြင်က ပစ်တာလား၊ စင်အောက်က ပေါက်တာလား ဆိုတာကိုတော့ သူတို့လည်း သဲသဲကွဲကွဲ မသိကြပါဘူး” ဟုသူက ဆက်ပြောသည်။

ယခုအခါ သူတို့အား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသနေပြီး ရခိုင်သဟာယ အသင်း၊ ရခိုင်စာပေ အသင်းနှင့် ရခိုင်အမျိုးသမီး အသင်းများမှ လိုအပ်သည်များကို သွားရောက် ကူညီပေးနေသည်ဟု သိရသည်။

အစောပိုင်းတွင် သေဆုံးသူထဲတွင် ရခိုင်အမျိုးသမီး ၂ ဦးနှင့် အမျိုးသား တဦး ပါဝင် သွားကြောင်း သတင်း ထွက်ပေါ်ခဲ့သော်လည်း အဆိုပါ သတင်းကို ယခုအချိန်ထိ အတည် မပြုနိုင်သေးကြောင်း ရခိုင်အသိုင်းအ၀ိုင်းမှ ပြောသည်။

သိမ်ဖြူကွင်းတွင် ကျင်းပသော ရခိုင်သင်္ကြန်မှာ သင်္ကြန် အကြို ဧပြီ ၁၃ နှင့် သင်္ကြန်အကျ ဧပြီ ၁၄ ရက်နေ့များတွင် စည်ကားခဲ့သော်လည်း ဗုံးကွဲပြီး နောက်တနေ့တွင် စည်ကားခြင်း မရှိတော့ကြောင်း သိရသည်။ ရခိုင်မဏ္ဍပ် ၁၄ ခုတွင် ၈ ခုသာ ဖွင့်လှစ်နိုင်ခဲ့ပြီး လူအနည်း အကျဉ်းဖြင့် သင်္ကြန်ပိတ်ပွဲကို ပြုလုပ်ခဲ့ရသည်ဟု သိရသည်။


သတင်းရင်းမြစ်...နိရဉ္စရာ

၁၉ရက်နေ့ထုတ်ကြေးမုံသတင်းညာမှာပါလာပြန်ပေါ့ ဗုံးပေါက်ကွဲမှုသတင်းမဟုတ်မမှန်လုပ်ကြံဇတ်လမ်းတွေကို ဆောင်းပါးရှင်(မဟာသမွန်) ကခုလို ရေးသားပြန်တယ်

Apr19 a

သာကူးအဆိုတော်ဇော်ဝင်းထွဋ် ကလဲ မရိုးနိုင်သော ဖာနည်းမျိုးစုံကိုသုံးထားသေးတယ်.။

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ ကို Los Angeles မှာပြုလုပ် တဲ့ဖိတ်စာ



ဧပြီလ ၂၄ရက် စနေနေ့တွင် မြန်မာဂုဏ်ရည် အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်း အိမ်ရှင်မြို့အဖြစ် လက်ခံကျင်းပမည့် လော့စ်အိန်ဂျလိစ်က ပြည်သူ့ဂုဏ်ရည် ဖြစ်မြောက်ရေးအဖွဲ့က ပေးပို့ဖြန့်ဝေသော ဖိတ်စာ ဖြစ်ပါသည် ။




မြန်မာပြည်၏ လူမှုလုပ်ငန်း စေတနာဝန်ထမ်း စွမ်းဆောင်သူ အများအပြားအနက်မှ ပရိသတ်၏ ဆန္ဒပြုလွှာများအရ ပဏာမဆန်ကာတင် စာရင်းတွင် ၂၄ ဦး/ အဖွဲ့ ရှိခဲ့ရာ၊နောက်ဆုံးဆန်ကာတင် ၅ ဦးကို ဧပြီလ ၁၂ ရက် တွင် ထုတ်ပြန်ပြီး အင်တာနက်မှတဆင့် အများပြည်သူက မဲဆန္ဒဖြင့် ၀ိုင်းဝန်း ဆန္ဒပြုနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ထိုဆန်ကာတင်(၅)ဦးမှာ



၁။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း -

၂။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ -

၃။ သီတဂူဆရာတော် ဦးဉာဏိသရ -

၎။ ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း -

၅။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ -


တို့ဖြစ်ကြပါသည်.။

ယခု ဧပြီလ ၁၂ ရက်မှ ၂၁ ရက် အတွင်း နောက်ဆုံးဆန်ကာတင် ၅ ဦးမှ ပရိသတ်အားလုံး၏ ဆန္ဒအရှိဆုံး တဦးကို အင်တာနက်မဲစနစ်ဖြင့် ပြည်သူ့ဂုဏ်ရည် ( Citizen of Burma Award ) အဖြစ်ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ်သည်။ ဧပြီလ ၂၄ တွင် ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေမိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည်။

ထိုနည်းတူ ပြည်သူ့ဂုဏ်ရည်အဖြစ် အမည်စာရင်းတင်သွင်းခံရသူ မြန်မာပြည်၏ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ ၂၄ ဦး ထံ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများအားလုံးက လေးစား ဂုဏ်ယူပါကြောင်း ၂၀၁၀ ပြည်သူဂုဏ်ရည်အစီအစဉ်၏ မှတ်တမ်းလွှာကို ပေးပို့သွားမည် ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

အားလုံးရဲ့ကိုယ်စား
ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485

ပေပို့ ပေးသော ကိုဘိုဘို Los Angeles အားကျေးဇူးတင်ပါသည်.။



မြစ်ရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးနေသော ကစင်+စေတီတော်များ ပြန်လည်တည်ထား ကိုးကွယ်နိုင်ရန် အကူအညီများ လိုအပ်လျက်ရှိ




လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ၊ ကစင်ဘုန်းကြီးကျောင်းဝင်း လှိုင်မြစ် ကမ်းဘေးတွင် တည်ထား ကိုးကွယ်လျက်ရှိသော ဆုတောင်းပြည့် ကိုးနဝင်း စူဠမုနိ ရှေးဟောင်းစေတီတော်များမှာ လှိုင်မြစ်ရေ တိုက်စားခံရပြီး၊ မြစ်ကမ်းပြိုကာ မြစ်အတွင်းသို့ ပြိုကျ ပျက်စီးနေသောကြောင့် အဆိုပါစေတီတော်များကို ပြန်လည်ဆယ်ယူနိုင်ရန်အတွက် အဘက်ဘက်မှ ဦးစီးဦးဆောင် မတည်မည်။
့်
အလှူရှင်များ လိုအပ်လျက်ရှိကြောင်း အဆိုပါစေတီတော်များကို ပြန်လည်ဆယ်ယူနိုင်ရေး အကျိုးတော်ဆောင် ဦးမွန်လေးက ပြောသည်။


အဆိုပါ ကစင်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိသော ရသေ့ကြီး အရှင်တိဿက-
“စေတီတွေ ပြိုကျသွားတာ တစ်နှစ် မပြည့်သေးဘူး၊ နာဂစ်တုန်းကလည်း နည်းနည်းထိသွား သေးတယ်၊ နောက်ပိုင်း ကမ်းပါးတွေက တဖြည်းဖြည်း ပြိုလိုက်လာတော့ သက်ဆိုင်ရာကို အကြောင်းကြားတယ်၊ အဲဒီမှာ သက်ဆိုင်ရာက သိန်းလေးရာနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ကမ်းဆယ်တာတမံ ဆောက်ဖို့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အင်္ဂတေနဲ့ တာတမံတွေ လုပ်နေရင်း မပြီးသေးခင်မှာ ကမ်းပြန်ပြိုကျသွားခဲ့တယ်၊ အဲဒီမှာတင် ကမ်းဘေးမှာ တည်ထားတဲ့ စေတီတွေအကုန်လုံး မြစ်ထဲပြို ကျသွားတယ်” ဟု မိန့်ကြားသည်။


ယခုအချိန်တွင် အဆိုပါစေတီတော်များ မပျက်စီးခင် ပြန်လည်ဆယ်ယူနိုင်ရန် အရေးကြီးကြောင်း သက်ဆိုင်ရာမှလည်း အဆိုပါ ကမ်းကို ပြန်လည်ဆယ်ယူကာ တာတမံအသစ် ထပ်မံ တည်ဆောက်ရန် ယခုလ အတွင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ကမ်းပါးဆယ်ယူသော်လည်း ရေမြုပ်နေသော စေတီတော်များ ပြန်လည်ဆယ်ယူနိုင်ရေးမှာ စက်အင်အား၊ လူအင်အား၊ ဓနငွေကြေး အင်အားများစွာ လိုအပ်နေသေးကြောင်း အကျိုးတော်ဆောင်အဖွဲ့က ပြောပြသည်။


“ကျွန်တော်တို့ ရှိတဲ့ လူအင်အား၊ စက်အင်အား နဲ့ စေတီတော်တွေကို သယ်တော့သယ်ကြည့်မယ်၊ ရ မရတော့ မပြောတတ်ဘူး၊ စေတီတော်တွေကို ချိန်းဘလောက်တွေနဲ့ ဆွဲတင်ကြည့်မယ်၊ ကျွန်တော်နဲ့ သိကျွမ်းတဲ့ လုပ်ငန်းရှင်တချို့ကိုလည်း အကူအညီတောင်းတယ်၊ တတ်နိုင်သလောက်ပေါ့၊ ခုချိန်မှာတော့ လူအင်အား၊ စက်အင်အားနဲ့ အဘက်ဘက်က အကူအညီတွေ အများကြီး လိုအပ်နေသေးတယ်” ဟု အကျိုးဆောင် ဦးမွန်လေးက ပြောသည်။


အဆိုပါ စေတီတော်များကို ပြန်လည်တည်ထား ကိုးကွယ်နိုင်ရန်အတွက် အဘက်ဘက်မှ အကူအညီများ လိုအပ်နေသောကြောင့် အဆိုပါစေတီတော်များ ရေထဲမှ ပြန်လည် ဆယ်ယူနိုင်ရေးအတွက် လှူဒါန်းလိုသူ စေတနာရှင် ကုသိုလ်ရှင် များအနေဖြင့် အဆိုပါဘုန်းကြီးကျောင်းမှ အရှင်ဦးကေလာသ၊ ဖုန်း ၆၆၁၅၁၈ ထံသို့ ဆက်သွယ် စုံစမ်းလှူဒါန်းနိုင်ကြောင်း သိရသည်။

ရင်းမြစ်...ecovisionjournal

အမျိုးသမီးများအပေါ် ကျူးလွန်ထားသည့် နအဖစစ်အစိုးရ၏ ရာဇ၀တ်မှုများကို ပြည်သူ့တရားရုံးတင် တရားစွဲဆိုနိုင်ရေး ဂျပန်ရှိဒီမိုကရေစီသမားများပြင်ဆင်


တိုကျို၊ ဧပြီ(၁၈)

သတင်း-သန့်မျိုးထွေး

နအဖစစ်အစိုးရမှ အပြစ်မဲ့ပြည်သူများနှင့်တိုင်းရင်းသားအမျိုးသမီးငယ်များအပေါ် မတရားကျူးလွန်ထားသည့် ပြစ်မှုများ(Criminal Case) များကို ဖော်ထုတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံတွင်ပြည်သူ့တရားရုံးဖွဲ့စည်း၍ ရုံတင်စစ်ဆေး တရားစွဲဆိုနိုင်ရန် ပြင်ဆင်ကြိုးစားနေကြောင်း သိရသည်။

ဂျပန်ရှိ မြန်မာအမျိုးသမီးသမဂ္ဂ၏ဥက္ကဋ္ဌ ဒေါ်ချိုချိုအေးမှ ဦးဆောင်၍ နအဖစစ်အစိုးရ၏ အမျိုးသမီးများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် ပတ်သတ်၍ ဂျပန်နိုင်ငံတွင် ပြည်သူ့တရားရုံးကျင်းပရေးကော်မတီဟု အမည်ပေးထားသည့် အလုပ်ကော်မတီတခုကိုတိုကျိုမြို့ အိုးစုခအရပ်ရှိ မိနားမိအိုးစုခခန်းမ၌ ပြုလုပ်သော အစည်းအဝေးတွင် ဂျပန်ရှိ ဒီမိုကရေစီလှုပ်ရှားသူများနှင့်စုပေါင်း ဖွဲ့စည်းလိုက်ပြီး လာမည့်ဇွန်လတွင် တရားခွင်ပြုလုပ်၍ ကြားနာစစ်ဆေးကြမည်ဟုဆိုသည်။

ဥက္ကဋ္ဌဒေါ်ချိုချိုအေးက"ဒါမျိုးလုပ်လိုက်လို့ စစ်အစိုးရက ချက်ခြင်ကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖပြုတ်ကျသွားနိုင်လောက်အထိလဲ ဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး၊ ဘာတွေ အကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ်လူ့အခွင့်အရေးချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖမကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလိုအထောက်အထား အချက်အလက်နဲ့ မပြောနိုင်တဲ့အခါမှာ ပြောရင်းပြောရင်းနဲ့ လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက်အထားနဲ့ ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်းမှတ်ရာတွေဟာ သမိုင်းဝင်အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်း အကျိုးသက်ရောက်မှုမရှိတောင် သမိုင်းမှာဒါတွေဟာ ဖျောက်ဖျက်လို့မရနိုင်ဘူး"ဟု အကျိုးသက်ရောက်မှုရှိနိုင်ပုံနှင့် ရည်ရွယ်ချက်ကို ရှင်းပြသွားသည်။

ယနေ့တွင်ကော်မတီဖွဲ့စည်းလိုက်ကြခြင်းသာဖြစ်ပြီး အခြေအနေအရ တရားခွင်၏ ဂျူရီလူကြီးများ၊ တရားသူကြီးများအဖြစ် စစ်မေးမည့်ပုဂ္ဂိုလ်များကို အကြမ်းဖြင်းအားဖြင့် လျာထားခြင်းသာဖြစ်သည့်အတွက် တရားဝင် မထုတ်ပြန်နိုင်သေးကြောင်းနှင့် တရားခွင်တွင် စစ်မေးခံမည့်သူများမှာ နအဖစစ်အစိုးရက အမှန်တကယ်ညှင်းပန်းနှိပ်စက်မတရားပြုကျင့်ခြင်းကို ခံထားရပြီး ထိုင်း-မြန်မာနယ်စပ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသမီးငယ်များဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး ဒေါ်ချိုချိုအေးက" ကျမတို့တိုင်းပြည်ထဲမှာ တရားဥပဒေမစိုးမိုးလို့ အခြားနိုင်ငံကိုထွက်ပြီးတော့ တရားရုံးတောင်လုပ်ယူရတယ်ဆိုတာ သမိုင်းမှာကျန်ခဲ့တာဘဲ၊ နောက်တချက်ကလဲ ကျမတို့လူ့အခွင့်အရေး ချိုးဖောက်ခံရတာကိုလဲ ဘယ်သူ့ပြောရမှန်းမသိ၊ ဘယ်သူမှလည်း အကာအကွယ်မပေးနိုင်တဲ့ ဘ၀မှာ ဒီတရားစီရင်မှုကို ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ လူတွေကို အထောက်အထားအချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ကျမတို့မှာအကာကွယ်မဲ့နေပါတယ်၊ ဥပဒေအရကာကွယ်စောင့်ရှောင့်မှုပေးနိုင်ခြင်း မရှိပါဘူးဆိုတာကို လက်တွေ့ပြနိုင်တဲ့ဟာက ပါစပ်နဲ့ပြောတာနဲ့မတူပါဘူး"ဟုရှင်းပြသည်။

ဖွဲ့စည်းလိုက်သော ကော်မတီတွင် အမှုဆောင် (၁၈)ဦးပါရှိပြီး ဆက်လက်၍ပါဝင်လိုသူများကို ဖိတ်ခေါ်ထားပြီး တရားခွင်ကျင်းပမှုကုန်ကျစားရိတ်များအတွက် နိုင်ငံတကာရှိ မည်သည့်အဖွဲ့အစည်း၏ အကူအညီမျှမယူဘဲ ဂျပန်ရှိဒီမိုကရေစီအဖွဲ့အစည်းများစုပေါင်း၍ စားရိတ်စိုက်ထုတ်အကုန်အကျခံကာ တရားရုံး၏ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကုလသမဂ္ဂနှင့် ဂျပန်အစိုးရအပါအ၀င် နိုင်ငံတကာသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

နအဖစစ်အစိုးရက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို ကော်မရှင်တရပ်ဖွဲ့စည်း၍ စုံးစမ်းစစ်ဆေးရန် အီးယူအဖွဲ့ဝင် ဗြိတိန်နှင့်ချက်နိုင်ငံတို့က စတင်တောင်းဆိုပြီးနောက် အခြားအဖွဲ့ဝင်နိုင်ငံများအားလည်း ထောက်ခံကြရန် ဘားမားကမ်ပိန်(ယူကေ)က တိုက်တွန်းခဲ့ကာ အမေရိကန်နိုင်ငံတွင် နိုဘယ်လ်ဆုရှင်များက ဦးဆောင်၍ ကြားနာစစ်ဆေးမှုတခုကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ပြုလုပ်နိုင်ခဲ့ပြီး ဂျပန်တွင်လည်း အလားတူစုံစမ်းစစ်ဆေးနိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

ဗုံးထိမှန်သော လူငယ်တစ်ဦး ထပ်မံသေဆုံး......

သင်္ကြန်အကြတ်နေ့ဗုံးပေါက်ကွဲမှု၌ ဦးခေါင်းနောက်စေ့အား ထိမှန်ခဲ့သော လူငယ်တစ်ဦး မနေ့နေ့လည် ၁နာရီ အချိန်တွင် ဦးနှောက်နှင့်အာရုံကြောဆေးရုံ (ရန်ကုန်)၌ သေဆုံးသွားပါသည်။ ၄င်းလူငယ်၏အမည်မှာ မောင်ပိုင်ပိုင်ဦး အသက်(၁၈)နှစ် ဖြစ်ကြောင်းသိရသည်။ စက်ဆန်း၊ရုံးလေး တွင်ရှိသော ကိုဘုန်း ဝပ်ရှော့ပိုင်ရှင်၏ မွေးချင်းမရှိ တစ်ဦးတည်းသော သားဖြစ်ကြောင်းသိရသည်။

Burma paparazi

အခင်းဖြစ်ပွားသည့် သင်္ကြန်အကြတ်နေ့က ရန်ကုန်ဆေးရုံကြီး ၊ရှင်ပါကူဆေးခန်း နှင့် အခြားနီးဆက်ရာ ဆေးခန်းများသို့ ပို့ဆောင်ကုသခဲ့ရကြောင်း Burma paparazi မှဆက်လက်ပြောဆိုသွားခဲ့ပါတယ်။ ယနေ့အထိ သေဆုံးသူ ၂၄ဦးရှိကြောင်း ပြောဆိုသွားပါတယ်။ စစ်အစိုးရထုတ်ပြန်တဲ့ ကြေ ညာချက် တွေထဲမှာတော့ သေဆုံးသူ အမျိုးသား၅ဦးနဲ အမျိုးသမီး၃ဦး ဒဏ်ရာရသူ အမျိုးသား၁၂၅ဦးနဲ အမျိုးသမီး၄၅ဦး စုစုပေါင်း၁၇၀ဦးရှိကြောင်းဖော်ပြပါရှိပါတယ်။

နှစ်ဆန်း(၁) ရက်နေ့ မှာ အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ် မှာပြုလုပ်တဲ့ သက်ကြီးပူဇော်ပွဲ မှတ်တမ်းဓာတ်ပုံ








ပေးပို့ ပေးသော ကိုထွတ်ကို ကျေးဇူးတင်ပါသည်.။

ကန့်ဘလူမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှ တောင်သူများအား မတရားဖယ်ရှားခိုင်းခြင်း

ကန်

ပြည်သူတွေကို မတရားသဖြင့် ပြုလုပ်နေကြသော မင်းဆိုးမင်းညစ် တွေရဲ့လုပ်ရပ်တွေပါဘဲ ၊
နအဖ စစ်အစိုးရလက်ထက်မှာ ပြည်သူတွေ မတရားသဖြင့် ခံနေရတာတွေကို ဒီစာဖတ်ပြီး
ကိုယ်ချင်းစာနိုင်ကြပါစေ။

18 April 2010

ထူးဆန်းထွေလာ ကြေးမှုန်သတင်းစာ.....

NPT
သြော်ကောင်းလေစွ.....
နေပြည်တော်ကျတော့ အန္တရာယ်ကင်းစေ.. မြန်မာပြည် တပြည်လုံးကျတော့.. အန္တရာယ်ကျစေပေါ့...

Photobucket
ဖောက်လိုက်သည့် ဗုံးအတိုက်အခံဖြစ်စေ..
နအဖကထုံးစံအတိုင်း လက်ညှိုးတံထွေးဆွတ် နံကြားထိုးလုပ်နေပါပြီ။ နယ်စပ်ဒေသက သောင်းကျန်းသူ အဖျက်သမားတွေ ဆိုတာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းနယ်ခြားက ကြပ်ပြေးနေပြည်တော်ကို ဆိုလိုတာပါ.....

Photobucket
မီးထက်ဆိုးတဲ့ မင်းဘေးရန်က ဒုက္ခပေးလိမ့်မည်။
ပြည်သူတွေ ဖယောင်းတိုင် မီးသွေးတွေနဲ့ နေသားကျနေလို့ ကြိုတင် သတိပေးတာပါ။
ထုံးဆံအတိုင်း ကြေးမှုန် သတင်းစာပါ သတင်းတွေပါ။ ကြေးမုံတော့ မဟုတ် ကြေးမှုန်ပါ ... အမြင်တွေစောင်းပြီး စာမျက်နှာ ၉က စောင်းနေပါတယ်။ ၁၈ရက်နေ့ထုတ်ဆိုတော့ ၉ဂဏန်းကို ယတြာချေထားပြန်ပါတယ်။

http://myanmar.com/newspaper/kyaymon/Apr18.pdf

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အမေရိကန် ကျောင်းသူ/ကျောင်းသား( ၁၀၀၀) ကျော် တောင်းဆို" ပွဲ သတင်းဓာတ်ပုံ....


*သတင်း ရေးသူ-အောင်မိုးဝင်း (BGAN)*
အပြည်အပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နှစ်စဉ်ကြီးမှူးပြုလုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ Get On TheBusဆန္ဒပြပွဲကိုယမန်နေ့ကဧပြီလ၁၆ရက်၊သောကြာနေ့တစ်နေ့လုံးနယူးရောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။ယခုနှစ်အတွက်အာရုံစိုက်ဆန္ဒပြတဲ့အကြောင်းအရာ တွေကတော့မြန်မာနိုင်ငံအရေးအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊တိဘတ်နှင့်သီရိလင်္ကာနိုင်ငံတွေမှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရှိရေးနဲ့ကွန်ဂိုနိုင်ငံကအမျိုးသမီးအခွင့်အရေးကာကွယ်သူတွေကိုကာကွယ်ပေးရေးတို့ဖြစ်ပါတယ်။ အဆိုပါဆန္ဒပြပွဲသို့ တက်ရောက်ရန် မနက် ၈ နာရီခန့်မှစတင်ကာ အမေရိကန် အရှေ့တောင်ပိုင်း ပြည်နယ်များမှတက္ကသိုလ်နှင့် အထက်တန်း ကျောင်းသူကျောင်းသား ၁၀၀၀ကျော်နယူးရောက်မြို့ ရောက်ရှိလာပြီး ပထမဆုံးအခမ်းအနားဖြစ်တဲ့ ဟောပြောပွဲအစီအစဉ်ကို မနက် ၁၁ နာရီမှာ ကူးပါးယူနီယံ တက္ကသိုလ်ကျောင်းရဲ့ ခန်းမထဲမှာ ကျင်းပါတယ်။

အဆိုပါအခမ်းအနားမှာအပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တာဝန်ရှိသူတွေက မိုင်ပေါင်းများစွာမှ လာရောက်ကြတဲ့ ကျောင်းသူ ကျောင်းသား တွေကို ကျေးဇူးတင်စကား ပြောပြီးအမှာစကားများလည်း ပြောကြားခဲ့ပါတယ်။သီရိလင်္ကာနိုင်ငံတွင် သတင်းထောက်များအပေါ် ဖိနှိပ်မှုများအကြောင်းကို နယ်စည်းခြားမဲ့ သတင်းထောက်များအဖွဲ့ရဲ့ အမေရိကန်နိုင်ငံတာဝန်ခံတာလာဒောင်လာ့ရှာဟီကလည်း ကောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာများကို ရွှေဝါရောင် သံဃာတော်နှစ်ပါးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးပညာဇောတနှင့် ဦးဃောသိတတို့က လည်းကောင်း၊ ကွန်ဂိုနိုင်ငံက အမျိုးသမီးအရေးကို နယူးရောက်မြို့လွတ်ငြိမ်းချမ်းသာခွင့်တာဝန်ခံ သန်ဂျိဝေမက်ဟဲရစ်က လည်းကောင်း၊ တိဘက်နိုင်ငံအတွင်းတရုတ်အစိုးရရဲ့လူအခွင့်အရေးချိုးဖောက်မှုများကို တိဘတ်ဘုန်းတော်
ကြီးတပါးဖြစ်တဲ့ ဂာလျှီလော့ဘ်ဆန်တန်ပာက လည်းကောင်း ဟောပြောရှင်းပြပြီး တက်ရောက်သူတွေကို ဒီထက်မက ပါဝင်လုပ်ဆောင်ဖို့တိုက်တွန်းခဲ့ကြပါတယ်။

ထို့နောက် ချီတက်ဆန္ဒပြပွဲများကို ၁ နာရီ ၅၀ မိနစ်မှ စတင်ကာ သီရိလင်္ကာအရေးကို သီရိလင်္ကာသံရုံးရှေ့တွင်လည်းကောင်း၊ ၂ နာရီ ၅၅ မိနစ်တွင် မြန်မာအရေးနှင့် ကွန်ဂိုအရေးတို့ကို ကုလသမဂ္ဂလည်းကောင်း၊၄ နာရီ ၁၅ မိနစ်တွင် တိဘတ်အရေးကို တရုတ်နိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားလှယ်ရုံးအရှေ့တွင် လည်းကောင်းပြုလုပ်ခဲ့ပါတယ်။ မြန်မာအရေးဆန္ဒပြသရာတွင်ဒေါ် အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော်ကို ချက်ချင်းလွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် မသမာနည်းများဖြင့်ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန်ကျင်ကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့မှ မြန်မာနိုင်ငံမှာ ဖြစ်နေခဲ့လူ့အခွင့်အရေး ချိုးဖောက်မှုများကိုအပြောမဟုတ်ဘဲ လက်တွေ့ကျတဲ့ နိုင်ငံတကာခုံရုံးတင် စစ်ဆေးနိုင်ဖို့အတွက်လုပ်ဆောင်ရန် အဆိုပါကျောင်းသူ ကျောင်းသား ၁၀၀၀ ကျော်နှင့်အတူ မြန်မာ့အရေး တက်ကြွလုပ်ကိုင်သူများကတောင်းဆို ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။
-အောင်မိုးဝင်း (BGAN)

မျှဝေပေးသူ ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်။

မြန်မာနှစ်ဆန်း တစ်ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ...


မြန်မာနှစ်ဆန်း တစ်ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ

၁၃၇၂ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသွားပြီဖြစ်သော မြန်မာနှစ်ဆန်း တစ်ရက်နေ့၌ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှု လုပ်ငန်းဆောင်ရွက်ချက်များကို သွားရောက်မေးမြန်းခဲ့ပါသည်။

မြန်မာနှစ်ဆန်း တစ်ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စာနယ်ဇင်း၊ စာပေပညာရှင်များနှင့် ဂျာနယ်လစ်များမှ ဈာပနာ မော်တော်ယာဉ် စီးနင်းလိုက်ပါပြီး ကုသိုလ်ဖြစ် လုပ်အားဒါန လာရောက် ပေးလှူခဲ့ကြသည်။စေတနာရှင်၊ကုသိုလ်ရှင် ပြည်သူများမှလည်း မြန်မာနှစ်ဆန်း တစ်ရက်နေ့ အခါသမယတွင် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အမှတ် - ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ လာရောက်ပြီး လှူဒါန်းခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းထားရှိသော စစ်ကျန်ဘတ်(စ်)ကားကြီးကို ကွယ်လွန်သူ (ဦးစံတင် အသက် - ၄၂ နှစ်)၏ ဈာပနကို လိုက်ပါပို့ဆောင်သူများ စီးနင်းရန် တောင်ဥက္ကလာပမြို့နယ်မှ ရေဝေးသုဿန်သို့ ပထမဦးဆုံးအကြိမ် နာရေးလမ်းကြောင်းအဖြစ် ဖွင့်လှစ်ပြီး စာနယ်ဇင်း၊ စာပေပညာရှင်များနှင့် ဂျာနယ်လစ်များမှ လိုက်ပါ ကုသိုလ်ယူ ကူညီပေးခဲ့ကြပါသည်။ ညနေအချိန်တွင် နာရေးကူညီမှု အသင်း၏ ဘုရားခန်းတွင်သံဃာတော်(၅)ပါး ပင့်ဆောင်ပီး အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပြီး သင်္ကန်းအစရှိသော လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှုဒါန်းခဲ့ကြပါကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌဦးကျော်သူမှ ပြောကြားသွားခဲ့ပါသည်။

ဥက္ကဌဦးကျော်သူမှ (၁၃၇၂)ခုနှစ်၊ နှစ်သစ်အခါသမယ အတွက်မေတ္တာစကား ပြောကြားသွားခဲ့ သည်မှာ……….

“ ကျွန်တော်တို့ နာရေးကူညီမှု အသင်းအနေနဲ့ လက်ရှိထက် ဆထက်ထမ်းပိုးလူတွေရဲ့ အကျိုးကို ဆောင်ရွက်ပေးသွားမှာပါ။ လူသားတွေ အားလုံးဘယ်တော့မှ မသေတော့မယ့် နေ့ကြမှ ကျွန်တော် အနားယူပါ့မယ်လို့ ကျွန်တော် ကတိသစ္စာပြုပါတယ်။ ခုနှစ်သစ်မှာလည်း လူသား တွေအားလုံး ကျန်းမာ၊ ချမ်းသာစွာနဲ့ ဘေးရန်အန္တရာယ် ခပ်သိမ်းကင်းဝေးကြပါစေလို့ ကျွန်တော်တောင်းဆုပြုပါတယ်။ ” ဟုပြောကြားသွားခဲ့ပါသည်။ "





ဓာတ်ပုံများ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါသည်။






ပေးပို့ပေးသူ Burma Paparazi အားကျေးဇူးတင်ပါသည်။

အတာသင်္ကြန် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များ၏ ခံစားမှုများ

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဦးခင်မောင်လေး ၆၁ နှစ်၏ မိသားစုဝင်တစ်ဦ


'အဖေက ရပ်ကွက်ထဲက ရာအိမ်မှူးပါ၊ သင်္ကြန်အကြတ်နေ့က ဆရာဝန်အသင်းမဏ္ဍပ်မှာတာဝန်ကျပါတယ်။ မနက် ၇ နာရီကသွားပြီး မွန်းလွဲ ၁၂ နာရီခွဲမှာ ခဏလာနားတယ်။ ပြီးတော့ ၂ နာရီလောက်မှာ ပြန်သွားတယ်။ ၃ နာရီဝန်းကျင်လောက်မှာ အိမ်ကနေအသံကျယ်ကြီး နှစ်သံကြားလိုက်ရပါတယ်။ နောက်သိပ်မကြာခင်မှာ တစ်သံထပ်ကြားရတယ်။ ကျွန်မရဲ့အဖေ ဗုံးမှန်လို့ဒဏ်ရာရသွားတယ်ဆိုတာကို မိတ်ဆွေတစ်ယောက်လာပြောတယ်။ ဖြစ်တဲ့အခါမှာ အဖေက ခွေကနဲလဲကျသွားတယ်။ အဲဒီအချိန်တုန်းက နှလုံးခုန်နေသေးတယ်။ ဒါပေမယ့် မျက်လုံးကတော့ မပွင့်တော့ဘူး။ တူလေးက အလုပ်သမား ဆေးရုံကြီးကို ခေါ်သွားတယ်။ ဆေးရုံအရောက်မှာတော့ အသက်မရှိတော့ပါဘူးလို့ တူလေးက ပြန်ပြောပြပါတယ်။ သင်္ကြန်အတက်နေ့မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မနက် ၆ နာရီကနေ ၈ နာရီအတွင်း အလောင်းထုတ်ပေးမယ်ဆိုလို့ အရောက်သွားတယ်။ မွန်းလွဲ ၁ နာရီခွဲမှာ ရေဝေးသုသာန်မှာပဲ ကျွန်မတို့အစ္စလာမ်ဘာသာဝင်ရဲ့ထုံးစံအတိုင်း သဂြုင်္ိဟ်ခဲ့ပါတယ်'ဟု ဗုံးပေါက်ကွဲမှုဖြင့် ကွယ်လွန်သွားခဲ့သူ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးခင်မောင်လေး၏ သမီးဖြစ်သူ မတင်မာလတ်က ပြောပြပါသည်။



ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ကိုစိုးဝင်း ၂၄ နှစ်၏ မိသားစုဝင်တစ်ဦး


'ကျွန်တော်တို့က မော်လမြိုင်ကပြောင်းလာတာပါ။ သားက မွန်းလွဲ ၂ နာရီခွဲအချိန်လောက်မှာ ကန်တော်ကြီးပတ်လမ်းမဏ္ဍပ်တွေမှာ သီချင်း နားထောင်မယ်ဆိုပြီး ကျွန်တော့်သားနဲ့အတူ ညီတစ်ယောက်ရယ်၊ သူငယ်ချင်းတစ်ယောက်ရယ် သွားပါတယ်။ ညနေ ၃ နာရီဝန်းကျင်လောက်မှာ လမ်းထဲကို ဆိုက်ကားတွေနဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ဒဏ်ရာတွေနဲ့ ပြန်လာတာတွေ့တော့ အိမ်ပေါ်ကဆင်းပြီး စုံစမ်းလိုက်တော့ ကန်တော်ကြီးပတ်လမ်း မှာ ဗုံးပေါက်တယ်လို့ သိလိုက်ရတယ်။ ကျွန်တော့်သားကလည်း အဲဒီကိုသွားတော့ အရမ်းစိတ်ပူသွားတယ်။ သားနဲ့အတူပါသွားတဲ့ သူ့ရဲ့ ညီလေးတစ်ယောက်က လမ်းကွဲသွားပြီး ပြန်ရှာလို့မတွေ့တော့ဘူး ပြောတယ်။ ညနေ ၆ နာရီလောက်မှာ ဆေးရုံကြီးကိုလိုက်သွားပြီး ဒဏ်ရာရလူနာစာရင်းကိုကြည့်တော့ သားရဲ့နာမည်မပါဘူး။ အတူပါသွားတဲ့ သူငယ်ချင်းကတော့ ခြေထောက်နဲ့ဗိုက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထား တယ်လို့ သိရတယ်။ နောက် ပွဲချင်းပြီး သေဆုံးတဲ့သူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရေခဲတိုက်မှာထားတယ်ဆိုလို့ သင်္ကြန်အတက်နေ့ မနက်ပိုင်းမှာ ဓာတ်ပုံယူသွားပြီး သွားကြည့်တော့ အဲဒီမှာတွေ့လိုက်ရတယ်။ မွန်းလွဲ ၁ နာရီမှာ ရေဝေးသုသာန်မှာသဂြုင်္ိဟ်လိုက်ပါတယ်'ဟု ဗုံးပေါက်ကွဲမှုဖြင့် ကွယ်လွန်သွားသူ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုစိုးဝင်း၏ ဖခင်ဖြစ်သူ ဦးတင်စိုးက ဆိုပါသည်။



ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဦးကြင်အောင် ၃၇ နှစ်၏ မိသားစုဝင်တစ်ဦး


'အဲဒီနေ့က ကျွန်မတို့အိမ်ရှေ့မှာ သာကူကျိုတယ်၊ မုန့်လုံးရေပေါ်လုံးပြီး အလှူဒါနလုပ်တယ်။ ၂ နာရီခွဲလောက်မှာ အလှူကပြီးတယ်။ ကျွန်မရဲ့ အမျိုးသားက သူ့ဦးလေးရယ်၊ တူလေးရယ် စုစုပေါင်းသုံးယောက်က စတိတ်ရှိုးကိုကြည့်မယ်ဆိုပြီးတော့ ကန်တော်ကြီးပတ်လမ်းကို သွားတယ်။ ၄ နာရီ လောက်မှာ အိမ်ကို သူ့ဦးလေးနဲ့ တူရယ်ပဲ ပြန်ရောက်လာတယ်။ ကျွန်မရဲ့အမျိုးသားက ပါမလာတော့ဘူး။ အဲဒီတော့ ကျွန်မတို့က ချက်ချင်းပဲ ဆေးရုံတွေမှာလိုက်ရှာကြတယ်။ သင်္ကြန်အတက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရေခဲတိုက်ကိုသွားရှာတော့ တွေ့ရတယ်။ သူဆုံးသွားတော့ ကျွန်မနဲ့အတူ အသက် ၁၀ နှစ်အရွယ်ရှိတဲ့ သမီးလေးတစ်ယောက်ပဲ ရှိတော့တယ်'ဟု ဗုံးပေါက်ကွဲမှုဖြင့် ကွယ်လွန်သွားခဲ့သူ ဗဟန်းမြို့နယ်နေ ဦးကြင်အောင်၏ဇနီးဖြစ်သူက ပြောပြခဲ့သည်။


ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဒေါ်နီနီသိန်း ၆၇ နှစ်၏ မိသားစုဝင်တစ်ဦး


'အမေက နေ့လယ်မှာ အိပ်နေတာ။ တူမလေးက သွားလည်ရအောင်ဆိုပြီး နှိုးလို့ ၂ နာရီကျော်ကျော်လောက်မှာ အမေရယ်၊ ညီမရယ်၊ တူမလေးရယ် သုံးယောက်ထွက်သွားကြတယ်။ မဏ္ဍပ်ရဲ့ ဒီဘက်က ၁၂၅ လမ်းထိပ်မှာပဲ ရပ်ကြည့်နေတုန်း ပေါက်ကွဲမှုဖြစ်တယ်။ အမေက တူမလေးအပေါ် အုပ်ပြီး လဲကျသွားတယ်။ ပြီးတော့ အလုပ်သမားဆေးရုံကြီးကို ခေါ်သွားကြတယ်။ အဲဒီကမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့လိုက်တယ်။ အမေက ဖြစ်တဲ့နေရာမှာပဲ အသက်မရှိတော့ဘူးလို့ ညီမက ပြန်ပြောပြတယ်။ အမေကိုတော့ သင်္ကြန်အတက်နေ့မှာ ရေဝေးသုသာန်မှာ ၃ နာရီခွဲက သဂြုင်္ိဟ်လိုက်ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမေရဲ့ကံကြမ္မာက ဒီလောက်ပဲလို့ပဲ တရားနဲ့ဖြေနေရတော့တယ်။ ညီမက ခြေထောက်နဲ့တင်ပါးကို ထိသွားတယ်။ အခု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ၅-၆ မှာ ကျောက်ပတ်တီးစည်းထားရတယ်။ တူမလေးကတော့ ဆီးခုံရိုးကျိုးသွားပြီး အူနဲ့ခါးမှာလည်း ထိသွားတယ်။ အခု ကလေးဆေးရုံကြီးအရေးပေါ်ဌာနမှာ အူဖြတ်ပြီးပြန်ဆက်ထားရတယ်။ နှလုံးခုန်သံကတော့ ပုံမှန်ပြန်မဖြစ်သေးဘူး။ တူမလေးက နှစ်နှစ်ခွဲပဲရှိသေးတော့ ကလေးအတွက် လူနဲ့ ဒဏ်ရာနဲ့က မမျဘူးဖြစ်နေတယ်'ဟု ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ဒေါ်နီနီသိန်းနှင့် ဒဏ်ရာရရှိသူ မသဇင်မြင့်နှင့် မရတီစိုးတို့၏ မိသားစုဝင်တစ်ဦးက ပြောပါသည်။

ရင်းမြစ်.။ weeklyeleven

နှစ်ဆန်းတစ်ရက်နေ့ ငါးအကောင်ရေ ( ၂၀၁၀ ) ဇီဝိတဒါန ငါးလွှတ်ပွဲ......

Photobucket
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်ဘေးသင့်ဒေသများရှိ၊ တိုင်းရင်းသား လူမျိုးစုများ ငြိမ်းချမ်းစေရေး ၊ ၂၀၁၀ ရွေးကောက်ပွဲ ရေစုန်မျော ပြောက်ပျက်စေရေး ၊ မြန်မာပြည်သူပြည်သားများ အားလုံး ငြိမ်းချမ်းစေရေးတို့အတွက် ရည်ရွယ်ပြီး ငါးအကောင်ရေ ( ၂၀၁၀ ) ဇီဝိတဒါန ငါးလွှတ်ခြင်းတို့ကို (၁၀နာရီ၁၀မိနစ်) အချိန်မှာ တပြိုင်ထဲပြုလုပ်ခဲ့ပါတယ် ၊ ရန်ကုန်တိုင်းမှာတော့ အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်များကို ဆွမ်းလောင်းလှူပြီး ( ၁၀နာရီ၁၀မိနစ် )အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်အနီး အင်းယားကန်ရေပြင်မှာ ပြုလုပ်ခဲ့ကြပါတယ်။


Photobucket
ပြန်လည်ဖြန့်ဝေခြင်း အောင်မြင့်ထွန်း (88gse)

မေးလ်ထဲကပါ...

မြန်မာအတာသင်္ကြန် အကြတ်နေ့ x2o မဏ္ဍပ်ဗုံးပေါက်ကွဲ သော ပုံရိပ်မှတ်တမ်းများ

မြန်မာအတာသင်္ကြန် အကြတ်နေ့ x2oမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူများ၏နံမည်စာရင်း

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ကြရသူများ


၁။ ဒေါ်နီနီသိန်း ( ၆၇ ) မင်္ဂလာတောင်ညွန့်မြို့နယ်။

၂။ ဦးခင်မောင်လေး ( ၆၁ ) မင်္ဂလာတောင်ညွန့်မြို့နယ်။

၃။ ဒေါ်ဌေးဌေးရီ (၄၅ ) တောင်ဥက္ကလာပမြို့နယ်။

၎။ ကိုကြင်အောင် (၃၇) ဗဟန်းမြို့နယ်။

၅။ မသီတာပြုံး ( ၃၅) သင်္ကန်းကျွန်းမြို့နယ်။

၆။ ဦးသန့်စင်သိန်း ( ၃၂) မင်္ဂလာတောင်ညွန့်မြို့နယ်။

၇။ ကိုအောင်ကိုကိုမောင် (၃၀ ) မင်္ဂလာတောင်ညွန့်မြို့နယ်။

၈.။ ကိုစိုးဝင်း (၂၄ ) မင်္ဂလာတောင်ညွန့်မြို့နယ်။