25 January 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဒုဥက္ကဌဗိုလ်ချူပ်ကြီးတင်ဦးနှင့်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ကိုပြည်ထဲရေးဝန်ကြီးနိုဝင်ဘာလမှာလွှတ်ပေးမည်ဟုပြော





ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်က လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။ မကြာသေးခင် ရက်ပိုင်းက ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ခံတွေနဲ့ တွေ့ဆုံစကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချူပ်ကြီးဟောင်း ဦးတင်ဦးတို့ကို အခုနှစ်ထဲမှာ ပြန်လည် လွှတ်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း မြို့ခံတဦးက အာအက်ဖ်အေကို ပြောပါတယ်၊၊


ကျောက်ပန်းတောင်းမြို့ခံ။ ။'အဲဒီမှာ တွေ့ဆုံပွဲ လုပ်သွားတယ်။ လုပ်သွားတော့ သူက ကျနော်တို့ တပ်မတော်အစိုးရ ဟာတဲ့ ညစ်ပတ်တဲ့အစိုးရ မဟုတ်ဘူး၊ အာဏာကို မက်တဲ့ အစိုးရ မဟုတ်ပါဘူးပေါ့။ အဲဒီလိုမျိုး သူက သြဝါဒ ပေးသွားတယ်။ ဗိုလ်ချုပ်မောင်ဦးကိုယ်တိုင်။ အခုတဲ့ ဒီထဲမှာ အဲင်အယ်လ်ဒီက လူတွေလည်း ပါကောင်းပါမယ်၊ အဲင်အယ်လ်ဒီ ထောက်ခံတဲ့လူလည်း ပါကောင်းပါမယ်၊ နားထောင်သွားကြပါတဲ့။ အဲဒီတော့တဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို၊ ဦးတင်ဦးကို အရင် လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပဲ ကျနော်တို့ လွှတ်ပါမယ်ပေါ့။ သူပြောတဲ့ စကားလုံးထဲမှာ နိုဝင်ဘာလ လောက်မှာ လွှတ်လိမ့်မယ်ဆိုတဲ့ ပုံစံမျိုး သူက ပြောသွားတယ်'။


ဗိုလ်ချုပ်မောင်ဦးဟာ ကျောက်ပန်းတောင်းမြို့ကို ဇန်နဝါရီလ ၂ဝ-၂၁ ရက်နေ့က လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကျောက်ပန်းတောင်းမြို့က မြို့မိမြို့ဖတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းဝင်တွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်၊၊
နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် မတိုင်ခင် အရင်လွှတ်ပေးမယ်လို့ ပြောခဲ့ပေမယ့် လွှတ်ပေးမယ့် လပိုင်း အတိအကျကိုတော့ ထုတ်ဖော် ပြောဆိုခဲ့တာ မရှိဘူးလို့ သိရပါတယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဝန်ကြီးကိုယ်တိုင် ပြောဆိုသွားတဲ့ သတင်းကို ကျောက်ပန်းတောင်းမြို့မှာ စိတ်ဝင်တစား ပြောဆိုမှုတွေ အတော်များတယ်လို့ စောစောက မြို့ခံက ပြောပါတယ်၊၊


ကျောက်ပန်းတောင်းမြို့ခံ။ ။'ဝန်ကြီးကိုယ်တိုင် ပြောသွားတယ်ဆိုတော့ အားလုံးက ဝမ်းသာအားရပေါ့။ ‘ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဦးတင်ဦးလည်း ပါတယ်လို့ပြောတယ်’။ အဲလိုမျိုးနဲ့ မြို့ကို ပြန့်သွားတာပေါ့လေ' ဗိုလ်ချုပ်မောင်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အမှု စီရင်ရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ကန့်သတ်မိန့်တွေကို တရားရုံးမှာ ကိုယ်တိုင် လာရောက် ဖတ်ကြားခဲ့တဲ့ စစ်အစိုးရ အဆင့်မြင့်အရာရှိတဦး ဖြစ်ပါတယ်။

ရင်းမြစ်. RFA

ပြင်သစ်ယဉ်ကျေးမှု ဌာန (ရန်ကုန်) က ရုပ်သေးပြဇာတ် ကပြ



(ပြဇာတ်အကြောင်း အဖွင့်မိတ်ဆက်စကားပြောကြားနေစဉ်)

ပြင်သစ် သံရုံး ယဉ်ကျေးမှုဌာနက ဦးစီးကျင်းပတဲ့ ရုပ်သေး ပြဇာတ်ပွဲကို ဇန်န၀ါရီလ ၂၃ ရက်
နေ့ ညနေခင်းမှာ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာန မြက်ခင်းပြင်မှာ ကျင်းပ
ခဲ့ပါတယ်။


ပြဇာတ်ရဲ့ ဇတ်လမ်းက အိန္ဒိယနိုင်ငံမှ ရှေးဟောင်းဇာတ် မဟာဘာရတထဲ ကို ကျောရိုးပြုထားသည့် ဇာတ်လမ်းဖြစ်ပြီး ရုပ်သေးပြဇာတ် စီစဉ်ညွှန်ကြားသူ Bruno Thircuir နဲ့ မြန်မာပညာရှင် ဦးရဲဒွေး တို့ဖြစ်ပါတယ်။ မြန်မာဘာသာသို့ ဦးစိုးမြတ်သူ က ပြန်ဆိုရှင်းပြပြီး ပြဇတ်သရုပ်ဆောင်များအဖြစ် ပြင်သစ်ဘာသာသင်တန်းမှ သင်တန်းသားများက ပါဝင် သရုပ်ဆောင် ထားကြတာဖြစ်ပါတယ်။



(စင်္ကြာဝတေးမင်းအဖြစ် သရုပ်ဆောင်ကပြနေစဉ် )



( ပြင်သစ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရှင်းပြပေးနေသူ ဦးစိုးမြတ်သူ )



(ပြဇတ်ထဲမှ ဇာတ်ဝင်ခန်းတခန်း)



(လာရောက်ကြည့်ရှုကြသည့် ပရိသတ်များ)

ရင်းမြစ်. မိုးမခ

ဇန်န၀ါရီလ စတုတ္ထပတ် တီဗွီမဂ္ဂဇင်း အစီအစဉ်

စစ်အစိုးရအနေဖြင့်၂၀၀၈ ဖွဲစည်းပုံအတည်ပြုခဲ့သည့်အတိုင်း ဆက်လုပ်မည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့

စစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုခဲ့သည်အတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောကြားသွားခဲ့သည်။

ယခုလ ၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး မောင်ဦး မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့သို့ သွားရောက်၍ ဒေသအာဏာပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဝန်ထမ်းတဦးက “အဓိက ပြောသွားတာက နိုင်ငံတော်က ၀န်ထမ်းတွေကို လစာတိုးပေးခဲ့တာ သဘောပေါက်ဖို့လိုကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေအနေနဲ့ အစိုးရအလိုရှိတဲ့အတိုင်း မဲထည့်ကြဖို့၊ ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာ ဖော်ဆောင်သွားမယ်ဆိုတာ ပြောသွားတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကို စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ရပ်ကွက်၊ ကျေးရွာအလိုက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုခဲ့သည့်အတိုင်း လုပ်ဆောင်သွားကာ ဝန်ထမ်းများထံမှ ကြိုတင်မဲများ ရယူသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု တက်ရောက်ခဲ့သည့် ဝန်ထမ်းက ဆက်ပြောသည်။

“အဲဒီအခမ်းအနားမှာ ဝန်ကြီးပြောသွားတာတွေကို မေးမြန်းတာရှိတယ်၊ ဝန်ထမ်းတယောက်က ဈေးကွက်စီးပွားရေးစနစ်လုပ်နေတာ နှစ် ၄၀ ရှိနေပြီ ဘာမှမဖြစ်သေးဘူးဆိုတဲ့အကြောင်းကို မေးတယ်၊ ညပိုင်းရောက်တော့ အဲဒီဝန်ထမ်းကို ခေါ်ယူစစ်ဆေးတာတွေလုပ်တယ်” ဟု ပြောသည်။

ဝန်ကြီးလာရောက်သည့် ခရီးစဉ်အတွင်း တက်ရောက်ခဲ့သူများကို ကြံ့ဖွံ့ဝတ်စုံများကို ဝတ်ဆင်ခိုင်းပြီး ဝန်ထမ်းများအနေဖြင့် အထွေအထူး စဉ်းစားရန်မလိုအပ်ဘဲ ယခင်အတိုင်း ဆက်လက်လုပ်ကိုင်သွားရန် ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောခဲ့သည်။

စစ်အစိုးရအနေဖြင့် ၎င်းတို့ ရေးဆွဲထားသည့် အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်အတွင်း တဖက်သက်အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဟု စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာသေးခင်က ပြောခဲ့သည်။

ရင်းမြစ်. ရိုးမ(၃)

24 January 2010

ရခိုင်ပြည်နယ် မဟာမုနိ ဘုရားကြီး သန့်ရှင်းရေးခေါ်ပြီး စစ်တပ်မှ ရွေးကောက်ပွဲ ထောက်ခံဖို့ စည်းရုံးရေး တွေကိုစတင်ပြုလုပ်နေကြောင်း။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိ ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဒေသခံများနှင့် ကျောင်းသား ကျောင်းသူများကို စစ်တပ်မှ ခေါ်ယူပြီး ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံရန် စည်းရုံးခဲ့ကြောင်း ညောင်ပင်လှကျေးရွာမှ ရွာသား တဦးက ပြောသည်။

အဆိုပါ စည်းရုံးမှုကို ယခုလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်တော် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှူး သန်းဇော်မှ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်က ကြီးမှူးပြုလုပ်မဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ ၀ိုင်းဝန်းပံ့ပို့ကြဖို့နဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ အစီအစဉ်တွေကို ပါဝင်အကောင်အထည်ဖော်ကြဖို့နဲ့ တစည ပါတီကို အား လုံး အားပေးကြဖို့ဆိုတာတွေကို ပြောတယ်။” ဟု သူကပြော သည်။

အဆိုပါ တပ်ရင်းမှူး သန်းဇော်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ယူနီဖောင်းချွတ်ပြီး ကျောက် တော်မြို့နယ်မှ အရွေးခံရန် အစီစဉ်ရှိသည်ဟု ဒေသခံများက ခန့်မှန်းပြော ဆိုနေကြသည်။

အဆိုပါ ဘုရား ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် သွားရောက်ခဲ့ရသူများမှာ အဆိုပါ တပ်ရင်း အနီးတွင် တည်ရှိသော စပါးဆိပ်၊ သရက်တပင်၊ ညောင်ပင်လှ ကျေးရွာများမှ ကျေးရွာ သားများအပြင် ကျောင်းသူ ကျောင်းသားများ ဖြစ်ကြသည်။

ထိုသို့ စည်းရုံးရာတွင် “ကျောင်းသားတွေကိုတော့ တယောက်ကို ကျောင်းဝတ်စုံ တစုံ ဗလာစာအုပ် တဒါဇင် ဘောလ် ပန် ၁၀ ချောင်းပေးတယ်။ ရွာသားတွေကိုတော့ ထမင်းကျွေးတယ်။”ဟု သရက် တပင်ကျေးရွာ သားတဦးကပြောသည်။

ရင်းမြစ်.(နိရဉ္စရာ)

ဦးအောင်ဆန်းဦး သို့ အကြောင်းကြား(အိတ် ဖွင့် ပေးစာ)

ABMA

မြန်မာ ကလေးများအတွက် ထိုင်းနိုင်ငံကနေခွင့်ထုတ်ပေး(ရုပ်သံသတင်း)

မလွတ်လပ်ကြသေးသော မြန်မာနိုင်ငံတိုင်းရင်သားများ..

Burmese People and Independence

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

နအဖ ကြောက်လိုက် ပုံများကတော့ ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တားဆီးလိုက်ခြင်း.၊



ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင်လာရောက်ဖျော်ဖြေတင်ဆက်မည့်လူရွင်တော်မေတ္တာဦးဆောင်သော
အနုပညာသမားများ ရန်ကုန်လေဆိပ်တွင် တားဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ကိုမေတ္တာ
နှင့်အတူ မိုးဒီ၊ မော့်စ်၊ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ တားဆီးခံရခြင်း
လည်းဖြစ်သည်။

ဇန်န၀ါရီလ၂၂ရက်(သောကြာ)နေ့ညနေပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကိုမေတ္တာနှင့်အတူမိုးဒီ၊မော့်စ်၊
ခင်လှိုင်နှင့်လင်းဇာနည်ဇော်၊မိုးပြည့်ပြည့်မောင်တို့ပါရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင်တားဆီးခံရခြင်း
လည်းဖြစ်သည်။လေဆိပ်တွင်Dဖောင်ထုတ်ပေးပြီးခါမှပြည်ထဲရေးကခွင့်မပြုချက်မရလို့ဟုဆိုကာ
ဂျပန်သို့လာမည့်အနုပညာသည်များ၏ပစ်စပို့စာအုပ်တွေအသိမ်းခံလိုက်ရကြောင်း၊ပြည်တွင်းရှိ
သတင်းသမားများလည်းလေဆိပ်သို့သွားရောက်၍ အင်တာဗျူးမှုတွေလုပ်နေကြောင်းလည်
သိရှိရသည်။

ကိုမေတ္တာတို့အဖွဲ့ကိုဂျပန်သို့သွားရောက်ဖျော်ဖြေမည်ဆိုကတည်းကရုပ်ရှင်နှင့်သဘင်ကောင်စီတို့မှ
ခေါ်ယူမေးမြန်းမှုတွေပြုလုပ်ခံရကြောင်း၊ဂျပန်ဗီဇာကိုထုတ်ပေးပြီးကာမှဆိုင်းငံ့အဖြစ်ပြန်လည်ရွေ့
ပြောင်းမှုတွေပြုလုပ်ခံရကြောင်း၊အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့်အနုပညာရှင်များ၏ ဂျပန်
ပြည်ဝင်ခွင့်ဗီဇာနှောင့်နှေးကြန့်ကြာနေသောကြောင့်ပျက်ပြားဖွယ်ရှိကြောင်းအစဦးကတည်းက ကြားသိနေရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ကိုမေတ္တာကိုဖုန်းဆက်မေးမြန်းကြည့်ရာ"ကျနော်တို့ကိုရုပ်ရှင်အစည်းအရုံးက
ခေါ်ပြီး မသွားသင့်ဘူးလို့ယူဆပြီးတားထားတယ်ခင်ဗျ။ဘာ့ကြောင့်လဲတော့မသိဘူးခင်ဗျ။ရုပ်ရှင်အစည်း
အရုံးကို ကျနော်တို့ကစာတင်ရတယ်လေ။ရုပ်ရှင်အစည်းအရုံးမှာပြဇတ်တို့၊ရုပ်ရှင်တို့ဖျော်ဖြေရိုက်ကူးဖို့
အတွက် ပြည်ပကိုသွားရတဲ့အခါ စာတင်ရတယ်လေ။ ခဏစောင့်ပါဦး၊ နေပါဦးလို့ပြောထားတယ်ခင်ဗျ"
ဟု ရှင်းပြသည်။

ဆက်လက်၍ ကိုမေတ္တာမှ"ကျနော်တို့ကတော့ ဘာမှမသိဘူးခင်ဗျ၊ ကျနော်တို့ကို ဂျပန်မှာလာဖျော်ဖြေ
ပေးပါလို့ အဲဒီ့မှာရှိတဲ့လူတွေက ဖိတ်လာတဲ့အတွက် ကျနော်တို့အနုပညာကိုဖျော်ဖြေတင်ဆက်ဖို့အတွက်
သွားမှာပါ။ ဒါဘဲရှိတာပါ"ဟု ဆက်လက်ပြောဆိုသည်။

ယင်းကိစ္စအတွက်တာဝန်ခံခေါ်ယူပေးသူဂျပန်လူမျိုးမစ္စတာခိမိဟိကိုဟိဂုရရှီ(kimihikohigurashi)ပွဲ
မဖြစ်မြောက်သည့်အတွက်တောင်းပန်ကြောင်းနှင့်ဂျပန်တွင်လာရောက်ဖျော်ဖြေခွင့်ရသည့်အထိ ဆက်လက်ကြိုးစားမည်ဟုလည်း စာထုတ်ပြန်ထားသည်။

ကိုမေတ္တာဦးဆောင်သည့် အငြိမ့်ပွဲကို ”Tokyo Sakuya ပျော်စရာအငြိမ့်”ဟု ခေါင်းစဉ်ပေးထားပြီး၊
ဇန်န၀ါရီလ၂၄ရက်(တနင်္ဂနွေနေ့)တွင်တိုကျိုမြို့၊Ikebukuroအရပ်ရှိမြန်မာအနုပညာဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည့် ခိုကိုင်းခိုးခန်းမတွင် ညနေ (၄)နာရီမှစတင်၍ ဖျော်ဖြေတင်ဆက်ရန် စီစဉ်
ထားပြီးကာမှ ပျက်ပြယ်သွားရခြင်းဖြစ်သည်။

ယခင်က ဂျပန်နိုင်ငံသို့ ဇော်ဝင်းထွဋ်၊ လေးဖြူနှင့် အိုင်စီအဖွဲ့အပြင် နာမည်ကြီး အဆိုတော်များ၊
အနုပညာရှင်များမကြာခဏလာရောက်ဖျော်ဖြေခဲ့ဖူးပြီးယခုလိုဗီဇာအခက်ခဲနှင့်အာဏာပိုင်တို့၏ ခေါ်ယူတားမြစ်ဖူးခြင်းမရှိခဲ့ကြောင်းသိရသည်။

သန့်မျိုးထွေး (moethaukkye)

ပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ပါသည်.။

23 January 2010

ဗိုလ်ချူပ် ကို မြင်ချင်ရင်..။



ဗမာနိုင်ငံလွတ်လပ်ရေးရခဲ့သည့် အချိန်မှာ ဗိုလ်ချုပ် မရှိတော့သော်လည်း ထိုကဲ့သို့ ဗမာတနိုင်ငံလုံး လွတ်လပ်ရေးရရှိစေနိုင်ရန် ရဲဘော်သုံးကျိပ် ကိုဦးဆောင်၍ လက်ရုံးရည်ဖြင့် တိုက်ခိုက်ခဲ့ရုံမက ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့တွင် အောင်ဆန်း-အက်တလီစာချုပ်နဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် Justify Fullတပြည်လုံးညီညွတ်ကြောင်းပြဆိုနိုင်သည့် ပင်လုံစာချုပ်ချုပ် ဆို၍ နှလုံးရည်စွမ်းဖြင့် ကြိုးပမ်းခဲ့သောကြာင့်သာ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်၊နံနက် ၄နာရီ မိနစ် ၂၀ တွင် ဗမာနိုင်ငံ လွတ်လပ်ရေးရခဲ့ခြင်းဖြစ်သည်။

ယတော စ ခေါ သာရပုတ္တ သံဃော ရတ္တညုမဟတ္တံ ပတ္တော ဟောတိ အထ ဣဓေကစ္စေ အာသဝဋ္ဌာနီယာ ဓမ္မာ သံဃေ ပါတုဘဝန္တိ=သာရိပုတြာ သံဃာသည်ညဥ့်အများကို သိသော (၀ါရင့်သည့်) ရဟန်း များပြားသည်၏ အဖြစ်သို့ ရောက်သော အခါ၌မူကား ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည်သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ ဟူသော ဘုရားစကားတော်အတိုင်း လွတ်လပ်ရေးရခါစဖြစ်သည့် ဗမာပြည်မှာ မညီ ညွတ်သော ဝါရင့်နိုင်ငံရေးသမား အများအပြား ရှိနေကြခြင်းကြောင့်ပင် မဖြစ် သင့်သည်များ တိုင်းပြည်မှာ ဖြစ်ခဲ့ ရသည်ဟုပင် ဆိုရတော့မလိုဖြစ်သည်။

“အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ ဒီ(ဖက်ဆစ်)ဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်၊ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေး ဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာလွှမ်းမိုးရမယ် ဆိုတဲ့ စစ်ဘက်အာဏာရှင်စနစ် သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်ဝါဒ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူပြည် သားဆန္ဒအရမဟုတ်ပဲ တိုင်းသူပြည်သားတွေနှင့်ကင်းကွာပြီး မင်းစိတ်ပေါက် တဲ့ အရာရှိတွေ စနစ်ဆိုးတမျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင် ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။


ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကို သာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ကျွန်တော်တို့ဗမာပြည် က လူတွေဟာလဲ နစ်နာမယ်၊ ကျွန်တော်တို့ပြည်ကိုလဲ ကမ္ဘာကကြည့်နေလို့ မရတဲ့တနေ့ ဂျပန်နှင့်ဂျာမဏီ ဝိုင်းအနှိမ်ခံရသလို အနှိမ်ခံရမယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်၊ အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်။

ဒါဖြင့် ဒီဝါဒဟာ ဘာလဲဆိုတာကိုလဲ ရှင်းပြချင်သေးတယ်။

ကျွန်တော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတဦးထဲက ခေါင်းဆောင်မှုမျိုးမဟုတ်ပဲနှင့် အဖွဲ့နှင့်ခေါင်းဆောင်မှုမျိုးဖြစ်ရ မယ်၊ အဖွဲ့ရဲ့ဆန္ဒ မဟုတ်ပဲ ငါ့ဆန္ဒ ငါ့သဘောလုပ်တဲ့ ခေါင်းဆောင်မှုမျိုးမ ဟုတ်ပဲ အဖွဲ့ရဲ့ဆန္ဒယူပြီး အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှု မျိုး ဖြစ်ရမယ်။



လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာမှာကြီးစိုးရမယ် ဆိုတဲ့ ကျဉ်းမြောင်းသေး သိမ်တဲ့ လူမျိုးရေးတရား မဟုတ်ပဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လဲ တခြား လူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ပဲ ကမ္ဘာမှာ တိုင်းပြည်အချင်း ချင်း သင့်မြတ်စွာ တဦးအကျိုး တဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူ မျိုးရေးတရားမျိုးလဲ ဖြစ်ရမယ်၊ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ် ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုးမရှိရ အောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့် ရှိရမယ်။

နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ် ခွင့်နှင့် စီတန်းလမ်းလျောက်ခွင့်၊
လွတ်လပ်စွာ တွေးတောခွင့်၊ ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး
အချုပ်အနှောင်မှကင်းလွတ်ခွင့်၊ကိုယ်ရေးလွတ်လပ်ခွင့်၊ကိုယ့်အိမ်ကိုယ့်ယာနှင့်နေထိုင်ခြင်းကိုမတရား
သဖြင့် နှောက်ယှက်ခြင်းမှကင်းလွတ်ခွင့်၊လူတိုင်းပညာသင်ကြားနိုင်ခွင့်၊အခမဲ့ဆေးဝါးအကူအညီရရှိခွင့်
၊မတရားသဖြင့်စီးပွားချုပ်ချယ်မှုများမှ
လွတ်ကင်းချမ်းသာခွင့်၊အလုပ်သမားလယ်သမားများ၏အနည်းဆုံး
အခွင့်အရေးများကိုအစိုးရကစောင့်ရှောက်ပေး
ခြင်း၊လူနည်းစုတိုင်းရင်းသားများ၏အနည်းဆုံးအခွင့်
အရေးများကိုအစိုးရကစောင့်ရှောက်ပေးခြင်း၊တိုင်းပြည်တွင်တိုင်းရင်းသားလူမျိုးတိုင်းကိုယ့်ဘာသာ
ကိုယ့်ဓလေ့ကိုယ့်ယဉ်ကျေးမှုအတိုင်းဆောင်ရွက်နိုင်ခွင့်၊အိုစာနာစာအထိအခိုက်လျော်ကြေးရန်ပုံ
ငွေအစရှိသည်တို့ကိုအစိုးရကထားပြီးအိုမင်း၍၎င်း၊နာဖျား၍၎င်းထိခိုက်နာကျင်၍၎င်း၊
အလုပ်လုပ်
ချင်
သော်လဲအလုပ်မရနိုင်၍သော်၎င်း အသက်မွေးဝမ်း ကြောင်းမပြုစွမ်းနိုင်သူများသည်အစိုးရ၏
အထောက်အပံ့ကို ရရှိခွင့်ဒီမိုကရေစီ အခွင့်အရေးတွေလဲ ရှိရမယ်။


အထက်ပါ အချက်တွေဟာ ဒီမိုကရေစီဝါဒတွေရဲ့ အခြေခံတွေပဲ လို့ ယူဆတယ်၊ ဒီလို အခြေခံ တရားတွေကို ရည်ရွယ်ရင်းရှိတဲ့ အဖွဲ့အစည်း ဟာလဲ ဒီတရားတွေနှင့် ညီတဲ့ အများဆန္ဒအရ ရွေးကောက်ခြင်း၊ဆုံးဖြတ်ခြင်း၊ ဆောင်ရွက်လုပ်ကိုင်ခြင်းစတဲ့ နည်းစနစ်မျိုးသာ သုံးရပေလိမ့်မယ်။

အခုစစ်ကြီးလဲပြီးသွားပြီတိုက်ခိုက်မှုတွေဟာလဲမကြာခင်ပြီးဆုံးတော့မှာပဲ။သို့သော်လည်းကျွန်တော်
တို့ဗမာပြည်
ရဲ့အရေးကမပြီးသေးဘူး၊ကျွန်တော်တို့ဗမာပြည်ရဲ့အရေးဟာဗမာပြည်သူပြည်သားတွေ၊
ခေါင်းဆောင်မဲ့
လူတွေ၊ညီညွတ်စွာနှင့်လုပ်တတ်မယ်၊လုပ်မယ်ဆိုရင်အေးအေးဆေးဆေးနှင့်ပြီးမြောက်
နိုင်မယ်လို့ကျွန်တော်ယုံကြည်
တယ်၊ ကျွန်တော်ခေါင်းဆောင်နေတဲ့ တပ်မတော်ကလည်း ယုံကြည်တယ်။

ဒါကြောင့်တိုင်းပြည်မှာညီညွတ်ရေးဟာအခုအဓိကလုပ်ငန်းပဲ။ညီညွတ်ရေးဆိုပေမယ့်တိုင်းပြည် လွတ်လပ်ရေးနှင့် ထူထောင်ရေးကို အထက်ပါ အခြေခံအချက်တွေအရ ဆောင်ရွက်မဲ့ ညီညွတ် ရေးမျိုးကိုသာ ဆိုလိုပါတယ်၊ ရာထူးဝေစားရုံသာဖြစ်တဲ့ ညီညွတ်ရေးမျိုး၊ ရွေကောက်ပွဲ ချိန်ပြီး ငြမ်းဆင်တက်ရုံလောက် တက်နိုင်အောင် ညီညွတ်ရေးမျိုး ဆိုရင်တော့ ဘယ်နည်းနှင့်မှ ဖြစ်မှာမဟုတ်ဘူး။”

ဤစကားများကိုဗိုလ်ချုပ်သည်စတုတ္ထအကြိမ်မြောက်နိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင်ပြောကြားခဲ့သော မိန့်ခွန်းပါ ရှေ့ဆက်ရမည့် မူဝါဒဆိုင်ရာစကားများ ဖြစ်သည်။ထို မူကိုအဓိကထား၍ “ညီညွတ်ရေး ဆိုပေမယ့် တိုင်းပြည် လွတ်လပ်ရေးနှင့် ထူထောင်ရေးကို အထက်ပါ အခြေခံအချက်တွေအရ ဆောင်ရွက်မဲ့ ညီညွတ်ရေးမျိုးကိုသာ ဆိုလိုပါတယ်” ဟူသော စကားအတိုင်း ညီညွတ်စွာ မဆောင်ရွက်နိုင်ခဲ့ကြခြင်း၊ (ဒီသဘောမျိုးစကားကို ကျွန်တော့အဖိုး ကို ပြောဖူးပါသည် ထိုအခါ ဗိုလ်ချုပ်မရှိတဲ့ နောက်ပိုင်း တိုင်းပြည် လွတ်လပ်ရေးရပြီးတော့ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ထူထောင်ရေး အတွက် ငါတို့ နည်းမျိုးစုံနဲ့လုပ်ခဲ့တာပေါ့ကွ၊ ဒါပေမယ့် ဒီနေဝင်း မွှေလို့ တိုင်းပြည်ကြေ ရတာကွ လို့တုံ့ပြန်တော့ ဒါဆို တိုင်းပြည်ကြေအောင် လုပ်တဲ့အထဲမှာ အဖိုး လဲပါတာပေါ့ ဆိုတော့ ဘာကွ ဆိုပြီး ထအော်တော့… ဟုတ်တယ်လေအဖိုးလဲ သူပေးတဲ့ရာထူးယူပြီး သူခိုင်းတာလုပ်ခဲ့တာပဲဆိုတော့မှ အေး… ဆိုပြီး အဝေးကိုငေးပြီး တွေးနေတော့တာကြုံဖူးထားလို့)

ဆောင်ရွက်ခဲ့သည်ဆိုလျှင်လဲ“ရာထူးဝေစားရုံသာဖြစ်တဲ့ညီညွတ်ရေးမျိုး၊ရွေးကောက်ပွဲချိန်ပြီးငြမ်း
ဆင်တက်ရုံ
လောက် တက်နိုင်အောင်ညီညွတ်ရေးမျိုး”ပင်ဖြစ်ခဲ့ကြ၍ဗိုလ်ချုပ်ပြောခဲ့သည့်“ဘယ်နည်း
နှင့်မှ ဖြစ်မှာမဟုတ်
ဘူး” ဟူသောစကားနှင့်ကိုက်ညီရုံမက နည်းမျိုးစုံဖြင့် ပျက်စီးခဲ့ပါသည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မမူမီ အရှင်အာနန္ဒာအမှူးပြုသော ရဟန်းငါးရာကို မြတ်ဗုဒ္ဓက ယော
ဝေါအာနန္ဒမယာဓမ္မောစဝိနယောစဒေသိတောပညတ္တောသောမမစ္စယေနသတ္ထာ=ချစ်သား အာနန္ဒာသင်တို့အတွက်ကျင့်ရန်တရားနည်းလမ်း၊လိုက်နာရန်စည်းမျဉ်းစည်းကမ်းတွေကိုထုတ်ဖော် ချမှတ်ခဲ့ပြီးဖြစ်တယ်၊အဲဒီတရားနည်း
လမ်းစည်းမျဉ်းစည်းကမ်းတွေဟာငါမရှိတဲ့အခါသင်တို့ရဲ့ဆရာ ပါပဲဟုဟန္ဒဒါနိဘိက္ခဝေအာမန္တယာမိဝေါဝယဓမ္မာသင်္ခါရာအပ္ပမာဒေနသမ္ပာဒေထဟူသောနောက်ဆုံး စကားမပြောမီလေးမှာအတိအကျညွှန်ပြခဲ့လေသည့်အားလျှော်စွာကျန်ရစ်ခဲ့ကြသောတပည့်သား သံဃာတော်တို့လည်းတရားနည်းလမ်းစည်းမျဉ်းစည်းကမ်းတို့ကိုဆရာထားကာကျင့်ကြံတော်မူခဲ့
ကြရင်းဓမ္မဥှိဝက္ကလိပဿန္တောမံပဿတိ၊မံပဿန္တောဓမ္မံပဿတိ=ဝက္ကလိအမှန်တကယ်ငါ့တရားကို
မြင်တဲ့သူဟာငါဘုရားကိုဖူးမြင်ရတယ်၊ငါဘုရားကိုဖူးမြင်ရသူဟာလဲငါ့တရားကိုမြင်ရ
တယ်ဟူသော
စကားတော်အတိုင်းကျင့်ရမည့်တရားနည်းလမ်းစည်းမျဉ်းစည်းကမ်းကိုမြင်တိုင်းဘုရားရှင်ကိုဖူးမြင်

လိုက်ရ၊အဲသလိုဘုရားရှင်ကိုဖူးမြင်လိုက်ရပြန်တော့ဘုရားဟောခဲ့တဲ့ကျင့်ရမည့်တရားနည်းလမ်း
စည်းမျဉ်းစည်း
ကမ်းတွေကိုပြန်မြင်ဒီလိုနည်းနဲ့လာခဲ့ကြတာဘုရားရှင်ပရိနိဗ္ဗာန်စံခဲ့တာနှစ်ပေါင်း
၂၅၅၀ကျော်ခဲ့သည့်တိုင်အောင်မပျောက်ပျက်ရုံမကကမ္ဘာအနှံ့တောင်ပြန့်ခဲ့တာဗုဒ္ဓဘာသာဗမာ
နိုင်ငံသားအားလုံးအသိပင်ဖြစ်သည်။
ထိုသို့ဗုဒ္ဓသာသနာအဓွန့်ရှည်ကြာတည်တန့်တိုးတက်ပြန့်ပွားရ ခြင်း၏အဓိကအကြောင်းရင်းမှာဗုဒ္ဓဘာသာကိုတည်ထောင်သူဟုခေါ်ဆိုနိုင်သည့်ဗုဒ္ဓမြတ်စွာချမှတ်
တော်မူခဲ့သောမူအဓိကစနစ်ကြောင့်ဖြစ်သည်။





မူအဓိကစနစ်ဖြင့်လည်ပတ်လာခဲ့သောကြောင့်ခေတ်အဆက်ဆက်ဦးဆောင်သံဃာတော်များပြောင်းလဲ
သွား
ကြပေမဲ့ဗုဒ္ဓသာသနာတော်သည်ဆက်လက်တည်တန့်ပြန့်ပွားနေခဲ့ခြင်းဖြစ်ရကားတိုင်းပြည်ယနေ့
အခြေမျိုး
ဆိုက်ခဲ့ခြင်းမှာဘုရားရှင်မူချမှတ်ခဲ့သလိုလွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်ချမှတ်ခဲ့သောမူကို
အဓိကမထားပဲ လူအဓိကစနစ် ကျင့်သုံးခဲ့သောကြောင့်ပင်ဖြစ်သည်။


လူ အဓိကစနစ်တွင် ဗုဒ္ဓတရားတော်အရ လူသည်ဘဝစသည်ဆိုတာနဲ့ ဘဝနိကန္တကလို့ခေါ်တဲ့ လောဘဇောနဲ့ စခဲ့ကြတော့ ရာထူးအာဏာစည်းစိမ် အသပြာတွေမှာ နိကန္တိဖြစ်ပြီး ဒါတွေကိုဖန်းတီးပေးသူအလိုကျ ဖြစ်ကုန်ပြီး မဖြစ်သင့် တာတွေ ဖြစ်ခဲ့တာပါပဲ။ ကျွန်တော့အဖိုးပြောသလို ဒီနေဝင်းမွှေလို့တိုင်းပြည်အခုလိုကြေခဲ့ရတာ ဆိုလျှင် နေဝင်းတယောက်ထဲဒီလောက် မမွှေနိုင်အနီးကပ်ဆုံး အောင်ကြီးမှ စ၍အဆီအသား ကနေ အရိုးအရင်းရာထူးတွေပါ ညီညွတ်စွာဝေစားခဲ့သူတွေ ကြောင့်ပါအောင်ကြီးဆိုတာလဲ နေ၀င်းလို တ႟ုတ်-မြန်မာမိသားစုမှ ဆင်းသက်ခဲ့တဲ့- ပေါင်းတည်သားဖြစ်သည်၊ ဒုတိယကမ္တာစစ် မတိုင်မီ မြန်မာနိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှုများတွင်ပါဝင်ခဲပြီး ၁၉၄၅ခုနှစ်တွင် ဂျပန်ဆန့်ကျင်ရေး လှုပ်ရှားမှု၌ မြစ်ဝကျွန်းပေါ်နှင့် ဖျာပုံခရိုင်အတွင်း ဗိုလ်နေဝင်း၏ လကရုံးအရာရှိတဦးအဖြစ် ပါဝင်လုပ်ကိုင် လာခဲ့သည်။ ထို့နောက် လွတ်လပ်ရေး ရအံ့ဆဲဆဲ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းလိုက်သောအခါ အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ဗိုလ်နေဝင်း၏ လက်အောက် အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၇ခုနှစ်တွင် ဆိုရှယ်လစ်ပါတီ၏ စည်းရုံးရေးမှူးဖြစ်ခဲ့ပြီး ၁၉၅၈-၆၀ ခုနှစ် အိမ်စောင့်အစိုးရအဖွဲ့တွင် အဓိကနေရာများကိုရခဲ့သည်။ ၁၉၆၂ခုနှစ်တွင် တော်လှနန်းရေးကောင်စီဝင်ဖြစ်လာပြီး ဒုကာကွယ်ရေး စစ်ဦးစီးချုပ်၊ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဖြစ်ခဲ့သည်။

အခုလည်းသန်းရွှေတယောက်ထဲဘာလုပ်နိုင်မှာလဲအဆီအသားကနေအရိုးအရင်းရာထူးအာဏာလုပ်ပိုင်
ခွင့်တွေခွဲဝေယူနေကြတဲ့ဗိုလ်ရှုတ်တွေကနေဆယ်အိမ်ရူးလမ်းမူးတွေအထိမတရားညီညွတ်နေကြခြင်း
ကြောင့် ဖြစ်သည်။


ထို့ကြောင့်ဒီမိုကရေစီရရှိရေးနဲ့စစ်အာဏာရှင်စနစ်မှလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေကြသော
ရဟန်းရှင်
လူပြည်သူတရပ်လုံးသည်ဗိုလ်ချုပ်ကိုကြည်ညိုလေးစားအရေးထားမယ်ဆိုရင်ပြည်ထောင်စု
ရဲ့ကျေးဇူးရှင်ဗိုလ်ချုပ်
တို့ဖခင်ကောင်းစေချင်တဲ့မှာစကားငါတို့မမေ့အားဟူသောကဗျာလိုဗိုလ်ချုပ်စကား
ကိုမမေ့ပဲဗိုလ်ချုပ်ကိုသတိရ
ကာဗိုလ်ချုပ်ချမှတ်ခဲ့သောအထက်ပါမူနဲ့အခြေခံအချက်တွေအရဆောင်ရွက်
မဲ့ညီညွတ်ရေးမျိုး
ရှိအောင်သိအောင်နဲ့လုပ်ဆောင်ကြမှသာကျွန်တော်တို့ဗမာနိုင်ငံသားအားလုံးကမ္ဘာမှာ
လူသားအဆင့်နဲ့လူ့အခွင့်
အရေးတန်းတူညီမျှ ရရှိကြပေတော့မည်။

မရှိတာထက် မသိတာခက်တယ် (ရှိပါလျက်နဲ့ မသိတာပိုခက်တယ်)။

မသိတာထက် မလုပ်တာခက်တယ် (သိပါလျက်နဲ့ မလုပ်တာပိုခက်တယ်)။

လူမျိုးခြားအချင်းချင်း ဘာသာခြားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ဓါတ်ပုံနှစ်သိမ့်ဆု မြန်မာမှ ရရှိ။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ အာရှ-ဥရောပ တွေ့ဆုံမှုအဖွဲ့(ASEM)၏ လူမျိုးခြားအချင်းချင်း ယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာတစ်ဦး၏ ဓာတ်ပုံလက်ရာသည် နှစ်သိမ့်ဆုအဖြစ် ရွေးချယ်ချီးမြှင့်ခံရကြောင်း သိရှိရပါသည်။

La Minn Naing "Yes, We Believe in the Interfaith Dialogue" ခေါင်းစဉ်ဖြင့် ကမ္ဘာ့နိုင်ငံအနှံ့မှ ဓာတ်ပုံပညာရှင်များကို ဖိတ်ခေါ်ပြိုင်ပွဲဝင်စေခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံလမင်းနိုင် (People မဂ္ဂဇင်း) ၏ ဓာတ်ပုံလက်ရာသည် နှစ်သိမ့်ဆုအဖြစ် ရွေးချယ်ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ပါသည်။

ယင်းနှစ်သိမ့်ဆုရ ဓာတ်ပုံမှာ ဆူးလေးဘုရားနှင့် လမ်းတစ်ဖက်ရှိ ဗလီကို ယှဉ်တွဲရိုက်ပြထားသော ပုံဖြစ်ပါသည်။



ဂုဏ်ယူလေးစားပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံတော်ကြီးအတွင်းမှာ လူမျိုးတူချင်း ဘာသာတူချင်းတွေသာမက လူမျိုးခြားချင်း ဘာသာခြားချင်း ဖြစ်စေကာမူ အေးချမ်းသာယာစွာ အတူလက်တွဲနေထိုင်နိုင်ကြပြီး အမိမြန်မာပြည်ကြီး သာယာတိုးတက်ဖို့ အတွက် ၀ိုင်းဝန်းဆောင်ရွက်နိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ငြိမ်းချမ်းသာယာမှုကို နှောင့်ယှက်ဖျက်ဆီးနေသူများ ပပျောက်ကြပါစေသား။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူတင်ပါသည်.။

22 January 2010

ရန်ကုန်လေဆိပ်မှာ ယနေ့ မနက် (၆) နာရီ (၄၀) မိနစ်ခန့် က ဂျက်တိုက်လေယာဉ် F7 Fighter ပျက်ကျသွားပါတယ်။



ရန်ကုန်လေဆိပ်မှာ ယနေ့ မနက် (၆) နာရီ (၄၀) မိနစ်ခန့် က ဂျက်တိုက်လေယာဉ် F7 Fighter ပျက်ကျသွားပါတယ်။

တရုတ်လုပ် ဂျက်တိုက်လေယာဉ် F7 Fighter အမျိုးအစားဟာ ရန်ကုန်လေဆိပ်အဆင်းမှာ ပျက်ကြသွားတာဖြစ်ကြောင်းနဲ့ ပျက်ကျရခြင်း အကြောင်းရင်းကိုတော့ မသိရသေးပါဖူး။

ဒီလေယာဉ်အမျိုးအစားဟာ တစ်ယောက်မောင်း တိုက်လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။

ရန်ကုန်လေဆိပ်က တာဝန်ရှိသူတစ်ဦးပြောတာကတော့ ဒီလေယာဉ်ကို လေ့ကျင့်မောင်းနှင်နေစဉ် လေဆိပ်ကို ပြန်အဆင်းမှာ ဖြစ်တာလို့ ပြောပြပါတယ်။ ပိုင်းလော့ ပြည့်ဖြိုးမျိုး သေဆုံးသွားကြောင်း သိရပါတယ်။

သုံးသပ်သူတစ်ဦးပြောတာကတော့ ဒီ ပျက်ကျတဲ့လေယာဉ်ဟာ နအဖကနေ တရုတ်ထံကနေ ၀ယ်ယူခဲ့တဲ့ အစီး (၃၆) စီးထဲက တစ်စီး ဖြစ်နိုင်တယ်လို့ ပြောဆိုသုံးသပ်ပါတယ်။

ဒီလို ဂျက်တိုက်လေယာဉ်ပျက်ကြခဲ့ဖူးတာ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တုန်းကလည်း မန္တလေးလေဆိပ်မှာ လေယာဉ်ကွင်းကနေ ပျံတက်စမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုဘဲ အသက် (၂၉) နှစ်အရွယ် လေယာဉ်မှူး သေဆုံးခဲ့ရပါတယ်။

နအဖဟာ လေယာဉ်တွေဝယ်ဖို့လောက်ဘဲ သိပြီး လေယာဉ်တွေအကြောင်း၊ လေယာဉ်ထိန်းသိမ်းမှုနည်းစနစ်၊ လေယာဉ်ကွင်းနဲ့ လေယာဉ်ပြေးလမ်း အဆင့်အတန်း၊ လေယာဉ်မောင်းနည်းပညာနဲ့ လေယာဉ်မှူးတွေ ပြည်စုံစွာ လိုအပ်တဲ့ လေကျင့်သင်ကြားမှုနည်းပညာတွေကို မသိနားမလည် မဆောင်ရွက်တာကြောင့် မြန်မာပြည်မှာ ခရီးသည်လေယာဉ်တွေတင်မက အခုလို စစ်လေယာဉ်တွေပါ ပျက်ကျမှုတွေ ဖြစ်ရတာပါ။ နှမျောစရာကတော့ လေယာဉ်ပျက်ကျလို့ မသေသင့်ဘဲ သေဆုံးကြရတဲ့ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေပါဘဲ။ လေယာဉ်ပျက်ကျမှုတွေကိုလည်း တိကျခိုင်လုံတဲ့သတင်းတွေ ထုပ်ပြန်ပြီး ပြည်သူလူထုကို အသိပေးမယ် သတိပေးမယ်ဆိုတာထက် သတင်းအမှောင်ချပြီး သူတို့ပေါ့ဆမှုတွေကို ညံ့ဖျင်းမှုတွေကို ဖုံးကွယ်ဖို့သာ ဦးစားပေးလေ့ရှိပါတယ်။

ဆိုးရွားတာကတော့ လေယာဉ်ဝယ်ရပြီးရော ဈေးပေါပေါနဲ့  အချောင်ရ အချောင်ဝယ်၊ အရည်အသွေးကျနေတဲ့ လေယာဉ်တွေကို ၀ယ်တဲ့သူကလည်း ၀ယ် ရောင်းတဲ့သူကလည်း ရောင်းနဲ့ဖြစ်နေတာပါဘဲ။ ကြားထဲက အသက်ပေး ခံရသူတွေကတော့ ခံရတာပါ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

သင် သေသွား ခဲ့သော် ...



တစ်ခါက ရွာတစ်ရွာမှာ ချမ်းသာပြီး လောဘကြီးတဲ့ လယ်ပိုင်ရှင်ကြီး တစ်ယောက် ရှိပါတယ်.. တစ်နေ့တော့ သူ့ထက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်က လယ်ပိုင်ရှင်ကြီးကို ငါပိုင်တဲ့ မြေတွေထဲမှာ မနက်ကနေစပြီး လမ်းလျှောက်သွားလို့ ညနေ နေ၀င်ချိန်မှာ စလျှောက်သွားတဲ့ နေရာကို ရောက်အောင် ပြန်လာနိုင်တဲ့ မင်း လျှောက်နိုင်သလာက် မြေကြီးကို ငါပေးမယ်လို့ ပြောပါတယ်..ဒါနဲ့ လောဘကြီးတဲ့ မြေပိုင်ရှင်ကြီးကလဲ သူ့မှာ မြေတွေအများကြီး ရှိနေပါရက်နဲ့ မတော် လောဘတက်ပြီး အလကား လိုချင်တော့ မနက် စောစောထပြီး အဲဒီမြေနေရာကို သွားပါတယ်.. ပြီးတော့ စမှတ်တစ်ခုကို မှတ်သားထားပြီး ၄င်းနေရာကနေ လမ်းစ လျှောက် ပါတယ်.. ဖြေးဖြေး လျှောက်ရင် နေရာများများ မရမှာ စိုးတဲ့အတွက် လယ်ပိုင်ရှင်ကြီးဟာ အပြေးတစ်ပိုင်း လမ်းလျှောက် ပါတယ်.. မြန်နိုင်သမျှ မြန်မြန် လျှောက်ပါတယ်.. ။

သူဟာ မောပန်းလွန်းနေပြီ ဖြစ်သော်လည်း အနားယူဖို့၊ ရပ်တန့် ပစ်လိုက်ဖို့ စိတ်ကူး မရှိပါဘူး.. သူ့ဘ၀မှာ အခုထက် ပိုပြီး ကြွယ်ဝ ချမ်းသာလာဖို့ ဒီတစ်ခါသာရတဲ့ အခွင့်အရေးကို လက်လွတ် မခံချင်တဲ့အတွက် မရပ်မနား လျှောက်နေဆဲပါ…..နေ့လည်စောင်းလာတော့ သူ့ကိုယ်သူ ခရီးတော်တော်များများ ပေါက်ခဲ့ပြီ ဆိုတာ သဘောပေါက်လာတယ်.. နေ၀င်ချိန် အမှီလဲ စ မှတ်ကို ပြန်ရောက်ရဦးမယ် ဆိုတော့ သူ နောက်ကြောင်းပြန်လှည့်ဖို့ ဆုံးဖြတ်ပါတယ်.. သူ့လောဘစိတ်ရဲ့ စေ့ဆော်မှု ကြောင့်သာ ဒီလောက် အကွာ အဝေးကို သူလျှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်.. သူနောက်ကြောင်း ပြန်လှည့်လျှောက်ရင်း မျက်လုံးက နေကိုသာ စူးစူးစိုက်စိုက် ကြည့်ပြီး လျှေက်လာပါတယ်.. ။

နေ၀င်ခါနီးလေ မြန်အောင်ပြေးလေ.. နေ၀င်ခါနီးလေး မြန်သထက် မြန်အောင်ပြေးလေ ပါဘဲ.. နေ၀င်သွားလို့ သူစလျှောက်ခဲ့တဲ့ နေရာကို မရောက်ရင် ဒီမြေတွေကို သူရမှာ မဟုတ်တော့ဘူးလေ.. ဒီတော့ ပြေးရင်းပြေရင်း မောပန်းလွန်းလို့ အသက် တောင် မရှူနိုင်အောင် ဖြစ်လာပါတယ်..နောက်ဆုံးတော့ သူစလျှောက်တဲ့ နေရာလဲ ရောက်ရော မြေပိုင်ရှင်ကြီးဟာလဲ အမောဆို့ပြီး လဲကျသွားပါရော.. နေ၀င်ချိန် မတိုင်ခင်မှာတော့ အစကို ပြန်ရောက်ခဲ့ပါရဲ့.. သို့သော်လည်း အမောဖောက် နှလုံးခုန်ရပ်ပြီး အဲဒီနေရာလေးမှာဘဲ သေဆုံး သွားခဲ့ပါတယ်..သူသေသွားတော့ အဲဒီသူပိုင်သွားပြီ ဖြစ်တဲ့ မြေကြီးမှာဘဲ လူတွေက သူ့ကို မြုပ်နှံ လိုက်ကြပါတယ်.. မြေပိုင်ရှင်ကြီး သေတော့ နောက်ဆုံး လိုအပ်တာ၊ သူပိုင်သွားတာက သူ့တစ်ကိုယ်စာ မြုပ်နှံဖို့ ခြောက်ပေအရှည် မြေကွက်လေး တစ်ကွက်မျှသာ။

…ကဲ သင်သေသွားတဲ့ နောက် ဘယ်လိုပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုမျိုးက သင့်နောက်ကို လိုက်ပါသွားပါသလဲ….

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် ပြင်ဆင်ရေး တရားဝင် ကန့်ကွက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် နေထိုင်နေတဲ့ အိမ်ကို အမွေဆိုင်အဖြစ် တရားရင်ဆိုင်နေတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က နေအိမ်ပြင်ဆင်မှုကို တရားဝင် ကန့်ကွက်ကြောင်း ဒီကနေ့ တရားရုံးကို လျှောက်ထားလိုက်ပါတယ်။ ဆယ်စုနှစ်တစုနီးပါး ကြန့်ကြာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေဆိုင်အမှု နောက်ဆုံး အခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။



ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျရင်း နေထိုင်ရာ နေအိမ်မှာ ယိုယွင်းပျက်စီး နေတာတွေကို ပြုပြင်မွမ်းမံဖို့ စီစဉ်နေတာကို ဒီအိမ်ကို အမွေခံယူထိုက်ကြောင်း လျှောက်ထားတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က တရားရုံးမှာ တရားဝင် လျှောက်ထားလိုက်တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ တရားရင်ဆိုင်နေရစဉ် ကာလမှာပဲ နေအိမ်ပြင်ဆင်ခွင့် လျှောက်ထားခဲ့ပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒီဇင်ဘာလဆန်းကစလို့ ပြင်ဆင်မှုတွေ စတင်ခဲ့တာ ဖြစ်ပေမဲ့ နောက်ပိုင်း အမွေဆိုင်အဖြစ် ဦးအောင်ဆန်းဦးဘက်က ကန့်ကွက်ရာကစလို့ ရပ်နားထားရတာ ဖြစ်ပါတယ်။



အခုနောက်ဆုံး တရားဝင် ကန့်ကွက်ချက်နဲ့ ပတ်သက်လို့ ရှေ့လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်သွားမယ်လို့လည်း သူ့ရဲ့ ဥပဒေအကျိုးဆောင်ဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။



“ဒီနေ့ ဦးအောင်ဆန်းဦးဘက်က အခု အိမ်ပြင်နေတဲ့ ကိစ္စကို တရားရုံးကနေ ယာယီ တားဝရန်း ထုတ်ပေးပါဆိုပြီး ဒီနေ့ လျှောက်ပါတယ်။ နောက်ရက်ချိန်းကျရင် ကျနော်တို့ ဒီဥစ္စာကို ကန့်ကွက်မယ်။ နောက်ရက်ချိန်းကတော့ ၄ ရက်နေ့။ အခုလောလောဆယ် တားထားတာက ရန်ကုန်မြို့တော် စည်ပင်က တားတာ။ အကြောင်းပြချက် မပါဘူး။ အဲတော့ တားဝရန်းက တကယ်လို့ ဒီလိုတားတယ်ဆိုတာ ဥပဒေသဘော အရတော့ တရားရုံးမှာ အာဏာရှိတာ။ တရားရုံးကို ဒီနေ့မှ လျှောက်တာ၊ သူတို့က။ အခုတော့ စည်ပင်သာယာက တားတော့ ကျနော်တို့က ရပ်ထားတာပေါ့လေ၊ သူတို့ အမိန့်အတိုင်းပေါ့။”

ရန်ကုန်မြို့က အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်နဲ့ ခြံဝန်းကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးက
သူလည်းပိုင်ဆိုင်ထိုက်ကြောင်းလျှောက်ထားရာကစလို့တရားတဘောင်ဖြစ်ခဲ့ရတာလွန်ခဲ့တဲ့၂၀၀၁ခုနှစ်
ကတည်းကဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီကာလအတွင်းမှာဖမ်းဆီးခံဘ၀နဲ့တောက်လျှောက်နေနေခဲ့ရတဲ့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့အမှုကိုပြီးပြတ်အောင်မဆောင်ရွက်နိုင်တဲ့အခြေအနေမျိုးနဲ့ကြုံနေခဲ့ရတာ
လည်းဖြစ်ပါတယ်။“နောက်ဆုံးအခြေအနေကဒေါ်အောင်ဆန်းစုကြည်ပြမယ့်သက်သေ၊ပြမယ့်သက်သော
ရင်းကရုံးမှာရှိတယ်၊ တင်ထားတယ်။

အဲဒီသက်သေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရှိဖို့ လိုတယ်။ တွေ့ခွင့်ရှိလာရင် ဒီအမှု ဆက်ပြီး Proceed လုပ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ပြမယ့် သက်သေတွေ စစ်ဖို့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ Right ရှိတယ်။ သူ့သက်သေတွေနဲ့ သူနဲ့ တိုင်ပင်ဆွေးနွေးရမယ်၊ Instruction ယူရမယ်၊ Instruction ပေးရမယ်။ အဲဒါကို မလုပ်နိုင်သေးတော့ တရားရုံးကပဲ ဖော်ပြရန်ချိန်းပေါ့၊ ဗမာလိုသုံးတာတော့၊ Mention date နဲ့ သွားနေတာ။ဆက်မတိုးသေးဘူးပေါ့၊အမှုက။အဲဒီမှာခေတ္တဆိုင်းငံ့နေတဲ့သဘော။”ဒေါ်အောင်ဆန်းစုကြည်ရဲ့ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ဦးဥာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။


ဒီလိုပဲ ပြီးခဲ့တဲ့နှစ်ထဲမှာ တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားချင်းတဦးက နေအိမ်ခြံဝန်း တစိတ်တပိုင်းကို ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့တာမျိုး ရှိခဲ့တာပါ။ အချေအတင် ဖြစ်နေရတဲ့ နေအိမ်နဲ့ ခြံဝန်းဟာဆိုရင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ချိန် ၁၉၈၈ ခုနှစ်ကစလို့ ဒေါ်အောင်ဆန်းစုကြည် တောက်လျှောက်နေထိုင်ရာ နေရာဖြစ်သလို ရှစ်လေးလုံးလို့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုတွေ ပေါ်ပေါက်ခဲ့တဲ့ အချိန်မှာ လူထုလှုပ်ရှားမှုတွေ ရှိခဲ့ရာ နောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရုံးစိုက်ခဲ့ရာအဖြစ် ထင်ရှားတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။


ရင်းမြစ် VOA

ဗုဒ္ဓ FM ကို (၂၄) နာရီပတ်လုံး Online မှ စတင်ထုတ်လွှင့်..

ဗုဒ္ဓဘာသာဝင်တိုင်း၏ ဆုံရပ်အဖြစ် ဘာသာရေးဆိုင်ရာ အတွေးအခေါ် အယူအဆများကို တနေရာတည်းတွင် အလွယ်တကူ ရှာဖွေနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM Online ရေဒီယိုအတွက် ကိုယ်ပိုင်ဝက်ဘ်ဆိုက်အသစ်များဖြင့် ယနေ့မှစ၍ စတင်အသံလွှင့်နေပြီ ဖြစ်ကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက မိန့်ကြားသည်။


၎င်းက “ဗုဒ္ဓ FM ဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်က ဗုဒ္ဓဘာသာဆိုင်ရာ အချက်အလက်တွေ အားလုံးကို ထည့်ထားတယ်။ ဒီ FM ကို ပြည်တွင်းကလည်း ကြည့်ရှုနားဆင်လို့ရအောင် အထူးပြုလုပ်ပေးထားပါတယ်။ ပြည်တွင်းက ပိတ်ထားတဲ့ ယူတျူ ဗီဒီယိုရဲ့ Flash Player အစား ပြည်တွင်းက ကြည့်လို့ရတဲ့ အခြား Flash တမျိုးနဲ့ သုံးထားပါတယ်။ ဒါက ပြည်တွင်းက ဗုဒ္ဓဘာသာဝင်တွေလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဘာသာရေးဆိုင်ရာ အသုံးအနှုန်းတွေ၊ အမြင်သဘောထားတွေ၊ ဗဟုသုတတွေ ရရှိလာအောင်လို့ http://www.buddhafm.com/ ကို သီးခြားစီစဉ်ထားပါတယ်။ အဲဒီမှာ အနောက်တိုင်းသား ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားဟောပွဲတွေလည်း တင်ထားတယ်။ http://www.buddhafm.net/ ကတော့ ပြည်ပက ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။


အရှင်မေတ္တာစာရက လက်ရှိသီတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှတဆင့် စမ်းသပ်ကာလအဖြစ် ဒီဇင်ဘာလလယ်ပိုင်း ကတည်းက စတင်ထုတ်လွှင့်ခဲ့ရာ ယခုအခါ ဘာသာရပ် (၈) မျိုးဖြင့် ရွတ်ဆိုပူဇော်ထားသည့် ဓမ္မတေးများနှင့် တရားတော်များကို (၂၄) နာရီပတ်လုံး ထုတ်လွှင့်လိုက်ခြင်းဖြစ်သည်။


အရှင်မေတ္တာစာရက “အသံလွှင့်ဖို့ Volunteer အနေနဲ့ (၁၃) ယောက် ဝင်ကူပေးနေတယ်။ နောက်ထပ် အစီအစဉ်တွေကို ကဏ္ဍအလိုက် ခွဲပြီးတဲ့အချိန်ကျရင် လူ (၂၀) ကျော်တော့ လိုအပ်မယ်။ အခုလွှင့်တဲ့အထဲမှာ ဗမာနဲ့အင်္ဂလိပ်ဘာသာကို အဓိကထားပေမယ့် ထိုင်း၊ မလေး၊ အိုမန်၊ သီရိလင်္ကာ၊ တရုတ် စတဲ့ဘာသာတွေနဲ့ ဓမ္မပူဇာတေးတွေလည်း ပါတယ်” ဟု မိန့်သည်။


တနေ့တခြား နားဆင်သူ များပြားလာခြင်းကြောင့် ဆာဗာ ထပ်မံ တိုးချဲ့ရန်ရှိပြီး ဝက်ဘ်ဆိုက်များတွင် ဘာသာရေးဆိုင်ရာ စာအုပ်စာတမ်းများ၊ ခေတ်သစ်၊ ခေတ်ဟောင်းဓမ္မတေးများ၊ တရားတော်များကို ပဋ္ဌာန်း၊ ပရိတ်၊ သုတ္တန်၊ အင်္ဂလိပ်၊ ဝိပဿနာ ဟူ၍ ကဏ္ဍအလိုက် ခွဲခြားတင်ထားပြီး နောက်ပိုင်းတွင် စကားဝိုင်း ဆွေးနွေးပွဲများ၊ Online ဆွေးနွေးပွဲများနှင့် တရားပွဲ အစီအစဉ်များကိုလည်း တိုက်ရိုက် ထုတ်လွှင့်သွားရန်ရှိကြောင်း သိရသည်။


“ဗုဒ္ဓ FM ကို လုပ်လိုက်ပြီးနောက်ပိုင်းမှာ ဦးဇင်းအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိလာတယ်။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပကပဲဖြစ်ဖြစ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက အခြေခံသဘောတရားတွေကို ပိုပြီး လေးနက်မှုရစေတယ်။ ဥပမာ - အရှေ့အလယ်ပိုင်းမှာ အလုပ်လုပ်နေကြသူတွေ ဒီလို FM ကို နေ့တိုင်း နားထောင်ရတော့ ပိုပြီး အကျိုးရှိစေကြတယ်။ လူမျိုးခြားတွေကလည်း အခြားဘာသာရပ်တွေနဲ့ ပြောဟောသီဆိုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်တွေ၊ ဓမ္မတေးတွေကို ကြားခွင့်ရလာကြတယ်” ဟု အရှင်မေတ္တာစာရက ဆက်လက်မိန့်ကြားသည်။


ဗုဒ္ဓ FM သည် ဗုဒ္ဓသာသနာ တိုးတက်အောင် လုပ်ဆောင်နေခြင်းသာဖြစ်၍ သက်ဆိုင်ရာ အာဏာပိုင်က ပိတ်ပင်တားမြစ် လိမ့်မည်ဟု မထင်ကြောင်း၊ ၎င်း၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်များကိုလည်း ပြည်တွင်းတွင် ဖတ်ရှု၍ရကြောင်း အရှင်မေတ္တာစာရက မိန့်ဆိုသည်။


တည်ထောင်သူ အရှင်မေတ္တာစာရသည် ၂၀၀၉ ၏ အကောင်းဆုံး ဘလော့ဒ်ဂါသတင်းဆု ရရှိထားသူ မြန်မာသံဃာတော်တပါး ဖြစ်ပြီး University of Mumbai တွင် Society, Government and other Socio-Political Principles ခေါင်းစဉ်ဖြင့် ဒေါက်တာဘွဲ့အတွက် စာတမ်းရေးသားနေသူ ဖြစ်သည်။