ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ ဘေးဘက်တန်းတွင်
ဆိုင်ခန်းအမည် '' သမီးမေခလာသိန်း'' အထည်အလိပ် အရောင်းဆိုင်တွင်
နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင်ဟု ခေါ်ဆိုသော ပါတိတ်ထဘီအဆင်များတွင်
ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီပုံများကို ရိုက်နှိပ်၍
ပြည်တွင်းဈေးကွက်အတွင်းသို့ စုံစမ်းရောင်းချနေသည်ကို တာဝန်သိပြည်သူများ၏
သတင်းပေးပို့ချက်အရ သိရပါတယ် ..
ယင်းဆိုင်သည် မူစလင်ဘာသာဝင်များ၏ ဆိုင်ဖြစ်ပြီး ယင်းသတင်းရရှိမှုအပေါ် သာကေတမြို့နယ် (NLD) ပါတီအဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင် (NLD) ပါတီအဖွဲ့ဝင်တို့မှ သက်ဆိုင်ရာ ဒေသ အာဏာပိုင်အဖွဲ့အစည်းများဖြင့်  ပူးပေါင်းကာ စုံစမ်းဖော်ထုတ်ခဲ့ပါတယ် ..
မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ ''သမီးမေခလာသိန်း''အထည် ဆိုင်ပို င်ရှင်နှင့် ဆိုင်ရှိဝန်ထမ်းနှစ်ဦး ကို ၁၁-၄-၂ဝ၁၃ ရက်နေ့ နေ့လည်(၂)နာရီတွင် ဝင်ရောက်ရှာဖွေဖမ်းဆီးထားကြောင်း သက်သေအထောက်အထားပိတ်စများကိုလည်း သိမ်းဆည်းထားပါတယ် ..
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်စေရန်အတွက် NLD ပါတီဝင်များက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် 
ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်ဟု သိရပြီး မင်္ဂလာတောင် ညွန့်ရဲစခန်းက
ယင်းဖြစ်စဉ်နှင့်ပတ်သက်သော အကြောင်းအရာအသေးစိတ်ကို
စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိတယ် ..
ဖြစ်ပွါးပုံမှာ သာကေတမြို့နယ်နေထိုင်သူအမျိုးသမီးတစ်ဦးမှ
ယင်းပိတ်စများကို ဝယ်ယူခဲ့ပြီး အိမ်ရောက်၍ဖွင့်ကြည့်တော့မှ အတွင်းပိုင်း၌
ဗုဒ္ဓဘာသာ ဘုရားစေတီပုံများ ပါဝင်သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ရန်ပြေ ၃
ရပ်ကွက်ရှိ ရပ်ကွက် NLD ရုံးသို့တိုင်ကြားခဲ့ကြောင်း၊ ရပ်ကွက် (NLD)
ရုံးမှ အဖွဲ့ဝင်များသည် ပိတ်စရောင်းချနေသည့်ဆိုင်သို့ သွားရောက်သောအခါ
နှစ်ကျိပ်ရှစ်ဆူ သင်္ကြန်ဖက်ရှင် ထမိန်ပိတ်စများကို
လိုသလောက်ဝယ်ယူနိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့်
အရှေ့ပိုင်းခရိုင်NLDနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယင်းဆိုင်အား
ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယင်းဆိုင်သည် မူစလင်ဘာသာဝင်များ၏ ဆိုင်ဖြစ်ပြီး ယင်းသတင်းရရှိမှုအပေါ် သာကေတမြို့နယ် (NLD) ပါတီအဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင် (NLD) ပါတီအဖွဲ့ဝင်တို့မှ သက်ဆိုင်ရာ ဒေသ အာဏာပိုင်အဖွဲ့အစည်းများဖြင်
မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ ''သမီးမေခလာသိန်း''အထည် ဆိုင်ပို
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်စေရန်အတွက် NLD ပါတီဝင်များက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင်
ဖြစ်ပွါးပုံမှာ သာကေတမြို့နယ်နေထိုင်သူအမျိုးသမ
သတင်း.... မြန်မာနေ့စဉ်သတင်း