၅-၉-၁၂ နံနက် (၅း၀၀)နာရီ အောင်ရတနာ မုံရွာကား နဲ့ ထွက်ခဲ့ပါတယ် ။
ကျွန်တော်နှင့်အတူ ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်)ကျောင်းသားတွေ
လိုက်ပါလာခဲ့ပါတယ်။ မုံရွာ ရောက်တော့ ၈နာရီ ထိုးနေ ပါပြီ။ လ္ဘက်ရည်ဆိုင်မှာ
နံနက်စာ အတွက် ခဏ ထိုင်ရင်း မုံရွာခရိုင်ကျောင်းသားတွေ
ကို စောင့်နေ ပါတယ်။ ပြောတဲ့ နေရာလွဲနေလို့ လှေဆိပ်ကို ဆင်းဖို့ သုံးဘီ
ငှားနေဆဲ မုံရွာကျောင်းသားတွေ ရောက် လာပါတယ်။ ဒီနောက်မှာတော့ လှေဆိပ်ကနေ
မုံရွာ အနောက်ဘက်ကမ်းကို ကူးခဲ့ကြပါတယ်။ ဆိပ်ကမ်း ကပ်တော့
ရွာစပ်ကို လျှောက်ရတာ ဗွက်တွေ ချည်းပဲ ဆိုတော့ စိတ်နဲနဲ ညစ်ချင်သလို
ရှိနေဆဲ ရှေ့က လူအုပ်ကြီးမြင်လိုက်တော့ လမ်းပိတ်လုနီးပါး ဆိုတော့
ဘာဖြစ်တာပါလိမ့်ပေါ့။ နောက်မှ ရွာကနေ ကျောင်း သားတွေ လာမယ် ဆိုလို့ လာကြိုတာ
ဆိုတော့ ခုဏက ဗွက်တောထဲ လျှောက်ခဲ့ရတာ မေ့သွားအောင် ပီတိ ဖြစ်ရပါတယ်။
ဒီနောက်မှာတော့
စီစဉ်ပေးတဲ့ ဆိုင်ကယ် များနဲ့ ရွာကို သွားကြပါတယ်။ ရွာအဝင်လမ်းမကွေ့ခင်မှာ
ကြိုတင်စောင့်နေတဲ့ ရွာသူ ရွာသားတွေ ကို မြင်ရတာ အံ့သြမိပါတယ်။ ဒါကြောင့်
ဆိုင်ကယ်ပေါ်က အသီးသီး ဆင်းလိုက်ပါတယ် ။ လမ်းလျှောက်မှ သာ သင့်တော်မယ်
ထင်လို့ပါ။ သူတို့ရဲ့ကြိုဆိုပုံကလည်း အလွန်ကို နွေးထွေးပြီး တက်ကြွလှပါတယ်။
အဲဒီကနေ ရွာထဲ ဖြတ်သွားတော့လည်း ရွာထဲမှာ ကျန်နေသူတွေက အိမ်ပေါက် အသီးသီးက
ကြိုနေကြပြန်ပါတယ်။ အထူးသဖြင့် အမေအို တို့က မျက်ရည်များဖြင့် ဝမ်းသာစွာ
ကြိုဆိုပြီး ပန်းကုံးများ ပန်းစည်းများ ပေးကြပါတယ်။
ရွာဦးကျောင်းမှာ ခဏ နားပြီး စီစဉ်စရာလေးတွေ စီစဉ်ပြီး
အဝတ်အစားလဲကြပါတယ်။ ကချင်လုံချည် နှင့် အင်္ကျီဖြူ ပြောင်းဝတ်ကြပြီ
ဗကသများအဖွဲ့ချုပ် စာတမ်းပါ ရင်ထိုးများကို ထိုးလိုက်ပြီးနောက် ရွာမှာ အရင်
ရက်များကတည်း က ရောက်ရှိပြီး လယ်ယာသိမ်း တိုက်ပွဲကို
ပါဝင်ဆောင်ရွက်နေတဲ့ ပြည်သူ့ အကျိုးဆောင် ကွန်ယက်၊ နောက်
ကိုဟန်ဝင်းအောင် နှင့် ရွာမှ ဦးဆောင်သူများနှင့် အတူ လယ်ယာသိမ်းပြီး ပုဒ်မ
၁၄၄ ထုတ်ပြန်ခြင်းခံထားရသော တောင်ခြေ သို့ သွားရောက်ရန် ပြန်လည်
ထွက်ခွာခဲ့ပါတယ်။ ညောင်ပင်ကြီး ကနေ တဆင့် ဆက်လက်ထွက်ခွာလာရာမှာ
မုံရွာ-ပုသိမ်-ညောင်ပင်ကြီး-ကလေးဝ လမ်းခွဲ အရောက် လယ်သိမ်းခံတောင်ခြေသွားရာ
အများ ပြည်သူပိုင်လမ်းမကြီး ဖြစ်တဲ့ ပုသိမ် လမ်းကြောင်းကို ကူညီပါရစေ
ဆိုတဲ့ ရဲကိုကို တို့က ပိတ် စို့ထားပြီး ၊ သူတို့ နောက်မှာ တော့ ကားနီနီ
များဖြင့် ဒိုင်းကိုင် လုံထိန်းများ ၊ ကုမ္ပဏိမှ ကားများ
ရှိပါတယ်။ ဒေသခံတို့ ရဲ့ အဆိုအရ်း တစ်ရက်ကို ၂၀၀၀ကျပ် နဲ့ လုံထိန်းတွေ ကို
ငှားရမ်းထားတယ် လို့ သိရပါတယ်။ အဲဒီ လမ်းဒေါင့်မှာလဲ မြန်မာဝမ်ပေါင် ကုမ္ပဏိ
ရဲ့ ဝန်ထမ်း အိမ်ယာ တည်ရှိပါတယ်။
အဲဒါကြောင့် လမ်းဆုံမှာ ရပ်တန့်လိုက်ပြီး တောင်ခြေ ကို
ဆက်မသွားနိုင်တော့လို့ တောင်ခြေမှာစောင့်နေတဲ့ အခြားရွာက လယ်ယာသိမ်း
တိုက်ပွဲဝင်သူတွေ ဒီလမ်းဆုံရောက်အောင် လာချိန်ထိ စောင့်ဖို့
စီစဉ်ပါတယ်။ နောက် ညောင်ပင်ကြီး က လိုက်လာမယ့်
သူတွေကို ထော်လာဂျီများနှင့် ပြန်ကြိုရန် လွတ်ပါတယ်။ သူတို့
လမ်းလျှောက်လာနေပြီ ဆိုတာ
သတင်းက ရောက်မေပြီလေ။ မြန်အောင် ခေါ်ခိုင်းခြင်းဖြစ်သည်။
သူတို့ ရောက်လာပြီးမကြာမှီ တောင်ခြေ ဘက်မှ လည်း
မရှေးမနှောင်း ရောက်လာလေသည်။
ရွာခံများ စီစဉ်ထားသော အခေါင်းများ ရောက်လာပြီးနောက် ထို အခေါင်းများတွင် ပုဒ်မ ၁၄၄ (၁)နှစ် ။
ဥိးပိုင် အသက် ( ၂၄) နှစ် ၊ ဦးတရုတ်ကြီး အသက် (၂၄ ) ဟု အသီးသီး ရေးထားသည်။ အစီအစဉ် အစ တွင်
ကိုဟန်ဝင်းအောင်
မှ စတင် ပြောကြားပြီး နောက် ဗကသများ
အဖွဲ့ချုပ်မှ ပြောကြားသည်။ ကျောင်းသားကွန်ရက် နှင့် ပြည်သူအကျိုးဆောင်
ကွန်ယက်တို့ မှ ဆက်လက်ပြောကြားခဲ့ကြသည်။
ထိုနောက် ဒေသခံမျာစီစဉ်သော အမည် အသက်တပ်ထားသည့် အခေါင်းများကို မီးရှို့လျက် ကြွေးကြော်သ့များ တိုင်ခဲ့ပါတယ်။
အစီအစဉ်
အပြီးမှာ ဗကသ ကျောင်းသားများ ဦးဆောင်ပြီး ခွပ်ဒေါင်းအလံ လွှင့်ထူလျက်
ထမင်းရှင်ကျေးဇူးရှင် များဖြစ်တဲ့ ပြည်သူထဲက လယ်ယာရှင် တောင်သူဦးကြီးများ၏
ကြုံတွေနေရသော ဒုက္ခကို ပစ်ပယ်ထားခြင်းမရှိ ကျေးဇူးမကန်းဘူး... ကျောင်းသား
ဆိုတာ တစ်သားတည်း ရပ်တယ် လို့ သက်သေထူ ဖွင့်ဆိုရင်း ညောင်ပင်ကြိးလမ်း
အတိုင်း တစ်မိုင်ကျော် လမ်းလျှောက်
ချီတက်ခဲ့ပါတယ်။ နောက်ဆုံးအစီအစဉ်လို့ ပြောရမယ့် အရာကတော့ ခေါင်းထဲ
ဝင်လာတဲ့ အတွေး အတိုင်း လမ်းမှာရှိတဲ့ စေတီငယ်လေး
မှာ ကျောင်းသားနှင့် ဒေသခံ လယ်သိမ်းခံများ စုပေါင်းပြီး
ဝတ်ပြုဆုတောင်းခဲ့တာပါပဲ..။
သည့်နောက်မှာတော့ အောင်မြင်စွာ လမ်းခွဲပြီး ပြန်ကြပါတယ်။
ဤမျှသာ
ကိုဝိုင်ဝိုင်ကေ
၆-၉-၁၂
နံနက်(၂း၃၀)