မူရင်းလင့်... Popular Myanmar News Journal
08 December 2012
07 December 2012
နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး - ၂
မေး။ ။ လက်ရှိတက္ကသိုလ် ပညာရေးကိုရော ဘယ်လိုပြင်ဆင်ဖို့ ရည်ရွယ်ထားပါသလဲ ခင်ဗျာ။
ဖြေ။ ။ ဒါကတော့ အမေတစ်ယောက်တည်း ပြင်ဆင်မှာလည်း မဟုတ်ဘူး၊ ဒါအားလုံးကျွမ်း ကျင်တဲ့ သူတွေ ၊ တကယ်စိတ်ပါဝင်စားတဲ့ သူတွေ နဲ့ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စပါ၊ အဓိကကတော့ တက္ကသိုလ်ပညာရေး ဆိုတာက ကျယ်ပြန့်ရမယ်၊ နက်နဲရမယ်၊ တက္ကသိုလ် ပညာရေးဆိုတာ ဒီ လူငယ်တွေကို ဘဝစိန်ခေါ်ချက် တွေကို ရင်ဆိုင်နိုင်အောင်လို့ သင်ပေး တာပဲ ဖြစ်ရမယ်၊ ဒီလိုဘွဲ့ တံဆိပ်လေး ရရုံနဲ့မရဘူး၊ ဒါကြောင့်မို့ အမေ့တို့ အနေနဲ့ ဒီတက္ကသိုလ်ဘဝ ရှင်သန်ရေးပေါ့နော်၊ campus Life ပေါ့၊ အဲဒါ သိပ်အရေးကြီးတယ်၊ ဘာလို့လဲဆိုတော့ အဲဒီလိုနေရာမှာ ဒီလိုဘဝ စိန်ခေါ်မှုတွေ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ တတ်လာမယ် ၊နောက်ပြီးတော့ Social Skill လူမှုရေး ကျွမ်းကျင်မှု တွေလည်း ရလာတာပေါ့၊ Lecture တွေ ကိုလည်း အခန်းထဲမှ မဟုတ်ဘူး၊ ကျောင်းခန်းထဲမှ ရတာ မဟုတ် ဘူး၊ ကျောင်းပြင် ကလည်းရတာ၊ အဲဒီအတွက် ဦးတည် ပြီးတော့ တက္ကသိုလ် ပညာရေးကို ပြန်ပြီးထူထောင်ရမှာ ပါ၊
မေး။ ။လက်ရှိ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ် တွေကြားထဲမှာ အားရကျေနပ်မှု ရှိပါသလား၊ မြင်ရတာရော၊ ကြားရတာရောတွေ့ရ တာရောပေါ့။
ဖြေ။ ။ အားရကျေနပ်မှုရှိပါတယ်၊ အမေတို့ ဒီကြားဖြတ် ရွေးကောက်ပွဲ အတွက် စည်းရုံးတဲ့အခါ လူငယ်တွေ တက်ကြွစွာ ပါဝင်လာကြတယ်၊ လူငယ်တွေမှာ အန္တရာယ်တော့ ရှိတာပေါ့နော်၊ လူငယ်ဆိုတော့ စိတ် က နုသေးတာပေါ့၊ စိတ်ကနုတဲ့ အခါကျတော့ တစ်ခါတစ်ခါ ဆွဲဆောင်ရာကို ပါသွားတတ်ကြတယ်။ အဲဒါကတော့ လူငယ် တွေ မပြောပါနဲ့ လူကြီးတွေ တောင် စိတ်ကခိုင်မာတာ မဟုတ်ဘူး။ အဲဒီတော့ လူငယ်တွေမှာ အပြစ်ကြီး တယ်လို့တော့ အမေမမြင်ဘူး၊ ဒါပေမဲ့ ဒါကို ထိန်းကွပ်ဖို့တော့ အရေးကြီးတာပေါ့၊
မေး။ ။အရှေ့တောင်အာရှ နိုင်ငံတွေမှာ မြန်မာနိုင်ငံက ယောက်ျား မိန်းမ ခွဲခြားဆက်ဆံမှု နည်းတယ်လို့ပြောကြတယ်၊ အဲဒါမှာ အမေ့ အနေနဲ့ ဘယ်လို သုံးသပ် ထားတာ ရှိပါသလဲ၊ အဲဒါလေး ပြောပေးပါ။
ဖြေ။ ။ နည်းတယ် ဆိုပေမယ့်လည်း ရှိတော့ရှိ သေးတာပဲ ၊ယောက်ျား မိန်းမ ခွဲခြားမှုဟာ ရှိသေးတာပဲ၊ အမြဲပဲပြောတယ်၊ ဟို…သားကို သခင်၊ လင်ကိုဘုရား.. ဆိုတာဒါ ဘယ်လို အဆို လဲ (ပြုံးလျက်) လုံးဝ လက်မ ခံနိုင်ဘူး။ ဒါလက်ခံ နိုင်တဲ့ဟာ မဟုတ်၊ အဲဒါဆိုရင် ခွဲခြားမှု ရှိတယ်ဆို တာတွေပဲ၊ နောက်ပြီးတော့ ကျန်းမာရေး အရ လေ့လာ လိုက်တဲ့အခါဆိုရင် .။ ချို့တဲ့တဲ့ မိသားစုတွေထဲမှာ အာဟာရဓာတ် မပြည့်ဆုံးက အဲဒီ အမျိုး သမီးတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်၊ သူ့ရဲ့သားသမီးတွေ၊ သူ့ရဲ့ ခင်ပွန်း သည် အတွက် အမြဲပဲ ဦးစားပေးတယ်၊ သူက အကျန်လေးတွေကို စားတယ်၊ အသားနှစ်တုံး သုံးတုံးရှိတယ် ဆိုလို့ ရှိရင်လည်း သူက မစားဘူး။ ကျန်တဲ့ မိသားစုတွေ ကျွေးတယ်။ စသဖြင့် နောက်ပြီးတော့ မိသားစု တော်တော် များများမှာလည်း သားယောက်ျားလေး တွေကို မျက်နှာသာပေးတာ ခုထက်ထိ ရှိနေပါတယ်။ နောက်ဆေး တက္ကသိုလ်ကိစ္စ အမေ ခဏ ခဏ ပြောတာလေ ။ အမှတ် ..၊ မိန်းကလေးတွေဆို အမှတ်ပိုများဖို့ လိုတယ် ဆိုတာ၊ ဒါလည်း မိန်းမ ယောက်ျားခွဲခြားဆက်ဆံမှုပဲ။
မေး။ ။ နိုင်ငံအတွက် တာဝန်ကျေတဲ့ နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်ဟာ သူ့ရဲ့မိသားစု အပေါ်မှာ တာဝန်ကျေဖို့ရာနှုန်းအားဖြင့် ဘယ်လောက် ရှိမယ် လို့ အမေ ယူဆပါသလဲ။
ဖြေ။ ။ ဒါကတော့ ကိုယ်က ဆုံးဖြတ်ရမှာပေါ့။ တိုင်းပြည်တာဝန်ကို ယူမှာလား၊ ကိုယ့်မိသားစု တာဝန်ကိုယူမှာလား၊ ကံကောင်းတဲ့ နိုင်ငံတွေ မှာက ဒီဟာကိုရွေးစရာ မလိုဘူး။ ကိုယ်ကလည်း ကိုယ့် နိုင်ငံရဲ့ တာဝန်ကို ယူရင်းနဲ့ မိသားစုတာဝန်ကို ယူသွားလို့ရတယ်၊ ဒါပေမဲ့ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေမှာဆိုရင် ဒီနှစ်ခုတည်းက တစ်ခုကို ရွေးရတာပဲ ၊ ရွေးတဲ့ အခါ ပြတ်ပြတ်သားသား ရွေးပေါ့။ ကိုယ်က အိမ်ထောင်ဦးစီး အနေနဲ့ပဲနေ မှာလား၊ နိုင်ငံရေး သမားတစ်ယောက် အနေနဲ့ နေမှာလား၊ နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ နေမယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရပ်တည်မယ် ဆိုလို့ ရှိရင်တော့ နိုင်ငံကိုပဲ ရွေးရမှာပဲ။
မေး။ ။ မြန်မာ အမျိုးသမီးတွေက မညံ့ကြပေမယ့် ထိပ်တန်း နေရာတွေ ရောက်တဲ့ နေရာမှာ နည်းနည်း မရှိသလောက် နည်းတယ်လို့ ယူဆရတဲ့ အတွက် ဘယ်လိုပြုပြင် ထိန်းသိမ်းမှုတွေနဲ့ ကြိုး စားအားထုတ်မှုတွေ လိုအပ်မယ်လို့ ထင်ပါသလဲ ခင်ဗျ။
ဖြေ။ ။ အဲဒါကလေ လူမှုရေးတွေနဲ့ ဆိုင်တာ ပေါ့နော်၊ လူမှုရေးစံနှုန်း ထားတွေနဲ့ ဆိုင်တာပေါ့၊ နောက်ပြီး ဥပဒေတွေနဲ့ ဆိုင်တယ်လို့ အမေ ထင်တယ်။ ဘာလို့လဲဆိုတော့ အခု တချို့နိုင်ငံတွေ တော်တော်များများမှာ အမျိုးသမီးတွေ လွှတ်တော် အတွင်း ပါဝင်ရေးအတွက် လုပ်ထားတာ ကာလ အတိုင်းအတာ တစ်ခုအထိ လိုတယ်။ တစ်ခါ တလေ အမျိုးသမီး တစ်ယောက် အနေနဲ့ တိုးတယ်ဆိုလို့ ရှိရင် တိုးတယ်လို့ မြင်တယ်၊ အမျိုးသား တစ်ယောက် အနေနဲ့ကျလို့ရှိရင်တော့ လုပ်ရဲကိုင်ရဲ တယ်လို့ မြင် ကြ တယ်၊ တာဝန်ယူရဲတယ်။ အမျိုးသမီးကျတော့ တွန်းတယ်၊ တိုးတယ်၊ နေရာယူတယ်။ ဒါပေမဲ့ နေရာယူတဲ့နေရာမှာ အမျိုးသား တွေ ကတော့ ဇော်ပဲ။ (ရယ်လျက်)
မေး။ ။ အမေ့အနေနဲ့ တစ်ယောက်တည်း နေခဲ့ရစဉ် အတွင်းမှာ သားတွေ အပေါ် လွမ်းဆွတ်မှု အတိုင်းအတာ ဘယ်လောက်ရှိခဲ့ပါသလဲ။
ဖြေ။ ။အမေက ကိုယ့်ကိုယ်ကိုယ် မလွမ်းအောင် နေတတ်တယ် ၊ ဒါ ငယ်ငယ်တည်းကပါ။ လွမ်းတယ် ဆိုတဲ့ အလုပ်မလုပ်ဘူးလို့ ဆုံးဖြတ် ထားတယ်။
မေး။ ။ စိတ်ခွန်အားနဲ့ ဥာဏ်စွမ်းအားမှာ ဘယ်အရာက အမေ့အတွက် အလိုအပ်ဆုံးလို့ ယူဆပါ သလဲ ခင်ဗျ။
ဖြေ။ ။ စိတ်ခွန်အားကတော့ အခြေခံဖြစ်ရမှာပဲ၊ ပညာက အလွဲသုံးစား လုပ်လို့ရတယ်။ မမှန်ကန်တဲ့ စိတ်ရှိတဲ့ ပညာရှိ ဆိုရင် အင်မတန် အန္တရာယ် များတယ်။ အဲဒီတော့ စိတ်ဓာတ်က အဓိကလို့ ထင်ပါတယ်။
မေး။ ။ THE LADY ဇာတ်ကားဟာ အမေ့ရဲ့ ဘဝပုံရိပ် ကို ဖော်ပြပေးနိုင် မယ်လို့ ထင်ပါသလား၊ အစစ်အမှန် အငွေ့အသက်လေးပါသလား ခင်ဗျ။
ဖြေ။ ။ မသိဘူး၊ လုံးဝလည်းမကြည့်ဘူး၊ ကြည့် ဖို့လည်း ရည်ရွယ်ချက် မရှိဘူး၊
မေး။ ။ ဗိုလ်ချုပ်ရဲ့ ဇာတ်ကားကို ရိုက်တဲ့အခါ အမေ ဘယ်လို အခန်းကဏ္ဍ ကနေပြီး ပါဝင်မယ်လို့ ယူဆထားပါသလဲ၊ ဇာတ်ကား ဖန်တီးမှုပီပြင်ပါ့ မလားဆိုတဲ့ စိုးရိမ်စိတ်ရော ရှိပါသလားခင်ဗျ။
ဖြေ။ ။အဲဒါကတော့ ပီပြင်ပါ့မလား ဆိုတဲ့ အတွေးလေးက အတိုင်းအတာ တစ်ခုထိ ရှိတာပေါ့၊ ဒါပေမဲ့လည်းတော်တဲ့ အနုပညာရှင်တွေကို အားကိုးနေ တယ်ဆိုတော့ ဒါကိုဖြစ်မြောက်မယ်လို့ထင်တယ်။ တခြားနိုင်ငံတကာ ကလည်း ကူညီချင်တဲ့ စိတ်တွေရှိတဲ့ အခါကျတော့ဒါ အောင်မြင်မယ် လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အမေ့ အနေနဲ့ အနုပညာရှင်တွေ အလုပ်ကို ဝင်ပြီးတော့ နှောင့်ယှက်တာမျိုး မလုပ်ပါဘူး၊ ဝင်ပြီတော့ ချုပ်ချယ်တာမျိုး မလုပ်ပါဘူး၊ ဒါပေမဲ့လည်း တချို့နေရာတွေမှာ အမေ့ကိုလည်း အကြံ ဥာဏ် တောင်းတာတွေတော့ ရှိမှာပေါ့၊ အဲဒီအခါကျလို့ ရှိရင်တော့လည်း အမေမြင်တာတွေ ပြောပြမှာပေါ့။
မေး။ ။ ဒီအသက်အရွယ်မှာ အမြဲတမ်း လန်းဆန်းပြီး သွက်သွက် လက်လက် နေထိုင်နိုင်အောင် ဘယ်လိုများကျင့်ကြံနေထိုင်ပါသလဲ
ဖြေ။ ။ စည်းကမ်းနဲ့နေတယ် (ရယ်လျက်)။ နောက်ဆုံး ဒါပါပဲ။ စည်းကမ်း ရှိရှိ နေလို့ရှိရင် ကျန်းမာရေးကောင်းပါတယ်။
မေး။ ။ အခု အမေရေးတဲ့စာတွေကို စာဖတ် ပရိသတ်က သဘောကျ တာတွေ များတယ် ဆိုတော့ စာအုပ်တွေ ဘာတွေရော ထွက်ဖို့ရှိပါသလား ခင်ဗျ၊
ဖြေ။ ။ စာအုပ်..၊ ခု သတ်သတ် လုံချင်း စာအုပ်ထုတ် ဖို့တော့ အချိန်လည်း မရှိဘူး၊ အဲဒီတော့ အစီအစဉ် လည်း မရှိသေးပါဘူး၊
မေး။ ။ အမြဲပဲကျင့်သုံးနေထိုင်တဲ့ ဘဝနေနည်း လေးတစ်ခု၊ အဲဒီနည်းလေး တစ်ခုကို စာဖတ် ပရိသတ်အတွက် မျှဝေပေးနိုင်မလားခင်ဗျ။
ဖြေ။ ။ ဘဝနေနည်း…၊ ဘဝနေနည်း ဆိုတော့ ပြောရတော့ ခက်တယ်၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်နော်။ အမေကတော့ အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်မယ်လို့ပဲ စိတ်ထဲမှာ ထားတယ်၊ အဖြစ်ကို အဖြစ်အတိုင်း မရင်ဆိုင် ဘဲနဲ့ ရှောင်လို့ရှိရင် ဘဝမှာ တိုးတက်မှုမရှိနိုင်ဘူး၊ ရှင်သန်ဖို့လည်း မရှိနိုင် ဘူး၊ အဲဒီတော့ ဘာမဆိုရင်ဆိုင် ရဲရမယ်၊ အဲလို ရင်ဆိုင်တဲ့ အခါကျလို့ရှိရင် ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချ၊ ဒီဆုံးဖြတ်ချက်အတွက် ကိုယ်တိုင် တာဝန်ယူ ရမယ်၊ ဟိုလူ့ကို လွှဲချ ဒီလူ့ကိုလွှဲချ ဒီလို မလုပ်ရဘူး။ တာဝန်ယူတဲ့ တာဝန်ယူစိတ်ရှိရ မယ်။
မေး။ ။ နိုင်ငံတော်သမ္မတကြီးက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြော သွားတာပါ၊ သူ့ အနေနဲ့ သမ္မတ ဒုတိယသက်တမ်းကို ပြည်သူ့ဆန္ဒ ရှိရင် သူက အရွေးချယ် ခံမယ်လို့ ပြောထားတာ ကြောင့် အမေ့ရဲ့အမြင် သဘောထားလေး တစ်ချက်လောက်တော့ သိပါရစေ။
ဖြေ။ ။ အဲဒါ နောက်သက်တမ်းမှာ အရွေးချယ်ခံ ချင်တဲ့ ဘယ်သူမဆို အားလုံးကနေပြီးတော့ မျှမျှတတ အခြေခံပေါ် ကနေပြီးတော့ အရွေးချယ် ခံနိုင် အောင်လို့ ကြိုး စားပေးသင့်တယ်။ အခုပြိုင်ရမှာပဲ၊ အခုဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက တရားမှ မတရားတာ၊ တရားမမျှတတဲ့ ဥပဒေ အရတော့ ခေါင်းဆောင်လုပ်ချင်တဲ့ စိတ်မရှိသင့်ဘူးလို့ ဒီလို ပဲ မြင်ပါတယ်။
မူရင်း..Yati Magazine
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသောဆောင်းပါးဖြစ်ပါသည်။ ယုံကြည်မှုဖြင့် ရင်ဆိုင်ကျော်လွှားခြင်း
``ဖေဖေရဲ့ ဇာတိမြို့ဖြစ်တဲ့
နတ်မောက်ကိုရောက်တော့ ဖေဖေ ငယ်ငယ်တုန်းက စာသင်ခဲ့တဲ့ ဘုန်းကြီးကျောင်းကို
ကျွန်မသွားခဲ့ပါတယ်။ အဲဒီမှာ ဆရာတော်က ကျဆုံးပျက်စီးခြင်းအကြောင်းတရား လေးပါး
ကို ဟောကြားခဲ့ပါတယ်။ ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်ရအောင်
ကြိုးပမ်းမှုမရှိခြင်း၊ ပျက်စီးသွားတဲ့အရာတွေကို ပြုပြင်ရန်ပျက်ကွက်ခြင်း၊
သင့်တင့်လျောက်ပတ်သော ခြိုးခြံချွေတာ မှုပြုလုပ်ဖို့လို အပ်တာကို အလေးဂရုမပြုခြင်း၊ အကျင့်သီလ ဒါမှမဟုတ် စာပေပညာမရှိတဲ့ သူတွေကို ခေါင်းဆောင်တင်မြှောက်ခြင်းတို့ ပဲ
ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ တရားမျှတပြီး သာယာဝပြောတဲ့ လူ့ဘောင်အဖွဲ့
အစည်းကို ထူထောင်နိုင်ဖို့ရာအတွက် အဲဒီရိုးရာအစဉ်အလာ ဗုဒ္ဓဘာသာ
အဆုံးအမတွေကို ဘယ်လိုအဓိပါယ်ကောက်ယူပြီး နားလည်သင့်တယ်ဆိုတာကိုလည်း
ဆရာတော်က ရှင်းပြလိုက်ပါသေးတယ်။´´
Eternal Light Magazine
06 December 2012
နိုဗယ်ငြိမ်းချမ်းဆုရှင်ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး
Add caption |
တည်နေရာအရပ်ရပ်တွင် လူများစွာ ဖြတ်သန်းခဲ့ နေကြသည်။ သို့သော် အသွင်သဏ္ဌာန် ကွဲပြားမှုကိုယ်စီ ရှိကြမည်ထင်၏။ ဘဝသည် လိုချင်သော သရုပ်ဖော်ပုံတူရေးဆွဲ ရနိုင်ဖို့ရာ ခက်ခဲမည်ဖြစ်ရကား လှုပ်ရှား ရုန်းကန် နေကြရသော လူ့လောက၏ ပုံသေမဟုတ်သော ကားချပ်များကို အသွင်ကူးပြောင်းရေး ကာလများတွင် အသက်ဆက် ရှင်သန်နေနိုင်ရေး အတွက် မည်သည့်ခေတ် မည်သည့်ကာလ၊ မည်သည့် အချိန်မဆို ရှင်သန် အားထုတ် နေကြရသည် မဟုတ်ပါလား။ လန်းဆန်းသည် (သို့မဟုတ်) ပင်ပန်းသည်။ ချမ်းသာသည် (သို့မဟုတ်) ဆင်းရဲသည် အစစ သော လူတစ်ဦး တစ်ယောက်၏ လှုပ်ရှားရုန်းကန် နေရသော ဘဝအချိုး အကွေ့ များစွာ..။ နောက်ပြန်လှည့် ကြည့်ပါက ကျန်နေခဲ့ သော သက္ကရာဇ် များကို လက်ချိုးရေတွက်ရုံဖြင့် မပြီးသာ…။ ကမ္ဘာ ၊မြို့ ၊ ရွာ၊ကျေးလက် သက်ရှိ လူတို့၏ အချို့ အချို့သော အားထုတ်ရုန်းကန်နေ မှုတို့သည် သမိုင်း တစ်စ ၊အနာဂတ်တစ်ခု၊ မှတ်သားလောက် စရာအချို့အဖြစ် ကျန်နေရစ်မည်မှာ အချိန် ကာလတစ်ခုအထိ သေချာမည်ထင်၏။
မလျှောက် ရသေးသော လမ်းကို ရွေးချယ်လျှောက်လှမ်းနိုင်စွမ်း
မေး။ ။ပထမဦးဆုံးအနေနဲ့ မျိုးချစ်စိတ်ဆိုတာ ဘယ်အချိန်က စပြီး ခံစား မိတာလဲဆိုတာ သိပါရစေ ခင်ဗျာ။
ဖြေ။ ။ အဲဒီမျိုးချစ်စိတ် ၊ မျိုးချစ်စိတ်ဆိုတဲ့ အကြောင်းကို သိပ်မပြော ချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့တချို့က မျိုးချစ်စိတ်၊ မျိုးချစ်စိတ်ဆိုပြီး ကိုယ်လုပ်ချင်တာ လုပ်တာ မျိုးကို မျိုးချစ်စိတ်နဲ့ အကြောင်းပြပြီး မျိုးချစ် စိတ်နဲ့ လုပ်တယ်လို့ ပြောတယ်၊လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ကိုယ့်အမျိုးအဆွေ ကိုယ့်မောင်နှမသား ချင်းတွေကို ချစ်သလို ကိုယ့်ရဲ့ လူမျိုးချစ်တဲ့ စိတ် ကတော့ အမြုတေအားဖြင့်တော့ ရှိနေမယ်လို့ ထင်ပါတယ်။
မေး။ ။ အမေ့ရဲ့ မပြောင်းလဲခဲ့တဲ့ မြန်မာဝတ်စုံ နဲ့ပတ်သတ်ပြီး တစ်ခုလောက် မေးပါရစေ၊ အမေ က မြန်မာပြည်က အမျိုးသမီးထုကို လမ်းပြပေးခဲ့တဲ့ ပုံစံမျိုးလား။
ဖြေ။ ။မဟုတ်ပါဘူး၊ အမေ့ဘာသာ အမေ ကြိုက်လို့ ဝတ်တာပါ၊
မေး။ ။ အမေ့အနေနဲ့ ပြည်ပ ခရီးစဉ်တွေ မှာဝတ်ခဲ့တာကို ကမ္ဘာ မှာ မြန်မာ ဝတ်စုံနဲ့ ပတ်သတ်ပြီး သတိထား လာကြတယ်လို့ ပြောလာကြ တယ်၊ အဲဒါနဲ့ ပတ်သတ်ပြီး ဖန်တီးပေးထားတဲ့သူ၊ ဒီဇိုင်နာပေါ့ ၊ခုလည်း လွှတ်တော် မှာ ဝတ်ဆင်နေတဲ့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ပြောလို့ ရရင်ပြောပေးပါဗျ၊
ဖြေ။ ။ ခုဝတ်ထားတာက ကရင်လုံချည်ပေါ့၊ (ရယ်လျက်)၊ အင်း….ဒီဇိုင်နာ ရယ် လို့ မရှိပါ ဘူး၊ ဒီလိုပဲ ..၊ တချို့တွေကျတော့ သူများတွေ ချုပ်ပြီးပေး လည်း အမေဝတ်တာပဲ၊ သူများပေးတာ ဝတ်တာ များတာပေါ့နော်၊ နောက် ထပ် ကိုယ့်ဟာ ကိုယ်လည်း ဒီလိုပဲ ချုပ်ဝတ်တာပဲ၊ ဒီဇိုင်နာရယ်လို့ တော့ မဟုတ်ပါဘူး။
မေး။ ။ ဘဝမှာ အတွေ့အကြုံ အပြောင်းအလဲ တွေ ကြားမှာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ကျော်ဖြတ်ခဲ့တာလဲ၊ အဓိက စိတ်ဓာတ်လေး တစ်ခု သိပါ ရစေ။
ဖြေ။ ။ အဲ့ဒါပြောရခက်တယ်၊ စိတ်ဓာတ်ဆိုတာ တစ်မျိုးတည်းမှ မဟုတ် တာဘဲ၊ ကိုယ်တွေ့ကြုံရတဲ့ ဖြစ်ရပ်တွေပေါ်မှာ မူတည်ပြီးတော့ စိတ်ဓာတ် က ပြောင်းလဲတာပေါ့၊ ပျော့ပျောင်းသင့်တဲ့ နေရာမှာ ပျော့ပျောင်းတယ်။ တင်းမာသင့်တဲ့နေရာမှာ တင်းမာတယ်၊ အဲဒီတော့ အမေအမြဲပဲပြောတယ် တင်းမာတာမဟုတ်ဘူး၊ခိုင်မာတာပေါ့
မေး။ ။မိသားစုနဲ့ ခွဲခွာခဲ့ရတဲ့ အချိန်မှာ ကြံ့ကြံ့ ခိုင်နေထိုင်နိုင်ခဲ့တဲ့ သတ္တိကိုလည်း တစ်ချက် လောက်သိပါရစေ။
ဖြေ။ ။ အဲဒါကတော့ တာဝန်သိစိတ်လို့ပဲ ပြောရ မှာပဲ၊ အမေတို့ ငယ်ငယ် တည်းက မေမေ (ဒေါ်ခင်ကြည်) က အင်မတန်မှ တာဝန်သိတယ်၊ မေ့မေ့ရဲ့ တာဝန်သိစိတ်က အင်မတန်မှလည်း ကြီးတယ်၊ ကလေးတွေကိုလည်း တာဝန်သိစိတ်ရှိဖို့ သင်ထားတယ်။ အဲတော့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအရ ခံစားချက်တွေထက် ကိုယ့်တာဝန်လို့လက်ခံတဲ့ ကိစ္စကို ရှေ့တန်းတင် ရမယ်ဆိုတဲ့ ဟာကိုတော့ ဒါငယ်ငယ်က ပြုစုပျိုးထောင်ထားခဲ့တာပါ။
မေး။ ။ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း အဓိပ္ပာယ်ကို ကျတော့ ဘယ်လို အဓိပ္ပာယ် ဖွင့်ချင်ပါသလဲ ခင်ဗျ။
ဖြေ။ ။မှန်ကန်ခြင်း ဆိုတာကတော့နော်၊ တစ်ယောက်နဲ့ တစ်ယောက် ဘယ်ဟာက မှန်ကန်သလဲ ဆိုတာ တစ်ခါတလေ အငြင်းပွားကြတာပေါ့၊ ဒါပေမဲ့လည်း ကိုယ့်ရဲ့ ဖေဖေပြောခဲ့တဲ့ အသုံး အနှုန်းဆိုရင်တော့ ကိုယ့်လိပ်ပြာခုံ ရုံးရှေ့မှာ ကိုယ်မားမားမတ်မတ် ရပ်တည်နိုင်မှ။ မှန်ကန်လား မမှန်ကန်လား ဆိုတာ အဲ့ဒါနဲ့ ဆုံးဖြတ်ရမှာပေါ့၊ ရဲရင့်တယ် ဆိုတာက ကိုယ် မှန်ကန်တဲ့ ကိစ္စအတွက် ထိမယ်ထင်ရင်လည်း၊ နာမယ် ထင်ရင်လည်း ထိမှာ နာမှာကို ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိကို ထုတ်တာဟာ ..ဒါ ရဲရင့် တာပေါ့၊
မေး။ ။ အခု ပြုပြင်ပြောင်းလဲရေး ကာလမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအရေး တွေပေါ့။ အဲဒါမှာ ဘယ်အရာက မြန်မာနိုင်ငံ အတွက် ပထမဆုံး အဓိက လိုအပ်မယ်လို့ ထင်မိ ပါသလဲ ။
ဖြေ။ ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာ ပညာရေး ကတော့ အဓိက အရေးကြီးတယ်။ ပညာ ရေးကို အခြေခံမှ မှန်ကန်တဲ့ စီးပွားရေး မူတွေ လည်း ချနိုင်မယ်၊ မှန်ကန်တဲ့ စီးပွားရေးလမ်းကိုလည်း လျှောက်နိုင် မယ်။ နောက် ..လူမှုရေးက လည်း ပညာရေးက အများကြီး အကျုံးဝင် တာပေါ့လေ၊ ပညာရေးက မှန်ကန်လို့ရှိရင် မှန်ကန်တဲ့ လူမှုရေး ဆက်ဆံ မှုတွေကလည်း မှန်ကန် လာမှာပေါ့၊ အမေတို့ ငယ်ငယ်တုန်းကဆိုလို့ရှိရင် စိတ် ဓာတ်ကောင်းမွန်ဖို့ ..။ ဒါမျိုးတွေက အများကြီး သင်တာတွေ ရှိတယ်၊ သား တို့ခေတ်မှာ ဒါ တွေက ကျောင်းတွေမှာ သိပ်မသင်ဘူးပေါ့။ အဲတော့ ပညာရေးက စိတ်ဓာတ်မှန်ကန်ဖို့နဲ့ ဆက်စပ်တယ် ဆိုတော့ လူမှုရေးနဲ့လည်း ဆက်စပ်သွားတာပေါ့။
အောင်ထက် (NYK)
ဆက်လက်ဖော်ပြပါမည်။
05 December 2012
ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ်
ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ..... မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား ။ မသေသေးဘူးဗျ။
ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ..... မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား ။ မသေသေးဘူးဗျ။
ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့ အပိုအလျှံ အိုဒဏ်ပေးလေတယ်
မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ
ဖြစ်နေတယ်ဗျာ။
ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေး ခဲ့တဲ့ ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ် တွေကို ဖတ်ပြီးမှ သေကြဟဲ့” လို့ အမိန့်တော်မြတ် ချမှတ်တော်မူလေသလား မသိပေါင်ဗျာ။
ကျုပ်တို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေကထောင်ကြိုခေ တ်
ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း
ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ် ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင်
မဟာသခင်ဆိုတဲ့ အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့
သူတွေဗျ။
ဘယ်သူ ဘယ်ဝါ ဘယ်ကလောက် ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေ ကတော့ လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။
ကြားကြမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့ အိမ်တော်ပါတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊ တံမြတ်လှည်း၊ ဥယျာဉ်ထဲ ရွက်ကြွေကောက်၊ ထဘီခေါက်၊ ဆံပင်ဆိုး၊ ဘိုးဘိုးကြီးအနှိပ်တော်ဆက်၊ အဘက်ဘက်အဖုံဖုံ လုပ်ငန်းတွေ စုံတကာစေ့အောင် ခိုင်းထားတဲ့လူတွေလေ။ နည်းတော့ မနည်းဘူးပေါ့။ များတော့ကော ဘာဖြစ်ရဦးမှာလဲဗျာ။
အခု ပြည်ထောင်စု လွှတ်တော်မှာ တောင်းထားတာက လူပေါင်း ၄၀၀ ကျော်လောက်အတွက်ပါ။ ငွေကလည်း ကျပ်သိန်းပေါင်း ၁၇၀၀ လောက်ပါ။ ဒါလေးများ စကားထဲ ထည့်ပြောနေရဦး မှာလားဗျာ။ ဟဲ.......ဟဲ။
လူကြီးတွေ၊ လူကြီးကတော် တွေ၊ လူကြီး သားတော်သမီးတော်တွေကို ရေပူရေချမ်း ကမ်းနေသူတွေ မဟုတ်လား။ လူကြီးတွေက ကျေးဇူးရှင်တွေဆိုတော့ သူတို့လည်း ကျေးဇူးရှင် ကြီးတွေရဲ့ ကျေးဇူးရှင်လေးတွေလေဗျာ။
အဲ့ဒီ ကျေးဇူးရှင်ကြီးတွေတို့ ဆိုတာက အခုနိုင်ငံတော်သမ္မတကြီးတို့ဆိုသူတွေရဲ့ ကျေးဇူးရှင်တွေ လေဗျာ။ ကျေးဇူးသိရမှာပေါ့။ မင်္ဂလာ တရားတော် မမေ့ကြနဲ့နော်။
နိုင်ငံတော် သမ္မတကြီးတို့ကတော့ မမေ့လို့ပဲ အဲ့ဒီလို ကျေးဇူးရှင်တွေကို ထောက်ပံ့ဖို့သူ့ရဲ့ လစာရိက္ခာ တော်တွေကိုတောင် ဖြစ်ညှစ်လျှော့ပေါ့ ယူနေရှာတယ်ဗျ။ တစ်လမှ တစ်ဆယ့်ငါးသိန်း လောက်ပဲယူရှာတာ ကြည့်လေ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေက သာခွေယိုင် မဟုတ်လား။ ကောင်းလှတာ မဟုတ်ဘူးလေဗျာ။ သူတို့ အလိုက်ကမ်းဆိုး သိရှာပါတယ်။
ကျူပ်ကတော့ ခေါင်းသုံးလုံးရွယ် ဆိုတော့ခါးကုန်းလေ၊ အကျယ်မြင်လေ၊ အရှည်တွေးလေ ဖြစ်နေ တယ်ဗျာ။
ကျေးဇူးသိတတ်တဲ့ သမ္မတအစိုးရရဲ့ ဝန်ကြီးတစ်ပါးက လက်ပံတောင်းကြေးနီတောင်မှာ ကယောင်က တမ်းအပြေးအလွှား မိန့်ခွန်းစကားတွေ ခြွေခဲ့တယ်ဗျာ။ ဘာတွေပြောမှန်းမသိပါဘူး။ ဝန်မင်းရဲ့ စကားတစ်ချို့ ကိုတော့ ဟိုက၊ ဒီက ကြားလိုက်ရသဗျ။ ဝန်းမင်းကပြောတယ်တဲ့။ တရုတ်ပေါက်ဖော်တွေရဲ့ ကျေးဇူးတော်ကို မ မေ့ကြနဲ့တဲ့။ တရုတ်နိုင်ငံဟာ ကျေးဇူးရှင်ကြီးတွေတဲ့။ တရုတ်ကျေးဇူး ဧရာမကြီးသတဲ့။ ကြေးစင်တောင်ထက် ကြီးတယ်။ မြင်းမိုရ်တောင်လောက် ကြီးတယ်လို့ ဆိုလိုတာနဲ့တူပါရဲ့။
ကျုပ်က ဒီလို တွေးကြောက်မိသဗျာ။
တရုတ်မွေးလို့ အမွေး-အတောင်ပေါက်တဲ့ စစ်အာဏာရှင်ကြီးတွေကိုတောင် ကျုပ်တို့ ဒီလောက် ကျေးဇူးသိနေကြ ရမှာလား။ တရုတ် ကိုယ်တော်ကြီးတွေကိုဆို ဘယ်ပြောကောင်းမလဲ။ တော်ကြာ သမ္မအစိုးရမင်းများက တရုတ်ပေါက်ဖော် ကျေးဇူးတော်ကို သိကြဟဲ့၊ ဆပ်ကြဟဲ့ဆိုပြီး လွှတ်တော်တင်လား၊ တောင်းလား ဆိုလား၊ ဆုံးမလား လုပ်လာရင်၊ သက်သာမှာ မဟုတ်ဘူးဗျို့။
ကျုပ်ခမျာ ဒီလိုတွေးကြောက်တာတွေလည်း ရှိသဗျ။
စစ်အာဏာရှင်ကြီးတွေဟာ ကျုပ်တို့ရဲ့ ကျေးဇူး ရှင်တွေလား၊ မဟုတ်ရေးချ မဟုတ်ဗျ။ စစ်အာဏာရှင်ကြီးတွေက စစ်အာဏာရှင် အသေးစားတွေ၊ ချွတ်တားဝါး လားတွေရဲ့ ကျေးဇူးတော် ရှင်တွေသာ ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျာ။ ဒီအတိုင်းပဲ။ တရုတ်ပေါက်ဖော်တွေဆိုတာ စစ်အာဏာရှင် ကြီးတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ပေမှာပေါ့ဗျာရယ်လို့ မကြောက်မတမ်း ပြောချင်သဗျ။
ဘာပြောပြောဗျာ။ ကျုပ်ကတော့ ပူမိတယ်ဗျာ။ အစိုးရက တရုတ်ကျေးဇူးတော်ကို ဆပ်ကြရမဟဲ့ ဆိုပြီး အမိန့်တော်မြတ် ချမှတ်မယ်ဆိုပါတော့။ ငါမသေခင် ထမင်းမှ ဝအောင်စားသွားရပါ့မလား ရယ်လို့ ဗိုက်တပွတ်ပွတ် ဖြစ်နေမိသဗျာ။
ကျုပ်ရဲ့ ဥာဏ်တစ်မိုက်တစ်ထွာနဲ့ မိုက်ရာကျကျ ပြောလိုက်မယ်။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူး ဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကို တူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။
ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်း ဟေ့လို့
ကျုပ်ကို ခိုင်းကြည့်။ ရှစ်လေးလုံး အရေး တော်ပုံကြီးမှာ
သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။ အရေးတော်ပုံ အဆက်ဆက်
ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။
ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီ အရေးတော် ပုံတပ်သားတွေရဲ့ ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။
အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။
အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။
ဟံသာဝတီဦးဝင်းတင် - ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆) မှ ကူးယူဖေါ်ပြပါတယ်။
ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေး ခဲ့တဲ့ ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ် တွေကို ဖတ်ပြီးမှ သေကြဟဲ့” လို့ အမိန့်တော်မြတ် ချမှတ်တော်မူလေသလား မသိပေါင်ဗျာ။
ကျုပ်တို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေကထောင်ကြိုခေ
ဘယ်သူ ဘယ်ဝါ ဘယ်ကလောက် ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေ ကတော့ လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။
ကြားကြမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့ အိမ်တော်ပါတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊ တံမြတ်လှည်း၊ ဥယျာဉ်ထဲ ရွက်ကြွေကောက်၊ ထဘီခေါက်၊ ဆံပင်ဆိုး၊ ဘိုးဘိုးကြီးအနှိပ်တော်ဆက်၊ အဘက်ဘက်အဖုံဖုံ လုပ်ငန်းတွေ စုံတကာစေ့အောင် ခိုင်းထားတဲ့လူတွေလေ။ နည်းတော့ မနည်းဘူးပေါ့။ များတော့ကော ဘာဖြစ်ရဦးမှာလဲဗျာ။
အခု ပြည်ထောင်စု လွှတ်တော်မှာ တောင်းထားတာက လူပေါင်း ၄၀၀ ကျော်လောက်အတွက်ပါ။ ငွေကလည်း ကျပ်သိန်းပေါင်း ၁၇၀၀ လောက်ပါ။ ဒါလေးများ စကားထဲ ထည့်ပြောနေရဦး မှာလားဗျာ။ ဟဲ.......ဟဲ။
လူကြီးတွေ၊ လူကြီးကတော် တွေ၊ လူကြီး သားတော်သမီးတော်တွေကို ရေပူရေချမ်း ကမ်းနေသူတွေ မဟုတ်လား။ လူကြီးတွေက ကျေးဇူးရှင်တွေဆိုတော့ သူတို့လည်း ကျေးဇူးရှင် ကြီးတွေရဲ့ ကျေးဇူးရှင်လေးတွေလေဗျာ။
အဲ့ဒီ ကျေးဇူးရှင်ကြီးတွေတို့ ဆိုတာက အခုနိုင်ငံတော်သမ္မတကြီးတို့ဆိုသ
နိုင်ငံတော် သမ္မတကြီးတို့ကတော့ မမေ့လို့ပဲ အဲ့ဒီလို ကျေးဇူးရှင်တွေကို ထောက်ပံ့ဖို့သူ့ရဲ့ လစာရိက္ခာ တော်တွေကိုတောင် ဖြစ်ညှစ်လျှော့ပေါ့ ယူနေရှာတယ်ဗျ။ တစ်လမှ တစ်ဆယ့်ငါးသိန်း လောက်ပဲယူရှာတာ ကြည့်လေ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေက သာခွေယိုင် မဟုတ်လား။ ကောင်းလှတာ မဟုတ်ဘူးလေဗျာ။ သူတို့ အလိုက်ကမ်းဆိုး သိရှာပါတယ်။
ကျူပ်ကတော့ ခေါင်းသုံးလုံးရွယ် ဆိုတော့ခါးကုန်းလေ၊ အကျယ်မြင်လေ၊ အရှည်တွေးလေ ဖြစ်နေ တယ်ဗျာ။
ကျေးဇူးသိတတ်တဲ့ သမ္မတအစိုးရရဲ့ ဝန်ကြီးတစ်ပါးက လက်ပံတောင်းကြေးနီတောင်မှာ ကယောင်က တမ်းအပြေးအလွှား မိန့်ခွန်းစကားတွေ ခြွေခဲ့တယ်ဗျာ။ ဘာတွေပြောမှန်းမသိပါဘူး။ ဝန်မင်းရဲ့ စကားတစ်ချို့ ကိုတော့ ဟိုက၊ ဒီက ကြားလိုက်ရသဗျ။ ဝန်းမင်းကပြောတယ်တဲ့။ တရုတ်ပေါက်ဖော်တွေရဲ့ ကျေးဇူးတော်ကို မ မေ့ကြနဲ့တဲ့။ တရုတ်နိုင်ငံဟာ ကျေးဇူးရှင်ကြီးတွေတဲ့။ တရုတ်ကျေးဇူး ဧရာမကြီးသတဲ့။ ကြေးစင်တောင်ထက် ကြီးတယ်။ မြင်းမိုရ်တောင်လောက် ကြီးတယ်လို့ ဆိုလိုတာနဲ့တူပါရဲ့။
ကျုပ်က ဒီလို တွေးကြောက်မိသဗျာ။
တရုတ်မွေးလို့ အမွေး-အတောင်ပေါက်တဲ့ စစ်အာဏာရှင်ကြီးတွေကိုတောင် ကျုပ်တို့ ဒီလောက် ကျေးဇူးသိနေကြ ရမှာလား။ တရုတ် ကိုယ်တော်ကြီးတွေကိုဆို ဘယ်ပြောကောင်းမလဲ။ တော်ကြာ သမ္မအစိုးရမင်းများက တရုတ်ပေါက်ဖော် ကျေးဇူးတော်ကို သိကြဟဲ့၊ ဆပ်ကြဟဲ့ဆိုပြီး လွှတ်တော်တင်လား၊ တောင်းလား ဆိုလား၊ ဆုံးမလား လုပ်လာရင်၊ သက်သာမှာ မဟုတ်ဘူးဗျို့။
ကျုပ်ခမျာ ဒီလိုတွေးကြောက်တာတွေလည်း ရှိသဗျ။
စစ်အာဏာရှင်ကြီးတွေဟာ ကျုပ်တို့ရဲ့ ကျေးဇူး ရှင်တွေလား၊ မဟုတ်ရေးချ မဟုတ်ဗျ။ စစ်အာဏာရှင်ကြီးတွေက စစ်အာဏာရှင် အသေးစားတွေ၊ ချွတ်တားဝါး လားတွေရဲ့ ကျေးဇူးတော် ရှင်တွေသာ ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျာ။ ဒီအတိုင်းပဲ။ တရုတ်ပေါက်ဖော်တွေဆိုတာ စစ်အာဏာရှင် ကြီးတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ပေမှာပေါ့ဗျာရယ်လို့ မကြောက်မတမ်း ပြောချင်သဗျ။
ဘာပြောပြောဗျာ။ ကျုပ်ကတော့ ပူမိတယ်ဗျာ။ အစိုးရက တရုတ်ကျေးဇူးတော်ကို ဆပ်ကြရမဟဲ့ ဆိုပြီး အမိန့်တော်မြတ် ချမှတ်မယ်ဆိုပါတော့။ ငါမသေခင် ထမင်းမှ ဝအောင်စားသွားရပါ့မလား ရယ်လို့ ဗိုက်တပွတ်ပွတ် ဖြစ်နေမိသဗျာ။
ကျုပ်ရဲ့ ဥာဏ်တစ်မိုက်တစ်ထွာနဲ့ မိုက်ရာကျကျ ပြောလိုက်မယ်။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူး ဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကို တူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။
ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်း
ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီ အရေးတော် ပုံတပ်သားတွေရဲ့ ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။
အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။
အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။
ဟံသာဝတီဦးဝင်းတင် - ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆) မှ ကူးယူဖေါ်ပြပါတယ်။
04 December 2012
03 December 2012
သမ္မတကြီးဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် ဒေါ် အောင်ဆန်းစုကြည် တို့ အာဆီယံ ခေါင်းဆောင်မှု ဖိုရမ်တွင် မိန့်ခွန်းပြောမည်
အာဆီယံ နိုင်ငံများ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် အရပ်ဘက် အဖွဲ့အစည်း
များမှ ခေါင်းဆောင်များ ပါဝင်သည့် အာဆီယံ ခေါင်းဆောင်မှု ဖိုရမ်သို့
ကမ္ဘာ့ထိပ်တန်း တွေးခေါ် မြော်မြင်သူ စာရင်းတွင် ထိပ်ဆုံး နေရာ၌ ပူးတွဲ
ရရှိထားသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေး နိုဗယ်
ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက် မိန့်ခွန်း ပြောကြား သွားမည်
ဖြစ်ကြောင်း ယင်းဖိုရမ်ကို ဦးစီး ကျင်းပသူ Dato Timothy Ongက ပြောကြားသည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် "မြန်မာနိုင်ငံ ၏ စိန်ခေါ်မှု များနှင့် အခွင့်အလမ်းများ" ကို ပြောကြားမည် ဖြစ်ပြီး နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က "အကျပ်အတည်း ကာလ အတွင်း ကြံ့ကြံ့ ခံနိုင်မှု" ခေါင်းစဉ်ဖြင့် မိန့်ခွန်း တစ်ရပ် ပြောကြားမည် ဖြစ်သည်။
"နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင် နေသော မြန်မာနိုင်ငံ အတွက် အရေးပါတဲ့ အချိန် ဖြစ်သလို အာဆီယံ အသိုက်အဝန်း အတွက်လည်း ပထဝီ နိုင်ငံရေးနှင့် စီးပွားရေး ပကတိ အခြေအနေ အရ ပူးပေါင်း ဆောင်ရွက် ရမယ့် အရေး ပါတဲ့ အချိန်ပါပဲ" ဟု Dato Timothy Ong က ဆိုသည်။
ယင်းဖိုရမ်ကို မြန်မာ နိုင်ငံရှိ ဆီဒိုးနား ဟိုတယ်တွင် ဒီဇင်ဘာ ၅ရက်မှ ၆ရက်ထိ နှစ်ရက်တိုင် ကျင်းပ သွားမည် ဖြစ်သည်။ ယင်းဖိုရမ်သို့ နောက် ငါးနှစ်တာ ကာလ အတွင်း အာဆီယံ အသိုက်အဝန်းကို ဦးဆောင်မည့် အတော်ဆုံးနှင့် အထက်မြက်ဆုံး လူငယ်နှင့် အမျိုးသမီးများ တက်ရောက်ပြီး အာဆီယံ ဒေသတွင်း အဓိက အရေးပါသော စီးပွားရေး၊ နိုင်ငံရေး၊ လူမှု အဖွဲ့အစည်း များနှင့် သက်ဆိုင်သည့် ကိစ္စရပ် များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း ယင်းဖိုရမ် ထုတ်ပြန်ချက် အရ သိရသည်။

02 December 2012
တရုတ် တီဗီချယ်နယ်က လွှင့်ထုတ်သွားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘဝဇာတ်ကြောင်း ရုပ်သံမှတ်တမ်း
တရုတ် တီဗီချယ်နယ်က လွှင့်ထုတ်သွားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘဝဇာတ်ကြောင်း ရုပ်သံမှတ်တမ်း
ဒေါ်အောင်ဆန်းစုကြည် ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး(ရုပ်သံ) နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဖွဲ့စည်း.....
ဒေါ်အောင်ဆန်းစုကြည် ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး... (ရုပ်သံ ဆင်ပေါက်)
သမ္မတဦးသိန်းစိန် အမိန့်နဲ့ထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ဖွဲ့စည်း