20 February 2010

(၆၂)မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြင့် ဘဘဦးတင်ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုချီးမြင့်ပွဲ မှတ်တမ်းဓာတ်ပုံ.....



ယနေ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေအိမ်၌ ပြုလုပ်သော ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦးအား ဂုဏ်ပြုပွဲတွင် ချင်းအမျိုးသားများမှ (၆၂)မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အဖြင့် ဘဘဦးတင်ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆု ကို ချီးမြင့်လိုက်ပါသည်။ အခမ်းအနား ကို ၀ါရင့်နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် များတက်ရောက်ခဲ့ကြသည် ။ အဆိုပါအခမ်းအနားကို နံနက် ၁၀ နာရီတွင်စတင်ကျင်းပပြီး နေ့ လည် ၁၂ နာရီခန့်  တွင်ပြီးဆုံးခဲ့ပါသည် ။

ဓာတ်ပုံများ အောက်တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။








ဤဓာတ်ပုံ များကို ကူးယူဖော်ပြနိုင်ပါသည်.။ ဂုဏ်သိက္ခာရှိစွာဖြင့် မည်သူရှိက ရယူထားပါသည် ဟု
ဖော်ပြပေးပါရန် မေတ္တာရပ်ခံ ပါသည်.။

ကိုယ့် အကြိုက်

ဘလော့ဂါ မငယ်နိုင်က ကျမကို ကိုယ်အကြိုက်ဆုံး ဆိုတဲ့ ခေါင်းစီးနဲ့ tagထားပါတယ်။ ဒီလိုတခါမှ tagတာမခံရဘူးဘူးလေ။ ကျွန်မတို့က နိုင်ငံရေးသတင်းတွေ အဓိကရေးတော့ ရသလိုင်းတွေ သိပ်မပိုင်ဘူးလေ။ သို့ပေမယ့်ကျမသိပ်နှစ်သက်တဲ့ မြန်မာအမျိုးသမီး ဘလော့ဂါ တယောက်ဖြစ်တာရယ်….နဂိုကတည်းက လေးစားတဲ့ အတွက်ကြောင့် ကျမအနေနဲ့ ကိုယ်တတ်သလောက် မှတ်သလောက်ရေးလိုက်ပါတယ်။

ကိုယ့်အကြိုက်ဆိုပြီးtagထားတဲ့ပို့စ်လေးတွေကိုကျမလိုက်ကြည့်လိုက်ဖတ်မိတာကတော့မြန်မာ
အမျိုးသမီးတော်တော်များများနှစ်သက်မြတ်နိုးကြတဲ့ထမီလေးတွေကိုရေးကြတယ်ကိုယ့်အကြိုက်
(ထမီ)ဆိုပြီးရေးထားတာပါ။ခုကျမကိုtagထားတဲ့မငယ်နိုင်ကတော့ကိုယ့်အကြိုက်ဆိုပေမယ့်ကျမက
တော့ထမီအကြောင်းကိုမရေးတော့ဘူးတော်တော်များများလဲရေးနေကြပြီပါပြီး။ကျမထမီကိုမနှစ်သက်
လို့မဟုတ်ပါဘူး။ထမီထက်ပိုနှစ်သက်တာတွေကျမမှာရှိနေလို့ပါ .။

ဘဝနဲ့ပဲ ပြောရမယ်ထင်တယ်.၊ ကိုယ့်အကြိုက် ဆိုလို့ ခေါင်းစဉ်လေးကတော့သိပ်နှစ်သက်စရာ လေးပါဘဲနော်..။ လူတိုင်း ဘဝမှာ ကိုယ့်အကြိုက်ဆုံးဆိုတာရှိကြစမြဲပါ….. ကျွန်မလည်း လူထဲက လူတယောက် ဖြစ်တဲ့အတွက် အကြိုက်ဆုံးဆိုတာကတော့ ရှိတာပေါ့။ ထူးခြားတာကတော့ ကျွန်မအကြိုက်ဆုံး ဆိုတာတစ်မျိုးထဲ မဟုတ်ပဲ လေးမျိုးလောက် ဖြစ်နေလို့ပါပဲ…။

ကျမအကြိုက်ဆုံး တွေခေါင်းစဉ်တပ် ရေးရရင်တော့

(၁)ပိုက်ဆံအိတ်
(၂)ဖိနပ်
(၃)ရေမွှေး
(၄)ထီး

အဲဒီထဲမှာတော့ ပိုက်ဆံအိတ်ကို အနှစ်သက်ဆုံး ပါဘဲရှင်.။ကျွန်မတို့ တိုင်းတပါးမှာ နေထိုင်ရတဲ့သူတွေ
ဆိုတော့ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုတွေကပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေအောင်ပြောင်းလဲမှုတွေလုပ်
လာရတယ်လေ။ရောမရောက်ရောမလိုဆိုသလိုကိုယ့်တိုင်းပြည်ကိုယ့်ဒေသမှာဝတ်စားဆင်ယင်ခဲ့တာ
တွေကိုကြိုက်နှစ်သက်ပေမယ့်လည်းအခြေအနေကြောင့်စွန့်လွတ်နေရမယ့်လဲ။ကိုယ့်တိုင်းပြည်ကိုယ့်
လူမျိုးရဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံကိုတော့ လေးစားလိုက်နာဆဲပါ။


မငယ်နိုင်ရေးထားသလိုမျိုးပေါ့လေ၀တ်စားဆင်ယင်ထုံးဖွဲ့မှုမှာဖြစ်စေ၊အစာအာဟာရမှာဖြစ်စေ၊ဘာသာအယူဝါဒ အတွေးအခေါ် ယုံကြည်လက်ခံမှုမှာဖြစ်စေ၊ လူတိုင်းလူတိုင်းဟာ မိမိကြိုက်နှစ်သက်သလိုဆင်ယင်ထုံးဖွဲ့၊ ချက်ပြုတ်စားသောက်၊ ယုံကြည်လက်ခံကြတာကို မတူတဲ့သူတိုင်းကအပြန်အလှန် လေးစားနားလည်မှု ပေးဖို့ လိုအပ်လိမ့်မယ်။လူတိုင်းအကြိုက်တူဖို့ ဆိုတာဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ လူတိုင်းမှာလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လေ။ မိမိနဲ့ သဘောထားမတူ၊အကြိုက်မတူတဲ့ သူတွေကို ရန်သူလို သဘောထားတာတွေ ရွံရှာမုန်းတီးတတ်တဲ့သူတွေကိုကျွန်မတို့ ပတ်ဝန်းကျင်မှာ များစွာ တွေ့လာနေရပါတယ်။

လူသားအချင်းချင်းယဉ်ကျေးတဲ့ဆက်ဆံရေးမှာရင်းနှီးမှုတွေကင်းဝေးပြီးနားလည်မှုကင်းမဲ့လာမှာကိုကျွန်မ စိုးရိမ်မိပါတယ်။ သတ္တ၀ါ အားလုံးသာအကြိုက်ချင်းတူနေရင် အဲဒီတူနေတဲ့ အရာ တခုတည်းအတွက်
Demand
သိပ်များနေမှာဖြစ်ပြီးပြဿနာတောင်ပိုရှိနိုင်ပါသေးတယ်။ဒါကြောင့်အကြိုက်မတူခြင်း၊သဘော
ထားမတူခြင်းကို အပြစ်ရှာဖို့ မလိုဘဲ အကျိုးကိုပဲရှာပြီး ကြည့်တတ်အောင်ကျွန်မတို့ ကြိုးစားရမှာဖြစ်
ပါတယ်။ ဒါမှလည်းယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတခုအြ
ဖစ် မတူကွဲပြားမှုတွေကို သဟဇာတ ရှိရှိနဲ့
ပေါင်းစပ် ထူထောင်ပြီး ငြိမ်းချမ်းပျော်ရွှင်စွာ အတူလက်တွဲ အသက်ရှင်ရပ်တည်နေထိုင်
သွားနိုင်မှာဖြစ်
ပါတယ်။

ခုကျမနှစ်သက်တဲ့အသုံးအဆောင်တွေကကျမနှစ်သက်သလိုမြန်မာအမျိုးသမီးတွေလဲနှစ်သက်တာ
ရှိမယ်။ မနှစ်သက်တာရှိကြမှာပါ.။ ကျမ အတွက်ကတော့ပိုက်ဆံအိတ်ကဘယ်သွားသွားပါလေ့ရှ
ိတဲ့
ကျမကိုယ်ပွားလေး
တစ်ခုပါဘဲ.။ကျမဘယ်လောက်နှစ်သက်မြတ်နိုးတန်းဘိုးထားသလဲဆိုရင်ကျမရဲ့
သိပ်ချစ်ရတဲ့မေမေကတောင်ကျမကိုသမီးပိုက်ဆံအိတ်ဆိုင်ဖွင့်လိုက်ပါလားလို့ပြောခဲ့ဘူးပါတယ်.။
ကျမရဲ့မွေးနေ့ဆိုရင်ကျမမိတ်ဆွေတော်တော်များများကကျမသိပ်မြတ်နိုးတဲ့အိတ်လှလှလေးတွေ
လက်ဆောင်ပေးလေ့ရှိပါတယ်.။နောက်ကျမကိုယ်တိုင်အိတ်လှလှလေးတွေကိုယ်တိုင်ချုပ်၊တချောင်း
ထိုးအပ်လေးနဲ့ကိုယ်တိုင်ထိုးပြီးအိတ်လှလှလေးတွေကိုလည်းသူငယ်ချင်းတော်တော်များများကိုပေးလေ့ ရှိပါတယ်.။


ကျမတို့ မဲဆောက်ကို လာလည်ကြတဲ့ နိုင်ငံခြားသူတွေဆိုရင် ကျမတို့ရုံးကိုလာပြီး စေတနာ နဲ့ စာလာသင်
တဲ့ ဆရာမ လေးတွေ ပြန်တိုင်း ကျမ ကိုယ်တိုင်တချောင်းထိုး အပ်လေးနဲ့ ထိုးထားတဲ့ ပိုက်ဆံအိတ်လေး
တွေကိုအမှတ်တရလက်ဆောင်အဖြစ်ပေးလေ့ရှိပါတယ်.။သူတို့သိပ်နှစ်သက်သဘောကျတာကိုတွေ့ ရတာကြည့်ပြီး ကျွန်မပီတိဖြစ်ရပါတယ်။ခုတော့ထိုးလက်စအိတ်လေးဘဲရှိတော့မပြထားဘူးနော်။





နောက်တခု ကျမအကြိုက် ကတော့ ဖိနပ် လှလှလေးတွေပါဘဲ ။ ဘယ်ဖြစ်လို့မှန်းတော့ကျမမသိပါဘူး။ ကျမ အကျင့်တခုရှိပါတယ်. လူတယောက်ကို ကျမကြည့်ရင်အရင်ဆုံးခြေထောက်ကို ကြည့်တတ်တာ ကျမအကျင့်လေးပါဘဲ.။ ရန်ကုန် မှာဆိုရင်ကတ္တီပါဖိနပ် လေးနဲ့ ခြေသဲဖွေးဖွေး လေးတွေ နဲ့ဆိုသိပ် ကိုနှစ်သက်တယ်.။

ဒီဘက်ရောက်တော့ ကတ္တီပါ ဖိနပ်တွေစီးတာ သိပ်မတွေ့ရတော့ဘူး.။ရန်ကုန်မှာဆိုရင် ယောင်္ကျား
လေးတွေကတ္တီဖိနပ်နဲ့အပေါ်ကလည်ကတုံးအောက်ကယောပုဆိုးနဲ့ဆိုရင်ကျမကြိုက်မှကြိုက်ကျက်
သရေရှိတယ်လေ။မိန်းခလေးတွေဆိုရင်ဖိနပ်လှလှဒေါက်ဖိနပ်လေးတွေဝတ်ရင်ကြိုက်မှကြိုက်ကိုယ်
ကိုယ်တိုင်လဲဖိနပ်အမြင့် သိပ်နှစ်သက်တယ်.။


မေမေ ပြောသလိုဆိုရင်တော့ ကျမကို အရပ်ကရှည်ရှည်ဖိနပ်ကမြင့်မြင့် ကြည့်ရတာဘယ်လို
ဖြစ်နေမှန်း မသိဘူးလို့ အမြဲပြောပြီး ကျမကို အားပေးတတ်တဲ့မေမေ။ မိန်းခလေးတွေ
ဖိနပ်အမြင့်ကိုစီးရင်လှကြတာပါဘဲ.။ဖိနပ်အနိမ့်ကျတော့သိပ်မနှစ်သက်လိုဘူး.ကြိုက်တာတော့
ကြိုက်ပါတယ်.။ကျမကိုယ်တိုင်ပုံတော်ကတ္တီပါဖိနပ်လေးတွေကိုဘောကြယ်လေးတွေဘေးမှာ
ကိုယ်ကြိုက်တဲ့ပုံစံထိုးပြီးစီးလေ့ရှိပါတယ်.။ကျမနှစ်သက်သလိုမိန်းကလေးတိုင်းနှစ်သက်ကြတာ
များပါတယ်.။အပြင်ထွက်ရင်ဖိနပ်ကမစီး
မဖြစ်စီးရတဲ့အသုံးအဆောင်တခုပါ။ယောင်္ကျားမိန်းမတိုင်း
အတွက်မရှိမဖြစ် လိုအပ်ကျတာပါရှင်။






နောက်အကြိုက်တခုကတော့ ရေမွှေးပါဘဲ.။ မိန်းခလေးမှမဟုတ်ပါဘူး.ယောင်္ကျားလေးတွေလဲ နှစ်သက်
ပါတယ်.။ အထူးသဖြင့်အလှကြိုက်တတ်တဲ့လူတော်တော်များများနှစ်သက်ကျတယ်ထင်တယ်.။လူတန်း
စားမရွေးကြိုက်တာကိုတော့ကျမသိပါတယ်.။ဈေးဘယ်လောက်ကြီးကြီးဈေးဘယ်လောက်ပေါပေါ
နှစ်သက်ကျတာတွေ့ရ
ပါတယ်.။

ကျမငယ်ငယ်က မှတ်မိသေးတယ်.။ အသက် ၁၃နှစ်လောက်ကကျမ အမကို သူရည်းစားကပေးထားတဲ့ ရေမွှေးကိုကျမကြိုက်လို့ ယူပြီးစွတ်လိုက်တာလေ ကျမ အမကကျမကိုစိတ်တွေဆိုးပြီး ဆူလိုက်တာ မပြောပါနဲ့တော့။ အဲဒီတုန်းကတော့ ဘယ်သိပါမလဲသူ့ရည်းစားပေးတာကို သူဝယ်ထားတယ်ထင်ပြီး စွတ်လိုက်တာလေ.။

သူ့ရည်းစားကချစ်သူများ နေ့မှာ သူ့ကို ဘယ်သူကိုမှ မပေးစွတ်ရဘူးလို့ပြောထားလို့တဲ့. ။ နောက်မှ
ကျမ ကိုသူကပြောပြတာသြော်ဘယ်ရမလဲ ကိုယ်လဲရည်းစားထားရော ကိုယ့်ရည်းစားကို ပြောပြ
တာပေါ့….သူလဲ ဝယ်ပေးရတာပေါ့။.အဲဒီ့ရည်းစား ဘယ်သူလဲမမေးနဲ့နော်.။


ချစ်သူတွေသူငယ်ချင်းတွေမိတ်ဆွေတွေတော်တော်များများကတော့ရေမွှေးကိုလက်ဆောင်အဖြစ်ပေး
ကြတာကိုတော့စာတွေတော်တော်များများမှာတွေ့ဘူးဖတ်ဘူးတယ်။.ကျမရေမွှေးအနံ့ဆိုရင်သိပ်
ကိုဆူးတဲ့အနံ့ကိုတော့မကြိုက်ဘူး။သင်းသင်းလေးတွေကိုဘဲနှစ်သက်တယ်.။လူကိုလန်းဆန်းစေတဲ့
အနံ့
မျိုးပေါ့.။ဥပမာပေးရင်တော့အများကြီးပါဘဲ..တံဆိပ်အမျိုးမျိုးနံမည်အမျိုးမျိုးတွေပေါ်နေတာဆို
တော့။ကျမက
တော့ကျမကိုအမှတ်တရပေးရင်သိပ်သဘောကျတယ်.။ကျမမွေးနေ့မှာမှတ်မှတ်ရရ
တခါဘဲရဘူးတယ်ရေမွှေး
ကိုမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့ဘူးတာကတော့ကျမရဲ့အချစ်ဆုံးငယ်
သူငယ်ချင်း(မြင့်မိုရ်ကျော်ဇင်)ပါပဲ။
ရေမွှေးအနံ့ကိုမကြိုက်တတ်တဲ့ မိန်းကလေတွေလဲရှိတတ်ပါတယ်။




နောက်ဆုံး နှစ်သက်တာတခုကတော့ မိန်းခလေးတွေအတွက် မရှိမဖြစ် မဆောင်မဖြစ်တဲ့ထီးလှလှတွေပါပဲ။ ထီးလှလှလေးတွေ ဖဲ ထီးလှလှလေးတွေမြင်ရင် မဝယ်ဘဲမနေနိုင်တဲ့ရောဂါတခု ကျမမှာရှိနေတယ်.။ ကျမကြိုက်နှစ်သက်တဲ့ အရောင်နဲ့တွေတွေ့ပြီဆိုရင် ဝယ်လေ့ရှိပါတယ်။

အညိုရောင်၊ အပြာရောင်၊ အမဲရောင် ၊အဲဒီအရောင်တွေနဲ့ ထီးလှလှလေးတွေဆိုရင်ကြိုက်မှကြိုက်
မိန်းခလေးတွေ နေပူထဲသွားရင် ထီးမပါလို့မဖြစ်ဘူးနော်.။ထီးမပါဘဲ နေပူထဲသွားရင် အလှပျက်မှာနော်.၊ မိုးရွာရင်လဲတူတူဘဲ
ထီးကိုဆောင်းရမှာပါ.မိုးရွာတည်ကိုထီးမပါဘဲသွားရင်ဟန်ချက်မညီဘဲလမ်း
လျှောက်ရမယ်။ကျမထီးကိုနှစ်သက်
တော့ရာသီဥတုဆိုရင်မိုးရာသီကိုနှစ်သက်တယ်.။ထီးဆောင်းရ
လို့လေ.။ထီးလှလှလေးကိုဆောင်းပြီးဖိနပ်လှလှလေးကိုစီးနောက်ရေမွှေးအနံ့သင်းသင်းလေးကို
ဆွတ်ပိုက်ဆံအိတ်လှလှလေးလွယ်ပြီးရင်မိန်းမလေးတယောက်အတွက်အပြင်ထွက်ရင်ပြည့်စုံမယ်
ထင်ပါတယ်.။ကျမနှစ်သက်တာတွေနဲ့ကြီးအပြင်တော့သွားလို့မရ
ဘူးနော်.။အဓိက.....အဓိကကျန်
သေးတယ် (အဝတ်အစား)မပါလို့မဖြစ်...။


ဒါကကျမ ကြိုက်တာပြောတာနော်.။ မတူကြတာတွေလဲ ရှိကြမယ်.။ကိုယ့်အကြိုက်ကို ပြောပြတာပါ.။ ထီးဆိုလို့ ရီစရာတခု ပြောပြလိုက်ပါမယ်.။ကျမအသက် ၁၇နှစ်မှာ ကျမ ရဲ့အကိုကကျမကို ထီးလှလှ လေးတလက် ပေးဘူးတယ် .။

ကျမကြိုက်လို့လေဆောင်းချင်လိုက်တာဖြစ်ချင်တော့နေကလဲမပူ၊မိုးကလဲမရွာ.နဲ့ကျမစိတ်ညစ်လိုက်တာ
ထီးက
လဲဆောင်းချင်မိုးကလဲမရွာနေကလဲမပူ။ အသက်ကလဲငယ်ငယ်ဆိုတော့ထီးအသစ်ကိုကြွားချင်တာ
ပေါ့လို့။ တနေ့နေ့ ကြည့်လိုက်တာမိုးရွာမလား၊ နေပူမလား.။ ဇွန်လဆိုတာ မိုးတွင်းကြီးလေ ဒါနဲ့ တနေ့မှာညဘက်ကြီး မိုးကဖွားဖွားလေး ရွာနေတုံး ကျမလဲ နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်
ဆိုပြီး ထီးကိုယူပြီး အိမ်ထဲက ကပျာကယာ ထွက်တာ မပြောချင်ပါဘူးကျမလဲထွက် မိုးကလဲ
မရွာတော့ဘူး။မထူးပါဘူးဆောင်းလက်စနဲ့
ဆောင်းတော့မယ်ဆိုပြီးဆောင်းလိုက်တာညဘက်ကြီး
ဟိုလူကလဲကြည့်ဒီလူကလဲကြည့် ပေါ့ ။ ဒီကောင်မလေး ဘာလဲ?၊ ညဘက် မိုးကလဲမရွာ နေပူရအောင်လဲညဘက်ကြီးဆိုပြီး ဘေးလူတွေ နားမလည်တဲ့ အကြည့်နဲ့ ကြည့်တာခံလိုက်ရတယ်။


ငယ်ငယ်တည်းကြွားချင်စိတ်ကရှိတာလေ.။ခုတော့အသက်ကလဲ(၄၀)နားနီးနေတော့ကြွားဝါတာ
နည်းနည်း
ကင်းလာသလိုပါဘဲ။အားလုံးတော့ကြွားတာမပြောက်သေးဘူး နည်းနည်းကြွားတတ်ပါ
သေးတယ်။






ကဲမငယ်နိုင်ရေကျမလဲကျမနှစ်သက်တာကိုကြွားလို့ပြီပြီးအဲယောင်လို့ပြောလို့ပြီးပြီမငယ်နိုင်လဲဘယ်
လိုနေမလဲမသိဘူး...။သူလောက်တော့ကျမကစာမရေးတတ်ဘူး.။သူကိုလေးစားလို့ကြောက်လို့ရေး
ရတာသူကကျမယောက်မသူငယ်ချင်းဆိုတော့ကျမထက်အသက်ရောဝါရောကြီးသေးတယ်လေ။
ဟီးဟီးကြုံတုံးကိုယ်ငယ်တာကြွားလိုက်တယ်..။ဖတ်တဲ့မိတ်ဆွေသူငယ်ချင်းတွေလဲသည်းခံပြီးမရေး
တတ်ရေးတတ်နဲ့ရေးလိုက်တာကိုဖတ်ပေးလို့ကျေးဇူးတင်ပါတယ်.။ မငယ်နိုင်ကျေနပ်မယ်တော့ထင်ပါတယ်နော်.။


မြတ်လေးငုံ

နအဖ၏ စီးပွားရေး အထုပ်ဖြည်ခြင်း နဲ့ မြန်မာလူထု၏ စီးပွားရေးကံကြမ္မာ




၂၀၁၀ ခုနှစ်သို့ ကူးပြောင်းပြီးနောက်မှာ နအဖ အစိုးရရဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလို့ ခေါင်းစဉ် တပ်ထား တဲ့ အစီအစဉ်ဟာ ပိုမိုကသုတ်ကယက် နိုင်လာပါတယ်။ ငြိမ်ပိ၊ န၀တ၊ နအဖ စသဖြင့်နာမည် အမျိုးမျိုးပြောင်း အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၂၁နှစ်ကျော်အတွင်း တခါမျှ လုပ်ခွင့်မပေးခဲ့ဖူးတဲ့ လောင်စာဆီ လက်လီဖြန့်ဖြူးရေး လုပ်ငန်းကို ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာကို ရုတ်တရက် သတင်းထွက်ပေါ်လာပါတယ်။
အဲလို ဖြန့်ဖြူးခွင့် မပေးခင်သီတင်းပတ်များမှာ နိုင်ငံခြား အိတ်စ်ပို့ ၀င်ငွေရှိတဲ့ ကုမ္ပဏီတွေ လောင်စာဆီတင်သွင်းခွင့် ရှိတယ်ဆိုပြီး ပထမအဆင့် ခွင့်ပြုလိုက်ပါတယ်။ အဲဒီနောက်မှာမှ လက်လီ ဖြန့်ဖြူးရေးကိုပါ ပုဂ္ဂလိကလုပ်ပိုင်ခွင့် ပေးပြီး လက်ရှိ စွမ်းအင်ဝန်ကြီးဌါနက လုပ်ကိုင်နေတဲ့ တနိုင်ငံမှာရှိတဲ့ လက်လီဖြန့်ဖြူးရေးဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိက လက်ထဲလွှဲပေးဖို့ အဆိုပြုလွှာတွေ ခေါ်တဲ့ကြေငြာချက်ကို ဖေဖေါ်ဝါရီ ၅ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

ဓါတ်ဆီ၊ ဒီဇယ်ဆီဆိုင်တွေမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းတွေကိုတိုင် သူတို့ရှေ့ရေး ဘာဖြစ်မလဲဆိုတာ မသိကြသေးဘူး လို့ဆိုပါတယ်။
“မကြာသေးခင် နေပြည်တော်မှာ လုပ်တဲ့ ၀န်ကြီးဌါနတွင်း အစည်းအဝေးမှာ အောက်က ၀န်ထမ်းတွေက ၀န်ကြီးကိုမေးတယ်။ သူတို့ကို ဘယ်လို အစီအစဉ်ရှိလဲဆိုတာ။ ၀န်ကြီးကလည်း သူကိုယ်တိုင်လည်း မသိသေးဘူး၊ အထက်ကလုပ်နေတာ လို့ပဲပြောတယ်”
လို့ ဓါတ်ဆီဆိုင်တဆိုင်မှ ၀န်ထမ်းတဦးကပြောပါတယ်။
မြန်မာနိုင်ငံမှာ ၀င်ငွေ အကောင်းဆုံး ၀န်ထမ်းများထဲမှာ ပါဝင်တဲ့ လောင်စာဆီဆိုင် ၀န်ထမ်းတွေရဲ့ ဘ၀အခုတကြိမ် အလှည့်အပြောင်းမှာတော့ အခြေမခိုင်တော့ပဲ ယိမ်းယိုင်လာနေပါပြီ။

ဆိပ်ကမ်းလည်း ရောင်းမည်

အဲဒီလိုပဲ လွန်ခဲ့တဲ့ လထဲမှာ ရန်ကုန်မြို့ ရန်ကုန်မြစ်ကမ်းနား တလျှောက်ရှိတဲ့ အစိုးရ ၀န်ကြီးဌါနပိုင် ၀န်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ အားလုံးကိုလည်း နအဖ အတွင်းရေးမှူး (၁) စာရင်းတောင်းလို့ သက်ဆိုင်ရာ ၀န်ကြီးဌါနအလိုက် နေ့ချင်း ညချင်း ဓါတ်ပုံရိုက်၊ စာရင်းပြုစုပြီး တင်ပေးကြရပါတယ်။
ရန်ကုန်မြစ် တလျောက်ရှိ လင်းစဒေါင်းမှစပြီး စွမ်းအင် ၀န်ကြီးဌါန၊ ပို့ဆောင်ရေး ၀န်ကြီးဌါန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌါနပိုင် မြေနှင့် ၀န်ထမ်းအိမ်များ၊ ဂိုဒေါင်များ၊ နောက် အလုံနဲ့ ကြည့်မြင်တိုင်မြို့နယ်များမှ မြန်မာ့သစ်လုပ်ငန်း၊ သီရိမင်္ဂလာ ကုန်စိမ်းဈေး စသဖြင့် ရန်ကုန်မြစ်ကမ်းတလျှောက်က နေရာတွေကို အတိုင်းအတာနဲ့ အဆောက်အဦအရေအတွက် အလောတကြီးကောက်ယူနေခဲ့ပါတယ်။

ရန်ကုန်မြစ်နဘေးမှာ ရှိတဲ့ ဈေးကြီးတွေမှာ ရောင်းချသူတွေလည်း ယခုအခါ မျက်ခုံးလှုပ်နေကြပါပြီ။ သီရိမင်္ဂလာဈေးကို ရွှေ့ပြောင်းမယ်။ အလုံကမ်းနားမှာ ရှိတဲ့ မြန်မာ့ သစ်လုပ်ငန်း အပိုင် ၀န်ထမ်းအိမ်များ၊ သစ်စက်များကို ရွှေပြည်သာမြို့နယ်ထဲက ၀ါးတစ်ရာပြောင်းမယ် ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါပြီ။ ရန်ကုန်မြစ်ကမ်းနဘေးမှာ နေထိုင်နေကြသူတွေ ဌါနဆိုင်ရာအလိုက် စာရင်းကောက်ယူပြီး ရွှေ့ပြောင်းကြရဖို့ အခြေအနေဖြစ်နေပါပြီ။

ဈေးလည်းပြောင်းမည်

သီရိမင်္ဂလာဈေးကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းကိုကြားသိရလို့ မြို့တော်စည်ပင်ကို ပြည်တွင်းဂျာနယ်တွေက မေးမြန်းကြတဲ့အခါ မြို့တော်ဝန်က လောလောဆယ် ပြောင်းရန် အစီအစဉ်မရှိသေးလို့ပြန်ဖြေခဲ့ပါတယ်။ `လောလောဆယ် ´ ဆိုတဲ့စကားလုံးဟာ ၀ိနည်းရှောင်တဲ့ စကားလုံးဖြစ်တယ်ဆိုတာ ကိုပြည်တွင်းဂျာနယ်လစ်တွေ နဲ့ စာဖတ်သူတချို့သဘောပေါက်ကြပါတယ်။ အဲဒီ`လောလောဆယ်´ဆိုတာ ဘယ်နှရက်၊ ဘယ်နှပတ်ကို ရည်ညွှန်းပြောဆိုတာလဲလို့ စဉ်းစားနေကြပါပြီ။ နအဖ အဖွဲ့အထက်က လုပ်ဆောင်တဲ့ ကိစ္စမို့လို့ မြို့တော်ဝန်အနေနဲ့ ဘာမှ ဆုံးဖြတ်ပြောဆိုပိုင်ခွင့် မရှိတာကို ရိပ်မိကြပါတယ်။
အဲဒီအချိန်မှာပဲ MAI မြန်မာအဲဝေး အင်တာနေရှင်နယ် ကိုလည်း ကမ္ဘောဇဘဏ် လုပ်ငန်းရှင် ဦးအောင်ကိုဝင်း အပါအ၀င် လုပ်ငန်းရှင် နှစ်ဦးသုံးဦး လက်ထဲရောင်းချပေးခဲ့ပါတယ်။ အစိုးရပိုင်လုပ်ငန်းကြီးများကို လက်လွှဲပေး၊ ရောင်းချပေးနေရာမှာ အများဆုံး ရရှိတဲ့သူ၊ အကောင်းဆုံးလုပ်ငန်း တွေရရှိသူကတော့ ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇပဲ ဖြစ်ပါတယ်။

လုပ်ငန်းရှင်ကြီးများထဲက တမူးပိုရှူသူတွေ

စီးပွားရေး လုပ်ပိုင်ခွင့်များအား အစိုးရနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေလက်ထဲ လွှဲပြောင်းရောင်းချပေးတဲ့ အစီအစဉ်မှာ တဒါဇင်ကျော် နှစ်ဒါဇင်မျှရှိတဲ့ နိုင်ငံတော် လုပ်ငန်းရှင်ကြီးများ အားလုံး အခွင့်အရေး တန်းတူမရကြပါဘူး။ ဦးတေဇနဲ့ ဦးဇော်ဇော်၊ အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်တို့က အရင်ဆုံးအခွင့်အရေး ရကြပါတယ်။ အဲဒီနောက်မှာ ဦးချစ်ခိုင်၊ ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ရွှေသံလွင်ဦးကျော်ဝင်း အစရှိသူတွေက ရကြပါတယ်။
ယခင်ဆယ်စုနှစ် တခုလုံး အမြတ်အစွန်းကောင်းတဲ့ စားအုန်းဆီ ၀ယ်ယူတင်သွင်း တဲ့လုပ်ငန်းကို ထူးကုမ္ပဏီကပဲ တဦးထည်း လုပ်ကိုင်ခဲ့ပြီး အမြတ်အစွန်းလျော့ကျလာတဲ့ လွန်ခဲ့တဲ့ ၄နှစ် ၀န်းကျင်ကျမှ အခြားလုပ်ငန်းရှင်တွေကိုပါ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီလိုပဲ ယခုတကြိမ်မှာလည်း ဦးတေဇ ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်တို့ အနေနဲ့ အကျိုးအမြတ်များ မယ့်လုပ်ငန်းတွေကို ရွေးယူကြမယ့် အရိပ်လက္ခဏာတွေ တွေ့မြင်ရပါတယ်။

ပည်သူ လူထု အကျိုးစီးပွား မျက်နှာစာ

ဖွံ့ဖြိုးပြီး နိုင်ငံအချို့မှာ အကျိုးအမြတ် ကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်ပြီး တိုင်းပြည်အတွက်လည်း အရေးပါတဲ့ ကဏ္ဍတွေဆိုရင် အစိုးရက ထိန်းရုံသာထိန်းပေးပြီး အများက အစုရှယ်ယာဝင်နိုင်တဲ့ အများပိုင် လွတ်လပ်တဲ့ စီးပွားရေး ကုမ္ပဏီအဖြစ် တည်ထောင်ကာ လုပ်ကိုင်စေတာမျိုးရှိပါတယ်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်ရေး Japan Railway ကိုအဆိုပါပုံစံနဲ့ ဖွဲ့စည်း လုပ်ကိုင်စေပါတယ်။ အစိုးရက ကိစ္စအ၀၀မှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုပဲ ကုမ္ပဏီ ဘုတ်အဖွဲ့ကသာ ဆုံးဖြတ်လုပ်ကိုင်တာပါ။ အဆိုပါကုမ္ပဏီဟာ ပြိုင်ဘက် ကြီးကြီးမားမား မရှိပဲ ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်ရေးကို လုပ်ကိုင်နိုင်ပြီး အကျိုးအမြတ်လည်း ကောင်းတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ အစုရှယ်ယာဝယ်ယူကြတဲ့ လူထုအနေနဲ့ လည်းကုမ္ပဏီ အကျိုးအမြတ်ကောင်းတဲ့အခါ အမြတ်ခွဲဝေမှု ရရှိပြီး ရှယ်ယာပိုင်သူ အားလုံးအကျိုးရှိစေပါတယ်။
ယခုမြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရာမှာ ယခင်အစိုးရက အားလုံးထိန်းချုပ်ထားပြီး အရှုံးပေါ်နေခဲ့တဲ့ အစိုးရပိုင်လုပ်ငန်းတွေကို ယခု ဗိုလ်ချုပ်ကြီးများနဲ့ နီးစပ်ရာ လုပ်ငန်းရှင်များကို လက်လွှဲပေးတဲ့ အဖြစ်ကတော့ ပြည်သူအများရဲ့ အကျိုး၊ စားသုံးသူအကျိုးကို နည်းနည်းမှ ငဲ့မကြည့်တာ ပေါ်လွင်နေပါတယ်။
ပြည်သူပိုင်သိမ်းတဲ့ ပစ္စည်းတွေကို နကိုမူလပိုင်ရှင်ထံလည်း ပြန်လည်ပေးအပ်ခြင်း မရှိပဲ၊ ပုဂ္ဂလိကပိုင် လုပ်ဆောင်တဲ့ မူအရ လေလံချပေးရာမှာ မူလပိုင်ရှင်က ပထမဦးစားပေး ၊ အဆိုပါအဆောက်အဦ သို့မဟုတ်လုပ်ငန်းကို လက်ရှိငှားရမ်းလုပ်ကိုင်နေသူက ဒုတိယ ဦးစားပေးဆိုပြီး ပါရှိပေမယ့်လို့ လက်တွေ့ ချပေးတဲ့အခါ ပွင့်လင်းမြင်သာမှုလည်း မရှိပဲ အထက်လူကြီးပိုင်းနဲ့ ပိုင်သူတွေသာ ချိတ်ပိတ်တင်ဒါ အောင်မြင်ကြတယ်လို့ ကြားသိရပါတယ်။
ပုဂ္ဂလိကပိုင် လုပ်သော်လည်း လုပ်ငန်းရှင်အချင်းချင်း အကြား လွတ်လပ်တဲ့ ပြိုင်ဆိုင်မှုများ မရှိပဲ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီ တခုထည်းကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်ကြမယ့် အရိပ်လက္ခဏာတွေပဲ မြင်တွေ့နေရပါတယ်။ ယူအမ်အက်ဖ် စီစီအိုင် အဖွဲ့ချုပ်ဟာလည်း နအဖ အစိုးရက ရွေးချယ်ခန့်အပ်ထားတဲ့ အမှုဆောင်တွေကပဲ ချုပ်ကိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းအသင်းတွေဖွဲ့စည်းပြီး စိုက်ပျိုးသူ၊ ထုတ်လုပ်သူတွေကို ချုပ်ကိုင်ဝယ်ယူကာ တင်ပို့နေကြတာပါ။
မကြာမီကဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းမှာလည်း ဆန်းစပါးနဲ့ ပတ်သက်လို့ ဂဃနဏ နားမလည်တဲ့ စစ်အစိုးရ နီးစပ်သူတွေ ကအဓိကနေရာတွေမှ ယူထားကြပြီး ဆန်စပါး အိတ်စ်ပို့လုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ စိုက်ပျိုးသူလယ်သမားတွေ ရဲ့ အခက်အခဲ၊ လယ်ယာကဏ္ဍရဲ့ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို စိတ်မ၀င်စားပဲ ထွက်ကုန်ကိုသာ ၀ယ်ပြီး နိုင်ငံခြားပို့မယ့် သူတွေက ဥက္ကဌ၊ ဒုဥက္ကဌ လုပ်နေကြပါတယ်။ ဥက္ကဌလုပ်သူက ဧဒင်ကုမ္ပဏီ ပိုင်ရှင် ဦးချစ်ခိုင်ဖြစ်ပြီး ဒုဥက္ကဌသုံးယောက်အနက် ဦးလှမောင်ရွှေနဲ့ ဦးစိန်ဝင်းလှိုင်တို့ဟာ UMFCCI ရဲ့ အမှုဆောင်လူကြီးတွေဖြစ်ကြပါတယ်။

ရွေးကောက်ပွဲနဲ့ အထုပ်ဖြည်ပွဲ

ယခုလို ၂၀၁၀ ကူးပြောင်းပြီး နောက် ကသုတ်ကယက်နဲ့ လွှဲပြောင်း ရောင်းချနေတာတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ ဆက်ဆံလုပ်ကိုင်နေရတဲ့ ကုမ္ပဏီကြီး တခုမှ အင်ဂျင်နီယာ ၀န်ထမ်း တဦးကပြောဆိုရာမှာ
“ကျွန်တော်တို့ ကုမ္ပဏီ သူဌေးကလာမယ့် ၂၊ ၃လအတွင်း အခုလို ယူစရာ ရှိတာတွေကို ပြီးအောင်လုပ်ရမယ်လို့ ညွှန်ကြားထားတယ်။ နောက်ပြီးသူပြောတဲ့အထဲမှာ ရွေးကောက်ပွဲက နိုဝင်ဘာမှာ လုပ်မယ်လို့ဆိုတယ်”
လို့ပြောဆိုပါတယ်။
လာမယ့် ရွေးကောက်ပွဲ မတိုင်မီ ၀န်ကြီးဌါနအသီးသီးက လုပ်ပိုင်ခွင့်ရှိသူတွေဟာ ဒီနေရာပြန် ရောက်မရောက် မသေချာတော့ လုပ်ပိုင်ခွင့်ရှိတဲ့အခွင့် အရေးအားလုံးယူ၊ နောက်ဆုံး ယုတ်စွအဆုံး ချရောင်းစရာမရှိတဲ့ တရားရေး ဌါနတောင် လာဘ်စားချင်တိုင်း စားပြီး စီရင်ချက်တွေကို ချမှတ်နေတဲ့ အထိဖြစ်နေပါတယ်။
နအဖ၂၁နှစ်လုံးလုံး ခုတ်ရောင်းခဲ့တဲ့ သစ်တောတွေ၊ ထူးဖေါ်ခဲ့တဲ့ ကျောက်မျက်ရတနာတွေ၊ တူးရောင်းနေခဲ့တဲ့ ရေနံ သဘာဝဓါတ်ငွေ့တွေ အစရှိတဲ့ သယံဇာတတွေ အပြင်ယခုနောက်ဆုံး ကျန်သေးတဲ့ အထုပ်တွေဖြစ်တဲ့ ရန်ကုန်နဲ့ မြို့ကြီးတွေက မြေနေရာ၊ စက်ရုံ အဆောက်အဦ၊ လုပ်ပိုင်ခွင့်တွေကိုပါ ဖြည်ပြီး ရောင်းစားနေတာကတော့ ဒီနေ့ မြင်ကွင်းလိုဖြစ်နေပါပြီ။

သန်းးစိုးလှိုင်

ရင်းမြစ် မိုးမခ

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်များနှင့် ကုလသမဂ္ဂကိုယ်စားလှယ် တွေ့ဆုံ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူ တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ ၅ ရက်ကြာ ခရီးစဉ်အတွင်း မျှော်လင့်ထားသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တော့ မရခဲ့ပါဘူး။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်ယူစဉ်က စလို့ မြန်မာနိုင်ငံကို ၃ ကြိမ် သွားရောက်ခဲ့ပေမဲ့ ဒီတကြိမ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို အာဏာပိုင်တွေဘက်က ငြင်းဆန်ခဲ့တာလို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ပြောပါတယ်။





မစ္စတာကင်တားနား NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး(လယ်)၊ အတွင်းရေးမှူး ဦးဝင်းတင်(၀ဲ) တို့နှင့် တွေ့ဆုံနေစဉ်။
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀။
(Photo - UNIC Yangon)



ဒါပေမဲ့လည်း သူ့ခရီးစဉ်ရဲ့ ဒီကနေ့ ၄ ရက်မြောက် နေ့မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကမှ ဖမ်းဆီးရာက ပြန်လည် လွတ်မြောက်လာတဲ့ ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်မြို့ မြရိပ်ညိုဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ဖို့ လိုအပ်တဲ့အကြောင်းနဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ အပေါ် သဘောထားတွေကို NLD ဘက်က လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ပြောဆိုခဲ့တယ်လို့ NLD ပါတီက ပြောပါတယ်။

NLD ပါတီအပြင် ဒီကနေ့မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်သလို အထူး ကိုယ်စားလှယ်ဟာ ရန်ကုန်မြို့က အင်းစိန်ထောင်ကို သွားရောက်ပြီး အကျဉ်းသားတချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မနေ့တုန်းကတော့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး ရန်ကုန် အင်းစိန်ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေက ထောင်တွင်း အကျဉ်းသားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ရရှိရေး တောင်းဆိုတဲ့ စာတစောင်ကို ထုတ်ပြန်လိုက်တဲ့အကြောင်း ပြည်ပမှာ အခြေစိုက်ထားတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ပြောပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်အတွင်း ရိုဟင်ဂျာ ပြဿနာတွေကို လေ့လာ အကဲခတ်သွားဖို့နဲ့ အာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ရင်းမြစ် VOA

မင်းမြတ်ကျန်စစ်သားမင်းရဲ့ ရွှေစည်းခုံဘုရား ကျောက်စာ



မင်းမြတ်ကျန်စစ်သားမင်းရဲ့ ရွှေစည်းခုံဘုရား ကျောက်စာ

မင်းကောင်းမင်းမြတ် ကျန်စစ်သားမင်းရဲ့ `ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့ လည်း အောက်အကြေသို့ ပါကြရသည်။ အချို့ လည်း အထက်အညာသို့ ပါကြရသည်။ ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏၀ဲလက်ဖြင့် ၀တ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´
(ကျန်စစ်သားမင်း၏ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်မှ) ပါတဲ့ စာသားထဲကနဲ့ အခု အာဏာရှုးတွေနဲ့တော့ တခြားဆီပါ..







အဝိဇိချိုးကပ်မည့် မင်းယုတ် သန်းရွှေရဲ့ ကြပ်ပြေး သေတမ်းစာ..


ရန်ကုန်ကို ငါတို့ဖျက်ဆီးသော အခါအမျိုးလေးပါး ဝန်ထမ်းတို့သည် အထက်ကြပ်ပြေး သို့ပါကျကုန်၏။ နေရာအသီးသီးမှ တိုင်းရင်းသားတို့လည်း ငါဖမ်းဆီးနှိပ်စက်သဖြင့် နယ်စပ်ဒေသသို့ ရောက်ကြကုန်၏ ။ ငါ၏အကူအညီဖြင့် တိုင်းတပါးမှ ပြန်မလာနိုင်အောင် ငါလုပ်ပါအံ့။ မတရား အပြစ်ဒဏ် ချခံရသော များစွာသောသူတို့သည် သားတကွဲ မယားတကွဲ ဖြစ်ကုန်၏။ ထိုအပြစ်ကျခံသူတို့အား နယ်ထောင်များသို့ပြောင်းရွှေ့အံ့... ။ ထိုသူတို့အား ဒုက္ခပင်လယ် ဝေစေအံ့.. ထိုသူတို့၏ မျက်ရည်ကျနေသည် ကိုထိုင်ကြည့်အံ့။ ငါ၏ညာလက်ဖြင့် မေတ္တာပို့ဆုတောင်းသော သံဃာတော် များအား ရိုက်နှက်အံ့ .. ငါ၏ဘယ်လက်ဖြင့် နာဂစ်ဒုက္ခသည် များ၏ အလှုငွေအား ဖြတ်စားအံ့... ကြံ့ဖွတ် စွမ်းအားရှင်များသည် ပြည်သူများအား ရိုက်နှက် နှိပ်စက်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သူတို့အားနည်းမျိုးစုံနဲ့နှိပ်စက်အံ့...

ကြပ်ပြေးလိုဏ်ခေါင်းအတွင်း မြေပျို၍ အသေဆိုးနဲ့ သေသော တပ်ချုပ်ကြီး၏ ကြောက်စာ (ကျောက်စာမဟုတ်ပါ)

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

18 February 2010

ယနေ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရန်ကုန်မြို့ ရှိ နံမည်ဆိုးဖြင့်ကျော်ကြား နေသောအင်းစိန်(ဗဟို) အကျဉ်းထောင်သို့သွားရောက်

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံ မစ္စတာ သောမတ်စ် ကွင်တားနားသည် ရန်ကုန်မြို့ ရှိနံမည်ဆိုးနဲ့ကျော်ကြားနေသောအင်းစိန်(ဗဟို)အကျဉ်းထောင်သို့ ယနေ့ မနက်တွင် ရောက်ရှိသည်။နိုင်ငံရေးအကျဉ်းသား (၃၀၀)ကျော်ခန့်ရှိသည့်အထဲမှာ မည်သူနဲ့ တွေ့ခွင့်ရမည် ဆိုတာတော့ မသိရှိရသေးပါ။

မနေ့က (၁ရ.၂.၂၀၁၀) နေ့စွဲဖြင့် နိုင်ငံရေး အကျဉ်းသား များသည် ထောင်အာဏာပိုင်များ အားတောင်းဆိုချက်(၅)ချက်ဖြင့်တောင်းဆိုမှုများကို ပြုလုပ်တောင်းဆိုထားပြီး ယနေ့တွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် သွားရောက်ခဲ့သည်ဟု သတင်းရရှိပါသည် ။

ကင်တာနာသည် အင်္ဂါနေ့(၁၆.၂.၂၀၁၀)က စစ်တွေထောင်တွင်းရှိ အကျဉ်းကျ သံဃာတော်တပါး
အပါအ၀င် ဦးကြည်သန်း၊ ပြည့်ဖြိုးလှိုင်၊ ဇော်ထွန်းမြင့်နဲ့ ဦးဇင်းတပါးတို့ကို တွေ့ခွင့်ရခဲ့ပါတယ်” နိုင်ငံရေးအကျဉ်းသား၎ ဦးနှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း ၂၁ ခု
တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

သူသည် တနင်္လာနေ့(၁၅.၂.၂၀၁၀) ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးလှမျိုးမြင့်တို့နှင့် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စ၊ မြန်မာစစ်အစိုးရ ကျင့်သုံးနေဆဲ ဖြစ်သည့် ပယ်ဖျက်ပြီးသော ၁၉၇၅ ခုနှစ် ဥပဒေကိစ္စနှင့် စစ်အစိုးရလက်အောက်မှ တရားစီရင်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။



မြန်မာအမျိုးသမီးအပျိုလေးတဦး ရဲ့ မမျှော်လင့်ခဲ့သော မျှော်လင့်ချက်များ




သဉ္ဇာ အင်္ဂလန်ရောက်လာရတဲ့ ရည်ရွယ်ချက်တွေအနက် ပညာသင်ဖို့က ပထမ၊ နောက် ဒုတိယကတော့ကျောင်းတက်ရင်း သင့်တော်ရာ အလုပ်တစ်ခုခု လုပ်ဖို့၊ ဒါပါပဲ။ အခုလက်ရှိ ကြုံနေရတာတွေ သူ့စိတ်ထဲအိပ်မက်တောင် မမက်ခဲ့ရိုးအမှန်ပါ။ ပြောမယ်ဆိုရင် သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ဘာအလုပ်မှ လုပ်စရာမလိုပဲနေနိုင်လောက်အောင်ကို ချမ်းသာသော မိဘများမှ ပေါက်ဖွါးလာသူ။ မိဘတွေက စီးပွါးရေးအရအနည်းအကျဉ်းလောက်သာ သက်ဆိုင်ရာ အစိုးရ၀န်ထမ်းတစ်ချို့နဲ့ ရေလိုက် ငါးလိုက် ဆက်ဆံရုံကလွဲပြီးအစိုးရနဲ့ ဘာမှမသက်ဆိုင်ပဲ ဆွေစဉ်မျိုးဆက်အရ ချမ်းသာလာသူများပင် ဒါပေမဲ့ အများသူငါတွေနိုင်ငံခြားသွားပြီး ပညာသင်၊ စီးပွါးရှာနေတဲ့ အခုလို ခေတ်ကြီးမှာ ဒီအိမ်ထဲနေ၊ ဒီအိမ်ထဲကြီး၊ ဒီအိမ်ထဲသေရမည့်အဖြစ်မျိုးတော့လည်း မရောက်ချင်တာအမှန်။ အများနည်းတူ နိုင်ငံခြားတိုင်းပြည်တစ်ခုခုဆီတော့ရောက်ဖြစ်ချင်သည်။ ဖြစ်နိုင်လျှင် ပညာသင်ချင်သေးသည်။ သူ့အသက်က အခုမှ ၂၄၊ BCom ဘွဲ့ရပြီးကျောင်းသူတစ်ယောက်။ ချမ်းသာသော မိဘများမှ မွေးဖွါးလာ သူပီပီ ပညာရေးတွင် အလွန်ထူးချွန်သူမဖြစ်သော်ငြား သူများအောက်တော့လည်း မကျခဲ့ပါ။



ဒါကြောင့် သူ့အဖေနဲ့ အမေကို ပူဆာခဲ့ရသည်။ ဒါပေမဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဦးမင်းနိုင်နဲ့ ဒေါ်သန္တာတို့က တစ်ဦးတည်းသော သမီးလေးမို့ အဝေးသို့ ထွက်မသွားစေချင်။ အနားမှာပင်နေပြီး မိဘလက်ရင်း စီးပွါးရေးကိုသာ ဦးဆောင်ဦးရွက် ပြုစေချင်ကြသည်။ သဉ္ဇာ့မှာလည်း ဘီကွမ်းဘွဲ့ရထားသူပီပီ စီးပွါးရေး အမြင်တော့ အနည်းအဆုံး စာတွေ့အရ ရှိထားပြီးသား။ လက်တွေ့နှင့် ပေါင်းစပ်လိုက်ပါက မိဘနှစ်ဦးထူ ထောင်ထားတဲ့ စီးပွါးရေးကို ဒီထက် ပိုမိုတိုးတက်အောင် လုပ်နိုင်သည်။ သို့သော် သို့သော်----ငယ်ရွယ် သေးတဲ့ သဉ္ဇာ့ရင်ထဲမှာ နိုင်ငံခြားဆိုသော အိမ်မက်ကို အခါခါမက်နေခဲ့ရသည်။ အဖေအမေတို့ကိုလည်း အကြိမ်ကြိမ် ပူဆာခဲ့ရည်။ သဉ္ဇာ ပူဆာဖန်များသောအခါ ဦးမင်းနိုင်+ဒေါ်သန္တာတို့ လက်လျှော့ခဲ့ကြရသည်။ သို့နှင့် သဉ္ဇာတစ်ယောက် အင်္ဂလန်ဆိုသော တိုင်းပြည်သို့ ရောက်လာလေတော့သည်။



အိမ်ယာပေါ် ပက်လက်လှန်၊ နဖူးပေါ်လက်တင်ရင်း လောလောဆယ် ကြုံနေရတာတွေကို အကြောင်းပြုပြီး သူ့ဘ၀အကြောင်းကို ပြန်လည်စဉ်းစားနေမိသည်။ မိဘများကိုလည်း ခါတိုင်းထက် ပိုသတိရနေမိသည်။ အင်္ဂလန်ရောက်နေသည်မှာ နှစ်နှစ်ပင် ရှိခဲ့ပြီ။ ရောက်စက ပါလာတဲ့ ပိုက်ဆံနဲ့ မလုံလောက်လို့ မိဘတွေဆီ ထပ်တောင်းရသေးသည်။ ကျောင်းစရိတ်သွင်း၊ အိမ်လခရှင်းပြီးနောက် လက်ထဲသိပ်မကျန်တော့။ ရောက်ပြီး နှစ်ဝက်ကျော်ကျော်လောက်မှ အလုပ်တစ်ခု ရှားရှားပါးပါး ရသည်။ အလုပ်ရပြီးကတည်းက မိဘတွေဆီလည်း ပြန်မတောင်းဖြစ်တော့။ ရတဲ့ လခနဲ့ အများနည်းတူ ဖြစ်သလို နေတတ်အောင် သူကြိုးစားပြီး နေသည်။ မြန်မာပြည်မှာတုန်းကလို အမေ မုန့်ဖိုး ဆိုရုံမျှနဲ့ သူ့လက်ထဲ ပိုက်ဆံရောက်မလာတော့။ ဒိအတွက် သဉ္ဇာ လုံးပန်းရတော့သည်။ ကျောင်းသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့ တစ်ပတ်မှာ နာရီ (၂၀) အလုပ်လုပ်ခွင့်ကို အပြည့်အ၀ယူထားသည်။ စစချင်း စူပါမား ကစ်ကြီး တစ်ခုမှာ အရောင်းဝန်ထမ်း (Salesgirl) အဖြစ် အလုပ်လုပ်ရသည်။ ဒီအလုပ်ကိုတောင် လွယ်လွယ်ကူကူနဲ့ ရခဲ့သည်တော့ မဟုတ်။ အသိမိတ်ဆွေများမှ တစ်ဆင့် ဆက်သွယ်ပြီး အဲဒီစတိုးဆိုင် ကြီးမှာ စူပါဗိုင်ဆာလုပ်နေတဲ့ မြန်မာအမျိုးသားတစ်ယောက်ရဲ့ အကူအညီနဲ့ ရခဲ့ခြင်းဖြစ်သည်။




ဒီမှာတင် သူ့မရဲ့ရင်ထဲမှာ အပြောင်းအလဲတွေ များစွာဖြစ်လာခဲ့သည်။ အချစ်ဆိုသည်ကို ခံစားတတ် လာသည်။ မျှော်လင့်ခြင်းကို ချစ်ခြင်းတစ်မျိုးလို့ သတ်မှတ်ပါက သဉ္ဇာ့ရင်ထဲမှာ တစ်စုံတစ်ဦးကို မျှော်လင့် ကြီး မျှော်လင့်နေမိသည်။ ဒါသည်ပင် သဉ္ဇာ့အတွက် အချစ်ပင်လယ်ကူးဖို့ ခရီးစလိုက်ခြင်း ဖြစ်တော့သည်။




အဆောင်တူသူငယ်ချင်းမိန်းကလေး တစ်ယောက်ရဲ့ အကူအညီနဲ့ ရုံးခန်းငယ်လေး တစ်ခုထဲသို့ သဉ္ဇာဝင်လာခဲ့သည်။ အလုပ်အတွက် အင်တာဗျူးဖို့။ ရင်တွေ ခုန်နေသည်။ မေးတာတွေ မဖြေနိုင်ရင် ဒုက္ခ။ အင်္ဂလိပ်စာကလည်း စိတ်ကောက်မှ လိပ်လောက်ပြေးနိုင်တဲ့အဆင့်ပဲ ရှိသေးသည်။ သို့သော် အားတင်း ထားသည်။ ယုံကြည်မှုတွေ ထပ်ဖြည့်ထားသည်။ အခန်းထဲတွင် ဆိုင်မန်နေဂျာ ထိုင်နေသည်။ အင်္ဂလိပ် လူမျိုးစစ်စစ်တော့ ဟုတ်ဟန်မတူ။ ကပြားဖြစ်ဖို့များသည်။ ဥပဓိရုပ်သန့်သန့်၊ ခန့်ခန့်ချောချောနဲ့ ယောက်ျားပီ သသော လူကြီးတစ်ယောက်ဖြစ်သည်။ သဉ္ဇာမတ်ရပ်နေသည်။ လူကြီးက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး စားပွဲခုံရှေ့က ကုလားထိုင်တွင် ထိုင်ဖို့ ပြောလိုက်သည်။ နေရာယူပြီး ပါလာသော ဖိုင်တွဲများကို မန်နေဂျာရှေ့ အသာချထားလိုက်သည်။ ဖိုင်တွဲထဲရှိ ဖိုင်များကို မန်နေဂျာက တစ်ခုချင်း လိုက်စစ်နေသည်။ ဘီကွမ်း အောင်လက်မှတ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ဘာအဓိပ္ပါယ်လည်းတော့ သဉ္ဇာနားမလည်။ သို့သော် အားတက်လာသလိုတော့ ခံစားလိုက်ရသည်။





ဖိုင်တွေကို စစ်ပြီး မန်နေဂျာက စဗျူးတော့သည်။ အင်္ဂလန်လာရတဲ့ ရည်ရွယ်ချက်တွေ၊ အလုပ် အကိုင်အတွေ့အကြုံ စသည်သည် စုံစီနဖာမေးသည်။ ၁၅ မိနစ်ခန့် အင်တာဗျူးပြီးသောအခါ မန်နေဂျာက အနားရှိဆိုင်ဝန်ထမ်းကို လူတစ်ယောက်ကို သွားခေါ်ခိုင်းလိုက်သည်။ ခဏကြာသောအခါ လူတစ်ယောက် ၀င်လာသည်။ အရပ် ငါးပေ ခုနှစ်လက်မခန့်ရှိမည်ဟု သဉ္ဇာခန့်မှန်းသည်။ အသက် သုံးဆယ်တစ်လောက် ရှိမည်။ အသားခန့်ညိုညို၊ နှာတံပေါ်ပေါ် အာရှသားတစ်ယောက်ဖြစ်သည်။ မန်နေဂျာက ထိုလူကို သဉ္ဇာ့ကို အလုပ်ခန့်လိုက်ကြောင်းပြောပြီး သူ့လက်အောက်တွင် ထားရန် ညွှန်ကြားလိုက်သည်။ သဉ္ဇာနဲ့လည်း မိတ်ဆက်ပေးလိုက်သည်။ သဉ္ဇာ အရမ်းဝမ်းသာသွားသည်။ အလုပ်ရပြီ။ အိပ်ပြန်ပြီး ပိုက်ဆံတောင်းစရာ မလိုတော့ပြီ။ မန်နေဂျာကို ကျေးဇူတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ပြောပြီး ထိုသူနောက်သို့ လိုက်သွားသည်။




ညီမလေးက ဒီနိုင်ငံရောက်တာ ဘယ်လောက်ကြာပြီလဲ? ထိုသူပါးစပ်မှ မြန်မာလိုပီပီသသဖြင့် မေးလိုက်သည်ကို ကြားရသောအခါ သဉ္ဇာ အလွန်အံသြသွားသည်။



အကို ကမြန်မာပြည်ကပဲလား? မြန်မာပြည်က သေချာပေါက်မှန်းသိရက်သားနဲ့ ပြန်မေးဖြစ်သည်။



ဟုတ်တယ်၊ အကိုလည်း ဒီရောက်နေတာ ခြောက်နှစ်ကျော်၊ ခုနှစ်နှစ်ထဲတောင် ၀င်နေပြီ။ ရောက်ပြီး နှစ်နှစ်လောက်ကတည်းက ဒီဆိုင်မှာပဲ အလုပ်လုပ်နေတာ။ အခုတော့ စူပါဗိုင်ဆာ ဖြစ်နေပြီဆိုပါ တော့ အော် ဒါနဲ့ ညီမလေး နာမည်က သဉ္ဇာနော်၊ ကျနော့်နာမည်က နေလင်းပါ။ ဘာမှ အားမငယ်ပါနဲ့။ ကျနော်ရှိပါတယ် ဟု ကိုနေလင်းက မနားတမ်းပြောလိုက်သည်။




သဉ္ဇာပိုမို အားတက်သွားသည်။ ဟုတ်ကဲ့ရှင် ဟုသာ ပြန်လည်ဖြေကြားနိုင်သည်။ သူမထက် အသက် ဆယ်နှစ်နီးနီးကြီးသူက ကျနော်ကျနော်-ဟု ပြောနေသဖြင့် သဉ္ဇာရင်ထဲ အနေကြပ်သလို ဖြစ်နေ သည်။ ဒီလိုနဲ့ သဉ္ဇာတစ်ယောက် အလုပ်ရပြီး ကျောင်းတက်လိုက်၊ အလုပ်သွားလိုက်ဖြင့် လည်ပတ်နေ တော့သည်။ အလုပ်ပြန်တိုင်း ကိုနေလင်းက သူ့ကားဖြင့် လိုက်ပို့လေ့ရှိသည်။ ဒီလိုနဲ့ အိုးချင်းထိ ကြိုးချင်း ငြိတဲ့ဘ၀သို့ နှစ်ဦးသားရောက်ကြလေတော့သည်။ သို့သော် သဉ္ဇာတစ်ယောက် ကိုနေလင်းအကြောင်းကို သူ့စူပါဗိုင်ဆာတစ်ယောက်ဖြစ်သည် ဆိုတဲ့ အသိထက် သိပ်များများစားစားမသိခဲ့ရိုးအမှန်။ ဘာမှ မသိဘဲ ချစ်ခဲ့သည်။ အားကိုးခဲ့သည်။ ယုံစားခဲ့သည်။ ပုံအပ်ခဲ့သည်။




တစ်နေ့ အလုပ်နားတဲ့ ရက်တစ်ရက်။ ကြိုတင် အကြောင်းမကြားပဲ ကိုနေလင်းနေရာ အခန်းဆီသို့ သဉ္ဇာသွားခဲ့သည်။ အခန်းတံခါးခေါက်သောအခါ ဖွင့်မပေး၊ သို့သော် အတွင်းမှာ လူရှိမှန်း သူမသိသည်။ ထပ်ပြန်တလဲလဲ ခေါက်သောအခါ အတွင်းမှ တံခါးဖွင့်သံကြားရသည်။ ကိုနေလင်းပင်။ သို့သော် သူတစ် ယောက်တည်းမဟုတ်။ သူနဲ့ အတူ မိန်းကလေးတစ်ယောက်လည်းရှိနေသည်။ အဲဒီမိန်းကလေးကိုလည်း သဉ္ဇာသိသည်။ သူနဲ့ အတူ စူပါမားကစ်မှာ လုပ်ဖေါ်ကိုင်ဖက်။ ဆိုင်မှာကတည်းက သူတို့နှစ်ယောက် ရင်းနှီး လွန်းသည်ကို သဉ္ဇာသတိထားမိသည်။ သို့သော် ဒါကတော့ ဒီနိုင်ငံတွေရဲ့ ထုံးစံနေမှာပါဟု မရဲတရဲမှတ် ချက်ပြုခဲ့သည်။ တံခါးဖွင့်ပြီး ကိုနေလင်း သဉ္ဇာ့ကို စူးစူးဝါးဝါး ကြည့်နေသည်။ သူ့အကြည့်မှာ မလိုလားမှုတွေ ပါနေကြောင်း သူမ သတိထားမိသည်။




ကျမ ပြန်တော့မယ် ကိုနေလင်း၊ အလုပ်အားလို့ လာခဲ့တာပါ ဟု ပြောပြီး အိမ်က လှည့်ထွက်ခဲ့ သည်။ ကိုနေလင်းပါးစပ်က ဘာစကားမှ ထွက်မလာခဲ့။ တံခါးပြန်ပိတ်သွားလေပြီ။ အပြန်ခရီးသည် သူ့မ အတွက် ချာချာလည်လည်နေသော မြေကမ္ဘာပေါ်သို့ အခြေချရသည့်နှယ်။ ကိုနေလင်းသည် စူပါဗိုက်ဆာ တစ်ယောက်ဖြစ်သည်ဟူသော အသိအပြင် အခုတော့ မြာပွေသူတစ်ယောက်ဖြစ်ကြောင်းကိုပါ နားလည်ရ လေပြီ။ ယင်းနားလည်မှုနဲ့အတူ ပေးဆပ်ခဲ့ရသော အချစ်တွေကို ယူကြုံးမရစွာနဲ့ ပြန်လည်နှမျောနေမိသည်။ ဒီအခန်းမှာ ကိုနေလင်းနဲ့ အတူ သူမ အခါများစွာနေခဲ့ဖူးပြီ၊ အိပ်ခဲ့ဖူးပြီ၊ ချစ်ရည်လူးခဲ့ဖူးလေပြီတည်း ထိုစဉ် က အချစ်ဆိုသည်မှာ ပျော်စရာအတိပြီးသောဟုပင် သဉ္ဇာ အဓိပ္ပါယ်ဖွင့်ခဲ့ဖူးသည်။ အခုတော့ ယင်းအချစ် သည်ပင် အခြားအဓိပ္ပါယ်တစ်မျိုးကို ပြောပြနေလေပြီ။ နာကျည်းဘွယ်ကောင်းသော၊ ခါးသီးစရာဖြစ်သော၊ ရက်စက်သော၊ ညှာတာမှုကင်းမဲ့သော၊ သစ္စာမဲ့သော စသည်စသည် အပြုသဘောမဆောင်တဲ့ သော ပေါင်းများစွာသည် အချစ်ရဲ့ အဓိပ္ပါယ်တစ်မျိုးအနေနဲ့ သဉ္ဇာရင်ထဲ ၀င်ရောက်လာသည်။ ယင်းအတွက်သူမရဲ့ တုန့်ပြန်နိုင်မှုမှာ တသွင်သွင်စီးကျလာတဲ့ မျက်ရည်များပင်။




ရှုံးနှိပ်ခဲ့ပြီ၊ ဘယ်ပုံ ပြန်လည် တုန့်ပြန်ရမည်လဲ မသိ။ ဒီလိုခံစားမှုမျိုးနဲ့ ကြုံဆုံရလိမ့်မည်လို့လည်း တစ်ခါဖူးမျှ မစဉ်းစားမိခဲ့။ သူ့မရဲ့ နဂိုရည်ရွယ်ချက်တွေထဲမှာ ဒါတွေ ထည့်မတွက်ခဲ့ရိုးအမှန်။ အခုတော့ မထင်တာတွေ ဖြစ်လာနေသည်။ ကျောင်းလည်း သွားတက်ချင်စိတ်မရှိတော့၊ လက်ရှိအလုပ်ကိုလည်း မသွားဖို့ ဆုံးဖြတ်ချက်ချက်လိုက်သည်။ နောက်အလုပ်တစ်ခု ပြောင်းရှာတော့မည်။ သို့သော် မလွယ်ကူမှန်း တော့ သဉ္ဇာသိသည်။ အလုပ်ရှာရသည်မှာ မလွယ်လှ။ ရတဲ့အလုပ်ကလည်း ကိုယ်နဲ့ အဆင်ပြေဖို့ ခဲရင်းဘိ ခြင်း။ ရှေ့စခန်းသွားဖို့ စဉ်းစားရင်း သဉ္ဇာတစ်ယောက် မောပန်းနွမ်းနယ်လာသည်။ အားအင်ကုန်ခန်းလာ သလိုပင် ခံစားရသည်။ ဆက်မစဉ်းစားနိုင်တော့။စိတ်ပင်ပန်းမှုတွေစုပြီး သဉ္ဇာ ခေတ္တအိပ်ယာပေါ်အိပ်ပျော်သွားခဲ့သည်။




ရန်ကုန်လေဆိပ်သို့ TG လေယာဉ်ဘီးများစတင်လှိမ့်လိုက်သည်နှင့် သူမရင်ထဲ ဖေါ်မပြတတ်အောင် ၀မ်းသာပီတိဆို့ခဲ့ရသည်။ ချစ်ဖေဖေနဲ့ ချစ်မေမေတို့ကို တွေ့ရတော့မည်။ နှစ်ချီပြီး မစားခဲ့ရသော မြန်မာ အစားအစာများကို အ၀အပြဲစားရပေဦးတော့မည်။ သဉ္ဇာတအားကို ၀မ်းသာနေသည်။ လေယာဉ်ပြူတင်းမှ အပြင်သို့ ကြည့်လိုက်မိသည်။ နွေးထွေးတဲ့ နေရောင်ချည်အောက်မှာ စိမ်းစိမ်းစိုစိုနဲ့ ရန်ကုန်လေဆိပ်ရဲ့ အလှကို သိုသိုသိပ်သိပ်မြင်နေရသည်။ လန်ဒန်ရှိ ဟိသရိုးလေဆိတ်၊ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေ ဆိပ်တို့လောက် မသားနားသော်ငြား မြင်ရသောမြင်ကွင်းများက တိတ်တိတ်ဆိတ်ဆိတ်ရှိသဖြင့် ပူလောင် နေသော သူမရင်ခွင်ကို ယာယီအားဖြင့် အေးမြစေနိုင်သည်။




လေယာဉ်ပေါ်ဆင်းပြီး အဆောက်အဦးကြီးရှိရာသို့ သွက်လက်သော ခြေလှမ်းများဖြင့် သူမလှမ်း လာခဲ့သည်။ ကြိုဆိုနေသော အဖေအမေတို့ကို မြင်ချင်လှပြီ၊ နိုင်ငံခြားမှ ပညာတွေ တစ်ပုံတစ်ပင်ကြီး သင်လာသော သမီးကို ကြည့်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ၀မ်းသာပီတိဖြစ်နေကြမည့် ဖေဖေမေမေတို့ရဲ့ ပြုံးရွှင် သော မျက်နှာကို မြင်ရတော့မည်။ ပစ္စည်းရွေးနေရာသို့ သွားပြီး သူမရဲ့ အိပ်ကြီးနှစ်လုံးကို ရွေးယူလိုက်သည်။ ဖန်သားများအပြင်ဘက် တပြုံးပြံးနဲ့ စောင့်ကြိုနေသော အဖေနဲ့အမေကို မြင်နေရသည်။ လက်ရပ်ပြလိုက် သည်။ တွန်းလှဲပေါ် အိပ်ကြီးနှစ်လုံးတင်ပြီး အပြင်ထွက်လာသည်။ အမေက ပေါက်ဝမှာ လာရပ်နေသည်။




ကြည့်စမ်း၊ ငါ့သမီးလေး ပိုတောင် လှလာတယ်၊ အသားတွေလည်း ၀င်းလို့ ယင်းသို့ပြောပြီး ဒေါ်သန္တာက သဉ္ဇာ့ကိုယ်လုံးလေးကို ထွေးပွေ့ထားလိုက်သည်။ သဉ္ဇာ့ရင်ထဲ စကားလုံးနဲ့ ဖေါ်ပြမရနိုင်သော နွေးထွေးမှုမျိုးကို ခံစားလိုက်ရသည်။ မိဘမေတ္တာကို အခုမှ ပိုမိုသဘောပေါက်လာသည်။ ဘယ်အရာနဲ့မှ နိုင်ယှဉ်လို့ မရနိုင်မှန်းကိုလည်း လက်ခံလာသည်။ ၀မ်းသာလွန်းလို့ မျက်ရည်ပင် လည်လာသည်။ ကျလာသော မျက်ရည်တစ်စက်ကို သုတ်ဖို့ လက်တစ်ဘက် အပေါ်သို့ မြှောက်လိုက်သောအခါ----



အိပ်ယာမှ လန့်နိုးလာသည်။ မျက်လုံးကို စမ်းမိသည်။ မျက်ရည်တွေ စိုရွှဲနေသည်။ အိပ်မပျော်ခင်က ကျခဲ့သော မျက်ရည်များပင် ဖြစ်ချေမည်။ အိပ်ပျော်သွားစဉ် မက်ခဲ့သော အိပ်မက်လေးကို တမ်းတနေမိ သည်။ လက်ရှိအနေအထားနဲ့ ကွာခြားပါဘိခြင်း။ အမေ့မေတ္တာနဲ့ ဝေးရာမှာ ချစ်သူကပါ ဥပေက္ခာပြု ထားခြင်းခံရလေသော ကိုယ့်အဖြစ်ကို ပြန်လည်တွေးမိရင်း အားငယ်သည်ထက် အားငယ်လာသည်။ ခေါင်းရင်းမှာ ထောင်ထားသော အဖေနဲ့ အမေ ဓာတ်ပုံကို ကြည့်ရင်း မျက်ရည်များ တသွင်သွင်စီးကျလာ ခဲ့ပြန်သည်။ သုတ်ဖို့ မကြိုးစားတော့။ စီးကျပါစေ၊ ကိုယ်ထဲမှာ ရှိတဲ့ မျက်ရည်တွေ အကုန်စီးကျပလေ့စေ။ ဓာတ်ပုံကို တစိမ့်စိမ့်ကြည့်ရင်း သဉ္ဇာ သူ့အမေကို ပြောခဲ့ဖူးသော စကားကို ပြေးသတိရလိုက်သည် သမီး ဒီထက်မက ပညာတတ်ကြီး ဖြစ်ချင်တယ် အမေ ဒါပေမဲ့ အခုတော့----အခုတော့----






မင်းထက်




ဤအဖြစ်အပျက်လေးကတကယ်ဖြစ်ရပ်မှန်ကိုသာတင်ပြပေးထားခြင်းဖြစ်ပါတယ်။

မြန်မာအမျိုးသမီး အပျိုစင်တိုင်းအတွက်သင်ခန်းစာ တခုအနေနှင့်တင်ပြပေးလိုက်ပါတယ်ရှင်။