19 December 2009
ရာသီဥတုဆိုးရွားသည့် ကြားမှ နအဖ စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးအား ကန့်ကွက်ဆန္ဒပြနေကြ သော ဒိန်းမတ် မှ ဒီမိုကရေစီ အင်းအားစုများ ဓာတ်ပုံမှတ်တမ်း...။
ဤ ဓာတ်ပုံ များကိုကြည့်ပြီး NLD လူငယ်များဖြစ်ခဲ့သော ကိုမြင့်ဝေ,မခင်မိုးမိုး,ကိုသောင်း,မပို
တို့အားလေးစားမိပြီး ကျန်တဲ့ မြန်မာ့ဒီမိုကရေစီ အင်းအားစုမှ ရဲဘော်ရဲဘက်များ အားလည်း
အထူးလေးစားစွာဖြင့် ကျမ မြတ်လေးငုံ မှ မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်..။
ဤဓာတ်ပုံ များကို ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူး တင်ပါသည်.။
စက်ဝိုင်း ..။
မြန်မာပြည်မှာ H.I.V ပိုးကူးစက်ခံနေတဲ့ နှုန်းနည်းသွားပြီဆိုတာ တ ကယ်လား၊ စစ်တမ်းထုတ်ထားတဲ့ ကိန်းဂဏန်းတွေကရော အမှန်ပဲ လား၊ အဲဒီစစ်တမ်းတွေကို ဘယ်လိုပုံစံနဲ့ကောက်ထားတာလဲ၊ ဒီအ ချက်တွေကို ဘယ်သူမှတိကျစွာ ဖြေဆိုနိုင်တာမရှိပါဘူး။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲဆိုတော့ ထိန်းချုပ်မှုတွေရဲ့ ကြားထဲမှာ ဘယ်အဖွဲ့ အစည်းမှ စစ်တမ်းအမှန်ကို ကောက်ယူဖို့မလွယ်လို့ပါ။ မြန်မာပြည် မှာ H.I.V ပိုးကို လိင်ဆက်ဆံမှုကနေ အများဆုံး ကူးဆက်ပါတယ်။ ၂ဝဝ၅ ခုနှစ်တုန်းက ကျမ အင်းစိန်ထောင်မှာ ရှိနေစဉ်တုန်းကပါ။ ဈေးအပေါဆုံး ပျော်တော်ဆက်ကလေးတွေကို ၁၃ (ဃ) ဆိုတဲ့ ပုဒ်မ နဲ့ ပျမ်းမျှထောင် ၃ လ ချလေ့ရှိပါတယ်။ အဲဒီ ၁၃ (ဃ) ဆိုတာတွေ က ထောင်ထဲမှာအများကြီးပါ၊ ဝင်လာလိုက် ပြန်လွတ်သွားလိုက်၊ နောက်ထပ်ဝင်လာလိုက်နဲ့ သံသရာလည်နေကြ သူတွေပါ။
ကျမတို့ရှေ့မှာပဲ ဘာရောဂါဖြစ်မှန်း မသိဘဲ သေဆုံးသွားကြလေ့ရှိ ပါတယ်၊ ဘယ်သူကမှလဲ သူတို့ဖြစ်နေတဲ့ ရောဂါကို စိတ်မဝင်စား ကြပါ၊ အရေးတယူလည်း မရှိကြပါ၊ သူတို့တွေက ကျမတို့ရဲ့တိုက်တွေမှာ သန့်ရှင်းရေးလုပ်ကြရတဲ့ သူတွေမို့လို့၊ သူတို့နေမကောင်းရင် ကျမတို့ဆီက ဆေးတောင်းနေကျပါ။ သူတိုမှာ အနာကြီးကြီးတွေ ဖြစ်တတ်သလို၊ ရေယုန်တွေလည်း ပေါက်နေကျပါ။ အမြဲတမ်း ချောင်းဆိုးနေ တာကိုလည်းတွေ့ရလေ့ ရှိပါတယ်။ တခါတရံပရုတ်လုံးတောင် တောင်းတတ်ပါတယ်။ ပထမတုန်းကတော့ ပရုပ်လုံးကို ဘာလုပ်တာမှန် မသိပေမယ့်၊ နောက်တော့သိလာပါတယ်၊ ကာလသားရောဂါကြောင့်ရတဲ့ အနာထဲကို ပရုပ်လုံးကြိတ်ပြီးသိပ်ကြတာပါ၊ အစာအဟာရကလဲမပြည့်ဝတော့ သူတို့ဟာအမြဲတမ်း ပိန်ညှောင်ညှောင် လေးတွေများပါတယ်။ လူနေမှုအဆင့်အတန်းကလည်း အနိမ့် ဆုံးကလူတွေ ဖြစ်တာမို့ နေရာအ တည်တကျမရှိကြပါဘူး၊ ကြုံရာအိပ်ကြုံရာစားကြရပါတယ်။
ဝမ်းသွားတဲ့ရောဂါကိုလည်း မကြာခဏ ခံစားရလေ့ ရှိပါ တယ်။ ကျမနဲ့ အေးမိုးက သူတို့ကိုမေးကြည့်ဘူးပါတယ် "နင်တို့ဆေးမစစ်ဘူးလား" လို့ပါ၊ သူတို့က "ရဲစခန်းကတော့ ဖမ်းတိုင်းသွေးဖောက်တာ ပါပဲ၊ ဒါပေမယ့် ကျမတို့ကိုတော့ တခါမှဘာမှမပြောဘူး" တဲ့၊ အဲဒီမိန်းခလေးတွေဟာ H.I.V ကိုသိလည်းမသိသလို အန္တရာယ်ဘယ် လောက်ကြီးတယ်ဆိုတာကို နားမလည်ပါဘူး။ ယုတ်စွအဆုံး ကာလသားရောဂါကြောင့် ဘာဖြစ်နိုင်တယ်ဆိုတာကိုတောင် သေချာမသိ ပါဘူး။ တချို့ဆိုရင် အသက် ၁ဝ နှစ်လောက်နဲ့ မှောင်ရိပ်ခိုကြတာပါ၊ ထောင်ထဲကိုရောက်လာရင် သီချင်းလေးတအေးအေးနဲ့ ကျွေးမယ့် လူရှိရင်စားပြီး ကျွေးမယ့်လူမရှိရင် ပုံစံဝင်စွဲကြပါတယ်။ ဒီလိုနဲ့ဝင်ထွက်သံသရာလည်ပြီး တချို့လည်းသေသွားကြပါတယ်၊ နောက်ထပ် အသစ်တွေနဲ့ ၁၃ (ဃ) တွေနည်းသွားတာ လျှော့သွားတာမတွေ့ရဘဲ ပိုလို့သာတိုးလာနေပါတယ်။ ထောင်ထဲမှာက ဆေးထိုးပြွန်၊ ဆေးထိုးအပ်အပါအဝင် ခွဲစိတ်ပစ္စည်း၊ သွားနဲ့ခံတွင်းအတွက် သုံးတဲ့ပစ္စည်း ကရိယာတွေကို ဆေးကြော သုတ်သင်လေ့မရှိပါဘူး။
တခါက ကျမသွားကိုက်လို့ သွားဆရာဝန်ထွက်ပြပါတယ်၊ ကျမရှေ့ကလူတွေကို လုပ်တာကြည့်ရင်းနဲ့ ကျမဆုံး ဖြတ်လိုက်ပါတယ်၊ သွားကိုက်လို့တော့မသေနိုင်ဘူး H.I.V ကူးစက်ရင်သေတတ်တယ် ဆိုပြီးမပြတော့ပါဘူး၊ လူတိုင်းကို ဒီပစ္စည်းနဲ့ သုံးပြီး ပါးစပ်ထဲကိုကြည့်ပါတယ် အပ်ကောက်တွေကိုလည်း ဖြုတ်မလဲပါဘူး။ ပစ္စည်းတွေကကြည့်ရုံနဲ့တင် အရမ်းညစ်ပတ်တာ သိ သာနေပါတယ်။ အဲဒီပစ္စည်းကရိယာတွေနဲ့ပဲ သွားဝေဒနာခံစားရသူတိုင်းကို ကုသနေတာပါ။ ကျမတို့နိုင်ငံရေး အကျဉ်းသားတွေထဲမှာလည်း မသန့်ရှင်းတဲ့ဆေးထိုးအပ် အပါအဝင်ဆေးဘက်သုံး ကရိယာတွေကြောင့် H.I.V ပိုးကူး စက်ခံရပြီး ထောင်ထဲမှာတင် သေဆုံးသွားသူတွေရော၊ ပြန်လွတ်လာပြီးတော့မှ သေတဲ့လူတွေမနည်းလှပါဘူး၊ အခြားအကျဉ်းသားတွေ မှာလဲဒီလိုမျိုး ကူစက်ခံရမှာပါပဲ။
ကျမ မှတ်မှတ်ရရ ဖြစ်နေတာက တခါတုန်းက ကျမ နေမကောင်းလို့ ဆေးထိုးရမယ်ဆိုတော့ ဆေးမှူး က ဆေးထိုးပြွန်နဲ့အပ်ကို တခါတည်းတပ်ပြီး ဆေးစုပ်လာပါတယ်။ ကျမတို့တွေက ထောင်ဝင်စာမှာတခါသုံး ဆေးထိုးအပ်တွေကို ရုံး ခန်းမှာ အပ်ထားပြီးသားပါ။ ကျမရှေ့မှာဖွင့်တာမဟုတ်တဲ့ ဆေးထိုးအပ်နဲ့ ကျမ ဆေးထိုးမခံနိုင်ပါဘူး၊ ဒါကြောင့်ထောင်ထဲမှာ ကျမ ဆေးမ ထိုးတော့ပါဘူး၊ ဒီလိုဖြစ်ရပ်မျိုးတွေဟာ အကျဉ်းသားတွေကို သေဒဏ်စီရင်လိုက်သလိုပဲလို့ ခံစားမိပါတယ်။ နောက်တမျိုးက ပြည့်တန်ဆာလောကမှာ ကျင်လည်နေတာကြာပြီဆိုတော့ တန်ကြေးကျလာတဲ့ ပြည့်တန်ဆာတွေပါ၊ သူတို့ကိုခပ်ပေါ ပေါ "ဘိ" တွေကနေဖမ်းလာတာပါ၊ ထောင်ဒဏ်ကလဲ ၁ နှစ် (သို့) ၂ နှစ်ကျတတ်ပါတယ်။ သူတို့က ပညာလေးတွေကလည်း မတောက် တခေါက်တော့တတ်ကြပါတယ်။ သူတို့ကလည်း ရောဂါပိုးတော်တော်များများ ငြိတွယ်ခံနေရသူတွေပါ၊ သူတို့လဲ H.I.V ပိုးကိုမကြောက် နိုင်သူတွေထဲမှာ ပါဝင်ပါတယ်။
သူတို့တွေဟာ ရှေ့တန်းဖြန့်ဖြူးရေးသမားတွေပါ။ သူတို့ရဲ့တန်ကြေးက အရမ်းမမြင့်သလို၊ အရမ်းလည်း မနိမ့်လှပါဘူး၊ ရုပ်ရည်အားဖြင့်လည်း သိပ်အဆိုးကြီးတွေ မဟုတ်ပါဘူး။ ကျမတို့တိုက်ထဲ အလုပ်လာလုပ်တဲ့ ကောင်မလေးတွေနဲ့ စကားကြည့်ဘူးပါတယ်၊ သူတို့ကိုကောင်းရောင်း ကောင်းဝယ်လုပ်စားဖို့ အကြံ ပေးကြည့်တော့ သူတို့ကရယ်ပါတယ်၊ ပြီးတော့ပြောတာက "အမရယ် အခုလိုခေတ်ကြီးထဲမှာ အရင်းအနှီးများများမရှိပဲနဲ့ ဘယ်လိုလုပ် ဈေးရောင်းလို့ရမှာလဲ" တဲ့။ ကျမကရတဲ့ပိုက်ဆံစုထားပေါ့ ဆိုတော့၊ ကျမတို့ကအများကြီးမရပါဘူး၊"ခေါင်း" တွေကလည်း ဖြတ်သေး တာတဲ့၊ ကျမ ထင်တယ်လေ ငွေရှာရလွယ်ကူတဲ့ ဒီလုပ်ငန်းထဲမှာသူတို့ကိုယ်တိုင် ပျော်နေတာဖြစ်နိုင်တယ်။ သူတို့မှာလည်း H.I.V နဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေ ရှိနေကြပါတယ်။ သူတို့က H.I.V ပိုးကနယ်စပ်သွားတဲ့ လူတွေမှာဖြစ်တာတဲ့လေ၊ ကျမနဲ့ အေးမိုးက မဟုတ်ဘူး မြန်မာပြည်ထဲမှာလဲ ရှိတယ်ဆိုတော့ သူတို့ လက်မခံပါဘူး ပြန်မပြောသာလို့မပြောပေမယ့် သူတို့ မယုံဘူးဆိုတာ သိသာ ပါတယ်။
နောက်တမျိုးက ကြေကြီးတဲ့လူတွေပါ၊ ကျမတို့ အင်းစိန်ထောင်မှာရှိနေတုန်း ၁၉၉၅ ခုနှစ်က ဗိုလ်ချုပ်ထွန်းကြည် အိမ်ကိုငှားပြီး "ဘိ" ထောင်ထားတဲ့ ဒေါ်သီတာဆိုတဲ့ မိန်းမနဲ့ကောင်မလေး ၇ ယောက်ကိုဖမ်းလာပါတယ်။ ကောင်မလေးတွေက ခပ်မိုက်မိုက်လေးတွေပါ၊ သူတို့ကကြေးကြီးပါတယ်၊ တော်ရုံလူတွေမကပ်နိုင်ပါဘူး၊ ဖွင့်ထားတဲ့ပုံစံကလည်း အတော်လေးကို လျှို့လျှို့ဝှက်ဝှက်လုပ်ထားတာပါ၊ အပြင်ကကြည့်ရင် export-import ရုံးခန်းလိုပြင်ဆင်ထားပါတယ်။ ကောင်မလေးတွေကို မြေတိုက်ခန်းထဲမှာထားတာပါ၊ ဧည့်သည်က လာမယ်ဆိုရင် ဖုန်းနဲ့အရင်ချိန်းရပါတယ်၊ ပြီးမှလက်ခံတွေ့ဆုံပါတယ်၊ ဧည့်သည်အသစ်ဆိုရင် ရင်းနှီးတဲ့ဧည့်ဟောင်းမပါရင် လက်မခံပါ ဘူး။
ကောင်မလေးနဲ့ ပေးမတွေ့ခင်မှာ ကောင်မလေးတွေရဲ့ဆေးစစ်ချက်ကို ပြပါတယ်။ ကျမတို့က ကောင်မလေးတွေကိုမေးကြည့်ပါ တယ် ဘယ်လိုဆေးစစ်ချက်ကို ပြတာလဲသိချင်လို့ပါ။ ကောင်မလေးတွေက "သူတို့ကိုဆရာဝန်နဲ့ မှန်မှန်ပြပြီး၊ ဆေးထိုးဆေးစားခိုင်း တယ်" တဲ့၊ ဒါနဲ့ကျမတို့ကဆက်ပြီး ကွန်ဒုံရောသုံးကြလားလို့ မေးတော့သူတို့က"သုံးတဲ့လူကသုံးပြီး မသုံးတဲ့လူတွေမသုံးကြဘူး" တဲ့။ ဒါပေမယ့် အဲဒီလိုအမှုနဲ့ ဖမ်းထားတဲ့လူတွေကို ရဲစခန်းမှာသွေးဖော်စစ်ပြီး ထောင်ကိုသွေးအဖြေ ထည့်ပေးလိုက်ပါတယ်။ အဲဒီသွေး အဖြေ အရမိန်းခလေး ၂ ယောက်မှာ H.I.V ပိုးကူးစက်နေပြီတဲ့၊ ထောင်ထဲမှာတော့ အဲ့ဒီသတင်းဟာ ပျံ့နှံ့နေပါတယ်၊ အစားအသောက် သေချာ စားသောက်နေထိုင် နေတာဆိုတော့ AIDS လက္ခဏာစုတွေ မပြသေးပါဘူး၊ သူလိုကိုယ်လိုသာမာန် လူတွေပါပဲ၊ ဘာပဲဖြစ်ဖြစ် ကာယံ ရှင် တွေလဲသူတို့ရဲ့ သွေးအဖြေကိုသူတို့ကြားမှာပါဘဲ၊ ဘယ်သူကမှတော့ သူတို့ကိုတရားဝင်သွေး အဖြေကိုပြောမပြကြပါဘူး။ ကျမတို့ကထောင်ဆေးမှူး အန်တီဖောကိုမေးကြည့်ပါတယ်။
ထောင်ထဲမှာပြန့်နှံနေတဲ့ သတင်း ကာယကံရှင်ကို တရားဝင်ပြောပြလားလို့ လေ၊ ဒီတော့အန်တီဖောက "ငါတို့က နှင့်သိမ့်ဆွေးနွေး ပညာပေးဋ္ဌာန မဟုတ်ဘူး၊ ဒီတော့ ပြောမနေနိုင်ဘူး" တဲ့၊ ကျမကပဲဆက်ပြီး တော့ "အခုလွတ်ရင် ဆေးမှတ်တမ်းပေးမှာလား" ဆိုတော့ အန်တီဖောကပဲ "ဌာနဆိုင်ရာလုပ်ငန်းအရပေးစရာ မလိုဘူး"၊ အေးမိုး က ထပ်ပြီး "တခြားလူတွေကူးကုန်ရင် ဘယ်လိုလုပ်မလဲ" လို့မေးပါတယ်၊ အဲဒီတော့ အန်တီဖောက "ဝါသနာပါတဲ့လူတွေခံပေါ့၊ ပိုက်ဆံ ပေးပြီး ရောဂါဝယ်တ ငါတော့မသနားပါဘူး" တဲ့။ တကယ်ကသူတို့ အတွေးတိမ်တာပါ ဒီကိစ္စဟာအမျိုးသားရေးပါ၊ ပိုက်ဆံပေးပြီး ရောဂါဝယ်တဲ့ လူတွေကြောင့် သူတို့ရဲ့အိမ်ရှင်မတွေကို ကူးစက်မယ်၊ အိမ်ရှင်မတွေကတဆင့် အပြစ်မရှိ၊ အပြစ်မသိသေးတဲ့ ကလေး တွေကိုကူးစက်မယ် အရှည်ကြီးစဉ်းစားကြရင် ဒီစကားကိုပြောမှာ မဟုတ်ပါဘူး။
ကောင်မလေးတွေက ၁ နှစ်ခွဲပဲကျတာဆိုတော့ သူတို့ပြန်လွတ်မယ့်ရက်မှာ ကျမတို့ကိုလာနှုတ်ဆက်ပါတယ်၊ ကျမတို့ကအခုဘယ်ကို ပြန်မလည်းလို့မေးတော့၊ သူတို့မာမီရဲ့ယောက်ျားက မန္တလေးမှာအိမ်းငှားထားပြီးပြီတဲ့၊ ရန်ကုန်မှာက အမှုကိစ္စဖြစ်သွားတော့ ဆက်နေ လို့ မကောင်းတော့လို့ မန္တလေးတက်ပြီး၊ လုပ်ငန်းခွင်အသစ်ပြန်စမယ်တဲ့၊ ဒါဆိုရင်အသစ်ဆိုပြီး ဈေးတောင်ပိုရသေးတယ်တဲ့၊ သူတို့ မာမီက ၇ နှစ်ကျတာဆိုတော့ ဘယ်သူထောင်ဝင်စာလာတွေ့မှာလဲလို့ မေးလိုက်မိသေးတယ်၊ မာမီကလူလည်မ သူ့သားသမီးတွေ ကိုတော့ သူ့ လုပ်ငန်းနဲ့ ပတ်သက်မခံဘဲနဲ့ သီးသန့်ထားထားတာ၊ သူ့သမီးအရင်းတွေ လာတွေ့လိမ့်မယ်တဲ့၊ ကျမတို့လည်း သက်ပြင်းချ ယုံမှတပါး အခြားမရှိတော့ပါ။
အခုစက်ဝိုင်းဟာ ပုံမှန်လည်ပတ်နေကြပါတယ်။ ဘယ်သူကမှကိုယ့်ရဲ့ ရောဂါရာဇဝင်ကို အမှန်ထုတ်မပြောသလို၊ တာဝန်ယူနေတဲ့လူ တွေလည်း ဘာမှထိထိရောက်ရောက် မလုပ်နိုင်ပါဘူး၊ ဒီအခြေအနေကို မရှင်းနိုင်သေးဘဲ ဘယ်လိုလုပ် H.I.V ဦးရေလျှော့နည်းလာမှာ လဲ။ ဝေဘာဂီကူးစက်ဆေးရုံမှာ ဆေးရုံအုပ်ကြီးလုပ်ခဲ့တဲ့ ကျမအဒေါ်ရဲ့အပြောအရ သူတို့ရဲ့စာရင်းဇယားဟာ ဆေးရုံကိုရောက်မလာတဲ့ လူတွေ၊ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ လူတွေအများကြီးရှိပါတယ်တဲ့။ ရပ်ကွက်တွေထဲမှာလည်း H.I.V နဲ့ သေဆုံးသူတွေကို မကြာခဏမြင် တွေ့နေရပါတယ်၊ များသောအားဖြင့် အလုပ်လုပ်နိုင်သေးတဲ့ အရွယ်တွေပါ၊ သူတို့ရဲ့ရောဂါဝေဒနာကြောင့် အိမ်မှာရှိတဲ့ မိသားစုလည်း ငွေကုန်ကြေးကျများပြီး ဒုက္ခရောက်ကြရပါတယ်။ ဆေးထိုးအပ်ကြောင့် H.I.V ပိုးကူးစက်ခံရတဲ့ ၁၇ နှစ်အရွယ်ကောင်းလေး အကြောင်းကိုလည်း ကျမအဒေါ်ပြောပြလို့ သိရပါတယ်။ ကောင်လေက ပညာတော်ပါတယ် ပခုက္ကူဘက်ကလာတာဖြစ်ပြီး၊ နိုင်ငံခြားပညာသင်ခွင့်ရလို့ ဆေးစစ်ဖို့အတွက် ရောက်လာတာပါ။
ကောင်လေးပုံစံက ရိုးရိုးအေးအေးနဲ့ အညာသားလေးမှန်းသိသာပါတယ် ဆေးလာစစ်တုန်းကတော့ သူ့ရဲ့အနာဂတ်အတွက် တက်ကြွ ပျော်ရွင်နေခဲ့ပါတယ်။ ဒါပေမယ့် ဆေးစစ်ချက်ကိုရတော့ မယုံနိုင်အောင်ပဲ သူ့ဘဝပြောင်းလဲသွားခဲ့ပါတယ်။ အဲဒါက သူ့မှာ H.I.V ပိုးကူး စက်ခံနေရပြီတဲ့၊ ကျမအဒေါ်လည်း အရမ်းစိတ်ဝင်စားသွားလို့ သူ့ရဲ့ကိစ္စကိုသူနဲ့ရော အုပ်ထိန်းသူတွေနဲ့ပါ သေချာဆွေးနွေးမေးမြန်းခဲ့ပါ တယ်။ တကယ်ကသူဟာ ဆေးထိုးအပ်ရဲ့သားကောင် ဖြစ်ခဲ့ရသူပါ၊ သူတို့ရွာလေးမှာ ဆရာဝန်မရှိပါဘူး၊ ဆရာဝန်ရှိတဲ့တိုက်နယ်ဆေးရုံ ကိုသွားမယ်ဆိုရင် ၃ မိုင်လောက်တော့သွားရပါတယ်။
ဒါပေမယ့်ရွာတွေမှာ သူတို့အခေါ်ဆေးထိုးဆရာ (ကွန်ပေါင်ဒါ) တွေရှိပါတယ်။ တော်ရုံတန်ရုံအသည်းအသန် မဟုတ်ရင် ဆေးရုံမသွားဘဲ ကွန်ပေါင်ဒါနဲ့ပဲ ကုသလေ့ရှိပါတယ်။ ကွန်ပေါင်ဒါကလည်း ဆေးထိုးပေး လိုက်တာပါပဲ၊ ဒီလိုနဲ့ ကျန်းမာရေးချူချာတဲ့ သားငယ်ဟာ ကွန်ပေါင်ဒါနဲ့ မကြာခဏဆေးထိုးရလေ့ရှိတယ်တဲ့၊ သူ့မိဘတွေက ပြော ပြတာပါ၊ ကောင်လေးကတော့ သူဘာကြောင့် H.I.V ကူးစက်ခံရတယ်ဆိုတာကို နားမလည်ပါဘူး။ ဆေးထိုးအပ်ကနေ H.I.V ပိုးကူးစက်ခြင်းကတော့ ဒုတိယအများဆုံးပါပဲ၊ အဲဒီအထဲမှာသွားဝေဒနာကို ကုသတဲ့ပစ္စည်းတွေ ပါဝင်ပါ တယ်၊ တတိယ တမျိုးကတော့ မများပေမယ့်ရှိနေပါတယ်၊ သွေးသွင်းကုသခြင်းကနေ ပိုးကူးစက်ခံရတာပါ၊ ကလေးဆေးရုံမှာ ကလေး ၁ ယောက်ကို ကျမ တွေ့ခဲ့ဘူးပါတယ်။ တကယ်တော့ ဒီကိစ္စတွေရဲ့အရင်းအဖြစ်ဟာ ဘာတွေလည်း၊ ဘာကြောင့်ဒီလောက် ပရမ်း ပတာဖြစ်နေရတာလဲ ကျမတို့နိုင်ငံရဲ့ အနာဂတ်ဟာ တောင်အာဖရိက နိုင်ငံတွေလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးရုံမှတပါး .... ဘာမှမတတ်နိုင်ခဲ့ ပါ။
ခင်ငြိမ်းသစ် ဆောင်းပါးအား နေ့သစ် မှ ပြန်လည်ဖော်ပြပေးပါသည်.။
ကိုညီညီအောင် အမှုအတွက်စွဲချက်တင်သင့် မတင်သင့် လာမည့် (၂၉)ရက်နေ့မှာ လျှောက်လဲချက် ပေးရမည်။
" ဒီနေ့ရဲ့ ကိုညီညီအောင်ရဲ့အမှုကို အင်းစိန်ထောင်တွင်းက တောင်ပိုင်းခရိုင်တရားရုံးမှာ ကြားနာစစ်ဆေးပါတယ်။ ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ အမေရိကန်ကောင်စစ်ဝန်ရယ် သွားရောက်ခဲ့ပါတယ်။ ဒီနေ့တော့ တရားလိုပြ သက်သေတွေ စစ်ဆေးပါတယ်။ အစိုးရသက်သေ ရဲအရာရှိတစ်ဦး စစ်ဆေးပြီး ကျန်တဲ့သူတွေကို ပယ်လိုက်တဲ့ အတွက် အစိုးရသက်သေ စစ်စရာကုန်သွားပါပြီ..... ဒီဇင်ဘာလ(၂၉)ရက်နေ့မှာ ကိုညီညီအောင့် အမှုကို စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ပေးရပါမယ်..... ပုံမှန်သောကြာနေ့ အမှုစစ်ပေမယ့် သောကြာနေ့က ခရစ်စမတ်နေ့ဖြစ်တဲ့အတွက်ကြောင့် အင်္ဂါနေ့(၂၉)ရက်နေ့မှာ ချိန်းပါတယ်။"
ကိုညီညီအောင်နဲ့ ရုံးရှေ့မှာပဲခဏ စကားပြောခွင့်ရပါတယ်...ကိုညီညီအောင် တော်တော်လေးပိန်သွားပါတယ်။ ရုပ်လည်းကျသွားပါတယ်..... အစာငတ်ခံ ဆန္ဒပြတာပြီးသွားပြီလို့ ပြောပါတယ်။ အစာငတ်ခံဆန္ဒပြတာနဲ့ ပတ်သတ်ပြီး အသေးစိတ်တော့ ပြောမပြသွားသေးပါဘူး။ အမေရိကန်ကောင်စစ်ဝန်လည်း ရုံးရှေ့မှာ ခဏပဲ နှုတ်ဆက်ခွင့် ရပါတယ်။ သီခြားတွေ့ခွင့် မရသေးပါဘူး.... ကိုညီညီအောင် အဒေါ်နဲ့တော့ လာမည့်တနင်္လာနေ့မှာ တွေ့ခွင့်ရမယ်လို့ သိရပါတယ်..... ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်.....
....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၃)ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး (၂၀)ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုထားပါတယ်။
ဒီဇင်ဘာလ (၄)ရက်နေ့မှာတော့ ကိုညီညီအောင်ဟာ ထောင်တွင်း အကျဉ်းသားချင်း ခွဲခြားမှု မညီမျှမှုတွေ၊ မတရား လုပ်နေမှုတွေ၊ ဖိနှိပ် ချုပ်ချယ်မှုတွေအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ ပြီးခဲ့တယ့်သောကြာနေ့ ရုံးချိန်းကိုလည်း ကိုညီညီအောင် ကျန်းမာရေး မကောင်းသဖြင့် ရုံးမထွက်နိုင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းခဲ့ပြီး။ ယနေ့ပြန်လည်စစ်ဆေးခြင်း ဖြစ်ပါတယ်...။
သတင်းပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။
18 December 2009
17 December 2009
၈၈ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ကိုယ်တိုင် ရေးသားခဲ့သော (လားရာ )ဝတ္တုတိုလေးအားသူ၏မွေးနေ့တွင် ပြန်လည်ဖော်ပြပေးလိုက်ခြင်း.။
“ဂျိုင်း” ကနဲ တံခါးပိတ်သံ၊ မင်းတုံးထိုးသံ၊ သောခတ်သံ မက်တဲလစ်သံတွေ။သံစဉ်မညီ၊ နာရီမရှိ၊
စည်းချက်မကျ၊ တရွေ့ရွေ့ဝေးသွားတဲ့ ဖိနပ်သံများခါတိုင်း စကားသိပ်များလေ့ရှိတဲ့ အခန်းဖေါ်က
ရုတ်တရက် စူးစမ်းတဲ့အကြည့်ချက်ခြင်းသဘောပေါက်သွားတဲ့ဟန်၊ သက်ပြင်းချ၊ တိတ်ဆိတ်။
ပြန်လာကတည်းက ဘာမှမပြောဖြစ်၊ ပြောချင်စိတ်လည်းမရှိ။ပရိသတ်အမြင်မှာ တည်ငြိမ်ကြံ့
ခိုင်သယောင်၊ တကယ်က ရုပ်နဲ့နာမ် မကပ်တာ၊အခန်းထဲပြန်အရောက်၊ အိပ်ယာနေရာပေါ်လှဲချ။
လက်ထဲကယပ်တောင်ကိုတွေတွေကြီးငေးကြည့်နေမိ၊ဝဲလာတဲ့မျက်ရည်တွေကိုပုတ်ခတ်ပစ်လိုက်
ဘို့မကြိုးစားတော့၊ကျပါစေလေ၊လွတ်လွတ်လပ်လပ်ကြီးစီးပါစေတော့။တိတ်ဆိတ်အခန်းငယ်ထဲ
မြေဆွဲအားကိုဆန့်ကျင်နေတဲ့ အိမ်မြှောင်ငယ်က “စုတ်”တသတ်သတ်၊ရင်းနှီးနေကြ မျက်နှာကြက်ညစ်ထပ်ထပ်ကို နော့အကြည့်၊တအိအိပြိုကျလာသလို။
………………………………………………………………………………………………………….
“မေမေ အဲဒီမှာရပ်နေသားလာခဲ့မယ်”“မှုတ်ဘူး၊ မှုတ်ဘူး ခုနနေရာကိုပြန် သွား၊ သားလာကြိုမယ်”
“သားရယ် မေမေခေါင်းပေါ်က အထုတ်ကြီးနဲ့ သားရဲ့”“မရဘူး၊ ပြန်သွား၊ ပြန်သွား၊ သားလာကြိုမယ်လို့ ပြေနေတဲ့ဟာကို”“ကဲ ကဲ သားကျေနပ်အောင် ပြန်သွားပြီ ဟုတ်ပလား”“သားကလေ မေမေကို
သိပ်ဆိုးတာဘဲ၊ မောလိုက်တာသားရယ်”ဆိုတယ်သာပြောတာ မေမေ့မျက်နှာက ပြုံးလို့၊ခေါင်းပေါ်က အထုတ်ကြီးကိုချ၊ သားကိုပွေ ဖက်နမ်း၊ သားလက်ကိုစွဲပြီးအိမ်ပြန်။
လမ်းထဲက..ဒီသားအမိကိုကြည့်ပြီးသဘောကျကြ၊မေမေကပုတက်တက်နဲ့ဘယ်သူကိစ္စဖြစ်ဖြစ်
လက်မနှေးတမ်းကူညီတက်သူ၊လူချစ်လူခင်များတဲသူ။ကျွန်တော်တို့အိမ်ကတောင်ဥက္ကလာမှာ၊
ကတ္တရာလမ်းမကြီးတစ်ခုကနေ ချိုးဝင်ရတဲ့လမ်းသွယ်လေး၊မေမေပြန်လာမယ့်အချိန် ညနေစောင်းဆိုအိမ်ရှေ့ကနေ လမ်းချိုးလေးကိုမျှော်နေတာမေမေအဝတ်ထုတ်ကြီးရွက်ဝင်လာ
တာတွေ့တာနဲ့ ထွက်ကြိုနေကြ၊အဝေးကနေ အော်ပြီးပြေးကြိုတာ၊ ရောက်တဲ့နေရာမှာ ရပ်နေမှ၊ ကိုယ်တိုင်လာကြိုမယ်ပေါ့။
မေမေကလဲ သားလာကြိုတာတွေ့လို့ ဆက်လျှောက်လာရင်..မရဘူး၊ လာကြိုမယ်လို့ အော်ထား
တုံးက နေရာပြန်သွား… အဲဒီနေရာမှာဘဲ လာကြိုမယ်၊
ဒါဆို ဒါမှ ဇွတ်…
အဲဒီတုံးက မေမေနှလုံးသွေးကြောကျဉ်းတဲ့ ဝေဒနာခွဲစိတ်ကုသပြီး ပြန်ကောင်းလာတဲ့အချိန်၊
မေမေ့ပေါင်ပေါ် ခေါင်းတင်းရင်း အဲဒီချုပ်ရိုးကြီးကို ခဏခဏ ကြည်ဘူးတယ်။
ရင်သားအေက်မှာတစ်ပေလောက်ကင်းခြေများကြီးတစ်ကောင်ကန့်လန့်ဖြတ်ကပ်နေသလိုကြီး၊
တရုတ်ဗမာအရေးအခင်းဖြစ်နေတဲ့အချိန်၊ဆေးရုံပေါ်မှာချည်း ခြောက်လလောက်ကြာတယ်၊ညီလေးက အခါလည်မရှိတရှိ၊နို့ဘူးတိုက်ပြီးအဘွားနဲ့ထားခဲ့ရတာ၊နှလုံးခွဲစိတ်မှုကခေတ်ဦး၊အဖိတ်အစင်တွေကလဲရှိ၊
ကံကောင်းထောက်မစွာဘဲ မေမေတစ်ယောက် လူကောင်းလို ပြန်ပြီး လုပ်နိုင်ကိုင်နိုင်လာတယ်၊ဖေဖေက လက်နှိပ်စက် စာရေး၊ခွဲစိတ်ပြီးကောင်းလာတာနဲ့ မိသားစုဝင်ငွေ အတွက်တဘက်တလမ်းက ရှာရတော့တာ၊
(၃၈)လမ်းဈေးက မေမေအစ်ကြီးဆိုင်မှာ ပါတိတ်အဆင်ဒီဇိုင်းမျိုးစုံလက်ခံ၊တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ ပါတိတ်ခုံတွေမှာ ဒီဇိုင်းစုံမယ်၊ နံပါတ်တွေနဲ့ လိုက်အပ်၊အဲဒီအချိန်ကပေါ်ပလင်၊အနားပြာပိတ်အဖြူ
တွေကို ပါတိတ်ဆေးရိုက်ပြီး လုံချီ၊ အင်္ကျီချုပ်ဝတ်ကြတာ၊ခုခေတ်လို နိုင်ငံခြားကမဝင်ဘူး။
အဲဒီအပ်ထည်တွေကို အပေါ်အဝရှုံ့ကြိုးတက်ထားတဲ့ အဝတ်အိပ်အစိမ်းကြီးထဲထည့်၊ပါတိတ်ရုံတွေမှာ
ပိတ်စနဲ့ အပ်ထားတဲ့ဒီဇိုင်းနံပါတ်တွဲပြီးအပ်၊ပြီးတာတွေပြန်ထည့်၊အဲဒီအဝတ်ရှုံ့အိပ်အစိမ်းကြီးရွက်ပြီး
ညနေစောင်းအိမ်ပြန်လာတဲ့မေမေ့ကို“မေမေ… အဲဒီမှာရပ်နေသားလာခဲ့မယ်”
…………..x…………..x………………x……………….+…………..
“သား…ရော့.. အောက်ကခေါင်းမု(ခေါင်းခု) လေးခံပြီးရွက်၊သွားနှင့် မေမေလိုက်ခဲ့မယ်”
ပုဆိုးဟောင်းတထည်ကို ကရွတ်ခွေပြီး ခေါင်းခုလေးလုပ်ပေးတယ်၊ ပြီးတော့..
ချဉ်ပတ်ဇလုံခေါင်းပေါ်တင်၊ ဘောက်ဆတ်ဘောက်ဆတ်နဲ့ မနက်စောစော နန္ဒဝန်ဈေးမှာ ဆိုင်ဖွင့်ဘို့၊
မေမေကလဲ ဇလုံတလုံးရွက်လို့ နောက်ကလိုက်လာ၊ နှစ်ခေါက်.. သုံးခေါက်၊ဇလုံတွေ သူ့နေရာနဲ့သူချ၊ ခင်ကျင်းပြီး အိမ်ပြန် ရေမိုးချိုး ပြီးမှ ကျောင်းတက်ရတာ၊မူလတန်းကျောင်းက အိမ်နဲ့ဈေးကြား၊ အိမ်နဲ့
နှစ်လမ်းဘဲ ခြားတယ်၊အထက်တန်းကျောင်းရောက်တော့လဲ လမ်းထိပ်တင်၊ အော်ခေါ်ရင် ကြားရတဲ့နေရာ၊ချဉ်ပတ်က အရင်က အဘွားရောင်းတာ၊ ခြေထောက် သံဆူးလို့မေမေက ခဏ ဆိုင်ကူထွက်ပေးရင်းနဲ့ ချဉ်ပတ်သည်ဖြစ်ကရော ဆိုပါတော့။
သူငယ်ချင်းတွေက နောက်တယ်… “ချဉ်ပတ်” တဲ့။ဘာဖြစ်သေးလဲ “ချဉ်ပတ်” ပေါ့။ဖေဖေကလဲ တောင်ဥက္ကလာအိမ်ကနေ အလုံသစ်လုပ်ငန်းဌာနကို တခါတလေ စက်ဘီးနဲ့ ရုံးတက်တယ်၊
အပြန်စက်ဘီးနဲ့ ဟင်းကလာရွက်တွေ ပုဆိုးနဲ့ထုတ်ပြီး တင်လာတာပုဆိုးတထည်ကို အောက်က
စုချည်၊ ပြောင်းပြန်လှန် ဟင်းကလာ အချိန်တစ်ဆယ်ထည့်၊ထိပ်ကနေချည်၊ စက်ဘီးနောက်ခုံပေါ်
ကြိုးနဲ့ သေချာတုတ်ပြီး နင်းလာရတာ၊အဲဒီတုံးက အလုံအမှိုက်ပုံပေါ်မှာ ဟင်းကလာစိုက်ရောင်းတဲ့
သူတွေရှိတယ်၊မြေသြဇာကကောင်းတော့ သန်မှသန်ဟင်းကလာချဉ်ပတ်ကလဲ လူကြိုက်များမှများချဉ်ပတ်ကလဲအစုံ ပဲပင်ပေါက်၊ မုန်လာဥသတ်သတ်၊ အပင်နဲ့ဥတွဲရက်၊
ငှက်ပျောအူ၊ ငှက်ပျောဖူး၊ ကန်စွန်း၊ ကြောင်လျှာ၊ ဇရစ်၊ မာလာဖူး၊ သရက်ကင်း၊ ကတက်၊
သရက်သီးဆားစိမ်၊ ပိုးတီ..
အို.. စုံတကာကို စေ့လို့။
ပင်ပမ်းတာကတော့ တကယ့်ကို ဒါပေမဲ့ မိသားစု လက်ရေတပြင်တည်းလေ။အဲဒီဘဝလေး ခုပြန
်တွေးတာတောင် ပျော်တုန်း။နောက်တော့..ချဉ်ပတ်ကနေ မေမေလက်ငုတ် အထည်ဆိုင်ပြန်ဖွင့်တယ်၊ဒါးစက်လိုက်တယ်၊ ဘီတင်ပန်းလိုက်တယ်၊ မိန်းမဝတ်၊ ခလေးဝတ်
လက်ခံတယ်၊ ချုပ်ရောင်းတယ်၊ စက်ချုပ်ဆိုင်တွေက ကိုယ်ပိုင်ဒါးစက်၊ ဘီတင်စက် မထားကြသေးဘူး၊ အငှားလိုက်ရတာ၊ဖေဖေအလုပ်အားရင် ဆိုင်ဝိုင်းထိုင်တယ်၊ တော်ရုံစက်ပျက်ရင် ဖေဖေဘဲ ပြင်တာ၊ညီလေးလဲအရွယ်ရောက်ပြီ။ကြုံတဲ့သူ ဒါးစက်ဝင်လိုက်၊ ဘီတင်ဝင်လိုက်၊ စက်ချုပ်
ပစ္စည်းမျိုးစုံရောင်း၊မိသားစု စည်းလုံးလုံး၊တခရီးတည်း ဦးတည်ရာတစ်ခုတည်း၊မေမေနဲ့အတူ ဆိုင်ဖွင့်၊မေမေနဲ့အတူ ဆိုင်သိမ်း။
……………x………….x……………x…………..x…………..
“သားရယ်.. အစစအရာရာ ဂရုစိုက်နော်မေမေကတော့ စိတ်ပူတာဘဲ သားအတွက်စိုးရိမ်တာ
ဘဲသိတယ်။တကယ်လဲမေမေက ဘာမှသိပ်နားလည်တာမဟုတ်၊သူ့သားလုပ်နေတာတွေကို
နားမလည်ရိုးအမှန်၊အကြောင်းကိစ္စရှိလို့ စာရွက်ပေါ်လက်မှတ် ထိုးဆိုမှ..ဝင်းကြည် လို့ တွန့်တွန့် တွန့်တွန့်လောက်ဘဲ ထိုးတက်တဲ့အမေ၊သူ့သားကို သူယုံတာတစ်ခုဘဲ ရှိတယ်၊သူ့သားဟာ
ငယ်ငယ်ထဲက မဟုတ်တာမလုပ်ဘူး၊သူ့သားလုပ်တာဆိုရင် ဟုတ်တာဘဲ ဖြစ်ရမယ်၊မေမေသိတာ ဒါဘဲ၊ ဒါဆိုလုံလောက်ပြီလေ။
စိတ်ထဲက မိခင်တစ်ယောက်ရဲ့မေတ္တာ၊ သည်းသည်းကိုလှုပ်လို့၊တလောကလုံး ကိစ္စထက်၊ သူ့သား
ကိုချစ်တာက သူ့အရေး၊ သူ့ကိစ္စဘဲလေ၊ဖေဖေကတော့ သိတယ်၊ သူ့သားကို ယုံလဲယုံတယ်၊ ထောက်လဲထောက်ခံတယ်၊အဲဒီတုန်းက ဖေဖေ သစ်ကမ္ပဏီမှာ လုပ်နေတဲ့အချိန်၊ပိန်းပိတ်အောင် မှောင်နေတဲ့ခေတ်၊သားတွေအတွက်မျှော်လင်ချက်တံခါးလေးတစ်ချပ်ပွင့်လာနိုး စိတ်ရှည်သည်းခံမှု
အပြည့်နဲ့ လုပ်နေတာ၊
အဲဒီတံခါးချပ်လေးအပွင့်..၊
ဖေဖေကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ညီလေးက ဟိုး အဝေးမှာ၊ပြန်လာရင် မိသားစုအနာဂါတ်တွေ
တပွေတပိုက်နဲ့ကျွန်တော့်မှာလဲ မျှော်လင့်ချက်တွေ တလှေကြီး၊မေမေက သူ့သားအလုပ်ကို
ဂဃနဏမသိပေမဲ့ ကြားဘူးနားဝတော့ ရှိတာပေါ့၊သူလဲသူ့အသက်အရွယ်၊ သူ့ဖြတ်သန်းမှုနည်းမှတ်လို့၊သူ့တစ်သက်မှာ ဒီအလုပ်သဘာဝမျိုးက သူ့အနီးအပါးက၊ တချို့ခပ်လှမ်းလှမ်းကဖြတ်သွားတိုးသွားတာတွေ ရှိမှာ
ခြေမကိုင်မိ၊ လက်မကိုမိ၊
တဘက်ကအတန်းပညာ မရှိပေမဲ့ ဘယ်ဟာက မှားတယ်၊ ဘယ်ဟာက မှန်တယ် ဆိုတာ
လောက်တော့အရိုးခံနဲ့ကို သိသပေါ့။စိုးရိမ်တာကတော တစ်ဘက်၊ တားရမှာက အခက်၊
တားဘို့ကလဲမလွယ်၊ရင်ကဖြစ်တဲ့သား၊ ဘယ်အရွယ်ရောက်ရောက် ရင်ခွင်ပိုက်ခလေးလိုဘဲ
မြင်နေတဲ့သား၊အဲဒီသားကလဲဒါဆို ဒါမှ ဇွတ်..ပျောက်သွားလိုက်တာ..ပြောက်ကျားပြောက်ကျား
အသံတော့ ကြားနေရသား၊မိုးသံလေသံတွေကလဲ ညံလို့၊တော်ပါသေးရဲ့ သားငယ်ပြန်ရောက်
လာပေလို့ လို့ စိတ်ကိုဖြေ၊ရှိတာမှ သားနှစ်ယောက်၊ သားအမိသားအဖလေးယောက်၊ညီလေးက
ငယ်ငယ်ထဲက အိမ်နဲ့ကျောင်းဈေး၊ ဒီလောက်ဘဲသွားသွားလာလာရှိတာ၊ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၊ ဒါ နယ်ကုန်ဘဲ၊အမျိုးတွေအိမ်၊ ဖေဖေရုံး၊ ဒါ သူသွားတက်တဲ့
နေရာတွေပေါ့၊
ရပ်ဝေးဘယ်မှ မသွားဖူးဘူး၊ မိသားစုအနာရတ်အတွက်၊ပင်လယ်ရပ်ခြားခရီးဆိုတာ တကယ့်
အိမ်မက်ဘဲ စွန့်စားခန်းဘဲ၊ခုလို ဥဒဟို သွားနေကြတဲ့ခေတ်မှ မဟုတ်တာ၊ဒီကြားထဲ အလုပ်မှာ လက်ကိုမီးဟပ်သွားတယ်ကြားတော့၊မေမေမသိအောင်ဖုံးဖိပြီး သားအဖနှစ်ယောက် တိတ်တိတ်လေး စိတ်ပူခဲ့ကြရတာ၊ညီလေးအနေနဲ့တစိမ်းသက်သက်ပတ်ဝန်းကျင်သစ် အတွေ့အကြုံသစ်မှာ ဘယ်လောက်ရုန်းကန်ခဲ့ရမယ်ဆိုတာတွေးကြည့်ယုံနဲ့သိလောက်ပါတယ်၊ခုလဲ ဆက်နေရင်
အခွင့်အလမ်းတွေ အများကြီးရှိရဲ့နဲ့မိသားစုအခြေအနေကြားလို့ ပြန်လာတာ၊အဓိက
ကျွန်တော့ကြောင့်ပါဘဲ ဒါတောင်ညီလေး ရှာလာသလောက်ကလဲမိသားစုကို တစ်ဆစ်ချိုးပြောင်း
စေလောက်တဲ့ ပမာဏပါ၊ တော်တော့ကို ခြိုးခြံစုခဲ့တာကိုး၊တစ်လှေထဲစီး၊ တစ်ခရီးထဲလှော်ခဲ့၊ ခတ်ခဲရတာတွေ။ကမ်းခြေဖွေးဖွေး၊ လနုအေးလေးတော့ ကြုံရချေသေးရဲလို့ တွေးရင်း၊သားကြီးကို မျှော်နေမှာတော့ အသေအချာပါ၊သားငယ်ရောက်လာလို့ သားကြီးကို အစားထိုးတယ်ဆိုပေမဲ့၊ မတူပါဘူး၊သားငယ်ကိုချစ်တာက ချစ်တာ၊ သားကြီးကိုချစ်တာက ချစ်တာဘဲလေ၊ တူမှ မတူတာ၊
ပိုလို့တောင် သတိရသေး၊ မျှော်သေး၊တစ်လျှောက်လုံး ပင်ပမ်းကြီးစွာ ရုန်းခဲ့ကြရတာမလား၊မေမေ အမျှော်ကြီးမျှော်နေတုန်း ညီလေးပြန်ရောက်တာကြားလို့“ဗြုန်း” ဆို အိမ်ပြန်ရောက်လာတော့ ။
မေမေလေအံ့လဲသြ၊ ဝမ်းလဲသာ၊ တုန်လို့၊ ဆို့နင့်လို့…ခဏတဖြုတ် မေမေနဲ့ အတူနေ၊ စားသောက်
်မေမေကလဲ မျက်စိအောက်က ပျောက်သွားမှာစိုးနေတဲ့အချိန်၊ဘာတက်နိုင်မှာလဲ မေမေရယ်၊
ခွဲခဲ့ရဦးတော့မယ်၊ ချန်ထားခဲ့ရဦးမယ်။
ခလေးဘဝထဲက ကျောင်းပြီးရင် ကျောင်းတက်၊ မိဘကူ၊ လုပ်လာလိုက်တာ၊မိသားစုစိုက်ခဲ့သမျှ ရိတ်သိမ်းရတော့မယ်အချိန်၊ကြီးဒေါ်နွားက ကျောင်းမှဖြစ်မှာမို့ တားမရမယ့်သားကို
“ခွင့်လွှတ်ပါ မေမေရယ်.အေးအေးဆေးဆေး တစ်နေ့ မကြာတော့ပါဘူး”..ရယ်လို့
လေးတွဲ့တွဲ့ခြေလှမ်းတွေနဲ့။ …ဝေး၍…ဝေး၍….. ဝေးရာ….ဝေးရာ……။
“သြော်.. မေမေရယ်
ခုချိန်ထိ သားကို စောင့်နေတုန်းပါလား”… တွေးရင်းအောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်၊
“ကိုကိုလာမှ မေမေကို ထုတ်မယ်ဆိုပြီးစောင့်နေတာရောက်မှလာပါမလားလို့ စိတ်ပူရင်းနဲ့ဘဲ
စောင့်နေတာ” လို့တည်တည်ငြိမ်ငြိမ်ဟန်နဲ့နှုတ်ဆက်နေတဲ့ညီလေးကို ငေးကြည်နေရင်း…
အိမ်မှာအငယ်ဆုံး၊ ခလေးလိုဘဲ ထင်ပြီးဆူလိုက်၊ ငေါက်လိုက်လုပ်ခဲ့တာတွေဆီ ပြန်ရောက်သွားတယ်
လွန်ခဲ့တဲ့ နှစ်နှစ် ဖေဖေဈာပန၊အခု ဒီညီလေးတစ်ယောက်ထဲမေမေ့ဈာပနကို ဦးစီးနေတာ..တကယ်လူကြီးတစ်ယောက်လို။
………………………………………………………………….
ဖေဖေရယ်၊ မေမေရယ် မရှိတော့တဲ့နောက်နှစ်ကောင်ကြွက်၊တစ်ယောက်တစ်နေရာစီ တစ်ဘဝစီ
တစ်ကောင်ကြွက်စီ၊တစ်ကောင်ကြွက်ညီလေးက အိမ်ရှင်၊ တစ်ကောင်ကြွက်အစ်ကိုက ဧည့်သည်၊
ဧည့်သည်မှ “ဘွား”ကနဲကိုယ်ထင်ပြလာတဲ့ ဧည့်သည်။အတွေးတွေလက်စပ်ရင်း အအေးတိုက်
ထဲကနေ၊မေမေ့ကို ထုတ်၊ အလောင်းစင်မှာပြင်မေမေ့မျက်နှာကို တစိမ့်စိမ့်ကြည်နေမိတယ်၊ နှလုံးရောဂါသည်မေမေ…
ခွဲစိတ်ပြီးပြန်ကောင်းလာတယ်ဆိုပေမဲ့စိတ်ပူစရာရှိရင် သူများတကာထက်ပူတက်တဲ့မေမေ..
သားအတွက်စိုးရိမ်စိတ်တွေ တထိတ်ထိတ်နဲ့ မျှော်နေရှာမယ့်မေမေ၊မျှော်ဦး ..မျှော်ရိပ်တွေ..
ခုထိထင်းနေတုန်း၊၊ နောက်ဆုံးအတွေးတွေကိုအေးခဲပြီးသိမ်းထားတာထင်ရဲ့၊ကျွန်တော့်ကို
ဖက်ပြီးရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ဝမ်းကွဲ အစ်မတွေ၊ ညီမတွေ၊ခပ်လှမ်းလှမ်းကနေ အသံတိတ်စိတ်ထိခိုက်နေကြ၊ ကရုဏာသက်နေကြသူတစ်ချို့၊ကျွန်တော် ငိုရမလား၊ ငိုနေသလား၊တစ်ခုခုစဉ်းစားနေတာလား၊ မျက်ရည်မကျဘူး၊တည်ငြိမ်ရင့်ကျက်နေတာလား၊
တရားသံဝေဂ ယူနေတာလား၊မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး၊ငိုလို့မရတာ၊
ငိုရမယ်ဆိုတာ မေ့နေတာ၊ ဝိဥာဉ်မဲ့နေတာ၊ ..ရုပ်နဲ့နာမ်မကပ်တာ..ဗျ။
စိတ်ထဲမှာ ကြိတ်ပြီးအသံတိတ် ပူဆွေးနေတာ……………သောက
ရှိုက်ကြီးတငင် ငိုကြွေးဟစ်အော် ပူဆွေးနေတာ………..ပရိဒေဝ၊
ငိုလို့ မရတော့လောက်အောင် လောင်ကြွမ်းပြီး မှင်သက်ကြောင်တက်နေတာ၊ ဥပါယာသ..တဲ့။
လက်မောင်းကိုလာကိုင်ပြီး“ကိုကို..ကန်တော့ကြရအောင်” လို့ ညီလေးကပြောမှာ
ညီအစ်ကိုနှစ်ယောက် လက်အုပ်ချီပြီး မေမေ့ အလောင်းကို ကန်တော့၊
“ခွင်လွှတ်ပါ..မေမေရယ်..သားကို ခွင့်လွှတ်ပါ”
အားပေးနှစ်သိမ့် နှုတ်ဆက်သူတစ်ချို့ကို အသိအမှတ်ပြုရုံပြန်ပြုံးပြရမယ်ဆိုတဲ့ ဗီဇအသိနဲ့
အသိမဲ့ တုံ့ပြန်နေတုန်း“ပြန်ကြရအောင်” လို့ လက်မောင်းကို ကိုင်ထားရင်း သတိပေးတဲ့
အသံတစ်သံ။ဟုတ်တယ်၊ ပြန်ရဦးမယ်လေ၊ သူတို့သဘော၊ ကိုယ်ကိုစောင့်နေရတာကိုး၊
တော်ကြာဆို၊ မီးသင်္ဂြိုလ်တဲ့အခန်းထဲ
မေမေ့ကို ထည့်ကြတော့မယ်။
ချစ်သူ၊ ခင်သူတွေနဲ့ ဘဝခြားသွားတော့မယ့်အသံ။
“ဂျိုင်း” ကနဲ ဆိုတဲ့ အသံ။
မကြားရက်တော့၊ မကြားဝံ့တော့၊ မကြားလိုတော့၊ဒီနေရာကို မလာခင်၊ ဒီနေရာကို မရောက်ခင်၊
မေမေဟာ မေမေ့မိသားစု၊ မေမေ့ပတ်ဝန်းကျင်လေးကိုစွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီဘဲ၊ …
ပိုအရေးကြီးတာကမေမေဟာ.. ရှင်သန်နေတဲ့အခိုက်၊ဘယ်သူ့ကိုမှ မျက်ရည်ကြီးငယ်မကျစေ
ခဲ့ဘူးလေ၊…ဒါပါဘဲ၊
သားလဲ
စွတ်စိုနေတဲ့မျက်ရည်တွေကိုသုတ်ပေးဘို့၊မျက်ဝန်းတွေကိုလင်းလက်စေဘို့၊ကိုယ့်ကိုယ်ကိုလောင်
ကျွမ်းခံနေကြတာပါ၊မေမေ.. မေမေရယ်.. ဘဝတစ်လျှောက်လုံးတောက်တက်ဖားလျား ရုန်းကန်
ကျွေးမွေးခဲ့တဲ့ မေမေ…ခုတော့..တစ်ဘဝ အမောတွေရပ်သွားပြီပေါ့၊ဒီခရီးဟာ အားလုံးသွားရမယ့်ခရီး၊
ဒီနေရာဟာ သားလဲလာရမယ့်နေရာ၊“မေမေ.ဘဲဒီမှာရပ်နေ၊သားလာခဲ့မယ်” ..လို့အော်ရင်း…
တောက်တောက် တောက်တောက်နဲ့ ပြေးကြိုခဲ့တဲ့သား၊ပျော်ပျော်ပါးပါး အတူသွားနေကြရာက ခွဲထွက်သွားတဲ့သား။ခု.. မေမေ ရပ်သွားပြီလေ။ မေမေ ရပ်နေပြီ။
“သား..သွားနှင့်မေမေလိုက်ခဲ့မယ်”….ဆိုတဲ့မေမေရေ။
“သွားနှင့်တော့ …သွားနှင့်လေဦးတော့..မေမေရေ….
သား လိုက် လာ ခဲ့ မှာ ပါ။”…………………………။
နိုင်ငံရေးအကျဉ်းသား ဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို ၈၈ကျောင်းသားခေါင်းဆောင်ကိုကိုကြီး ကခုလိုပြောကြားထားခြင်း.။
နိုင်ငံရေးအကျဉ်းသား
“နိုင်ငံရေးအကျဉ်းသားများခြွင်း
ထင်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (prisoners of conscience ) လို့လဲ သတ်မှတ်ပါတယ်။ ဘယ်သူ တွေကသတ်မှတ်သလဲ၊ ဖမ်းဆီးသလဲ ဆိုရင်တော့ အဲဒီဒေသ၊ နိုင်ငံက အဲဒီကာလမှာ အုပ်ချုပ်တဲ့ သူတွေကလို့ ပြောရမှာ ပေါ့ ။
ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိမှတ်ပြု မပြုဆိုတာက အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၈၈ လူထုအုံကြွမှု ပြီးကတည်းက အုပ်ချုပ်လာတဲ့ တပ်မတော် အစိုးရက နိုင်ငံရေးအရ ဖမ်းဆီး ထိမ်းသိမ်းထားသူ မရှိဘူး၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်လို့ ဖမ်းထားတာပဲရှိတယ်။ လုံခြုံရေးအရ ဖမ်းထားတာဘဲရှိတယ်လို့ တစ်စိုက်မတ် မတ်ငြင်းဆိုနေခဲ့ပါတယ်။
ဒါပေမဲ့ နဝတရဲ့ အမိန့်ကြေငြာချက်အမှတ် ( ၁၁/၉၂ ) ကို ၁၉၉၂ ဧပြီလ (၂၄) ရက်နေ့ ထုတ်ပြန်ခဲ့ရာမှာတော့ “နိုင်ငံရေးအရ ဖမ်းဆီးထိမ်းသိမ်း ထားသူများအနက် နိုင်ငံတော် လုံခြုံရေးအားထိပါးနှောက်ယှက်စေနိုင်သူများမှ
၈၈ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ၏ (၄၈)နှစ်မြောက် မွေးနေ့ အမှတ်တရ သူ၏ ကိုယ်ရေးရာဇဝင်.။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး သည် ယခုလက်ရှိ မိုင်းဆတ်
ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသား တဦးအနေ နှင့် ဆက်လက် နေနေရဆဲ
ဖြစ်ပါသည်.။
အသဲကြားက မဲတပြား နဲ့ပြည်သူတွေ ထောက်ခံတဲ့ ၁၉၉၀ရွေးကောက်ပွဲနှင့် ၂၀၁၀ လုပ်မယ့်ရွေးကောက်ပွဲ ကို ပြည်သူတွေ ရဲ့ ဆန္ဒထုတ်ဖော်ပုံ.။
၁၉၉၀ ပြည်သူတွေ က အသဲကြား ကမဲတပြား နှင့် အားပေးခဲ့ပုံ..။
၂၀၁၀ မှာလုပ်မယ့် ရွေးကောက်ပွဲ ကိုပြည်သူတွေ့ရဲ့ ဆန္ဒထုတ်ဖော်ပုံ..။
၂၀၁၀ ကာတွန်း ပုံအား ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
၁၉၉၀ ရွေးကောက်ပွဲအောင်နိုင်ရေး ပုံမှာ မြတ်လေးငုံ ၏မှတ်တမ်းသာဖြစ်ပါသည်.။
16 December 2009
နိုင်ငံရေးအကျဉ်းသားဟောင်း,NLDလူငယ်ဟောင်း, ABSDFသေဘော်ဘိုးစခန်းရဲဘော်ဟောင်းကိုမျိုးခင် ကွယ်လွန် ခြင်း..။
ကိုမျိုးခင် သည် (၉၆)ပါးရောဂါဖြင့် ထိုင်းနိုင်ငံ တပ်ခရိုင် နို့ဘို့ဒုက္ခသည် စခန်းတွင် ကွယ်လွန် သွားခြင်းဖြစ်ပါသဖြင့်ကိုမျိုးခင်ရဲ့ ရဲဘော် ရဲဘက်အပေါင်းအား လေးစားစွာဖြင့်အသိပေး အကြောင်းကြားခြင်းဖြစ်ပါသည်.။
ကိုမျိုးခင်သည် စက်တာဘာတော်လှန်ရေး ကာလ ပြီးနောက်လွတ်မြောက်နယ်မြေသို့
ဒုတိယအကြိမ်ပြန်လည်ရောက်ရှိခဲ့ပါသည်.။ပထမအကြိမ် ၈၈အရေးအခင်းဖြစ်ပြီးနောက်
တောခိုလာပြီးပြည်တွင်းသို့ပြန်လည်ဝင် ရောက်ခဲ့ပြီး အာဏာပိုင်များက ဖမ်းဆီးမှုပြုသဖြင့်
တောာတွင်းဆက်သွယ်မှုဖြင့် ထောင်ထဲသို့ ရောက်ခဲ့ပြီးနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပါသည်.။
ဖိတ်စာအားနှိပ်ပြီးဖတ်နိုင်ပါသည်.။
မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရများရဲ့သဘောတူညီချက်အရ..။
ထိုသို့ တရားဝင် နိုင်ငံကူးလက်မှတ် ကိုလုပ်ဘို့ အတွက် အလုပ်သမားတယောက်လျှင် ဘတ်ငွေ
စုစုပေါင်း (၅၈၀၀) ကျရှိမည်ဖြစ်ပြီး ကိုယ်ရေ အချက်အလက် များကို မှန်ကန်စွာ ဖြည့်သွင်းသူ
တရားဝင် မှတ်ပုံတင် ထားသောမြန်မာ အလုပ်သမားတိုင်း နိုင်ငံကူးလက်မှတ် ရရန်အာမခံသည်.။
၂၀၁၀ ဖေဖော်ဝါရီ လကုန်နောက်ပိုင်း ယာယီနိုင်ငံကူးလက်မှတ်မရှိသူ မြန်မာ အလုပ်သမားတိုင်း
ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် အလုပ်လုပ်ခွင့် မရှိတော့ ပါ.။
အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ( ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်) တို့အား ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန်တွင် သွားရောက် ဂါရဝပြုကန်တော့ ခွင့်ရမည်။
' ဒီကနေ့ နေ့လည် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ရှေ့နေလေးဦး နေ့လည်(၂) နာရီကနေ (၄း၃၀) အထိ နှစ်နာရီခွဲကျော် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်...။ အဓိကကတော့ လာမည့် (၂၁) ရက်နေ့မှာ လျှောက်လဲချက်ပေးရမယ့် ရေးသားထားတဲ့ မှတ်တမ်းကို စာစုံဖတ်ပြီး အတည်ပြုတာပါ....။
နောက်တစ်ခုကတော့ မနက်ဖြန်မှာ အဖွဲ့ချုပ် ဗဟို ကော်မတီ အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့ကို အာဏာပိုင်တွေနဲ့ ညှိနှိုင်းချက်အရ နေရာတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ဂါရဝပြုကန်တော့ ခွင့်ရပါမယ်..။ နေရာကတော့ မသိရပါဘူး...။ ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....
နိုဝင်ဘာ (၁၁)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယစာတစောင် ရေးသားပေးပို့ခဲ့ပါတယ်။ ထိုစာ၌ ကျန်းမာရေး မကောင်းဖြစ်နေသော အဖွဲချုပ်ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့အားသွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပြုရန် တောင်းဆိုထားခဲ့ပြီး ထိုစာပါအကြောင်းအရာထဲမှ တစ်ခုအားအာဏာပိုင်များမှ လိုက်လျောခြင်းဖြစ်ပါသည်။ အဓိကစာပါ အကြောင်းအရာ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ကိစ္စအား ယခုအထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး....။
ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ဆက်လက် ပြောဆိုရာမှာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အလုပ်သမားတွေ ပြင်ဆင်နေတာကို အန်ကယ်တို့ တွေ့ခဲ့ရပါတယ်... အိမ်ပြင်တာ တော်တော်လေး အချိန်ယူရပါမယ်....။ အိမ်ကဟောင်းနေတော့ တစ်ခုလုပ်ရင်း နောက်နေရာတစ်ခုက ပြင်စရာပေါ်လာရင်း ဖြစ်နေတယ်လို့ ပြောပါတယ်...။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....
သတင်းပေးပို့ ပေးသော ဒိမိုဝေယံ အား ကျေးဇူးတင်ပါသည်.။
စု ရဲ့ အလင်းရောင်
စု ရဲ့ အလင်းရောင်
နှလုံးသားကို တံတားခင်း
မျက်ရည်နဲ့ရင်းရတဲ့ လွတ်လပ်ခြင်းဆိုတဲ့ဂုဏ်
ဒီမိုကရေစီ အရေးတော်ပုံမှာ။
ချစ်သူရဲ့ အလောင်းကို မပိုက်နိုင်ပေမယ့်
မြန်မာပြည်သူကို ရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက် ဦးမညွတ်
ကိုယ်ကျိုးကိုစွန့်လွှတ်တဲ့ ခွပ်ဒေါင်းအာဇာနည်
ဒေါ်အောင်ဆန်းစုကြည် ရဲ့
တည်ကြည်ရဲရင့်တဲ့ ဂုဏ်ဟာ ကမ္ဘာမြေတုန်လောက်ပါတယ်။
အာဇာနည်စိတ်ဓာတ်ကို
မှတ်ကျောက်တင် စမ်းသပ်လိုက်တဲ့
ဒီဖြစ်ရပ် ဒီလောကဓံကို ကြံ့ကြံ့ခံအနိုင်ယူပြီး
အောင်လံတလူလူ လွှင့်ထူလိုက်ပါတယ်.။
သင့်အတွက် အကျွန်ုပ်တို့ ကြေကွဲပါရဲ့
ဒါပေမယ့်
ရဲရင့်တဲ့ သင့်စိတ်ဓာတ်ရဲ့
မြင့်မြတ်မှု ဂုဏ်ရည်စုကို
အလေးအမြတ် မပြုဘဲ မနေနိုင်။
သင်ချစ်တဲ့ ခင်ပွန်းအတွက်
ကျခဲ့တဲ့မျက်ရည်စက်များဟာ
တလက်လက်ထိန်တောက်နေတဲ့
စိန်ကျောက်ပမာ အရောင်ဖြာပြီး
မြန်မာပြည်သူတွေရဲ့ အောင်လမ်းကို
အရောက်လှမ်းနိုင်မယ့် လမ်းညွှန်ချက်အဖြစ်
ထွန်းလက်တောက်ပမယ်လို့
ကျွန်ုပ်တို့မုချ ယုံကြည်ပါတယ်။
မြန်မာပြည်သူတွေရဲ့ ခံစားမှုကို
ကိုယ်စားပြု ဦးဆောင်နေတဲ့
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အလင်းရောင်ဟာ
အမှောင်ဟူသမျှ ဖြိုးခွင်းပြီး
လွတ်လပ်ခြင်း ပန်တိုင် ရောက်ပါစေ.။
(ချစ်စွာသောဒေါ်စုသို့)
ဆရာတင်မိုး၏ကဗျာ
(၂၉.၃.၉၉)
15 December 2009
မြန်မာပြည် က ပုဂ္ဂလိက ကျန်းမာရေး ဆေးခန်းတွေ က ဘာတွေကို အလေးပေးမလဲ ?.။
တည်းတွင်သာအခြေခံနေသည်မဟုတ်ဘဲ၊တစ်ခုထက်များပြားသောအကြောင်းအရာများပေါ်တွင်ဆက်
စပ်မှီတည်လျက်ရှိကြောင်း ဆန်းစစ်လေ့လာသူများ၏ အဆိုအရသိရသည်။
ယင်းတို့တွင် ဆရာဝန်နှင့် လူနာများကြားမှ အစဉ်အလာဆန်သော ပုဂ္ဂိုလ်ရေးဆက် ဆံမှု၊ ပုဂ္ဂလိက
ဆေးခန်း အချို့၏ညံ့ဖျင်းသောဝန်ဆောင်မှု၊ မပြည့်စုံသောစီမံခန့်ခွဲမှုနှင့် စနစ်ကျနမှုပိုင်းအားနည်းချက်
များအပြင် ဥပဒေ ပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာလျော့ရဲမှု တို့တွင် အခြေခံနေကြောင်း ထောက်ပြကြသည်။
အမေက လေဖြတ်တာ နှစ် ၂၀ရှိပြီ။ နှစ် ၂၀အတွင်းမှာဆေးရုံတက်ရတာရှစ်ကြိမ်ရှိပါပြီ။ဖြစ်ပုံက
ဓမ္မစေတီလမ်းမှာရှိတဲ့အထူးကုဆေးခန်းကြီးတစ်ခုမှာအမေ့ရဲ့ဗိုက်ထဲမှာအကျိတ်တွေ့လို့ခွဲတာ။
ခွဲစိတ်ဆရာဝန်ကြီးကခွဲပြီးဒီအတိုင်း ထွက်သွားတယ်။ ကျန်တဲ့သူနာ ပြုတွေက ပြန်ချုပ်ပေးကြတယ်။
အ၀တ်စနှစ်ခုကို လုံးချုပ်သလိုချုပ်လိုက်တာ၊ အထဲမှာ အနာကဖြစ်လာတယ်။အဲဒီလိုနဲ့၁၀ရက်လောက်
ကြာတော့ ချုပ်ကြောင်းထဲက သွေးပုပ်တွေ ထွက်လာနေပြီ။ အဲဒီဆရာဝန်ကြီးက ည ၁၁နာရီမှာ ရောက်လာတယ်။ပြီးတော့ဒီညခွဲရမယ်မဟုတ်ရင်အသက်အာမမခံဘူး။ဒါကျွန်တော့်အမှားမဟုတ်ဘူး။
အထဲမှာတစ်ခုခုဖြစ်နေတာလို့ပြောတယ်။
အခုဒုတိယအကြိမ် ထပ်ခွဲလိုက်ရော ကင်ဆာလို့သတ်မှတ်တယ်။ ကင်ဆာဆရာဝန်နဲ့ပြဖို့ဆက်ပြောတယ်။ ကျွန်တော်တို့က မပြတော့ဘူး။ ဆေးရုံမှာ ရက် ၄၀ ကျော်ပြီလို့ပြောတော့ မကျေနပ်ဘဲ ဆင်းခွင့်ပေးတာ။ အပြင်မှာ ချုပ်ကြောင်းနာကို ပါရဂူ ဆေးခန်းမှာ သုံးလကုရတယ်။ ပြီးမှ ကင်ဆာဆရာဝန်ဆီကို သွားတာ။ သူကလဲ ထွေထွေ ထူးထူး မစမ်းသပ်ဘူး။
ကင်ဆာဆေး ခြောက်လသောက်ခိုင်းတယ်။ နောက်မှမိသားစုဆရာဝန်ကသွေးစစ်ထားတဲ့ရလဒ်တွေကို
ကြည့်ပြီးကင်ဆာမဟုတ်ပါဘူး။ဆေးတိုက်နေတာရပ်ပါလို့ပြောတော့မှရပ်လိုက်တာ။အခုထိအမေက
အကောင်းအတိုင်းပါပဲဟု ဗိုလ်တ ထောင်မြို့နယ်မှ ဘာသာပြန်စာရေးဆရာကိုထင်အောင်ကျော်က အထူးကုဆေးခန်းကြီးတစ် ခုရဲ့ ကျန်းမာရေးဝန်ဆောင်မှုကို သူ၏အတွေ့အကြုံနှင့်အတူ ရှင်းပြသည်။
ရင်းမြစ်...ရန်ကုန်မီဒီယာ ဂရုပ်
အီရန် အစိုးရ အာဘော် သတင်းစာက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နေ၀င်ချိန် ရောက်ပြီ ဟု ဖေါ်ပြ..။
၁၉၉၂ ခုနှစ် ကတည်းက နိုင်ငံအာဏာကိုရယူထားသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှာ အသက် ၇၆ နှစ် အရွယ်ခန့် ရှိနေပြီ ဖြစ်သည့် အတွက် ၎င်း ၏ အသက်အရွယ်အရ အရေးကြီးသည့် နိုင်ငံရေး ကိစ္စများကို စီမံခန့် ခွဲ နိုင်စွမ်း ကင်းမဲ့ နေပြီ ဟု ဖေါ်ပြထားသည်။
တီဟီရန် တိုင်းမ် သတင်းစာသည် ၁၉၇၉ ခုနှစ် အီရန် တော်လှန်ရေး ကာလတွင် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အီရန် အစ္စလာမစ် အစိုးရ အာဘော် သတင်းစာ ဖြစ်သည်။တီဟီရန် တိုင်းမ် သတင်းစာ တွင် မြန်မာ စစ်ခေါင်းဆောင် အကြောင်း အပုပ်ချရေးသားထားခြင်းနှင့်ပတ်သက်၍ “ဘူ…ဘူချင်း တစ်လုံး ပိုရှုတာပေါ့ ” ဟု မြန်မာ စာနယ်ဇင်းသမား တစ်ဦးက သုံးသပ်သည်.။
ရင်းမြစ်..။Freedom News Group
မြန်မာပြည် ရဲ့ မြန်မာ့သမိုင်း တစ်ခုဖြစ်ခဲ့သော ရွှေဝါရောင် သံဃာကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးမှတ်တမ်း တစ်ခု.။
(၂၀၀၇) ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း ဦးဆောင်ဆရာတော်များဖြစ်ခဲ့ကြတဲ့ အရှင်ထာဝရနဲ့ အရှင်နေမိန္ဒတို့ ကို စုရပ်ဖြစ်တဲ့ ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးတွင် အရှင်ဥပဂုတ္တမထေရ်ရုပ်ထုရှိရာ ရေကန်ရဲ့အလယ်မှ ကျောင်းဆောင်ပေါ်မှာ တွေ့မြင်ရစဉ် ဖြစ်ပါတယ်။
14 December 2009
အခြေခံသမားကျင့်ဝတ်....။
(ကျွန်တော်တို့လေးစားရတဲ့ ဆရာဝန်ကောင်းတွေရော ပြည်သူပြည်သားတွေအားလုံးရော သိထားသင့်တဲ့ ရေးသားဖေါ်ပြမှုပါ။ မူလရေးသားသူကိုရော လက်ဆင့်ကမ်း မျှဝေသူများ အားလုံးကိုရော အထူးကျေးဇူးတင်ရှိပါတယ်)။
ီDownload ရယူရန်
ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။
ရခိုင်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ၂၀၁၀ရွေးကောက်ပွဲစည်းရုံးရေးလုပ်ငန်းများအင်တိုက် အားတိုက် ပြုလုပ် အာဏပိုင်များကဟန့်တားခြင်းမရှိ...။
တိုင်းရင်းစည်းလုံးညီညွှတ်ရေး ပါတီမှ ရခိုင်ပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ပြုလုပ်နေပြီ ဖြစ်သည်။
“ သူတို့ စည်းရုံးရေး လုပ်ငန်းတွေကို စတင်နေတာက တလကျော် နှစ်လ နီးပါး ရှိပြီ ထင်ပါတယ်။ စစ်တွေမှာ ဆိုရင် အုန်းတပင်၊ ဆင်ကူးလမ်း၊ ရွှေပြားနဲ့ နာဇီရွာ ရပ်ကွက်တွေကို ဆင်းပြီး ကြံ့ဖွတ်က လူတွေနဲ့ ပေါင်းပြီး စည်းရုံးရေး ဆင်းနေတာကို တွေ့ရပါတယ်” ဟု စစ်တွေမြို့ခံ တဦးက ပြောသည်။
တစည ပါတီမှ စည်းရုံးရေး ဆင်းသူများ အနေဖြင့် သူတို့ပါတီအား ထောက်ခံအောင် ငွေ၊ အ၀တ်အစားနှင့် ဆန်စသည်များကိုလည်း ဆင်းရဲသော ရပ်ကွက်များသို့ သွားရောက် လှူဒါန်းပြီး လူထုအား စည်းရုံး လုပ်နေသည်ဟု သူက ပြောသည်။
“ သူတို့က စည်းရုံးတဲ့ အခါ ဆင်းရဲတဲ့ ရပ်ကွက်တွေကို သွားပြီး ဆန်၊ အ၀တ်အစားနဲ့ ငွေတွေကို ထောက်ပံ့တဲ့ သဘောမျိုးပေးပြီး လှူဒါန်းတာ ဖြစ်ပါတယ်။ ပီးရင် တစည ပါတီကို ထောက်ခံကြဖို့ သူတို့ ပြောပါတယ်။ တစည ပါတီဆိုတာ တိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေ အများအပြားပါဝင်တယ်။ သူတို့အာဏာ ပြန်ရရင် တိုင်းရင်းသား ပြည်သူတွေ အကျိုးကို ဆောင်ရွက်ပေးနိုင်တယ်ဆိုပီး ပြောပါတယ်။”
ယခုကဲ့သို့ စည်းရုံးရေး ဆင်းနေသော်လည်း တစည ပါတီကို ယခင် မဆလ ပါတီနှင့် ကောင်စီဝင်ဟောင်း မိသားစုများမှ အပ ပြည်သူလုထုများ ထောက်ခံမူကို မတွေ့ရကြောင်း သူက ပြောသည်။
“အများစုက မဆလ ပါတီဝင်ဟောင်းတွေဆိုတော့ လူထုက သူတို့ကို သိပ်ထောက်ခံတာ မတွေ့ရပါဘူး။ သူတို့ စည်းရုံးပေမယ့် ရခိုင်လူထုက သိပ်လိုလိုလားလား ရှိတာကို မတွေ့ရသေးပါဘူး။”
တစည ပါတီသည် ယခုအခါ ရခိုင်ပြည်နယ်၏ အဓိက မြို့များ ဖြစ်သော ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ရုံးခွဲများ ဖွင့်လှစ် လူပ်ရှားနေပြီး အထူးသဖြင့် ကျေးလက်ဒေသများသို့ သွားရောက် စည်းရုံးနေခြင်း ဖြစ်သည်။ တစည ပါတီမှ ယခုကဲ့သို့ စည်းရုံးရေး ဆင်းနေသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက တစုံတရာ ဟန့်တားမူ မပြုလုပ်သည့် အပြင် ထောက်ခံ ပံ့ပိုးမူများကို ပြုလုပ်နေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် တခြားနိုင်ငံရေး ပါတီများ၏ လူပ်ရှားမူမှာ မရှိသလောက် ဖြစ်ပြီး အများစု ရခိုင် နိုင်ငံရေး သမားများမှာ ရွှေးကောက်ပွဲ ဥပဒေနှင့် အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခြေလှမ်းကို စောင့်ကြည့်နေကြသည်ဟု သတင်းရရှိသည်။
ရင်းမြစ်..။နိရဉ္စရာ
ဆန်ရေလေး တစ်စက်...(ဤသို့ ဆရာ နှင့် တပည်များလဲရှိပါသေးတယ်)..။
“ငါးပါတယ် . . .ငါး”
“ငါးပါတယ် . . .ငါး”
“ . . . . . ”
ငါးစိမ်းသည် ဒေါ်ရွှေမိ၏ အသံက နေရောင်နှင့် အတူ အထွန်း ရှေ့မှောက်ကို စူးစူးရှရှ ကျရောက်လာသည်။ (ဒေါ်ရွှေမိ က ကျောင်းဆရာလေး အထွန်း တပည့်ဖြစ်သူ ဖိုးထောင်၏ အမေဖြစ်သည်) ဒေါ်ရွှေမိ၏ အသံက အထွန်း၏ ဗိုက်ကိုတောင် ဆာတာတာ ဖြစ်သွားစေသည်။ အထွန်းက တံတွေးကို တစ်ချက် မျိုချလိုက်သည်။
“ငါးသည် လာပါဦး”
မရည်ရွယ်ဘဲ အထွန်း ပါးစပ်က အလိုလို ခေါ်လိုက်မိတာပါ။ အထွန်း၏ ခေါ်သံ အဆုံးတွင် ဒေါ်ရွှေမိနှင့် ဖိုးထောင်တို့ ငါးဗန်း ကိုယ် စီနှင့် ခြံထဲ ၀င်လာကြသည်။ အထွန်း၏ ရှေ့တွင် ငါးဗန်းများ ချလိုက်သော အခါ ငါးဗန်းထဲတွင် အထွန်း ကြိုက်နှစ်သက်သည့် ငါးခူတွေချည်း။ အထွန်းက တံတွေးကို နောက် တစ်ကြိမ် မျိုချလိုက်ပြီး
“ဒေါ်ရွှေမိ အဲဒီ ငါးခူတွေက ဘယ်ဈေးလဲ”
“တစ်ဆယ်သား ၅၀၀ ပါ ဆရာလေး”
ဒေါ်ရွှေမိ၏ စကားကို ကြားလိုက်ရသော အခါ အထွန်း အနည်းငယ် တုန်လှုပ်သွားမိသည်။ လခစားဘ၀က ငါးခူနှင့် အထိအတွေ့ နည်းခြင်းကြောင့်ပင် ဖြစ်မည်လားတော့ မသိ။
“ဟ ဒေါ်ရွှေမိ များလှချည်လား”
“မများပါဘူး ဆရာလေးရဲ့။အဲဒါ ရောင်းဈေးပဲလေ။ ဆရာလေးတို့က တစ်ခါမှ ၀ယ်မစားဖူးလို့ အထူးအဆန်း ဖြစ်နေတာပါ။ ဆရာလေး ၀ယ်မစားနိုင်ရင်လည်း ရောင်းစရာ ငါးတွေ အများကြီး ကျန်သေးလို့ ကျွန်မကို ခွင့်ပြုပါဦး”
ဒေါ်ရွှေမိ တစ်ယောက် ဆက်ပြောသော စကားများကို အထွန်း မကြားတော့ပါ။ တစ်ကိုယ်လုံး ထူပူပြီး ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ မျက်စိထဲမှာလည်း ပြာဝေသွားသည်။ အထွန်း သတိ ၀င်လာသဖြင့် ကြည့်လိုက်သော အခါ ဒေါ်ရွှေမိက ဖိုးထောင်၏ လက်ကိုဆွဲပြီး ခြံဝသို့ ရောက်နေလေပြီ။ ဖိုးထောင် လေးသည် ဆရာဖြစ်သူ အထွန်းကို အားနာလေဟန်နှင့် လှည့်ကြည့် လှည့်ကြည့် လုပ်ပြီး ဒေါ်ရွှေမိ နောက်ကို ပါသွားလေသည်။ အထွန်း ရင်ထဲတွင်လည်း ဒေါသများ တလိမ့်လိမ့် တက်လာပြီး အသားများ တဆတ်ဆတ် တုန်နေသည်။ အထွန်းဘ၀တွင် မိမိကို မည်သူကမှ ထိုသို့ ပြောဆိုသည်ကို မခံခဲ့ ရဖူးသောကြောင့် ရင်ထဲတွင် ဖော်ပြ၍ မရနိုင်လောက်အောင် ဒေါသများ ဖြစ်နေခြင်းပင် ဖြစ်သည်။
““ဆရာ တစ်ယောက်ကို ဒီလို ပြောသင့်သလား ဒေါ်ရွှေမိ၊ အထူးသဖြင့် ခင်ဗျားသားကို ပညာ သင်ပေးနေတဲ့ ဆရာ တစ်ယောက်ကို ဒီလို ပြောသင့်သလား”
ထိုသို့ အထွန်း ရင်ထဲတွင် တနုံ့နုံ့ ခံစားနေရာမှ ဒေါသများသည် ပါးစပ်မှ တစ်ဆင့် လေထုထဲသို့ ကျကွဲသွားလေသည်။
“တောက်”
သည်နေ့ အထွန်းတစ်ယောက် ကျောင်းပြန်တက်ရမည် ဖြစ်သဖြင့် အိမ်ရှင်မ မီးပူ တိုက်ပေးထားသည့် အဖြူအစိမ်း ကျောင်းဝတ်စုံလေးကို ၀တ်ပြီး ထမင်းချိုင့် ကလေးကို ဆွဲကာအိမ်မှ ထွက်လာခဲ့သည်။ အထွန်းအိမ်နှင့် ကျောင်းက နာရီဝက်ကျော်ကျော် လမ်းလျှောက်ရသည်။အထွန်း ကျောင်းသို့ သွားရာလမ်း ကလေးသည် နှင်းပြယ်စ နေရောင်အောက်တွင် မြွေတစ်ကောင် ပမာ လွန့်လူးနေသည်။
ဘေးတစ်ဖက် တစ်ချက်တွင်လည်း အစိမ်း ရောင်ဘက်မှ အ၀ါရောင်ဘက်သို့ ကူးပြောင်းရန် ကြိုးပမ်းနေသော လယ်ကွင်းပြင်များက အကွက်လိုက် အစီအရီ။ လေညှင်းထံပါး တွင်လည်း ကောက်ရနံ့တို့က အခစား ၀င်နေကြသည်။ မေတ္တာ တရားများဖြင့် ထုံမွှမ်းထားသည့် သတ္တ လောကကြီးသည် ဆောင်း မနက်ခင်းလေး၏ ပြုပြင်စရာ မလိုသည့် သဘာဝ အလှတရားထဲတွင် အေးချမ်း တည်ကြည်စွာ နစ်မြုပ်လျက်၊ အထွန်း၏ စိတ်အစဉ် ကို ကြည်လင်နေ စေခဲ့သည်။ အထွန်းလည်း စိတ်ထဲမှ မေတ္တာ သုတ်ရွတ် ဖတ်၍ မောရမည်မသိ လျှောက်လှမ်းရင်း ကျောင်းသို့ ၈း ၃၀ နာရီတွင် ရောက်သည်။ ဆရာ/ဆရာမ နားနေခန်းတွင် ခေတ္တနားပြီး မနေ့က မပြီးပြတ်သေးသည့် ကောင်းကျိုး မပေးသော လောဘ၊ ဒေါသ၊ မောဟ စာအုပ်လေးကို အပြီးသတ် ဖတ်နေမိသည်။ အထွန်း စာအုပ်ကို ဖတ်ပြီး သွားချိန်တွင် မနေ့က ဒေါ်ရွှေမိ အပေါ် ဒေါသ ဖြစ်ပုံကို ပြန် လည်ဆင်ခြင်နေမိသည်။ သို့ရာတွင် လူငယ်ပီပီ ဒေါသငွေ့လေးက ခပ်နွေးနွေး ကျန်နေသေးသည်။
“ကလောင် . . .ကလောင် . . . ကလောင်”
ကျောင်းတက်လေပြီ။ ကျောင်းတက် ခေါင်းလောင်း ထိုးပြီး သောအခါ ကလေးများ ညီညီညာညာ စီတန်း၍ နိုင်ငံတော် အလံကို အလေးပြုကြသည်။ နိုင်ငံတော်သီချင်းဆိုကြသည်။ မြန်မာ့ကျောင်းသီချင်း ဆိုကြသည်။ ဇာတိမာန် သီချင်း ဆိုကြသည်။ ဘုရားရှိခိုး မေတ္တာ ပို့ကြသည်။ (၃၈) ဖြာ မင်္ဂလာ ကဗျာများရွတ် ဆိုကြသည်။ နှစ်အလီမှ ဆယ့်ခြောက်အလီ အထိ အလွတ် ဆိုကြသည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီးက ဆုံးမသြ၀ဒါ စကားပြောကြားပြီး ကလေးများအား မိမိအတန်း ကိုယ်စီသို့ ပြန်စေသည်။ ထိုအခါမှ ဆရာ/ ဆရာမများကလည်း မိမိ သင်ကြားရမည့် အတန်းသို့ ၀င်ကြရသည်။ အထွန်းလည်း မိမိ သင်ကြားရသည့် စတုတ္ထတန်း အတန်းကို ၀င်ရောက်သည်နှင့်. . .
“ပဉ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိယဂုဏံ အဟံဝန္ဒမိ . . .မင်္ဂလာပါ ဆရာလေး”
ထိုကဲ့သို့ စိတ်ကြည်နူး ချမ်းမြေ့စရာ နှုတ်ဆက်သီချင်း ကလေးအဆုံးမှာ ကလေးများ၏ သဘာဝ အတိုင်း တိုင်သံ တောသံ စတင် ကြားရပါတော့သည်။
“ဆရာလေး ဆရာလေး၊ ဖိုးထောင်လေ ဆရာမလေး မသွားရဘူးလို့ ပြောထားတဲ့ ကျောင်းနောက်ဖေးက အိုင်ထဲ ဆင်းတယ်။ ဆရာလေး”
ကျောင်းနောက်ဖေးက အိုင်သည် မိုးတွင်းဘက်တွင် ရေအမြဲ ပြည့်လျှံ နေတတ်သဖြင့် ကလေးများ ရေထဲကျပြီး အန္တရာယ်ဖြစ်မည် စိုးသဖြင့် “ဘယ်သူမှ အိုင်နား မသွားရ” ဟု အထွန်းကိုယ်တိုင် အမိန့် ထုတ်ထားခြင်း ဖြစ်သည်။ ယခုအခါ ဆောင်းတွင်း ဖြစ်သဖြင့် ရေကြွင်းရေကျန်မျှ ရှိတော့တာပါ။ သို့သော် အထွန်းက ချမှတ် ထားသည့် စည်းကမ်း အတိုင်းပြောစကား နားမထောင်သူကိုတော့ ဆုံးမရဦးမည်။ သည်လိုမှသာ ဆရာတစ်ယောက်ကို တပည့်များက ချစ်ကြောက် ရိုသေကြမည်။ မဟုတ်လား။ အထွန်း ဖိုးထောင်ကို လှမ်းကြည့်လိုက်ရာ ဖိုးထောင်က မျက်နှာငယ်လေးနှင့်။ ခြေ၊လက် များတွင်လည်း ရွှံ့စက်ကလေးများ ပေကျံ နေသည်ကို တွေ့ရသည်။
“ဖိုးထောင် ဆရာရှေ့ကို လာစမ်း”
အထွန်း၏ ခေါ်သံ အဆုံးတွင် ဖိုးထောင်က ကုပ်ကုပ်နှင့် ရောက်လာပြီး အထွန်းရှေ့တွင် လက်ကလေး ပိုက်လို့၊ အထွန်းက မေးခွန်းထုတ် လိုက်သည်။
“ဖိုးထောင်၊ မင်း ကျောင်းနောက်ဖေး အိုင်ထဲ ဆင်းတယ်ဆို”
ဖိုးထောင်ကလည်း မကွယ်ဝှက်၊ မလိမ်မညာ။
“ဟုတ်ကဲ့ ဆင်းပါတယ်၊ ဆရာလေး”
“မင်း ဘာဆင်း လုပ်တာလဲ”
“ငါး ငါးဆင်း ဖမ်းတာပါ ဆရာလေး”
အထွန်း စိတ်ထဲတွင် ထောင်းခနဲ ဖြစ်သွားသည်။ ပထမက ဘာမှ မဖြစ်ပေမယ့် ဖိုးထောင်၏ “ငါးဆင်း ဖမ်းတာပါ” ဟူသော စကားကို ကြားလိုက်ရုံနှင့် ဒေါသတွေ လှိုင်းထန် လာခြင်း ဖြစ်သည်။ နာရီပိုင်း ကလေးကပင် ဖတ်ခဲ့ရသော စာအုပ်ကလေးကြောင့် အငွေ့ သေလုဆဲ ဒေါသများ မီးတောက် လာရပြန်လေပြီ။ ပုထုဇဉ် ပီပီ ဒေါသကို မထိန်းနိုင်တော့။
“ဖိုးထောင် မင်းတို့ကို အဲဒီ ရေအိုင်နား မသွားရဘူးလို့ ပြောထားတာ မင်းမေ့သွားပြီလား။ အခုတော့ မင်းက အိုင်နားကို သွားတဲ့ အပြင် မင်းအမေ ရောင်းဖို့ အတွက်ပါ ငါးဆင်းဖမ်း တယ်ဆိုတော့။ မင်းက ငါ့ကို ဂရုမစိုက်ဘူး ဆိုတဲ့ သဘောလားကွ”
အထွန်း၏ အသံသည် လိုအပ်သည်ထက် ပိုကျယ်လောင် သွားသည်။ အထွန်း၏ နားထဲတွင်လည်း ဒေါ်ရွှေမိ ပြောခဲ့သော စကားများကို ခါးခါး သက်သက် ကြားယောင်လာပြီး ဒေါ်ရွှေ မိမျက်နှာကို သရဲသဘက် တစ်ကောင်သဖွယ် မြင်ယောင်လာကာ သေသွားပြီ ထင်ရသည့် ဒေါသများ ပေါက်ကွဲ ကုန်တော့သည်။ အထွန်း၏ မျက်စိထဲ ဘာကိုမှ မမြင်တော့။ လူနှင့် အသိစိတ် ကင်းကွာသွားသည့် အလား လက်ထဲက ကြိမ်နှင့် ဖိုးထောင် ၏ ခြေသလုံးကို သုံးလေးချက် ဆင့်၍ ရိုက်ပစ်လိုက်သည်။ ဒါတောင် ဒေါသက မပြေချင်သေး။ ဖိုးထောင်ကတော့ တစ်စက်ကလေးမှ မငို၊ အထွန်းက ပြန်ထိုင်ခိုင်းသဖြင့် သူ့နေရာတွင် ပြန်ထိုင်နေပြီး ခြေသလုံးကို ပွတ်သပ်နေလေသည်။ အထွန်း စိတ်ထဲ မကောင်း ဖြစ်သွားမိသည်။ အထွန်း ဘ၀တွင် မည်သည့် ကလေးကိုမှ ဒေါသဖြင့် ယခုလောက် မရိုက်ဖူးခဲ့။ ယခုတော့ ဒေါသ၊ အာဃာတ၊ အငြိုးများကြောင့် အပြစ် မရှိသည့် တပည့် ကလေးတစ်ယောက် ဓားစာခံ ဖြစ်ခဲ့ရပြီ။ အထွန်းလည်း ဒေါသ အကျိုး တရားများကို လက်တွေ့ ခံစားနေရပြီး စိတ်မကောင်းခြင်း များစွာဖြင့် တစ်နေ ကုန်စာ မသင်ဖြစ်တော့။
အထွန်းလည်း ညနေ ကျောင်းဆင်းမှ စိတ်မော၊ လူမောနှင့် အိမ်သို့ ပြန်လာခဲ့သည်။ အိမ်ရောက်သော အခါ အိမ်ရှင်မက . . .
“အစ်ကို မျက်နှာလည်း မကောင်းပါလား။ ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား”
“ဘာမှ မဖြစ်ပါဘူး ညီမရယ်။ နေလည်း ကောင်းပါတယ်။ ကျောင်းမှာ နည်းနည်း ပင်ပန်းသွားလို့ပါ”
“ဒါဆိုရင် အစ်ကိုရယ် လန်းသွားအောင် ခဏနားပြီး ရေချိုး လိုက်ပါလား။ အစ်ကို ရေချိုးပြီးရင် ထမင်းစားဖို့ ညီမ ပြင်လိုက်မယ်လေ”
အိမ်ရှင်မ၏ အကြံ ပေးချက်ကြောင့် အထွန်းလည်း ခဏ နားပြီး ရေချိုးလိုက်သည်။ ရေချိုးပြီးမှပဲ နည်းနည်း လန်းသွားပြီး ဗိုက်ကလည်း ဆာလာသည်။ ထို့ကြောင့် အထွန်းလည်း အင်္ကျီ အ၀တ်အစား လဲပြီး ထမင်းစားပွဲ ထိုင်သည်။အိမ်ရှင်မက ထမင်းအုပ်ဆောင်း ဖွင့်လိုက်သော အခါ ငါးခူဆီပြန် ဟင်းလေးက အထွန်းကို ခန့်ညားစွာ ကြိုဆိုနေသည်။ အထွန်းလည်း စိတ်ထဲတွင် ပို၍ လန်းဆန်းသွားပြီး အိမ်ရှင်မ၏ အလိုက် သိတတ်မှုကိုလည်း အသိအမှတ် ပြုလိုက်မိသည်။ အိမ်ရှင်မက ငါးခူဟင်း တစ်ဖက်ကို အထွန်း ပန်းကန်ထဲ ခပ်ထည့် ဦးချလိုက်ပြီး
“အစ်ကို့ အကြိုက် ဆီပြန်ဟင်းလေး ချက်ထားတာ။ ဆီတော့ နည်းနည်း ပိုကုန်သွားတယ်။ အစ်ကို စားလို့ ကောင်းရဲ့လား”
အထွန်းလည်း ထမင်းကို အားရပါးရ ပလုတ်ပလောင်း စားလျက် . . .
“ကောင်းတာပေါ့ ညီမရယ်၊ ဗိုက်ဆာဆာနဲ့ ဆိုတော့ ထမင်းတောင် လောက်ပါ့ မလား မသိဘူး။ ဒါနဲ့ ငါးခူက ဘယ်ဈေးနဲ့ ၀ယ် ထားတာလဲ ညီမရဲ့”
“ရှင် အစ်ကိုပဲ ပို့ခိုင်း လိုက်တာဆို၊ အစ်ကို တပည့်ကလေး ဖိုးထောင် လာပို့ သွားတာလေ”
“ဘာ . . .ဘာပြောတယ်”
အထွန်း စကာကို ရှေ့ဆက် မပြောနိုင်တော့။ အသံသည် လည်ချောင်းထဲ တိမ်ဝင် ပျောက်ကွယ်သွားသည်။ ရင်ထဲတွင်လည်း ဆို့ နစ်သွားသည်။ လက်ထဲက ငါးခူဟင်းနှင့် ထမင်းလုတ်လည်း လွတ်ကျသွားသည်။ မျက်စိထဲတွင်တော့ ထမင်း စားပွဲပေါ်က ငါးခူ ဟင်းလေးကို တစ်လှည့်၊ ခြေလက် များတွင် ရွှံ့စက်များ ပေကျံနေပြီး ဒေါသဖြင့် သုံးလေးချက်ဆင့် ရိုက်သည့် တိုင်တစ်ချက် ကလေးမမဲ့၊ မငိုခဲ့သည့် ဖိုးထောင်၏ ပုံရိပ် နွမ်းကလေးကို တစ်လှည့် ထပ်ခါထပ်ခါ မြင်ယောင်လျက် အမြင်များေ၀၀ါးလာသည်။ ပုံရိပ်များက ပျောက်လိုက် ပေါ်လိုက် မျိုချထားသည့် ၀မ်းနည်း ကြေကွဲမှုများက ရင်နှင့် မဆံ့တော့ဘဲ ယောက်ျားတန်မဲ့ အထွန်း တစ်ယောက် ငိုချ လိုက်ပါတော့သည်။
မိုးဟိန်းထက်
13 December 2009
မြန်မာ့သတင်းဂျာနယ်တွင် အိုဘားမား၏ နိုဘလ်ဆု ရ သတင်း စာပေစီစစ်ရေးက ဖေါ်ပြခွင့်မပေး..။
ဒီဇင်ဘာလ ၁၀ ရက်နေ့ က အမေရိကန် သမ္မတ အိုဘားမား နိုဘလ် ငြိမ်းချမ်းရေးဆု တက်ရောက် လက္ခံရယူသည့် သတင်းကို မြန်မာနိုင်ငံ ၏ စာပေစီစစ်ရေးက ဂျာနယ်များတွင် ထည့်သွင်း ဖေါ်ပြခွင့် မပေးဟု သတင်းရရှိသည်။
အိုဘားမား၏ နိုဘလ် ဆုရသည့် သတင်းကို ဂျာနယ်များတွင် ထည့်သွင်းဖေါ်ပြခွင့် မပေးခြင်း နှင့် ပတ်သက်၍ ရန်ကုန် အခြစိုက် သတင်း အယ်ဒီတာ တစ်ဦးက “ကျွန်တော်တို့ က နောက်ဆက်တွဲမှာ မှီအောင် ထည့် မယ်ဆိုပြီး ဆုယူနေတဲ့ ပုံတွေကို
ဒေါင်းထားတာ ၊စီစစ်ရေးမှာ တင်တော့ ကြက်ခြေခတ် လိုက်တယ် ၊မထည့်ရဘူးပေါ့။စာကိုးက တော့ သူ့ မိန့် ခွန်းထဲက အယ်ကေဒါ ကို စေ့စပ်ဆွေးနွေးပြီး အနိုင်ယူလို့ မရဘူး၊ဟစ်တလာကို People Power နဲ့ ဖြုတ်ချ လို့ မရဘူး ဆိုတာ ထည့်ထားတာပဲရှိတယ်“ဟုပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူ နှင့် နိုင်ငံတကာရေးရာစောင့်ကြည့်လေ့လာသူ ကိုကျော်လင်းဦးက မူ “သူ့ မိန့် ခွန်းထဲမှာ အာဏာရှင်တွေ ၊မတရားအနိုင်ကျင့်သူတွေ ကိုယ်ပြူသမျှ ဒဏ်ကိုခံရမယ် လို့ ထည့်ပြောလည်း ထားတယ် မြန်မာနိုင်ငံ ကိုလည်း တိုက်ရိုက် ရည်ညွှန်းထားတယ် “ဒါကြောင့် ဖြစ်လိမ့်မယ်ထင်တယ် ဟု သုံးသပ်ပြောကြားသည်။
မြန်မာ ပြည်သူပြည်သား တို့ မှာ အမေရိကန် အိုဘားမား နိုဘလ် ငြိမ်းချမ်းရေးဆု တက်ရောက် လက္ခံရယူသည့် သတင်းကို စိတ်ဝင်တစားရှိကြသည်။ဝါရင့်စာနယ်ဇင်းသမား တစ်ဦး နှင့် စာရေးဆရာတစ် ဦးကမူ “ဒေါ်စု ငြိမ်းချမ်းရေး နိုဘဲလ်ဆုရပြီးကတည်းက ဘယ် နိုဘလ် ငြိမ်းချမ်းရေးဆုရှင် ကို မှ အကျယ်တ၀င့် ဖော်မပြခိုင်းတော့ဘူး ဂေါ်ဘာချောဗ် ဆိုရင် ပုတ်ခတ်ရေးသားထားတဲ့စာအုပ်တောင် ထုတ်လိုက်သေးတယ် “ ဟုပြောသည်။
ရင်းမြစ်.။Freedom News Group