ကျမတို့ငယ်ငယ်က ကျောင်းလေးအကြောင်းကိုတင်လိုက်ပါတယ်.
ကျမတို့ကျောင်းလေးက သိပ်ပျော်ရွှင်ဘို့ကောင်းပါတယ်.ကျမက
မူလတန်းကို အ.မ.က(၅)(ဘစ်လျော့ဟုမ်း)ဒဂုံမှာတက်ရပါတယ်.အလယ်တန်းနဲ့
အထက်တန်းကို အ.ထ.က.(၁)ဒဂုံမှာတက် ခဲ့တာပါ.
ကျမတို့လက်ထက်က ကျောင်းအုပ်ဆရာမကြီးဒေါ်တင်မြင့်ပါ
ဆရာမကြီးပင်စင်ယူတော့ ဆရာကြီးဦးနိုင်အောင်ပြောင်းလာပါတယ်.
ကျမတို့ကျောင်းက သိပ်စည်းကမ်းရှိခဲ့တယ်.ကျမတို့ငယ်ငယ်ကပါ.
ကျောင်းသူကျောင်းသားတွေ လဲသိပ်ရင်းနှီးကြတယ်.မောင်နှမတွေလိုပါဘဲ.
ဆရာမတွေဆိုလဲ သိပ်သဘောကောင်းကြတယ်.တပည့်တွေကိုပညာအပြည့်
စေတနာပါပါနဲ့သင်ပေးခဲ့တာပါ.ဆရာကျင့်ဝတ်နဲ့လဲညီကြပါတယ်.
ကျမတို့မောင်နှမ(၃)ယောက်ရှိတယ်.မောင်နှမ(၃)ယောက်လုံးတကျောင်း
တည်းပါဘဲ.ကျမမိဘတွေကဝန်းထမ်းတွေပါ.ကျမတို့ကျောင်းမှာဝန်ထမ်း
သားသမီးတွေများပါတယ်(အဲဒီအချိန်ကပါ).မိဘတွေမှာလဲဘာအပြိုင်အဆိုင်မှ
မရှိသလို.ဆရာတွေလဲအပြိုင်အဆိုင်မရှိပါဘူး.(အရင်ကနော်).
ကျောင်းမှမနက်ဆိုနိုင်ငံတော်အလံကို အလေးပြုရတယ်.စပီကာကြီးနဲ့
နိုင်ငံတော်သီချင်းကို ပြိုင်တူသီဆိုကြရတယ်.ညနေကျောင်းဆိုလဲ.
နိုင်ငံတော်အလံကိုအလေးပြုရတာဘဲ.နိုင်ငံတော်သီချင်းဆိုနေချိန်
ကျောင်းကိုရောက်နေတယ်ဆိုရင်မန့်တပ်ရပ်ပြီးရောက်နေတဲ့နေရာကနေသီဆိုရပါတယ်.
ကျောင်းနောက်ကြရင်ဘောလုံးကွင်းမှာ မြက်နူတ်ရင်နူတ်မနူတ်ရင်
သန့်ရှင်းရေးလုပ်ရတယ်.ကျောင်းတံဆိတ်မတပ်ရင်လဲ ဒဏ်ကြေးပေးရပါတယ်.
မိန်းခလေးတွေဆိုရင် ဘော်လီကျောပြည့်ဝတ်ရတယ်. မဝတ်ရင်ဆရာမ
ဒေါ်ခင်နွဲ့နွဲ့ကကြိတ်လုံးနဲ့ ဆော်တော့တာ.ယောင်္ကျားလေးတွေအိပ်သာ
ထဲမှာဆေးလိပ်ဝင်သောက်ရင် ဆရာတုတ်ပေါ(သို့)ဆရာလျောဖီကလိုက်ကြွေး
တော့တာဘဲကြိတ်လုံးနဲ့ ပျော်ဘို့ကောင်းပါတယ်.ဆရာတွေကိုလေးလေးစားစား
ရှိခဲ့ကြပါတယ်.ကျောင်းမှမဟုတ်ပါဘူး အပြင်မှာတွေ့လဲ ရိုသေကြတာပါ.
ကျမတို့ကျောင်းကြီးက အနူပညာသမားတော်တော်ထွက်ခဲ့ပါတယ်.
ကျမတို့ကျောင်းမှာ အမျိုးသားအောင်ပွဲနေ့တိုင်း ကျမတို့ကျောင်းသူကျောင်းသား
တွေအတွက်ပျော်ပွဲရွှင်ပွဲ လုပ်ပေးခဲပါတယ်.(အရင်ကနော်).
ကျောင်းသူကျောင်းသားတွေကိုယ်တိုင်တီးကိုယ်တိုင်ဆိုကြတာပေါ့
အဖြူအစိမ်း ကိုလဲတူညီဝတ်ရတယ်.ရင်ဖုံးလေးတွေကမိန်းခလေးတွေ
ယောင်္ကျားလေးတွေက ရှပ်ကော်လံတွေ နဲ့ကျောင်းကလဲ အဖြူအစိမ်း
ဝယ်လို့ရတယ်.အပြင်ထက်ဈေးသက်သာတယ်.
အောင်စာရင်းထွက်လို့ ကျောင်းသားသစ်လက်ခံရင်လဲ ဘာဝင်ကြေးမှာပေးစရာမလိုပါဘူး
စာအုပ်ဘိုးရယ်မိဘဆရာအသင်းကြေးဘဲ ပေးခဲ့ရပါတယ်.မိဘတွေလဲသိပ်မပူရဘူး
ကျမတို့အချိန်တုံးကပါ.စည်းကမ်းသိပ်ကြီးပြီးတော့ ကျောင်းစည်းကမ်းနဲ့သိပ်ညီတဲ့ကျမတို့
ကျောင်းကြီးကတော့ ခုဆိုရင် အရင်နဲ့ဘာမှမဆိုင်တော့ ပါဘူး။
ကျမတူမကို ကျောင်းအပ်တာ သူအမေကျမ အမ တော်တော် ကုန်သွားပါတယ်.
ကျမတို့ နေတာဒဂုံမြို့နယ်မှာ နေထိုင်တာတောင်မှ တော်တော်ကုန်သွားခဲ့တယ်.
ကျမသူငယ်ချင်းသမီး အတွက်လိုက်လုပ်ပေးတာ ကျောင်းဝင်းကြေး(၁၀)သိန်း
ပေးလိုက်ရပါတယ်. နောက်မိဘဆရာအသင်းကြေး ပေးရတယ်ဘာဘိုး ညာဘိုး
ပေးရသေးတယ်.ဆရာမတွေကခလေးမိဘတွေ အကျီင်္ဆိုင်ဖွင့်ရင် အကျီင်္င်္သူတို့အတွက်ပေး
ရတယ်.ေ၇ွှဆိုင်ဆိုရွှေ. မိဘစီးပွားရေးဘာလုပ်လဲ လိုက်ကြည့်ပြီးတောင်းတော့တာပါဘဲ.
တကယ်မလွယ်တဲ့ ကျောင်းကြီးပါဘဲ.ခုတော့ဆရာမတွေအတွက်ပေးရ.(လစဉ်နော)်.
ကျောင်းမှာမိဘတွေက သားသမီးကိုကြိုတော့လဲ အပြိုင်တွေဝတ်ရ.သားသမီးတွေကိုလဲ
အပြိုင်ဆင်ကြ. ဟူး ..တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်.ကျမတို့ငယ်ငယ်ကအကုန်ချစ်တဲ့
ဒဂုံ(၁)က ခုတော့ အလကားကျောင်းကြီးပါဘဲ လို့ခံစားမိလာခဲ့တယ်.စာဆိုလဲ
ကျူရှင်မှာသင် မနက်ကျူရှင်ညကျူရှင် ကျောင်းမှာအပြီးမသင်ခဲ့ရပါဘူး.
မေးခွန်းကြိုဝယ်ရသေးတယ်. တော်တော်မလွယ်တဲ့ကျောင်းပါ.ခုဆိုရင်
ဆရာတွေက ဆရာကျင့်ဝတ်မရှိ ပေးရင်သင်မယ်မပေးရင် ကလေးကိုရိုက်မယ်.
မိန်းခလေးတွေကလဲ အဖြူအစိမ်း ကိုဝတ်ချင်သလိုဝတ် ယောကျာင်္းလေးတွေလဲ
လက်ကြားထဲမှာဆေးလိပ်တိုနဲ့ ဆရာသမားကိုရိုသေရမယ်ဆိုတာမသိ.
ဆရာမတွေ ကိုလဲလေးစားရ ကောင်းမှန်းမသိပါဘူး. ဘာပညာတွေရပြီး ဘာပညာတွေ
တတ်လဲတော်လဲတော့ ကျမ မသိဘူး. ငွေပေးရင် ပညာရမယ် ဆိုတာဘဲ ကျမသိတယ်.
ဒီလိုပညာရေးစနစ်ကြီးက ဘယ်လာကောင်းတော့မှာလဲရှင်.အရာရာကိုငွေကကြီးဆိုး
နေတာ.ငွေများတရားနိုင်ခေတ်ကြီးကိုရောက်ချင်မလှရောက်နေတာပါ.ဂုဏ်ထူးလိုချင်ရင်
ဘာကားဝယ်ပေးလိုက်ရမယ်.(၆)ဘာသာဂုဏ်ထူးအထင်မကြီးဘူးကျမကတော့
ဒီခေတ်ဒီစနစ်တွေနဲ့ ကျမတို့တိုင်ပြည်ရဲ့ ပညာရေးစနစ် ကြီးကတော့ ရင်လေးစရာ
ကြီးပါဘဲရှင်.ဒီမင်းဆိုးမင်းညစ် တွေရှိနေသမျှ ဆက်အုပ်ချူပ်နေသမျှ ကျမတို့တိုင်းပြည်
ငွေပညာရေး ဘဲရှိလာမှာပါ. အကုန်ချစ်တဲ့ ဒဂုံ(၁)ကျမတို့ကျောင်းကြီးက ခုတော့
ငွေကိုချစ်တဲ့ဒဂုံ(၁)ဖြစ်လာပါပြီး.ကျမတို့ငယ်ငယ်ကဒဂုံ(၁)ကတော့ဘယ်တော့မှ
ပြန်ဖြစ်လာမှမဟုတ်တော့ပါဘူး.ကျမတို့ကို နာ(၃)နာ နဲ့သင်ကြားပေးခဲ့တဲ့ကျမတို့ဆရာ
ဆရာမတွေအားလုံးကို ဒီနေရာလေးကနေ ကန်တော့ရင်းနဲ့ ကျမတို့ကျောင်းလေးအကြောင်း ကိုစိတ်မကောင်းချင်များစွာဖြင့် နားလိုက်ပါအုံးမယ်.။
မျှဝေခံစားနိုင်ပါစေ.
*မြတ်လေးငုံ*
20 August 2009
17 August 2009
*အကျဉ်းသားဟောင်း ကိုဘိုနီအောင်*
*အကျဉ်းသားဟောင်း ကိုဘိုနီအောင်*. သူနဲ့ပါတ်သက်တဲ့အကြောင်းလေး ရေးမယ်လို့
စိတ်ကူးမိတာနဲ့ရေးလိုက်ပါတယ်. ကိုဘိုနီအောင်ကို သူထောင်ကထွက်လာမှ
မြင်ဘူးပါတယ်.ဘာလမ်း(မူဆလင်)ဆေးရုံမှာပါ. သူဆေးရုံတက်ရတယ်ဆို့လို့
ကျမအမျိုးသားနဲ့တူတူရောက်ခဲ့တာပါ. သူကိုမမြင်ဘူးပေမဲ့ သူအတွက်ဆေးတွေ
ကိုတော့ ကျမအလှူခံပေးဘူးပါတယ်.
သူကိုတွေတော့ တော်တော်ကျန်မားရေးမကောင်းပါဘူး. စကားကိုကောင်းကောင်း
မပြောနိုင်ဘူး.ကျမနဲ့သူကိုမိတ်ဆက်ပေးတဲ့ ကျမအမျိုးသားကိုသူကကြိုပြီးကျမနံမည်
ကိုပြောပြပါတယ်.ကျမကတော့ သူကိုကြည့်ပြီးစိတ်မကောင်းပါဘူး. ခနနေတော့
သူအမကြီးရောက်လာပါတယ်.သူအမကြီးနဲ့ကတော့ ထောင်ဝင်စာတွေမှာတွေ့နေကြပါ. အဲတော့မှအမနဲ့စကားပြောပြီးနေကြတာပေါ့.
ကိုဘိုနီအောင်ဆေးရုံကိုလဲ သူရဲ့သူငယ်ချင်းတော်တော် များများလာကြတယ်.
လူနာလဲစကားတွေပြောရလို့မောနေမှာဘဲလို့ တောင်ကျမကပြောမိပါသေးတယ်.
သူရဲ့ သူငယ်ချင်းတွေ သူရှိလာတာကို သူ ပျော်နေပုံရပါတယ်.ပြုံးနေတာပါဘဲ.
ကျမတို့လဲ နောက်နေ့ ပြန်လာခဲ့မယ် ဆိုပြီးသူ့ကို နူတ်ဆက်ပြီးပြန်ခဲ့ကြပါတယ်.
အောက်ရောက်တော့ ထောင်ထဲကသူ့ သူငယ်ချင်းတွေ ထပ်လာတွေ့ ကြပါတယ်.
ကျမအမျိုးသားကတော့ ကိုဘိုနီအောင်ကိုတွေ့ပြီးပြန်လာတော့ မျက်နှာမကောင်းဘူး
တော်တော်လေး စိတ်ထိခိုက်နေပုံပါဘဲ.ဲ
ကိုဘိုနီအောင်ကိုကြည့်ရတာ (HIV)ရောဂါကိုခံစားနေရတဲ့ လူတယောက်လို့ဘဲနော်လို့
ကျမ အမျိုးသားကိုပြောပြလိုက်တယ်. ကျမ အမျိုးသားကဟုတ်တယ်.ဆိုပြီးတော့ ကိုဘိုနီအောင်အကြောင်းလေးတွေပြောပြခဲ့ပါတယ်.ကိုဘိုနီအောင်ကခင်ဘို့ကောင်းတယ်.
ထောင်ထဲမှာလဲ အေးအေးနေတာ.ဘာပြသနာမှမရှိဘူး.
သူကိုအမိန့်ချတာအနှစ်(၂၀).သူနေရတာကတော့(၁၀)နှစ်လို့ပြောပြပါတယ်.
သူ့ ပုဒ်မ ကတော့၁၇(၁)လို့ပြောပြခဲ့တယ်.တောတွင်းဆက်သွယ်မှုပေါ့.
သူကိုစစ်ကြောရေးလုပ်တုံးက တော်တော်ကိုညှင်းပန်းခံခဲ့ရတယ်လို့လဲ
ပြောပြပါတယ်. ကြင်စက်တွေနဲု့တို့ပြီး စစ်ကြောရေးမှာ စစ်ခံခဲ့ရပါတယ်.
ခနခနစစ်ပါများတော့သူ့ရဲ့ အာရုံကြော တွေကမခံနိုင်တော့ဘူးပေါ့.
တဖြေးဖြေးနဲ့ သူအကြောတွေက အလုပ်မလုပ်တော့ပါဘူး.
နောက်တော့ သူက(တက်)တဲ့ရောဂါတွေ ဖြစ်လာတယ်. အာရုံကြော
ဆေးတွေသောက်ရတယ်.ကျမကိုယ်တိုင်သူအတွက်ဆေးတွေကိုဆရာဝန်
တော်တော်များများရှိကတောင်းပေးခဲ့ဘူးပါတယ်.နောက်တော့သောက်ဆေး
တွေကမတိုးတော့ပါဘူး.ထိုးဆေးထိုးမှသက်သာခဲ့ပါတယ်. သူတက်နေတဲ့အချိန်ဆိုရင်
သူကို ဝိုင်းဖိ ရတာ လူလေးငါးယောက်ကို ဖိရပါတယ်.ဂယောင် ကတန်းတွေပြော
သူပြောတဲ့အချိန်ဆိုလဲသူကို့စစ် နေတုံးကသူဖြေခဲ့တာ တွေကိုပြန်ပြောလေ့
ရှိတယ်လို့လဲ ကျမအမျိုးသားကပြောပြပါတယ်.
ဆေးတွေကို ခနခနအထိုးခံခဲ့ ရတဲ့ကိုဘိုနီတယောက် ထောင်ထဲကထွက်လာတာနဲ့
သူနဲ့တူတူရောဂါပါ ပါလာခဲ့တယ်လေ.အဲဒီရောဂါကတော့ လူတိုင်းသိပ်ကို ကြောက်ကြတဲ့ (HIV)ရောဂါပါဘဲ.စစ်အစိုးရလုပ်ရပ်တွေပေါ့.ထောင်ထဲမှာ ဆေးဝါးကုသ ခံယူဘို့တော်တော် ကြောက်ဘို့ကောင်းပါတယ်.လူတွေကိုလူလို့မဆက်ဆံ နိုင်ငံရေးအကျဉ်းသားတွေ ဘဝက
တော်တော်ကို ရင်နာဘို့ ကောင်းပါတယ်.
နေထိုင်မကောင်း ဖြစ်နေရင်တောင် မှရောဂါတခြား ဆေးတခြားနဲ့ ကုသခံရတာပါ.
အစာအစားဆိုလဲသန့်ရှင်းမှု မရှိ တကိုယ်ရေ သန့်ရှင်းရေးလုပ်ဘို့ အတွက်တောင်မှ
ရေကိုပုံစံနဲ့ ချိုးခိုင်းသေးတယ်.အိမ်ကထောင်ဝင်စာ လာရင် ဆေးတွေကိုမှာ
ဆေးထိုးအပ်တွေကိုမှာ တခါခါကြတော့ ပေးလို့ရတာပေါ့ တခါခါကြပြန်တော့လဲ သလာဆီတော့ပြန်သိမ်းခံရတာပါဘဲ.သလာဆီတယ်ဆိုတာက (ထောင်ပိုင်ကနေပြီးတခန်းဝင်တခန်းထွက်စစ်ဆေးရေးလုပ်တာ)ကိုပြောတာပါ.
အကျဉ်းသားတွေ ဘဝကတော့ တော်တော် ဆိုးရွာပါတယ်.ကောင်းတဲ့အချိန်
ဆိုတာတော့ ရှိခဲ့ပါတယ်.ခနပါဘဲ.နောက်တော့လဲ ဒီပုံစံပြန်ဖြစ်တာပါဘဲ.
ကိုဘိုနီအောင်ကို ဒီရောဂါဆိုးကြီးကို ပေးခဲ့တာကတော့အင်စိန်ထောင် ကြီးပါဘဲ.
ဆေးမှူးတွေက ထောင်ထဲ မှာမူယစ်ဆေးဝါး မှုတွေနဲ့ရောက် နေကြတဲ့ လူတွေ
ကိုလဲဒီအပ်တွေနဲ့ဆေးထိုး သူတို့ထိုးပြီးသားအပ်တွေနဲ့ ကျန်တဲ့နိုင်ငံရေး
အကျဉ်းသားတွေကိုလဲပြန်ထိုး(HIV)ရောဂါဆိုးကြီးက တဆင့်ပြီးတဆင့်ကူးစက်ပြန့်နှံ
နေခဲ့တာပေါ့၊
ကျမကို ကိုဘိုနီအောင်အကြောင်းပြောပြနေတဲ့ ကျမအမျိုးသားလဲ သူရဲ့ခံစားချက်
တွေကိုပြောပြနေခဲ့ပါတယ်.နောက်တရက် ဘာလမ်းဆေးရုံကို ကျမတို့
လင်မယားနှစ်ယောက် ရောက်တော့ ကိုဘိုနီအောင်ဆေးရုံကဆင်းခွင့်ပေးလိုက်ပါပြီး. ဆင်းရင်အကိုဘယ်မှာနေမလဲ ဆိုပြီးမေးတော့ကိုညီ(ဗကသ)တို့အိမ်မှာ
နေမယ်ဆိုပြီးသူပြော ခဲ့တယ်. ကိုညီအိမ်လိပ်စာလေးကိုယူပြီးတော့စကားခနပြော သူလဲအိမ်မှာနေရမယ်ဆိုတော့ တော်တော်လေးမျက်နှာတွေကလန်းနေပါတယ်.
ကျမတို့လဲ သူကိုနူတ်ဆက်ပြီးပြန်လာခဲ့ကြတယ်.
သူရှိမရောက်ဖြစ်တာ တပါတ်လောက်ကြာသွားပါတယ.်ရောက်တဲ့နေ့မှာ
သူတော်တော်ရောဂါဆိုးနေပါပြီး သူကိုကူညီပေးတဲ့ ကိုညီတို့လင်မယားရယ် နောက်မသန်းမြင့်အောင်(စာရေးဆရာမ)ထွန်းထွန်းနဲ့ဖိုးသာထူး
တို့ကဘေးနားမှာပါ.ကိုဘိုနီအမကြီးကသူကို ရေသောက်ချင်တယ်ဆိုလို့
တစက် တစက် နဲ့တိုက်နေပေးပါတယ်.သူကို သတ်သတ် အိမ်ဌားပေးမလို့
တိုင်ပင်နေကြတာပါ.သူအတွက် အိမ်လိုက်ရှာ နေကြတာပါကျန်တဲ့
သူငယ်ချင်းတွေ လဲကူညီကြပါတယ်.
နောက်တော့ကျမတို့ နေတဲ့လမ်းထဲမှာ ဌားဖြစ်ခဲ့ပါတယ်.ကျမတို့အိမ်နဲ့
အပေါ်ထပ် အောက်ထပ် ပါဘဲ.တတိုက်ထဲတော့မဟုတ်ပါဘူး ဘေးကတိုက်မှာပါ.
သူအတွက်လိုတာတွေ အိမ်ကယူပေးသူတို့နေဘို့အတွက် ဧည့်စာရင်းတွေ လုပ်ပေး
နောက်တော့ (ကိုမိုးဝင်း .မဒုံ )တို့လင်မယားကလဲကူညီပါတယ်.
ကျောက်မြောင်းထဲမှာ နေခဲ့ကြတာပါ.
မသန်းမြင့်အောင်ကပင်တိုင်ပါဘဲ ကူညီပေးတာ နောက်ဖိုးသားထူးနဲ့ထွန်းထွန်း
တို့လဲပင်တိုင်ပါဘဲ.ကျမတို့လမ်းထဲမှာ သိပ်မနေလိုက်ရပါဘူး တလကျော်ကျော် လေးမှာဘဲ.ကိုဘိုနီအောင်ဆုံးသွားပါတယ်.သူမသေခင်မှာဝေဒနာကို
တော်တော်လေးခံစားသွားရပါတယ်. သူကိုကြည့်ပြီးဘေးကနေ
သနားလိုက်တာဘာမှ မစားနိုင်ဘူး နောက်ရေတောင် မသောက်နိုင်ပါဘူး.
အသက်ထွက်တဲ့အထိပါဘဲ.
(၁၂.၆.၂၀၀၁)မနက်၆နာရီကျော်ကျော်မှာသူဆုံးသွားခဲ့ပါတယ်.
သူရဲ့ဈာပနကိုနေချင်ဘဲ လုပ်ခဲ့ကြပါတယ်.ထောင်ထွက်နိုင်ငံရေးအကျဉ်းသား
တော်တော်လူစုံလာကြပါတယ်.သာကေတက (လယ်ရွာ)မှာမီးသဂြိုလ်လိုက်တယ်.
နောက်ရက်လည် ဆွမ်းကျွေးလုပ်တော့လဲ.ကိုညီ(ဗကသ)ရဲ့အမျိုးသမီးကကိုယ်တိုင်
မုန့်ဟင်းခါးချက်ပေးခဲ့ပါတယ်.ကိုဘိုနီအောင်တယောက် နောက်ဘဝ တွေမှာဒီလို
အဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေနဲ့လို့ ဆုတောင်းရင်း....
*အကျဉ်းသားဟောင်း ကိုဘိုနီအောင်* အကြောင်းလေးနားပါအုံးမယ်.
မျှဝေခံစားနိုင်ပါစေ.

16 August 2009
*နိုင်ငံခြားပို့တဲ့ ရွာလေး(သို့) ၃၀၅ နို့ဘိုး ဒုက္ခသည်စခန်:*
*နိုင်ငံခြားပို့တဲ့ ရွာလေး(သို့) ၃၀၅ နို့ဘိုးစခန်:* အကြောင်းလေး ကိုထင်ထားပါတယ်.
ကျမတို့လိုထိုင်းနိုင်ငံက ဒုက္ခသည်လို့ သတ်မှတ်ခံထားတဲ့ လူတွေနေထိုင်ကြတာပါ.
နိုင်ငံရေးနဲ့ပတ်သက်တဲ့ လူတွေက ကျမတို့နို့ဘိုးကန့်ထဲမှာ များကြပါတယ်.
ရွာထဲမှာကတော့ ကရင် ဒုက္ခသည် တွေများပါတယ်.။
ကျမတို့နေတဲ့နေရာကိုတော့ PAB အပိုင်းဆိုပြီးတော့ သတ်မှတ်ပေးပါတယ်.
ကျမနေတဲ့အိမ်နံပါတ်လေးကတော့ (၃၀၅) ပါ.ဒီအိမ်လေးထဲမှာ.ကျမတို့မိသားစု(၃)ယောက်.
မအိ.ကိုနီတွတ်ကျော်နဲ့မချေ.ဗညား.ကိုဘိုလေး.ကိုဘိုအေး.ကိုဇော်ဝင်းထွတ်.
ကိုအောင်ကျော်ဇေယျ(IT).အားလုံးပေါင်း(၁၁)ယောက်နေခဲ့ကြပါတယ်.
အမြဲရှိတဲ့လူကတော့(၅)ယောက်ကတော့အမြဲနေကြတာပေါ့။
သိပ်ပျော်ရွှင်ခဲ့ကြပါတယ်လူစုံရင်ပေါ့. ညဘက်ဆိုရင်မီးက၆နာရီခွဲဆိုလာပြီးလေ. ကော်ဖီလေးသောက်
သူအကြောင်းပြော ကိုယ့်အကြောင်းပြောထခါခါလဲ လုပြီးတော့ပြောကြ မီးည(၉)နာရီဆိုပိတ်
်ထောင်ထဲအကြောင်းတွေ ပြန်ပြောပြကြ ဗဟုသုတလဲရ စိတ်မကောင်းလဲဖြစ်ကြ .
ရယ်စရာသိပ်ပြောတတ်တဲ့ ဗညားကတော့ အမြဲနောက်နေကြပေါ့
ကိုဘိုအေးကြီးကအမြဲပြုံးပြုံးနဲ့ နေတတ်တယ်.ကျမတို့အိမ်ရဲ့ စားဘိုမှုးကတော့မချေပါ.
မအိကလဲတမျိုးရယ်ရပါတယ်. ကျမသားကလဲတမျိုး. ဆူညံနေတဲ့ဂေဟာလေးပါ။
မအိနဲ့ဗညား မရှိရင် ကျမတို့အိမ်လေးကတော်တော် ပျင်းဘို့ကောင်းပါတယ်.
ကျမတို့အိမ်မှာမိန်းခလေးတွေကလွှဲရင် အားလုံးကထောင်ထွက်တွေပါဘဲ.
မိန်းခလေး(၃)ယောက်မှာ ကျမကတော့ ဖောဖောပါဘဲ သားရှိတော့ဘာမှမလုပ်
ရပါဘူး.မချေကထမင်းဟင်းချက်. မအိကတော့ရေဖြည့်.ကျမကသူတို့ကိုဘေးကနေပွား
ပေးယုံပါဘဲ.။
ရွှေဘိုသားဗညားကစကားကကြွယ် မအိကစာရေးဆရာမ တွေ့ကြရင်အချင်းပွား.
သူမှန်ကိုယ်မှားတွေ ဖြစ်ကြပြီးရင်ပြန်တည် ပျော်ဘို့ကောင်းပါတယ်.
စိတ်လဲမဆိုးကြပါဘူး. ထမင်းစားရင်လဲ အများကြီးဆိုတော့ ပျော်ဘို့ကောင်းပါ.
လူစုံမှာထမင်းစားကြတဲ့ကျမတို့အိမ်လေးပါ.။
ညီအကိုမောင်နှမတွေလိုနေခဲ့ကြတဲ့ ကျမတို့တွေက ခုတော့တခြားစီနေကြရပါပြီး.
ကျမတို့က ၃၀၅ မှာကျန်ခဲ့ရပါသေးတယ်. ကျန်တဲ့လူတွေအားလုံးကတော့ အမေရိကန်
ကိုရောက်ကုန်ပါပြီး ခုထိလဲမောင်နှမတွေပါဘဲ. ဆူညံနေတဲ့အိမ်လေးကတော့
ခုတော့တိတ်ဆိတ်နေတဲ့ ဂေဟာလေးတခုဖြစ်နေခဲ့ ပါတယ်.ငြင်းခုန်ကြတဲ့ ဗညားနဲ့ မအိ
တို့မရှိလို့ ရယ်သံတွေမကြားဖြစ်တော့ဘူး ထမင်းဟင်းကောင်းကောင်း လဲမစားဖြစ်တော့ဘူး မချေမရှိလို့ ရေဖြည့်ပေးတဲ့ မအိမရှိလို့ရေတွေလဲပုံတွေမှာ အမြဲမပြည့်တော့ပါဘူး. ပြံးပြုံးကြီးနဲ့
သူများပြောတာနားထောင်တတ်တဲ့ ကိုဘိုအေးကိုလဲသတိရမိ. ပြည်ဆုံတွေ့ဘို့ဆိုတာက
သိပ်မလွယ် တနေရာစီမှာ ဘ၀တွေပြန်စပြန်တွေ့ကြရင် အရင်လိုဘဲ ဖြစ်နေချင်ပါတယ.
် ကျမတို့အိမ်လေးကို အမြဲသတိတရနဲ့ ပြောဖြစ်ခဲ့တဲ့နို့ဘိုးကန့်ထဲက ကျန်ခဲ့တဲ့လူတွေကတော့ အမြဲပြောကြပါတယ်. ၃၀၅ အိမ်လေးကအရင်လို့ ရယ်သံလေးတွေ ဆူညံမနေတော့ဘူးနော် ဘာဘဲဖြစ်ဖြစ်လူဘဝတွေက ခဏလေးပါဘဲ.
နေရတဲ့အချိန်လေးမှာ ဘာတွေလုပ်ပေးနိုင်မလဲ သူများအတွက်ဘာတွေလုပ်ပေးခဲ့နိုင်မလဲ.
ကိုယ်အတွက်ဘာတွေလုပ်နိုင်မလဲ. စဉ်းစားရင်နဲ့ကျမတို့နိုင်ငံက မြန်မာလူမျိုးတွေခုဆိုရင်
ထိုင်းနိုင်ငံမှာရှိတဲ့ ကန့်(၉)ကန့်ထဲမှာသိန်းပေါင်းများစွာရောက် နေကြပါတယ်.မြန်မာလူမျိုးတိုင်း ဒုက္ခကိုယ်စီနဲ့ယနေ့ထိ စခန်း(၉)ခုတိုင်းမှာရောက်နေဆဲပါဘဲ.ကိုယ်နိုင်ငံမှာနေခွင့် ပေးလို့နေရတော့လဲ
အမျိုးမျိုး စိတ်သောကတွေရောက်ကြရတယ်.ဖိနှိပ်ခံရ . လူအခွင့်ရေးဆိုတာဘာမှန်းမသိရတဲ့
မြန်မာလူမျိုးတွေ စိတ် ဒုက္ခ ကိုယ်စီနဲ့ပါ မတရားဖမ်းဆီးခံရ မတရားအာဏနဲ့ဖိနှိပ်ကြ ပြည်သူတွေကတော့အလှယ်ထိုးခံရပါတယ်.မခံတဲ့အဆုံး ဒုက္ခအဖြစ်နဲ့ ခံယူဘို့အတွက် ထိုင်းနိုင်ငံကိုထွက်လာကြတာပါဘဲ.။
သတိတရရှိမိ ဒို့ ၃၀၅ လေးဟေ့ လို့ပြောရင်းနဲ့ နားလိုက်ပါအုံးမယ်.
မျှဝေခံစားနိုင်ကြပါစေ.